အခန်း - ၂၅
“ သံယောဇဉ် လက်ဖက်ရည်ဆိုင် ”
“ ဟာ နာမည် က တော့ အပျံစားပဲ ဟေ့ ”
“ စားပွဲ .. ထိုင်ခုံလေးတွေ က .. တော်တော်လေး သပ်ရပ်တာပဲ ”
ဦးမျက်ပြူး .. မျက်မှေး ဇက်ပိုး ကို လှမ်း ရိုက်ပြီး ...
“ တွေ့လား သူများ ဆိုင်တွေ ရဲ့ ပြင်ဆင်မှုတွေ ... ရွာ က ငါ့ ဆိုင် ဆို ညစ်ပတ် စုတ်ပဲ့ နေတာပဲ ”
“ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူးလေ အဖေ့ တူမ လည်း ပါတယ် ”
“ လျှာမရှည်နဲ့ ... ”
“ ဦးလေးတို့ ဘာ သောက်ကြမလဲ ! ခင်ဗျာ ”
“ တော်ပါသေးရဲ့ စာပွဲထိုး ရောက်လာပေလို့ ... နိုမို့ဆို ဘယ်လောက် ပေရှည် နေဦးမယ် မသိ ”
ဟု မျက်မှေး စိတ် ထဲ က ပြောလိုက်သည် ။ ဦးကု,လား က တော့ မထိုင်ဖြစ်သေး ၊ ဆိုင် တစ်ဆိုင်လုံး ကို လှည့်ပတ် ကြည့် နေလိုက်သေးသည် ။
“ အင်း .. ဒီ ဆိုင် ရဲ့ အခင်းအကျင်း က ငါ့ ဆိုင် နဲ့ တော်တော်လေး တူတယ် ”
“ ဟင် ... စားပွဲခင်း ... လိုက်ကာ .. အပွင့်အရောင်တွေ က အစ တူ နေ လိုက်တာ ”
ဦးမျက်ပြူး က ဦးကု,လား ကို လှမ်း အကဲခတ် ပြီး ...
“ မျက်မှေး ... ဦးကု,လား သူ့ ဆိုင် ကို သတိရ နေတယ် နဲ့ တူ တယ် ... သေသေချာချာ ကို လှည့်ပတ် ကြည့် နေတာ တွေ့လား ”
မျက်နှာ လမ်းမဘက် မျက်နှာ မူပြီး လမ်းလျှောက် လာသော ကောင်မလေး တစ်ယောက် ကို ကြည့်ပြီး ...
“ တွေ့တယ် ဖေဖေ .. တော်တော် လှတယ်နော် ”
“ အေး ... အဲဒီလို လှပ နေ မှ လူတွေ က ကြိုက်ကြတာကွ ”
ဦးမျက်ပြူး က မျက်မှေး ဘက် မလှည့်ဘဲ ဆိုင် ရဲ့ ဘုရား ဘက် ကြည့် ပြီး ပြော လိုက်သည် ။ ဦးကု,လား က အဖျော်ဆရာ ရှိသော နေရာ သို့ လျှောက် သွားပြီး ...
“ ဟာ .. လက်ဖက်ရည် ပန်းကန်လုံး ... ပန်းကန်ပြားတွေ က အစ တူ နေပါလား ”
“ ဟင် ... ခုနက ... လာ သွားတဲ့ စာပွဲထိုး ဘယ် ရောက် သွားပါလိမ့် ”
ဦးမျက်ပြူး က ဦးကု,လား သွားလာ လှုပ်ရှားမှုတွေ ကို လိုက် ကြည့် နေပြီး ...
“ အဲဒါပဲ မျက်မှေး ... ရှေ့လူကြီးတွေ ပြောတဲ့ စကား မျက်နှာ သနပ်ခါး နဲ့ ပေါင် မှာ အဝှါကြောင်း နဲ့ ဆိုတာလေ ငါတို့ ဆိုင် က အဲဒီ စကား အတိုင်း ဖြစ်နေတယ် ကွ ”
“ သူ က သနပ်ခါး မလိမ်းထားပါဘူး .. ဘာတွေ လိမ်းထား လဲတော့ မသိဘူး မျက်နှာလေး ကို ဝင်းအိပြီး ချောမွတ် နေတာပဲ ”
မျက်မှေး စကား အဆုံး ဦးမျက်ပြူး က လှည့် ကြည့် လိုက်တော့ မျက်မှေး လမ်းမ ပေါ် ငေးကြည့် ပြီး ပြော နေတာ ကို တွေ့ရ သဖြင့် ..
“ ဖြောင်း ”
“ အမလေးသေပါပြီဟ ” ( အဖော် ကြော်ငြာ ထဲ က အော်သံမျိုး )
“ ဘာ .. ဘာဖြစ်တာလဲ ဦးမျက်ပြူး ”
ဦးကု,လား က အလန့်တကြား ဖြစ်သွားပြီး လှမ်း မေး ရာ ဦးမျက်ပြူး က ကပျာကယာ ...
“ ခြင် ... ခြင် ရိုက်တာ ဦးကု,လား ... တော်တော် နား မလည် တဲ့ ခြင်လေး ... ဒါနဲ့ နေစမ်းပါဦး ဒီ ဆိုင် က စားပွဲထိုး လည်း မတွေ့ ၊ အဖျော်ဆရာ လည်း မတွေ့ နဲ့ ... ကောင်တာ မှာ တင်ထား တဲ့ ကက်ဆက် မ,သွားရင် တောင် သိ မှာ မဟုတ်ဘူးနော် ”
ဦးမျက်ပြူး စကား ကြောင့် ဦးကု,လား မျက်လုံး က ကောင်တာ ပေါ် တင်ထားသော ကက်ဆက် ဆီ ရောက်သွားပြီး အနားကပ် ကြည့်ရာ
“ ဟင် ... ကက် ... ကက် ... ကက်ဆက် က လည်း ငါ့ ဆိုင် က ဟာ နဲ့ တူ လိုက်တာ .. အေဒီယာတိုင် ကျိုး တာ က အစ အားလုံး တူ တူ ”
ကောင်တာ အောက် သို့ အမှတ်မထင် ကြည့်လိုက်ရာ ...
“ ဟင် ... ဗလ ... မင်း .. မင်း ဒီမှာ ဘာ လုပ်နေတာလဲ ”
ထွက်ပြေးရန် ဟန်ပြင် နေသော ဗလ ကို ဦးကု,လား တွေ့သွား ပြီး ဂုတ် က ဖမ်းဆွဲ ရင်း မေးလိုက်သည် ။ ဦးမျက်ပြူး နဲ့ မျက်မှေး က အပြေးအလွှား ရောက် လာပြီး ဗလ ကို ဝိုင်းထား လိုက်သည် ။ ဗလ က တုန်တုန်ရီရီ ဖြင့် သုံးယောက် ကြား ငုတ်တုတ် ထိုင်ချ လိုက်ပြီး လက်အုပ် ချီ ကာ ...
“ သား ... သား ကို ခွင့်လွှတ်ပါ ဖေဖေ ရယ် နော် ”
ဦးကု,လား ကို ထိုင် ရှိခိုး နေ သဖြင့် အားလုံး ကြောင် သွားသည် ။ ဦးကု,လား က နှုတ် မှ တဖြည်းဖြည်းချင်း လိုက် ရွတ်နေမိသည် ။
“ သား ... သား ဆိုတော့ ... ငါ နဲ့ ဘာတော်လဲ ”
ဖျတ်ခနဲ .. ဦးမျက်ပြူး လက်မောင်း ကို ကိုင် လိုက်ပြီး ...
“ ဦးမျက်ပြူး .. ဒီကောင် က .. သူ့ ကိုယ် သူ သား တဲ့ .. သား ဆိုတော့ ကျုပ် နဲ့ ဘယ်လိုတော်လို့ ဘယ်လို ခေါ်ရမလဲ ! ”
“ ဟာ ရှင်းရှင်းလေးပဲ ဥစ္စာ ... သူ က သား ဆိုတော့ ခင်ဗျား ရဲ့ သမက် ... ခင်ဗျား သမီး တစ်ယောက် ယောက် ရဲ့ ယောက်ျား လေ ဗျာ ”
အဲဒီလို ဆွေမျိုး စပ် ပြ လိုက်တော့ မှ ဦးကု,လား သဘော ပေါက် သွားပြီး ...
“ ဪ အေး ဟုတ်သားပဲ ... ဟင် ... ဟိတ်ကောင် ”
တစ်စုံတစ်ခု ကို သတိရ လိုက်ပြီး ဗလ ကို ဂုတ် မှ ဆွဲ မ ကာ နို့ဆီဖောက်တံ လှမ်း ယူပြီး ...
“ ဟိတ်ကောင် ဗလ .. မင်း အခု ယူထားတာ အကြီးမ လား အငယ်မ လား ... ပြောစမ်း ”
“ ကိုကု,လား လက် ... လက် လွန်မယ်နော် .. ”
“ ဟေ့ကောင် လူကြီး မေး နေတာ ကို ဖြေလေ .. သားရေ ပေါ် မအိပ် .. သားရေနား စားတဲ့ ကောင် .. တယ် ငါ လုပ်လိုက်ရ ”
ကြား က မျက်မှေး က တစ်မှောင့် သူ့ ရည်းစား လု သွားလို့ ဆွေ့ဆွေ့ ခုန် နေသည် ။ ဗလ က ကတုန်ကရင် ဖြင့် ..
“ နှစ်ယောက် ... စလုံး ”
“ ဘာကွ ... ခွေးသား ”
“ ခွပ် ”
“ ခွပ် ”
ဗလ စကား မဆုံးလိုက် ရ ... မျက်မှေး က သွက် လိုက်သည့် လက် .. ဗလ နှာခေါင်း မှ သွေးတွေ ကျ လာပြီး ... ဗလ ... လက် ကာ ရင်း
“ စကား .. စကား ဆုံးအောင် နားထောင်ပါဦး ဗျာ .. နှစ်ယောက် စလုံး တော့ .. သားသား ယူပါ့မလား ဗျာ .. သားသား က ယူမယ် ဆိုတာ တောင် .. သူတို့ က လက်ခံဦး မှ ”
“ တောက် ... တင်စီးလိုက်တဲ့ စကား ဟိတ်ကောင် မင်း အခု ”
စကား ကို ဆက် မပြောသေးဘဲ မျက်မှေး ကို ...
“ ကိုမျက်ပြူး ဒေါသ ဖြစ်ရမှာ ကျုပ် နော် .. ခင်ဗျား သား ကို ထိန်း ”
ပြီးမှ ဗလ ဘက် လှည့်ပြီး ...
“ မင်း အခု ယူ ထားတာ ဘယ်သူ လဲ ပြော ! ”
“ အငယ်မ ဖြူဖြူကျော်ကု,လား ပါ ဖေဖေ ”
မိန်းကလေး အသံ ထွက် လာ သဖြင့် လှည့် ကြည့်လိုက်ရာ ကိုယ်ဝန်ဆောင် အင်္ကျီ မတော်တရော်ကြီး ဝတ် ထားသော အငယ်မ ကို တွေ့လိုက်ရသည် ။ အငယ်မ ဖြူဖြူကျော်ကု,လား က ဦးကု,လား ကို နောက် က သိုင်းဖက် လိုက် ပြီး ..
“ သမီးတို့ ဘဝလေး ကို မဖျက်ဆီးပါနဲ့ နော် ဖေဖေ ရယ် ၊ သမီးတို့ လည်း အရွယ် ရောက်နေပါပြီ ... သမီးမိုက်တွေ ကို ခွင့်လွှတ်ပေးပါ ”
ဦးကု,လား သူ့ သမီး အငယ်မ ကို လက် ဖြင့် အသာ တွန်းထုတ် ပြီး လေးတွဲ့သော ခြေလှမ်းတွေ ဖြင့် လျှောက် သွားပြီး လက်နှစ်ဖက် အပေါ် မြှောက် .. ဦးကျော် အိုင်တင် .. ဦးကျော် လေသံ တိုးတိုး လေး နဲ့ ...
“ ငါ ... ဒါကြောင့် ... ထင် နေတာ.. ဆိုင် ပြင်ဆင်ပုံ .. ဖွဲ့စည်းပုံ .. လိုက်ကာ ... စားပွဲခင်း ... ပန်းကန်လုံး ... ဒါကြောင့် တူနေတာ ကိုး .. လက်စသတ်တော့ ... ငါ ဆိုင် က ... ပစ္စည်းတွေအကုန်လုံး ... မ ချလာတာ ... မ ချလာတာ ”
ဦးမျက်ပြူး က မကြားရတော့ .. သား ဖြစ်သူ မျက်မှေး ကို ..
“ သား ... ကိုကု,လား ဘာတွေ ပြော နေတာလဲ ... ရွာ ထဲ ဓာတ်စက် ခဏ သွား ငှါးစမ်းကွာ ငါ မကြားရလို့ ”
ဗလ က ဦးကု,လား ပြောသော စကားတွေ ကို ဦးမျက်ပြူး ကို ပြန် ရှင်းပြ လိုက်သည် ။
“ ဪ .. ယောက္ခမ စကား ကို ဘာသာပြန် ပေးတာ မင်း တစ်ယောက် ပဲ ရှိသေးတယ် ... ဒါနဲ့ အကြီးမ ... ဆောင်းဟေကို က ရော .. ”
မျက်မှေး က စိတ် မရှည်သော ပုံစံ ဖြင့် သူ အဖေ ဦးမျက်ပြူး ကို
“ အဖေ .. ကိုယ့် ကိစ္စ ... ကိုယ် မေးလေ ”
မျက်မှေး သတိပေး လိုက်တော့ မှ ဦးမျက်ပြူး သတိရပြီး
“ ဪ အေး ဟုတ်သားပဲ ... ငါ့ တူမ တစ်ယောက် ရော ဘာ ကြားမိလဲ ”
ဗလ ၏ လက်မောင်းလေး ကို အမျိုးသမီး သဖွယ် ချော့မော့ ကိုင်တွယ် ပြီး မေး ရာ ...
“ ကျွန်တော် ကို မေးမယ့် အစား ... ဦးလေး တို့ ကိုယ်တိုင် တခွန်တိုင်ရွာ က “ ပြန်မထွက် ” စားသောက်ဆိုင် ကို သာ သွားကြပါတော့ ဗျာ ..”
ဦးမျက်ပြူး က သား ဖြစ်သူ မျက်မှေး ကို လှမ်း ပြော လိုက်တဲ့ စကား တစ်ခွန်း က ...
“ ရေမြေလိုက်တယ် ဆိုတာ အဲဒါပဲ ကွ ... ငါ့ သား ရဲ့ ”
လက်ဖက်ရည်ဆိုင် ... စ ဖွင့် လိုက်တာ .. စားသောက်ဆိုင် ထိ ... သားစဉ်မြေးဆက် ဖြစ် ကုန်ပြီ ဟေ့ ... ဖြစ်ကုန်ပြီ ဟ .. အဟီးဟီး ...
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment