Sunday, December 16, 2018

ဟယ်..တယ်မလွယ်ပါလား



🔘      ဟယ် တယ်မလွယ်ပါလား
“ဦးလေး ကျွန်မရွှေဝယ်ချင်လို့ လိုက်ခဲ့ပါဦး”
ကျွန်တော့်တူမ   တင်တင်ရီသည်  တောမှ  ရောက်ရောက်ချင်း   အမောတကော အပူကပ်လေ၏။
“ပိုက်ဆံပေး ငအေးတေးဆိုလို့ဟာ ငွေရှိ ဝယ်လိုက်ပေါ့ဟယ်၊ ရှင်းနေတာပဲ”
“ငွေနဲ့ဝယ်မှာ မဟုတ်ဘူး၊ ရွှေ ရွှေချင်းလဲမှာ၊ ရွာက မင်္ဂလာဆောင်မှာ ဆွဲဖို့”
သည်လိုနဲ့   ဈေးသို့    ရောက်ခဲ့ကြလေ၏။    အောက်တိုဘာ   ၁၆   ရက်နေ့က။
ပထမ ဖောင်းဖောင်းတို့ရွှေဆိုင်။
“ဒါလေးက ဘယ်လောက်သားလဲဟင်”
“သုံးကျပ်သုံးရွေး မမ”
“ဘယ်လောက်ကျလဲ တွက်ကြည့်ပါဦး”
ဖောင်းဖောင်းက  သွယ်ပျောင်းနေသော  လက်ချောင်းကလေးများနဲ့  တွက်စက်ကို နှိပ်၊ ကျသင့်တန်ဖိုးဟြေ၊ အလျော့တွက်နဲ့လက်ခပါ ထည့်တွက်။ ထိုအခါ ကျွန်တော့်တူမက သူ့အထုပ်ကိုဖြေ၊  ရွှေဆွဲကြိုးတစ်ကုံး၊  အခေါက်မောင်းကွင်း  လက်စွပ်တစ်ကွင်း၊
ကျောက်နီလက်စွပ် တစ်ကွင်း၊ ငါးမူးသား ရွှေဒင်္ဂါးဟြးတစ်ခုထွက်လာ။
“ဒါတွေနဲ့လဲမယ် ချိန်ကြည့်ဟယ်”
“ဟင်… အစ်မ၊ကျွန်မတို့က  ပြင်ပရွှေမဝယ်ဘူး၊  ဒီလိုလုပ်ပါလား၊  အစ်မတို့ရွှေကို
ဘေးမှာသွားရောင်း၊ ရတဲ့ပိုက်ဆံနဲ ဒီဆွဲကြိုးကိုဝယ်”
“အေး… ကောင်းသားပဲ၊ လာငါ့တူမ”
ကျွန်တော့်အသိ ရွှေဆိုင်ရောက်။
“ကြိုးက  ၁၄ ပဲရည်၊ ဒင်္ဂါးက  အနာလေးပါတယ်၊  ဒီမောင်းကွင်းက  အင်း…  အဲ… နည်းနည်းဖန်တယ်ဗျာ”
သူက ရေနွေးကြမ်းသောက်ရင်းဟြေ။
“ပေးစမ်းဗျာ”
ကျွန်တော်သူ့လက်မှ ရေနွေးကြမ်းကိုယူမော့။
“ဘယ်မှာ ဖန်လို့လဲဗျာ၊ အနေတော်ပါပဲဗျာ”
“ဟာ… ဦးချမ်းသာကလည်း၊  ရေနွေးကြမ်းကိုဟြေတာမဟုတ်ဘူး၊  ဒီအခေါက်က
နည်းနည်းဖန်တယ်လို့ ဟြေတာဗျာ”
“အို… မသိပါဘူးဗျာ၊   ကဲ… ဖန်တာ ငန်တာအသာထား၊  အားလုံးတွက်စမ်းဗျာ၊ ဘယ်လောက်ရနိုင်မလဲ”
