❝ မြေနိမ့် သော်လည်း လှံစိုက်မခံ ❞
ရွှေဘိုမြို့ ကို ကျွန်တော် တို့ ရောက်တုန်း ရောက်ခိုက် မှာ တစ်နေရာ ကို မရောက် မဖြစ် ရောက်ချင်တဲ့ ဆန္ဒ နဲ့ ဝင်ဖြစ်ကြတယ် ။ ဆရာတော် ဦးတေဇာဓိပတိ ရဲ့ ရွှေခြင်္သေ့ကျောင်း ပါ ။ စာကြည့်တိုက် ရှိတယ် ။ အိတ်ချ်အိုင်ဗွီ စွဲကပ်ခံရသူ တွေ ကို စောင့်ရှောက်ပေး နေတဲ့ စေတနာ့ ဝန်ထမ်းတွေ ရှိတယ် ။ လမ်းပျော်ကလေး တွေ ကို ဘဝ မြှင့်တင် ပေး နေတဲ့ စင်တာ ရှိတယ် ဆိုတာ ကြောင့် ကျွန်တော် တို့ ဝင်ရောက် လေ့လာ ဖြစ်တာပါ ။
ဆရာတော် ဦးတေဇာဓိပတိ နဲ့ တွေ့ဆုံရတဲ့ အခါ လမ်းပျော်ကလေး တွေ ကို ဘဝ မြှင့်တင်ပေး တဲ့ အလုပ် ကို ကျွန်တော် က စိတ်ဝင်စား လို့ ဇောင်းပေး ပြီး မေး ဖြစ်ပါတယ် ။ ရွှေခြင်္သေ့ ဆို တဲ့ အမည် ကို ကြား ရတော့ တချို့က ကြံ့ခိုင်ရေး ပါတီ နဲ့ ဆက်စပ် ပတ်သက်သလား လို့ သံသယ အဝင် ခံရပုံ ၊ ဆရာတော် ရဲ့ ရွှေခြင်္သေ့ က ဦးအောင်ဇေယျ တို့ ခေတ် ကတည်း က ရှိတဲ့ ရွှေခြင်္သေ့ဘုရား ၊ လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ရတု ထဲ က ရွှေခြင်္သေ့မြွေ စ၍ ရေသော် ... လို့ ပါတဲ့ တန်ခိုးကြီး ရွှေခြင်္သေ့ဘုရား ၊ ကြံ့ခိုင်ရေးခြင်္သေ့ ထက် အပုံကြီး စောတယ် လို့ စ ပြောတယ် ။
စာကြည့်တိုက် ကို ၂၀၀၀ ပြည့်နှစ် ၊ ကလေးစင်တာ ကို ၂၀၀၉ ခုနှစ် မှာ တည်ထောင် တဲ့ အကြောင်း ရှင်း ပြတော့ လမ်းပျော်ကလေး တွေ ကို ဘဝ မြှင့်တင် ပေး တဲ့ ကလေးစင်တာ ကို စ လုပ်ဖြစ်တဲ့ စိတ်ကူး ကို ကျွန်တော် က မေးလျှောက် ပါတယ် ။
“ လမ်း ပေါ် မှာ ပလတ်စတစ် ကောက်ကြတာ ကို ကြည့် လိုက်တော့ ကလေး ပဲ ရှိတယ် ၊ လူကြီး မရှိဘူး ၊ ဘာကြောင့် လူကြီး မရှိတာလဲ ၊ ကလေးတွေ က ကြီး တဲ့ အထိ ဘာကြောင့် ပလတ်စတစ် ဆက် မကောက်ကြ တာလဲ စဉ်းစား ကြည့်တယ် ”
ဆရာတော် ပြောခါ မှ ကျွန်တော် ပြန် တွေးကြည့် မိတယ် ။ လမ်း ပေါ် မှာ ပလတ်စတစ် ကောက်ကြတယ် ဆိုတာ အသက် ငယ်သူတွေ ပဲ ဖြစ် နေတာ သတိ ထားမိ သွားတယ် ။
“ ပလတ်စတစ် ကောက် နေရင်း နဲ့ ဒုစရိုက်မှု ကို အဆင့်ဆင့် ကျူးလွန် တတ် လာတယ် ၊ ဖိနပ် ခိုးတာ က အစ အိမ်ဝင်း ကျော် ဝင်ပြီး ဖောက်ထွင်းတာ ၊ ခိုးတာ မျိုး အထိ လုပ် လာတယ် ၊ အဲဒါထက် ဆိုးတာ အထိ အဆင့်ဆင့် တက် လာတယ် ”
“ သူတို့ ကို သင်ပြပေး တဲ့ ၊ ခိုင်းစား တဲ့ ဂိုဏ်းတွေ ဘာတွေ ရှိလို့လား ”
“ အရွယ်ကြီး တဲ့ သူ က ငယ် တဲ့ သူ ကို ခိုင်းတာပဲ ၊ နမူနာ ပြော ရရင် အခု ဒီ ကျောင်း ပေါ် ကို ဒကာကြီး တို့ တက် လာ တော့ ဖိနပ် ချွတ်ပြီး ထားခဲ့တယ် ၊ အသက် ကြီးတဲ့ သူ က စောင့်ကြည့် နေရင်း အဲဒီ ဖိနပ် ငါ လိုချင်တယ် လို့ ပြော လိုက်တယ် ၊ ဒါကို ရအောင် ယူ ပေးတာပဲ ၊ မယူတတ် ရင် သူ့ ကို ယူတတ်အောင် သင်ပေးတာပဲ ”
“ ဒီ အုပ်စု ထဲ မှာ ဆရာကြီး လုပ်တဲ့ သူ က ဘယ် အရွယ် လောက် မှာ ဆရာကြီး ဖြစ်တာလဲ ”
“ အသက် ၁၅ ၊ ၁၆ လောက် ဆို ဆရာ ဖြစ်တာပါပဲ ၊ သူ့ အထက် မှာ ၁၇ ၊ ၁၈ နှစ် လည်း ရှိတတ်တယ် ၊ လမ်း ပေါ် ရောက် တဲ့ ကလေး က ၁ဝ နှစ် ၊ ၁၁ နှစ် ဆို လမ်း ပေါ် ရောက်တာ ကိုး ၊ ဆရာကြီး ဆိုတဲ့ သူတွေ က အချုပ် တို့ ၊ ထောင် တို့ ရောက်ဖူးသူ များတယ် ”
“ ဆရာကြီး တွေ ခိုင်း တာ လုပ်ရင်း ကျွမ်းကျင် လာပြီး သူ လည်း အသက် အရွယ် ရတော့ ဆရာကြီး ဖြစ်လာတာ လား ”
“ ဒါကြောင့် ပလတ်စတစ် ကောက်တာ က ကလေးတွေ ပဲ ၊ ကြီး တဲ့ အထိ ဆက် မကောက်ကြဘူး ၊ ဆရာကြီး တွေ ဖြစ်သွား တော့ လူသစ် တွေ ကို ကြိုးကိုင် တယ် ၊ ဒါမှမဟုတ် တခြား နယ်ပယ် ကို ကူးသွားတယ် ”
လမ်း ပေါ် မှာ ပျော်ရတဲ့ ကလေးသူငယ်တွေ ကို ဘာကြောင့် ဆရာကြီး တွေ က သြဇာ ညောင်းရတာလဲ ကျွန်တော် တွေးတယ် ။ ဆရာတော် က ရှင်းပြ တယ် ။
“ လမ်း ပေါ် ရောက် လာတဲ့ ကလေးတွေ က သူတို့ အကြောင်းတွေ ကို ကျုပ် တို့ လာ ပြောရင် ဘယ်သူ က မှ ဂရုတစိုက် နား မထောင်ဘူး ၊ ရဲ လက် ဆွဲ အပ် ချင် အပ် လိုက်မှာ ၊ ဒါပေမဲ့ ဒီလို ကလေးတွေ လုပ်တာ ကို သေသေချာချာ နားထောင် တယ် ၊ အကြံပေးတယ် ၊ တစ်ဖက် လူ့ အဖွဲ့အစည်း က လက် မခံတဲ့ အခါ လက်ခံတဲ့ အဖွဲ့အစည်း ထဲ ကို အလိုလို ရောက် သွားတာပဲ ”
“ ဘယ်လို ကလေးမျိုးတွေ က လမ်း ပေါ် ရောက်ရတာ များသလဲ ”
“ မိဘတွေ အိမ်ထောင် ကွဲကြတယ် ၊ မိထွေး ၊ ပထွေး နဲ့ နေရတယ် ၊ ဒါမှမဟုတ် အဖေ က အရက် တအား သောက်တယ် ၊ သားသမီး ကို နှိပ်စက်တယ် ၊ ထွက်ပြေး လာတယ် ၊ လမ်း ပေါ် ရောက် သွားရင် တော့ မပြန်ချင်တော့ဘူး ”
ပလတ်စတစ် ကောက် တဲ့ ကလေးတွေ ရဲ့ ဘဝ အကြောင်း ကျွန်တော် မေးတယ် ။
“ ဒီကောင်တွေ မနက် ၃းဝဝ နာရီ ၊ ၄းဝဝ နာရီ လောက် အိပ်ရာ က ထ ကောက်ရတာ ၊ ည က ပစ်ထားတာတွေ ကောက် ရတာ ၊ ဒါထက် နောက်ကျ ရင် သူများ နှိုက် သွားတယ် ၊ ကောက် တိုင်းလည်း ရတာ မဟုတ်ဘူး ”
ဆရာတော် က လက်ဟန် နဲ့ ထမင်း စား တဲ့ ပုံစံမျိုး လုပ်ပြပြီး ဆက် ပြောတယ် ။
“ တစ်ခါတလေ အိပ်ရာ ထ နောက်ကျ ရင် ( ထမင်း စားဖို့ ) အခက်အခဲ ရှိတယ် ၊ အဲဒီ အခါမျိုး မှာ ဘယ် နေရာ ဘာ ရှိတယ် ချောင်းတယ် ၊ များသောအားဖြင့် သူတို့ ဒိုင်တွေ မှာ ရောင်းစား လို့ ရတဲ့ သံတိုသံစ လို ပစ္စည်းမျိုးတွေ ဆွဲ ပြီး ဗိုက် ကိစ္စ ရှင်းရတာပဲ ”
“ လမ်း ပေါ် မှာ ပလတ်စတစ် ကောက် တဲ့ ကလေးတွေ ရှိ သလို တောင်း တဲ့ ကလေးတွေ လည်း ရှိတာ တွေ့ရတယ် ”
“ တောင်းစား နေ တဲ့ ကလေး က တော့ စာ မသင်ချင် တော့ဘူး ၊ ပလတ်စတစ် ကောက်တဲ့ ကလေး က စာ သင်ချင်တယ် ၊ ပလတ်စတစ် ကောက် တဲ့ ကလေး ၊ တောင်းစား တဲ့ ကလေး အပြင် အလှူခံ အဖွဲ့ နဲ့ လိုက်တဲ့ ကလေး လည်း ရှိသေးတယ် ”
ဆရာတော် က ဒုစရိုက် မျိုးစုံ နဲ့ စည်ကား နေတဲ့ ရပ်ကွက် တစ်ခု အကြောင်း ကို ပြောပြတယ် ။ အဲသည် ရပ်ကွက် ထဲ က ကလေး မျိုးစုံ ထွက် တာ လည်း ပြောပြ တယ် ။
“ အဲဒီ ရပ်ကွက် နား မှာ ပဲ ဘကကျောင်း ( ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ) လည်း ရှိတယ် ၊ အရှင်ဘုရား အဲဒီ ကလေးတွေ ကို ကျောင်းခေါ် စာ သင်ပေး ပါလား လျှောက်တော့ လက် မခံဘူး ၊ ကလေးတွေ ကို မယုံဘူး ၊ ဒီတော့ စဉ်းစား တယ် ၊ ဒီ ကလေးတွေ ကို လက်ခံပြီး ပညာ သင်ပေးမယ့် နေရာ မရှိပါလားလို့ ”
လမ်း ပေါ် ရောက် သွားတဲ့ ကလေးတွေ ကိစ္စ ကို ကျွန်တော် နက်နက်နဲနဲ မစဉ်းစားဘူး ။ ဆရာတော် ပြော ပြ မှ စဉ်းစား မိတယ် ။ သူတို့ ကို လူ့ အဖွဲ့အစည်း က ကြဉ် ထားတာပဲ ၊ ကြဉ် ထားကြ ပြီး လူ့ အဖွဲ့အစည်း ကို ဆိုးကျိုး ဖြစ်တော့ ကျွန်တော် တို့ က သူတို့ ကို ပြဿနာကောင် တွေ လို့ တံဆိပ် ကပ်ကြတယ် ။
“ လမ်း ပေါ် ရောက်တဲ့ ကလေးတွေ ကို လူ့ အဖွဲ့အစည်း က လက် မခံတော့ သူတို့ က လက်ခံမယ့် ဒုစရိုက် ဘက် ကို ကူး သွားကြတယ် ၊ ဒီ သားကြော ကို ဖြတ်ရမယ် လို့ စဉ်းစားတယ် ”
ဆရာတော် က အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် စွဲကပ် ခံရသူတွေ ကို ပြုစု စောင့်ရှောက် ပေး နေလို့ စေတနာ့ ဝန်ထမ်းတွေ အဆင်သင့် ရှိတယ် ။
လမ်းပျော်ကလေးတွေ ကို ချဉ်းကပ် စည်းရုံး ခေါ်ယူ တဲ့ အကြောင်း ကို လည်း ပြောပြပါတယ် ။
“ သူတို့ က လူတွေ ကို အလွယ်တကူ မယုံတတ်ဘူး ၊ သံသယ ရှိတယ် ၊ နောက် တစ်ချက် က သူတို့ ခေါင်းဆောင် ကို ကြောက်ရတယ် ၊ စည်းရုံးရတာ တော်တော် တော့ ခက်ခဲတယ် ”
ဘယ်လောက် ခက်ခဲသလဲ ကျွန်တော် စဉ်းစား ကြည့်တယ် ။ ဆရာတော် က ပြောပြပါတယ် ။
“ လုပ်ရတာ ဘယ်လောက် ခက်ခဲသလဲ ဆိုတာ တိုင်းတာ ရ ရင် ရောက် ခါ စ ရှစ်လ လောက် က တော့ နေ့တိုင်း ဒီကောင်တွေ ဆီ က လက်နက် သိမ်းရတယ် ၊ ဓား တွေ ၊ သံချွန် တွေ လက်နက် မျိုးစုံ ဆောင် ထားတာ ၊ လမ်း ပေါ် နေ ရ တဲ့ ကလေး က လက်နက် နဲ့ ကင်းကွာပြီး မနေနိုင်ဘူး ၊ သူတို့ က အနည်းဆုံး ခွေးရန် ကြောက်ရတယ် ၊ ဒီနေ့ လက်နက် တစ်မျိုး သိမ်း ၊ နောက်နေ့ နောက် တစ်မျိုး ထပ် တွေ့ လို့ သိမ်း ”
ကလေးတွေ ရဲ့ တစ်နေ့တာ ကို လည်း ပြောပြပါတယ် ။
“ မနက် စောစော ပလတ်စတစ် ကောက် ပြီး ရင် ကျောင်း ကို လာကြ ၊ ရေမိုးချိုး ၊ သနပ်ခါးလိမ်း ၊ သန့်သန့်ရှင်းရှင်း နေ ၊ စာ သင် ချင် သင် ၊ အိပ် ချင် အိပ် ၊ သူတို့ ကို နေ့လယ်စာ ကျောင်း က ကျွေးတယ် ၊ ညနေ ၃းဝဝ နာရီ ကျ မုန့် တစ်ခု ကျွေးပြီး သူတို့ ပြန်ကြတယ် ၊ တစ်ပတ် သုံးရက် ဖွင့်တယ် ”
“ ညစာ ပဲ သူတို့ အတွက် လိုတော့မှာ ပေါ့ ”
“ ရွှေဘို မှာ ရွှေတောင် စားသောက်ဆိုင် ရှိတယ် ၊ သူတို့ က ဧည့်သည် စား လို့ မကုန် တဲ့ အကျန်တွေ ကို သန့်သန့်ရှင်းရှင်း စု ထားပြီး ညနေ ကျ စုပေါင်း ချက်တယ် ၊ ထမင်း ချက်တယ် ၊ ဒီလို ကလေးတွေ ကို ညနေစာ ကျွေးတယ် ၊ အစား အတွက် အဆင် ပြေ တော့ ဒီကောင် တွေ ကောက်ချိန် လျှော့ လို့ ရလာတယ် ”
“ ညအိပ် ညနေ တော့ မရှိဘူးပေါ့ ”
“ တစ်ပတ် သုံးရက် က နေ လေးရက် ဖွင့် ပေးတယ် ၊ ကလေး တချို့ က မပြန်ဘဲ ကျောင်းဝင်း ထဲ က ဘုရား ဘက် လာ အိပ်တယ် ”
“ သူတို့ အတွက် လုံခြုံတယ် ထင်မှာပေါ့ ”
“ ဒီကောင် တွေ က စည်းလွတ် ဘောင်လွတ် နေလာခဲ့တော့ ည ကျ ဆူတယ် ၊ ရပ်ကွက် က လည်း လန့် လာတယ် ၊ ဒီကောင် တွေ စုရုံး စုရုံး နဲ့ ဟုတ် မှ ဟုတ်ပါ့မလား ပေါ့ ၊ အိတ်ချ်အိုင်ဗွီ လုပ်တုန်း က တောင် ရပ်ကွက် က မလန့်ဘူး ”
လမ်းပျော်ကလေး တွေ ကို သူခိုးကြမ်းပိုး အဖြစ် ရပ်ကွက် က ထင်မြင်ပုံ ရတယ် လို့ ကျွန်တော် က ဆရာတော် ကို လျှောက်တယ် ။ ဆရာတော် က လူတွေ ရဲ့ အမြင် အကြောင်း ဆက် ပြော ပါတယ် ။
“ အသိ တစ်ယောက် က သူခိုးကြမ်းပိုးလေးတွေ လို့ သုံးနှုန်းတာ နဲ့ ရှင်းပြ လိုက်ပါတယ် ၊ သူတို့ သူခိုးကြမ်းပိုး မဟုတ်ပါဘူး ၊ ပလတ်စတစ် ကောက်တယ် ၊ ကောက် လို့ အဆင် မပြေဘူး ၊ တောင်းတယ် ၊ တောင်း လို့ မရဘူး ၊ ဘယ်လိုမှ တခြား နည်းလမ်း အဆင်မပြေ မှ ခိုးယူရတာ ၊ သူတို့ ခိုးတယ် ဆိုတဲ့ ပမာဏ က လည်း တစ်နပ်စာ ပါ ပဲ ၊ နှစ်နပ်စာ ခိုး တဲ့ ကောင် မတွေ့ဖူးပါဘူး ၊ ရတာ ကို လည်း အချင်းချင်း မျှ သုံးကြတယ် ၊ ကလေးတွေ ကို တော့ သူခိုးကြမ်းပိုး ခေါ် ချင်တယ် ”
ဆရာတော် က ရယ်မောပြီး ဆက် ပြောတယ် ။
“ တစ်ဆင့် တက် စဉ်းစား ရအောင် လို့ ၊ ရာထူး နေရာတွေ ယူ ထားတဲ့ လူတွေ ခိုးစား နေကြတာ ကို သေချာပေါက် သိနေပါ လျက် နဲ့ အဲဒီ လူတွေ အတွက် လည်း ဝေါဟာရ ရှာရ ဦးမယ် ၊ ကလေးတွေ ဘက် က ပြန် ပြောမယ့် သူ မရှိတော့ မြေနိမ့်ရာ လှံစိုက်တာပါ လို့ ပြော လိုက်တယ် ”
ကျွန်တော် နဲ့ ဆရာတော် တို့ က ဆရာကံချွန် ရေးသားပြီး မြို့တော် သိန်းအောင် ကပြ ခဲ့တဲ့ မြေနိမ့် သော်လည်း လှံစိုက်မခံ ပြဇာတ် အကြောင်း ကို ဆက် ပြောမိကြတယ် ။
“ သူတို့ ကို ကျောင်းစာ လည်း သင်ပေးတယ်လား ဘုရား ”
“ စာရေး စာဖတ် သင်တယ် ၊ မြန်မာစာ မြန်မြန် တတ်မယ့်နည်း နဲ့ သင် တယ် ၊ တဖြည်းဖြည်း နဲ့ လမ်းဘေး မှာ ရှိတာ အကုန် ဖတ် လို့ ရလာတယ် ၊ တကယ် နီးနီးကပ်ကပ် နေ ကြည့် တော့ သူတို့ မှာ ဝေါဟာရ များများ မသိဘူး ၊ နည်းနည်း လေး ပဲ သိတာ ၊ ဥပမာ နေ့ ဆိုရင် မနေ့ က ၊ ဒီနေ့ ၊ မနက်ဖြန် ဆိုတာမျိုး မသိဘူး ၊ စနေ ၊ တနင်္ဂနွေ တစ်ခု မှ မသိဘူး ၊ လ ဆို ဝေးရော ”
“ ဝေါဟာရ ကြွယ်အောင် ဘယ်လို သင်နည်း သုံးရလဲ ဘုရား ”
“ သူတို့ က တီဗွီ ကြည့် တအား သန်တယ် ၊ ဗီစီဒီသီချင်းခွေ ကို ဖွင့် နားထောင် ခိုင်းတယ် ၊ သီချင်းတွေ ဆိုရင်း ဆိုရင်း သီချင်း ထဲ က ဝေါဟာရတွေ သူတို့ ရ လာတယ် ”
“ ကလေးတွေ က တော့ ကျောင်းရိပ် ကို ခိုလှုံ ရတာ အဆင်ပြေ မှာ ပေါ့ ”
“ ကလေးတွေ က တော့ ကျောင်း လာ နေရတာ ပျော်တယ် ၊ ရေချိုးရတယ် ၊ သွားတိုက်ရတာ ကို သဘောကျတယ် ၊ သူတို့ ကို ကိုယ်ပိုင် သွားတိုက်တံလေးတွေ ပေးထားတာ ၊ နောက်ကျ တစ်ပတ်လုံး ကျောင်း ကို လာ နေကြတော့တာ ၊ ကိုရင် တွေ ဆွမ်းခံ လာ တာ ကျန်တာ စားနေတယ် ၊ ဟန်ကျ နေတာပေါ့ ”
ဆရာတော် က ရယ်မောတယ် ။
“ သနားစရာ ပါ ၊ သူတို့ ကိုယ် သူတို့ ကိုရင် ဝတ်ခွင့် ရှိတာ မသိဘူး ၊ ကိုရင် ဝတ် လို့ ရတာပေါ့ ဆိုတော့ ဝတ်ချင်တယ် တဲ့ ၊ ဝတ်ချင် ရင် တစ်လ ငြိမ်ငြိမ် နေ ရမယ် ၊ အပြင် မထွက်ရဘူး ၊ ပလတ်စတစ် မကောက်ရဘူး ၊ အရက် မသောက်ရဘူး ဆိုတော့ ကိုရင်ဝတ်ချင် လို့ ပေတေ နေတယ် ၊ ကိုရင် ဝတ် ပေး လိုက်တယ် ၊ သူတို့ ကိုယ်တိုင် လည်း ထူးခြား တာ ကို ခံစားရတယ် ”
ဘာတွေ ခံစားရသလဲ ။
“ ပလတ်စတစ် ကောက်တဲ့ ကလေး ဆိုရင် ရပ်ကွက် ထဲ က အိမ် ထဲ အဝင် မခံဘူး ၊ အိမ်ပေါက် ရပ် ရင် တောင် သံသယ နဲ့ ကြည့် တာ ခံရတယ် ၊ ကိုရင် ဖြစ် လာ တော့ အိမ် ထဲ အဝင် ခံတယ် ၊ စာကြွင်းစားကျန် မဟုတ်ဘူး ၊ စားဦး စားဖျား ကို လောင်းလှူတာ ခံရတယ် ၊ အဲဒီအခြေအနေ နဲ့ လိုက်လျောညီထွေ ဖြစ်အောင် သူတို့ ပြောင်းလဲ လာတယ် ၊ ဆဲ တာ ပြု တာ မရှိတော့ဘူး ၊ ရှိ ရင် သူတို့ ချင်း တိုင်တယ် ၊ ရပ်ရွာ က လည်း ကိုရင် ထွက်ရင် တောင် မှ သူတို့ ကို လိုလိုလားလား ဆက်ဆံ ခံရ တယ် ”
“ ဘာကြောင့် ကိုရင် လူ ထွက် ရတာလဲ ”
“ ဒီကောင် တွေ က ရိုးသားတယ် ၊ အရက် သောက် ချင် လို့ ၊ ကော် ရှူ ချင် လို့ ထွက်တယ် ”
“ ကော် ရှူတာ ပြန့်ပွား နေသလား ဘုရား ”
“ မန္တလေး က စီမံချက် နဲ့ ဖမ်းရင် ကျုပ်တို့ ဆီ ရောက် လာတယ် ၊ မန္တလေး လာ တဲ့ ကောင် တစ်ကောင် က စ လိုက်တာ ၊ ကော် ရှူတာ တော်တော် ပျံ့ကုန်တယ် ၊ ကော် ရှူ ရင် ကျောင်း မလာရဘူး လို့ ဆိုတော့ မလာတော့ဘူး ”
ကော် ရှူ တဲ့ ပြဿနာ ကလေး ထု ကြား မှာ တော်တော် ကြီးနေတယ် လို့ တွေး နေချိန် မှာ ဆရာတော် က ဆက် ပြောတယ် ။
“ ကော် ရှူရင် ကျောင်း မလာ နဲ့ ဆိုတော့ သူတို့ ပို ရှူဖြစ် သွားတယ် ၊ ဒါနဲ့ ကျောင်း ပြန် အလာ ခံ လိုက်တယ် ၊ ကျောင်း ထဲ မရှူရဘူး ဆိုတော့ ကျောင်း လာ တယ် ၊ ကျောင်းချိန် မှာ ကော်ဘူး အပ်တယ် ၊ ကျောင်း ဆင်း မှ ပြန် ယူတယ် ၊ ဒါပေမဲ့ ကော် ရှူတာ ကို သူတို့ အားနာ လာတယ် ၊ တခြား ကျောင်းသား တွေ ကို မရှူ နဲ့ ၊ ငါတို့ တော့ စွဲ နေပြီ လို့ ပြောတယ် ၊ တချို့က စမ်း ကြည့်ပါလား ပြောတာ လည်း ရှိတယ် ”
တယ် တော့ မလွယ်ပါဘူး လို့ တွေးမိတယ် ။
“ အားကစား လုပ်ပေးတယ် ၊ တခြား ကျောင်း နဲ့ ဘောလုံး ကန်တယ် ၊ ဘောလုံး ရှုံး တော့ မင်းတို့ ကော်သမားတွေ ကြောင့် လို့ အပြော ခံရတာ သူတို့ မကြိုက်ဘူး ၊ ကျောင်း ရှုံးတာ ငါတို့ ရှုံးတာပဲ လို့ ခံစားရတယ် ၊ ငါတို့ ဖြတ်မယ် ပေါ့ ”
“ ဖြတ် ဖို့ ကော လွယ်ပါ့မလား ”
“ နိုင်ငံခြား က ပညာရှင် အမျိုးသမီး တစ်ယောက် ကို မေးတော့ သူတို့ ကို ဘာ ဖြစ်လာနိုင်တယ် ဆိုတဲ့ အနာဂတ် အိပ်မက် တစ်ခု ပေးပါ ၊ မျှော်လင့်ချက် တစ်ခု ပေးပါ တဲ့ ၊ ဒါကြောင့် အသက်မွေးဝမ်းကျောင်းလေးတွေ တွဲ သင်ပေးတယ် ”
ကော် ဖြတ်တဲ့ ကလေး အကြောင်း ကို မေးပါတယ် ။
“ ကော် ဖြတ် တဲ့ ကလေး တစ်ယောက် က သူ ကြိုးစားရပုံ ကို ပြောတယ် ၊ သူ ကော် ဖြတ်တော့ ရေစုပ်စက်ကြီး နှိုးမယ့် အချိန် ကို အမြဲ စောင့်နေတယ် တဲ့ ၊ ဒီကောင် ဘာပါလိမ့် ပေါ့ ၊ ရေစုပ်စက်ကြီး နှိုး တော့ မီးခိုး ထွက်တာ ကို ရှူ မှ ယဉ်း ထ တာ ပြေ သတဲ့ ၊ တယ်တော့ မလွယ်ဘူး ”
အသက်မွေးဝမ်းကျောင်း သင်ပေးတာ ကို မေးလျှောက် ပါတယ် ။
“ လက်ဖက်ရည် ဖျော်တာ ၊ မုန့် လုပ်တာ သင်ပေးတယ် ၊ ခုဆိုရင် သူတို့ အိပ်မက် က ပိုကျယ် လာတယ် ၊ အရင်က သူတို့ ဒီ ကျောင်း လာ တက်တာ က အတွက် အချက် တတ်ချင် လို့ ၊ တွက်တတ် ချက်တတ် ရင် လက်ဖက်ရည်ဆိုင် မှာ စားပွဲထိုး လုပ်နိုင်မယ် ပေါ့ ၊ ခုတော့ တီးဆရာ ဖြစ်ဖို့ ၊ မုန့်ဆရာ ဖြစ်ဖို့ ၊ လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဖြစ်ဖို့ ၊ ဝပ်ရှော့ မှာ လုပ်ဖို့ ၊ သူတို့ နဲ့ ဆက်ဆံရတဲ့ ပလတ်စတစ် အတိုအစ ဒိုင် ဖြစ်ဖို့ ဆိုတာမျိုး ရည်မှန်းချက် ထား လာတယ် ၊ လူတွေ နဲ့ ဆက်ဆံတတ် လို့ ပုံမှန် လူသား တစ်ယောက် ဖြစ်လာတယ် ”
ကျွန်တော် ဝမ်းသာ မိ လာတယ် ။
လူ့ အဖွဲ့အစည်း ရဲ့ ဟို တစ်ဖက်စွန်း ကို ကျရောက် တော့ မယ့် သူတွေ ကို ဆယ်တင် ပေးတာ က အလွန် မွန်မြတ်ပါတယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ စုစည်းမှု ( ၈ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment