Friday, November 30, 2018

ရွှေတောင်ကြီးပြိုလဲကျသွားနိုင်


 ⛰️      ရွှေတောင်ကြီး ပြိုလဲကျသွားနိုင်

" ကောင်ရေ ဖြုတ်စားတာ မဝလို့ လုပ်စားနေပြန်ပြီလေ”

၂၀၀၂ ခုနှစ်  ဇူလိုင်လက ဇာတိချက်ကြွေ  ဆက်ဆူဝသို့အသွား  သမ္ဘူလဈေးတန်း နဲ့ ဆက်ဆူဝအကြား  ယာခင်းထဲတွင်  နှမ်းပေါင်းထိုးနေသော  ဦးနားဝေးနှင့်  တွေ့ရလေ၏။ လမ်းဘေး   သူ့ယာခင်းထဲ    ဝင်လိုက်သောအခါ   အထက်ပါစကားဖြင့်   နှုတ်ဆက်လေ၏။

တောင်စောင်းကလေး၊ ပြီးတော့ ကြောပြင်၊ ကြောပြင်ပေါ်က ယာတဲကလေး၊ တဲကလေးမှာ ခဏနား၊   ရေတစ်ခွက်သောက်   အမောဖြေ၊   မတွေ့ရတာကြာပြီဖြစ်သော   သူငယ်ချင်းနဲ့ စကားဟြေ၊ ငယ်ဘဝရောက်၊ ကြီးဘဝရောက်။

 “ငါဖြုတ်ဖြုတ်စားလာတာ မင်းအသိ”

ဟုတ်ပါ၏။      ဦးနားဝေးသည်      ငယ်စဉ်က     အလွန်ချမ်းသာ၏။      မောင်နှမ
နှစ်ယောက်တည်းရှိ။ သူတို့မိဘများမှာ လယ်တွေလုပ်မကုန်၊ လူငှားနှင့် လုပ်ရ၏။ တန်ဆောင်မုန်း၊    နတ်တော်   ကောက်လှိုင်းတိုက်ပြီဆို    အားချ   တစ်ရွာလုံး    ဝိုင်းတိုက်၊ကောက်လှိုင်းတိုက်သူများကို မနက်အစောကြီး  ကောက်ညှင်းပေါင်း  အဝကျွေး၊  မနက် ၁၀နာရီ ၁၁ နာရီ ဆွမ်းခံဝင်ချိန် ကောက်လှိုင်းတိုက် လှည်းတွေ ပြန်လာပြီ၊ ရွာမြောက်ဘက်က လယ်ကွင်းတလင်းထဲမှာ  ကောက်ဆိုင်ပုံတွေပုံ၊  ကောက်လှိုင်းတိုက်သူများကို  ကြက်သားနဲ့
ကျောက်ဖရုံသီး ရောချက်ထားတဲဟင်းနဲ့ နေ့လည်စာကျွေး၊ ပြန်ချေဦး ညနေတစ်ခေါက်။ ရွာလယ်ခေါင်မှ  ဦးနားဝေးတို့အိမ်ကြီးမှာ  ဟီးလို့ပါဗျာ။ ပျဉ်ထောင်အိမ် နှစ်ဆောင်ပြိုင်ကြီး၊ အဝေးကပင် မြင်နိုင်ပါ့။

“ငါ   ဘာလုပ်စရာလိုလဲကွာ၊   တို့အမေ  အဖေမှာ  ပစ္စည်းတွေရှိပါ့၊   တို့တစ်သက် စားမကုန်ဘူး ဟေ့ကောင်”

ငယ်စဉ်    လူပျိုဘဝက    ဦးနားဝေးဟြေသောစကား     ကျွန်တော့်နားထဲခုအထိ
ကြားယောင်နေဆဲ။      သူဌေး      ပဂေးရဲ့သား      ဖြစ်သောကြောင့်      မျက်နှာအလွန်ပွင့်၊
အပျိုချောကလေးများက  စတင်မျက်စပစ်ရသည်ထိ။  ဦးနားဝေးမင်္ဂလာဆောင်တော့ အခြား တစ်ရွာမှ အပျိုချောကလေးကို သွားတောင်း၊ ကျွန်တော်က လှည်းကြော့ကလေး တစ်စီးမောင်းလိုက်။ မင်္ဂလာလှည်းများ သူ့ထက်ငါ အတင်းကျော်တက်၊ မင်္ဂလာအုပ် လွင့်ကျမှာစိုးလို့        အတင်းဖက်ထားရ၊         လူ့ငယ်ဘာဝ       ပျော်လိုက်သည့်ဖြစ်ခြင်း။ သူ့မိန်းမ   လှမှလှ၊  အသားဖြူ၊   ဥစ္စာပေါ၊   ရုပ်ချော၊   နေနဲ့လ  ရွှေနဲ့မြ။   တစ်ရွာသူလေး ဆက်ဆူဝပါလာ၊ ဦးနားဝေး ကြွားလို့မဆုံး။ သည်လိုနဲ့ သူက အိမ်ထောင်ကျ၊ ကလေးတွေရ၊
ကျွန်တော်က   ရန်ကုန်ရောက်သွား။   လွန်ခဲ့သော   အနှစ်   ၂၀၊  ၁၈၉၂  ခုနှစ်က  ရန်ကုန်မှ
ဆက်ဆူဝသို့   ခေတ္တပြန်လာတော့   လွမ်းလွမ်းနဲ့    ဦးနားဝေးအိမ်    ကျွန်တော်ပြေးကြည့်။
အိမ်ကြီးပေါ်မှာ သူမရှိတော့။

“ရွာထိပ်က နတ်စင်ကုန်းပေါ်ရောက်နေပြီ”

ကျွန်တော့်တူကလေးများဟြေပြ၍ သိရ။ အိမ်ကြီးကို ရောင်းပစ်လိုက်ပြီ။ လယ်တွေလည်း ရောင်းပစ်လိုက်ပြီ။ သူတို့လင်မယားအတွက် တစ်ကွက်နှစ်ကွက်ပဲ ကျန်ခဲ့။ ဦးနားဝေး သွားတွေ့ သုံးပင် သက်ကယ်မိုးအိမ်ကလေးမှာ နှီးဖြာနေတုန်းရောက်သွား၊ သူ့မယားလည်း    အနားမှာရှိ၊    ထမင်အိုးတည်ထားသော     မီးဖိုက    မီးဟြေင်းနဲ့ကုန်းမှုတ်၊
ဖြူစပြုနေပြီဖြစ်သော ဆံပင်များပေါ်သို့ ဟြတွေကျ။  ငယ်စဉ်က အပြုံးကလေး မပျက်သေး၊ သွားတစ်ချောင်းကျိုး အရွယ်နဲ့ မလိုက်အောင် ရုပ်ကကျနေပြီ။

“ဟဲချမ်းသာ၊ ထမင်းစားသွား၊ ရောက်တုန်းရောက်ခိုက်”

သူတို့ချကျွေးသော  ငါးပိရည်ကျိုနဲ့  ပဲသီးပြုတ်၊  ကြက်ဟင်းခါးသီးပြုတ်၊ ချဉ်ပေါင်ဟင်း စားလို့ကောင်းလိုက်သည့်ဖြစ်ခြင်း၊ ထမင်းသုံးခါ ထပ်ထည့်ရ။

“ဟကောင်… မင်း  ငါတို့ထမင်းဟင်းတွေ  စားနိုင်ပါ့မလား  အောက်မေ့နေတာ အတွယ်သားပါလားကွ”

သူ့ထမင်း မြိုန်ရေရှက်ရေစားနေသော ကျွန်တော့်အား ဦးနားဝေး ပီတိပြုံးကြီးနဲ့ဟြေ။

“ကောင်ရေ ဟြေမဟြေချင်တော့ဘူးကွာ၊ ကုသိုလ်ကံများ”

“မဟြေပါနဲ့တော့ဗျာ”

စိတ်မကောင်းစရာများ     မဟြေကြ၊     ငယ်ငယ်က    ထန်းရည်    သောက်ကြတဲ့
အကြောင်း၊    ကောင်မလေးများကို    ပိုးကြတဲ့အကြောင်း    ပျော်စရာလေးများ    ရေနူးကြ။

ဟော…        အခုတစ်ခေါက်ပြန်တော့         ဦးနားဝေးတို့လင်မယား          နတ်စင်ကုန်းက
သုံးပင်အိမ်ပေါ်မှာ မဟုတ်တော့ပါ။ ယာခင်းထဲက တဲကလေးပေါ်မှာ။

“ တောထဲဝင်နေတာ လေးငါးနှစ်ရှိပြီကွ၊  သာရေးနာရေး  အကြောင်းကြီးငယ်ရှိမှပဲ ရွာကို ပြန်ဖြစ်တော့တယ်”

ဦးနားဝေးက သူ့ဘဝ တစ်စွန်းတစ်စကို ဖောက်သည်ချ။ ဦးနားဝေးတဲမှာ ဝအောင် သူစိတ်ကျေနပ်အောင် နေခဲ့ပြီးနောက် ရွာဘက်သို့ခရီးဆက်ခဲ့။ သူက ကျွန်တော့်ထက် အသက်သုံးလေးနှစ်ပဲ  ပိုကြီးသည်။  ညီအစ်ကို  သူငယ်ချင်းလိုချစ်ခဲ့ကြ။  လမ်း တစ်လျှောက်လုံး သူ့အကြောင်း ခေါင်းထဲကပ်ပါလာ။

“ ဖြုတ်စားလို့မဝဘူးကောင်ရေ” မချိတင်ကဲဟြေလိုက်သော သူ့စကားနားထဲမှမထွက်။ “ ကျေလဲကျ ကင်စွမ်ပန်”
ကျွန်တော့်မိတ်ဆွေ အသက် ၈၀ ရှိပြီဖြစ်သော တရုတ်ကြီး ဦးပေါင်ပေါင် ခဏခဏဟြေလေ့ရှိသည့်စကား ကျွန်တော်သွားသတိရ။

“ ကျေလဲကျ ကင်စွမ်ပန်”

ပြည်ကြီးပေါက်တရုတ်ကြီး မပီကလာပီကလာဟြေ။

“ဗမာလို ဘယ်လိုပြန်ရမလဲဗျာ”

ဦးပေါင်ပေါင်က မြန်မာပြန်ပေးတဲ့စကား။

“ထိုင်စားနေမယ်ဆို ရွှေတောင်ကြီးတောင် ပြိုကျသွားနိုင်တယ်ကွ”

       

No comments:

Post a Comment