❝ ခရီးသွားခြင်း ❞
ခရီးဆောင်အိတ် ကို လမ်းဘေး မှာ ခဏ ချ လိုက်ရင်း အမှာစာ ရေးမယ့် ဆရာ ဆီ ပို့ ပေးလိုက်တဲ့ စာ ကော်ပီ ကို ပြန် ဖတ် ကြည့်တယ် ။
ဆရာ ခင်ဗျား ... ဆရာ့ ကို ကျွန်တော် လေးစား တာ က တော့ သေချာပါတယ် ။ ဒါပေမဲ့ ဟိုတစ်ခေတ် က ဆရာကြီးတွေ ရဲ့ လူငယ်တွေ အပေါ် သဘောထား နဲ့ ဆက်ဆံပုံ တွေ ကို ကိုယ် ကိုယ်တိုင် မကြုံဖူးသော်ငြား ဖတ်ဖူးထားချက် အရ ဆရာ က နည်းနည်း ဘဝင် မြင့် နေတယ်လို့ ထင် မိပါတယ် ။ ဒါက ကျွန်တော် အရိုးသားဆုံး ပြောပြတာပါ ။ ဒါပေမဲ့ ဆရာ့ ကို ကျွန်တော် လေးစားတာ က တော့ သေချာပါတယ် ။ ဆရာ့ အင်တာဗျူးတွေ ထဲ မှာ တချို့အဖြေ တွေ မှာ မလိုအပ်ဘဲ စည်းလွတ်ဝါးလွတ် ပုတ်ခတ်မှုမျိုးတွေ ၊ စတန့် ထွင်တာတွေ ပေါက်လွတ်ပဲစား စကားလုံးတွေ စသဖြင့် ဘယ်လိုပဲ ရောဖျန်း ထားပါစေ ... အဖြေတွေ က လေးနက်ပါတယ် ။
( အလကား လျှောက် ပုတ်ခတ် နေတာတွေ တော့ အမြင်ကတ်တာပေါ့ ဗျာ ) ဒါက ကျွန်တော့် ရဲ့ အတွင်းစိတ် သဘောထား ကို ဆရာ့ အနေ နဲ့ ခန့်မှန်းလို့ ရအောင် ရိုးရိုး သားသား ရေးပြတာပါ ။ ဒါတွေကြောင့် ကျွန်တော့် ကို အမြင်ကတ် သွားရင်တော့ ကျွန်တော့် တောင်းဆိုမှု ကို ခွင့်လွှတ်ပြီး မေ့ လိုက်ပါ ။ ကျွန်တော့် စာအုပ် မှာ ဆရာ့ အမှာစာ ထည့်သွင်းချင် လို့ အမှာစာ တောင်းတာပါ ။ ကျေးဇူး တင်ပါတယ် ။ လေးစားလျက် ။
အဲဒီ ဆရာ တော့ ကြိုက်မှာ မဟုတ်လောက်ဘူး လို့ တွေး မိပြီး အိုကွာ သူ့ ဆီ က အမှာစာ မရတော့ လည်း ဘာဖြစ်လဲ ၊ အုပ်ရေ ငါးရာ လောက် ရိုက်ပြီး လေးဆယ် လောက် ပဲ ရောင်းရ ရောင်းရ ... ဝယ် ဖတ်မယ့် သူ က ငါ့ ဟာ ဖတ်ချင် လို့ ဝယ်မှာပဲ လို့ ဖြေတွေးရင်း စာ ကို ခရီးဆောင်အိတ် ထဲ ပြန် ထိုးထည့် လိုက်တယ် ။
ကားဂိတ် မှာ လူတွေ က ဖြင့် အများကြီး ပဲ ။ အတော် များများ က လည်း အိတ်တွေ ကိုယ်စီ ၊ တောင်းတွေ ပလုံးတွေ ပါ မပါတော့ မသိပါဘူး ။ ကားဝင်း ဘေး မှာ ဘဏ် အကြီး ကြီး က နှစ်တိုက် တောင် ရှိတယ် ။ ဘာ ဘဏ်တွေ လဲ တော့ မသိဘူး ။ ဘဏ် က နေ လည်း ငွေ မလွှဲဖူးဘူး ။ ကိုယ့် ဆီ လည်း ဘယ်သူ က မှ မလွှဲဖူးပါဘူး ။ ဘီယာဆိုင်တွေ ၊ လက်ဖက်ရည်ဆိုင်တွေ က လည်း ညံထ နေတာပဲ ။
( မင်း ကို ငါ က စောင့်နေတယ် ၊ မင်း က တော့ ကြောက် နေတယ် ၊ ငါ က လည်း ဂေါက်နေတယ် ) အဲဒီလို စာသား မျိုး နဲ့ သီချင်းတွေ ကို အပြိုင်အဆိုင်တွေ ဖွင့် ထားတော့ စိတ် ရှုပ်စရာ ချည်း ။ လူတွေ ဆို တာ က လည်း များ လိုက်တာ ။ တစ်လောကလုံး က လူတွေ ကို ဒီ ကားဝင်း ထဲ ပြွတ်ထည့် ထား သလိုလို ။ မဟုတ်ဘူး ၊ တစ်လော က တီဗွီ မှာ မြင်လိုက်ရတဲ့ နယ်စပ် က ဒုက္ခသည်စခန်းတွေ လို ပဲ ဖိုသီဖတ်သီတွေ နဲ့ ။ ကားလက်မှတ် ဖြတ် ပေးဖို့ စွတ်ဆွဲ နေတဲ့ ငနဲတွေ နဲ့ လက်ဖက်ရည်ဆိုင် က ချာတိတ်လေးတွေ အသံ က လည်း တော်တော် ကျယ်တယ် ။ ပိုက်ဆံ ရှာရတာ မလွယ်ဘူးပဲ ပေါ့ လေ ။ ဪ .. ငါ က တော့ ပိုက်ဆံဖြုန်း ဖို့ ဒီ ရောက်နေ လေရဲ့ လို့ တွေး မိတော့ ရယ်စရာကြီး ပါ ဗျာ ။
ဒါနဲ့ ရှုပ်ယှက်ခတ် နေတဲ့ ကားဝင်း ကို ခဏ မေ့ ထားဖို့ ဖုန်းကလေး ကို ထုတ် ဖေ့စ်ဘုတ်ခ်ဆိုတာ ကို ဝင် ကြည့် တယ် ။ ဖေ့စ်ဘုတ်ခ် က ပုံတွေ ကို ကြည့်လိုက်တာ နဲ့ ဒီ နိုင်ငံ မှာ အရူး ရယ် ၊ ဘဝင် ရယ် ၊ ဆန်ကုန်မြေလေး ရယ် သုံးမျိုး ပဲ ရှိလောက်တယ် လို့ ထင်မိမယ် ။ ကောမန့် တွေ ထဲ ပါ ဝင် ကြည့်ပြီ ဆိုရင် တော့ အမျိုးအစား ထပ် တိုးမယ် ။ အောက်တန်းစား ရယ် ၊ ခွေးလို ကောင် ရယ် ၊ ကြောင်ရေချိုး ရယ် ၊ လိမ္မော်သီး ကို ခြေအိတ် ဖြစ်အောင် ပြောတဲ့ ကောင်တွေ ရယ် ကို ထပ် တွေ့ ရမယ် ။
ဒါပေမဲ့ ဒီ ကောက်ချက် ဟာ မှားပါတယ် ။ လူ့ ဘဝ မှာ တောင် သူတော်စင် နီးနီး လူအေး တွေ ရှိသလိုပ ။ ဖေ့စ်ဘုတ်ခ် မှာ လည်း ရှိပါတယ် ။ ပျင်းစရာ တော့ နည်းနည်း ကောင်းတာပေါ့ ။
ကား က ရှစ်နာရီခွဲ မှာ ထွက်မယ်လို့ ထင်တယ် ။ အချိန် တွေ က အများကြီး ပို နေသေးတယ် ၊ ဒါနဲ့ ကားဂိတ် က နေ ဘာတွေများ ထင်မြင် ရနိုင်မလဲ လို့ တွေး ရင်း စောင်းစောင်း ငဲ့ငဲ့ လျှောက် ကြည့်မိတယ် ။
ဟိုး အဝေးကြီး မှာ ( အဝေးကြီး ဆိုပေမဲ့ သိပ် ဝေးတော့တာ လည်း မဟုတ်ဘူး ) သုံးထပ် လား နှစ်ထပ် လား အိမ်ကြီး တစ်လုံး ကို တွေ့မိတယ် ။ အပေါ်ထပ် လသာဆောင် မှာ ကောင်မလေး တစ်ယောက် ။ သူ က ကားဝင်း ဘက် ကို ကြည့် နေတယ် လို့ ထင်တယ် ။ ဘောင်းဘီ နဲ့ လား ၊ စကတ် နဲ့ လား ၊ ထဘီ နဲ့ လား မသေချာဘူး ။ ကောင်မလေး တစ်ယောက် ။ ဒါပေမဲ့ ကောင်မလေး တစ်ယောက် ဆိုတာ တောင် မသေချာပါဘူး ။ ထားပါတော့ လေ ။ ယောက်ျား လေး ... ဖြစ်နေ လည်း မိန်းကလေး ထင်မိလို့ တရား မစွဲနိုင်ပါဘူး ။ သူ မှ ကိုယ့် ကို မသိဘဲ ။
သူ မှ ကိုယ့် မသိဘဲ ဆိုပေမဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ဟာ တစ်ခါ က တက္ကသိုလ် မှာ အောင်စာရင်း သွား ကြည့်တုန်း ... လက်ပြတ်ကလေး ဝတ် လာတဲ့ ကောင်မလေး ဘေး နား အတင်း တိုးဝှေ့ ကြည့် ရင်း နှစ်မိနစ် လောက် ကောင်မလေး လက်မောင်း နဲ့ သူ့ လက် နဲ့ ထိထား လိုက် ရတာ ကို သာယာ ပြီး တစ်လ လောက် မိန်းမော တွေဝေ သွား သေးတယ် ။ အဲဒီ ကောင်မလေး ကို သူ မသိဘူး ။ အဲဒီ ကောင်မလေး က လည်း သူ့ ကို မသိပါဘူး ။ ဒါပေမဲ့ တစ်လ လောက် အဲဒီ လက်မောင်း ဝေဒနာ ဟာ သူ့ ဆီ မှာ ကျန်ရစ် ခဲ့ ရှာတယ် ။ သူ့ အသား နဲ့ ထိမိခဲ့တဲ့ ရုပ် တစ်ခု ( လက်မောင်း ဖွေးဖွေးလေး ကို ) အောက်မေ့မှု ဟာ တစ်လ လုံးလုံး ပစ္စုပ္ပန် ဖြစ်နေခဲ့ရ ရှာတယ် ။ သနားစရာ ပဲ ။ တကယ် သနားစရာ ပါ ။ ထားပါတော့ ။
အဲဒီ လသာဆောင် က ကောင်မလေး က ကားဝင်း ဘက် ကို လှမ်း ကြည့် နေလေရဲ့ ။ နောက်ပြီး မျက်နှာ က ဝမ်းနည်း နေတဲ့ ပုံ ပဲ ။ ဒီ နေရာ မှာ တစ်ခု တော့ ပြောချင်ပါ တယ် ။ တကယ့် တကယ် က မိန်းကလေး လား ၊ ယောက်ျားလေး လား မသဲကွဲ လောက် အောင် ဝေးနေတဲ့ နေရာ က လူ ဟာ ဝမ်းနည်း နေပုံပဲ လို့ ပြောတာ ဟာ မိုက်မဲရာ မကျ ပါဘူး ။ ဒါတွေက လူ့ ဘ ဝမှာ တစ်ခါတလေ ကြုံရတတ် တဲ့ တိုက်ဆိုင်မှုမျိုး ၊ ကိစ္စ တစ်ခု ခု ကို ကြို သိ နေ သလို အဖြစ်မျိုး ပါ ၊ ရှင်း ပြရတာ တော့ နည်းနည်း ခက်တယ် ။
သူမ ဝမ်းနည်း နေတာ အများကြီး ဖြစ်နိုင်ခြေ ရှိပါတယ် ။ သူမ ဟာ ကားဝင်း နား မှာ နေတယ် ။ ကားဝင်း ထဲ ကို ဝမ်းနည်း နေတဲ့ မျက်နှာ နဲ့ လှမ်း ကြည့် နေတယ် ။ စုံထောက် ဉာဏ်မျိုး ရှိရင် ဇာတ်လမ်း ကို ဆက်လို့ ရပြီ ။ ကားဝင်း ထဲ မှာ သူမ လိုက်ပို့ချင် လျက် လိုက် မပို့လိုက်ရတဲ့ လူ တစ်ယောက် ရှိ နေတယ် ။ သူမ ဟာ မိန်းကလေး ဖြစ်နေတဲ့ အတွက် အဲဒီ လိုက် မပို့လိုက် ရ တဲ့ လူ ဟာ ယောက်ျားလေး ဖြစ်ဖို့ ရာခိုင်နှုန်း က ပို များနေပြီ ။ ဒါနဲ့ အဲဒီ လူ က ဘယ်သူလဲ ( ငါ တော့ မဟုတ်နိုင်ဘူး လို့ တွေးမိသေးတယ် ) ။
တီဗွီဇာတ်လမ်းတွေ ထဲ မှာ လေယာဉ်ပျံကြီး ပျံသွား တာ ကို လက် လှမ်းပြ နေတဲ့ လူတွေ ကို မြင်ရတာ သိပ် အောင့်သီး အောင့်သက် နိုင်တာပဲ ။ လေယာဉ် ပေါ် က လူ က ဘယ်လိုမြင် မှာလဲ ။ တကယ်တော့ အဲဒီ လက် လှမ်းပြတဲ့ သူ ဟာ သူ့ ကိုယ် သူ ပြန် လိမ် နေတာပဲ ။ ငါ တော့ လက် ပြ လိုက်တယ်နော် ပေါ့ လေ ။ တိုက် ပေါ် က သူမ လည်း အဲဒီလို ပဲ ၊ ကောင်မလေး နှယ် ကံဆိုးရှာတယ် ။
သိပ် မကြာခင် ကား ပေါ် တက်ရတော့မယ် ။ အချိန် နီးပြီ ။ ဒီ ကားဝင်းကြီး ဟာ သူ သာ ကား ပေါ် တက် သွားရင် ငြိမ်ကျ သွားမယ် နဲ့ တူတယ် ။ ဒါကြောင့် အခု အားရပါးရ ဆူ နေတာ များလား ။ သိတော့ မသိနိုင်ဘူး ။ ကိုယ် မရှိတော့ တဲ့ နေရာ မှာ ဘာတွေ ဖြစ် ကျန်ခဲ့မလဲ စဉ်းစားရတာ သိပ် စည်းလွတ်ဝါးလွတ် နိုင်တယ် ။ ပရမ်းပတာ ဖြစ်ချင် ရာ ဖြစ် နေတာ ကို ကိုယ် က ဒီလိုများ ဖြစ်နေမလား ရယ် လို့ တွေး ရတာ အတ္တ ကြီးလွန်းရာ ကျပါတယ် ။
ဒါနဲ့ အစောက ဖတ် ထားတဲ့ အမှာစာ ရေးမယ့် ဆရာ ဆီ ပို့ လိုက်တဲ့ စာ ကို တစ်ခါ ထပ် ပြန်ဖတ် ဖို့ ခရီးဆောင် အိတ် ထဲ က ထုတ်တယ် ။ ပြန် ဖတ်တယ် ။
ဆရာ ခင်ဗျား ... ဆရာ့ ကို ကျွန်တော် လေးစားတာ တော့ သေချာပါတယ် ။ ဒါပေမဲ့ ဟို တစ်ခေတ် က ဆရာကြီး တွေ ရဲ့ လူငယ်တွေ အပေါ် သဘောထား နဲ့ ဆက်ဆံပုံ တွေ ကို ကိုယ် ကိုယ်တိုင် မကြုံဖူးသော်ငြား ဖတ်ဖူးထားချက် အရ ဆရာ က နည်းနည်း ဘဝင် မြင့် နေတယ် လို့ ထင်မိ ပါတယ် ။ ဒါက ကျွန်တော် အရိုးသားဆုံး ပြောပြတာပါ ။ ဒါပေမဲ့ ဆရာ့ ကို ကျွန်တော် လေးစားတာ က တော့ သေချာပါတယ် ။ ဆရာ့ အင်တာဗျူးတွေ ထဲ မှာ တချို့ အဖြေတွေ မှာ မလိုအပ်ပဲ စည်းလွတ်ဝါးလွတ် ပုတ်ခတ်မှုမျိုး တွေ စတန့်ထွင် တာ တွေ ၊ ပေါက်လွတ်ပဲစား စကားလုံး တွေ စသဖြင့် ဘယ်လိုပဲ ရောဖျန်း ထားပါစေ ။
ပေါက်လွှတ်ပဲစား တို့ ၊ စတန့်ထွင်တာတွေ ၊ ကြောင် တာ တို့ စတာတွေ တွေး မိတော့ ဆေးခြောက် ရှူ ဖြစ် တုန်း က အကြောင်း ကို ပြန် သတိရမိတယ် ။ တအား ရယ် နေတဲ့ ကိုယ့် ကိုယ် ကိုယ် ပြန် မြင်လာတာ က လွဲရင် ကျန်တာ ဝေဝေဝါးဝါး ပဲ ။ နည်းနည်း မှတ်မိတာ တချို့က ဆေးခြောက် ရှူ ပြီး အခြားလူ တစ်ယောက် ကို စကား ပြောတဲ့ အချိန် ဆိုရင် အဲဒီလို ဆေးခြောက် မူးပြီး ကိုယ် စကား ပြော နေပုံ ကို ဘေးလူ တစ်ယောက် က မြင် သလို ကို ပြန် မြင် နေရတာပဲ ။ ကိုယ့် ကိုယ် ကိုယ် မှန် ထဲ မှာ ၊ ရေပြင် မှာ ၊ ဒီ့ အပြင် ပြန် မြင်ရ နိုင်တဲ့ အရာ မဟုတ်ဘဲ ပြန် မြင် ရတဲ့ ခံစားမှု ဟာ နည်းနည်း ထူးဆန်းတယ် ။ ပြောတဲ့ စကား က လည်း အဆီအငေါ် တည့်တယ် ။ ပြောသင့်တဲ့ ၊ လိုက်ဖက်တဲ့ စကားမျိုး ပါ ပဲ ။ ဒါပေမဲ့ ပြော နေရင်း စကား မှား မှာ ကို ကြောက် နေတယ် ။
မိန်းကလေးတွေ ဘာတွေ နဲ့ စကား ပြော နေတာ ဆိုရင် စိတ်ရိုင်းတွေ ဝင် တတ်တယ် ။ ဒါက လက်ဆုပ်လက်ကိုင် ပြစရာ လည်း ရှိတယ် ။ အဲဒီနေ့ က ဆေးခြောက်ရှိန် တက် နေတဲ့ အချိန် ဆိုင်ခန်း ထဲ ကို အရင်က ခင်မင်ရင်းစွဲ ရှိတဲ့ အမျိုးသမီး ငယ်ငယ် တစ်ယောက် ဝင်လာတယ် ။ ဒီ အခန်း ထဲ မှာ ဘာမှ လုပ်စရာ မရှိရင် သူ ဝင်လာ မှာ မဟုတ်ဘူး ။ ဒီတော့ ကျွန်တော် လဲလျောင်း နေရာ က သူ့ ကို ကြည့် နေလိုက် တာပဲ ။ သူ့ ခန္ဓာကိုယ် နောက်ပိုင်း ကို မြင်ရတာ ရင် ထဲ ဗလောင်ဆူ လာတယ် ။ သာမန် နေ့များ မှာ ဆိုရင် သူ့ ရဲ့ ခန္ဓာကိုယ် နောက်ပိုင်း မဟုတ်ဘဲ ရှေ့ပိုင်း ဗလာကျင်း မြင်ရ ရင် တောင် အလိုက်တသိ မျက်နှာ လွှဲ သွားမှာပဲ ။
ဒါကြောင့် မူးယစ်ဆေးဝါးလေး နည်းနည်း ဝင် ရင် ရာဇဝတ်မှု ဖြစ်တတ်တာပဲ လို့ တောင် ဆေးခြောက် မူး ရင်း စဉ်းစားမိ သေးတယ် ။ ရယ်တာ ကတော့ အတော့် ကို ရယ် တာ ။ နည်းနည်းလောက် ရယ်စရာလေး ဖြစ်နေရင် ကို အတောမသတ် အူတွေ နာ လာတဲ့ အထိ ရယ်တာ ။ ရယ်စရာ ဆိုတာ က လည်း အဲဒီ အချိန် ကျ တော့ အကုန် ရယ်စရာ ဖြစ် နေတာပဲ ။ အရာအားလုံး က ပုံမှန် ဆိုပေမဲ့ သာမန် အချိန် မှာ သာမန်ကာ လျှံကာ လောက် ကြည့် သွားမယ့် အရာမျိုး ကို ဆေးခြောက် မူး နေတဲ့ အချိန် ကျတော့ နဂို က ရှိထားနှင့်တဲ့ သိမှု မှတ်ဉာဏ်တွေ နဲ့ ပုံဖော် ဆက်စပ်ရင်း ရယ်တော့တာပဲ ။
အိမ် ရဲ့ သစ်သားတံခါး က လေတိုက် လို့ လှုပ် နေရင် လေ က တော်တော် တိုက်တာပဲ ။ ဒီလေ နဲ့ ဆို စကတ်ဝတ် ထားတဲ့ ကောင်မလေးတွေ ဆို ဖုံးဖိ နေရမှာ ။ ဖုံးဖိ နေတဲ့ မွန်ရိုးပုံ ကို တွေးမိ ။ အဲဒါနဲ့ ရယ် တော့တာပဲ ။ မပေါ် ချင် လည်း အစ ကတည်း က ဘောင်းဘီ ဝတ်ထားပေါ့ ၊ အခုတော့ လူ ရယ်ချင်စရာကြီး ကို ဖြစ် နေတယ် ။ အဲဒီတော့ သာမန် အချိန် မှာ မရယ်ပေမဲ့ ဆေးခြောက်မူး နေတဲ့ အချိန် မှာ ဆိုရင် တော့ အကုန်လုံး ရယ်တာပဲ ။ ထားပါတော့ လေ ။ အမှာစာ ဆရာ တော့ ငါ့ ကို စိတ်များ ဆိုးသွား မလား ဒီကောင် လို နွားငတ်ရေကျ ကဗျာဆရာ က များ ငါ့ ကို ဒီလို လာ ရေး သေး တယ် ၊ ရမလားကွ စသဖြင့် ပေါ့ လေ ။ မတက်နိုင်ဘူး စာ က ပေးခဲ့ ပြီးပြီ ။ ဘာလို့ ဖြစ်ပြီးတာတွေ အတွက် သောက များ နေတော့ မလဲ ။ ဒိဋ္ဌေ ဒိဋ္ဌံ မတ္တံ ။ ဆင့်ပွား ထွန့် သွားမနေ တော့ဘူး ၊ ဪ ကား ထွက်တော့မယ် ။ သွားပြီ ကားဝင်းကြီး ရေ သွားပြီ ။ ဟိုး ... လသာဆောင် က ကောင်မလေး ၊ အင်း ...ကောင်လေး လည်း ဖြစ်နိုင်တာပဲ ။ ဆူညံ နေတဲ့ လူတွေ ၊ ဒီ လူတွေ ဘယ်နည်း နဲ့ မှ ငြိမ် ကျန်နေ ခဲ့မှာ မဟုတ်ဘူး ။
◾လင်းခါး
📖 ခေတ်ရနံ့ မဂ္ဂဇင်း
မတ်လ ၊ ၂၀၁၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment