Saturday, November 3, 2018

တစ်ဆောင်းသစ်ပြန်ပြီ


☃    တစ်ဆောင်းသစ်ပြန်ပြီ

စန္ဒရား ဆရာရဲ့ အမည်ကို မသိပါ။ တယောဆရာကတော့ Nayphone  Khant  ပါ။

Nayphone Khant တင်ထားတဲ့ video file ရှိတဲ့ link ပါ။

https://m.facebook.com/story.php?story_fbid=938370569644258&id=100004139716130

သူတို့ တီးထားတဲ့ mp3 ကို ရချင်ရင်တော့ အောက်က link တွေကနေ ယူနိုင်ပါတယ်။ file size က  9.89 mb ရှိပါတယ်။

picosong မှ ဒေါင်းရန်

yadi မှ ဒေါင်းရန်

☃      တစ်ဆောင်းသစ်ပြန်ပြီ

တေးရေး     ကိုသန်းလှိုင်

 ◼     ( မှုန်ပြာရီ ရာသီရွေ့ပြောင်း တစ်ဆောင်းသစ်ပြန်ပြီ ငွေနှင်းမှုန်မှုန် သုန်သုန်လေမြူး ဟေမန်ဦး ကူး ကူးခဲ့ပြီ ) ( ခွါပြာညို သဇင်ပွင့်ရယ်တို့ အဆင့်ဆင့် အစီအရီ ပွင့်ရှာကြပြီ အခွင့်ရယ် မသာသည် ဗျာပါစိတ်ပမ်း တမ်းတ မှန်းဆ နွမ်းလျ ဖြေမဆည် လွမ်း လွမ်းလှပါပြီ နေနိုင်တော်မူအား သနားမညှာသည် )

◼       မကြံသာ ကံကြမ္မာငယ်မှေး ငိုရေးဖြင့် ကြုံရရှာပြီ ၀ဋ်ကြွေးက မပြေလည်သည် သွေဖယ်တော် မူအား ခုများဖြင့် အသည်းကြွေပြီ သြော် ခုများဖြင့် အသည်းကကြွေပြီ လွဲသွေဖီ ရှောင်တိမ်း

◼       ခွါပြာညို သဇင်ပွင့်ရယ်တို့ အဆင့်ဆင့် အစီအရီ ပွင့်ရှာကြပြီ အခွင့်ရယ် မသာသည် ဗျာပါစိတ်ပမ်း တမ်းတ မှန်းဆ နွမ်းလျ ဖြေမဆည် လွမ်း လွမ်းလှပါပြီ နေနိုင်တော်မူအား သနားမညှာသည်

◼       မကြံသာ ကံကြမ္မာငယ်မှေး ငိုရေးဖြင့် ကြုံရရှာပြီ ၀ဋ်ကြွေးက မပြေလည်သည် သွေဖယ်တော် မူအား ခုများဖြင့် အသည်းကြွေပြီ သြော် ခုများဖြင့် အသည်းကကြွေပြီ လွဲသွေဖီ ရှောင်တိမ်း

◼       စိမ်းမြမြ စိမ်းရက်သည် မသက်ညှာသူကြီးရဲ့ ရတက်ဖြင့် ပွေရပြီ ချစ်ကံငယ် ခေလွန်းသူမတော့ စိတ်နောက်ဗျာပါကြွယ် အဖြေသာသည် ဆောင်းဝတ်လွှာ ပွင့်ပန်းနဲ့ ငွေနှင်းမှုန် တွေ့လေတိုင်း သောကမုန်တိုင်းက ကိုယ့်အပေါ် ဖိစီးကြလေသည်


No comments:

Post a Comment