Saturday, March 9, 2024

ဂီတအတွက် ကဗျာငှက် အားလုံးအတွက် ထူးအိမ်သင် ( ၄ )


 

( လေး )

အမေ ကျွန်တော် တက္ကသိုလ်ရိပ်သာလမ်း မှာ သုံးနှစ် ခွဲ လောက် နေ နေတုန်း ဆို ငှက် က နေ့လယ် ဘက် မကြာမကြာ ရောက် လာလေ့ ရှိတယ် ။ တစ်ခါတလေ မိသွယ် ၊ တစ်ခါတလေ ကိုဒူး ၊ တစ်ခါတလေ မြင့်မိုး ၊ များသော အားဖြင့် တော့ သူ တစ်ယောက် ထဲ ပါ ။ လမ်း က လည်း သူ အိုအေစစ် က ပြန် ရင် ဖြစ်ဖြစ် ၊ အိမ် က အိုအေစစ် သွား ရင် ဖြစ်ဖြစ် လမ်းကြုံ နေတာ လည်း ပါတာပေါ့ ။

လာရင် တွေ့ရင် စာပေအကြောင်း မော်ဒန် ပို့စ်မော်ဒန် ရီရယ်လစ်ဇင် ပို့စ် ရီရယ်လစ်ဇင် အော်လတာနေးတစ် ခေးအော့ ပါဖောမင့် စတာတွေ ပဲ အပြော များ ကြပြီး ကျွန်တော့် ကောင်တာ စားပွဲ မှာ ရှိတတ် တဲ့ လစဉ် ထုတ် မဂ္ဂဇင်းတွေ သူ မဖတ်ရသေး ရင် ယူ ဖတ်ပေါ့ ။ ကြာတော့ အသစ် မဖြစ်ဘူး ၊ ငြီးငွေ့လာတာ နဲ့ ကျွန်တော် နားထောင်တတ် ခံစားတတ် တာ က လွဲ ပြီး သိပ် နားမလည်တဲ့ ဂီတ အကြောင်း တစ်နေ့ ပြောမိတယ် ။

မှတ်မှတ်ရရ က လည်း ဒီ အရင် ကိုနေမျိုး နဲ့ ထမင်းဝိုင်း မှာ ပြောတာ တစ်ခါပဲ ကြားဖူးတယ် ။

“ နေမျိုး ရာ ငါ ရိုးရာတေး တွေ ကျေးလက်ကဗျာ တွေ အင်တာနေရှင်နယ် စကေး တွေ နဲ့ သိပ် လုပ်ချင်တာပဲ နည်းနည်း တောင် စ ထားပြီ ”  

“ ကောင်းတာပေါ့ အစ်ကို ရ လုပ်ပေါ့ ”  

“ ဒါပေမဲ့ နေမျိုး ရ ဈေးကွက် က မရှိတော့ မလွယ်ဘူး ” 

“ မလွယ်တော့ မလွယ်ဘူးပေါ့ အစ်ကို ရာ အစ်ကို မှ မလုပ်ရင် ဘယ်သူ မှ လုပ်မယ့်သူ မရှိဘူး ။ အစ်ကို ဘာလိုလဲ ကျွန်တော့် ပြော ၊ ကျွန်တော့် တာဝန် ထား ၊ အစ်ကို လုပ်ခဲ့ရမှာ ” 

“ အေးပါကွာ လုပ်တော့ လုပ်ရမှာပေါ့ ” 

မြေနီကုန်း က ကိုနေမျိုး အိမ် မှာ ကြား ဖူးတယ် ။ ဒါကြောင့် သူ ပြောတာ ကြား ချင်တာ နဲ့ နှစ်ယောက် ထဲ ရှိတုန်း ..

“ ကိုငှက် နောက် မျိုးဆက် ထဲ ရေးဆို တဲလင့် ရှိတဲ့ သူ ဘယ်သူ့ ကို မြင်တုံး ”

“ ဟေ့ လူ မြင့်မိုး တို့  ၊ ကိုဇော်သစ် တို့ ကို မေး ကျုပ် က ခင်ဗျား ဆီ ထမင်း စားဖို့ လာတာ ” 

“ ကိုငှက် က လည်း ခင်ဗျား ပြောတာ ကြားချင်လို့ ပါ ဘာမှ လုပ်ဖို့ မဟုတ်ပါဘူး ”

“ ကျုပ် ကို မေး မနေနဲ့ ခင်ဗျားတို့ စာပေလောက က ရော ဘယ်သူ့ ကို ထင်လဲ ”

“ စာပေလောက ကိုယ်စားပြုတာ တော့ မဟုတ်ဘူး ပေါ့ ။ ကျွန်တော့် အရွယ် ကျွန်တော့် ခံစားမှု နဲ့ မြင်ရတဲ့ တဲလင့် ပေါ့ ဗျာ မောင်မောင်ဇော်လတ် လို့ မြင်တယ် ”

ငှက် ငါးပိရည် နဲ့ အတို့ အမြှုပ်တွေ တို့ စား နေရာ က နေ ရပ်ပြီး ကျွန်တော့် ကို စိုက် ကြည့်တယ် ၊ သူ့ မျက်လုံး ထဲ မှာ လက်ခနဲ တစ်ခု တွေ့လိုက်ရ သလိုပဲ ။ အဲဒီတုန်း သူ မှာ ထားတဲ့ ဝက်သရက်သီးသနပ် က ရောက်လာတာ နဲ့ ...

“ ထမင်း စားမယ်ဗျာ ။ ဝက်သရက်သီးသနပ် အကောင်းဆုံး ဘယ်သူလဲ သိလား ”

“ မသိဘူး ”

“ ကျွန်တော့် အမေ ဗျ ကျွန်တော့် အမေ ၊ ခင်ဗျား စား မလား ကျွေးမယ်လေ ”  

“ ဟေ့ လူ လာ လုပ် မနေနဲ့  ၊ ခင်ဗျား လူမင်းခေါင် တို့ ဗွီစီဒီ ရိုက်ကွင်း မှာ ထမင်းစား နားတုန်း လူမင်းခေါင် ကို အမေ ချက် တဲ့ ဝက်သရက်သီးသနပ် စား မလား မေးတော့ လူမင်းခေါင် က စားမယ် ဆိုတာ နဲ့ လူမင်းခေါင် ကို  ကား ပေါ် တင်ပြီး အမေ ရှိတဲ့ မော်လမြိုင် ထိ ခေါ် သွား လို့ ရိုက်ကွင်း တန်းလန်းကြီး ပျက် ၊ သုံးရက် လောက် မော်လမြိုင် မှာ မျက်ရည် နဲ့ မျက်ခွက် ၊ လူမင်းခေါင် ဖြစ် ထား တာ ကျုပ် သိတယ် ”

“ ဟား ဟား ဟား ဟား ” 

သူ ဟက်ဟက်ပက်ပက် ရယ်ပြီး ...

“ ခင်ဗျား ကို တော့ ခေါ် မသွားပါဘူး ဒီမှာ ကျွေးမှာ ပါ ” 

အမေ့ သား က အဲဒီ လို လူ ၊ သူ လုပ်ချင် ရာ လုပ်ရဖို့ သူငယ်ချင်းတွေ ဆို အနိုင်ယူ နေကျလေ ။ သူငယ်ချင်းတွေ က လည်း သူ အဲဒီလို ဆိုး တာ ကျေကျေနပ်နပ် ရှိ ကြပါတယ် ။

“ ဟေ့လူ အနှစ်နှစ်ဆယ် ဆေး တိုက်အုံး ”

ငှက် ပြောတဲ့ အနှစ်နှစ်ဆယ် ဆေး ဆို တာ ကျွန်တော် ဖြူး ပြန် ရင် ဝယ်ဝယ် လာတဲ့ ဇေယျဝတီ အရက်ချက်စက်ရုံ က ထုတ် တဲ့ ဘီးအီး အရက်ဖြူ စစ်စစ် ကို ပြောတာ ။ အမေ့ သား က ထမင်း စား ရင် ရေနွေးကြမ်း ပန်းကန် တစ်ခွက် လောက် ( တစ်ပက် လောက် ) သောက်တယ် ။ အရသာ က သူ ငယ်ငယ် ခြောက်မိုင်ခွဲ က အဆောင် မှာ နေတုန်း တစ်ပက် ပြားလေးဆယ် နဲ့ သောက် ရတဲ့ အရသာ နဲ့ တူလို့ အနှစ်နှစ်ဆယ် ငယ် တဲ့ ဆေး လို့ သူ က ပြောတာ ။ ကိုသူရ နဲ့ ကိုငှက် နဲ့ ကြိုက်တတ်ကြ လို့ ကျွန်တော် ရေခဲသေတ္တာ ထဲ မှာ ရေသန့်ဘူး နဲ့ ထည့် ပြီး အမြဲ ထား တတ်တယ် ။ ရေသန့်ဘူး နဲ့ မှား မှာ စိုးလို့ ဘူး မှာ ငှက်ဖျော်ရည် လို့ ဘောပင် နဲ့ ရေးထား ရတယ် ။ ငှက် ရဲ့ သောက်ပြီး နောက်ဆုံး လက်ကျန် ကို တော့ ယခု ပေါက်ဈေး သိန်းနှစ်ရာ လောက် တန် တဲ့ ကား ကို ရောင်းပြီး စာပေသစ် ကွ ဆိုပြီး ဖြုန်းခဲ့တဲ့ ( သူ့ ကိုမြှောက် ပေးတဲ့ အထဲ မှာ ထူးအိမ်သင် လည်း ထိပ် က ပါတယ် ) စာရေးဆရာ ငြိမ်းအေးအိမ် က သောက် သွားပါတယ် အမေ ( ငှက် က တစ်ခါတလေ ကိုဇော်သစ် ကို လည်း တိုက်ပါတယ် ) ထမင်း ကို အားရပါးရ စား ပြီးတော့ သူ ပြန်မယ် ပြင်ပါတယ် ။ ကျွန်တော် မေးထားတာ မဖြေတာ နဲ့ ...

“ ဟေ့လူ ကျွန်တော် မေးတာ ဖြေအုံးလေ ” 

“ ကဗျာဆရာ ခင်ဗျား ကို ကျုပ် ဘယ်တုန်း က မှ သောက်ထင် မကြီးဘူး ။ ဒီ တစ်ခါတော့ အထင် ကြီးမိ သလိုပဲ ၊ ကျုပ် ဘာ ပြောစရာ လို လဲ သွားပြီ ။ ည ကျ မှ တွေ့မယ် ” 

အခု ကျွန်တော် The Ant ကို ကြည့် ဖြစ် တိုင်း သူ့ စကားလေး ကို အမြဲ သတိရ နေရပါတယ် အမေ ။

◾စောဝေ

📖 ထူးအိမ်သင် အသက် ( ၅၀ ) ပြည့် အမှတ်တရ
     ဂီတအတွက် မမေ့မလျော့သော လမ်းကလေး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment