❝ မျက်ရည် နှစ်စက် ❞
ည သည် မှောင်၏ ။
ရှေ့တွင် မှောင်ထု ကန့်လန့်ကာကြီး တားဆီး နေ၏ ။ သို့သော် မှောင်ထု ကန့်လန့်ကာ ပေါ် တွင် ပန်းချီ ဆေးခြယ် ထားသည့် အရုပ်ကား များ ကို မြင်ရလေသည် ။ ထို အရုပ်ကားများ သ ည် အဝေး တွင် မလှုပ်မယှက် ရပ် နေကြလေသည် ။ မှိုင်းရိပ်ရိပ် တောတန်း ရယ် ၊ နောက်ပြီး မိုး ပေါ် က ကြယ်ကလေးတွေ ရယ်။
အမှောင်ထု ကန့်လန့်ကာ အထက် တွင် ကြယ် တို့ သည် မြစ် လယ် တွင် တစ်ပွင့်တည်း မျော နေသည့် ဗေဒါပွင့်များ လို ဟို တစ်ပွင့် သည် တစ်ပွင့် ရှိသည် ။ ရေးရေးရိပ်ရိပ် သာ မြင် ရ သည့် တောတန်း သည် ကန့်လန့်ကာနက် ပေါ် တွင် ခြယ်ထားသည့် မှိုင်းမှိုင်းမှုန်မှုန် တောရိပ်မြိုင်ခြေကလေး နှင့် သာ တူ လေသည် ။
အမေ သည် တဲ တွင်း ရှိ ကွပ်ပျစ် ပေါ် တွင် မှိန်း ကာ ပုတီးကုန်းတွေ ကို တစ်လုံး ပြီး တစ်လုံး စိပ် နေလျက် ရှိသည် ။ အမေ သည် မှေးမှိန် သည့် မျက်လုံး အစုံ မှ မျက်လွှာ ကို မျှင်းမျှင်း ချ လိုက်သည် ။ အမေ့ သွားများ မှာ ကြွေကျပြီ ဖြစ် သဖြင့် အမေ ၏ ပါး သည် ခွက် ဝင် နေ ကာ ပါးရေ တို့ သည် တွန့်လိပ်ရှုံ့တွ လျက် ရှိ လေပြီ ။ အမေ ၏ ဆံပင် တို့ သည် ငွေရောင် တစ်ဝက် တောက်ကာ အဖြူ သို့ လု နေကြပေပြီ ။ အမေ ၏ တဲ တွင်း ရှိ ရေနံချေး မီးခွက် မှ အရောင် မှာ အပြင်ဘက် အမှောင်ထု ထဲ သို့ တိုးထွက် ယိုစီး လာ လေသည် ။ အမေ သည် သား အလာ ကို စောင့် နေခြင်း သာ ဖြစ်၏ ။ အမေ့ သားကြီး သည် ပြည်သူ့ တပ်မတော် ထဲ တွ င် ရောက်ရှိ နေပြီး အမေ့ သားငယ် ထွန်းရွှေ သည် အမေ နှင့် အတူ ရွာ တွင် ကျန်ရစ်ခဲ့လေသည် ။
ယနေ့ ည တွင် မူ အမေ့ သားကြီး ထွန်းဦး လာမည် ဟု ပြောထား ၍ ထွန်းရွှေ သည် စောစော က ပင် အကြို သွား နှင့် ပြီ ဖြစ်၏ ။ အမေ တို့ တဲ သည် ဝက်ပုတ်ရွာ နှင့် မလှမ်းမကမ်း ထန်း တော ထဲ တွင် ဖြစ် လေသည် ။ ထန်းတော ထဲ တွင် တဲ ထိုးကာ နေ ကြသည့် ထန်းတက်သမားများ ၏ တဲလေးများ သည် လည်း မလှမ်းမကမ်း အမှောင်ဝယ် ဝပ် နေကြလေသည် ။
အမေ သည် စိပ်ပုတီး ကို ၃ ပတ် ရအောင် စိပ် ပြီး နောက် တဲဝ ဆီ သို့ ထ သွား ကာ အပြင်ဘက် သို့ ကျော် ကြည့် လေသည် ။
အပြင်ဘက် တွင် ကား ဘာကို မျှ မမြင်ရ ။ အမေ ၏ မှုန်ရီသည့် မျက်လုံးများ အဖို့ မူ ဆိုဖွယ် ရာ မရှိတော့ ပြီ။ တောရိပ် ကို လည်း မမြင် ၊ ကြယ်ပွင့် ကို လည်း မတွေ့ ။
တပေါင်း ၏ ည သည် မှိုင်းပျ လျက် ရှိလေသည် ။ တဲဘေး သရက်ပင် မှ သရက်ပွင့်နံ့ တို့ မှာ တပေါင်းည ၏ ညင်းပြေပြေ လေအသုတ် တွင် သင်းလှိုင် နေကြ၏။ လေသုတ် လိုက်သည့် အခါ တွင် သစ်ရွက်ခြောက် ကလေးများ ရှပ်တိုက် နေ သံ ကို လည်း ကြားရ၏။ တစ်ခါတစ်ခါ ဟိုဘက်တဲ တစ်ခု မှ ခွေး ဟောင်သံ ၊ ချောင်းဟန့်သံ တို့ ကို လည်း ကြားရ၏။
အမေ သည် ခြေသံတွေ များ လွန်း လှ သဖြင့် နည်းနည်း တော့ တုန်လှုပ် သေးသည် ။ သို့ရာ တွင် အမေ သည် စိတ် ကို ထိန်းနိုင်သူ ဖြစ် လေသည် ။
“ ဟယ် ငါ့ မှာ လူဆိုး ဆိုရင် လည်း လုစရာ မရှိ ၊ မိန်းမပျိုလေး လည်း မဟုတ်တော့ ဘယ်သူ့ ကြောက်စရာ ရှိမှာ တုံး ” ဟု အမေ က အားတင်း ကာ ပြောင်းဖူးဖက်ဆေးလိပ် ကို ရိုက် ဖွာ လိုက်သည် ။
ရှေ့ဆုံး မှ ဝင် လာသည့် ထွန်းရွှေ ကို မြင်လိုက်တော့ မှ အမေ သည် ဝမ်းသာ သွား လေသည် ။ ထွန်းရွှေ နောက် တွင် သားကြီး ထွန်းဦး နှင့် လူ လေးယောက် ခန့် ကို မြင်ရသည် ။
“ အမေ ” ဟု ထွန်းဦး က ခေါ်ကာ အမေ့ ကို သားတို့ ၏ ချစ်ခြင်း ဖြင့် အားပါးတရ ဖက် လေသည် ။
“ အမလေး သား သား ထွန်းဦး ” ဟု အမေ က ဝမ်းသာ လွန်း၍ မျက်ရည်များ စို့ ကာ သား ကို ပြန် ဖက်သည် ။
“ အမလေး စစ်သားကြီးလုံးလုံး တောင် ဖြစ်နေပါလား ” ဟု အမေ က စူးရှကြမ်းတမ်းသည့် ထွန်းဦး ၏ မုတ်ဆိတ်မွေးတွေ ကို လက် ဖြင့် စမ်း ရင်း အားရ နှစ်ခြိုက်စွာ ပြော လေသည် ။
ထွန်းဦး မှာ အစိမ်းရင့်ရောင် ယူနီဖောင်း ကို ဝတ် ထား ကာ ဦးထုပ်ပျော့ ကို ဆောင်း ထား၏။ နောက်တွင် ရိုင်ဖယ်သေနတ် ကို လည်း လွယ် ထား လေသည် ။ သား ၏ လက်မောင်းများ မှာ ထွက်သွား တုန်း က လက်မောင်း များ နှင့် မတူ ၊ တောင့်တင်းခိုင်မာလှ ကာ ရန်သူ ကို အားဖြင့် ခုခံ ကာ ဖြိုဖျက် မည့် လက်မောင်းများ ဟု ထင်မှတ်မိ လေသည် ။ သား ၏ ကိုယ်လုံး ကိုယ်ထည် မှာ လည်း နဂို က မှ ထွားကျိုင်း သန်မာ သည့် အထဲ တွင် ယခု တစ်ဖန် ပိုမို တောင့်တင်း လာ ကာ ရန်သူ တို့ ကို တုန်လှုပ်ကြောက်ရွံ့ စေသည့် ခံ့ညားမှု ကိန်းဝပ် နေသည် ဟု ထင်မှတ်မိ လေသ ည် ။
