Sunday, March 3, 2024

ပြုတ်မနူး ( ၂၀ )


 

အခန်း - ၂၀

ဈေးဆွဲခြင်း နဲ့ ဝင် လာတဲ့ ညီအမ နှစ်ယောက် ကို ဦးကု,လား က မသင်္ကာ သလို လှမ်း ကြည်ပြီး အိမ်ရှေ့ ကွပ်ပျစ် က ထိုင်ရာ မထဘဲ

“ ဟဲ့ သမီးတွေ ... ဈေး သွားတာ ကြာလှချေလား ... ဒီကို ခဏ လာဦး .. ”

ဆောင်းဟေကို တို့ ညီအမ က တော့ မလုံမလဲ အိုင်တင်တွေ နဲ့ ဝင် ထိုင် လိုက်သည် ။ ဦးကု,လား က ညီအမ နှစ်ယောက် ရဲ့ မျက်နှာတွေ ကို သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ပြီး သူ ရဲ့ အိပ်ကပ် ထဲ က စာ တစ်စောင် ကို သူတို့ နှစ်ယောက် ရှေ့ ပစ်ချ ပေး လိုက်တယ် ။ ညီအစ်မ နှစ်ယောက် စလုံး မျက်စိစုံမှိတ် ထား လိုက်တယ် ။

“ ဟဲ့ ... ဖတ်ကြည့်လေ .. ဒီ စာ ဟာ ငါတို့ သားအဖသုံး ယောက်လုံး နဲ့ ဆိုင်တယ် .. ”

ဦးကု,လား က ပြော လိုက်တဲ့ စကား ကြောင့် ညီအစ်မ နှစ်ယောက် ပိုပြီး တုန်လှုပ် သွားတော့တယ် ။ နှစ်ကိုယ်ကြား ...

“ နင့် စာ မဟုတ်လား ”

“ မဟုတ်ဘူး ... နင့် စာ ပဲ ဖြစ်မယ် ”

“ ဟဲ့ ငါ့ မှာ မူး လို ရှူစရာ တောင် မရှိဘူး .. ”

“ ငါ က ပို ဆိုးတယ် ... မမူးဘဲ နဲ့ တောင် ရှူစရာ မရှိဘူး ”

ညီအစ်မ နှစ်ယောက် တွတ်ထိုး နေတာ ကို ဦးကု,လား က စိတ် မရှည်တော့ဘူး နဲ့ တူ ပါတယ် ။

“ တယ် .. ဒီလို စာမျိုး ကျ တော့ မဖတ်ချင်ကြဘူး .. မဟုတ်က မဟတ်က အရည်မရ အဖတ်မရ စာ တော့ အိပ်ရာ ထဲ ခိုး ဖတ် ၊ မီးဖိုချောင် ထဲ ခိုးဖတ် နဲ့ ... ”

ပြောပြောဆိုဆို ဦးကု,လား က စာရွက် ကို ပြန် ယူပြီး လေးတွဲ့သော လေသံ ဖြင့် ...

“ အညာသား မရှိတော့ဘူး  ”

“ ရှင် ”

ဒီ “ ရှင်  ” ဆိုတဲ့ အသံ ကျ တော့ ကျယ်ကျယ်လောင်လောင် တက်တက်ကြွကြွ ပြိုင်တူ ရယ် ။

“ ဟုတ်တယ် အဖျော်ဆရာ အညာသား ... ခွင့်ယူ သွားတယ် ဘယ်ရက် ဘယ်လ မှ ပြန် လာမယ် ဆိုတာ အတည် မပြောနိုင်ဘူး ငါတို့ ဆိုင် အတွက် လူ ထပ် ရှာရဦးမယ် ... ဆိုင် ကို ဂရုစိုက် ... ငါ ဟို ဘက် ရွာ သွားပြီး ... လူ ရှာဖို့ စနည်းနာ လိုက်ဦးမယ် ”

ပြောပြောဆိုဆို ဦးကု,လား ထွက် သွားတော့ မှ ညီအစ်မ နှစ်ယောက် အဓိပ္ပါယ် ပါ သော အပြုံး ကိုယ်စီ နဲ့ ကျန် ခဲ့တယ် ။

◾ကျော်ထူး

📖 ပြုတ်မနူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment