အခန်းစဉ် - ၂၂
“ ခေတ္တ ဆိုင်ပိတ်သည် ။ စုံစမ်းမေးမြန်းခြင်း သည်းခံပါ ”
ဆိုင်းဘုတ် ကို ရွာ ထဲ ရှိ ဖြတ်သွား ဖြတ်လာများ က ကြည့် သွား ကြသည် ။
“ ဦးကု,လား နေထိုင် မကောင်းဘူး နဲ့ တူတယ် ”
“ ကောင်းပါတယ် ... မနေ့က ပဲ ဗေဒင်ဆရာညွန့် နဲ့ သံချောင်းဆိုင် မှာ တွေ့လိုက်တယ် ”
“ သူ့ သမီးတွေများ ... နေမကောင်း လို့ လား ... သူ့ လက်ဖက်ရည်ဆိုင် ကို ဘာများ ထပ် ထွင် ဖို့ ကြိတ် လုပ်နေလဲမှ မသိတာ ”
စသည်ဖြင့် တစ်ယောက် တစ်မျိုး ထင်ကြေး အမျိုးမျိုး ပေး နေ ကြသည် ။ ဦးကု,လား က တော့ ခြံတံခါး သော့ ခတ် ထားပြီး မှန်ပြောင်း တစ်လက် ဖြင့် အလုပ် ရှုပ် နေသည် ။
“ ဒီကောင် လည်း ရှိပါတယ် ”
“ ဟိုကောင် ဗလ လည်း ရှိတယ် ”
တစ်ဖက် ခြံ ဦးမျက်ပြူး ဆိုင် ဘက် သို့ ခိုးကြောင်ခိုးဝှက် နဲ့ ကြည့်ပြီး တစ်ဦး တည်း ရေရွတ် နေသည် ။ ဆေးပေါ့လိပ် ဖွာ လိုက် ပြန် ချ လိုက် မှန်ပြောင်း နဲ့ ကြည့်လိုက် နှစ်ရက် မှ သုံးရက် ကူး နေပြီ ။ အဖြေ က ထွက် မလာ ။ ဘာ လုပ်ရ ကောင်းနိုး စဉ်းစား နေသည် ။ မျက် ပြူး တို့ လက်ဖတ်ရည်ဆိုင် ခဏ သွားပြီး ... သတင်း စုံစမ်း ရင် တော့ ဖြင့်
“ ဟုတ်ပြီ ... ဒါ အကောင်းဆုံးပဲ ”
“ ဘာပဲလိုလို ... လုံထီး သွားမယ် ”
လုံထီး လက်ဖက်ရည်ဆိုင် ရှေ့ ရောက်တယ် ဆိုရင်ပဲ မျက်မှေး က ...
“ ဟာဟေ့ ... ငါတို့ ဆိုင် က တော့ ရောင်း ကောင်းပြီ ဟေ့ .. မလာစဖူး အလာ ထူး တယ် ... ဦးလေး အထဲ ဝင် ပါ ... ထိုင် ... ထိုင် ဗလ လုပ်လေ ”
ဗလ က ခုံ တစ်လုံး ချ ပေးပြီး ရေနွေးဓာတ်ဘူး ပါ တစ်ဆက်တည်း ချ လိုက်ရင်း ...
“ ကျွန်တော့် အဘွား နေ မကောင်း လို့ အဖွား သူတို့ ရွာ ကို ခဏ ပြန် သွားတာပါ ဦးလေး ... ဦးလေးတို့ ဆိုင် ဘယ်နှရက် ရှိပြီလဲ ... ပိတ်ထားတာ ”
ဦးကု,လား က ဦးကျော် အိုင်တင် နဲ့ ခေါင်းမမော့ တော့ ဘဲ ငုံ့လျက်သား ။ လေသံ က လည်း တိုးတိုးလေး မှ တကယ့် တိုးတိုးလေး
“ နှစ်ရက် သုံးရက် လောက် ရှိပြီ ။ မင်း မအား လည်း ရပါတယ် ”
မျက်မှေး က ဘေးခုံ ဝင် ထိုင်ရင်း ဦးကု,လား ကို စူးစမ်းတဲ့ အကြည့် နဲ့ ။ မေးသင့် မမေးသင့် ချိန်ဆ ပြီး ...
“ ဦးလေး ဘာ သောက်မလဲ ... ဘာ မုန့် စားမလဲ ”
ဦးကု,လား က ခုနက အတိုင်း ခေါင်း မခါ ခေါင်း မော့ မကြည့်ဘဲ လက်ဝါးလေး ကာ ပြ ပြီးရေနွေးဓာတ်ဘူး ကို လက်ညှိုး ထိုး ပြ လိုက်တယ် ။
“ ဒီ ရက် ထဲ .. မင်း က ဘယ်မှ မသွားဘူးလား မျက်မှေး ”
အံ့သြ တွေဝေ သော မျက်နှာ နှင့် မျက်မှေး က ကပျာကယာ ။
“ မသွားပါဘူး .. ဆိုင် အတွက် လိုအပ်တာတွေ ကို တော့ မြို့ တက် ဝယ်ပါတယ် ... ဒါနဲ့ ဦးလေး သမီး ... ဆောင်း .. ”
စကား မဆုံး လိုက် ရ ။ ဦးကု,လား လက် ကာ ပြီး တိုးညင်း သော လေသံ ဖြင့် ...
“ ကြော်ငြာ ... ရိုက် ... ဖို့ ... အတွက် ... ဒါ ... ရိုက်တာ ... မိုက် ... တီး ... ဆီ ... မှာ ... အိုင်တင် ... သွား သင်နေကြတယ် .. ဒီတော့ ငါ ... တစ်ယောက်တည်း ... ဘယ်လိုလုပ် .. လက်ဖက်ရည် ... ဆိုင် ... ဖွင့် လို့ ... ရမလဲ ”
ပြောရင်း ပြောရင်း နဲ့ ဦးကု,လား ဟန် မဆောင်နိုင်ဘူး ဖြစ်နေ တယ် ။ စားပွဲ ပေါ် ကို မျက်ရည်တွေ ရော နှာရည်တွေ ပါ တပေါက်ပေါက် နဲ့ ကျ လာတယ် ။
“ လူ တစ်ယောက် ရဲ့ တန်ဖိုး ဟာ ... မသေခင် ... ချိန်လေးပါ ... သေဆုံး သွားပြီ ဆိုရင် ... ဖိနပ် တစ်ရံ ... ဦးထုပ် တစ်လုံး ... အင်္ကျီ တစ်ထည် .. ”
မျက်မှေး အပါအဝင် ကျန်တဲ့ လူတွေ က ဦးကု,လား ကို သေသေချာချာ ကြည့် နေကြတယ် ။ တစ်ယောက် တည်း ဘာတွေ ပြောနေ တာ ပါလိမ့် ။
“ လောက်တောင် မှ တန် .. ဖိုး ... မရှိကြတော့ဘူး .. အဲဒီတော့ ”
“ တန်ဖိုး ရှိအောင် ... နေ .. တတ် ရမယ် ... သေဆုံး သွားသည့် အထိ ... တန်ဖိုး ... ရှိ နေရမှာ က စိတ် .. ”
ထိုင်ခုံ မှာ တဖြည်းဖြည်း ချင်း ဦးကု,လား ကုန်း ပြီး ထ လာ သည် ။ လက် က လည်း ခေါင်း ကျော် ပြီး အပေါ် မှာ မြှောက် ထားရင်း
“ စိတ် ကို တန်ဖိုး ရှိအောင် ... လုပ်ခြင်း ဖြင့် .. နောင် .. တမလွန်... အထိ... တန်ဖိုး ... ရှိနေဦးမှာပဲ ...”
“ တန်ဖိုး မရှိရင် တော့ ... နောင် တမလွန် ဘဝ မှာ လည်း စွန့်ပစ်ခြင်း ... ”
ဆိုင်ဝ ကျော် လမ်းမ ပေါ် ရောက် သွားပြီး ခုနက ပုံစံ က မပြောင်းသေး ။ လက် က မြှောက် ထား မြဲ ။ ခေါင်း က ငုံ့ ထား မြဲ ။ ပါးစပ် က လည်း ပြော မြဲ ။
“ အနှိပ်စက် ခံ ရ ... ခြင်း... အလွဲသုံးစား လုပ်ခြင်း ကို .. ခံ ... ရမှာ ... မလွဲ ... မသွေပဲ ... ဒီတော့ ... ဒီ ဘဝ တွင် .. မက ဘူး ... နောင်... တမလွန် ဘဝ အထိ ... တန်ဖိုး ... ကို... ရအောင် ... ယူလိုက်စမ်းပါ .. ”
ကျော် ... ကျော် သွားပြီ ... ဦးကု,လား သူ့ အိမ် ကို ကျော် သွား ပြီး ... မျက်မှေး က ဗ လကိုလက်ကုပ် လိုက် သဖြင့် ... ဗလ က
“ ဦးလေး ... ဦးလေး အိမ် ကျော်သွားပြီလေ ”
“ တမလွန် တန်ဖိုး ဟာ ... အရမ်း တန်ဖိုး ရှိပါတယ် ... အိမ် ကျော် ... မှန်း လည်း ... သိတယ် ... အချိန်တွေ ... ကျော် မှန်း လည်း သိတယ် ... လော ... လောဆယ် .. အိမ် .. သော့ ... သံချောင်း
... ဆိုင် မှာ ... ကျန်ခဲ့လို ... သွား ယူလိုက် .. ဦးမယ် ... ”
မျက်မှေး ၊ ဗလ ၊ ထိုင် သောက် နေတဲ့ ကာလသား တွေ ၊ တစ်ယောက် မျက်နှာ တစ်ယောက်အကဲခတ် ပြီး ဦးကု,လား ကို ဘယ်လို နားလည် ပေးရမလဲ ဟူသော အတွေးများ နှင့် ကျန်ခဲ့ရုံ က လွဲ ပြီး ဘာများ လုပ်ပေး နိုင်ကြဦးမှာ လဲ ... ဗျာ ... ။
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment