Wednesday, March 6, 2024

ထူးအိမ်သင် အမှတ်တရ ( စာရေးသူ၏ အမှာစာ )


 ❝ စာရေးသူ ၏ အမှာစာ ❞


ထူးအိမ်သင် အသက် ၅၀ ပြည့် အမှတ်တရ ဆိုပေမယ့် ကျွန်တော့် ဘဝ ၊ ကျွန်တော့် အနုပညာ ၊ ကျွန်တော့် ဖြတ်သန်းမှုတွေ များ ပေလိမ့်မည် ။ ကိုယ် ၌ က လည်း ကိုယ် မပါ ကိုယ် မခံစားရဘဲ ဘယ်လို စာမျိုး မှ မရေးခဲ့ ၊ မရေးတတ် ခဲ့ သည့် အတွက် ထူးအိမ်သင် ကို ပဲ သီးခြား ဖတ် လိုသူများ အတွက် စိတ် အနှောင့်အယှက် ဖြစ်ပေလိမ့်မည် ။ တောင်းပန်ပါသည် ဟု သာ ဆိုပါရစေ ။


ပထမ အပုဒ် ဂီတ အတွက် ကဗျာငှက် အားလုံး အတွက် ထူးအိမ်သင် သည် ကိုငှက် ကွယ်လွန်ပြီး တစ်နှစ်ပြည့် တွင် မဟေသီ မဂ္ဂဇင်း ၌ လဆက် ဖော်ပြခဲ့ သော စာ တစ်ပုဒ် ဖြစ်ပြီး ၎င်း အချိန် က စာပေစိစစ်ရေး မှ တင်းကျပ်သော စစ်အစိုးရ ၏ မူဝါဒများ ဖြင့် သာ ဖြစ် သဖြင့် ရေးခဲ့ သမျှ တစ်ဝက် လောက် အဖြုတ် ခံ ခဲ့ရသည် ။


ထို့နောက် ကျွန်တော် ထောင် က လွတ် ပြီး ၂၀၁၂ ခုနှစ် တွင် တော့ အစိုးရ ပြောင်း ၊ စာပေစိစစ်ရေး လည်း မရှိ တော့ သဖြင့် ကိုငှက် ၏ ငယ်သူငယ်ချင်း ကြွက်နီ က ပြန် ရေးပါ လို့ တိုက်တွန်း သဖြင့် အဖြုတ် ခံရသည် များ ဖြည့်ပြီး Reallives Realstory မဂ္ဂဇင်း တွင် ထပ်မံ ဖော်ပြခဲ့သည် ။ 


“ မမေ့မလျော့ လမ်း က ဂစ်တာလေး ” ကို အသစ် ထပ် ရေး ဖြစ်ဖို့ တွန်းအား ပေး ရင် ကို မီးရှို့ ခဲ့ သူ က တော့ စာရေးဆရာ သူငယ်ချင်း ငြိမ်းအေးအိမ် ပါ ။ သူ က ထူးအိမ်သင် ရက် ၁ဝဝ ပွဲ မစ္စတာဂစ်တာ မှာ ကျွန်တော် လုပ်ခဲ့တာ ကို သဘော ကျ သူ ကိုး ။ နောက် Facebook မှ ကျွန် တော့် မိတ်ဆွေများ ၊ ထူးအိမ်သင် ချစ်သူများ ၊ ပြီးတော့ ကျွန်တော် စာပေ ဟောပြောပွဲ သွားလေရာ ၊ ကဗျာရွတ် သွားလေရာ နေရာများ မြို့များ မှ ကျွန်တော့် စာဖတ် ပရိသတ်များ ၊ ထူးအိမ်သင် ပရိသတ်များ ရဲ့ တောင်းဆိုမှု ကြောင့် ကျွန်တော် တစ်ဦးတည်း ကိုငှက် အတွက် ဖန်တီး နိုင် တဲ့ စာ / ကဗျာ တွေ သာ သေချာတဲ့ အတွက် ဒီ စာအုပ်လေး ကို လုပ်ဖြစ်ခဲ့တာပါ ။ ဒီ အတွက် ကျွန်တော့် ရဲ့ ထူးအိမ်သင် အမှတ်ရခြင်း တွေ ကို ကျေနပ် နိုင်ကြလိမ့်မယ် လို့ မျှော်လင့် ပါတယ် ။ ထူးအိမ်သင် ဂီတ မှတ်တိုင် ၊ အနုပညာ မှတ်တိုင် အဖြစ် လုပ်စရာတွေ အများကြီး ကျန် နေအုံးမှာ ဖြစ်ပါတယ် ။ ဆက်လက် ကြိုးစား ကြည့်ပါအုံးမယ် ဟု ဆိုရင်း ..


          များ စွာဖြင့်

                စောဝေ

         ကဗျာဆရာ

    ၁၆ - ၅ - ၂၀၁၃


📖 ထူးအိမ်သင် အသက် ( ၅၀ ) ပြည့် အမှတ်တရ

     ဂီတ အတွက် မမေ့မလျော့သော လမ်းကလေး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment