အခန်း - ၁၆
ရွာဦး က ဆရာတော်ကျောင်း မှ ကု,လားတက် ခေါက်သံ ကြောင့် ဦးမျက်ပြူး သတိရ လိုက်သည် ။ ဆိုင် ဖွင့်ရန် သား ဖြစ်သူ မျက်မှေး ကို နှိုးဦး မှ ...
“ တောက် တော်တော် အားကိုးရမဲ့ ကောင် .. အိပ် တော့ အရင် .. နိုး တော့ နောက် မှ ”
အဲဒီ အချိန် မှာ ပဲ ။ ဦးကု,လား အိမ်ဘက် မှ ..
“ လွှတ် .. လွှတ်နော် .. ”
“ ရှင်နှမချင်း မစာနာဘူးလား ... အော်လိုက်မှာနော် .. ”
“ ဟိုက် ... ဒါ ... ဒါ ... ကု,လား ရဲ့ သမီးတွေ အသံပဲ ”
ကမန်းကတန်း မျက်မှေး ကို ပြေး နှိုးရတော့တယ် ။
“ ဟေ့ကောင် ... မျက်မှေး ထစမ်း ... ထစမ်း ”
“ ဘာလဲ အဖေ ရာ ... ဆိုင် ဖွင့် ဖို့ က အစောကြီး ရှိပါသေးတယ် ”
“ ဟကောင် က ဆိုင် ဖွင့်ဖို့ မဟုတ်ဘူး .. ဦးကု,လား သမီးတွေ ဖွင့် ဖို့ ... အဲလေ ကောင်မလေး တွေ အိမ် အနုကြမ်း စီး နေလို့ကွ ... ”
“ ဟင် .. ဟုတ်လား ”
ဦးကု,လား အသံ ကြား လည်း နှိုးမရ ။ သူ့ သမီးတွေ အသံ ကြား မှ ငေါက်ခနဲ ထ ထိုင်သည် ။ ခုတင် ခြေရင်း က ဓား ပြေး ဆွဲပြီး သူ့ အဖေ ကို
“ အဖေ တစ်ခု ခု ကိုင် ခဲ့လေ ... ဟိုက လူ များလား လူ နည်းလား မသိဘူး .. မတည့်တာတော့ မတည့်တာပေါ့ ... ဒါပေမဲ့ တစ်ရွာတည်းသားတွေ ပြီးတော့ .. အိမ်နီးချင်းတွေ စည်းလုံးရမယ်လေ ... ”
တွေဝေ နေတဲ့ ဦးမျက်ပြူး မီးဖိုချောင် က ထင်း ခုတ်တဲ့ ဓားပြ အဲ ဓားမ ဆွဲပြီး သားအဖ နှစ်ယောက် ခါးထောင် မြှောင်အောင် ကျိုက်ပြီး ဦးကု,လား ခြံဘက် ကို ရောက် သွားတယ် ။
“ ဟား .. ဟား မကြောက်နဲ့ လေ .. ကိုယ့် အလှည့် ကျ မှ သေမှာ ကြောက်နေလား ... ဟေ့ လူကြီး မိုက်ရင် ထွက်ခဲ့စမ်းပါ ”
“ ဒါ ဦးကု,လား ကို စိန်ခေါ်နေတာပဲ ဖြစ်ရမယ် အဖေ ... ကဲ တစ်ပြိုင်တည်း ဝင်မယ် .. ”
ပိတ် ထားသော ခြံတံခါး ကို ဓားမ နဲ့ ခုတ်ချ လိုက်ပြီး ...
“ ဟေ့ကောင်တွေ .. ဟင် ”
အိမ် ပေါ် တက်ရန် အလုပ် တံခါး ပွင့် လာပြီး မတ်တတ်ရပ် သူ က ဗလ ဒီကောင် လက်ထောက်ချ တာ ပဲ ဖြစ်ရမယ် ဟု မျက်မှေး တွေး ပြီး ဗလ ကို ဓား နဲ့ လှမ်း ခုတ်မယ် အလုပ် ...
“ အမလေး .... ကိုမျက်မှေး လက်လွန်မယ်နော် ”
အကြီးမကြီး ရဲ့အော်သံ ကြောင့် လူတွေ ဝရုန်းသုံးကား နဲ့ ဦးကု,လား အိမ် ထဲ က ထွက် လာကြတယ် ။
“ သား သတိထား အရမ်း မလုပ်နဲ့လေ ... ဥပဒေ ရှိတယ် ”
သား ဖြစ်သူ ကို ဆွဲထား ပြီး နှစ်ကိုယ်ကြား လေသံ နဲ့ ပြောလိုက် တော့ မျက်မှေး ဓား ကို တဆ ဆ လုပ်ပြီး ...
“ ဆောင်းဟေကို ...ဒီကောင် နင့် ကို ဘာလုပ်လဲ ... ပြော စမ်း ...ဟိတ် အထဲ က ဓားပြတွေ မပြေးနဲ့ နော် ... တရားဥပဒေ ဆို တာ ပြေး မလွတ်ဘူး ကွ ”
အဲဒီ အချိန် မှာ ဦးကု,လား က အိပ်ရာ ထဲ က ထ လာပြီး ဦးမျက်ပြူး တို့ သားအဖ ဓား ကိုယ်စီ နဲ့ အိမ်ရှေ့ မှာ တွေ့ လိုက်ရတော့ ...
“ ဟိတ်ကောင် ... စီးပွားပြိုင် လို့ မရတော့ .. ဘာလဲ ငါ့တို့ သားအဖတွေ ကို သ,တ်မယ်ပေါ့ ... ဟုတ်လား အေး ... ကု,လားတဲ့ တစ်ကု,လားပဲ ရှိတယ် ”
“ ဝုန်း ” ဆိုပြီး အိပ်ခန်း ထဲ ပြေး ဝင်ကာ ဓား ဆွဲပြီး ထွက်လာတော့ ဗလ အပါအဝင် အလုပ်သမားတွေ က ...
“ ဟာ ... ဦးလေး လွန်မယ်နော် ... ”
“ အဖေ ... အဖေ မလုပ်ပါနဲ့ အဖေ ရယ် ”
ဦးမျက်ပြူး က ...
“ အံမယ် ... ချက်ချင်း ကို ကျေးဇူး ကန်း တော့တာပဲ ... ဟေ့ကောင် ကု,လား ... မင်း နဲ့ မသ,တ်ချင်ဘူး ... ငါတို့ ရွာ ကို ကျူးကျော်လာ တဲ့ ဓားပြတွေ နဲ့ ပဲ သ,တ်ချင်တယ် ... ဘယ်မလဲ ဓားပြတွေ .. ”
“ ဟုတ်တယ် .. ဟိတ်ကောင်တွေ ထွက်ခဲ့ ”
အဲဒီမှာတင် ဗလ က တစ်ခု ခု တော့ မှားနေပြီ ဆိုတာ စဉ်းစားမိ လိုက်တယ် ။
“ ဦးမျက်ပြူး ဘယ်က ဓားပြတွေ ကို ပြောနေတာလဲ ”
“ ဘယ်က ဓါးမြ က မှာ လဲ ... ကု,လား အိမ် ကို တိုက်တဲ့ ဓားပြ တွေ လေ ”
သည်တော့မှ ဦးကု,လား လည်း သက်ပြင်း ချပြီး နီးစပ်ရာ ကု,လားထိုင် ဝင် ထိုင်ပြီး ဗလ ကို ...
“ ဟိတ်ကောင် ဗလ သူ တွေ့ ချင်တဲ့ ဓားပြ ... ပြ လိုက်လေ ... ကိုပြူး တက်ခဲ့ ... ”
ဦးမျက်ပြူး နဲ့ သူ့ သား မျက်မှေး က “ ဘာလဲဟ ” ဟူသော အတွေး ကိုယ်စီ နဲ့ ဓား ကို ကျစ်ကျစ်ပါအောင် ဆုတ် ထားပြီး အိမ် ပေါ် တက် လိုက်တော့ ဗလ က ...
“ ဟိုမှာ လေ.. ဓားပြ က အဲဒီ ကောင် ပဲ ”
“ ဟင် ... ကျော်ရဲအောင် ဒါ ... ဒါဖြင့် ”
ဦးကု,လား က ခွက်ထိုးခွက်လှန် ရယ်ပြီး ...
“ ကောင်းတယ်ဟေ့ ... တခြား နေရာတွေ မှာ သာ အပြိုင် ဖြစ် ပေမယ့် ရပ်ရေးရွာရေး မှာ တော့ အိမ်နီးချင်း ပီသတယ် ...”
“ ဘယ်ကလာ ဓားပြ က မှာလဲ ကျုပ် မနေ့ က မြို့ က လူကြုံ နဲ့ မှာ လိုက်တဲ့ တီဗွီအောက်စက်တွေ ကောင်း မကောင်း စမ်းသပ် နေတာ ပါ ... ကျော်ရဲအောင် ပါတဲ့ မိုက်ရင်ထွက် ခဲ့ဆိုတဲ့ ဗီဒီယိုကား လေ ... ဟား ဟား ”
ဦးမျက်ပြူး နဲ့ မျက်မှေး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လိုက် မိတယ် ။ ဦးကု,လား ရဲ့ မဖိတ်မခေါ် ဘဲ နဲ့ မိမိတို့ ဘာသာ သူ့ အိမ် ထဲ မှာ အရှက် ကို ကောင်းကောင်းကြီး အခွဲ ခံလိုက်ရပြီ ။
“ အမလေး .. ကိုမျက်မှေး ရယ် ခါးထောင်ကျိုက် ဖြုတ်လိုက် ပါတော့ ... ခြေသလုံးတွေ ၊ ပေါင် တွေ မြင်ရတာ ၊ ဖားကင် တောင် မစား ချင်တော့ဘူး ”
“ ဒီ ကား က ခု မှ ထွက်တာ ကြည့်ချင် ရင် ထိုင်လေ ... စက် က အသစ်စက်စက်ဗျ ”
ဦးမျက်ပြူး နဲ့ သား မျက်မှေး ချာခနဲ လှည့် ထွက်သွားတယ် ။
“ တောက် အဖေတို့ က လည်း ဗျာ ... ဗီဒီယို ဇာတ်လမ်း မှန်း မသိ .. ဓားပြ မှန်း မသိ ... ”
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment