Friday, November 30, 2018

မပြည့်လေသော ကိုယ့်ဆုတောင်း


💠  မြောက်လေ
               သုတ်ဖျန်း
                       ချမ်းရှာရော့မည် ....
           

တီးလုံး သီးသန့် ကို အောက်က လင့်ခ် တွေကနေ ယူနိုင်ပါတယ်။
mp3 ဖိုင်ဆိုဒ်က 5.6mb ရှိပါတယ် ။

picosong မှ ဒေါင်းရန်

Pcloud မှ ဒေါင်းရန်


    🌨️      မပြည့်လေသော ကိုယ့်ဆုတောင်း

တေးရေး     သောင်းတင်ဌေး

 ◼      ဆောင်းနှင်းသဇင် တော့ ပြောင်းယွင်းချင်တော့ပြီ

◼       ( သီဝေသွဲ့နှင်း မင်းလွင်ကျင်းပြန်တော့ ပင်မြင့်စံတဲ့ ငွေသဇင် ခင်မင်ခိုလှုံ ဆောင်းရိပ်မြုံထဲ သူ့မှာ ရနံ့သင်း သင်းပျံ့လှိုင်ကြည် လှမာန် စိန်မြခြယ်စီ လသာစဉ်အခိုက် လရောင်ကို သူကြိုက်ပါ၍ မှောင်မိုက်လွန်ကာ နေခြည်လာသော် လသာ မေ့နိုင်အားသည် ယုံစားနေသမျှ ကိုယ့် အမှားဖြစ်မည် လွမ်းရက်ရှည်၍ ဖြေပါနိုင် ငါးပွင့်ပန်းခိုင် လက်ဝယ်ကိုင်ကာ စိန္တေထံ လျှောက်တိုင်ဝံ့သည် ဆောင်းဟေမာန် ခါဆန်းရင် သဇင်ပန်းတွေ ပွင့်မှာစိုးပါသည်

◼       ငွေနှင်းရယ်မှုန် လေညှင်းသုန်သော တစ်ညဆီ ချစ်ခွန်းဝေရွှန်း လမင်းရှက်အောင် ချစ်သက်နှောင်ခဲ့ မောင် မမေ့ပါချေပြီ မြောက်လေသုတ်ဖျန်း ချမ်းရှာအေးရှာရော့မည် ရင်ဝယ်ထွေးကာ နွေးစေပါသည် နှင်းမကျစေကြောင်း ပန်းမဉ္ဖူ မြတ်ပန်းခိုင်နဲ့ ဦးတိုင်မြှောက်ချီ လျှောက်လိုပါသည် ဒီလို ဆောင်းကို ရောက်ရင် နှင်းမကျစေကြောင်း ဆုတောင်းနေပါသည်

◼       ဒီနွေ ဒီမိုးတွေပြောင်းရင် ဒီဆောင်းကိုလည်း ရောက်လာပေဦးတော့မည် ဆောင်းရောက်ရင်  သဇင်ပွင့်မည် နှင်းကျမည် ဆုတောင်း မပြည့်ခဲ့ပါလေပြီ )

.

No comments:

Post a Comment