Wednesday, December 26, 2018

ချစ်နှင်းမှုန်မှုန်


.                    ချစ် နှင်း မှုန် ရယ်
                   တသုန်သုန်မြူးကာ
             ညှင်းရက်တာလားကွယ်

🎹    ချစ်နှင်းမှုန်မှုန်

 တေးရေး ဂီတနက်သံ ကိုအုန်းလွင်

       [ (နှင်းမှုန်ငွေရည် ပုလဲသွယ် တဖွဲဖွဲနဲ့ ကြဲကာမစဲတော့တယ် တစ်ကိုယ်ရေ နွမ်းလျဖွယ် ရင်ထဲ ရွှင်သည်းဖိုမိတယ် ချစ်နှင်းမှုန်ရယ် တသုန်သုန်မြူးကာ ညှင်းရက်တော့တယ် )
        မောင့်အပါးဝယ် ရှောင်ရှားကာ ရွေ့လျားပေါ့ကွယ် နှင်းငွေမှုန်ရယ် ကြုံကာဆုံသည့်နှယ် တစ်ရံရောအခါကရယ် မောင်မယ်နှစ်ဦးဝယ် ကြည်နူးလို့ကွယ် ညဥ့်လွှာရုံအောက်ဝယ် ခင့်ကိုသာ မောင့်မှာတွေးလို့ရယ် မကြင်စိမ်းကာ ယိမ်းနွဲ့ပေါ့ မာလာသဇင်နွယ် နန်းဝေဟင် ပင်ယံမြင့်အလယ် လေသင့်ရာလွင့်ရှာလေတယ် ငွေဇာရုံ ခြုံလွှာပုံသို့နှယ် ချစ်နှင်းမှုန် တဖွဲဖွဲရယ် ၀ဲကာ ကြဲတော့တယ် ]

တီးလုံး သီးသန့် လိုချင်ရင်တော့ အောက်က လင့်ခ်မှာ ယူနိုင်ပါတယ် ။
ဖိုင်ဆိုဒ် က 13.3 mb ရှိပါတယ်။

https://yadi.sk/d/7VoYsf2eo0QB5Q


https://koaungnaingoo.blogspot.com

No comments:

Post a Comment