“ ကွဲသွားတာ ကြာပြီနော် သား ၊ အမေ ဖြင့် ဝမ်းသာလိုက်တာ ကွယ် ၊ သား ဘယ်ဆီ ရောက် နေတယ် ဆိုတာတော့ တစ်ခါတလေ ကြားရပါ ရဲ့ ၊ အဲဒီတုန်းက များ အမေ ပြေး တွေ့ချင် လိုက်တာကွယ် ၊ သား ရှိတဲ့ ဆီ ကို အမေ လာချင်လိုက်တာ ၊ အတောင် သာ ပေါက် ရင် အမေ ပျံတောင် လာချင်သကွဲ့ ” ဟု အမေ က အငမ်းမရ ပြောသ ည် ။
“ ကဲ အမေ ကျုပ်တို့ တစ်တွေ ဒီနေ့ ည ဒီမှာ တည်းရလိမ့်မယ် ၊ ဟိုဘက် က ရန်သူ စခန်း တစ်ခု လုံး ကို စီး ဖို့ စုံစမ်း လာ တာ ၊ ခု အခြေအနေ သိ ရလို့ ဆက်သား လွှတ် လိုက်ပြီ ၊ ကျုပ်တို့ က ဒီမှာ အဆင်သင့် စောင့် နေ ဖို့ ပဲ ”
“ အမလေး နေပေါ့ ကွဲ့ ၊ တည်းပေါ့ ၊ ဒီ တဲ မှာ ဒီ တစ်ည နေဖို့ များ အမေ့ ပြောနေရသေးသလား ၊ ကဲ ထမင်း စားပြီးကြပြီလား ၊ အမေ မီးမွှေး ရ ဦးမယ် ၊ ထွန်းရွှေ တော့ အိပ်ပါစေကွယ်။ ခမျာ မင်းတို့ ကို အစောကြီး ကတည်း က သွား ကြိုရ တာ ၊ အမေ ကိုယ်တိုင် ချက်ပြီး ကျွေးမယ် ၊ ကဲ သား တို့ လည်း အိပ်ချင် ရင် အိပ်ကြ ၊ ထွန်းဦးရေ မင်း အဖော်တွေ ဆေး တစ်ရှူ လောက် တည်ပါဦး ဟဲ့ ၊ အမေ မီးမွှေး ဦးမယ် ”
“ အဖော် မဟုတ်ဘူး အမေ ရေ ၊ ရဲဘော် ” ဟု ရဲဘော် တစ်ယောက် က အမေ့ ကို ပြုံး ၍ ပြော သည် ။
“ အေးအေး အမေ က မေ့တတ်သကွဲ့ ၊ ဟို တစ်လော က လည်း အမေ က ဒီလို ပြောဖူးလို့ ရဲ ဘော် တစ်ယောက် က သင် သွားသေးတယ် ” ဟု အမေ က မီး မွှေးရင်း ပြောသည် ။
“ ကဲ ကဲ အမေ ဖယ် ၊ ကျွန်တော်တို့ ဘာသာ ချက်မယ် ၊ အမေ အေးအေး တုံးလုံးပက်လက် လှဲ နေပါဦး ” ဟု ထွန်းဦး က အမေ အနား သို့ ရောက် လာ ကာ ပြောသည် ။
“ နေပါစေကွဲ့ ၊ အမေ ချက်နိုင်ပါသေးတယ် ၊ အမေ က သားတို့ ကို ထမင်း ကျွေးချင် နေတာ ကြာလှပြီ ဟေ့ ၊ အမေ့ စေတနာတွေ ကို ပြချင်နေတာ ကြာလှပြီ။ အမေ ကိုယ်တိုင် ချက်မယ် ”
“ နေပါစေ အမေ ရ ” ဟု ကျန် ရဲဘော်များ က လည်း ထ လာ သောကြောင့် အမေ သည် မီးဖို မှ ထ ပေး ရ လေသည် ။ သို့သော် အမေ က အားမရ သေး ဘဲ အိုး ထဲ မှ ပြောင်းဆန် ကို ချင် ပေး ကာ မလှမ်းမကမ်း မှ ထိုင် နေသော ရဲဘော်များ စကား ပြောသံ ကို နားထောင် နေသည် ။
“ ခုလို တပေါင်းလ ဂျပန် တော်လှန်ရေးတုန်း က ပေါ့ ဗျ ” ဟု ထွန်းဦး က မီးဖိုဘေး တွင် ထိုင် နေသည့် ရဲဘော်တွေ ကို ကြည့်ရင်း ပြော လိုက်သည် ။ ရဲဘော်များ မှာ တစ်နေ့လုံး ရန်သူတွေ ကြား မှ ဖြတ်သန်း လာခဲ့ရ သဖြင့် ယခု မှ ဆေးလိပ် ကို အေးအေးဆေးဆေး ရှူ နေကြ သည် ။
“ ကျုပ် က မြန်မာ့တပ်မတော် ဗိုလ်အောင်ဒင် ရဲ့ တပ်စိတ် နဲ့ တော်လှန်ရေး လုပ်ဖို့ တပ် ထဲ က ပြန် လာတယ် ၊ ဂျပန်တွေ က လည်း ဟိုဘက် ကမ်း က ပြည်တော် မှာ စု နေ ကြတယ်။ မုံရွာ ဘက် က ဆုတ် လာတဲ့ ဂျပန် တွေ ရော အနည်းဆုံး ရှစ်ရာ လောက် ရှိမယ် ၊ ကျုပ်တို့ လည်း ခုလို ညမျိုး ပေါ့ မှောင် လို့ ၊ ကျုပ် ရယ် ဗိုလ်အောင်ဒင် ရယ် ၊ နိုင်ငံရေးခေါင်းဆောင် ကိုစောအောင် ရယ် ၊ မြန်မာ့တပ်မတော် တပ်သား ခြောက်ဆယ် လော က် ရယ် ၊ ဒီ နား ရွာ တစ်ဝိုက် က ပြောက်ကျား တစ်ရာ လောက် ရယ် ၊ ဂျပန် ကို ဆော်ကြတာ ” ဟု ထွန်းဦး က ထမင်းအိုး ဆီ သို့ မျက်လုံး စူးစိုက်ရင်း ပြောသည် ။
“ ဂျပန် ရှစ်ရာ က ပြည်တော်ဘက် ကို ဘယ်သူ မှ အကူး မခံဘူး ဗျ ၊ ကျုပ်တို့ လည်း ဘယ့်နှ ယ် မှ မတတ်နိုင်ဘူး ၊ ရှိတဲ့ လူ အင်အား က လည်း ပြောက်ကျား ပါ နဲ့ မှ တစ်ရာ့ခြောက်ဆယ် လောက် ရှိတယ်။ လက်နက် က လည်း လူ စေ့ရုံ လောက်ပဲ ရှိတယ်။ ဒီကောင်တွေ ဘယ်ဘက် က ဆုတ် မယ် ဆိုတာလည်း မသိဘူး ၊ ကြားရတာ က လည်း ရှစ်ရာ လောက် ရှိတယ် ဆိုတော့ ရွာ အ တော် နာ မှာ ပဲ ဆိုပြီး တိုက်ဖို့ စီစဉ်ပေမယ့် သတင်း စုံစမ်း လို့ မရတော့ အကြပ်ရိုက် နေရော ဗျို့ ”
အမေ ကား သည်တုန်း က အဖြစ်အပျက် ကို ယခု တိုင် အမှတ်ရ နေ၏ ။ သား ထွန်းဦး မှာ ဂျ ပန်ခေတ် က မြန်မာ့တပ်မတော် တွင် လိုက်သွားပြီး ဂျပန်တော်လှန်ရေး ကျ မှ အမေ နှင့် ပြန် တွေ့ရ၏။ ယခု သား ထွန်းဦး တပ် ထဲ သို့ လိုက်သွား ရာ မှ ပြည်သူ့ တော်လှန်ရေး တွင် တွေ့ကြ ပြန် ပေပြီ။
“ ဒါနဲ့ ဗျို့ ၊ သတင်း စုံစမ်းလို့ မရတာ နဲ့ ဘယ်သူ့ လွှတ်ပြီး စုံစမ်း ရမှန်း မသိဘူး။ ဒီ တဲ ထဲ မှာ ပေါ့ဗျာ ကျုပ်တို့ တိုက်ဖို့ စီစဉ်ကြတာ ယောက်ျားကြီးကြီးမားမား လွှတ် ရင်လည်း သ,တ်ပစ်ပဲဗျ ၊ ဒါနဲ့ ဘယ်သူ့ လွှတ် မလဲ လို့ အကြပ် ရိုက် နေတုန်း ဟော အမေ ပေါ့ ဗျာ ၊ သူ သွားပါမ ယ် လုပ်ပါရော ၊ ကျုပ် လည်း အံ့အားသင့် သွား တယ် ၊ ဒါနဲ့ ”
အမေ က ထွန်းဦး ၏ စကား ကို ကြားဖြတ် ကာ “ အဲဒီတုန်းက များ ကွယ် ၊ အမေ က လည်း သွားချင် လိုက်တာ မပြောပါနဲ့ တော့ ၊ နဂိုက မှ အမေ က စိတ် ထက်ထက် ၊ ဒီ ဂျပန်ကောင်တွေ ကို စိတ်ပေါက် နေတာ အခန့် သင့်ပဲ ” ဟု အမေ က သူ့ အဖြစ် ကို ရွှင်မြူးစွာ ပြန်၍ အောက်မေ့ရင်း ပြော လေသည် ။ အမေ ၏ အသံ သည် တက်ကြွ တုန်ယင် လျက် ရှိသည် ။
“ ဒါနဲ့ အမေ က သူ သွားမယ် ဆိုပြီး လုပ်တော့ သူ့ ကို လွှတ် လိုက်ရော ဗျို့ ၊ ညနေ ဆိုတော့ဗျာ အမေ့ အဖို့ သွားရတာ မခက်ဘူးလား ၊ ကြောက် လည်း ကြောက်စရာ မရှိဘူး မဟုတ်လား အမေ ”
“ ကြောက်ပေါင် ကွယ် ၊ သာဝ နွား ပျောက် တုန်း က တောင် မှ ငါ တစ်ယောက် တည်း နေဝင်ရီ သရော ဟိုဘက် တော ထဲ သွား ရှာသေးတာ ပဲ ၊ ဂျပန် ကို တိုက်ဖို့ ဆိုတော့ သာ မကြောက်တာ ပေါ့ ဟီးဟီး ”
အမေ ၏ အသံ သည် စကားလုံးတိုင်း ပေါ် တွင် ခုန်ပေါက်ပြေးလွှား နေကာ ကြည်နူးစရာ ကို ပြန်၍ တွေးရ သလို ခံစား နေရလေ၏ ။
“ ဒါနဲ့ အမေ ဟိုဘက် ကူးပြီး ဆေးရွက် ရောင်း သွားဟန် ဆောင်ရတာပေါ့ ဗျာ ၊ ဆေးရွက်တောင်း နှစ်တောင်း လှေ ပေါ် မှာ တင်ပြီး အမေ လှော်သွား လိုက်တာ ကိုစောအောင် က တော့ အမေ့ အတွက် အဲဒီတုန်း က စိတ်ပူ လိုက်တာလေ ”
“ အမေ အဲဒီတုန်းက တော်တော် မာသေးတ ယ်နော် ” ဟု ရဲဘော် တစ်ယောက် က မေး၏ ။
“ မာပြီကောကွယ် ” ဟု အမေ က ပြော ရင်း သူ တို့ အနား သို့ ထ လာသည် ။ ပြီးမှ ဆက်၍ ...
“ အမေ လည်း လှော်ပြီး ကမ်း ရောက်တော့ တောင်းလေး တစ်တောင်း ခေါင်းပေါ် ရွက်ပြီး တစ်လုံး ကို ခါးထစ်ခွင် ပြီး ရွာ ထဲ ဝင် သွားတာ ပဲ ၊ ရွာဝ ရောက် တော့ ဂျပန် က အမေ့ ကို စစ်တယ် ၊ ဒါပေမဲ့ အမေ က လည်း ဘာမှ မပါတော့ ဂျပန် လို ပြောပြီး အမေ့ ကို ရွာ ထဲ အဝင်ခိုင်းတာပဲ ၊ ရွာ ထဲ ရောက် တော့ ဂျပန်တွေ အများကြီး ရှိ မလားလို့ စုံစမ်း တော့ ရွာ တစ်ရွာလုံး မှာ နှစ်ရာ ကျော်ကျော် လောက် ပဲ ရှိမယ်။ ဒါနဲ့ အမေ လည်း ချက်ချင်း ဟိုဘက် စည်းရိုး ပေါက် ငုံ့ ထွက် လာပြီး လှေ ကို တက်သုတ်ရိုက် လှော် လာ တာပဲ ။ ပြီးတော့မှ သတင်း ပေးတာပဲ ” ဟု အမေ က ပြောလိုက်သည် ။
“ အမေ ဂျပန် ကို ရော မကြောက်ဘူးလား ”
“ အမေ က လေ ဘယ်သူ့ မှ မကြောက်ဘူး ၊ အမေ့ လည်း ရန် လုပ် မှာ မဟုတ်ဘူး ၊ ရန် လုပ် လည်း သေချင် သေပစေဟယ် ဆိုပြီး ဒီ ဂျပန်ကောင် တွေ ဆီ စိတ်ပေါက်ပေါက် နဲ့ သတင်း သွား ယူတာပဲ ”
“ ဒါကြောင့် ကျုပ် တို့ ဒီ ပွဲ မှာ ဂျပန်ကောင်တွေ အပြုတ် ဆော် လိုက်ရတာပေါ့ဗျာ ” ဟု ထွ န်းဦးက ပြောသည် ။
“ အင်း ကျုပ်တို့ တစ်တွေ လည်း တိုက်ပွဲတွေ နဲ့ ဆက်တိုက် တွေ့ နေရတာပဲနော် ” ဟု ရဲဘော် တစ်ယောက် က ဆိုသည် ။
“ ဒါပေါ့ဗျာ ၊ တိုက်ပွဲတွေ နဲ့ ဆက်တိုက် တွေ့ မှ ကျုပ်တို့ ရဲ့ လွတ်မြောက်ရေး တို့ ငြိမ်းချမ်းရေး တို့ ရတော့ မပေါ့ ”
ထမင်း စားသောက်ပြီး အတန်ကြာ မှ ထွန်းဦး တို့ မနက် လင်းအား ကြီး တွင် ရန်သူတပ် ကို ဝင် စီးရန် ထွက်သွားကြလေသည် ။ ထွန်းဦး သည် အမေ ကို အားရပါးရ ဖက် ကာ နမ်းပြီး နော က် အမေ့ ကို ကန်တော့ လေသည် ။ သူ့ ရဲဘော် များ က လည်း အမေ့ ကို ကန်တော့ လေသည် ။
“ ငါ လည်း ဂျပန် တိုက်တုန်း က လို ကင်းထောက် ပေးချင် သကွယ် ၊ မျက်စိများ က လည်း မှုန်လွယ်ရန် ကော ” ဟု အမေ က မျက်စိ ကို အပြစ် တင် နေသည် ။
“ ကိစ္စ မရှိပါဘူး အမေ ၊ အေးအေးသာ နေပါ ”
“ ကဲ ကဲ ငါ့သားကြီးများ တိုက်ပွဲ အောင်ပါစေ တော် ၊ အောင်ပါ စေ ” ဟု အမေ သည် ဝမ်းနည်း သလို ဝမ်းသာ သလို အသံ နှင့် ဆုတောင်း ကာ အမှောင် ထဲ တွင် ပျောက်ကွယ် သွားသည့် ထွန်းဦး တို့ အသိုက် ကို ငေးကြည့် ရင်း ကျန်ရစ်လေသည် ။
ည မှာ မှောင်ပိန်း နေ၏ ။ ကြယ်ပွင့်တို့ သည် ဝိုးတဝါး သာ လက် နေကြ၏ ။ သန်းခေါင်ကျော် ကြက် တွန် လေပြီ ။ အမေ သည် မအိပ်ချင် သေး ဘဲ ကွပ်ပျစ် ပေါ် တွင် ခေါင်းအုံး ကို ရင်အောက် မှ ခံ ကာ အလျား မှောက် ရင်း ဆေးလိပ် သောက် လေသည် ။ အမေ သည် သူ့ သား ၏ ခံ့ ညား သည့် မျက်နှာထား ကို မြင် နေ၏ ။ သူ့ သား ၏ စကားများ ကြောင့် ပီတိဟု န် ကြွကာ ဂုဏ်တက် သလို တောင် ဖြစ်ရပါသေး၏ ။ အမေ သည် ဟိုရောက် ဒီရောက် နှင့် ရောက်ရာရာ ကို တွေး နေ လေသည် ။
အမေ ၏ ရင် ထဲ မှာ ဝမ်းသာရ မလို လွမ်းရ မလို ခံစားမှုသည် ကသောင်းကနင်း ဖြစ်ကာ လှုပ်ရှား နေလေ၏ ။ သည်လို နှင့် အမေ သည် တွေးချင် ရာ တွေး နေသည် မှာ အဝေး မှ သေနတ်သံ ကို ကြား မှ လန့် နိုး လာသည် ။ အမေ သည် ဆေးပေါ့လိပ်တို ကို လက် မှ ကိုင် ကာ တဲပေါက် ဝ မှ အပြင် သို့ လှမ်း ကြည့်လေသည် ။
သေနတ်သံများ သည် တစ်ခါ တစ်ခါ ပေါ်လိုက် ပျောက်လိုက် နှင့် ဖြစ် နေသည် ။ တစ်ချက်
တစ်ချက် တွင် ညာသံ ကို လည်း ကြားရသည် ။ သေနတ်သံ ကြားပြီးသည့် အခါ တွင် မီးရောင်များ သည် လျှပ်စီးလက် သလို အနောက်ဘက် တောအုပ်ကလေး ပေါ် တွင် ဝင်း၍ လက်၍ သွား လေသည် ။ အမေ သည် ဆေးလိပ် ကို ထိုင် သောက်ရင်း တဲပေါက် ဝမှ နေ ကာ အပြင် သို့ တစ်ညလုံး ထိုင် ကြည့် နေလေသည် ။ သည်လို နှင့် အမေ မမြင်ရသည့် တိုက်ပွဲ မှာ တစ်ည လုံး တိုက် ရာ ကြက်ဦးတွန် အချိန် တိုင် လေသည် ။
ကြက်တို့ သည် တောင်ပံ ဖျတ်ဖျတ် ခတ် ကာ ကမ္ဘာလောက ကို ကျေနပ် ရောင့်ရဲဟန် ဖြင့် တွန် ကြ လေသည် ။ တိုက်ပွဲ နှင့် ဝေးဟန် တူသည့် ရွာ တစ်ရွာ မှာ ကု,လားတက် ခေါက်သံများ ကို ကြားရ လေသည် ။
မကြာမီ ဝေးဝေး မှ သစ်ရွက်ခြောက် ပေါ် တွင် လှမ်း လာသည့် ခြေသံများ ကို ကြားရလေသ ည် ။ အမေ သည် တဲ ထဲ သို့ ပြန် ဝင်ကာ ရေနံချေး မီးခွက် ကို မြှောက်ပြီး အပြင်ဘက် သို့ ကြည့် လေသည် ။ အမေ ၏ မှုန်သီပြာမွဲ သည့် မျက်လုံး တို့ မှာ အမှောင် ကို မဖောက်ထွင်း နိုင်။ ထို့ကြောင့် အမေ သည် မီးအိမ် ကို မျက်နှာ နား ထိ မြှောက် ကာ ကြည့် ပြန်သည် ။
စစ်သား သုံးလေးယောက် နှင့် အရပ်သား တစ်ယောက် သည် အမေ့ ဘက် သို့ လာလျက် ရှိသည် ။ အနား ရောက် မှ အရပ်သား မှာ သားငယ် ထွန်းရွှေ ဖြစ် လေသည် ။ စစ်သား သုံးယောက် သည် ဒဏ်ရာ ရ သူ ကို ပွေ့လာ ကြသည် ။ ထွန်းရွှေ က လမ်းပြ လာ ဟန် တူ၏ ။ အမေ သည် သူ တို့ ကို တွေ့ လျှင် တွေ့ချင်း ဘာကို မျှ သတိ မရနိုင်ဘဲ “ လာ လာ အထဲ ဝင် ကြ ၊ ဘယ့်နှယ်တုံး နိုင်ခဲ့ကြရဲ့ လား ” ဟု တီးတိုးလေသံ ဖြင့် ဖိတ်ခေါ် လေသည် ။
တဲ ထဲ သို့ ရောက်သည့် အခါ တွင် မူ ကား အမေ ၏ မှေးမှိန် သည့် မျက်လုံး တို့ သည် တောက်ပ လာသည် ။ အမေ ၏ မျက်လုံးချိုင့်ချိုင့် တို့ သည် ပြူး ထွက် လာသည် ။
ထွန်းဦး သည် ရင်ဘတ် တွင် ဒဏ်ရာကြီး ဖြင့် အမေ ကို နှုတ်ဆက် သလို မျက်လုံး ကို မှိတ် ထားသည် ။ ထွန်းဦး မျက်နှာ သည် ဖြူ၍ နေသည် ။
“ ကျည် သင့် သွားတယ် အမေ ” ဟု ရဲဘော် က တစ်လုံးချင်း ပြောသည် ။ ထွန်းဦး အလောင်း ကို ပွေ့ လာသည့် ရဲဘော် တို့ သည် အမေ့ ကို ဒါပဲ ပြောကြသည် ။ ထွန်းဦး ၏ မျက်နှာ ကို သာ
မပြတ်သော မျက်လုံး အစုံ ဖြင့် ကြည့် နေကြ လေသည် ။ သူတို့ ၏ မျက်နှာ သည် တင်းမာခက်တရော် နေကာ အံကြိတ် ထားကြသည် ။ အမေ သည် “ သား သား ထွန်းဦး ” ဟု သာ ခေါ် နိုင် ကာ ထွန်းဦး အလောင်း ကို ပြေး ၍ ဖက် ထားသည် ။ ပူနွေးစေးကပ် သည့် ထွန်းဦး ရင် ဘတ် မှ သွေးတို့ သည် အမေ့ ရင် ကို နွေးလာ စေ သည် ။ “ သား သား ” ဟု ခေါ်ပြန်သည် ။
သို့ရာတွင် ထွန်းဦး ကား ထူးဖော် မရတော့ပြီ ထွန်းဦး ၏ သွေး အစက်စက် သည် ငြိမ်းချမ်းရေး တိုက်ပွဲ တွင် မြေအလွှာ ပေါ် ဖြာကျ ခဲ့ပေ ပြီ ။
အမေ သည် ထွန်းဦး မျက်နှာ ကို သာ စေ့စေ့ ကြည့် ၏။ ငို လည်း မငို မိ ၊ ရှိုက် လည်း မရှိုက်မိ။
သို့သော် အမေ သည် သွား မရှိတော့ပြီ ဖြစ်သော အံ ကို ကြိတ် ကာ ....
“ အဲဒါ သား ပြောတဲ့ ငြိမ်းချမ်းရေး အတွက် တိုက် တဲ့ တိုက်ပွဲ မှာ ရတာ ကွဲ့ ၊ သား နဲ့ အတူ မ နေရတဲ့ ငါ့ အဖို့ တော့ ဘာမှ မရှုံးဘူး သား နဲ့ အတူတူ နေရတဲ့ ရဲဘော်တွေ တော့ ရဲဘော် တစ်ယောက် ဆုံးရှာပြီ ။ သား ရယ် ၊ စိတ် မပျက်နဲ့ ကွဲ့ ၊ သား သေရင် သား ရဲဘော်တွေ က ဒင်းတို့ ကို လက်စားချေ လိမ့်မယ် ”
အမေ ၏ မျက်လုံး သည် အရည် လဲ့ လာ ကာ ခဏ ကြာ မှ မျက်ရည်ပေါက်ကြီး နှစ်ပေါက် သည် သား ၏ မျက်နှာပြင် ပေါ် ဝယ် လျှောကျ လိမ့်ဆင်း သွား လေသည် ။ အမေ ၏ မျက်ရည် နှစ်စက် မှာ တစ်စက် က မခံမရပ် နိုင်စွာ ဖြင့် ငြိမ်းချမ်းရေး ကို တမ်းတသည့် မျက်ရည် ဖြစ်၍ တစ်စက် မှာ သားကြီး ထွန်းဦး အတွက် ဖြစ် လေသည် ။
အရှေ့ တွင် အရုဏ် သည် လူးလွန့် ၍ လာပေပြီ ။ ကြယ်နီ သည် အရှေ့ဘက် တောရိပ် မှ ခေါင်းပြူ ကာ ကြည့်လေပြီ ၊ နွေဦးအရုဏ် ၏ လေပြည် အသုတ် ကား သရက်ပွင့်နံ့များ သည် ကြိုင် ၍ နေကြလေသည် ။
အမေ သည် ငေးစိုက် နေသည့် ရဲဘော်များ နှင့် သားငယ် ထွန်းရွှေ ကို လှည့် ကြည့် ပြီး ရေရွတ် လိုက်လေသည် ။
သား ပြောတာ ဟုတ်သတဲ့ ၊ ငြိမ်းချမ်းရေး အတွက် တိုက်ရတာ ငြိမ်းချမ်း မှ ငြိမ်းချမ်း မှ ။
◾မြသန်းတင့်
📖 လင်းယုန်ဂျာနယ် ၁၉၅၁
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment