Monday, March 25, 2024

အခက်အခဲ ကြား မှာ ရှင်သန်ခဲ့သူ


 

❝ အခက်အခဲ ကြား မှာ ရှင်သန်ခဲ့သူ ❞

[ အသက် ၆ဝ ရောက် ရင် အလုပ်တွေ က နားပြီး ကိုယ် လုပ်ချင်တာလေးတွေ လုပ်ဦးမယ် ဆိုတာမျိုး စိတ်ကူး ကို ထုတ် ပြောတာ ကြားဖူးတယ် ။ မြင်းခြံ ဦးအောင် က တော့ အသက် ၁ဝဝ အထိ နေပြီး အလုပ်တွေ လုပ် နေဖို့ ရည်မှန်းချက် ထားသူ ဖြစ်တယ် ။ ဒါဟာ စိတ်ကူးယဉ် မဟုတ်ဘူး ။

စီးပွားရေး လောက မှာ လူသိ များ တဲ့ ဦးအောင် ရဲ့ အသက် က ယနေ့ ၈၁ နှစ် ရှိပြီ ။ ကျန်းမာ သန်စွမ်းပြီး မြန်မာပြည် တစ်နံတစ်လျား ခရီး သွားပြီး လုပ်ငန်းတွေ လုပ်နေဆဲ ။ လောဘ ရဲ့ တွန်းအား နဲ့ သားတွေ သမီးတွေ ကို စိတ် မချနိုင်လို့ ကိုယ်တိုင် ကိုယ်ကြပ် လုပ် နေတာမျိုး မဟုတ်ဘူး ။ အိတ်စပို့ လုပ်ငန်း လို လုပ်ငန်းကြီးတွေ ကို သားသမီးတွေ တာဝန် ခွဲ ပေးထားပြီး သား ။ သူ့ ကျန်းမာရေး က ဒေါင်ဒေါင်မြည် မို့ အအား မနေတတ် လို့ လုပ် နေတာပါ ။

ဦးအောင် က ကျန်းမာရေး လည်း လိုက်စားတယ် ။ သူ့ ရဲ့ အစားအသောက် အနေအထိုင် ဓလေ့ ကို ပြောရမယ် ဆိုရင် လွန်ခဲ့တဲ့ ၁၅ နှစ် ကျော် ကတည်း က ညစာ ကို ထမင်း ၊ ဟင်း မစားဘဲ ပဲ ၊ အသီး ၊ အရွက် သုံးမျိုး သဘာဝ အားဆေး အဟာရ ကို သာ စားသောက် နေခဲ့တယ် ။ ည မအိပ် မီ နှစ်နာရီ က စပြီး အစာ မစားဘူး ။ ယနေ့ အထိ အိပ် မပျော် လို့ အိပ်ဆေး သောက်ရတာမျိုး မရှိဘူး ဆိုပါတယ် ။ မနက် လေးနာရီ အိပ်ရာ ထ ၊ ဘုရား ရှိခိုး ၊ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ချိန် က စပြီး ည အိပ် တဲ့ အထိ ကြည်လင်လန်းဆန်း ကျန်းမာ နေတယ် ။

ဦးအောင် က သူ့ ကျန်းမာရေး စောင့်ရှောက်နည်း ၊ နေထိုင် စားသောက်နည်း တွေ ကို စာ ရိုက်ပြီး ကျန်းမာရေး ဒါန အဖြစ် ဝေငှ ပေးတယ် ။

ပဲ ၊ အသီး အရွက် သုံးမျိုး သဘာဝ အားဆေး အာဟာရ လုပ်နည်း က တော့ ပဲကြီး နဲ့ မြေပဲ မှ အပ အခြား လွယ်ကူတဲ့ နှစ်သက်ရာ ပဲ သုံးမျိုး ( ဥပမာ - ကုလားပဲ ၊ မတ်ပဲ ၊ ပဲနီလုံး ၊ ပဲတီစိမ်း ၊ ပဲစင်းငုံ ၊ ပဲပုပ် ) ကို ကြိုတင် အညှောင့် ဖောက် ပြီး နူးအောင် ပြုတ်တယ် ။ နူးပြီ ဆိုရင် ရွှေဖရုံသီး မှ အပ လွယ်ကူ နှစ်သက် တဲ့ အသီး သုံးမျိုး ( ဥပမာ - ဘူးသီး ၊ သခွားသီး ၊ ရုံးပတီသီး ၊ ကျောက်ဖရုံသီး ) နဲ့ ဒန့်ဒလွန်ရွက် ၊ မြင်းခွာရွက် မှ အပ လွယ်ကူ နှစ်သက်တဲ့ အရွက် သုံးမျိုး ( ဥပမာ - ဟင်းနုနွယ် ၊ ကန်စွန်းရွက် ၊ ဆလပ်ရွက် ၊ ပေါက်ပန်းဖြူရွက် ၊ မုန့်ညင်းရွက် ၊ မုန်လာရွက် ) တို့ ကို လှီး ၊ ဖြတ် ထည့်ပြီး သင့်လျော်ရုံ ဆား ထည့် ၊ ကြိုက်နှစ်သက်တဲ့ ထန်းလျက် ဒါမှမဟုတ် သကာရည် ထည့်ပြီး အရည် နဲ့ အဖတ် ပါ စားသုံးတာပါ ။ လူ တစ်ယောက် တစ်နပ်စာ အတွက် တစ်မျိုး ကို သုံးကျပ်သား စီ ဆိုရင် လုံလောက်တယ် ။ သုံးမျိုး ထက် ပို ထည့် ရင် လည်း ထည့် နိုင်တယ် လို့ ဆိုတယ် ။

ဦးအောင် လုပ်ကိုင် နေတဲ့ စီးပွားရေး လုပ်ငန်းတွေ က အများကြီး ပါ ။ သည် အထဲ မှာ အောင်သုခ ဆပ်ပြာလုပ်ငန်း က ထင်ရှားတယ် ။ သက်တမ်း လည်း နှစ် ၅ဝ ပြည့် တော့ မှာ ဖြစ်တယ် ။ ဆပ်ပြာချောင်း လည်း ထုပ်လုပ် သလို မြင်းခြံဆပ်ပြာ လို့ ခေါ်ကြတဲ့ ဆပ်ပြာကန် လည်း ထုတ်တယ် ။ လေးထောင့်ပုံ သစ်သား ဇလားခွက် ထဲ မှာ ဆပ်ပြာသား ကို ထည့် ထားတဲ့ မြင်းခြံဆပ်ပြာ ကို ဦးအောင် က စတင် လုပ်ခဲ့တာ ဖြစ်ပါတယ် ။ အဝတ် ကို ဆပ်ပြာခဲ နဲ့ တိုက် ပြီး လျော် တာ က အစဉ်အလာ ဖြစ်တယ် ။ မြင်းခြံဆပ်ပြာ က ဆပ်ပြာတုံး ကို အဝတ် က သွား ပွတ်ပြီး လျှော် တာပါ ။

ရန်ကုန်မြို့ မှာ အခြေချ နေထိုင်တဲ့ ဦးအောင် ကို ကျွန်တော် သွား တွေ့ ပြီး သူ့ ဘဝ သူ့ အကြောင်း ကို မေးတယ် ။ ]

••••• ••••• •••••

ကျွန်တော့် ကို မြင်းခြံသား လို့ သာ ဆိုတယ် ၊ ရွာ မှာ မွေးတာ ။ မြောင်နယ် က သာဒွန်း မှာ မွေးတာ ။

မိဘတွေ က ဦးဘို ၊ ဒေါ်ဖွားခင် ။ အဖေ က တောင်သူ လုပ်တယ် ၊ ဆီဆုံ ကြိတ်တယ် ။ အမေ က ဈေး ရောင်းတယ် ။ မြင်းခြံနယ် ဆီမီးခုံ မှာ နေကြတာ ။ ပလိပ်ရောဂါ ဖြစ်တော့ မြစ် တစ်ဘက်ကမ်း က သာဒွန်း ကို ပြောင်း သွားတယ် ။ ၁၂၈၇ ခု မှာ ကျွန်တော် မွေးတယ် ။

လေးတန်း အထိ သာဒွန်း မှာ နေတယ် ။ ဆယ်တန်း အထိ ဆီမီးခုံ မှာ နေတယ် ။ ဆယ်တန်း ရောက်တဲ့ နှစ် ဂျပန် ဝင် တော့ ကျောင်း တစ်ပိုင်းတစ်စ နဲ့ ရပ် သွားပြီး ကုန်ကူးတယ် ။ စီးပွားရေး ဘက် ဝင် မိတော့ စီးပွားရေးနတ် ဖမ်းသွားတာပေါ့ဗျာ ။

ခေတ် က လှည်းခေတ် လှေခေတ် ။ ကျွန်တော့် အစ်မကြီး နဲ့ တွဲပြီး ကုန်ကူးတာပေါ့ ။ မြင်းခြံ သွားတယ် ၊ မြောင် သွားတယ် ။ မန္တလေး သွားတယ် ပေါ့ ။ ကိုယ့် ဒေသ ထွက်ကုန်တွေ ဝယ်ပြီး မန္တလေး သွား ရောင်းတယ် ၊ မန္တလေး က ကုန် ဝယ်လာ ပြီး ကိုယ့် ဆီ မှာ ပြန် ရောင်းတယ် ။ နောင်ကျ မော်တော် တစ်စင်း ထောင်ပြီး ဟင်္သာတ နဲ့ ကုန်ကူးတယ် ။ များသောအားဖြင့် ကိုယ့် ဒေသ က ထွက်တဲ့ ဆေးရွက် ၊ ဆေးရွက်ကြီး ပါပဲ ။ ဆေးရွက်ကြီး ဝယ် တင်သွားတယ် ၊ ဟင်္သာတ က ဆန် နဲ့ ဆား ပြန်ဝယ် လာတယ် ။

နောက် လွပ်လပ်ရေးခေတ် ရောက် လာတယ် ။ ရောင်စုံသူပုန်တွေ ထ ပြီး တိုင်းပြည် က မအေးချမ်း တော့ဘူး ။ ရွာ မှာ နေလို့ မဖြစ်တော့တာ နဲ့ ၁၉၅၀ ခု မှာ ကျွန်တော် မြင်းခြံ ကို ပြောင်း လာတယ် ။ မြင်းခြံ မှာ ကြည်အောင်ပွဲရုံ က ဦးဘကြည် ဆိုတာ ရှိတယ် ။ သူ က အင်မတန် တော်တဲ့ သူ ။ သူ့ ဆီ ကို ငွေအပ် ၊ ကုန်အပ် ပြီး အရောင်းအဝယ် လုပ် ကြတယ် ။ ဦးဆိုးတေ ဆိုတာ လည်း ရှိသေးတယ် ။ သူ က ရန်ကုန် နဲ့ ကူးတာ ။ နိုင်ငံခြားသား နဲ့ ပခုံး ချင်း ယှဉ်ပြီး ကုန်ကူးတာ ။ သူ့ လမ်းညွှန်မှု ယူပြီး တောကုန် ကို ကျွန်တော် ကူးတယ် ။ အထူးသဖြင့် တော့ ဆီထွက်သီးနှံ တွေ ပေါ့ ။

မြင်းခြံ မှာ ဆပ်ပြာချက် လုပ်ငန်း က ရှိနှင့် ပြီ ။ အင်္ဂလိပ် လက်အောက် မှာ ကတည်း က စတီးဘရားသား က ဝါ သယ် ပြီး ချည် ထုတ်တယ် ။ ဝါစေ့ ကို ဆီ ကြိတ်တယ် ။ ဝါစေ့ဆီ အနှစ်အနယ်တွေ ကို ဆပ်ပြာ ချက်တယ် ။ ကျွန်တော် က ဝါစေ့ ကြည်တယ် ၊ ကြည်တယ် ဆိုတာ က refine လုပ်တာ ပေါ့ ။ ကြည် လိုက်တော့ တစ်ဘက် က စားသုံးဆီ ထွက် လာတယ် ။ တစ်ဘက် က ဆီ အနယ်အနှစ် တွေ ထွက် လာတယ် ။ ဝါစေ့ဆီ ရန်ကုန် တင်ပို့ ရောင်းတယ် ။ ကားတာယာ ကိုယ်စားလှယ် လည်း လုပ်ပြီး မြင်းခြံ မှာ ဆိုင် ဖွင့်တယ် ။ ကား သိပ် မများပေမယ့် အလုပ် က တော့ ဖြစ်တယ် ။ တာယာ တစ်လုံး ၄၅၀ နဲ့ ရောင်းတာ ။ ငါးကျပ် မြတ်တယ် ။

ဦးဘကြည် မှာ ဆပ်ပြာစက် ရှိတယ် ။ ကျွန်တော့် ကို ပေးစရာ ငွေ ရှိတာ ကို ဆက်ပြာစက် ယူပါလို့ ဇွတ် ထိုးပေးတယ် ။ အဲဒါ ၁၉၅၃ ခု ။ ကျွန်တော် က ယူ သာ ထားတယ် ။ ဆပ်ပြာ မချက်သေးဘူး ။

ပြည်တော်သာခေတ် မှာ အိတ်စပို့အင်ပို့ လုပ်တယ် ။ အဲဒီ အချိန် က အိတ်စပို့အင်ပို့ သမား တစ်ဝက်ကျော် က လိုင်စင် ပြန် ရောင်းစားကြတာ ။ ကျွန်တော် က တော့ ဝယ် သွင်းတယ် ။ မြင်းခြံ မှာ သံပစ္စည်းဆိုင် လည်း ဖွင့် ရောင်းတယ် ။

၁၉၅၈ ခု ရောက် မှ ဆပ်ပြာ ကို ဇောက်ချ ချက်ဖြစ်တာ ။ ကျွန်တော် က ဆပ်ပြာ ချက်တာ နဲ့ ပတ်သက်တဲ့ စာတွေ လည်း ဖတ်တယ် ။ ရန်ကုန် က ဆပ်ပြာစက်တွေ ကို လည်း လေ့လာတယ် ။ ကိုယ်တိုင် အင်ပို့လိုင်စင် ရှိတော့ နိုင်ငံခြား က ကုန်ကြမ်း သွင်ပြီး ဆပ်ပြာ ကို အရည်အသွေး ကောင်းကောင်း ချက်တယ် ။

၁၉၆ဝ ခု က ဆပ်ပြာမှုန့် လုပ် သေးတယ် ။ ဖြူစင် တံဆိပ် ။ ဆပ်ပြာမှုန့် က လုပ်အား သုံးရတာ များတယ် ။ ပြည်တွင်း ကုန်ကြမ်း က နည်းနည်း နိုင်ငံခြား ကုန်ကြမ်း ကို များများ သုံးရတယ် ။ နှစ်နှစ် လောက် လုပ်ကြည့် ပြီးတော့ ရပ် ပစ် လိုက်တယ် ။ အခု ဆပ်ပြာမှုန့်ခေတ် ဖြစ် နေတယ် ။ ဒါပေမယ့် ကျွန်တော် ဆပ်ပြာမှုန့် မလုပ်ချင်ဘူး ။ ဆပ်ပြာမှုန့် ဆိုပေမယ့် ဆပ်ပြာ မပါဘူး ။ ကင်မီကယ် ( Chemical ဓာတုပစ္စည်း ) တွေ ၊ အဝတ် ဆွေးတယ် ၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းတယ် ၊ နိုင်ငံခြားပစ္စည်း အားကိုး ရတယ် ။

တော်လှန်ရေး အစိုးရ က ပြည်သူပိုင် သိမ်း တော့ ကျွန်တော့် ဆပ်ပြာစက်ရုံ က စာရင်း ပါပေမယ့် အသိမ်း မခံရဘူး ။ ကံ ဖယ်တာပေါ့ ။ ၁၉၆၇ - ၆၈ လောက် မှာ အစိုးရ နဲ့ ကုန်ကြမ်း ပေး ကုန်ချော ယူ လုပ်ရတယ် ။ အစိုးရ က ကုန်ကြမ်း ကို အင်ပို့ သွင်း ပေးတယ် ။ ၁၉၇ဝ ကျတော့ ကုန်ကြမ်း မပေးနိုင်တော့ဘူး ။

ဆပ်ပြာချက် တာ မှာ ကော့စတစ် နဲ့ ဆီကုန်ကြမ်း က အဓိက ပဲ ၊ ရန်ကုန် က သုတေသနဌာန က ပညာရှင်တွေ သဲတောဝမ်းတွင်း ခေါ် သွားတယ် ။ သဲတောဝမ်းတွင်း မှာ သဘာဝ အတိုင်း ကော့စတစ် ချက်တာ ရှိတယ် ။ လိုချင်တဲ့ ကော့စတစ် အရည်အသွေး ရအောင် ချက် ခိုင်းတယ် ။

ဆီ အတွက် ၊ ကြက်ဆူစေ့ ၊ တမာစေ့ ၊ မယ်ဇယ်စေ့ ၊ ကဇင်းသီး ၊ ချီးသီး ၊ ကလောသီး ၊ ဆီ မကြိတ်ဘူးတဲ့ အသီး မရှိ သလောက်ပဲ ။

ကဇင်းသီး ဆိုရင် ဆီ ကြိတ် ဖို့ ကျွန်တော်တို့ စ ဖော် လိုက်တာပေါ့ ။ အညာ က ချောင်းနံဘေး မှာ အပင်တွေ အများကြီး ။ တစ်တင်းငွေ ၁ဝဝ ခေတ် က သိန်း လေးငါးဆယ် လောက် ဝယ် ရတာ ။ ပမာဏ စဉ်းစားသာ ကြည့်တော့ ။

ကြက်ဆူစေ့ မှာ အကြား နဲ့ အနက် နှစ်မျိုး ရှိတယ် ။ ခြံစည်းရိုး မှာ စိုက်တဲ့ ကြက်ဆူ က အနက် ၊ လုံးဝ စားသုံးလို့ မရဘူး ။ အကြားမှာ မျိုးကွဲ လေးခု ရှိတယ် ။ ကျွန်တော် က စိုက်တဲ့ နည်းပညာ ပေးတယ် ။ ဝယ်မယ် ကြေညာတယ် ။ တော မှာ က သခင် ရှာ ခက်တယ် ။ စိုက် ပြီး ထွက် လာရင် ဝယ်သူ ရှာရတာ မလွယ်ဘူး ။ ကျွန်တော်တို့ က ရွာစဉ် လည်ပြီး စာတွေ ကပ်တယ် ။ ဘယ်ဈေး ဝယ်မယ် ၊ ဘယ်အချိန် သိမ်းမယ် ပေါ့ ။

အညာ မှာ တမာစေ့ ဆိုရင် လည်း ဘယ်သူမှ မကောက်ဘူး ။ ဒါကို တစ်တင်း ဘယ်လောက် ပေးမယ် ဆိုတာ ကြေညာပြီး ဝယ်တယ် ။ သည်တော့ တော က လူတွေ ကောက် ရောင်းကြတော့တာပေါ့ ။ ကုန်ကြမ်း ခက်တယ် ဆိုတဲ့ ခေတ် မှာ တောင် ရှင်သန် ခဲ့တယ် ။

ကျွန်တော် က ကျန်းမာရေး ကို တော့ ဦးစား ပေးတယ် ။ ကျန်းမာရေး အပျက် ခံပြီး စီးပွားရေး လည်း မလုပ်ဘူး ၊ ဘာသာရေး လည်း မလုပ်ဘူး ။

စီးပွားရေး မှာ ရှိတဲ့ လူ က ရှာပြီး ထိန်းတဲ့ လူ က ထိန်းဖို့ အရေးကြီးတယ် ။ ရှာ တဲ့ လူ က ရှာပြီး ထိန်းတဲ့ လူ မထိန်းတတ် ရင် ဘာလုပ်မှာလဲ ။ ကျွန်တော့် အိမ်ထောင်ဘက် ဒေါ်သောင်းသောင်း က အိမ်ရှင်မကောင်း ပဲ ။ အိမ်ထောင် ထိန်းသိမ်း ရာ မှာ တော်တယ် ။ စီးပွား ဖြစ်ဖို့ အတွက် ရှာပြီး ဘယ်လို သုံးမလဲ ဆိုတာ စဉ်းစားရတယ် ။

စီးပွားရေးသမား လောင်းကစား မလုပ်ဖို့ လိုတယ် ။ လှူ ရာ မှာ လည်း လောဘ နဲ့ မလှူရဘူး ။ အခွင့်အရေး ရ အောင် လူတကာ အထင်ကြီး အောင် လှူ တာ အမှန် မဟုတ်ဘူး ။ ကိုယ့် အတွက် တုံ့ပြန်မှု မမျှော်မှန်းဘဲ လှူ တာ အကောင်းဆုံး ပဲ ။ လူ့ ဘဝ မှာ အမှန်တွေ လုပ်ဖို့ထက် အမှား နည်းဖို့ အရေးကြီးတယ် ။ အဓိက က တော့ သတိ ပဲ ။ လောဘ ကြီး ရင် သတိ လွတ် တတ်တယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment