အခန်း - ၂၃
ရက်သတ္တ တစ်ပတ်ခန့် ကျော်ကျော် လောက် တွင် ဦးမျက်ပြူး လက်ဖက်ရည်ဆိုင် ရှေ့ လူတွေ အုံ၍ တစ်စုံတစ်ခု ကို ဝိုင်း ကြည့် နေကြ သည် ။ ၄င်း လူအုပ် ကြား ထဲ သို့ ဗေဒင်ဆရာညွန့် က အတင်း ဖြဲ ပြီး ကြည့် လိုက်ရာ ...
“ ရက် အကန့် အသတ်မရှိ ဆိုင် ပိတ်သည် ဦးကု,လား အတိုင်း စုံစမ်း မေးမြန်း စပ်စုခြင်း သည်းခံပါ ပုံ မျက်ပြူး ”
ဆိုင်းဘုတ် ကြည့် ပြီး ဗေဒင် ဆရာညွန့် က လက်သီး လက်မောင်းတန်း ပြီး ပြုံးရွှင်စွာ ဖြင့် ...
“ အောင်ပြီ ... အောင်ပြီ ”
“ အမလေး တော် မျက်နှာပေါ် ကွမ်းဖတ်တွေ ပေ ကုန်ပြီ .. မသာကြီး ရမ်း နင်းရသလား ... အောက် မှာ လူ ထိုင် နေတာ မတွေ့ဘူးလား ”
ဘယ်သူ ဘာ ပြောပြော ဗေဒင်ဆရာညွန့် က တော့ ဖြင့် ဆယ်တန်းစာမေးပွဲ ငါးနှစ် တိုင် ဖြေ ပြီး ယခုမှ ကတ်သီး ကတ်သတ် အမှတ်လေး ဖြင့် အောင်တဲ့ သူ ပမာ ခုန်ပေါက် ပြေးလွှား အော်ဟစ် သွား တော့သည် ။ ရွာ က အသက် ခပ်ကြီးကြီး လူ တစ်ယောက် က တစ်ဦး တည်း ရေရွတ်လိုက်သည် က ...
“ အင်း ... ငါတို့ ရွာ က အသက်ကြီးပိုင်း တွေ အခု ခေတ်စား နေတဲ့ .. အေပိုး လား ဘီပိုး လား ၊ စီပိုး လား ဝင်ကုန်ပြီ နဲ့ တူတယ် ဖြစ်နိုင်တာ က သံချောင်းဆိုင် က ရှပ်ပိုး ဖြစ်ဖို့ များတယ် ... ဆိုင် ပိတ် မှ ဖြစ်တော့မယ် ”
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment