❝ အရောင်လွင့် ပန်းတံတား ❞
“ ပျော်ရာ မှာ မနေရ ၊ တော်ရာ မှာ နေရ ၊ မတော်တရော်တွေ လုပ် နေရ ၊ အဲဒါ ကျုပ်ဘဝ ” လို့ ပဲ ဟစ်လိုက် ချင်မိတော့တယ် ။
စိတ်ညစ်ပါတယ် ။ ပူရ အိုက်ရ တဲ့ အထဲ ၊ လည်ပင်း မှာ ကြိုး တစ်ချောင်း ပတ် ချည်ပြီး တွဲလောင်း ချ လိုက်တယ် ။ ကြောင်လျှာသီး ဆိုတဲ့ ဟာပေါ့ ။ နောက်...... ကုတ်အင်္ကျီ ဆိုတဲ့ ဟာကြီး အပေါ် က ထပ် ဝတ် လိုက်တယ် ။
ပူပါတယ် ဆို မှ ။
အောက်ခံ ဘောင်းဘီ ကျပ်ကျပ်လေး တစ်ထည် ဝတ် ခိုင်းတယ် ။ ပုဆိုး နဲ့ လွတ်လွတ်လပ်လပ် နေ ရတာ ကြည့် မရဘူး ထင် ။
“ အဲဒါ မဝတ်လို့ မရဘူးလားဟင် ” လို့ ဈေး ဆစ် မိတယ် ။
“ မဝတ်ရင် တော့် ဟာ က .... မပြောလိုက်ချင်ဘူး ”
ကျုပ် မိန်းမ မယ်ရမ်းတင် ရဲ့ ဟောက် သံ ကြောင့် အသာ ငြိမ် လိုက်တ ယ် ။ နောက် ဘောင်းဘီခြေရှည် ဆိုတဲ့ ဟာကြီး ကို ဝတ် ခိုင်းတယ် ။
“ မင်း ဘောင်းဘီ က ချောင် နေပါလားကွ ၊ ကျွတ် ကျလို့ အရှက် ကွဲနေပါဦး မယ် ”
စိတ်ညစ်ညစ် နဲ့ သားကြီး ကို အပြစ် ရှာ ပြောလိုက်တယ် ။
“ အဖေ က လည်း ၊ ဘာမှ နားမလည်ဘဲ နဲ့ မဝတ်ဖူး မှန်း သိပ် သိသာ တာပဲ ၊ ခါးပတ် ပတ်ရဦးမယ် ”
ဆိုပြီး ဘောင်းဘီကွင်းတွေ ထဲ သားရေပြား တစ်ချောင်း ထည့် တွယ် ပေးလေရဲ့ ။ ဟင်း တော်ပါသေးရဲ့ ။ နောက် ခြေအိတ် ဆိုတဲ့ ဟာ ခြေ ထောက် မှာ စွပ် ခိုင်းတယ် ။ ဂြိုဟ်သားဝတ်စုံတွေ များ လား မသိဘူး ။ တစ်ခါ မှ မဝတ်ဘူး တဲ့ ဟာတွေ အတင်း ဝတ်ခိုင်း နေတော့တယ် ။ အိုက် မယ့် အရေး ပြေး တွေးမိပြီး
“ ငါ ခြေညှပ်ဖိနပ်နဲ့ သွားလို့ မရဘူးလားကွ ” ညဉ့်ဦးယံ လေပြည်အေး နဲ့ အသနား ခံမိတယ် ။ မယ်ရမ်းတင် မျက်စောင်း ဒိန်းခနဲ လာ မှန်တော့ တယ် ။
“ မရဘူး အဖေ ရ ၊ ဘယ် သင့်တော်ပါ့မလဲ ”
သမီးကြီး က ကျုပ် ကို လေအေးလေး နဲ့ ပြော ရှာတယ် ။
ရှေ့ဆက် အတွန့် မတက် ရဲ တော့ ။ ရှူး လား ၊ ဘိုး လား မသိဘူး ၊ ဖိနပ် အနက် တစ်ရံ ကောက် စွပ်လိုက်ရ ပြန်တယ် ။
“ အောင်မယ် ... ဒီလို ဆိုတော့ လည်း တော် က ခန့်ချောကြီးပါလား ”
“ နဂို ရှိ လို့ နကိုင်း ထွက်တာပေါ့ ကွာ ”
ကျုပ် စွာစွာလေး ပြန် ပြော လိုက်တော့ မယ်ရမ်းတင် ပါးစပ် ရွဲ့ သွား လေရဲ့ ။
“ ရော့ ... လည်ပင်း မှာ ဆွဲ ပြီး အင်္ကျီ အောက် ထဲ ထည့်ထား ၊ အိပ် လည်း မဖြုတ် နဲ့ ၊ စား လည်း မဖြုတ်နဲ့ ”
ဆိုပြီး ရှုံ့အိတ် တစ်လုံး လည်ပင်း မှာ ဆွဲထား ပေးတယ် ။
“ သားသား ... အီအီး ပါလည်း ဆွဲထားမယ်နော် မာမီ ”
ကျုပ် ရွဲ့ပြီး ပြော လိုက်တော့ မယ်ရမ်းတင် ကျုပ် ကို ဘုကြည့် ကြည့်တယ် ။
သားကြီး နဲ့ သမီးကြီး က ရယ်တယ် ။
အိတ်ရှုံ့လေး ထဲ မှာ အနီရောင် စာအုပ် တစ်အုပ် ရှိတယ် ။ စာအုပ်လေး ထဲ က စာလုံး တွေ ၊ တံဆိပ်တုံး တွေ ၊ လက်မှတ် တွေ က ဝင် ဖို့ ခက်တယ် ဆို တဲ့ နိုင်ငံခြားမြေ မှာ ကျုပ် ကို ခြေချ ခွင့် ပေးထားလေရဲ့ ။
မြစ်ဝကျွန်းပေါ် အရပ်ဒေသ ၊ ရွာ တစ်ရွာ က ရွှံ့ပေ နေတဲ့ ခြေထောက် တစ်စုံ ဟာ ရှုးဖိနပ်ကြီး စီး ပြီး ဓနနိုင်ငံ အဝင် ခရီး စ ပေတော့မယ် ။
••••• ••••• •••••
ကျုပ် ရွှေမြို့တော် ရောက် တဲ့ အချိန် က စပြီး လုပ်ရမယ့် ဟာတွေ ၊ မလုပ်ရမယ့် ဟာတွေ ကူးထည့် ထား တဲ့ မှာတော်တမ်း သတိပေး ဓာတ်ပြား ဟောင်းကြီး နားဆင် ခဲ့ရတာ ကျုပ် ကို ကျုပ် တောင် ပြန် သနား မိသေး ။
မူကြို စ တက်မယ့် ကလေး တောင် ကျုပ် လောက် အမှာ မခံရဘူး ။ သတိ ပေး မခံရဘူးဆို ... ယုံ ။
လေယာဉ် ပေါ် ရောက် မှ ပဲ အသက် ပြင်းပြင်း ရှူ မိတော့တယ် ။ အားလုံး မယ်ရမ်းတင် မွှေး တဲ့ မီး ။
ပြောရဦးမယ် ။ ကျုပ် မိန်းမ မယ်ရမ်းတင် က ကျုပ် ကို ‘ ကိုတောပျော် ’ တဲ့ ။ ပတ်စပို့ ထဲ က နာမည် က ကိုတောကျော် ၊ တော မှာ နေတဲ့ ကျုပ် ကို ခနဲ့ တာ ။ ကျုပ် က လည်း သူ့ ကို မယ်ရမ်းတင် မခေါ်ဘူး ။ မယ်မြို့ခင် လို့ ခေါ်တယ် ။ နယ်လု နေကြတာတွေ မဟုတ်ပါဘူး ။
ကျုပ် က တော မှာ ဓာတ် ကျတယ် ။ သူ က မြို့ မှာ ပျော်တယ် ။ ဒါပေမဲ့ ... အဟီး .. ပြောရမှာ ရှက်မိပါရဲ့ ။
“ မောင် လွမ်းရင် ... လှေငယ် နှင့် ငါး တင်ခဲ့လေး .... မယ် လွမ်းရင် သောင်ပြင် က အလေးချိန်ခွင် ပိုက် လို့ မျှော်လိုက်မယ်လေး ” ဆိုလား ။
ကျုပ် လွမ်းရင် ပွဲရုံ အတွက် ကုန်ပစ္စည်းတွေ မော်တော် ပေါ် တင်ပြီး ရွှေမြို့တော် ဆီ တက် တော့တယ် ။
မယ်ရမ်းတင် လွမ်း ရင်တော့ ...
“ ကိုတောပျော် ... ပစ္စည်းတွေ လာ မပို့သေးဘူးလား ၊ ဒီမှာ ပြတ်တော့ မယ် ” ဆိုကာ လူကြုံ ၊ စာကြုံ ပါး လိုက်လေရဲ့ ။
ပစ္စည်း က ပြတ် စရာလား ။ ကျုပ် သိတာပေါ့ ၊ သူ လွမ်းပြီ ဆိုတာ ။ ရှိ တဲ့ ပစ္စည်းလေးတွေ ကျုံးတင် ၊ ရေကြောင်း က မော်တော် မောင်း လို့ ရွှေပြည်တော် အဝင် ခရီး စက်ကုန် ဖွင့် နှင်ရတော့တယ် ။
ဆန်ပွဲရုံ ၊ အုန်းသီး ၊ ကွမ်းသီး ၊ ကွမ်းဆေး ၊ ထုံးပွဲရုံ နှစ်ခု မှာ မယ်ရမ်းတင် ၊ သားကြီး နဲ့ သမီးကြီး ရှိတယ် ။ ဂျပန် မှာ သားလတ် ၊ သားငယ်နဲ့ သမီးလေး ရှိတယ် ။ ကျုပ် က တော့ မော်တော် နှစ်စင်း ၊ ခြံ နှစ်ခြံ နဲ့ တော မှာ ။ အိမ်ထောင်စုဇယား ဆိုပါတော့ ။ သား သုံးယောက် ရှိတယ် ။ သုံးယောက် စလုံး စွာ သလားပဲ ။ သားကြီး က ပွဲရုံ နှစ်ရုံ ရဲ့ မီးရထားစက် ခေါင်းမောင်း တဲ့ သူ ဆို မယ်ရမ်းတင် က ဂါတ်ဗိုလ် ၊ သမီးကြီး က လက်မှတ်စစ် ၊ မယ်ရမ်းတင် ပြောတာ ။
သားလတ် က ဂျပန် မှာ ကွန်ပျူတာ ဆရာ လုပ်နေတယ် တဲ့ ။ ပြီးခဲ့တဲ့ လ က ကျုပ် နဲ့ သားလတ် ဖုန်း ပြောကြတော့ ကျုပ် မသွားချင် လို့ အကြောင်းပြချက် “ မင်းတို့ ဟာ အဝေးကြီး ကွာ ၊ မလာချင်ပါဘူး ” လို့ ပြောမိတယ် ။
“ ကမ္ဘာကြီး က ကျဉ်းကျဉ်းလေး ဖြစ်သွားပြီ အဖေ ရ ၊ ခု ကမ္ဘာရွာ လို့ တောင် ခေါ်နေကြတာ ”
ကွန်ပျူတာ ဆရာ က ကျုပ် ကို ဂလို ပြောတယ် လေ ။ ဟင်း ... သူ က သာ ကျဉ်း နေတာ ၊ ကျုပ် မှာ ပစ္စည်း ရဖို့ အနီး ပတ်ဝန်းကျင် ရွာ တွေ လိုက် ရတာ ခြေတို နေပြီ ။ ကျဉ်း ပေ လို့ ပဲ ။
သားငယ် က တော့ ဂျပန်စာ နှစ်နှစ် တက်ပြီး ဂီတကျောင်း တက် နေ တယ် ဆိုလား ။ ဂျပန် မှာ တီးဝိုင်း ထောင် ထားတယ် တဲ့ ။
အဖေ့ ခြေရာ နင်းမယ့် သားတွေ မဟုတ်ဘူး ။ အဖေ ထက် တော် တဲ့ အဖေ့ ခြေရာ ကျော် မယ့် သားတွေ ၊ ကြွားလုံးတွေ ပါးစပ် က ထွက် မလာ အောင် ကျုပ် ထိန်းထား နိုင်ပေမဲ့ သားတွေ ရဲ့ အောင်မြင်မှု ကို တော့ ဂုဏ်ယူ ဝင့်ကြွား ပြောမိတော့တယ် ဗျာ ။
အားကိုးဂုဏ်ယူ ရမယ့် သား တွေ ။ အင်း .. သမီးတွေ က တော့ အကြီးမ က ပွဲရုံ အလုပ် လိုလို ၊ အိမ် အလုပ် လိုလို နဲ့ သူ့ အမေ နား ကပ် နေလေရဲ့ ။
ဂျပန် က အငယ်ဆုံးမ က တော့ ဘာမှ လုပ်တယ် မကြားမိပါဘူး ။
••••• ••••• •••••
ဖုတ်သွင်းရထား ဆိုက် လို့ သာ တက် ထိုင် လိုက်ရတယ် ။ ကျုပ် အလုပ် နဲ့ ကျုပ် အားတာ မဟုတ်ဘူး ဆို ။ ဖုတ်သွင်းရထား ကျုပ်ဆီ လမ်းညွှန် လိုက်တာ မယ်ရမ်းတင် ၊ စီစဉ်သူ က ဂျပန် က သား နှစ်ယောက် ။
ပြီးခဲ့တဲ့ နှစ် က မယ်ရမ်းတင် လေ ၊ သူ့ သားသမီးတွေ ခေါ် လို့ ဂျပန် အလည် သွားလေ ရဲ့ ။ ကိုယ့် ဘာသာ ကိုယ် ယိုးဒယားပြန် အမာစိန် ၊ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း တို့ ကို အားကျလို့ ဂျပန်ပြန် မယ်ရမ်းတင် လုပ် ရ တော်ပြီ ပေါ့ ။ ဟုတ်ဘူး ၊ ကျုပ် ကို ပါ ဂျပန်ပြန် ကိုတောကျော် ဖြစ်အောင် မ တာ လေ ။
ကြွားချင်တာ ပဲ သိတယ် ။ ကျုပ် မှာ အလုပ် ပျက် အကိုင် ပျက် နဲ့ ၊ နော က် ကျုပ် နဲ့ မအပ်စပ်တဲ့ နေရာဒေသ မို့ တောကျီးကန်း ကြယ်ငါးပွင့် ဟိုတယ်ကြီး ရဲ့ မင်္ဂလာ အခန်းအနား ထဲ ပြုတ်ကျ သလို ဖြစ်တော့မယ် ။
ဂျပန် က ပြန်လာတော့ လည်း ဘာ ထူး သွား မှာ မို့လဲ ။ ပို ချောလာတယ် ဆို လည်း ထားပါတော့ ။ ကျုပ် အတွက် တော့ မထူးခြား အကျိုး မရှိတဲ့ ခရီး ဖြစ်ပေရော့မယ် ။
သူ့ အမေ ပြန် လာပြီး ကတည်း က စကား စ ခေါ် နေတာ ပုစဉ်းရင်ကွဲ အော် နေ သလိုပဲ ။ မနားတော့ဘူး ဆို ။ ကျုပ် လည်း တောက်လျှောက် ငြင်း လာတာ ။ တစ်ရွာလုံး က ကျုပ် ကို “ ငြင်းရက်နိုင်သူကြီးရယ် ” ဆိုပြီး အံ့သြ ထူးဆန်းတဲ့ အကြည့်တွေ နဲ့ ။ နောက်ဆုံး မသွားမချင်း နားငြီး နေရ မှာ မို့ ၊ အကြည့်ခံ နေရမှာ မို့ ထွက်တော်မူ ရွာ က ခွာခဲ့ ရတော့တယ် ။
ဟင်း .... တော်ပါသေးရဲ့ ။
အင်္ဂလိပ်စာ ၊ ဘိုစာ ဆို ဘီအိုစီ ၊ ဘီပီအိုင် ၊ ထွေးညို အဲ... ပြောတော့ ... ဘီအီး ၊ ဂျပန်စာ ဆို တိုရိုတာ ၊ မာဇဒါ ၊ ဖူဂျီ လောက် ပဲ သိတဲ့ ကျုပ် ၊ ကျုပ်သား သူငယ်ချင်း အပြန် ကပ် လိုက်ခဲ့ရလို့ ။ နောက်မို့ ဆို တောကျီးကန်း ၊ ကုက္ကိုင်း ရေကူးကန် ထဲ ပြုတ်ကျ သလို ဖြစ်တော့မယ်ထင် ။
••••• ••••• •••••
လွန်ခဲ့တဲ့ တစ်နှစ် ကျော် က သူ့ အမေ ကို ပြန် ပို့တဲ့ သားငယ် ရဲ့ မျက်နှာ ၊ ခု လေဆိ ပ်မှာ ကျုပ် ကို လာ ကြို နေတာ တွေ့လိုက်ရ တော့ ဝမ်းသာ သွားမိတယ် ။
မယ်ရမ်းတင် ပြောတဲ့ ဂီတပညာရှင်ကြီး ဖြစ်မယ့် ကောင်လေ ။ အသားတွေ ဖြူ လို့ ၊ နုပျိုတက်ကြွ နေတဲ့ ဟန် နဲ့ ။ မမြင်ဖူးသေး တဲ့ သက်ရှိသက်မဲ့ တွေ ၊ မကြားဖူးသေး တဲ့ အသံတွေ ကို ကျော်ဖြတ်ပြီး ငါးထပ်တိုက်ကြီး ရဲ့ အခန်း တံခါးဝ မှာ ရပ် လိုက်ကြ တော့တယ် ။
သားငယ် တံခါးသော့ ဖွင့် ဝင်ရင်း ...
“ မိငယ် ရေ ၊ အဖေ လာ ပြီဟေ့ ” လို့ အော် လိုက်လေရဲ့ ။ အော်သံ အဆုံး ကိုးနှစ် လောက် မတွေ့ခဲ့ ရ တဲ့ သားကြီး ရဲ့ မျက်နှာ ၊ ငါးနှစ် လောက် ပျောက်ကွယ် ခဲ့ရတဲ့ သမီးငယ် ရဲ့ မျက်နှာ ကို တွေ့ လိုက်ရတယ် ။
ဝမ်းသာမှု ဟာ ပြော မပြ နိုင်အောင်ပါပဲ ။ အရေး ထဲ မသွားချင် လို့ ငြင်း ခဲ့ မိတာ နောင်တရနေသေး ။ သားကြီး လည်း ဝဝဖြိုးဖြိုး နဲ့ အသားတွေ ဖြူ လို့ ... သမီးငယ် က တော့ အသားတွေ ဖြူ ပေမဲ့ နည်းနည်း ပိန် သွား သလိုပါပဲ ။
သားအဖ လေးယောက် ရဲ့ မနက်စာ ထမင်းပွဲ ဟာ စကား ပြောသံ ၊ ရယ် သံ ၊ ပျော်ရွှင်မှုတွေ နဲ့ ဖုံးလွှမ်း နေတော့တယ် ။
••••• ••••• •••••
ထမင်း စားသောက်ပြီး သားကြီး က ကွန်ပျူတာ သင်တန်း သွားမယ် ။ သားငယ် က သီချင်းတိုက် ဖို့ စတူဒီယို ဆိုလား ... ကျုပ် ကို ပြောဆို နုတ်ဆက် သွားကြလေရဲ့ ။
“ သမီးတို့ ဒီနေ့ အလုပ် မရှိဘူးလား ”
ထမင်းပွဲ သိမ်းဆည်း ဆေးကြော နေတဲ့ သမီးငယ် ကို မေး လိုက်မိတယ် ။
“ သမီးတို့ အားလုံး တနင်္ဂနွေနေ့ အလုပ် နားကြတယ် အဖေ ။ အစ်ကိုလတ် နဲ့ အစ်ကိုငယ် က တော့ နား လည်း မနားကြရပါဘူး ။ ကိုလတ် က ကွန်ပျူတာသင်တန်း ဖွင့် ထားတော့ တနင်္ဂနွေ နေ့တိုင်း သွား သင်နေရတ ယ်လေ ။ ကိုငယ် က လည်း ရှေ့လထဲ သူတို့ အဖွဲ့ ပွဲ ရှိလို့ အပတ်တိုင်း စတူဒီယို ဝင် နေရတယ် ”
“ သမီးငယ် က ရော ၊ နားရက် မှာ ဘာမှ မလုပ်ဘူးလား ”
“ အဟင်း ... အစ က တော့ ဂျပန်စာသင်ကျောင်း သွား တက်သေးတယ် ။ နောက်တော့ အိမ် မှာ အလုပ်တွေ ရှိတာနဲ့ မသွားဖြစ်တော့ပါဘူး အဖေ ”
“ သမီး အစ်ကို ကွန်ပျူတာသင်တန်း က တက်တဲ့ သူတွေ အများကြီးလား ”
“ ဖွင့်စ တုန်း က တော့ များ တယ် ။ ခုတော့ တစ်ဝက် လောက် ပဲ ရှိတော့ တယ်တဲ့ ။ အလုပ် က တစ်ဖက် ၊ နားတဲ့ ရက်လေး မှာ ဝါသနာ ပါ လို့ လုပ်ကြပေမဲ့ ကြာတော့ လည်း မလုပ်နိုင်ကြတော့ပါဘူး ။ အိမ် အလုပ် က လည်း ရှိသေးဆိုတော့ ”
“ အင်း .. ဟုတ်တာပေါ့ ၊ ဒါနဲ့ သမီး တို့ တစ်ပတ် မှာ တနင်္ဂနွေ တစ်ရက် ပဲ နားကြရတာလား ”
“ အစ်ကိုလတ် က တစ်ဆိုင်တည်း မှာ ပဲ အချိန်ရှည် လုပ်တာ ။ စနေ ၊ တနင်္ဂနွေ နှစ်ရက် နားရတယ် ။ ကိုငယ် က တော့ မနက်ပိုင်း ကျောင်း တက် နေတော့ ညပိုင်း အလုပ် တစ်ခု ပဲ ။ သူ က တနင်္ဂနွေ တစ်ရက် ပဲ နား ရတယ် ။ သမီး မနက် မနက် အလုပ် က တနင်္ဂနွေ တစ်ရက် နား ရပါတယ် ။ ည အလုပ် က စနေ ၊ တနင်္ဂနွေ နှစ်ရက် နားတယ် ။ အများစု ကတော့ တနင်္ဂနွေ နား ကြတာ များ ပါတယ် ။ ကြားရက် နား ရတဲ့ သူတွေ လည်း ရှိ တာပေါ့ အဖေ ”
“ သမီး အလုပ် က ဘာတွေ လုပ်ရလဲဟင် .. ပင်ပန်းလား ”
“ မနက်ပိုင်း အလုပ် က ဟိုတယ် အခန်း သန့်ရှင်းရေး လုပ်ရတယ် ။ ညပိုင်း ကျ တော့ စားသောက်ဆိုင် မှာ စားပွဲထိုး ပေါ့ အဖေ ။ ပင်ပန်းတယ် လည်း ဟုတ်ပါဘူး ။ ဒီလိုပဲ လုပ်နေကျ ဆိုတော့ ”
“ ဟင် ... စားပွဲထိုး လုပ်ရတယ် ဟုတ်လား ”
“ ဟုတ်တယ် အဖေ ၊ မြန်မာ မိန်းကလေး အများ စု စားပွဲထိုး အလုပ် လုပ် ကြတယ် ။ ဒီမှာ စားပွဲထိုး အလုပ် လုပ်ရတာ မကောင်းတဲ့ အလုပ် မဟုတ်ပါဘူး ။ ဂျပန်မလေးတွေ ၊ ကျောင်းသူလေးတွေ လည်း လုပ် နေကြ တာ ။ တချို့လည်း ဟိုတယ် တွေ ၊ စားသောက်ဆိုင် တွေ ၊ စက်ရုံတွေ မှာ လုပ်ကြပါတယ် ”
“ အလုပ် ထဲ မှာ ရော အဆင်ပြေရဲ့ လား ”
“ အင်း ... ဒီလိုပဲ ပေါ့ အဖေ ရယ် ၊ လူပေါင်းစုံ နဲ့ ဆက်ဆံ နေရတာ ဆို တော့ ကောင်း တဲ့ လူ ရှိ သလို မကောင်း တဲ့ လူ လည်း ရှိ တာပေါ့ ။ ဆိုင်ပိုင်ရှင် ၊ မန်နေဂျာ ၊ စားဖိုမှူး ၊ အလုပ်သမားတွေ ကောင်းတဲ့ အလုပ်ဆိုင် ရှိ သလို မကောင်းတဲ့ အလုပ် ဆိုင် တွေ လည်း ရှိတာပေါ့ ။ သည်းခံနိုင်တဲ့ အတိုင်းအတာ အထိ သည်းခံ ၊ ပြန် ပြော သင့် ပြော ၊ နောက်ဆုံး ထွက် လိုက်ရုံ ပေါ့ ။ လာ စားတဲ့ ဧည့်သည် တွေ က တော့ များသော အားဖြင့် နိုင်ငံကြီး သား ပီသကြပါတယ် ။ အဲ ... ညဘက် လာတဲ့ ဧည့်သည် တစ်ယောက် တလေ သာ မူး လာရင် ရစ်တာ တို့ ၊ ထိကပါးရိကပါး လုပ်ချင်တာ တို့ ၊ တစ်ခါတလေ ကြုံရတတ်တယ် ”
“ ဟင်... ဒါဆို ၊ သမီးတို့ သည်းခံ နေရတာပဲလား ”
“ မသိချင်ယောင် ဆောင် နေရတာပေါ့ ။ သိပ် လွန် လာရင်တော့ ပြန် ပြော ကြတယ်လေ ။ ကိုယ် က အနေ မှန် ဖို့ ပဲ အရေးကြီးပါတယ် ”
“ အင်း ၊ သမီးတို့ ဟာ က လည်း မလွယ်ပါလား ”
“ ဒါက တစ်ယောက် တလေ ပါ အဖေ ။ ဂျပန်တွေ နဲ့ အဆင် မပြေတာ ထားတော့ ။ တစ်ဆိုင် တည်း လုပ်တဲ့ ကိုယ့် လူမျိုး အချင်း ချင်း တောင် မတည့်တာတွေ ၊ မနာလိုတာတွေ ၊ အနိုင်ကျင့် ချင်တာတွေ ခဏ ခဏ ကြားနေ ရတယ် ”
“ ဟေ ... ဟုတ်လား ”
“ ဟုတ်တယ် အဖေ ... ဒီမှာ က ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်နိုင်တယ် ဆိုပြီး ဘာမှန်း မသိတဲ့ မာနတွေ နဲ့ လေ ”
ဟင်း ... ကျုပ် မထင်မှတ်တာတွေပါလား ။ သမီးငယ် ပန်းကန်ဆေး ၊ သိမ်းဆည်း ရင်း နဲ့ စကား ကောင်း နေကြတာ ။ ကျုပ် သူတို့ ဘဝ စဉ်းစား ရင်း သက်ပြင်း အသာ ချ လိုက် မိတယ် ။
“ အဖေ ... ပန်းသီး စားပါလား ” ဆိုပြီး ပန်းသီးစိတ် တွေ ထည့် ထားတဲ့ ပန်းကန် စားပွဲ ပေါ် အသာ ချ လိုက်လေရဲ့ ။
“ သမီးတို့ အိမ်လခ ဘယ်လောက် ပေးရလဲ ”
“ ယမ်း ဆယ်သောင်း ပေးရတယ် အဖေ ၊ ဘာဖြစ်လို့ လဲ ”
“ ဘာမှ မဖြစ်ပါဘူး သမီး ၊ ဒါနဲ့ အိမ်လခ မောင်နှမတွေ ဘယ်လို ပေးကြလဲ ”
“ အိမ်လခ ၊ ရေဖိုး ၊ မီတာခ ၊ ဂတ်စ်ဖိုး ၊ အိမ်ဖုန်းဖိုး အားလုံး ပေါင်းပြီး ကျ သလောက် မျှပေး ကြတာပေါ့ ။ တစ်ယောက် ကို တစ်လ လေးသောင်း လောက် တော့ ရှိမှာ ပေါ့ အဖေ ။ ဒီမှာ များသော အားဖြင့် တစ်ယောက် လေးသောင်း လောက် ပါပဲ ”
“ သမီး ... အဖေ ကြားဖူးတာ တိုကျိုမြို့ ဟာ ကမ္ဘာ ပေါ် မှာ စရိတ် အကြီးဆုံး မြို့တဲ့ ၊ သမီး တို့ ရ လာတဲ့ လခ နဲ့ ရော စုမိကြရဲ့ လား ”
“ အချိန် ကို အလုပ် တစ်ပိုင်း တည်း လုပ် လို့ က တော့ လောက်တောင် မလောက်ဘူး ။ အစ်ကိုလတ် အလုပ် က အချိန်ရှည် ဆိုတော့ စု မိပါတယ် ။ အစ်ကိုငယ် က တော့ ကျောင်းလခ နဲ့ အလုပ် က တစ်ပိုင်း တည်း ။ နောက် သူ့ ဂစ်တာပစ္စည်းတွေ ဝယ်တာ နဲ့ ဆိုတော့ သူ့ အိမ်လခ သမီး စိုက် ပေးရ တာ များ တယ် ။ သမီး လည်း နည်းနည်းပါးပါး တော့ စုမိပါတယ် အဖေ ”
“ အင်း ... ဒီ မှာ ငွေ ရှာရတာ သက်သက်သာသာလေး ပဲ လို့ အဖေ ထင် နေတာ ။ ဒီမှာ လည်း မလွယ်ပါလား သမီး ရယ် ”
“ ဒီလိုပါပဲ အဖေ ရာ ၊ ပင်ပင်ပန်းပန်း ရှာ လို့ ရပေမဲ့ တစ်လ နဲ့ တစ်လ အလျင် မမီ လို့ ပြတ် နေတဲ့ သူတွေ လည်း အများကြီး ပဲ ။ အဖေ ရေချိုး ပြီး အိပ် လိုက်ပါလား ၊ လေယာဉ် ပေါ် အိပ်ရေး ပျက် လာမှာ ပေါ့ ”
“ အေးအေး ၊ ခဏ နေ ချိုး တာပေါ့ ၊ သမီး လည်း နားဦး လေ ”
“ သမီး က ကိစ္စ မရှိပါဘူး ။ အိမ် ရှင်း ၊ အဝတ် လျှော် ပြီးမှ ပဲ နားတော့မယ် အဖေ ”
••••• ••••• •••••
သမီးငယ် အိမ် ရှင်း နေတုန်း ကျုပ် သား နှစ်ယောက် အခန်း ထဲ ဝင် ကြည့်မိတယ် ။ ဟင် ဒီလို အခန်းမျိုး ဘယ်မှာ မှ ရှာလို့ တွေ့နိုင်လိမ့်မယ် မထ င် ။ ကွန်ပျူတာ ပစ္စည်းတွေ က တစ်ဖက် ၊ ကက်ဆက် ၊ ဆောင်းဘောက် ၊ အောက်စက် ၊ တီဗွီ ၊ ဂစ်တာ ၊ ဘာမှန်း မသိတဲ့ စက်ပစ္စည်းတွေ က တစ်ခြမ်း မှာ အခန်း တစ်ဝက် လောက် နေရာ ယူ ထား လေရဲ့ ။
ဝါသနာ ပါတဲ့ ဟာတွေ ဆိုတော့ ထား ပါတော့ ။ တား လို့ မှ မရတာ ။ ရှုပ်ပွ နေတဲ့ အိပ်ရာ နှစ်ခု ၊ အဝတ်ခြင်း ထဲ က အဝတ်တွေ ၊ ဗီရို ထဲ မှာ လည်း ရှုပ်ပွ နေလေ ရဲ့ ။ အိပ်ရာ ဘေး နံရံ မှာ လည်း တန်းလန်း ရေပုလင်း ၊ အအေးဘူး ၊ စားစရာတွေ ဆိုတာ လည်း ဟို တစ်ခု ၊ ဒီတစ်ခု ။
ဒီလို အခန်းမျိုး ကြွက် မြင်ရင် ငိုမယ် ။
“ သမီး ... သမီး အစ်ကို နှစ်ယောက် အခန်း က အမြဲ ဒီလိုပဲလား ”
“ သမီး ... မရှင်းရသေးလို့ ပါ အဖေ ။ အဖေ ဘာသိလို့ လဲ ၊ ဒါ တိုကျို စတိုင် လေ ”
“ ကောင်းကွာ ၊ ဖြစ်သလို နေ ၊ ဖြစ်သလို စား တာ တိုကျိုစတိုင်လား ဟဲ့ ”
“ အစ်ကိုလတ် ပြောတာပဲ အဖေ ၊ တိုကျို က ဂျပန်လူငယ် အများ စု ရဲ့ အခန်း က ဒီလိုပဲ တဲ့ ၊ စာအုပ် တောင် ယူ လာ ပြသေးတယ် ”
“ ကြုံဖူးပေါင် ဗျာ ၊ ထားပါတော့ ။ သမီး က ဘယ်မှာ အိပ်တာလဲ ”
“ သမီး က ဒီ အခန်း လေ ၊ အခန်း က ကျဉ်း ပေမဲ့ သမီး တစ်ယောက် တည်း အတော်ပဲ ”
ကျုပ် သမီး အခန်း ကို အဝ က ကြည့် လိုက်မိတယ် ။ အိပ်ရာ ၊ အဝတ် စားတွေ ၊ အလှပြင် ပစ္စည်းတွေ သူ့ နေရာ နဲ့ သူ သေသေသပ်သပ် ရှိ နေလေ ရဲ့ ။ သမီးငယ် သူ့ အစ်ကို တွေ အခန်း ထဲ ဝင်ပြီး အဝတ်တွေ ယူ လာ တာ တွေ့ လိုက်ရတယ် ။
“ အဖေ ရေ ချိုးလိုက်ပါလား ၊ အဖေ့ စွပ်ကျယ် နဲ့ အင်္ကျီ တစ်ခါ တည်း လျှော် လိုက်မယ် နော် ၊ သမီး ကို ပေး ”
“ အေး အေး ... ”
သမီးငယ် ကျုပ် ကို မျက်နှာသုတ်ပဝါ ၊ ရေလဲ ပုဆိုး ယူ ပေးပြီး ဖုန်စုပ် စက် တစ်လုံး နဲ့ သန့်ရှင်းရေး လုပ် နေလေရဲ့ ။ ကျုပ် ရေချိုး ပြီး ပြန် ထွက် လာတော့ သူ့ အစ်ကိုတွေ အခန်း ထဲ ဝင် ရှင်း နေတာ တွေ့ လိုက်ရတယ် ။ ကျုပ် ရောက် ကတည်း က အိမ် အလုပ်တွေ ကို ဇယ်စက် သလို လုပ်နေတာ ။
“ သမီး ... မနားသေးဘူးလား ဟဲ့ ၊ နားပါဦးလား ”
ကျုပ် အမြင် မတော်တာ နဲ့ သမီးငယ် ကို ပြောလိုက်မိတယ် ။
“ ရပါတယ် အဖေ ၊ သမီး လုပ်နေကျပါ ။ ပိတ်ရက် မှ မလုပ် ရင် နောက် ရက် တွေ လုပ်နိုင်တော့ မှာ မဟုတ်ဘူး အဖေ ”
ကျုပ် .. သက်ပြင်း အသာ ချ လိုက်မိတယ် ။
••••• ••••• •••••
ကျုပ် အိပ်ရာ က နိုး တော့ သမီးလေး မတွေ့ ။ သား နှစ်ယောက် ရဲ့ အခန်းထဲ ကြည့် မိတော့ အံ့သြ သွားရတယ် ။ ရှင်းလင်းပြီး ပစ္စည်းတွေ က သူ့ နေရာ နှင့် သူ စနစ်တကျ တိုးလိုးတွဲလောင်း လည်း မတွေ့ တော့ အဝတ်ပုံကြီး လည်း မရှိတော့ ။ တိုကျိုစတိုင် မဟုတ်တော့ဘူး နဲ့ တူတယ် ။
ခဏ ကြာ တော့ သမီးလေး အထုပ်တွေ နဲ့ ပြန် ရောက် လာတယ် ။
“ အဖေ နိုး နေပြီလား ၊ ဗိုက် ဆာရင် တစ်ခု ခု စားပါလား ။ ကော်ဖီ သောက် မလား ဟင် ”
“ မဆာပါဘူး သမီး ၊ သမီး ဘာတွေ သွား ဝယ်တာလဲ ”
“ ဟင်းချက်စရာ သွားဝယ်တာပါ အဖေ ”
သမီးလေး ဟင်း ချက် ဖို့ ပြင်ဆင် နေတာ တွေ့ နေရတယ် ။ ကျုပ် အိပ် နေတုန်း ရေမိုး ချိုးပြီး ဈေး သွားဝယ်တာ ဖြစ်မယ် ။ ခုထိ နားရဦးမယ် မထင် ။
“ နေ့တိုင်း ဒီလိုပဲ ချက် နေရတာလား သမီး ”
“ နေ့တိုင်းတော့ မချက်ရပါဘူး အဖေ ၊ ပိတ်ရက် နဲ့ ကြားရက် က တော့ တစ်ရက်ခြား စီ လောက်ပေါ့ ။ အစ်ကိုငယ် မနက် ကျောင်း က ပြန် လာပြီး ထမင်းစား တတ်လို့ ပါ ။ သမီးလည်း မနက် အလုပ် ပြီး တစ်ခါတလေ ပြန်လာ စားလို့ ပါ ”
သမီးလေး ချက်ပြုတ် နေရင်း အဝတ်တွေ ရုတ်လိုက် ၊ လှန်း လိုက် နဲ့ တစ်ချက် မှ နားတာ မတွေ့ရသေး ။ အင်း .. ငါးနာရီ တောင် ထိုးတော့ မှာ ပါလား ။
သမီးငယ် ရဲ့ နားရက် တစ်ရက် ဟာ ဒီလိုပဲ အမြဲ ကုန်ဆုံး သွား လေ ရော့ ထင် ။ ညနေ ၆ နာရီ လောက် မှာ ကွန်ပျုတာဆရာ သားလတ် ပြန် လာတယ် ။ သင်တန်း ပြီး သူငယ်ချင်းတွေ နဲ့ လက်ဖက်ရည်ဆိုင် ထိုင် နေ တာ ၊ နောက် မှ အဖေ ရောက် နေတာ သတိရ ပြီး ဖြတ် ပြန်လာရတယ် ဆိုပဲ ။
ကျုပ် ကို သူ့ ကွန်ပျူတာ သင်တန်း အကြောင်း ၊ ဝယ်ထားတဲ့ ပစ္စည်း တွေ ၊ မြန်မာပြည် ပြန် ရောက်ရင် သင်တန်း လည်း ဖွင့်မယ် ၊ လုပ်ငန်း လည်း လုပ်မယ် ဆိုတဲ့ အနာဂတ် စီမံကိန်းတွေ ပြောပြတယ် ။
နောက် ကျုပ် မမြင်ဖူးတဲ့ မြန်မာပြည် နဲ့ ကမ္ဘာတစ်ဝန်း က ပုံတွေ ၊ စာတွေ ၊ အသံတွေ ဖွင့် ပြတယ် ။ ကျုပ် တောသား မို့ အံ့သြ မိတာ မဆန်းပါ ဘူး ။ ဆန်းတာ က သူ ပြောပြ ၊ ဖွင့်ပြ လည်း ပြီး ရော ကျုပ် စိတ် ထဲ တစ်မျိုးကြီး ဗျာ ။
မအီမလည်ကြီး လို့ ပဲ ပြောရတော့မယ် ။
ခုနစ်နာရီ လောက် မှာ သားတော်မောင် အငယ် ဂစ်တာ တစ်လုံး နဲ့ ပြန် လာလေ ရဲ့ ။ ကျုပ် နား လာ ထိုင်ပြီး သူတို့ ဝိုင်း က အတိတ် မှာ ဘယ်လို ကြိုးစားခဲ့တာ ၊ ပစ္စုပ္ပန် မှာ အောင်မြင် နေတာ ၊ ... အနာဂတ် မှာ မြန်မာပြည် ပြန် ပြီး ဒီ လူတွေ နဲ့ တီးဝိုင်း ထောင်မယ် ။ ထူးချွန် တဲ့ ဂစ်တာသမား တစ်ယောက် ၊ အနုပညာရှင် တစ်ယောက် ဖြစ်အောင် လုပ်မယ် ဆို တာတွေ ပြောပြတယ် ။
နောက် ဓာတ်ပုံ အယ်လ်ဘမ်တွေ ယူ လာပြီး ဂျပန် မှာ ဖျော်ဖြေ နေတဲ့ ပုံတွေ ၊ မြန်မာပြည် က နာမည်ကြီး အဆိုတော် ၊ မင်းသား ၊ မင်းသမီးတွေ နဲ့ ဖျော်ဖြေ နေပုံတွေ ကျုပ် ကို ထုတ်ပြတယ် ။
ဒါကြောင့် မယ်ရမ်းတင် က ဒီ သားမောင် နှစ်ယောက် အကြောင်း ဂုဏ်ယူ ဝင့်ကြွားစွာ နဲ့ ပြောခဲ့တာ ကိုး ။ မယ်ရမ်းတင် ပြော တုန်းက ကျုပ် လည်း ဝမ်းသာဂုဏ်ယူ မိတာ အမှန်ပါ ။
အင်း ... ခုတော့ ။ ကျုပ် စောစော က ခံစား နေရတဲ့ မအီမလည်ကြီး က ခု ထိ မအီမလည် ဖြစ်နေတုန်း ။
••••• ••••• •••••
လူ စုံ တော့ သား နှစ်ယောက် ရေမိုး ချိုး ပြီး သမီးငယ် ပြင် ထားတဲ့ ထမင်းပွဲ မှာ အဆင်သင့် ဝင် ထိုင် စားကြတော့တယ် ။
ထမင်း စားရင်း သား နှစ်ယောက် ပြောဆို နေတာတွေ ကို အလိုက်သင့် ပြန် ပြော ၊ နားထောင် နေရပေမဲ့ ကျုပ် အမြင် အာရုံ မှာ ထမင်းဟင်း ၊ ရေနွေး လို သလို ထည့်ပေး ၊ ယူပေး နေတဲ့ သမီးငယ် ရဲ့ လှုပ်ရှားမှုတွေ မြင် နေရလေ ရဲ့ ။
ထမင်း စားပြီး ပန်းကန်တွေ ယူ ၊ သိမ်းဆည်း ဆေးကြော နေတဲ့ သမီးငယ် ၊ ထိုင်ရာ မထ ရေနွေးကြမ်း သောက် ရင်း လက်စ မသတ်နိုင် ပြောနေ ကြတဲ့ ကျုပ် နဲ့ သားတော်မောင် နှစ်ယောက် ။
မနက် ထမင်းဝိုင်း နဲ့ ည ထမင်းဝိုင်း ကြား အချိန်မှာ ကျုပ် ဘာလုပ် နေ လဲ ၊ သားတော်မောင် နှစ်ယောက် ဘာ လုပ်နေလဲ ၊ သမီးငယ် ဘာ လုပ်နေ လဲ ။ ဟင်း .. တစ်ခု ခု တော့ မှား နေပြီထင်ရဲ့ ။
••••• ••••• •••••
မယ်ရမ်းတင် လာ တုန်းက နှစ်လ လောက် နေခဲ့တာ ဘယ်လို နေခဲ့လဲ တော့ မသိ ။ ကျုပ် မှာ တစ်နေ့ တစ်နေ့ အိပ်လိုက် ၊ စားလိုက် ၊ စာအုပ် ဖတ် လိုက် အလုပ် ပဲ လုပ် နေရလေ ရဲ့ ။ အပြင် လည်း မထွက်ချင် ။
ဗုဒ္ဓဟူးနေ့ က တော့ သားလတ် ခွင့် ယူပြီး လိုက် ပို့ လို့ ကမားကူးရားဘုရား ရောက်ခဲ့တယ် ။ ဖူးခဲ့ရတယ် ။
ကျုပ် သား နှစ်ယောက် နဲ့ သမီး မနက် အလုပ် ထ သွားလိုက် ၊ ကျောင်း သွားလိုက် ၊ ပြန်လာ လိုက် ၊ ပြန် ထွက် သွားလိုက် ၊ ည ပြန် လာပြီး အိပ် လိုက် လုပ်နေတာတွေ ထိုင် ကြည့် ဖို့ ဂျပန် ရောက် လာ သလိုပါပဲ ။
ရောက် ပြီး တစ်ပတ် မပြည့် ခင် မှာ ပဲ သူတို့ ဘဝ ကို အတော် သိနားလည် ဖြစ်ခဲ့ရတော့တယ် ။
အလုပ် လုပ်ရင်း ဝါသနာ ပါတဲ့ ကွန်ပျူတာပညာ ကို လေ့လာ သင်ကြား နေတဲ့ သားကြီး ၊ ည အလုပ် က ပြန် လာတာ နဲ့ ကွန်ပျူ အရင် ဖွင့် တော့တယ် ။ ကွန်ပျူတာ မျက်နှာပြင် ပေါ် က ပြောင်းလဲ သွားတာတွေ ကြည့်ရင်း အိပ်ချိန် ရောက် လာတော့ တီဗွီ မျက်နှာပြင် ပေါ် ရောက် သွားပြီး တစ်နေ့ တာ ပြီးဆုံး သွားတော့တယ် ။
သားငယ် က တော့ ကျောင်း သွား ။ နေ့လယ် ပြန် လာ ။ ထမင်း စား ။ ည အလုပ် ပြန် သွားလေရဲ့ ။ ည ပြန် လာတော့ ဂစ်တာ တစ်လုံး ၊ ဖုန်း တစ်လုံး ၊ စာအုပ် စာရွက်တွေ နဲ့ အလု ပ်ရှုပ်နေ ပြီး တစ်နေ့ တာ ပြီးဆုံး သွားလေ ရဲ့ ။
မနက် ၈ နာရီ လောက် ကတည်း က အမှိုက်ထုပ် ဆွဲ ထွက် သွားတဲ့ သမီးငယ် နေ့ခင်း ပြန်လာတော့ ဟင်းချက်စရာ ၊ အိမ် အတွက် လိုအပ်တာ တွေ ဆွဲ လို့ ။ သိမ်း စရာ ရှိ တာ သိမ်း ။ ဟင်း မ ရှိရင် ဟင်းချက် ။ ရေမိုး ချိုးပြီး ပြန် ထွက် သွားတော့တယ် ။ ည အလုပ် က ပြန်လာတော့ ဖိနပ်ချွတ် မှာ တောင် တစ်ဖက် ၊ မြောက် တစ်ဖက် ချွတ်ချင် သလို ချွတ် ထား တဲ့ ဖိနပ်တွေ စီပြီး ဝင် လာတယ် ။ သိမ်းစရာတွေ သိမ်း ၊ မီးပူတိုက် ၊ ဘုရားပန်း လဲ ၊ သောက်တော်ရေ ကပ် ၊ ဆီမီး ကပ် ၊ ဘုရား ရှိခိုး ၊ မီး ခလုတ် ၊ ဂတ်စ် ခလုတ် ၊ အိမ်သော့တွေ ပိတ် မပိတ် လိုက် စစ် ။ နောက်ဆုံး မနက်ဖြန် ပစ် ရမယ့် အမှိုက်ထုပ် တံခါးဝ မှာ အဆင်သင့် ချ ထားပြီး အခန်း ထဲ ဝင် သွား တော့တယ် ။ ကျုပ် သက်ပြင်း အသာ ချ လိုက်မိတော့တယ် ။ တံခါးဝ နား မှာ အသင့် ချ ထားတဲ့ အမှိုက်ထုပ် သမီးလေး ထက် စောပြီး ကျောင်း သွား တက်ဖို့ အိမ် က ထွက်တဲ့ အငယ်ကောင် မျက်စိ လည်း အကောင်း ၊ ခြေတွေလက်တွေ လည်း အကောင်း ၊ ဘာဖြစ်လို့ ဒီ အမှိုက်ထုပ် ကို ယူ မသွား ရတာလဲ ။ ကိုယ် နဲ့ မဆိုင်ဘူး လို့ များ ထင်မှတ် နေတာ လား ။ ငါ မလု ပ်ရင် ငါ့ ညီမလေး လုပ်ရမှာ ပါလား ဆိုတဲ့ အသိ မရှိကြပါလား ။
ကိုယ် သက်သာ ရင် ပြီးရော ဆိုတဲ့ စိတ် နဲ့ နေသာ သလို နေ တတ်ကြပါ လား ... အင်း ... ဒီလိုပုံ ... ဒီလို အချိုး နဲ့ မိုးကြီး ချုပ် ရင် ဖြင့် ။
••••• ••••• •••••
အစ က တော့ ကျုပ် နှစ်ပတ် လောက် နေ မလို့ ပါပဲ ။ တနင်္ဂနွေ နေ့ ပြန် ဖို့ ဆုံးဖြတ် လိုက်တယ် ။
မယ်ရမ်းတင် နှစ်လ လောက် နေပြီး ပြန် လာတော့ ကွန်ပျူတာဆရာ သားလတ် နဲ့ ဂီတသမား သားငယ် တို့ ရဲ့ အကြောင်း တွေ ဂုဏ်ယူ ဝင့်ကြွား ပြောဆို ခဲ့ပေတယ် ။ သမီးငယ် ရဲ့ အကြောင်း ကို တော့ ထူးထူးခြားခြား ဘာမှ မပြောခဲ့ ၊ မကြားခဲ့ ရ ။ ကျုပ် ပြန် သွား ရင်တော့ သား နှစ်ယောက် နဲ့ သမီးငယ် အကြောင်း မယ်ရမ်းတင် ကို ပြောပြရဦးမယ် ။
ကျုပ် အဖေ က ကျုပ် ကို ကိုယ်ချင်းစာ စိတ် ထားရှိဖို့ ၊ ကိုယ့် အတွက် ပဲ ကိုယ် မကြည့်ဖို့ သွန်သင် ဆုံးမ ခဲ့တာ မဟုတ် ။ ကျုပ် က လည်း ကျုပ် သား တွေ ကို တစ်ကိုယ်တော် စိတ် မထားဖို့ ၊ ကိုယ်ချင်းစာ ညှာတာ စိတ် ထားရှိ ဖို့ ပြောဆို ဆုံးမ မှာ မဟုတ် ။ ကိုယ့် အသိ နဲ့ ကိုယ် သိတာ တန်ဖိုး ရှိပေတယ် ။
ပြောမှ သိကြတော့မှာ လား ။ နောင် တစ်ချိန် အတတ်ပညာရှင်ကြီး ၊ အနုပညာရှင်ကြီး ဖြစ်လာ ခဲ့ ရင် တောင် မှ ကျုပ် ဂုဏ်ယူ ဝမ်းသာ ဖို့ ဆိုတာ ။
••••• ••••• •••••
ကျုပ် လေယာဉ်ကွင်း ဆင်း မှာ မို့ အားလုံး အစောကြီး နိုး နေကြတယ် ။ ရေချိုးပြီး သမီးလေး ကြော် ထားတဲ့ ထမင်းကြော် စား ၊ ကော်ဖီ သောက်ပြီး ပြန် ဖို့ ပြင်တော့တယ် ။
ဘုရားရှိခိုး အပြီး ပြန် အလှည့် သားကြီး က
“ အဖေ့ ကို ကန်တော့ကြရအောင် ” ပြောပြီး မောင်နှမ သုံးယောက် ကျုပ် ကို ကန်တော့ကြတယ် ။
လက်ချောင်း ၊ လက်ကောက်ဝတ် ၊ လက်မောင်း ၊ ခန္ဓာကိုယ် ကျုပ် လို ပဲ ကြီးမား သန်စွမ်းတဲ့ သား နှစ်ယောက် ။ မအေတူ သမီးငယ် ရဲ့ သေးသွယ်တဲ့ လက်ချောင်း ၊ လက်မောင်း ၊ ခန္ဓာကိုယ်လေး တွေ ။
ကျုပ် သက်ပြင်း တစ်ချက် မသိမသာ ချ လိုက်ရင်း ...
“ အေးကွယ် .. စိတ် ၏ ချမ်းသာခြင်း ၊ ကိုယ် ၏ ချမ်းသာခြင်း ၊ ထာဝရ ပြည့်စုံကြပါစေ ” လို့ ပြောလိုက်မိတယ် ။
နောက် ...
“ သားလတ် နဲ့ သားငယ် ... မင်းတို့ အမေ ပြန် လာတော့ ကွန်ပျူတာပညာသည် သားလတ် နဲ့ ဂီတအနုပညာသည် သားငယ် တို့ အကြောင်း ပြော ပြပြီး အလွန်ပဲ ဝမ်းသာ ဂုဏ်ယူခဲ့တယ် ။ အဖေ လည်း သားတို့ ရဲ့ အောင်မြင်မှု ကို ဝမ်းသာ ဂုဏ်ယူချင် မိပါတယ် ။ ဒါပေမဲ့ သားတို့ ရဲ့ ကြိုးစား အောင်မြင်မှု ကို အဖေ စိတ် ရှင်းရှင်း နဲ့ ဝမ်းသာ ဂုဏ်ယူချင်မိပါတယ် သားတို့ ရယ် ”
“ နောက် သမီးငယ် ... ”
ကျုပ် ပြောမယ့် စကား အတွေး လွဲသွားလေရော့ သလား မသိ ၊ မသိမသာ ပြုံး ရင်း ခေါင်း ငုံ့ သွားတဲ့ သမီးငယ် ရဲ့ ခေါင်း ကို အသာ ကိုင် ရင်း ...
“ သမီးငယ် ပိုက်ဆံ ထွက် ရှာရတာ က တစ်ဖက် ၊ အိမ် ပြန်လာတော့ လည်း အိမ် အလုပ် တွေ လုပ်ရတာ က တစ်ဖက် ပင်ပန်းလှပါတယ် သမီး ရယ် ။ ဒီနှစ် မကုန်ခင် ပြန်လာခဲ့တော့နော် သမီး .. ”
ကျုပ် ဖိနပ် စီးပြီး တံခါး နား မှာ ရပ် နေတဲ့ သား နှစ်ယောက် နဲ့ သမီးငယ် ရဲ့ မျက်နှာ ကို တစ်ချက် ကြည့် လိုက်မိတယ် ။ မျက်နှာ မကောင်းကြ ။ နောက် သမီးငယ် ကို ကြည့်ပြီး
“ သမီးငယ် အဖေ့ စကား နားထောင် နော် ။ အဖေ မသေမချင်း တော့ သမီး စိတ်ချမ်းသာအောင် အဖေ ထား နိုင်ပါတယ် သမီး ရယ် ၊ ပြန်လာခဲ့ တော့ နော် ”
ကျုပ် ကျောခိုင်း လိုက် မိတယ် ။ တံခါးဝ မှာ အိတ် ဆွဲပြီး ရပ်စောင့် နေ တဲ့ သားငယ် ကို ဖြတ်ပြီး ထွက်လာခဲ့ မိတော့တယ် ။ ဝမ်းသာပျော်ရွှင်မှု တွေ နဲ့ ခွဲခွာခြင်း မျိုး ကျုပ် မထားခဲ့နိုင်တာ ကို တော့ စိတ် မကောင်း ဖြစ်ခဲ့ရ ပါတယ် ။
ဒါပေမဲ့ ... တစ်နေ့ နေ့ တစ်ချိန် ချိန် မှာ ... အပြစ်ကင်းစင် တဲ့ ကြယ် နှစ်ပွင့် တောက်ပခဲ့ရင် တောင် မှ ... အရောင်လွင့် ပန်းပွင့်ငယ်လေး တစ်ပွင့် ... ။
◾ကိုဆေး ၊ ပစိဖိတ်ကမ်းခြေ ၊
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
အမှတ် ( ၁၇၇ )
သြဂုတ်လ ၊ ၂ဝဝ၄ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment