Monday, March 4, 2024

မသန္တာကလေး


 

❝ မသန္တာကလေး ❞

တစ်ခါက လှပ ယဉ်ကျေး သော မသန္တာ အမည် ရှိ မိန်းကလေး တစ်ဦး သည် ဥယျာဉ် သို့ သွား ကာ ပန်း ရှာသည် ။ ထို ဥယျာဉ် ၌ နှင်းဆီပင် တို့ သာ ပွင့်လျက် ရှိ၏ ။ မသန္တကလေး သည် နီနီရဲရဲ နှင်းဆီပန်း ကို ခူး လိုက်သော အခါ ဝတ် ထားသော အင်္ကျီလက် နှင့် နှင်းဆီဆူး ငြိတွယ် နေ လေ၏ ။ အဖန်ဖန် ကြိုးစား ၍ ဖြုတ်ပါသော် လည်း ဆူး သည် မပြုတ်ချေ ။ ထို ဆူး ဖြုတ် ၍ မပြုတ် လျှင် ဘယ်လိုနည်း နှင့် မျှ အိမ် ပြန် နိုင်မည် မဟုတ် ဟု လည်း တွေး မိ၏ ။

မသန္တာကလေး သည် အနီးအနား သို့ ကြည့်သော အခါ နှင်းဆီကိုင်း ပေါ် မှ ကျီး ကို မြင်၍ “ ကျီး ... ကျီး ဆူး ကို နှုတ်သီး ဖြင့် ဆိတ် စမ်းပါ ။ ဤ ဆူး မပြုတ် လျှင် ငါ့ မှာ ဘယ်နည်းနှင့် မျှ အိမ် ပြန်နိုင်မည် မဟုတ် ” ဟု ပြော၏ ။ ကျီး ကား ဆူး ကို မဆိတ် ။

မသန္တာကလေး သည် အနီးအနား သို့ ကြည့် ပြန်သော အခါ ငှက်ခတ်လုလင် ကို မြင် ၍ “ လုလင် ... လုလင် ကျီး ကို ပစ် စမ်းပါ ။ ကျီး ကား ဆူး ကို မဆိတ် ။ ဤ ဆူး မပြုတ် က ကျွန်မ ဘယ်နည်းနဲ့ မှ အိမ် ပြန်နိုင်မည် မဟုတ် ” ဟုပြော၏ ။ ငှက်ခတ်လုလင် က ကျီး ကို မပစ် ။

မသန္တာကလေး သည် အနီးအနား သို့ ကြည့် ပြန်သောအခါ မြက်ခင်းနုနုကလေး အား တစပ်စပ် နှင့် စား နေသော ကျွဲ ကို ကြည့် ၍ “ ကျွဲ ... ကျွဲ လုလင် ကို ခတ်စမ်းပါ ။ လုလင် သည် ကျီး ကို မပစ်ပါ ။ ကျီး သည် ဆူး ကို မဆိတ်ပါ ။ ဤ ဆူး မပြုတ် ပါ က ကျွန်မ ဘယ်နည်းနှင့် မျှ အိမ်ပြန် နိုင်မည် မဟုတ် ” ဟု ပြော၏ ။ ကျွဲ ကား လုလင် ကို မခတ် ။

မသန္တာကလေး သည် အနီးအနား သို့ ကြည့် သောအခါ တဝီဝီ ပျံသန်း နေသော ပျား ကို မြင်၍ “ ပျား ... ပျား ကျွဲ ကို တုပ် စမ်းပါ ။ ကျွဲ သည် လုလင် ကို မခတ်ပါ ။ လုလင် သည် ကျီး ကို မပစ်ပါ ။ ကျီး သည် ဆူး ကို မဆိတ်ပါ ။ ဤဆူး မပြုတ် က ကျွန်မ ဘယ်နည်းနှင့် မျှ အိမ် ပြန် နိုင်မည် မဟုတ် ” ဟု ပြော၏ ။ ပျား ကား ကျွဲ ကို မတုပ် ။

မသန္တာကလေး သည် အနီးအနား သို့ ကြည့် ပြန်သောအခါ အငွေ့ တလူလူ ထ နေသော တောမီး ကို မြင် ၍ “ မီး ... မီး ... ပျား ကို လောင်စမ်းပါ ။ ပျား သည် ကျွဲ ကို မတုပ်ပါ ။ ကျွဲ သည် လုလင် ကို မခတ်ပါ ။ လုလင် သည် ကျီး ကို မပစ်ပါ ။ ကျီး သည် ဆူး ကို မဆိတ်ပါ ။ ဤ ဆူး မပြုတ် က ကျွန်မ ဘယ်နည်း နှင့် မျှ အိမ်ပြန် နိုင်မည် မဟုတ် ” ဟု ပြော၏ ။ မီး ကား ပျား ကို မလောင် ။

မသန္တာကလေး သည် အနီးအနား ကို ကြည့် ပြန်သောအခါ ရေ ကို မြင် ၍ ” ရေ ... ရေ ... မီး ကို ငြိမ်းစမ်းပါ ။ မီး သည် ပျား ကို မလောင်ပါ ။ ပျား သည် ကျွဲ ကို မတုပ်ပါ ။ ကျွဲ သည် လုလင် ကို မခတ်ပါ ။ လုလင် သည် ကျီး ကို မပစ်ပါ ။ ကျီး သည် ဆူး ကို မဆိတ်ပါ ။ ဤ ဆူး မပြုတ် က ကျွန်မ ဘယ်နည်းနှင့် မျှ အိမ် ပြန်နိုင်မည် မဟုတ် ” ဟု ပြော၏ ။ ရေ ကား မီး ကို မငြိမ်း ။

မသန္တာကလေး သည် အနီးအနား ကို ကြည့် ပြန်သောအခါ မြွေ ကို မြင်၍ “ မြွေ ... မြွေ ရေ ကို ပေါက် စမ်းပါ ။ ရေ သည် မီး ကို မငြိမ်းပါ ။ မီး သည် ပျား ကို မလောင်ပါ ။ ပျား သည် ကျွဲ ကို မတုပ်ပါ ။ ကျွဲ သည် လုလင် ကို မခတ်ပါ ။ လုလင် သည် ကျီး ကို မပစ်ပါ ။ ကျီး သည် ဆူး ကို မဆိတ်ပါ ။ ဤ ဆူး မပြုတ် က ကျွန်မ ဘယ်နည်းနှင့် မျှ အိမ် ပြန်နိုင်မည် မဟုတ် ” ဟု ပြော၏ ။ မြွေကား ရေ ကို မပေါက် ။

မသန္တာကလေး သည် အနီးအနား ကို ကြည့် ပြန်သော အခါ ဥယျာဉ်မှူး ကို မြင်၍ “ ဥယျာဉ်မှူး ... ဥယျာဉ်မှူး မြွေ ကို ရိုက်စမ်းပါ ။ မြွေ သည် ရေ ကို မပေါက်ပါ ။ ရေ သည် မီး ကို မငြိမ်းပါ ။ မီး သည် ပျား ကို မလောင်ပါ ။ ပျား သည် ကျွဲ ကို မတုပ်ပါ ။ ကျွဲ သည် လုလင် ကို မခတ်ပါ ။ လုလင် သည် ကျီး ကို မပစ်ပါ ။ ကျီး သည် ဆူး ကို မဆိတ်ပါ ။ ဤ ဆူး မပြုတ် က ကျွန်မ ဘယ်နည်း နှင့် မျှ အိမ်ပြန် နိုင်မည် မဟုတ် ” ဟု ပြော၏ ။ ဥယျာဉ်မှူး ကား မြွေ ကို မရိုက် ။

မသန္တာကလေး သည် အနီးအနား ကို ကြည့် ပြန်သောအခါ အဆောင်အယောင် နှင့် တကွ ဥယျာဉ်တော် ထွက် လာသော မင်းသားလေး ကို မြင် ၍ “ အရှင် ... အရှင် ဥယျာဉ်မှူး ကို ဒဏ်ခတ် စမ်းပါ ။ ဥယျာဉ်မှူး သည် မြွေ ကို မရိုက်ပါ ။ မြွေ သည် ရေ ကို မပေါက်ပါ ။ ရေ သည် မီး ကို မငြိမ်းပါ ။ မီး သည် ပျား ကို မလောင်ပါ ။ ပျား သည် ကျွဲ ကို မတုပ်ပါ ။ ကျွဲ သည် လုလင် ကို မခတ်ပါ ။ လုလင် သည် ကျီး ကို မပစ်ပါ ။ ကျီး သည် ဆူး ကို မဆိတ်ပါ ။ ဤ ဆူး မပြုတ် က ကျွန်မ ဘယ်နည်း နှင့် မျှ အိမ် ပြန် နိုင်မည် မဟုတ် ” ဟု ပြော၏ ။

ထိုအခါ မင်းသားလေး သည် ဥယျာဉ်မှူး ကို ဒဏ်ခတ် မည် ပြု၏ ။ ဥယျာဉ်မှူး သည် မြွေ ကို ရိုက်မည် ပြု၏ ။ မြွေ သည် ရေ ကို ပေါက်မည် ပြု၏ ။ ရေ သည် မီး ကို ငြိမ်းမည် ပြု၏ ။ မီး သည် ပျား ကို လောင်မည် ပြု၏ ။ ပျား သည် ကျွဲ ကို တုပ်မည် ပြု၏ ။ ကျွဲ သည် လုလင် ကို ခတ်မည် ပြု၏ ။ လုလင် သည် ကျီး ကို ပစ်မည် ပြု၏ ။ ဤတွင် မှ ကျီး သည် မသန္တာကလေး ၏ အင်္ကျီလက် မှာ ငြိနေ သော နှင်းဆီဆူး ကို ဆိတ်လေ၏ ။

အခါခါ ဆိတ် သော အခါ ဆူး သည် အင်္ကျီ လက် တွင် ငြိ နေရာ မှ ပြုတ်သွား လေ၏ ။ မင်းသားလေး သည် လှပယဉ်ကျေးသော မသန္တာကလေး အား မြင်း ပေါ် သို့ တင် ကာ ရွှေနန်းတော် သို့ ခေါ်ဆောင် သွားလေ သတည်း ။

◾ပန်းတနော်ဝင်းသိန်း

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၇ ၊ မတ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment