Saturday, October 13, 2018

တို့ပြည်ထောင်စုသား


  🇲🇲   တို့ပြည်ထောင်စုသား

စန္ဒရား လှထွဋ် ရေးစပ်ပြီး နောက်ခံတေးဂီတကတော့ ဒေါက်တာ လှဘူး ပါ။
      မဆလခေတ် ပြည်ထောင်စု အလံတော် တစ်နိုင်ငံလုံးလက်ဆင့်ကမ်း သယ်ယူကြတဲ့အချိန်မှာ အားကစား ကွင်းထဲကဆောင်းဘောက်တွေနဲ့ ဟိန်းနေအောင် ဖွင့်တဲ့ နာမည်ကြီး အဆိုတော်ကြီးတွေ အားရပါးရ ဆိုတဲ့အသံကို ကြားပြီး ကြက်သီးမွှေးညှင်းထအောင် ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ။
     တီးလုံး ( သီးသန့်  ) ရယူလိုရင်တော့ အောက်က လင့်ခ် တွေကနေ ရယူနိုင်ပါတယ်ခင်ဗျာ....

yati ကနေ ယူနိုင်ပါတယ်။

pcloud ကနေ ယူနိုင်ပါတယ်။

ဖိုင်ဆိုဒ်က  20 mb နီးပါးရှိပါတယ်။


 🇲🇲     တို့ပြည်ထောင်စုသား


တေးရေး     စန္ဒရားလှထွဋ်

တေးဆို      ဂီတကောင်စီဝင်များ


◼      တစ်ဦးအပေါ်တစ်ဦး သံသယဆိုသည်မှာ အလကား တစ်ဦးအပေါ်တစ်ဦး အမှန်သပ ဆိုသည်မှာ ပတ္တမြား သံသယပျောက်ပါစေ အမှန်ဘ၀ရောက်ပါစေ

◼     ( တစ်ဦးကိုတစ်ဦး သံသယ ဆိုသည်မှာ အလကားဖြစ်ပေ တစ်ဦးကိုတစ်ဦး မှန်သပါ့ဆိုသည်မှာ ပတ္တမြားအစစ်ပေ သံသယ ပျောက်ပါစေ အမှန်ဘ၀ ရောက်ပါစေလေ သံသယပျောက်ပါစေ အမှန်ဘ၀သို့ ရောက်ပါစေလေ )

◼     ( ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တို့ညီအစ်ကိုတစ်တွေ တိုင်းရင်းသား အားလုံးစုံပေ တစ်ရေတည်းသောက် တစ်မြေတည်းနေလို့ ချစ်ကြည်ပေ သွေးစည်းညီညွတ်ခြင်း အရင်းခံတည်နေ ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှလေ ပူးပေါင်းနေထိုင်ကြပေ ရာသက်လုံး ဆုံးကမ္ဘာတိုင်လေ တို့တစ်တွေ တို့တစ်တွေ တို့တိုင်းရင်းသား ငါတို့တစ်တွေ )

◼      ( ပြည်ထောင်စုအကျိုး တို့သည်ပိုး တို့ထမ်းဆောင်ကာလေ ရရှိအပ်သော အကျိုးစီးပွါး သီးပွင့်ရတနာများ တို့အတူတကွ မူအရ ခံစားရမယ်လေ လာလာလေ လာကြဟေ ၀ိုင်းဝန်း၍ တိုင်းပြည် စီးပွါးရေးအတွက် တိုးတက်ဖို့ကြံဆောင်မယ်လေ တစ်ယောက်တစ်လက် တစ်အားမို့လေ လာလာဟေ လက်တွဲမဖြုတ်နှင့် တို့ရဲ့ ညီအစ်မ အစ်ကိုတွေ တို့တစ်တွေ တို့တစ်တွေ တို့တိုင်းရင်းသား ငါတို့တစ်တွေ )

◼      လူမျိုးအလိုက် ကိုယ့်စရိုက် ဓလေ့ထုံးဘာသာ စာပေစကား သီးခြား ဆောင်ရွက်နိုင်ခွင့်ရှိသည်လေ တို့လေးစားသည်လေ တို့လေးစားပါသည်လေ တိုင်းပြည်ရဲ့ တည်တံ့ခိုင်မြဲရေးနှင့် စီးပွါးရေး လူမှုရေး လုပ်ငန်းအထွေထွေ တက်ညီလက်ညီ ဆောင်ရွက်ကြလို့ တာဝန်ကျေ   စည်းလုံးညီညွတ်ရေး ထိပါးခြင်းမှ တို့ရှောင်သွေ တို့တစ်တွေ တို့တစ်တွေ တို့တိုင်းရင်းသားငါတို့တစ်တွေ

◼      ( ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း တို့တစ်တွေ ပြည်ထောင်စုသား တိုင်းရင်းသားမို့ ညီအစ်ကို မောင်နှမတွေ သွေးစည်းကာသာလေ ညီညွတ်ချစ်ကြည်နေ အေးအတူ ပူအမျှ အတူတကွ မူအရခံစား ကြမယ်လေ )

◼      ( လာလာလေ လာကြပြီလေ ရေမြေတောအနှံ့က တို့ဆွေသဟာတွေ ရပ်ဝေးကဆွေ ရပ်နီးကဆွေ စုပေါင်းညီညာပေ ဝေလေလေ ဝေလေလေ )

◼      ပြည်ထောင်စုသားတွေ ပြည်ထောင်စုသားတွေ တို့ပြည်ထောင်စုသားတွေ

No comments:

Post a Comment