Monday, January 14, 2019

ဘယ်သူတွေ ရူးသလဲ


ခင်ဗျား   လား?
        ကျနော်    လား?
                       သူ   လား?

 💃      ဘယ်သူတွေ ရူးသလဲ

တေးရေး     ဂီတစာဆိုစိန်မောင်မြင့်

 ◼       တစ်ပင်မှ တစ်ပင်ကူး မြူးတူးပျော်ပါးတတ်တဲ့ ငှက်ကလေးပေလား

  ◼      ကိုင်းဖျားကို ကန် ပျံသွားတဲ့ ငှက်ကျေးတမာရဲ့ အဖြစ်သနစ်အညီ အချစ်စစ်မတည် ထိန်ညီမြလျှမ်း စိန်စီဘ၀လမ်းဆီ သစ္စာဝတိံဖျား မေတ္တာအိမ်တံခါး ဖွင့်သွားသူက စိမ်းရက်လေပြီ သစ်စိမ်းချိုး ချိုးခဲ့ပေမယ့် အညှိုးခက်တော့သည် မိုးလျှပ်နွယ် အိပ်မက်ပမာညီ လန့်နိုးကွယ်ပျောက် တစ်ယောက်အချစ်မတည် စိတ္တဇအသည်း အိပ်မရဘဲ အတိတ်ဘ၀ထဲ ၀ဲချာချာလည်

 ◼       ( လှိုက်လှိုက်ကယ် ဖိုအသည်းနဲ့ ရှိုက်ရှိုက်သာ ငိုလိုက်ချင်ရဲ့ ယောက်ျားအသည်းမို့ ဆင်ခြင်ရာသည် အချစ်ဦး သခင်ရဲ့ မပြစ်ဘူးအထင်နဲ့ ကြင်ခဲ့ မင်ခဲ့ ချစ်ခဲ့ပါသည် ယုံခဲ့ ပုံခဲ့ အပြုံးနဲ့ ကမ္ဘာတည် အမုန်းဆိုတာ ဝေလာဝေး တို့နှစ်ကိုယ် ကြင်သည့်အရေး ကြားလေသွေးမှာ စိုးမိသည် ချစ်ပင်ချစ်မိုး ချစ်စပျိုးခဲ့သည်  ခုတော့ တစ်ပြည်ဆီ သွေဖီရှောင်ပုန်း အမုန်းပင်လေးများ စိုက်သွားလေတဲ့ သူ့ကိုမှ ရှာမိပြန်သည် မြင်မြင်သမျှ တွေ့သမျှ လူကို မေးမြန်းမိပြီ ကျနော့်ကိုလေ အရူးလို့ ပြောကြ ကျနော့်ကိုလေ အရူးလို့ဆိုကြ ဟားတိုက်လို့ ရယ်လိုက်ချင်သည် မခံစားဘူးတော့ ကိုယ်ချင်းမစာပြီ ပုစ္ဆာတစ်ပုဒ် လို အဖြေထုတ်ချင်သည် ပြေးသူနဲ့ ကျန်ရစ်သူ မြင်သူနဲ့ ပြောကြသူ ဘယ်သူတွေရူးသလဲ ခွဲခြားသိပါရစေ )

      တီးလုံးသီးသန့် ကိုတော့ ကိုင်ဇာ ဆိုတဲ့ သီချင်းရဲ့ တီးလုံး နဲ့  စိုးစန္ဒာထွန်း ဆိုတဲ့ သီချင်းရဲ့ တီးလုံး ၂ ပုဒ် ကို အောက်က လင့်ခ်တွေမှာ တင်ပေးထားပါတယ်

ကိုင်ဇာ ဆိုတဲ့ သီချင်းရဲ့ တီးလုံး

https://my.pcloud.com/publink/show?code=XZCEix7ZEwisUcvGwVpdqeo5EW3fNjjqu0M7

ဖိုင်ဆိုဒ်က 8.0 mb ရှိပါတယ် ။

စိုးစန္ဒာထွန်း ဆိုတဲ့ သီချင်းရဲ့ တီးလုံး

https://my.pcloud.com/publink/show?code=XZlOix7ZDkgyE3uEpKYFDR8UcffEghVrIzJV

ဖိုင်ဆိုဒ်က 5.3 mb ရှိပါတယ် ။

အောက်က လင့်ခ်တွေမှာ တော့ အဆိုတော်တွေ ဆိုထားတဲ့ သီချင်းတွေပါ။
၈ ယောက် ဆိုထားတဲ့ ဘယ်သူတွေ ရူးသလဲ သီချင်း ကို တင်ပေးလိုက်ပါတယ်။

အိအိချွန် ရဲ့ သီချင်း ဖြစ်ပါတယ် ။11.48 mb ရှိပါတယ် ။

https://yadi.sk/d/VKFXi5iHliOHjA

စိန်မောင်မြင့် ရဲ့ သီချင်း ဖြစ်ပါတယ် ။5.39 mb ရှိပါတယ် ။

https://yadi.sk/d/8SvunIEhsEyDdQ

နီနီဝင်းရွှေ ရဲ့ သီချင်း ဖြစ်ပါတယ် ။8.51 mb ရှိပါတယ် ။

https://yadi.sk/d/Xmv_GH8-Xd_H-A

မာမာအေး ရဲ့ သီချင်း ဖြစ်ပါတယ် ။18.47 mb ရှိပါတယ် ။

https://yadi.sk/d/Naco-CZDKrBd6w

လွှမ်းမိုး ရဲ့ သီချင်း ဖြစ်ပါတယ် ။8.19 mb ရှိပါတယ် ။

https://yadi.sk/d/P3TUlujg5bPf7A

ရာဇာဝင်းတင့် ရဲ့ သီချင်း ဖြစ်ပါတယ် ။ 4.98 mb ရှိပါတယ် ။

https://yadi.sk/d/ZoXm9FLnjtocBw

ကိုင်ဇာ ရဲ့ သီချင်း ဖြစ်ပါတယ် ။ 7.75 mb ရှိပါတယ် ။

https://yadi.sk/d/ygCaeGcGTBlXNA

အောင်သူ ရဲ့ သီချင်း ဖြစ်ပါတယ် ။ 4.24 mb ရှိပါတယ် ။

https://yadi.sk/d/e--gBPU9t9dy5w


No comments:

Post a Comment