❝ ညစ်မထား နဲ့ မကောင်းစားဘူး ❞
“ ပာဲလို ကိုဝင်း လား ”
“ ကျွန်တော် ကိုနိုင် ပါ ”
“ အယ် ... မသီတာ က မြေပဲဆံ မှာထားတာလေး ရှိလို့ ”
“ ခဏလေး ကိုင်ထား ”
မကြာမီ မသီတာ အသံ ဝင်လာ၏ ။
“ ကျွန်တော် မောင်ချမ်းသာ ပါ ”
“ ဪ ... ဦးလေး ၊ ဦးလေး မှာ ထားတဲ့ ပဲဆံ ရမယ် ၊ ရှယ်ပဲ ၊ နက်ဖြန် လာ ကြည့်လှည့် ၊ ကြိုက် မှ ယူ ၊ တနင်္ဂနွေ နဲ့ တပေါင်းလပြည့် နှစ်ရက် ဆက် ပိတ် တယ်လေ ။ ဒီနေ့ မှ စုပြုံ ဝင်လာတာ ၊ အိတ် ၁၅ဝ လောက် ပါတယ် ။ ရွေးသာတယ် ၊ ပဲ လည်း ကောင်းတယ် ၊ ဒီနေ့ အပြီး ရွေး ထားလိုက်မယ် ၊ နက်ဖြန် ယူပေါ့ ။ ဪ ... ဦးလေး ဟို ... ”
“ အေးပါပာယ် ... ငါ သဘောပေါက် ပါတယ် ၊ လက်ငင်း ချေမှာပါ ”
မတ်လ ၁၈ ရက် ၊ တပေါင်းလပြည့်ကျော် ၁ ရက် နေ့ ၊ နေ့လည် ၂ နာရီ မှာ ပြည်မြို့ က ဝင်းသီရိပွဲရုံ ကို လှမ်း ဆက် နေတာ ခင်ဗျာ့ ။ နှစ်စဉ် သည် လ တပေါင်း တန်ခူး ဆို သူတို့ ပွဲရုံ က ပဲဆံ ဝယ် နေကျ ခင်ဗျာ့ ၊ ကျွန်းပဲဆံ လှလှချောချောကြီးတွေ ရ တတ်တယ် ။ မြေပဲဆားလှော် အတွက် အနေတော် ပဲ ။ ခါတိုင်း နှစ် တွေ က တော့ မြေပဲဆံ ငါးသိန်းဖိုး ယူတယ် ဆို နှစ်သိန်းခွဲ က လက်ငင်း ၊ ကျန် နှစ်သိန်းခွဲ က အကြွေး ခင်ဗျာ့ ၊ သူတို့ က လည်း ဘယ်လောက် ကြာကြာ ခံနိုင်ရည် ရှိတယ် ၊ အားမနာ ရဘူး ၊ သည် နှစ် က တော့ ပုံစံ တစ်မျိုး လေ ။ လွန်ခဲ့တဲ့ တစ်ပတ် လောက် က ပဲဆံ အရောင်းအဝယ် စကား ပြောကြ ကတည်း က အလိုက်တသိ ပါပဲ ၊ ခါတိုင်း နှစ်တွေ လို အကြွေး မထားဘူး ၊ လက်ငင်း ချေမယ် လို့ စကား ခံခဲ့တယ် ဗျာ ၊ လက်ငင်း ချေနိုင် ၊ လက်ငင်း ဝယ်နိုင် မှ ငွေ က လည် မှာ လေ ။ ဒါကြောင့် လက် ထဲ ငွေ မရှိ မဝယ်ချင်ဘူး ။ ကိုယ့် ကြောင့် သူတစ်ပါး ဝန် ပိ မှာ စိုးလို့ ။ လွန်ခဲ့သော ၁၅ ရက် လောက် က လည်း လူ တစ်ယောက် က ကမ်းလှမ်းတယ် ။
“ အိုကေကြီး ရေ ... လက်ငင်း ရမယ် ဆိုရင် ပဲဆံ အချိန် ၅၀ဝ လောက် ရောင်းချင်တယ် ခင်ဗျာ့ ၊ တစ်ပိသာ ၁၀ဝ လျော့ ပေးမယ် ၊ ဘယ်လိုလဲ ”
လက်ငင်း ချေနိုင် မချေနိုင် ကိုယ့် လက် ထဲ ရှိ တဲ့ ငွေလေး နဲ့ ပာပ် ကြည့်ရသေးတယ် ခင်ဗျာ ၊ နိုင်ပြီ ဆို မှ ခေါင်း ညိတ် ရတယ် ။
“ ဦးလေး ငွေ တစ်သောင်း လောက် ခဏ လှည့်ပါဦး ၊ ဆန် ဝယ်စရာ ငွေ မရှိလို့ ”
တစ်နေ့ ကျွန်တော့် တူမလေး သန်းသန်းလှ တစ်ယောက် မြို့လှ ချိုင်းစုရွာ မှ ကျွန်တော့် ထံ လာ အပူ ကပ် လေ၏ ။
“ ပွဲရုံ မှာ ပြန့်ပဲတောင့် အချိန် ၁၅ဝ အပ် ထားတာ ကို ဈေး လာ ဖြတ်တာ ငွေ မရခဲ့လို့ ”
“ ပာယ် ... ဘယ်သူ့ ပွဲရုံတုံး ပာ ”
သူ က တရော်ကုန်းရပ်ကွက် မှ ပွဲရုံ တစ်ခု နာမည် ပြော ပြ လေ၏ ။
“ ပွဲစား က ပြောတယ် သူတို့ တောင် မှ ပဲတောင့်တွေ မရောင်းရသေး လို့ ရှုတိုင်းယဉ်ဆန်ပွဲရုံ က ဆန် ကို အကြွေး ယူ စားနေတယ် လို့ ဆိုတယ် ”
“ ပာာ ... ဒါဆို အလွယ်ပေါ့ ပာ ၊ ကျွန်မ ကို ပဲတောင့်ဖိုး ငွေ မရှင်းပေး နိုင်ရင် ဆန် အကြွေး ယူပေးပါ လို့ ပြောပါလား ပာ ၊ နင့် မှာ လည်း ပါးစပ် ပါသားပဲ ”
“ ဘယ် နေလိမ့်မလဲ ပြောတာပေါ့ ”
“ ဒီတော့ ဘာပြောလဲ ”
“ ပွဲစားမကြီး က ပြောတယ် သူတို့ အတွက် ပဲ အကြွေး ယူ စားတယ် ၊ သူများ အတွက် အကြွေး ယူ မပေးနိုင်ဘူး လို့ ပြော လွှတ် လိုက်တယ် ၊ အဲဒါကြောင့် ဦးလေး ဆီ ရောက်လာတာ ”
“ အယ် ကောင်းရော ပွဲရုံ ကအမှု ငါ့ ဆီ လာ ပတ်တာပဲ ၊ အမှန်က တော့ အဲဒီ ပြဿနာ က ပွဲရုံ က ဖြေရှင်း ပေးရမှာပာ ၊ ငါ့ ဆီ လာစရာ မလိုဘူး ၊ ငွေ မရှိဘူး ဆိုတာ မယုံပါဘူး ပာာ ၊ အဲဒီ ပွဲစားမကြီး ဆီ မှာ ရွှေ တစ်ပိဿာ ရှိတယ် ဆိုပြီး သူ ကိုယ်တိုင် တဖွဖွ ကြွား နေတာပါ ပာာ ၊ လူတိုင်း အသိပါ ၊ နင့် ကို မပေးချင် လို့ တမင် ညစ် ထားတာပါ ပာာ ”
“ ဦးလေး ရယ် တစ်သောင်း တည်း ပါ ”
“ အေးပါ ... နင့် ကို ငါ အငတ် မထားပါဘူး ၊ နင့် နဲ့ ငါ အမျိုး တော် နေတာကိုး ပာဲ့ ၊ မပေးချင် လို့ မဟုတ်ဘူး ၊ သဘောတရား ကို ပြောပြတာ ”
နေရင်း ထိုင်ရင်း အိတ် ထဲ မှ ငွေ တစ်သောင်း ထွက် သွား လေ၏ ။ ညတကာနဉ္စ သင်္ဂပောာ ၊ အပောာဝတ ဪ ကောင်းပေစွ တကား ။ အလွယ်ပဲ ခင်ဗျာ့ ၊ ‘ ပြေလည်ဘူး ’ ဆိုတာလေး အကြောင်းပြ ပြီး အမျိုးမျိုး ထစ်ကြ ညစ်ကြတော့တာပဲ ဗျာ ။ ပြည် မှာ ဖြန့် တဲ့ မြေပဲတောင့် ဖောက်သည် ဆီ မှာ ရမည့် ငွေ တစ်သိန်းရှစ်သောင်း ၊ မကြာခဏ သွား တောင်းပါ သော်လည်း တစ်ပြား မှ မရသေးပါ ။ ပွဲစား တစ်ယောက် က တော့ ပေးစရာ ရှိသော အကြွေးများ ကို မပေးသေး ဘဲ ထက်ဝက် ဈေး ကျ သွားသော ကား တစ်စီး ကို ဝယ်စီး ပစ် လိုက်လေ၏ ။ ခပ်တည်တည် ပဲ ။ ရ ရမည့် ကြွေးရှင် က တော့ လည်ပင်း တရှည်ရှည် ဗျာ ၊ ဖြစ်နေကြတာ ။
ဟယ် ... ဖြစ်ရလေ လောက ။ လူတွေ ရဲ့စိတ်ဓာတ် နဲ့ ပဲ ဆိုင်တာပါ ။ အင်း ... ဟုတ်တာပေါ့ ။
ညစ်ထားလို့ များ ကောင်းစားမယ် ထင်သလား ။ ဟား ... ဟား ... ဝေးပါသေးတယ် ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment