❝ ဂီတ အတွက် ကဗျာငှက် အားလုံး အတွက် ထူးအိမ်သင် ❞
( တစ် )
တကယ်တော့ ထူးအိမ်သင် အကြောင်း မရေးချင် ၊ မပြောချင်တော့ ပါဘူး ။ ရေးရ ပြောရ ရင် တာဝန် က သိပ် ကြီး ပြီး သိပ် ယူရတယ် ။ ကိုယ် ဖန်တီးတဲ့ စာများ အားလုံး က လည်း ရင်ဘတ် နဲ့ ခံစားပြီး ရေးတော့ ပင်ပန်းတယ် ။ ဒုက္ခ ရောက်ရတယ် ။ ဒီတော့ တတ်နိုင် ရင် ရှောင် နေပါတယ် ။ ရေးရ ပြောရ ရင် လည်း အမေ ချစ်ကြသူချင်း မို့ အမေ့ ကို ပဲ တိုင်ပြီး ရေးရ ပြောရတယ် ။
မြန်မာပြည် ရဲ့ အလွှာတိုင်း မှာ ပြင်ပ နိုင်ငံ က မြန်မာ အလွှာတိုင်း မှာ ၊ ကမ္ဘာ ရဲ့ ဂီတ အလွှာ အချို့ အစိတ်အပိုင်း တွေ မှာ သူ့ ရဲ့ အနုပညာ ဂုဏ်သတင်း ဟာ မွှေးပျံ့ဆဲ ရနံ့ ပဲ ။ ဒါကြောင့် သိပ် ပြောချင် လာ ရင် နီကိုရဲ တို့ မင်းခိုက်စိုးစန် တို့ ကို ပြော မိတယ် ။ သူတို့ လည်း ကျွန်တော် ပြော သလောက် ဖြစ်နိုင်ချေ ရှိတဲ့ သူ့ အကြောင်းတွေ ဝတ္ထုတွေ ထဲ ထည့်ရေးတယ် ။ ကျွန်တော် လည်း အာသာ ပြေ ၊ ထူးအိမ်သင် ရဲ့ နောက် မျိုးဆက်တွေ လည်း သိရပေါ့ ။ ဒါနဲ့ ပဲ ကျွန်တော် ကျေနပ် နေတာ ကြာပါပြီ ။
အမေ တို့ မကြိုက် တဲ့ တက္ကသိုလ် ကို ကျွန်တော် ရောက် သွားတော့ ထူးအိမ်သင် ပရိသတ်တွေ က တက္ကသိုလ် တစ်ခု လုံး ပဲ ပြော လို့ ရတယ် ။ ဒီတော့ ကျွန်တော် တို့ တည်ငြိမ်တဲ့ အရွယ် အသက် ၃၀ ကျော် မှ ဆယ်နှစ်လောက် အနုပညာ ဆိုတာကြီး ရဲ့ ရစ်ပတ်မှု နဲ့ ထိထိရောက်ရောက် ပေါင်းသင်းမိ သမျှ ကို တစ်နေ့ နည်းနည်း နဲ့ နှစ်ဆယ့် ရှစ်လ ကျော် ပြောခဲ့ရတယ် ။ ( အလုပ် က လည်း မရှိဘူး မဟုတ်လား ။ အားနေ တော့ လွမ်းတာပေါ့ )
ကျွန်တော် က စာ ရေး ပျင်းပါတယ် အမေ ၊ ကျွန်တော့် ဇနီး က လည်း ကျွန်တော့် ကဗျာဆရာ ဘဝ စားရေး နေရေး မပူ ရ အောင် ဖြည့်ဆည်း ပေးနေသူ ဆို တော့ ပျင်းနိုင်တာ ပေါ့လေ ။ ကျွန်တော် က စာတွေ အများကြီး ရေး ရပြီး ကိုယ် ပြောချင်တဲ့ အကြောင်းအရာ ၊ ခံစားမှု ပေါ်အောင် ရေး ရတဲ့ အလုပ် ကို ပျင်း တယ် ။ ဒါကြောင့် ကဗျာ ၊ Installation Art , Performance Art , Poetry Performance Art တို့ ကို ပဲ ဖန်တီးဖြစ်ခဲ့တယ် ဆိုရင် ငြင်းစရာ မရှိပါဘူး ။ ထူးအိမ်သင် နဲ့ ပတ်သက်လို့ ရှုထောင့် အမျိုးမျိုး က လက်မခံချင်စရာ ငြင်းချင်စရာ ရှိ နေ မှာ ဖြစ် ပေမယ့် ကျွန်တော့် ရှုထောင့် က ကျွန်တော် မြင်တာ ကျွန်တော် ခံစားရတာ ကို လူ အများ ၊ စာဖတ်သူ များ နဲ့ ထူးအိမ်သင် ချစ်သူ များ အတွက် အကျိုး တစ်စုံတစ်ရာ ဖြစ်စေ ၊ ထူးအိမ်သင် ရဲ့ ဂီတ နဲ့ အနုပညာ အပေါ် တန်ဖိုး ထား ချစ်ကြပါစေ ဆိုတဲ့ မေတ္တာစိတ် နဲ့ ပဲ စာ ရေးပါတယ် အမေ ။ လွတ်လပ်စွာ ကွဲလွဲ နိုင်ကြပါတယ် ။
တေးရေးဆရာ ညီညီသွင် ၊ အဆိုတော် တေးရေး ကဗျာရေး တဲ့ သျှီ ၊ ကဗျာဆရာမ မအိ သူတို့ တွေ ရဲ့ ရှုထောင့် က ထူးအိမ်သင် ကို မြင်တာ တွေ့တာ ခံစားကြတာ တွေ က သူတို့ တွေ ပြောပြကြ လို့ ကျွန်တော် နားထောင် ရတာ တကယ် အရသာ ရှိပြီး အမေ့ အတွက် ရော ထူးအိမ်သင် ပရိသတ် အတွက် ပါ ကောင်းပါတယ် ။ ဒါကြောင့် ကိုကြွက်နီ ကို သူတို့ ဆီ က စာမူ တောင်း ဖို့ တိုက်တွန်းခဲ့ ပါတယ် ။ ကျွန်တော့် ထက် ကောင်းကြ မှာ ပါ အမေ ။ ကျွန်တော် က သူတို့ တွေ ရဲ့ ရင် ထဲ က စာလုံးတွေ ကို ကြားခဲ့ရ ပြီး သား ။ သူတို့ ထက် ကောင်းအောင် မီအောင် ရေးနိုင်ပါ့မလား စိတ်ပူ နေခဲ့မိတာ အမှန်ပါ အမေ ။
အခုတော့ အမေရေ .. ထူးအိမ်သင် ရဲ့ ငယ်ပေါင်း ကြွက်နီ ( ခေါ် ) အောင်ကျော်ဦး ( ခေါ် ) ဆရာသိမ်းတင်သား က ကျွန်တော့် ကို ရေးဖို့ ပူဆာ နေ ပြီး ၊ မြင့်မိုး အောင် ( ခေါ် ) ဖြူဖွေး က ရေး မှာ ကြောက် နေလေရဲ့ အမေ ( ကျွန်တော် က လည်း ကျွန်တော် ပါ ပဲ အမှန်တွေ ချည်း ရေးတော့ ၊ ကဗျာ ဖွဲ့ တော့ မကြိုက်ချင် ကြဘူး ။ ကျွန်တော် က လည်း ခံခဲ့ရ ပြီးပြီ မမှတ်နိုင်ဘူး ။ ရင်ဘတ်ကြီး က လည်း ခံစားတာ ကိုး အမေ ရဲ့ ) ။
အမေ ချစ် သလောက် မမီ ပေ မယ့် အမေ့ သား ထူးအိမ်သင် ကို ကျွန်တော် ချစ်ပါတယ် ။ အမေ ရယ် မိသွယ် ရယ် ထောထောလေး ရယ် ကို ကျွန်တော် ဖုန်းကလေး နဲ့ ရိုက် ထားတဲ့ ဓာတ်ပုံ ကို ပြည်ပ သွား တော့ တောင် ဟိုမှာ ရှိတဲ့ မြန်မာတွေ ကို ထူးအိမ်သင် က ကမ္ဘာကြီး အတွက် ဂီတ အပြင် ထားခဲ့တဲ့ လက်ဆောင် သားအမိ သုံးယောက် ဆိုပြီး ခဏခဏ ထုတ် ပြ မိတယ် ။
ကျွန်တော် ငှက် ကို ချစ်လို့ ပါ ။ ဘာလို့ ချစ်လဲ ဆို ( ၁ ) ကဗျာတွေ ကို သိန်းချီ ဖတ် သွားခဲ့သူ ၊ ( ၂ ) ကဗျာကောင်းတွေ ရေး ခဲ့ပြီး စာမျက်နှာ ပေါ် ရောက်ခွင့် မရ သူ ၊ (၃) အမြဲ ကဗျာစိတ် နဲ့ ပဲ နေထိုင် ပြီး ကဗျာဆရာ ဖြစ်ခွင့် ရ မသွားသူ ။ ဒီ သုံးချက် ကြောင့် ကျွန်တော် ချစ်လို့ ရေးတာပါ အမေ ။
အမေ အမေ့ သား ငှက် ( ထူးအိမ်သင် )နဲ့ ကျွန်တော် ပေါင်းသင်း ခဲ့ ရ သမျှ အချိန်လေး တွေ ထဲ က အမေ မသိနိုင် တဲ့ အမှတ်တရ အမှတ်ရ စရာ အကြောင်း လေးတွေ ပါ ၊ ပတ်သက်ခဲ့ ရ တဲ့ လူတွေ သက်ရှိ ထင်ရှား ရှိတုန်း သူ့ ရဲ့ တန်ဖိုး တွေ ကို စာ နဲ့ ရေးခဲ့ချင် တာပါ ။
ဒီစာ အမေ ဖတ်မိရင် အမေ ငို မှာ ကျွန်တော် စိုးပါတယ် ။ ဒါပေမဲ့ အမေ ရယ် ကျွန်တော် ဘယ်လိုမှ ကို နေလို့ မရတော့ လို့ အကြာကြီး စောင့် ပြီးတော့ မှ ရေးတာပါ ။
အမေ့ ရဲ့ ဒုက္ခအိုးလေး
ကွဲကြွေ ခဲ့ တာ
၁၄ . ၈ . ၂၀၁၁ ဆို ( ၇ ) နှစ် ပြည့်ခဲ့ပြီပေါ့ ။ ကြာရင် မေ့တယ် ဆိုပေမဲ့ အမေ က အမေ့ ရင် နဲ့ လွယ်ခဲ့ရတဲ့ သား ကိုး ။ မောင်ဇော်သစ် ၊ မြင့်မိုးအောင် ၊ မောင်မောင်ဇော်လတ် ၊ အောင်ရင် ၊ ကျွန်တော် တို့ နဲ့ တွေ့လိုက်တာ နဲ့ အမေ ငိုပြီ ။ အမေ က အမေ့ သား ကို နှမြော မှာ ပေါ့ ။ သူ့ ရဲ့ ငယ်ပေါင်းကြီးပေါင်း သူငယ်ချင်း တွေတောင် နှမြောကြ သေးတာ ဘယ်လောက် နှမြောဖို့ ကောင်းလဲ ဆိုတာ ကျွန်တော် နဲ့ ပတ်သက် ပေါင်းသင်း ခဲ့ရတဲ့ ကာလလေး တွေ ထဲ က ပရိသတ်တွေ သူ့ ကို ချစ်တဲ့ ပရိသတ် တွေ အတွက် ကျွန်တော် ပြောပြချင်တာပါ ။
လူ ဆိုတော့ ကောင်းဆိုး အမြဲ ဒွန်တွဲ ဖြစ်တည် နေရတာပေါ့ ။ ထူးအိမ်သင် လည်း လူ ထဲ က လူ ဆိုတော့ ဆိုးတာတွေ လည်း အများကြီး ပေါ့ ။ ဒါပေမဲ့ အနုပညာ လောက နဲ့ ပတ်သက်လို့ နှမြောစရာ ကောင်းတာလေး တွေ သူ့ အတွက် ရေးထား ပါရစေ အမေ ။
အမေ မငိုပါနဲ့ နော်
အမေ ငိုရင် ကျွန်တော် လည်း ငိုချင် လာ မှာ မို့ ပါ ။
“ ကိုစောဝေ ခင်ဗျား အခု ဘယ်မှာတုံး ”
“ ဆိုင်မှာ ပဲ ပြော ကိုမြင့်မိုး ”
“ ဒါဆို အတော်ပဲ ခင်ဗျား ဘေး က သျှင်ပါကူဆေးခန်း မှာ ငှက် အဖေ ဆေးရုံ တင် ရတယ် ၊ မော်လမြိုင် က နေ တန်း ပြီး ဆေးရုံ တင် လိုက်ရတာ ၊ အတော် ဖြစ်ပုံ ရတယ် ။ ကျွန်တော် ရီကောဒင်း တန်းလန်းကြီး ဖြစ် နေလို့ ခင်ဗျား သွား လိုက်ဦး ”
“ အခု သွားလိုက်မယ် လေ ၊ ငှက် ရော ရှိနေလား ”
“ မရှိသေးဘူး သူ့ ကို ရှာ နေတုန်း ၊ မိသွယ် ရှိနေလိမ့်မယ် ငှက် အမေလ ည်း ရှိမယ် ”
မြင့်မိုး ဆီ က ဖုန်း ။ ကျွန်တော် စိတ် တော့ မကောင်း ဒါပေမဲ့ ဝမ်းသာ သွားတယ် ။ ကျွန်တော် အမေ့ ကို တွေ့ချင် နေတာ ငှက် ကို သိခွင့် ရ ကတည်း က ။ ( ၁၉၉၄ ) မဟေသီ မောင်သန်းထိုက် မှ သည် အော်ပီကျယ် ၊ ကျော်စိုးဝင်း မှ မျိုးဆွေသန်း ( ငြိမ်းဆွေ ) ၊ မြင့်မိုးအောင် ၊ ထူးအိမ်သင် ဆို ပြီး စ တွေ့ သိရ ကတည်း က အမေ့ ကို အကြောင်း မတိုက်ဆိုင် လို့ မတွေ့ခဲ့ ရ ။ ယခု တွေ့ရ တော့ မှာ မို့ ဝမ်းတော့ သာ မိတယ် ။
ဆေးခန်း ထဲ ကို သွား တွေ့ လိုက်တော့ ငှက် အဖေ မှာ ပိုက်ပေါင်း များစွာ ။ အတော်ပင် ကု ထားရပုံ မျိုး ။ အမေ့ ကို တွေ့ပါပြီ ။ အမေ က တော့ ဒီလို အတွေ့အကြုံတွေ ကို ဘဝ နဲ့ ရင်းပြီး ဖြတ်သန်းခဲ့ပြီးပြီ ထင့် ။ အမေ တစ်ယောက် ရဲ့ ခိုင်မာပြတ်သားမှုမျိုး ဖြင့် မော်လမြိုင်သူ အမေ က ကျွန်တော့် အမေ အညာသူ လို ပိန်ပိန်ပါးပါး ညိုညို ၊ ဆိုးတဲ့ မိုက်တဲ့ သား ကောင်းတဲ့ သား ဘယ် သား မဆို ရှိသမျှ မေတ္တာ ပုံပေးမယ် ဆိုတဲ့ ဥပဓိ နဲ့ ။ အမေ့ ကို မြင်မြင် ချင်း ကျွန်တော် ကြွေ သွားတယ် ။ ဒီ အမေ မျိုး ပဲ ထူးအိမ်သင် ဆိုတာ ကို မွေး နိုင်မယ် ဆိုတာ သေချာသွားတယ် ။
“ အမေ ကျွန်တော် စောဝေ ပါ ကဗျာလေး ဘာလေး ရေးပါတယ် ... ငှက် သူငယ်ချင်း ”
ပေး လိုက်တဲ့ လက်ဖက်သုပ်ပန်းကန် ကို ကြည့်ပြီး အမေ က
“ အော် ငှက် ပြောဖူးတယ် လက်ဖက်သုပ် ငါးပိထောင်း နာမည်ကြီးတယ် ထမင်းဆိုင် ဖွင့်ထားတာ ... ဒီ နားမှာလား ”
“ ဟုတ်ကဲ့ အမေ ဒါကြောင့် အမေ တို့ လိုတာ လုပ် ပေးရအောင် မြင့်မိုး ဖုန်း ဆက် လို့ ၊ ငှက် နဲ့ ကွန်တက် ရပြီလား အမေ ”
“ ဖုန်း တော့ ရပြီ လာ နေပြီ ပြောတယ် ”
ကျွန်တော် ခဏ ထိုင် စောင့် နေလိုက်တယ် ။ မကြာပါဘူး ငှက်ရောက် လာ တယ် ။ သူ့ အဖေ ရှိရာ ခုတင် ဆီ တန်း သွားပြီး ဆေးမှတ်တမ်း ကို ကြည့်လိုက် သူ့ အဖေ အောက်ဆီဂျင် ပိုက် တန်းလန်း နဲ့ အသက် ကို ပင်ပန်းတကြီး ရှူ ထုတ် နေတာ ကြည့်လိုက် နဲ့ စိတ်မော နေပုံ မျိုး ။ ပြီး အမေ့ ရှေ့ မှာ လာ ထိုင်တယ် ။ လက်ကြား ထဲ မှာ က မီးသတ် ထား တဲ့ စီးကရက်တို ။ ငှက် ထိုင်မိတာ နဲ့ ငှက် လက် ထဲ က စီးကရက်တို ကို အမေ စိုက် ကြည့် ပြီး ရှုပ်ပွ နေတဲ့ ငှက် ခေါင်း ထဲ ကို အမေ့ လက် ထိုးပြီး ...
“ သားကြီး ရယ် အဖေ က အသည်းအသန် အသက် လု နေရတဲ့ အချိန်လေး မှာ အမေ စိတ်ချမ်းသာ အောင် ... လိမ်လိမ်မာမာ နေပြပါအုံး လား ”
ငှက် ခေါင်းကြီး ငုံ့ လို့ အံ ကို ကြိတ်ထား ပြီး ဘာမှ ပြန် မပြောဘူး ။ သိပ် လှတဲ့ မြင်ကွင်း ။ ငှက် ဘယ်လို တုံ့ပြန် မလဲ ကျွန်တော် သိပ် သိချင်နေတယ် ။
“ ကဗျာဆရာ ခင်ဗျား မြင့်မိုး နဲ့ ဖုန်း ရတာ လား ”
“ ဟုတ်တယ် သူ ပြောလို့ ”
“ ခင်ဗျား အိမ် ရှေ့ မှာ ကား ထိုးခဲ့တယ် ဖြစ် လား ”
“ ဘာမှ အရေးမကြီးဘူး လိုတာ ရှိရင် ပြော ကျွန်တော် အိမ် မှာ ပဲ ရှိနေမယ် ”
“ အေး လာခဲ့မယ်လေ ”
အမေတို့ သားအမိ လွတ်လွတ်လပ်လပ် ပြောဆို နိုင်ဖို့ ကျွန်တော် ပြန် သွား တယ် ။ အိမ် မှာ ဆိုင် မှာ ကျွန်တော် တွေး နေမိတယ် ။ ကဗျာဆရာ ထဲ မှာ ကျွန်တော့် လောက် အမေ ချစ်တတ်တဲ့ ချစ်တဲ့ လူ မရှိဘူးလို့ ထင် ထားတာ ။ ငှက် လည်း အမေဖွဲ့ သီချင်းတွေ ကဗျာတွေ နိုင်ငံကျော် ကမ္ဘာကျော် အောင်မြင်ခဲ့ တာ ။ ပလီပလာ လုပ်တာလား ။ စာသား ထဲ မှာ ပဲ ချစ် ပြ တာလား ။ လက်တွေ့ မှာ ဘယ်လိုလဲ သူ့ အမေ က အသက် ရှင် လျက် ။ ကျွန်တော် က အမေ မရှိတော့ ။ မရှိတော့ တဲ့ အမေ ကို ကဗျာတွေ စာတွေ နဲ့ ချစ်ပြ နေရတာ ။ ငှက် အမေ ကို ချစ်တာ ဘယ် အတိုင်းအတာ လဲ ကျွန်တော် စောင့် ကြည့်မယ် ငှက် ကို ချက် ( စ် ) မယ် ပေါ့ ။
တော်တော်လေး ကြာတော့ ဆေးခန်း က နေ ကျွန်တော့် ဆီ ရောက်လာတယ် ။ ရှေ့ က စားပွဲ မှာ ဝင် ထိုင်ပြီး ဘာ စကား မှ လည်း မပြောဘူး အံကြီး ကြိတ်ပြီး အတော် စိတ် မကောင်း ဖြစ်နေပုံ ပဲ ။ အိတ်ကပ် ထဲ မှာ က ဘာဂျာ တစ်လက် လက် ထဲ မှာ က မီးသတ် ထား တဲ့ စီးကရက် အတို နဲ့ ။ ကျွန်တော် လည်း ဘာမှ မပြောပဲ သူ့ ရှေ့ မှာ အဖော် အဖြစ် ထိုင် ပေး နေလိုက်တယ် ။ တော်တော်ကြာ မှ
“ ငှက် ဘီယာ ဝီစကီ တစ်ခု ခု သောက်ပါလား ”
“ မသောက်တော့ဘူး ဗျာ အမေ ခိုင်း တာ လုပ်ပေးလိုက် အုံးမယ် ”
ဆိုပြီး ထွက် သွား လိုက်တာ နှစ်ရက် ပြည့် တဲ့ ညနေ ကျ မှ ဆေးခန်း ကို ပြန် ရောက်လာတယ် ။ ကြား ထဲ မှာ မြင့်မိုး နဲ့ သွားလိုက် ကိုယ့် ဖာသာ သွားလိုက် နဲ့ အမေ့ ကို ကျွန်တော် မေးတယ် လေ “ ငှက်မ လာဘူးလား ဆိုတော့ ” “ ဟိုနေ့ က ဆူလိုက် လို့ လာတော့ လာမှာ ပါ ” တဲ့ ဆေးခန်း မှာ က အောင်အောင်လေး ရော သားတွေ သမီးတွေ စုံ လို့ ။ ဒီ ငှက် ဘာ ကြောင်တာလဲ ပေါ့ ၊ သူ့ အဖေ က အသည်းအသန် အမေ က ဒီလောက်လေး ဆူတာ နဲ့ ဆိုပြီး ကျွန်တော့် စိတ် ထဲ မျက် မိတယ် ။
အဲဒီ နှစ်ရက် ပြည့် လို့ အမေ တို့ ဆေးခန်း ပြန် ရောက်တဲ့ ည မှာ ပဲ ကျွန်တော့် ဆိုင် ဘက် ကူး လာတယ် ။ စားပွဲ မှာ ဝင် ထိုင် ဘာ စကား မှ လည်း မပြော ဘူး ။ လက် ထဲ မှာ စီးကရက် မဟုတ်တော့ဘူး ။ ဆေးပေါ့လိပ် ဖြစ် နေပြီ ။ အံ ကြိတ်လိုက် ဆေးပေါ့လိပ်ဖင်စီခံ ကို ကိုက် လိုက် လက်သည်းတွေ ကိုက် လိုက် နဲ့ လက်ဆစ်တွေ လည်း ခဏခဏ ချိုး ဇက် ကို လည်း ခဏခဏ ချိုး ကျွန်တော် ဘာမှ မပြောဘဲ သူ့ အနား သွား ထိုင် နေလိုက်တယ် ခဏ ကြာ တော့ မှ
“ ကဗျာဆရာ အရက်ပြင်း ဘာတွေရှိလဲ ”
“ အာမီရမ် က နေ ဘလက်လေဘယ် ထိ ရှိတယ် ခင်ဗျား ဘာ သောက်ချင်လဲ ”
“ ဘလက် ပေး ဗျာ ... ”
37.5 ဘလက်လေဘယ် တစ်လုံး ပေးလိုက်ပြီး ...
“ ဆော်ဒါလား ရေလား ဘာရောမလဲ ”
“ ကဗျာဆရာ ပဲ ဗျာ အရက် ရောင်း စား နေပြီး တုံး လိုက်တာ ၊ ဝီစကီ ကောင်းကောင်း ဆိုတာ ရေခဲလေး နဲ့ သူချည်း သောက်ရတာ ဗျ ”
အမေ ငှက် နဲ့ ကျွန်တော် နဲ့ ပေါင်းရတဲ့ ကြီးပေါင်း ဘဝ မှာ ပထမဆုံး အကြိမ် ကျွန်တော့် ကို ဆဲတာပါ ( အခုတော့ လည်း အဲဒီ ဆဲသံလေး ကို ပဲ သတိရ ရ နေမိပါတယ် ) ပထမ တစ်ခွက် ရေခဲလေး ထည့် တစ်ခါတည်း မော့ ၊ ဒုတိယ တစ်ခါတည်း မော့ ၊ တတိယ တစ်ခါတည်း မော့ ၊ စတုတ္ထ ကျွန်တော် မနေနိုင် တော့
“ ကိုငှက် ဘာ အမြည်း စားမလဲ တစ်ခု ခု တော့ စားအုံးဗျာ ”
“ မလိုဘူး ငါးပိထောင်း ပဲ ပေးဗျာ ”
ပက်ဝက်စီ ထည့် ပြီး ငါးခွက် လောက် ဆက်တိုက် သောက် ပစ်တယ် ။ ပြီးတော့ ဆေးပေါ့လိပ် ကို မီးညှိ ပြီး သောက် နေ တယ် ။ ကျွန်တော် နည်းနည်းတော့ ရိပ်မိ လာပြီ ။ သူ နှစ်ရက် လောက် ပျောက် သွားတာ သူ အကြိုက်ဆုံး စီးကရက် ကို အစိမ်း သွားဖြတ်တယ် ဆိုတာ ( နောက် မှ ကြွက်နီ ပြော လို့ သိရတာ က ဝီစကီတွေ ဆက်တိုက် စွတ် သောက်နေ တာ ရင်း ကို ကျော် အောင် သောက် နေရ တာ ဆိုတာ ) ငှက် ကို ကျွန်တော် နည်းနည်း တော့ ဖြုံသွားတယ် အမေ ။
ဘာဖြစ်လို့ ဆို ကျွန်တော့် မှာ ဒီ ကိစ္စ မျိုး အတွေ့အကြုံ က ရှိတယ်လေ ။ ကျွန်တော့် သူငယ်ချင်း တောင်ငူသား မြင့်စိုး ဆို တာ လူရွှင်တော် အဖြစ် အောင်မြင် ထင်ရှား နေ ချိန် မှာ ကျွန်တော့် ဆီ ဖြူးမြို့ ကို ရောက် လာ ပါတယ် ။
“ ကို ငါ မင်း ဆီ မှာ နေပြီး စီးကရက် ဖြတ် မလို့ လာခဲ့တာ ”
“ ဖြတ်တာပဲ ကွာ ရန်ကုန် မှာ ဆေးရုံ တက် ဆရာဝန်ကြီး တွေ ပြ ရင် ပို မကောင်းဘူးလား ”
“ ငါ မင်းဆီ လာ နေတာ မကြိုက်လို့လား ”
“ မဟုတ်ပါဘူး မြင့်စိုး ရာ မင်း ပြတ် တယ် ဆို ငါ ရော ငါ့ မိသားစု ပါ ဝမ်းသာ နေကြ မှာ မင်းမနိုင် မှာ စိုး လို့ ”
“ ရပါတယ် အထဲ တုန်း က လည်း ဒီလိုပဲ အစိမ်း ဖြတ် ခဲ့ရတာပဲ ”
သူ့ ဆင်ခြေ နဲ့ သူ ဆိုတော့ ကျွန်တော် လည်း မငြင်းသာဘူး ပေါ့ ။
ကျွန်တော့် တည်းခိုခန်း မှာ တစ်ခန်း ပေး ထား လိုက်တယ် ။ တစ်ရက် အရက်တွေ တအား သောက် အိပ် ။ နောက်တစ်ရက် အခန်း ထဲ က လုံးဝ ထွက် မလာဘူး ။ ဒါနဲ့ သော့အပို နဲ့ ကျွန်တော် ဝင် ကြည့် ။ သူ့ ခရီးဆောင် အိတ် တစ်ခု လုံး ဆုတ်ဖြဲ ထားတာ ရစရာ မရှိဘူး ။ မျက်နှာတွေ လက်တွေ မှာသွေးကြောင်းရာတွေ နဲ့ နီရဲ လို့ လက်ထိပ်တွေ မှာ ကိုက် ထားတာ သွေး တွေ စို့လို့ ကျွန်တော် မမြင်ရက်တော့ ဘူး ။ သူ့ ကို နှိုး ပြီး ဆေးလေး ဘာလေး ထည့်ပေး ၊ ဘာ စားမလဲ မေးတော့ ရေခဲမုန့်ပဲ ဒါပဲ စားမယ်တဲ့ ။ ညနေ ကျ တော့ သူ့ ကား နဲ့ တောင်ငူ ပြေး လိုက် ပျဉ်းမနား ပြေး လိုက် ညဉ့်နက် မှ ပြန် ရောက်တယ် ။ မနက် ကျ တော့ သူ့ အခန်း ဖွင့် ကြည့် တော့ တစ်ကိုယ်လုံး အဝတ်အစား မရှိဘူး ၊ အရူးမီးလောင် နေ သလိုပဲ ။ အရက်ပြင်း နှစ်လုံး လောက် သောက်ထားပုံ ပဲ ။ ခြင်ထောင် တစ်ခုလုံး အစလေးတွေ ဖြစ် အောင် ဆုတ်ဖြဲ ထားတယ် ။ ကားဒက်ခ်ျဘုတ် လည်း ကွဲ ၊ ဘက်မှန် လည်း ကွဲ ၊ ဒ ရိုင်ဘာ ကို မေးတော့ သူ ရင်း ထ ပြီး ကန် ထားတာတဲ့ ။ သုံးရက်မြောက် ညနေ မှာ ပဲ ကျွန်တော့် ကို အသိ မပေးဘဲ ရန်ကုန် ပြန် သွားတယ် ။ နောက်တော့ မဖြတ်နိုင် တဲ့ အမှု နဲ့ ပဲ တောရ ရောက် သွားတယ် ( အခုတော့ တောရ မှာ ပဲ မိုက်ဇာတ် သိမ်း ခဲ့ပါပြီ ) အဲဒီလောက် မာယာ ကြီး လှတဲ့ စီးကရက် ငှက် ဘယ်နှရက် ဖြတ် ပြီး အမေ့ ကို ချစ်ပြ မလဲ ။ ဘယ်နှရက် ဖြတ်နိုင်မလဲ ။ စောင့်ကြည့် နေမိတယ် ။
( အဲဒီ ငယ်သူငယ်ချင်း မြင့်စိုး ( ခ ) ကွမ်းသီး နဲ့ ကျွန်တော့် ကြီးပေါင်း အမေ့သား ကိုငှက် ကို ကျွန်တော့် ရဲ့ ဗိုလ်ချို ( ၂ ) ရပ်ကွက် က အခန်း မှာ ပဲ ဆုံဖြစ် ကြတော့ ကွမ်းသီး နဲ့ ထူးအိမ်သင် ဟာ ဟို အရင် ဘဝ နှစ်ခု ထဲ က ပေါင်း လာ သလို တစ်တွဲတွဲ တွဲမိ နေပြီး ကျွန်တော် က သူတို့ နဲ့ ဘာမှ မပတ်သက် သလို ကျွန်တော် က တော့ ကျွန်တော့် ကို ဘေးချန် ထားပြီး တွဲ နေကြတာ ကို မကြိုက် ပါဘူး ။ အမေ့ ကို လည်း မတိုင်ရက်ခဲ့ဘူး အမေ ။ ကျွန်တော့် အပြစ် ပါ ပဲ ။ ကျွန်တော် သာ အမေ့ ကို တိုင်ခဲ့ မိ ရင် ဒီ နှစ်ယောက် ဒီလောက် စောစော ကျွန်တော်တို့ အပါး က ခွာ မသွားလောက်ဘူး ။ )
အဲဒီ ရက် ည က စပြီး ကျွန်တော် နဲ့ ငှက် ညတိုင်း ကျွန်တော့် ဆိုင် သိမ်းချိန် ည ၁၀ နာရီခွဲလောက် ဆို အဘ ( ကော့တေး စပ်သော အဘ ) ရှိရာ မစ္စတာဂစ်တာ ဒါမှ မဟုတ် တစ်ဆိုင်ဆိုင် မှာ သောက်ကြပါတယ် ။ နေ့ခင်း ဘက် ထမင်း လာ စား ရင်း တစ်ခါတလေ တွေ့ ၊ ညဘက် တော့ ငှက် အဖေ ဆေး ရုံက မဆင်း မချင်း ည တိုင်း တွေ့ ပါတယ် ။ သူ့ အမေ မကြိုက် တဲ့ စီးကရက် ကို သူ့ အဖေ ဆေးရုံ က မဆင်းမချင်း မသောက်ဘူး ။ ဖြတ်ထား တယ် လုံးဝ ကို မသောက်တာ ။ ဒီလောက် ညှို့အား ပြင်းလှတဲ့ ၊ ဖြတ်နိုင် ရန် ခက်ခဲလှတဲ့ စီးကရက် ကို အမေ စိတ်ချမ်းသာ ဖို့ အမေ့ ကို သူ ချစ်ကြောင်း ပြဖို့ ဖြတ် ခဲ့ပါတယ် ။ ဘယ်နှရက် လဲ တော့ မသိဘူး ။ အမေ တို့ သျှင်ပါကူ ဆေးခန်း က မဆင်းမချင်း ဆိုတာ တော့ အသေအချာ ပါ ပဲ ။
အဲဒီ ရက်တွေ မှာ ကဗျာ နဲ့ အနုပညာ အနုပညာ နဲ့ ရှင်သန်ခြင်း တန်ဖိုး စတာ တွေ ကို ကျွန်တော် တို့ ပြောဆို နေထိုင် နေ ကြတာပါ ။ အဲဒီလို စီးကရက် ကို ဖြတ် ပြီး သူ့ စိတ် က နေ နိုင်ခြင်း အတွက် သူ စောစော သေနိုင်မယ့် လူ မဟုတ်ဘူး လို့ ထင်ခဲ့ပါတယ် ။ အခုတော့ .... အမေ ရေ အမေ့ သား ငှက် က ... သူ့ အမေဖွဲ့ သီချင်းတွေ ဟာ သူ အမေ့ ကို တကယ် ချစ်ကြောင်း ဒီ အဖြစ်အပျက်လေး က တကယ် ပြ သွားခဲ့ပါတယ် အမေ ။ အမေ့ သားငှက်က အမေ့အတွက် ဂုဏ်တက် စေမယ့် လုပ်ရပ်လေး တစ်ခုပါ အမေ ။ အမေ မငိုပါနဲ့ အုံး ပြောပြစရာတွေ က ကျန်သေးတယ် အမေ ။
◾စောဝေ
📖 ထူးအိမ်သင် အသက် ( ၅၀ ) ပြည့် အမှတ်တရ
ဂီတအတွက် မမေ့မလျော့သော လမ်းကလေး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment