အခန်း - ၂၄
လေလေး က တဖြူးဖြူး တိုက်ခိုက် နေမှု ကြောင့် ရွာဦး က စေတီလေး ရဲ့ဆည်းလည်း လှုတ်ခတ်သံလေးတွေ တချွင်ချွင် ၊ ဘယ်လောက်များ သာယာနာပျော်ဖွယ် ကောင်းလိုက်လဲ ဗျာ ။ ဒါပေမဲ့ အဲဒီ သာယာ နာပျော်ဖွယ် တွေ ကို မခံစားနိုင်သူတွေ က တော့ ရွာ တစ်ရွာ ရဲ့ ညောင်ပင်ကြီး အောက် မှာ ရှိနေလေရဲ့ ။
“ တစ်လ ကျော်သွားပြီး ဘာ ဆက် လုပ်ရမလဲ ငါ့သား ”
“ သူတို့ ရွာ ကို သွား စုံစမ်းရင် မကောင်းဘူးလား ဖေဖေ ”
“ သူတို့ ရွာ ကို သွား ရင်တော့ မင်း ရော ငါ ပါ အသ,တ်ခံရ မှာ ကျိန်းသေတယ် ”
ဆေးပေါ့လိပ် ထုတ်ပြီး မီးညှိမယ် အလုပ် မျက်မှေး က
“ သူတို့ ရွာသား နဲ့ လိုက် ပြေးတာ ရော မဖြစ်နိုင်ဘူးလား ”
“ ဟ ဘယ်သူနဲ့ လိုက်လိုက် ငါ တရားခံကွ .. ငါ တရားခံ ”
“ အဖေ က ဘာဖြစ်လို့ တရားခံ ဖြစ်ရမှာလဲ ”
“ ငါ သွား ခေါ် ကတည်း က သူတို့ သမီး တစ်စုံတစ်ခု ဖြစ်ရင် ဓား နဲ့ ခုတ်သ,တ်မယ်လို့ ပြောထားတာကွ ... ဟီး ဟီး ”
ပြော လည်း ပြော ဦးမျက်ပြူး ငိုပါလေရော ။ မျက်မှေး က ဘာ လုပ်လို့ ဘာ ကိုင်ရမလဲ မသိ ။ ထိုစဉ်မှာ ပင် လူ တစ်ယောက် အထုပ် တစ်ထုပ် ထမ်းပြီး ညောင်ပင် အောက် ကို ဝင် လာပြီး ....
“ ‘ လ ’ နဲ့ စတဲ့ အလုပ် ‘ လ ’ အက္ခရာ ကြောင့် ကြီးပွားမယ် တဲ့ အခုတော့ မကြီးပွား တဲ့ အပြင် ‘ လ ... ခွီး ’ ဖြစ်ရပြီ ”
ညောင်ပင် ရဲ့ နောက်ကျောဘက် က အသံ ကြောင့် ငို နေသော ဦးမျက်ပြူး အငို တိတ် သွားပြီး သား ဖြစ်သူ မျက်မှေး ကို မေးငေါ့ ပြ လိုက်သည် ။ အဓိပ္ပါယ် က ‘ ဘယ်သူလဲ ’ ပေါ့ ။ မျက်မှေး က အသာလေး လေးဖက်ထောက် သွားပြီး ညောင်ပင် ကို ကျောပေး ထိုင်နေတဲ့ လူ ကို မသိမသာ သွား အကဲခတ် လိုက် တော့ ...
“ ဟာ ... ဦးကု,လား ”
“ ဟင် မျက်မှေး ... မင်း ... မင်းတို့ ... ”
“ ခင်ဗျား လို ပါပဲ ဦးကု,လား ရယ် .. ကျွန်တော် တူမလေး ပျောက်လို့ လိုက် ရှာရင်း ဒီ ရွာရောက်လာရတာပါ ဟီး ... ဟီး ”
ဦးကု,လား ရဲ့ စကား မဆုံးခင် ဦးမျက်ပြူး ဝင် လာပြီး ပြောရင်း ဦးကု,လား ဘေး ဝင် ထိုင်လိုက်သည် ။
“ ငါ က ပထမ မင်း နဲ့ လိုက် ပြေးတယ် ထင်တာ ငပြူး ရဲ့ ... ဒါပေမယ့် မင်း က လည်း ရှိနေ ... ပျောက်တာ က လည်း နှစ်ယောက် ဆိုတော့ ငါ စဉ်းစားရ ကျပ်သွားပြီ ”
“ ရက်စက်လိုက်တာ ဦးကု,လားရယ် ခင်ဗျား မို့ ကျုပ် သား ကို ထင် ရက်တယ် ... ဒီ ရုပ် ဒီ ရည် ဒီ မျက်နှာ နဲ့ ဒီ တစ်သက် မိန်းမ ရ ရင် ကံကောင်း ”
မျက်မှေး က တွန့်ခနဲ ဖြစ် သွားပြီး ဖခင် ဦးမျက်ပြူး ကို မကျေမချမ်း မျက်နှာ ဖြင့် ...
“ ကိုယ့် ကိစ္စ ကိုယ် ပြောကြပါဗျာ ... ခုဟာ က ကျုပ် ဟာ ကျုပ် အနေသာကြီး အဖေ့ ကိစ္စ ကြောင့် လိုက်နေရတာပါ ”
“ မင်း ငါ နဲ့ ရွာတကာ လိုက် နေတာ စိတ်ပါလို့ မဟုတ်ဘူး ဆိုတာ ငါ သိတယ် ... တစ်ရွာ မဟုတ် တစ်ရွာ မိန်းကလေး တစ်ယောက် လောက် ရလို ရငြား ဆိုပြီး လိုက်နေတာ မဟုတ်လား မျက်မှေး ”
ဦးကု,လား ရှေ့တည့်တည့် ကြီး မှာ အပြော ခံ ရတော့ မျက်မှေး ခမျာ မျက်နှာကြီး ရဲ ပြီး ...
“ တောက် ”
“ သောက်ကောင်မလေး ဆိုင် ဖွင့်တာ တစ်လ မပြည့်သေးဘူး လင် နောက် လိုက် ပြေးရတယ်လို့ ကွာ ”
“ ငါ့ သမီးတွေ ကော ဘာ ထူးသေးလဲကွ ... မျက်မှေး ရ ၊ ဆိုင် မှာ ပစ္စည်းတွေ ပဲ အဖတ်တင် ပြီး ကျန်ခဲ့တာ သူတို့ အားကိုး နဲ့ ဒီ ဆိုင် ဖွင့်တာ ။ အေးလေ ... ဗေဒင်ဆရာ ‘ လ ’ အက္ခရာ နဲ့ အကျိုး ပေးမယ် တဲ့ အခုတော့ ... အခုတော့ ”
ဦးကု,လား တရှုပ်ရှုပ် နဲ့ ငိုပါလေ ရော ။ ဦးကု,လား ငိုနေတာ ကို ကြည့် ပြီး ဦးမျက်ပြူး က ပါ ..
“ မင်း က တော်ပါသေးတယ် ... ကု,လားရယ် ဟီး ဟီး ရွှတ် ငါ့ မှာသာ ရှိစုမဲ့စုလေးတွေ နဲ့ ဒီ ကောင်မလေး ကို အဝတ်စားတွေ သွား ဝယ်ပေး ဟို ဟာ ပေါင် ဒီ ဟာ နှံ နဲ့ ဆိုင် အတွက် ပစ္စည်းတွေ ဝယ် ထည့် ပစ္စည်းတွေ က ပြန် ရောင်းလို့ ရပါသေးတယ် ကွာ ခု ဟာ က ခု ဟာ က အဟီး .. အဟီး ”
ဦးကု,လား က ဦးမျက်ပြူး ပခုံး ဖက် ပြီး ...
“ ခုဟာက ဘာဖြစ်လို့လဲ မျက်ပြူး ရဲ့ ”
“ ငါ့ တူမ ကို သူ့တို့ မိဘတွေ ဆီ က အထူး အာမခံ နဲ့ ခေါ်လာ တာကွ ... ငါ့ လက် ထဲ ရောက်မှ လင် ရတယ် ဆိုတော့ အဟီး ဟီး အမျိုး က အမျိုး ပဲ တဲ့ ဓားနဲ့ ခုတ်သ,တ်မယ် တဲ့လေ .. ဟေး ဟေး ”
“ ဒီ ကြား ထဲ ဟို ခွေးကော င်သောက်ရူး က မြို့က မုန့်ဆိုင် မှာ အကြွေးတွေ ဝယ် လာလို့ ခဏခဏ အကြွေးတောင်း ခံနေရတဲ့ မှ လေး .. ဟေး ဟေး ”
မျက်မှေး အသာ မှေး နေလိုက်တယ် ။ သူ့ မှာ အပြစ် ရှိတာကိုး ။ ဦးကု,လား သမီးတွေ မြို့တက် ပြီးဈေး ဝယ် ရင် မယောင်မလည် နဲ့ နောက် က လိုက် လိုက်သွားပြီး သူတို့လေး တွေ ကို ပိုးကြေးပန်းကြေး ဟို ဟာ ဝယ်ပေး ဒီ ဟာ ဝယ်ပေး ဈေးဖိုး ထဲ က မလောက် တော့ မုန့်ဆိုင် မှာ အကြွေး ယူ ။ သူ တစ်ဦးတည်း တင် မဟုတ် ဦးကု,လား ဆိုင် အတွက်ပါ စေတနာ ဗရပွ နဲ့ အကြွေး ယူ ပေး လိုက်သေးတယ် ။ အခုတော့ အခုတော့ အကြွေး ယူ ပေး ၊ လက်ဆောင် ပစ္စည်း တွေ ဝယ် ပေး တဲ့ မျက်နှာ မှ မကြည့် ဘယ်သူ ဘယ်ဝှာ နဲ့ လိုက် ပြေး မှန်း မသိ ။ ညီအစ်မ တစ်ဝမ်းကွဲ ပါ ပါ သွားတာ ။ အဲဒီလောက် ထိ မခံစားရဘူး ။ စီးပွား ပျက် တာ အဲလောက် မခံစားရဘူး ။
“ ကဲ ဦးမျက်ပြူး .. ဒီလို ထိုင် ငို နေလို့ ခင်ဗျားတို့ ကျုပ်တို့ ရဲ့ ကိစ္စ က မပြီးဘူး ... လာ ဒီ ရွာ မှာ လက်ဖက်ရည်ဆိုင် တော့ ရှိမှာ ပဲ ဘာမှ လည်း မစားရသေးဘူး ... စားသောက်ရင်း နည်းနည်း စုံစမ်းတာပေါ့ဗျာ ”
“ တောက် ... လက်ဖက်ရည်ဆိုင် ဖွင့်တဲ့ သူ က လက်ဖက်ရည်ဆိုင် မှာ အကြွေး သောက်ရမဲ့ ကိန်း ပေါက်နေပြီ ဟ ... သေချင်းဆိုး မျက်မှေး ရဲ့ ”
ဆိုပြီး ပြေးကန် လိုက်တော့ မှ ခိုင်ထူး ရဲ့ အဝေးဆုံး ဆိုတဲ့ သီချင်း အတိုင်း “ ဖုန်း ” ဆိုပြီး မျက်မှေး လွင့် သွားတယ် ။
“ ကဲပါဗျာ ... ကျုပ် ပဲ တိုက်ပါမယ် ... မျက်မှေး မထ နိုင် လည်း ညောင်ပင်စောင့်နတ် ကို မ ခိုင်း ... ငါ က တော့ ငါ့ ကိုယ် ငါ တောင် အနိုင်နိုင် ရယ် ”
နဂိုက မှ အပေါ် ဆယ်ချောင်း အောက် ငါးချောင်း မပြည့်ရ တဲ့ ကြား တဲ့ ဦးမျက်ပြူး ကန်ချက်ကြောင့် သွား တစ်ချောင်း ဘယ် ကျွတ်ထွက် သွားတယ် မသိဘူး ။ မျက်ပြူး သဲတွေ ဖုန်တွေ ကြား ထဲ လက် နှင့် စမ်းရင်း ကျန်နေခဲ့တယ် ။ ဒါတောင် မျက်မှေး က မလျှော့ဘူး ။ ကွဲ သွား တဲ့ ပါးစပ် က သွေးတွေ ကို သုတ်ရင်း ဦးကု,လား ပြောခဲ့တဲ့ ...
“ ညောင်ပင်နတ် ” ဆိုတဲ့ စကား ကို သွား ရှာရင်း တွေး လိုက်မိ တယ် ။ အဲဒါနဲ့ ဦးကု,လား တို့ခပ်လှမ်းလှမ်း အရောက် ညောင်ပင် ခြေရင်း ပြေးပြီး လက်အုပ် ချီ ကာ ဆုတောင်းလိုက်တာ က လှမ်း နေတဲ့ ဦးကု,လား နဲ့ ဦးမျက်ပြူး ခြေလှမ်းတွေ ပါ တန့် သွား ရပါတော့တယ် ။
မျက်မှေး ဆုတောင်းပုံ က ဗီဒီယိုဇာတ်ကား ပညာပေး ယင်လုံအိမ်သာ ထဲ က လို ဟိန်းမင်း ပုံစံ နဲ့ ...
“ မှန်လှပါ ... ရုက္ခစိုးမင်း ကျွန်တော် ဟာ ဦးကု,လား သမီး နှစ်ယောက်လုံး ကို ဘယ်သူ့ ကို ပဲ ရရ မေတ္တာစစ် မေတ္တာမှန် နဲ့ ချစ်ခဲ့ တာပါ .. သူတို့ ရုပ်ရည် သူတို့ ပိုင်ဆိုင်မှုတွေ ကို လိုချင်လို့ ချစ်တာ မဟုတ်ဘူး ... ဤ သစ္စာ စကား မှန်ကန်ပါ က ဟောဒီ ရွာ က စပြီး ရှေ့ လျှောက် ဘယ်ရွာ ရောက်ရောက် မိန်းကလေး ဆိုရင် ပြီးရော ... ဘယ် မိန်းကလေး နဲ့ ပဲ ဖြစ်ဖြစ် ချစ်သူ အဖြစ် ကျော်လွှားပြီး မြန်မြန်ဆန်ဆန် အိမ်ထောင် ကျရပါသား အရှင် ညောင်ပင်စောင့်ရုက္ခစိုး ခင်ဗျား ...” တဲ့ ။
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment