❝ မထည့်ဖြစ်ခဲ့သော စာလေး တစ်စောင် ❞
ရုံး ၌ ထမင်းစား နားချိန် တွင် ထ , မြည်လာ သည့် ဖုန်း ကြောင့် ကျွန်မ တစ်ချက် ကြည့် လိုက် မိသည် ။ ကျွန်မ မသိသော နံပါတ်စိမ်း တစ်ခု ဖြစ်ပါ၏ ။
“ ဟယ်လို ... သမီး ငွေဇင်ယော်ဦး လား ”
တစ်ခါမျှ မကြားဖူးသည့် အမျိုးသမီးကြီး တစ်ဦး အသံ ဖြစ်ပါသည် ။
“ ဟုတ်ပါတယ်ရှင် ... ”
“ အန်တီပါ သမီး ရေ ၊ ဘဘ ရဲ့ ဇနီး ”
ကျွန်မ ရုတ်တရက် အံ့သြ သွားမိသည် ။ တစ်ဆက်တည်း မှာ ပင် ဝမ်း လည်း သာ သွားရပါ၏ ။ ဘဘ တို့ ဇနီးမောင်နှံ ( အထူးသဖြင့် ဘဘ ) က ကျွန်မ နှင့် လွန်ခဲ့သည့် လေး,ငါးနှစ် ကတည်း က စာတိုက် မှ တစ်ဆင့် ပေးစာတွေ အပြန်အလှန် ရေး ၊ စာအုပ်တွေ ပို့ ကာ ခင်မင် ရင်းနှီး လာကြသူတွေ ဖြစ်ပြီး အဆက်အသွယ် ပြတ် သွားသည် က တစ်နှစ် ကျော် နှစ်နှစ် မျှ သာ ရှိဦးမည် ။ ဘဘ က ရွှေအမြုတေ မဂ္ဂဇင်း ၏ ပင်တိုင် ပရိသတ် တစ်ယောက် ဖြစ်သလို
ကျွန်မ ရေးသား ပြီး သမျှ ဝတ္ထုတို တိုင်း လိုလို ဖတ်ဖူးသည့် စာချစ်သူ တစ်ဦး လည်း ဖြစ်ပါ၏ ။ ယခု ကဲ့သို့ လက်ကိုင်ဖုန်း များ တွင်ကျယ်စွာ အသုံးမပြုကြသေးသော ၊ စာပို့ခတွေ မကြီးမြင့် သေးသော ကာလ ၊ ကျွန်မ နေရပ်လိပ်စာ ပါသည့် “ မိုးတွေ ရွာနေတယ် ” တစ်ကိုယ်တော် ဝတ္ထုတို ပေါင်းချုပ် ထွက်ရှိ ထားသော ကာလ က ကျွန်မ ထံ ရောက်ရှိ လာ သော စာဖတ်သူ တို့ ၏ ပေးစာ များ ထဲ တွင် ဘဘ ၏ ပေးစာ များ က တစ်မူ ထူး၏ ။ စာဖတ် သူ တစ်ယောက် မှ စာရေးဆရာ တစ်ယောက် ထံ သာမန် မိတ်ဆက် စကား ပြော ရုံ ၊ စာပေ အကြောင်း ပြောရုံ မျိုး မဟုတ် ဘဲ ကျွန်မ အား သမီးလေး လို ၊ တူမသားချင်း လို ပဲ့ပြင် ဆုံးမမှု တွေ နှင့် တစ်စောင် ပို့ လျှင် လီဂယ်စာရွက်ဆိုဒ် နှင့် အနည်းဆုံး နှစ်မျက်နှာ ၊ သုံးမျက်နှာ အပြည့် ရေးတတ် သူ ဖြစ်သည် ။
ထို စာတွေ စ , ဖတ်ရ ကတည်း က သူစိမ်း ဟု မခံစား မိ လောက် အောင် လူကြီးသူမ တစ်ယောက် ၏ နွေးထွေးသော မေတ္တာ စေတနာ တို့ ကို ခံစား မိခဲ့ရသည် ။ ဘဘ ၏ ပေးစာတိုင်း ကို အနည်းဆုံး နှစ်ကြိမ် ၊ သုံးကြိမ် မက လည်း ပြန် ဖတ်မိမြဲ ။ စာတိုင်း ၌ သိမှတ်စရာ ဗဟုသုတများ အမြဲ ပါ သလို ကျွန်မ အား ပိုပြီး ပြည့်ဝသည့် ကလောင် တစ်ချောင်း ဖြစ်လာ စေချင်သည့် ဘဘ ၏ စေတနာ ကို အထင်း သား မြင်ရသည် ။ ဘဘ သည် ကမ္ဘာ့အရေး ၊ မြန်မာ့အရေး သာ မက စာပေရေးရာ ၌ပါ နှံ့စပ်လှသည့် ရှေးမီ နောက်မီ ၊ ပညာတတ် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါသည် ။ ဘဘ ပေးစာများ ထဲ မှ ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင် တွေ အကြောင်း အတု ယူ အားကျဖွယ် ဖတ်ရှု ရသည် ။ ကျွန်မ မသိ ၊ မမီ လိုက်သည့် စာပေလောက ထဲ မှ သိမှတ်စရာတွေ လည်း သိခွင့် ရ၏ ။ ဘဘ စာတွေ ဖတ်ပြီး ခွန်အား တွေ ရရှိခဲ့ သလို ဖတ် ပြီး လျှင် ပြန်စာ ကို လည်း အမြဲ စိတ်ပါ လက်ပါ ရေးပို့ ဖြစ်ခဲ့မြဲ ။
ကျွန်မ လောကကြီး အကြောင်း သင်ယူ ဖြည့်ဆည်း နေဆဲ နှစ်ဆယ်ကျော် လူငယ် ၊ ဘဘ က အတွေ့အကြုံ များစွာ ဖြင့် ပြည့်ဝ ရင့်ကျက်နေပြီ ဖြစ်သည့် ခြောက်ဆယ်ကျော် လူကြီးသူမ အရွယ် ဖြစ်ရာ ဘဘ ထံ မှ ကျွန်မ သိချင် ၊ မေးချင် သည့် ကိစ္စတွေ အမြဲ ရှိ နေ တတ်သည် ။
ဘဘ က ကျွန်မတို့ မျိုးဆက် အထိ သိ သလို ကျွန်မ က လည်း အရင် ခေတ် မှ နတ်ရေကန် ၊ သပြေတေး ၊ ပန်းဝေသီ ၊ ပေဖူးလွှာ ၊ ကလျာ ၊ မြားနတ် မောင် ၊ မဟေသီ စသဖြင့် မဂ္ဂဇင်းတွေ နှင့် ကြီးလာရ သူ ဖြစ်ရ ကား ပြောစရာ စာပေ စကားတွေ က ကျွန်မ တို့ ကြား ၌ ဘယ်တော့ မှ မကုန်ချေ ။ ဘဘ က သူ အနှစ်နှစ် အလလ စုဆောင်း ထားသည့် မဂ္ဂဇင်းဟောင်းများ အပါအဝင် စာအုပ်ကောင်းလေး တွေ ကို ပါဆယ် ထုပ်ပြီး စာတိုက် မှ ပို့ပေး တတ်သည် ။ ကျွန်မ က လည်း သိမ်းသင့် သည့် စာအုပ်တွေ သိမ်း ၊ လှူသင့်သည် ကို လှူ ရင်း လက်လှမ်းမီ သလို ပြန် မျှဝေ ပေးဖြစ်သည် ။
ဘဘ စာတွေ ဖတ်ရင်း ရင်းနှီး လာရသည် က တော့ ဘဘ ၏ ဇနီး“ အန်တီ ” ပင် ။ ဘဘစာ တိုင်း ၌ မိသားစု အကြောင်း အမြဲ ထည့် ရေး လေ့ ရှိ သဖြင့် ကျွန်မ မှာ အန်တီ ကို မမြင်ဖူးဘဲ နှင့် အလိုလို ခင်မင် ရင်းနှီး နေသည် ။ ကျွန်မ အကြောင်း ကို လည်း ဘဘ က အန်တီ ကို အမြဲ ပြောပြ ဟန် တူသည် ။ တစ်ခါ တစ်ရံ ဘဘ ၏ ပေးစာများ ထဲ မှာ “ ညည်း အန်တီ က ညည်း ရဲ့ ဝတ္ထုလေး ဖတ်ပြီး သဘောကျလို့ တဲ့ ” ဆိုတာမျိုး တခုတ်တရ ထည့် ရေးပေး တာ ဖတ်ရသည် ။ ကျွန်မ က လည်း ပေးစာ တိုင်း ၌ “ ဘဘ နဲ့ အန်တီ ရွှင်လန်းချမ်းမြေ့ပါ စေ ” ဟူသည့် ဆုတောင်း မေတ္တာစကားနှင့် အဆုံးသတ် တတ်မြဲ ။ ဘဘ စာတွေ ဖတ် ပြီး အန်တီ ၏ စိတ်ရှည် ကြင်နာတတ်မှု ၊ ဟင်းချက်ကောင်းမှုတွေ ကို ကျွန်မ သိခွင့်ရ၏ ။ ကျွန်မ စာအုပ်တွေ ထွက် လျှင် လည်း စာတိုက် မှ လှမ်း ပို့ ဖြစ်ခဲ့သည် ။ ဘဘ က လည်း ကျွန်မ ၏ စာပေ လှုပ်ရှားမှု တွေ နှင့် ပတ်သက်၍ အပြု သဘော ဆောင်သည့် ပဲ့ပြင် ဝေဖန်မှုလေးတွေ အမြဲ ပေး တတ်သည် ။ ကျွန်မ ရေးသားသည့် ဝတ္ထုတိုလေးများ ကို သာမက ရွှေ ၌ ပါဖူးသည့်
ကျွန်မ ၏ ရှားရှားပါးပါး အင်တာဗျူးတွေ က အစ သေချာ ဖတ် ပြီး ပြောသင့်သည့် မပြောသင့်သည့် စကား စ သဖြင့် အသေးစိတ် ဝေဖန် ပေး တတ်သည် ။ အကျိုးအကြောင်း ခိုင်ခိုင်လုံ လုံ နှင့် ချက်ကျလက်ကျ ဝေဖန် တတ်တာ မို့ ကျွန်မ မှာ အသိ တစ်ခု ခု အမြဲ တိုး ရသည် ။ ကျွန်မ ထံ သို့ လက် ညောင်းခံ ၊ စာရွက် ဘောပင် အကုန်ခံ ၊ စာပို့ခ အကုန် ခံ ကာ ပို့ ကြသည့် စာချစ်သူ တို့ ၏ ပေးစာများ ကို အလေးအနက် ထား ပြီး စာ ပြန်ရန် လည်း ဆုံးမ တတ်သည် ။
စာတိုက် က ကျွန်မ နေထိုင်ရာ ရပ်ကွက် နှင့် အလှမ်းဝေး သဖြင့် ပေးစာ တွေ ကို ချက်ချင်း မပြန်ဖြစ် ဘဲ စာမူ ပို့ချိန် မှ စုပေါင်း ပြန် ဖြစ်တာ များ သဖြင့် တချို့ ပေးစာများ မှာ ပြန်စာ နှင့် လ , ခြား သွားတာ တောင် ရှိသည် ။ အလေးအနက် မထား ၍ မဟုတ်ဘဲ စက်ဘီး မစီးတတ် ဆိုင်ကယ်မ စီးတတ် သူ တို့ ၏ ထုံးစံ အတိုင်း စိတ် သွားတိုင်း ကိုယ် မပါ ၍ ဖြစ်သည် ။ သို့သော် ... ဘဘ စာတွေ ရောက်လာချိန် မှာ တော့ တစ်လ ကို အနည်းဆုံး တစ်ကြိမ် တော့ စာတိုက် သို့ ပုံမှန် ရောက်ဖြစ်ရတော့၏ ။ ကျွန်မ ၏ အမေ ကို လည်း ဘဘ စာ တွေ အမြဲ ပေးဖတ်ဖြစ် သဖြင့် အမေ က လည်း ဘဘ နှင့် အန်တီ ကို မမြင်ဖူး ပေမဲ့ ခင်မင် နေသည် ။
ထို့နောက်တော့ ဖုန်း ဆင်းကတ် ဈေးနှုန်းတွေ ကျဆင်း လာခဲ့ချိန် မှာ ကျွန်မ လည်း လိုအပ်ချက် အရ ကိုယ်ပိုင် ဖုန်းလေး တစ်လုံး ဝယ်ကိုင်ဖြစ်ခဲ့သည် ။ အဓိက , က ဖုန်း ကိုင် ချင်၍ ထက် ဖုန်း လာတိုင်း ဖုန်းဆိုင် ပြေး ပြော ရ ၊ လူ မရှိလျှင် အရေးကြီး ဖုန်း တွေ လွဲချော်ရ နှင့် ဒုက္ခတွေ ကို စိတ်ပျက် နေပြီ မို့ ဖြစ်သည် ။ ဘဘ ထံ ရေး ဖြစ်သည့် စာ ထဲ တွင် ကျွန်မ ၏ အသစ်စက်စက် ဖုန်းနံပါတ်လေး ကို ရေး ထည့် ပေး လိုက်တော့ ဘဘ ဖုန်း ဆက်လာသည် ။ ဖုန်း ထဲ မှ အသံ ကြား ရတော့ လည်း ဘဘ က နှစ်လိုခင်မင်ဖွယ် ကောင်း လှသည် ။ နောက်ထပ် တော့ မဆက်ဖြစ်ပါ ။ စာပို့ခ တွေ လည်း ကြီးမြင့် လာခဲ့ သည် ။ ဘဘ က တော့ စာပို့ခ တွေ အဆမတန် မြင့်တက် နေ သည့် ကြား မှ ပို့ချင်သည့် စာအုပ်လေး တွေ ကို လှမ်း ပို့မြဲ ။ စာ ရေးရှာ မြဲ ။
ကျွန်မ က တော့ ဆက်သွယ်ရေး အဆင်ပြေ ရုံ ရည်ရွယ် ပြီး ဝယ်ယူခဲ့ သည့် ဖုန်း တစ်လုံး ၏ နောက်ဆက်တွဲ အာရုံတွေ နောက် လိုက်ပါ နေမိ ပြီ ဖြစ်သည် ။ ဖုန်း ၌ အင်တာနက် ဟူသည့် အရာကြီး ကို ချိတ်ဆက် လိုက်သော ခါ ကျွန်မ အတွက် ခက်ခဲခဲ့ သော ဆက်သွယ်ရေး ကိစ္စ အဝဝ တို့ သည် ထင်ထား သည် ထက် လွယ်ကူ ချောမွေ့ သော အဖြစ် သို့ ပြောင်းလဲ သွား တော့၏ ။ ကျွန်မ သည် ကွန်ပျူတာ စီ ပြီးသား စာမူ ကို ဖုန်း ထဲ ထည့်ပြီး အီးမေးလ် နှင့် ပို့သည် ။ စာတိုက် ကဲ့သို့ လေး,ငါးရက် လည်း စောင့် စရာ မလို ၊ ရောက် မရောက် လည်း ပူပန်စရာ မလို ၊ စာပို့ခ လည်း မကုန်ဘဲ လိုင်း ကောင်း လျှင် ကောင်း သလို ပို့ လိုသော မဂ္ဂဇင်းတိုက် ထံ စက္ကန့် ပိုင်း ၊ မိနစ် ပိုင်း မျှ နှင့် ရောက်ရှိ သွားသည် ။ ဝေးလံလှသည့် စာတိုက် သို့ တစ်ခါ သွားဖို့ အရေး လိုက် ပို့မည့် သူတွေ ကို ထိုင် စောင့်နေရသည့် ဒုက္ခ လည်း ငြိမ်းအေးသွား ၏ ။ စာချစ်သူများ နှင့် လည်း အွန်လိုင်း ပေါ် ၌ တွေ့ဆုံ ခင်မင် ခွင့် ရ၏ ။ လူမှုကွန်ရက် စာမျက်နှာ ပေါ်၌ ကျွန်မ နှစ်သက်ရာ စာလေးတွေ ရှာ ဖတ် ၊ ဘာသာရပ်တွေ လေ့ လာ ၊ စာပေ မောင်နှမများ အားလုံး က လည်း အွန်လိုင်း ပေါ် သို့ ရောက်ရှိ လာကုန်ကြ လေတော့ ကျွန်မ ၏ ခြေလှမ်း တို့ သည် စာတိုက် ဘက် သို့ ဦး မလှည့်ဖြစ် တော့ချေ ။
ဖုန်း နှင့် ပဲ စာမူ ပို့သည် ။ စာချစ်သူတွေ နှင့် ဆက်သွယ် နိုင်သည် ။ စာ ဖတ်နိုင်သည် ။ ထို့ပြင် ကမ္ဘာကြီး ကို ပါ လက် ဝါး ပေါ် တင် ကြည့်၍ ရပြီဆို တော့လည်း .. ။ လူမှုကွန်ရက် မတွင်ကျယ် ခင် က ကျွန်မ ထံ ရောက်လာလေ့ ရှိ သော အနယ်နယ် အရပ်ရပ် မှ စာချစ်သူ တို့ ၏ ပေးစာတွေ ကျဲပါး ပြတ်တောက် သွား သလို အွန်လိုင်း မိတ်ဆွေများ က တော့ ကျွန်မ ၌ တဖြည်း ဖြည်း တိုးပွား လာလေသည် ။
ဘဘ သည် ကျွန်မ ထံ စာ ပို့မြဲ ။ ကျွန်မ က လည်း စာ တော့ ပြန် ဖြစ်ပေမဲ့ ယခင် လို စာမူ ပို့စရာ မလိုတော့ သဖြင့် ဘဘ စာ နှစ်စောင် ရောက် မှ ကျွန်မ ဘက် က တစ်စောင် ကြိုးစား ပြန် ရ၏ ။ ဒါတောင် မှန်မှန် မပို့ ဖြစ်ချေ ။ တဖြည်းဖြည်း နှင့် ကျွန်မ သည် စာတိုက် သို့ လုံးလုံး မရောက် ဖြစ်သည့် အဆင့် ရောက် သွားသည် ။ ဘဘ ထံ မှ စာ ကို လ အတန် ခြား ပြီး မှ ပြန် ဖြစ်တာ ၊ နောက်ဆုံး စာ ကို တော့ ရေးရုံ ရေးပြီး လုံးဝ မပြန်ဖြစ် လိုက်တော့တာ ကို ပဲ ကျွန်မ မှတ်မိသည် ။ ထို စာလေး က ယနေ့ တိုင် ကျွန်မ ၏ စာရေးစားပွဲ အံဆွဲ ထဲ ရှိ နေဆဲ ဖြစ်ပါသည် ။ တစ်နေ့ ပို့ဖြစ် နိုးနိုး စောင့် နေရင်း ပေးစာ နှင့် ပြန်စာ က အချိန်တွေ ကွာဟလွန်း သွား ရာ မပို့ဖြစ်တော့ခြင်း ပင် ။
ဘဘ ထံ မှ လ ည်း နောက်ထပ် စာတွေ ရောက်ရှိ မလာခဲ့တော့ပါ ။ ထို့နောက် ကျွန်မတို့ တွေ အဆက်အသွယ် လုံးဝ ပြတ်တောက် သွားခဲ့ တော့သည် ။ ချစ်ခင်ရသူ တွေ မို့ မကြာခဏ တော့ သတိရ နေခဲ့ ပါ၏ ။ ပေးစာ တွေ စု ထည့်ထားသည့် မုန့်ပုံးတွေ ကို ရှင်းဖြစ် တိုင်း ဘဘ စာတွေ ကို ပြန် ဖတ်မိ မြဲ ။ အခြား ပေးစာများ ကဲ့ သို့ ဗလာစာရွက် နှင့် မဟုတ်ဘဲ လီဂယ်စာရွက် ဆိုဒ်ကြီးတွေ မို့ ဘဘစာတွေ ကို ဖိုင် သတ်သတ် တွဲ ထား၏ ။ “ ဖုန်းလေး ဆက်ဦးမှပါ ” ဟု ရံဖန်ရံခါ စိတ်ကူး မိ ပေမဲ့ ဘာကြောင့် ရယ် မသိဘဲ တစ်ခါ မှ မဆက် ဖြစ်ခဲ့ပါ ။ ဘဘ က ယနေ့ ခေတ် မှာ တွင်ကျယ်စွာ အသုံး ပြု နေကြသည့် လူမှုကွန်ရက် စာမျက်နှာများ ပေါ် သို့ ရောက်ရှိ မလာခဲ့တာ လည်း ပါသည် ။ ရွှေချစ်သူ ပေးစာ ကဏ္ဍ မှာ တော့ ဘဘ စာ ကို တစ်ခါ ဖတ် လိုက်ရ၏ ။ ယခု တော့ ဖြင့် အဆက်အသွယ်တွေ ပြတ်ခဲ့ပြီး နောက် မှာ ဘဘ ၏ ဇနီး “ အန်တီ ” အသံ ကို မမျှော် လင့် ဘဲ ကြား လိုက်ရသည် က ကျွန်မ အတွက် အံ့အားသင့် ပျော်ရွှင်ဖွယ်ရာ ။
“ အန်တီ့ အသံ ကြားရ တာ ဝမ်းသာ လိုက်တာ ။ သမီး လည်း အန်တီ တို့ ကို အမြဲတမ်း သတိရ နေတာပါ ။ အဆက်အသွယ် ပြတ်သွားတာ ကြာပြီ နော် ။ ဘဘ ကော ၊ အန်တီ ကော နေကောင်းကြတယ်မလား ”
အန်တို့ ဘက် မှ ခဏမျှ တိတ်ဆိတ် သွားပြီး ...
“ သမီး ဘဘ က ဆုံးသွားပြီလေ ” ဟု ဆိုသည် ။
ကျွန်မ ရုတ်တရက် ဆွံ့ အ , သွားမိသည် ။ ဆွံ့အ , သွား သည်မှာ တော်တော်နှင့် ကို စကားသံ ပြန် ထွက် မလာနိုင် တော့ တာ ဖြစ်သည် ။
“ ဟင် ... ဘယ်တုန်းက ဆုံး တာလဲ အန်တီ ရဲ့ ။ ဘာဖြစ်လို့ ဆုံးသွားတာလဲ ”
“ အခုဆို တစ်လ ကျော်ပြီ ပေါ့ ။ အသက် ကြီး ပြီ ဆိုတော့ လူကြီးရောဂါ နဲ့ ပါပဲ ။ ဘဘ မဆုံး ခင် က လည်း သမီး ဆီ ဖုန်း ဆက်ပါတယ် ။ ဖုန်း ဝင် ပေမဲ့ သမီး မကိုင်ဘူး ။ ဆုံး ပြီး တော့ လည်း အန်တီ ဖုန်း ခေါ် သေးတယ် ။ သမီး မကိုင်ဘူး ”
ကျွန်မ အံ့အားသင့် သွား သည် ။ ကျွန်မ မသိလိုက် ခင် အရာရာ သည် ကျန လှပစွာ လွဲချော် ကုန်ပြီမှန်း နားလည် လိုက်မိပြီ သာ ။ ကျွန်မက လောလောဆယ် မှာ မန္တလေး ၌ အလုပ် လုပ် နေရာ မိုးကုတ် အိမ် မှ အလုပ် နှင့် ပတ်သက်သည့် ဖုန်းတွေ ကို မကိုင်ဖြစ် တော့ တာ များသည် ။ ပေး ထား သည့် နံပါတ် အသစ် ကို မဆက်ဘဲ ယခင် သုံး ခဲ့သည့် ကျွန်မ ဖုန်းနံပါတ်ဟောင်း ကိုပဲ ခဏခဏ မှား ဆက်ကြရာ ရုံး မှာ အလုပ် ဖြောင့်ဖြောင့် မလုပ် ရ၍ ဖြစ်သည် ။ အလုပ်ချိန် အတွင်း ဖုန်း ကို အသံ ပိတ် ထား ပြီး အားလပ်ချိန် မှ ခေါ် ထားသည့် ဖုန်းတွေ ကို ကျွန်မ သိ လျှင် သိ သလို ပြန် ခေါ်ဖြစ်သည် ။ များသော အားဖြင့် တော့ ဖုန်းနံပါတ် တိုင်း ကို ပြန် ခေါ် ပါသည် ။ သို့ပေမဲ့ ... မှား ခေါ် နေကျ ဖုန်းနံပါတ် ဟု ထင် လျှင် တော့ ပြန် မခေါ်ဖြစ်ပါ ။
ကျွန်မ သိ မထားသည့် ဘဘ ၏ ဖုန်းနံပါတ် အသစ် သည် ကျွန်မ ပြန် မခေါ်မိ လိုက်သည့် ဖုန်းနံပါတ် စာရင်း တွေ ထဲ ပဲ မှားယွင်း ပါသွားလေ သလား ။ ဘဘ က ဘယ်တုန်း က ဆက် သနည်း ။ အလုပ် မဝင်ခင် ကာလ က ဆက် သည် ဆိုလျှင် ဟောင်းဟောင်း သစ်သစ် ကျွန်မ မကိုင်သည့် ဖုန်းနံပါတ် မရှိခဲ့ပါ ။ ဘဘ သည် ကျွန်မ ဖုန်းနံပါတ် ကို ပဲ မှားယွင်း ခေါ်ဆို မိလေသလား ။ သို့ပေမဲ့ မဖြစ်နိုင်ပါ ။ အန်တီ ယခု ဆက်တော့ ကျွန်မ ထံ တန်းတန်းမတ်မတ် ဝင် လာသည် မဟုတ်ပါလား ။ မည်သည့် အဖြစ်တွေ ကြောင့် လွဲချော်ခဲ့ မှန်း ကျွန်မ လည်း မသိတော့ပါ ။ ကျွန်မ သည် ခင်ပွန်း သည် ဆုံးပြီးစ တစ်လ ကျော် မျှသာ ရှိသေးသည့် ကျန်ရစ် သူ ဇနီးမယား အန်တို့ ရင်တွင်း အပူ ကို စာနာ နားလည်စွာ ကျွန်မ ၏ ပျက်ကွက်မှု အတွက် အားနာ မျက်နှာ ပူလှစွာ ဖြင့် ကျွန်မတို့ ကြား လွဲချော်ခဲ့ ရ သည့် အဖြစ်တို့ ကို ကျွန်မ စဉ်း စား မိ သလောက် ရှင်းပြ နေမိ သည် ။ အန်တီ က ကျွန်မ ကို အပြစ် မတင်ပါ ။ ဘဘ ဆုံးပါး သွားကြောင်း ကျွန်မ အား အသိပေး လို၍ တကူးတက ဖုန်း ဆက် ရှာတာ သက်သက်
ပင် ။
“ ဘယ်လို ပြောရမှန်း တောင် မသိတော့ပါဘူး ... အန်တီ ရယ် ။ သမီး ... တကယ့် ကို စိတ်မကောင်း ဖြစ်ရပါတယ် ။ ဘဘ မရှိတော့ ပေ မဲ့ သမီး အပေါ် ဘဘ ရှိတုန်း က လို ဆက် ခင်ပါဦး နော် ”
စကား အနည်းငယ် ပြောဆို ပြီး အန်တီ ဖုန်းချ သွား တော့ ကျွန်မ ငိုင်တွေ ကျန်ရစ် ခဲ့ပါသည် ။ ဘဝ မှာ တကယ့် ကို စိတ် ထိခိုက် ကြေကွဲမိရ သည့် အဖြစ် ပင် ။ ကွယ်လွန် တိမ်းပါးသွားချိန် အထိ တစ်ခါ မျှ မတွေ့ ၊ မမြင်ဖူး လိုက်ရပေမဲ့ ကျွန်မ အပေါ် သမီးလေး တစ်ယောက် ပမာ အလေးထား ချစ်ခင်ခဲ့ သော ဘဘ ၏ ခွဲခွာခြင်း က ကျွန်မ အား ဝမ်းနည်း စိတ် မကောင်း ဖြစ်မိ စေပါသည် ။ အထူးသဖြင့် ဘဘ ၏ နောက်ဆုံးစာလေး ကို မပြန် ဖြစ်ခဲ့သည့် ကျွန်မကိုယ် ကျွန်မ ခွင့် မလွှတ်နိုင်ပါ ။ ရေးပြီး သား စာလေး တစ်စောင် ကို ပို့ ရသည့် အလုပ် က ဘယ်မျှ ခက်ခဲ နေ၍ ကျွန်မ အားမထုတ်ခဲ့ ပါ လိမ့် ။ ရောက်နေကျ အချိန် မှာ ရောက် မလာ
သည့် စာ ကို ၊ ဘယ်တော့မှ လည်း ရောက် လာခြင်း မရှိတော့သည့် ကျွန်မ ထံ မှ စာ တွေ ကို ဘဘ ဘယ် အချိန် ထိ မျှော်နေခဲ့ပါလိမ့် ။
တွေးရင်း နှင့် ပဲ နောက်ထပ် အတွေး တစ်စ က လည်း ကျွန်မ ရင် သို့ လာရောက် ရိုက်ခတ်၏ ။
ပညာ လည်း တတ် ၊ စာပေ ဗဟုသုတ လည်း ကြွယ်ဝ နှံ့စပ်ပြီး နည်းပညာ နှင့် လည်း အကျွမ်းတဝင် ရှိ လှသည့် ဘဘ လို ပုဂ္ဂိုလ် တစ်ယောက် က လူတိုင်း နီးပါး သုံး နေကြ သည့် ဖေ့စ်ဘွတ်ခ် လို လူမှု ကွန်ရက် ပေါ် ရောက် မလာ တာ ဖြင့် မဖြစ်နိုင် ။ ကျွန်မ အား နှုတ်ဆက်ခြင်း မပြုဘဲ တိတ်ဆိတ်စွာ နေ နေခဲ့သည် ကော မဖြစ်နိုင်ပေဘူးလား ။ ရောက် လာ ဖြစ်ခဲ့ သည် ဆို လျှင် စာလေး တစ်စောင် တောင် မပြန်နိုင် အောင် မိတ်ဆွေ သူငယ်ချင်း အသစ်တွေ နှင့် အွန်လိုင်း ပေါ် ပျော်ရွှင် နေခဲ့ သည့် ကျွန်မ ကို ဘယ်လိုများ တွေး ထင် နေခဲ့မည်နည်း ။
တကယ်တော့ အားထုတ် စရာ မလို ဘဲ လွယ်ကူချောမွေ့ လာနေသည့် ခေတ်မီ ဆက်သွယ်ရေး စနစ်တွေ က ကျွန်မတို့ ချစ်ခင်ရသူတွေ နှင့် အရင်းနှီးဆုံး ဆက်ဆံရေးတွေ ကို တဖြည်းဖြည်း ဝါးမျို သွားခဲ့တာ ကျွန်မ တို့ သတိ မပြုမိခဲ့ကြပါ ။ ယခု အချိန် မှာ အဖြစ်ချင်ဆုံး ဆန္ဒ တစ်ခု ကို ပြောရ မည် ဆိုလျှင် တော့ မိုးကုတ် အိမ် ရှိ စာရေးစားပွဲ အံဆွဲ အတွင်း သိမ်း ထားသည့် စာလေး တစ်စောင် ကို ပြန် ယူ ပြီး စာတိုက် သို့ အပြေး သွား ထည့် လိုက်ချင်သည် ။
သို့ပေမဲ့ ကျွန်မ ထည့် လိုက်သည့် စာလေး တစ်စောင် ကို ဝမ်းသာစွာ လက်ခံ မည့် သူ က ကမ္ဘာလောကကြီး ၌ မရှိတော့ ပြီ ။ ။
◾ငွေဇင်ယော်ဦး ၊ မိုးကုတ် ၊
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဩဂုတ် ၊ ၂၀၁၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment