Tuesday, November 6, 2018

ဖွားဖွားထမှ များများရမတဲ့ဗျာ


💸   ဖွားဖွားထမှ များများရမတဲ့ဗျာ

“ဟဲ့ကောင်မလေး   တိုးတိုးဟြေ၊   နင်ဟာ  ငါ့တူမလေး   အရင်းခေါက်ခေါက်ကြီးမို့ ဟြေတာ၊ သူများဆိုဟြေပြပါလိမ့်မယ် စောင့်နေ အားကြီးပဲ”

ကျွန်တော်   ဦးနားဝေး   အိမ်ထဲသို့ဝင်သွားသောအခါ   သူတို့  စကားပြတ်သွားကြ  လေ၏။

“ ဟော…  ဦးလေးချမ်းသာ   လာပြီ၊   သူ့ကိုမေးရဦးမယ်၊   ဒီမှာ  ဦးလေးနားဝေးကဟြေနေတယ်၊ ငွေသုံးသိန်းရင်းရင်      တစ်နှစ်မှာ  ၁၅ သိန်းလောက်မြတ်နိုင်သတဲ့ ဟုတ်ပါ့မလား ဦးလေးချမ်းသာ”

“ မြတ်နိုင်တာပေါ့ဟ၊ လုပ်တဲ့အလုပ်နဲ့ လုပ်တဲ့လူပေါ်မှာ မူတည်တာပဲ၊ နင့်ကို ဦးနားဝေးက ဘယ်လိုတွေဟြေပြနေလို့တုံး”

ကျွန်တော် သူတို့စကားဝင်းထဲ ဝင်လိုက်သောအခါ ရေးစုံကွက်စုံသိရလေ၏။ ခင်ရွှေရီ ဆိုတာက ဦးနားဝေးရဲ့တူမ၊  ဦးနားဝေး နှမကမွေးတာ၊  သည်ကောင်မလေး အိမ်ထောင်ကျသွား၊ ပြည်မြို့ကို ပါသွား။ အရက်ဆိုင်ကလေးဖွင့်ထား၊ သူ့ယောက်ျား ပိန်ညှောင်ကောင်က  သည်ဘက်မှာ   အစကတည်းက   အားသန်၊   အရက်ဆိုင်ဆိုတော့
“လိပ်ဆေး”     ပေါ့။     ရောင်းလိုက်     သောက်လိုက်၊    ပထမတော့    ညနေပိုင်းလောက်၊ နောက်တော့     နေ့ခင်းရော  ညနေပါ၊  နောက်တော့ တစ်နေကုန်၊  နောက်ဆုံး အရက်နှင့် မျက်နှာသစ်လေ၏။ ပုလင်းထဲဦးစိုက်ကျသွား၊ ပုလင်းထဲက  ပြန်မထွက်နိုင်၊ အသက်သာထွက်သွားလေ၏။ ခေတ်အရက် ကောင်းချက်ကတော့။

ခင်ရွှေရီ ငယ်ငယ်ရွယ်ရွယ်  မုဆိုးမဖြစ်  ကလေးနှစ်ယောက်ကျန်ခဲ့။  ယောက်ျား ပုလင်းထဲနစ်၊  အဖြစ်မလှ၊ သေတော့မယ်ဆိုတာ အကဲခတ်မိတော့ ရွှေကလေးဝယ်စု၊ အမေ့အပ်ထား၊   အခု  ယောက်ျားသေသွားတော့   ရွှေတိုရွှေစကလေးတွေ   ဈေးကောင်းရ၊ သုံးသိန်းဆိုလား  လက်ထဲရ၊ ပြည်မှာ အရက်ဆိုင်ဆက်ဖွင့်ဆိုတာက   မိန်းမသား တစ်ယောက်တည်းမို့ မတင့်တယ်။ ဒါနဲ့ အောင်လံပြန်ရောက်၊ အခု သူ့ဦးလေး ဦးနားဝေးနှင့် တိုင်ပင်နေခြင်းပါပဲ။ ဘာလုပ်စားရင် ကောင်းမလဲပေါ့။

“ငါက တွက်ပြတယ်ကွ”

ဦးနားဝေးက စကားဆက်လေ၏။

“ဘယ်လိုများလဲဗျာ”

“သူ့ငွေသုံးသိန်း  ဆိုပါတော့ကွာ၊  ငါက  တတ်လို့တော မဟုတ်ဘူး၊  ငါ့အိမ်ဘေးက  မောင်ပန်းမောင် လုပ်နေတာကိုကြည့်ပြီး ဟြေတာ”

“ပန်းမောင်ကွာ၊  အစကဘာရှိမှတ်လို့၊ လက်ထဲ ၁ဝဝဝဝ တောင်ပြည့်အောင် မရှိဘူး၊ အဲဒီငွေရင်း ကချောက်ကချက် ကလေးနဲ့   ဝက်ပုတ်နဲ့  အောင်လံ
ခြေကလန်ထိုးနေတာ”

(ဝက်ပုတ်ဆိုတာ ပြည်- ရန်ကုန်ကားလမ်းမပေါ်ရှိ ကုန်စိမ်းအလွန်ထွက်သော ရွာကလေး၊   ခြေကလန်ထိုးတယ်ဆိုတာက   မပြတ်မလပ်  ကူကယ်ခေါက်ကယ်   ကုန်ကူး ရောင်းဝယ်နေသည်ကို ဆိုလိုသည်။ ကျွန်တော်တို့ တောစကား။)

“အဲဒီအကောင်ကွာ၊  အခု  အိမ်အိုကလေးကိုဖျက်ပြီး  တိုက်ဆောက်နေပြီ၊ မင်းအမြင်၊ သူလုပ်တာကိုလည်း ကြည့်ဦး၊ ငွေရင်း ၁ဝဝဝဝ လောက်က ဖွပေးနေတာကွ”

“ဘယ်လိုဖွတာလဲဗျာ”

“မင်းကလည်းကွာ  (ညံ့ရန်ကောဆိုသော  မျက်နှာနဲ့ ကျွန်တော့်ကိုကြည့်)
ဖွတယ်ဆိုတာ  ပွားအောင်လုပ်တာကို       ဟြေတာကွ၊  ရေထဲ  ဆပ်ဟြမှုန့်ထည့်
မွှေသလိုဟာမျိုးဟာ၊ မွှေတယ် မွှေတယ်၊ ပွထလာတယ်၊ ပွထလာတယ်၊ ဖွားဖွား ဖွားဖွားနဲ့။ သူလုပ်တာက  ဒီသဘောကွ၊   မူလအရင်းက   ၁ဝဝဝဝ ပဲထားကွာ၊   ဒါပေမယ့်   ဒီကောင် တကယ်လည်ပတ်နေတာက လေးငါးသောင်းဖိုးကွ၊  ဟိုကခေါက်ပြန်ပေး  အကြွေးယူတယ်၊ (၁ဝဝဝဝ  ရှိလျှင်  ၃ဝဝဝဝ  ဖိုးအကြွေးယူလို့   ရပါ၏။)   ဒီအောင်လံမှာ   လက်ငင်းလည်းရောင်းတယ်၊  အကြွေးလည်းပေးတယ်၊  တစ်လ တစ်လကို ၁ဝ  ခေါက်ထက်  မနည်းဘူး၊
ဒီကောင်  သွားနေတာ၊   တစ်ခေါက်   လေးငါးသောင်းဖိုးပါတာကွာ၊ ၁ဝ ခေါက်ဆိုတော့လေးငါးသိန်းအရင်း ဖြစ်မသွားဘူးလား၊ တစ်လတစ်လ”

“အင်း… ဒီလိုဆိုတော့”

“ဒီလိုဆိုတော့ မင်းတွက်ကြည့်လေ၊ တစ်နှစ်မှာ လည်ပတ်ငွေ   သိန်းလေးငါးဆယ် ဖြစ်မသွားဘူးလား”

“တွက်ရေးကိုဗျာ”

“ ဟေ့ကောင်… မင်းကန့်လန့်မတိုက်နဲ့”

ကန့်လန့်တိုက်တယ်ဆိုတာ လှေသမားများ  မြစ်ကို  ကူးတဲအခါ   ရွက်ကိုတိုက်ရ ဟိုဘက် သည်ဘက် တည့်တည့်ကြီး မဖြတ်ရဘူးဟု ဆိုလိုပုံရပါ၏။

“ကဲဗျာ… ခေါင်းပဲ တိုက်ပါ့မယ်”

“မင်းကွာ...   တော်တော့မလိုလိုနဲ့၊ အဲဒီ  တစ်နှစ်   လည်ပတ်ငွေပေါ်မှာ   အမြတ် ပါးပါးကလေးပဲယူဦး၊ ၁ဝ  ရာခိုင်နှုန်းလောက်ပဲ  ယူဦး၊ ဟေ့ကောင်…      တစ်နှစ် ဘယ်လောက်အမြတ်ရမလဲ မင်းတွက်ကြည့်”

အမှန်ကတော   ကုန်စိမ်းဆိုတာ    ပါးပါးလေး    မြတ်တာမဟုတ်ပါဘူး    ခင်ဗျာ။
တစ်ကျပ်ဖိုးရင်းရင်  ငါးမူးဖိုးလောက်   မြတ်၊  အတုံးလိုက်  အတစ်လိုက်  မြတ်တဲ့ အ မျိုးဗျာ။
အဲ… လမ်းမှာ  တံတားကျိုးလို့၊  တောင်ပြိုလို့  ကားကိုရပ်ထားနေရရင်တော့ ပုပ်သိုးသွားနိုင်တာပေါ့လေ။ ဆယ်ကွေ့ တစ်ကွေ့ ဖြစ်တတ်တာမျိုးပါ။

ကျွန်တော် စိတ်တွက်တွက်ကြည့်၏။ အမယ် ငွေအရင်းကလေး ၁ဝဝဝဝ အရင်းခံ၊ လူအပင်ပန်းခံရုံနဲ တစ်နှစ်မှာ လေးငါးသိန်း မြတ်နိုင်တာ ကလားဗျာ၊

“အဲဒါ အရင်းရှင်ကွ”

“ဗျာ ဘယ်လို”

“အရင်းသေမနေဘဲ အမြဲရှင်နေလို့ အရင်းရှင်လို့ ဟြေတာကွ၊ ရှင်းရှင်းလေးရယ်ပါ၊မင်းမြန်မာစကား မတတ်ဘူးလား”

ဦးနားဝေး ကျွန်တော့်ကို ဆော်ပြီဗျို့။

“ဒါဖြင့် အရင်းသေဆိုတာ ရှိဦးမှာပေါ့”

“ဟာ ရှိပါပြီလား  မောင်ရာ၊ အရင်းသေနေတာ  အရင်းသေပေါ့ကွာ”
ဆရာ မောင်စူးစမ်း ကယ်တော်မူပါ။ ဦးနားဝေးကို လိုက်မမီတောဘူး။

 “အရင်းသေဆိုတာ ဘယ်လိုဟာမျိုး”
“ဘယ်လိုဟာရမလဲကွာ၊  အိမ်ဆောက်ပြီး ငှားစားတာမျိုး၊ အတိုးနဲ့ ငွေချေးတာမျိုး၊
ကုန်လှောင်တာမျိုးပေါ့ကွ၊   တို့အောင်လံမှာဆို ဥပမာ ပဲကြီးလှောင်တယ်   ဆိုပါတော့ကွာ၊

တပေါင်းလပြည့်က  တန်ခူးလပြည့်အတွင်း  ပဲကြီးထည့်၊  ဆေးအုပ်၊  လေးငါးခြောက်လကြာ
ဝါခေါင်၊      တော်သလင်း      ပြန်ထုတ်၊     ဈေးတက်ရင်       စားရမယ်၊      ကျရင်ရှုံးမယ်၊ အမှတ်အသားရှိတာတော့ သုံနှစ်တစ်ကြိမ် အတက်ရှိတယ်”

“ခင်ရွှေမှာ ရှိတဲ့  ငွေကို   ပဲကြီးဝယ်ကြည့်စမ်း၊   လှိုင်တုန်းက   တစ်တင်း  ၅၀၀၀၊
ငွေရင်း  သုံးသိန်းခွဲဆိုတော  တင်း…  ရမယ်၊ ၁၀၀၀ တက်ရင် ၇၀၀၀၀ ရမယ်၊ ၂၀၀၀ ဆို
၁၄၀၀၀၀ ပေါ့ကွာ”

“အတိုးပေးမယ်ဆို    ၁၀၀   မှာ   ငါးကျပ်တိုး    တစ်လ   ၁၇၅၀၀၊   တစ်နှစ်မှာ
နှစ်သိန်းကျော်ရမယ်ကွာ”

“အဲ… ပဲလှော်လှော်မယ်၊ မုန့်ပဲသရေစာ လုပ်ရောင်းမယ်၊  ကုန်ကူးမယ်ဆို မတည်ရင်းနှီးငွေ  သုံးသိန်းခွဲဟာ  တစ်နှစ်လည်ပတ်ငွေ  သိန်း  ၂၀၀ လောက်ဖြစ်သွားမယ်၊ ငါးရာခိုင်နှုန်းမြတ်ရင သိန်း ၂၀ ရမယ်ကွာ”

ငွေကိုဖွပေးရမယ်တဲ့။ အရင်းရှင်တဲ့။ အရင်းသေတဲ့။ ဦးနားဝေးထံမှ ကျွန်တော် အများကြီးရလိုက်ပါ၏။

              မောင်ချမ်းသာ

No comments:

Post a Comment