တစ်ခုပြီးတစ်ခုချိန်ကြည့်၊    ဈေးဖြတ်၊    စုစုပေါင်း    ရွှေသားအလေးချိန်   သုံးကျပ် တစ်မူးသား။ အားလုံး တန်ဖိုးသင့်။ ရမည့်ငွေပမာဏဟြေ။ (အလျော့တွက်လက်ခမပါ။)
“ငါ့တူမရေ… သူပေးတဲ့ဈေးနဲ့ဆို တို့က ၉၀၀၀၀ တောင်လိုက်ရဦးမှာဟေ့”
“ကိုးသောင်းဆို   ဦးလေး  နှမ်းကိုးတင်း  ထုတ်ရောင်း ရတော့မှာပေါ” (နှမ်းတစ်တင်း တစ်သောင်း)
“လာ…  လာ…  ငါ့တူမ   အခြားဆိုင်သွားကြဦးစို့၊   နင်ဝယ်တဲ့ဆိုင်ကို  သွားမယ်၊ ဈေးချင်းတူရင် ခင်ဗျားဆီ ပြန်လာခဲ့မယ်ဗျို့”
ဆိုင်ရှင်ကို  နှုတ်ဆက်ထွက်ခဲ့။
“ကျွန်မ ဒီဆိုင်ကဝယ်တာ၊ ဒါတွေအားလုံး”
“အေး… ကောင်းတယ်၊  သူ့ဆိုင်ပြန်ရောင်းမယ်၊ ဟင်… ဆိုင်ကခုထိ မဖွင့်သေးပါလားဟ”
မျက်နှာချင်းဆိုင်မှ ဒန်အိုးသည်မက ထွက်လာ။
“ဖီးဖီးတို့ ဒီနေ့ဆိုင်မထွက်ဘူး ဦးလေး၊ ဘုရားဖူးသွားကြတယ်”
အဲဒါမှ  ဂွပဲ။  သည်ဆိုင်ကလုပ်တဲ့ ၁၅ ပဲရည် ဟိုဆိုင်က ၁၄ ပဲတဲ့။ အခေါက်က နည်းနည်းဖန်သတဲ့။   ခက်ဘူးလား။   မခက်ပါ၊   ကျွန်တော့်အသိ   ရွှေဆိုင်တွေမှ   ပြည့်လို့။ ကျွန်တော်တို့ ဦးသာဝဆိုင်ရောက် တွေ့ပါပြီ၊ နို့အုံကြီးနှစ်လုံးက ကျောက်ဖရုံသီး အလယ်က ပိုင်းပြီးကပ်ထားသလိုပဲ။ ဗိုက်ကြီးက အချိန်နှစ်ဆယ်ဝင် စဥ့်အိုးလောက်ရှိတယ်ဗျာ့။
“ဘာကိစ္စလဲ   ဦးချမ်းသာ၊    ငွေချေးချင်လို့လား    (သူ့ဆီက   ငွေအမြဲချေးနေကျ)
မျက်နှာက ပြုံး၊ မျက်လုံးက အရောင်တဖိတ်ဖိတ်တောက်၊ ဗိုက်ကြီးလက်ဝါးနဲ့ပွတ်   ရင်းဟြေ။
“ငွေချေးရအောင်လာတာ မဟုတ်ဘူးဗျာ့၊ ရွှေရောင်းချင်လို့”
အမှတ်မထင် ခွေးချေးတုံး ဝါးစားမိသကဲ့သို့ မျက်နှာတွေသွား။
“ရွှေမဝယ်ချင်ဘူးဗျာ၊ ရောင်းပဲရောင်းချင်တယ်”
လေသံပျော့ကလေးနဲ့ဟြေ။
“ဘာကြောင့်လဲဗျာ”
“ရွှေဈေးက နောက်ကထိုးကျနေတယ်ဗျာ”
မဟန်သေး။ ကျွန်တော့်တူမ လက်ကုပ်၊ ခပ်သုတ်သုတ်ထွက်ခဲ့။
“ညည်းတို့ဆီက   ဝယ်တုန်းက   ၁၅  ပဲရည်ဟြေပြီး   ရောင်းလိုက်ကြတယ်၊   ခုတို့ တစ်ဈေးလုံးက ရွှေဆိုင်တွေ လိုက်ပြပြီးပြီ၊ ၁၃ ပဲလို့ဟြေနေကြပါလား”
တောသူမ  သုံးယောက်က  အော်ကြီးဟစ်ကျယ် ဟြေနေကြလေ၏။ ချိုချောင် ဝါးနဲ့တော့ သူမ မစွာကျယ်တို့တွေ့ကြလေပြီ။    ချောင်ချောင်တို့ဖွင့်ထားသော    “ဝါးရီး” အမည်ရှိဆိုင်ရေ့မှာ။
“အစ်မကြီးတိုးတိုးဟြေပါ”
“ဟေ့…  တို့တောသူမတွေက  ကျယ်ကျယ်ပဲဟြေတက်တယ်၊ မဟုတ်ဘွင်းဘွင်း ဟုတ်  ဘွင်းဘွင်းပဲအေ့၊   ညည်းတို့ကတောသားနာပေါက်ဆိုပြီး   ဆော်တာပေါ့လေ၊ ဘယ်နှယ် ၁၃ ပဲရည်က ၁၅ ပဲရည်တဲ့တော့”
ချောင်ချောင်ယောက်ျား ဝါးဝါးဆိုသူ ပျာပျာသလဲထွက်လာ။
“အစ်မရေ…  မှားရောင်းလိုက်မိတာပါ၊ ကျွန်တော့်ရွှေပြန်ပေး၊  အစ်မတို့ပိုက်ဆံ ပြန်ယူပါ၊ ကျေပါနော်”
ဝါးဝါးက ဖုံးဖုံးဖိဖိဟြေ၊ သူ့ရွှေယူ၊ ငွေပြန်ပေး။
“လာဟေ့… ငါ့တူမ၊ တို့ကြားညပ်နေပါဦးမယ်၊ တစ်မျိုးကြံကြသေးတာပေါဟယ်”
ကျွန်တော်တို့  တူအရီးနှစ်ယောက်  အိမ်သို့ပြန်ရောက်၊ ရေအိုးစင်မှ  ရေအေးအေး တစ်ခွက်ခပ်သောက်။
“ပေးစမ်း နင့်ရွှေတွေ”
ဆွဲကြိုးက ဂျိတ်ကိုဖြေ၊ ရွှေဒင်္ဂါးထိပ်က ကွင်းကလေးထဲ ဆွဲကြိုးအစကိုထည့်၊ လက်စွပ်က ကွင်းတွေကိုထည့်၊ ဂျိတ်ကိုပြန်ပိတ်။
“ရော့  ဆွဲကြည့်စမ်း၊ ဟိုဆွဲကြိုးက  သုံးကျပ်သုံးရွေး၊     အခု နင့်ဆွဲကြိုးက သုံးကျပ်တစ်မူးသားတောင် ရှိပါတယ်ဟာ”
“ဝက်သားတွဲကြီးလိုပဲ၊ မလှဘူး”
(တောရွာများတွင် ဝက်သားကိုနှီးနဲ့တွဲပြီးရောင်းကြသည်)
“ဝက်သားတွဲမကလို့  အမဲသားတွဲပဲဖြစ်ဖြစ်ဟယ်၊        နင်ရှိတဲ့ရွှေနင်ဝတ်တာ ဘယ်သူ့ဘာမှုရမလဲဟယ်၊ ဟုတ်ဘူးလား”
“အင်း… ဟုတ်”
ဘယ်နှယ်ဗျာ၊  သုံးကျပ်သားချင်းအတူတူ                 ကိုးသောင်းတောင် ထပ်လိုက်ရဦးမယ်ဆိုတော့။
ဟင်… တယ်မလွယ်သေးပါလား။
                                        မောင်ချမ်းသာ

No comments:

Post a Comment