( ငါး )
အမေ့သား ထူးအိမ်သင်ရဲ့ အနုပညာ ဖန်တီးမှု အတွက် စုပ်ယူနိုင်မှု အား က လည်း လက်ဖျား ခါ လောက်ပါတယ် ။ ဗုဒ္ဓသီချင်း တစ်ပုဒ် မောင်မောင်ဇော်လတ် တို့ နဲ့ လုပ်နေတဲ့ အချိန် က ဆို ဗုဒ္ဓ အကြောင်း ဖတ် လိုက်တဲ့ စာအုပ်တွေ စုံ နေတာပဲ ။ သီချင်း ဖြစ်သွားတဲ့ အချိန် ထိ အင်္ဂလိပ်လူမျိုး တစ်ယောက် က ဗုဒ္ဓ ကို အင်္ဂလိပ် လို ရေး ထားတဲ့ စာအုပ် ကို ရှာ နေတုန်း ။ ကျွန်တော် မှတ်မိတယ် ၊ စာအုပ် သင်္ဘောကြီး ရန်ကုန်ဆိပ်ကမ်း ကို ဆိုက် တုန်း သူ သွားရှာတဲ့ ည က ပေါ့ ...
“ ဟေ့ ကဗျာဆရာ မော်ဒန်ကဗျာ ဘာ ဖြစ်တယ် ညာဖြစ်တယ် ကြီးကျယ် မနေ နဲ့ ။ စာအုပ်သင်္ဘောကြီး ပေါ် မှာ မော်ဒန်ကဗျာ စာအုပ် တစ်အုပ် မှ မတွေ့ဘူး ”
“ သင်္ဘောကြီး က ကြီး လို့ ခင်ဗျား မတွေ့တာပါဗျာ ၊ ခင်ဗျား စာအုပ် ရခဲ့လား ”
“ မရခဲ့ဘူးဗျ ၊ အဲဒါ နေမျိုး ကို ပဲ ခိုင်းတော့မလို့ ”
ငှက် ရဲ့ သတိရခြင်း ရက် ၁ဝဝ ပြည့် လုပ်တော့ ကိုနေမျိုး က အဲဒီ စာအုပ်လေး ဝယ် မပေးနိုင် လိုက် တဲ့ အတွက် စိတ် မကောင်းကြောင်း ထည့် ပြောပါသေးတယ် ။ အမေ ကျွန်တော် နေမျိုးဆေး နဲ့ ပေါင်း လာတဲ့ သက်တမ်း တစ်လျှောက် မှာ ကိုနေမျိုး က အနုပညာ လောကသား ထဲ က ကိုငှက် ကို တော့ လေးစားဆုံး အလေးထားဆုံး ပဲ ။ ကိုငှက် သူ့ ဆိုင် လာ လို့ ဘာ လုပ်လုပ် ကိုယ်တိုင် ဓာတ်ပုံ ရိုက်တယ် ၊ ဗီဒီယို ရိုက်တယ် ( ရက် ၁၀၀ ပြည့် က ဓာတ်ပုံ တွေ အားလုံး လည်း သူ ပဲ ရိုက်ခဲ့တာပါ ) အင်္ဂတေကျောက်ပြား မှာ ခြေရာ လက်ရာ မှတ်တမ်း ယူ ထား တာ လည်း ထူးအိမ်သင် တစ်ယောက် ပဲ ရှိပါတယ် အမေ ။
ပြီး ထူးအိမ်သင် က “ အနုပညာ မှာ ပါရမီ က အသက် ရှည်သရွေ့ မရှိနိုင်ဘူး ၊ ပညာသက် နဲ့ ဆက်ရတယ် ” ဆိုတဲ့ ကိုခင်ဝမ်း စကား ကို လက်ခံ သူ ။ ဒါကြောင့် ကျွန်တော် က “ ပညာသက် ဆက်ဖို့ ဘယ်လို လုပ်ရမလဲ ” မေးတော့ “ စာ ဖတ်ရမှာပေါ့ ဗျ ” လို့ ပြတ်ပြတ် သားသား ပြောခဲ့ဖူးပြီး သူ ကိုယ်တိုင် တကယ် ဖတ်တဲ့ လူ ပါ ။
နောက် သတိရစရာ တစ်ခု က မစ္စတာ ဂစ်တာ မှာ ကိုနေမျိုး အဖေ က ဦးကြည်ဝင်း BSC ကျား လို့ ကျား ထိုးတမ်း ကစား ဖို့ စာတန်းလေး ချိတ် ထားတယ် ။ ကျွန်တော် က ဆိုင် အဝင် ဝ မှာ ဆြာစော MSC ( ကြွေ ) ဆိုပြီး ကြွေဗေဒင် ညပိုင်း အပျော် ဟောတယ် ၊ တတ် သလောက် မှတ် သလောက် နဲ့ တစ်ခါ ဟော ငါးကျပ် ၊ တစ်ည ကို နှစ်ရာ နဲ့ လေးရာ ကြား အမြဲ ရတယ် ။ ရ မှာ ပေါ့ ။ ဒရှို ဒလန် လုပ်ပေးတဲ့ သူတွေ က ထူးအိမ်သင် ၊ R ဇာနည် ၊ စည်သူလွင် ၊ စင်ရော်မောင်မောင် ဆိုတော့ လာတဲ့ ဧည့်သည် တွေ က အထင်ကြီး ပြီး မေး ကြတာပေါ့ ။
တစ်ည ကျွန်တော် ဟော နေတဲ့ ကြွေဗေဒင် နား လာ ပြီး ငှက် က
“ခ င်ဗျား R ဇာနည် ကို ဟို တစ်နေ့ က ဟော လိုက်တာ မှန်နေပြီဗျ ”
“ ဘယ်ဟာလဲ ဗျ ”
“ အိမ် ရဲ့ အနောက်ရပ် ကို သွားရင် အန္တရာယ် ရှိတယ် တစ်ပတ် ရှောင် ဆိုတာလေ အခု BME မှာ ရန် ဖြစ်လို့ အထဲ ရောက် နေပြီ သူ့ အိမ် က နေ အနောက် တည့်တည့် ပဲ ”
“ ဟာ ဒုက္ခပါ ပဲ အဲဒီ နေ့ က သူ ပစ်တဲ့ ဂဏန်း က ( ၄ ) ၊ သူ့ ဂျင်းဘောင်းဘီ ညာဘက် မှာ ကွမ်းသွေးတွေ ပေ နေတာ တွေ့တာ နဲ့ ဟော လိုက်တာ ... စိတ် မကောင်းစရာပဲ ”
“ အနာဂတ် ကောင်းကောင်း ရှိတယ် တို့ ၊ မိန်းမ ရကိန်း ရှိတယ် တို့ ဆိုတာကရော ”
“ အနာဂတ် ကောင်းကောင်း ရှိတယ် ဆိုတာ က တော့ ဗျာ ခင်ဗျား နောက် တကောက်ကောက် လိုက်ပြီး ခင်ဗျား ဆိုး သမျှ ခံနိုင် နေ မှ တော့ အနာဂတ် ကောင်းပြီ ပေါ့ ၊ မိန်းမ ရကိန်း ရှိတယ် ဆိုတာ က လည်း ဒီကောင် နာမည် ကြီး မယ့် ကောင်ပဲ ( အဲဒီ အချိန် က ပထမ စီးရီး ထွက်ပြီလား မထွက်ခင်လား မသိ ပါ ) နာမည် ကြီး လာရင် ရည်းစား က စိတ်မချ ဖြစ်ပြီး မြန်မြန် ယူမယ်ပေါ့ ”
“ ဒါဆို ကျွန်တော့် လည်း သုံးချက် ဟောဗျာ ၊ သိပ်တော့ မရွှီးနဲ့ နော် ၊ ဆရာ ဟိန်းလတ် တားရော့ အော်ရီဂျင်နယ် စာအုပ် က ကျွန်တော် ပေးထားတာ ။ ခင်ဗျား ဟောတာ မှန် ရင် မုဆိုးမအနမ်း တိုက်မယ် ”
ပထမကြိမ် ကြွေ ပစ် ခိုင်းတယ် ။ ကျွန်တော် ဟော
“ သောက် တလွဲကြီး x++ ... ”
လွဲလို့ တဲ့ ဆဲလိုက် ဆိုလိုက် ၊ ဒုတိယ အကြိမ် ဟော
“ သောက်တလွဲကြီး x++ ... ”
ဆဲလိုက် ဆိုလိုက် တတိယအကြိမ် ဟော လွဲ ပြန်ပြီ ဆိုပြီး ဆဲပြန်ရော ။ ထူးအိမ်သင် ကို ဟောနေတာ ဆိုတော့ မစ္စတာဂစ်တာ လာတဲ့ ကောင်မလေး တွေ ရော ကောင်လေးတွေ ရော က လေးငါး ဆယ်ယောက် လောက် ဗေဒင် မေး ဖို့ ဝိုင်း ကြည့် နေကြပြီ ။ ကျွန်တော် လည်း ဆဲတာ ခံရတာ များပြီး ရှက် လာပြီ ။ ဒါနဲ့ သူ့ ကို နိုင်အောင် ပြန် ပြောရတယ် ။
“ ဟေ့ လူ လူပဲဗျ လွဲမှာ ပေါ့ ။ လူ စစ်စစ် ဆိုတာ လွဲနေမှ ၊ အမြဲ မှန်နေရင် လူ အစစ် မဟုတ်ဘူး ”
“ ဟာ ကဗျာဆရာ ဒီ အလုံး တော့ ကြိုက်သွားပြီ ၊ ဗေဒင် မမှန်ပေမယ့် ဒီ စကားလေး ကြိုက်တယ် မုဆိုးမအနမ်း တိုက်မယ် ”
မုဆိုးမအနမ်း ဆိုတာ ကျွန်တော် ဝါ ထွက်ရင် တိုက်နေကျ သူ ကိုယ်တိုင် ဖျော်စပ် ထား တဲ့ ဝီစကီကော့တေး အရက် ပါ အမေ ။
၂၀၀၄ ဇွန်လဆန်း တစ်ရက် မှာ ပေါ့ အမေ ။ ကျွန်တော့် အင်စတော်လေးရှင်း ပွဲ က ကတ်တလောက် ငှက် ကို ပေး တယ် ။ ပွဲ လုပ်တော့ ငှက် က အမေ ရှိရာ မော်လမြိုင် ကို ရောက် နေတယ် ။ ပေးဖို့ မေ့ မေ့ နေတာနဲ့ အဲဒီ ည မှာ အသေအချာ ယူ လာပြီး ပေး လိုက်တယ် ။ သူ့ ထုံးစံ အတိုင်း ဘယ်သူ က ဖြစ်ဖြစ် ဘာ စာအုပ် ပေးပေး လက်မှတ် အထိုး ခိုင်း ပြီး သူ က ချက်ချင်း ဟိုလှန် ဒီလှန် အသေအချာ ကြည့် တတ်တယ် ။ ကျွန်တော့် ကတ်တလောက် လည်း လှန် ကြည့် ပြီး ဖတ် တယ် ။ အလယ် လောက် မှာ မင်းခိုက်စိုးစန် ရေး ထားတဲ့ အင်္ဂလိပ်စာ တွေ့ တော့
“ ဒီလူ အင်္ဂလိပ် လို ရေးတာ ချို နေတာပဲ ဗျ ” လို့ တစ်ခါ ပြောပြီး ဆက် ဖတ် ကြည့် တယ် ။ ပြီးလည်း ပြီးရော မျက်မှန်ထူထူ ထဲ က မျက်လုံးကြီး က ဘယ်ဆီ မှန်း မသိ ငေးကြည့် နေပြီး
“ ခင်ဗျား နဲ့ နေမျိုး နဲ့ က ကုသိုလ် ကောင်းတယ်ဗျာ ။ ကိုယ် လုပ်ချင်ရာ လုပ် ခွင့် ရကြတယ် ” တဲ့
“ ခင်ဗျား လည်း ခင်ဗျား လုပ်ချင် တဲ့ ဂီတ ကို လုပ် နေရတာပဲ မဟုတ်လား ကိုငှက် ရ ”
“ ကျွန်တော့် ကိစ္စ က တစ်ယောက် တည်း နဲ့ မပြီးဘူး ဗျ ” ဆိုပြီး သက်ပြင်းကြီး ချတယ် ။
မျက်လုံး က လည်း အဝေး တစ်နေရာ ရာ ကို ကြည့် နေ သလိုမျိုး ။ ကျွန်တော် ရိပ်မိ လိုက်တယ် ။ ဂီတ မှာ ဈေးကွက် ဖရိုဖရဲ ဖြစ် နေလို့ သူ ဖန်တီး ချင် သလို ဖန်တီး ခွင့် မရမှန်း ။ ဒါနဲ့ ကျွန်တော် အချိန်မီ လိုက် ဆယ် လိုက်ရတယ် ။
“ ကိုငှက် က လည်း ဗျာ .. ခင်ဗျား မှာ ကဗျာ ရှိနေတာပဲ ”
“ အေး အဲဒီ ကဗျာ ရှိနေလို့ သာ ပေါ့ ”
သူ ဘာ စကား မှ ဆက် မပြောတော့ ပဲ ငေး နေတယ် ။ ခဏ နေ တော့ ဘာမှ မပြောပဲ တီးဝိုင်း ဘက် ကို ထွက် သွား တယ် ။ အနုပညာ နဲ့ ပတ်သက်လို့ စိတ်ဓာတ် ကျ တဲ့ အမူအရာ ပထမဆုံး စ တွေ့ရတာပါ အမေ ။
နောက် တစ်ပတ် လောက် နေ တော့ မစ္စတာဂစ်တာ က ဝိတ်တာလေး မောင်သန်းနိုင် က
“ လေးစောဝေ ၊ ကိုငှက် ကျွန်တော့် ကို မေး နေတာ နှစ်ရက် ရှိပြီ ။ ဟို တီးဝိုင်း ထဲ မှာ ရောက် နေတယ် လာရင် သူ့ ကို ခေါ် ပါတဲ့ ”
ဒါနဲ့ ကျွန်တော် ငှက် ကို သွား ခေါ်ပြီး ကျွန်တော် တို့ ထိုင် နေကျ နောက်ဆုံး ဝိုင်း မှာ ထိုင်လိုက်တယ် ။
“ ဖုန်း နဲ့ ပြော လည်း ရ သားနဲ့ ၊ ဘာ ပြောမှာ လဲ ပြော ”
“ ဖုန်း နဲ့ မပြောချင်လို့ ဗျ ၊ ပြော မှာ မဟုတ်ဘူး မေး မှာ ”
သူ့ မျက်နှာသွင်ပြင် က အရင် က လို မဟုတ်တာ တော့ သေချာနေပါတယ် အမေ ။
“ ကျွန်တော် နေ့စဉ် ဝင်ငွေ ရတဲ့ အလုပ်လေး တစ်ခု လောက် လုပ်ချင်လို့ ”
ကျွန်တော် အရမ်း အံ့ဩ သွားတယ် အမေ ။ အမေ့ သား နဲ့ ပေါင်းလာ သမျှ မှာ ဘယ်တော့ မှ ငွေ စကား မကြားခဲ့ရဖူးဘူး ။
“ ခင်ဗျား မြင့်မိုး မိန်းမ လို မိသွယ် ကို အလုပ် လုပ်ခိုင်း မလို့ လား ”
“ မဟုတ်ပါဘူး ဗျာ ကျွန်တော် တို့ ဂီတ လုပ်ငန်း က ဈေးကွက် ပျက် နေပြီ ။ ပရိုဂျူဆာတွေ က လည်း အရင်းနှီး က သိန်း ရာချီ ပြီး ခိုးကူးတွေ ပဲ ရနေကြ တော့ မလုပ်ချင်ကြဘူး ။
ကျွန်တော် က လည်း ကျွန်တော် ကြိုက်တာပဲ လုပ်ချင်တော့တယ် ။ အမေ့ ကျန်းမာရေး လည်း မပူရဘူး ။ သမီးလေး လည်း သူ တက်ချင် တဲ့ ကျောင်း တက်နိုင်ပြီ ဆိုရင် ဘယ်သူ နဲ့ မှ သောက် ပိုက်ဆံ စကား ပြော မနေချင်ဘူး ။ ကျွန်တော့် ဘာသာ ဒုက္ခသည် စခန်း တွေ ၊ မိဘမဲ့ဂေဟာ တွေ မှာ ပဲ ဆို တီး နေချင်တော့တယ် ။ အမေ နဲ့ သမီး အတွက် ...”
“ ဟုတ်ရဲ့ လား ကိုငှက် ရာ ကျွန်တော် တကယ် အံ့ဩတယ် ”
“ တကယ် ပြောတာ အကြံဉာဏ် ပေးစမ်းပါ ”
“ မိသွယ် က ဘာ လုပ်တတ်လဲ ”
“ မိန်းကလေး တစ်ယောက် လုပ်တတ် သလောက် တော့ လုပ်တတ်ပါတယ် ”
“ ဒါဆို ကျွန်တော် အဓိပတိ ထမင်းဆိုင်ကြီး ဖြစ် လာအောင် ဖြတ်သန်း လာခဲ့ရတဲ့ အတွေ့အကြုံရပဲ ပြောမယ် နော် ”
“ ပို လက်တွေ့ကျတာပေါ့ ပြော ဗျာ ”
“ စားသောက်ဆိုင် အကောင်းဆုံး ပဲ ။ ဘယ်သူမှ မစား မသောက်ဘဲ နေလို့ မရ ဘူး ။ ပုံမှန်လေး ရောင်းတတ် ဝယ်တတ် ရင် ကို ဖြစ်တယ် ။ လက်ဖက်ရည်ဆိုင် က စမယ် ဗျာ ”
“ ဘာတွေ လိုမလဲ ”
“ ခင်ဗျား ကျောက်မြောင်းအိမ် နဲ့ မနီးမဝေး မြေညီထပ် အခန်းလေး တစ်ခန်း ငှားမယ်ဗျာ ”
“ ကျွန်တော် ပါ ဖို့ လိုမလား ”
“ မလိုပါဘူး ထူးအိမ်သင် လက်ဖက်ရည်ဆိုင် ဆိုတာ နဲ့ လူတွေ က သောက်ပါပြီ ။ နောက် မှ သူ နဲ့ တွဲပြီး မိသွယ် လုပ်နိုင်တာတွေ တင် ရောင်းတာပေါ့ ”
အမေ့ သား က ဘာမှ မပြောဘူး ၊ ငေး နေတာပဲ ။ ကျွန်တော် လည်း ပြောသာ ပြောရတာ မဝံ့မရဲ ။ ငါ ပြောလိုက်တာ သိပ်များ သေးနုပ် နေမလား စိုးရိမ် နေမိ တယ် ။
“ ဘယ်လိုလဲ ကိုငှက် ”
“ စဉ်းတော့ စဉ်းစားရမှာ ပေါ့ ။ ကျွန်တော် အမေ့ ဆီ တစ်ပတ် လောက် သွား နေလိုက်အုံးမယ်ဗျာ ။ ပြန်လာတော့ ထပ် ပြောတာပေါ့ ”
သူ ဘာ စကား မှ မပြောပဲ ဆေးလိပ် ဖိ သောက် နေတယ် ။ ပြီး တီးဝိုင်း ဘက် ဆတ်ခနဲ ထ ထွက် သွားတယ် ။ ကျွန်တော် သူ ဒီပရက်ရှင် ရနေပြီ ဆို တာ အသေချာ သိ လိုက်တယ် ။ ဒါနဲ့ ပန်းချီ ဆွဲ နေတဲ့ ကိုနေမျိုး ကို အပေါ် တက်ပြီး ပြော ပြတော့ ကိုနေမျိုး လည်း အရမ်း အံ့သြ နေတယ် ။ ပြီးတော့
“ ကိုငှက် သီချင်း ကိစ္စ မပြေမလည် ဖြစ်လာပုံ ရတယ် အခု ဘယ်မှာလဲ ”
“ တီးဝိုင်း ဘက် ဆင်း သွားပြီ ”
“ နောက်တစ်ခါ ပြော ရင် ကျွန်တော် တို့ ဘာ လုပ် ပေးရမလဲ မေး လိုက်ဗျာ ဒီ အတိုင်း ဆို စိတ်ဓာတ်တော့ ကျနေပုံပဲ ။ ခင်ဗျား ကိုမြင့်မိုး ကို ပြောဦးလေ ”
“ ဖုန်း ခေါ်တယ် ။ မရလို့ ခင်ဗျား တက် ပြောတာ ”
ကိုနေမျိုး လည်း ပန်းချီ ဆွဲတာ ရပ်ပြီး လက်သည်းလေး ကိုက် ပြီး စဉ်းစား နေတယ် ။ ကျွန်တော် မနက် ကျ တော့ ကို မြင့်မိုး ကို ဖု န်း နဲ့ “ ကိုမြင့်မိုး ငှက် ကြည့် ရ တာ ဒီပရက်ရှင် ရနေတယ် ၊ ခင်ဗျား တွေ့ လိုက်ဦး ” ဆိုပြီး ည က အကြောင်းတွေ ပြော ပြ လိုက်တယ် ။ ညနေ ကျ တော့ ကိုဇော်သစ် ရှိရာ အာရှပလာဇာ က EMG သွား တွေ့ပြီး အကျိုးအကြောင်း အကုန် ပြော ပြီး “ ငှက် က ဒီပရက်ရှင် က အတော် ကြီး နေပြီ အမေ့ ဆီ မသွားခင် ခင်ဗျား တွေ့လိုက်ပါဦး ”
“ ခင်ဗျား ကောင် က အခု လောက် ဆို မော်လမြိုင် ရောက် နေ လောက်ပြီ ။ သိပ် လည်း မစိုးရိမ်ပါနဲ့ ။ တစ်ခု နဲ့ တစ်ခု အကူး မှာ ဒီလိုပဲ ဖြစ်တတ်ပါတယ် ကဗျာဆရာ ”
“ ဘာလဲဗျ တစ်ခု နဲ့ တစ်ခု အကူး ”
ကိုဇော်သစ် သူ့ အင်္ကျီကြယ်သီး ကို ကိုင် ပြ ပါတယ် ။ လူ ကြား ထဲ မို့ ကျွန်တော် လည်း မမေးတော့ပါဘူး ။ ငှက် အကြောင်း သူ က ပို သိမှာ ပေါ့လေ ဆိုပြီး ပြီးသွားခဲ့ပါတယ် အမေ ။
သူ မော်လမြိုင် အမေ့ ဆီ သွား နေ တုန်း ကျွန်တော့် ကို အစ်ကို လို ခင်မင် နေတဲ့ လူငယ်လေး တစ်ယောက် က ကျွန်တော့် စိတ်ကူး ခင်ဝမ်း သီချင်းတွေ ကို ငှက် က တစ်ခွေစာ ဆိုပြီး တိတ်စီဒီ ဗီစီဒီ လုပ်ချင်တယ် ။ စီးပွားရေး အရ တော့ ဖြစ် မှာ မဟုတ်နိုင်ဘူး ။ အနုပညာ အရ လုပ်ချင်တာ လို့ ပြော တော့ သူ လုပ်မယ် ၊ ကုန်မယ့် ငွေ တစ်ဝက် အခု ယူထား ဖြစ်ရော အမေ ။ ဒါနဲ့ မောင်ဇော်သစ် နဲ့ တိုင်ပင် တော့ “ တာဝန် တော့ ကြီးတယ် ။ လုပ်ပါ့မလား မသိဘူး ၊ ကဗျာဆရာ လုပ် မှာ ဆိုတော့ ငှက် က လုပ်ချင် လည်း လုပ်ပေးမှာ ပေါ့ ။ မော်လမြိုင် က ပြန် ရောက်ပြီး ကျွန်တော့် ရော မြင့်မိုး ရော မိသွယ် ရော ဖြတ် လေး ဖြတ် လုပ် သွားတယ် ။ အိုအေစစ် ဂူ အောင်းပြီး အကြွေးတွေ အကုန် ဖြတ်မယ် တဲ့ ၊ ခင်ဗျား နှစ်ချို့ဝိုင် နားထောင်ရတော့မယ် ”
ဒီ အကြောင်း ငှက် ကို သွား ပြော ဖို့ မြင့်မိုး နဲ့ ချိတ် ၊ ကိုဇော်သစ် နဲ့ ချိတ် ၊ အကြောင်း အမျိုးမျိုး နဲ့ လွဲချော် နေခဲ့တယ် ။ တူးတူး လိုက်ဖ်ရှိုး ကျ မှ တွေ့ရ တယ် ။ ကိုဇော်သစ် ကို အရင် တွေ့ တာ နဲ့
“ ခင်ဗျား ငှက် ကို ပြောပြီးပြီလား ကိုဇော်သစ် ”
“ ပြောပြီးပြီ မငြင်းဘူးဗျ ။ ခင်ဗျား သွား တွေ့လိုက်ဦး ”
သွား တွေ့ပြီး သူ့ ခါးလေး ကို ဖက် ပြီး
“ ကိုငှက် ... ကိုဇော်သစ် ပြောပြီးပြီ ဆို ၊ အလုပ်လေး တစ်ခု တွဲ လုပ်သွားရအောင် ”
“ ကျွန်တော် ဂူ အောင်းပြီး အကြွေး တွေ ဖြတ် လိုက်အုံးမယ် ။ အေးအေးဆေးဆေး တစ်ရက် တွေ့မယ် ဗျာ ”
အမေ ... တစ်လ ကျော် လောက် မတွေ့ရတဲ့ သူ့ ပုံ က အရမ်း ကျဆင်း နေတယ် ။ ကျွန်တော့် ခါး ကို ပြန် ဖက် တဲ့ လက် က လည်း အား မပါ သလိုပဲ ၊ ပြီး ကျွန်တော့် ကို တွေ့ ရင် နှုတ်ဆက် နေကျ “ ကဗျာဆရာ -ီး ပဲ ဘာလုပ်နေလဲ ” ဆို တာ လည်း မကြားရ ။ ကျွန်တော့် စိတ် ထဲ မှာ တစ်ခု ခု လိုနေ သလိုပဲ ။ ဒါပေမဲ့ မိသွယ် နဲ့ သမီးလေး ကွန်ထော က ရယ်မော ပြုံးပျော် လို့ ။ ငှက် အကြောင်း သွေးရင်း တွေ က ပို သိမှာ ပေါ့ ဆိုပြီး ပရိသတ် ထဲ ဝင် နေ လိုက်တယ် ။
ငှက် စင်ပေါ် တက် လာ တော့ ပရိသတ်တွေ ရော ၊ တေးရေး တေးဆို တွေ ရော ၊ ကင်မရာမင်းတွေ မီးထိုးမှန်ထိုး ၊ စာရေးဆရာ အယ်ဒီတာ ဂျာနယ်လစ် ၊ ဆီဒိုးနား ဟိုတယ် ဝန်ထမ်းတွေ
လက်ခုပ်တွေ တီး လိုက် ကြတာ အားရပါးရ ပဲ ။ ကျွန်တော် ကိုယ်တိုင် လည်း အားရပါးရ လိုက် တီး ခဲ့ပါတယ် အမေ ။
နောက်တော့ ကျွန်တော် ဖြူး ပြန်တယ် ။ မိသားစု က ဖြူး မှာ ဆိုတော့ သုံး လေးလ မှ တစ်ခါ ပြန်ဖြစ်တာ ။ ပြန်ရင် လည်း မိသားစု နဲ့ အနည်းဆုံး တစ်ပတ် ဆယ်ရက် တော့ နေ ဖြစ်တယ် ။ ဒီ တစ်ခါ သုံးရက်မြောက် ကျတော့ ရန်ကုန် ပြန်ချင် နေတယ် ။ ရန်ကုန် အိမ် ဖုန်း ဆက်
ကြည့် တော့ ပန်းချီပြပွဲ ဖိတ်စာ တို့ ၊ ရိုက်ကူးရေး တို့ ၊ မဂ္ဂဇင်း ဂျာနယ် က စာမူ တောင်းတာ တို့ ဘာမှ အရေးကြီး တာ မရှိဘူး ။ ဒါပေမဲ့ အရမ်း ပြန်ချင် နေတယ် ။ ၁၃ - ၈ - ၀၄ ညနေ ကျတော့ အရမ်း နောက်ကျ နေတဲ့ ရထား နဲ့ ထွက်လာခဲ့ လိုက်တယ် ။ ရထား က ရန်ကုန် ကို မနက် ၂ နာရီခွဲ မှ ရောက်တယ် အမေ ။
အိပ်ရာ က ထ ရေမိုးချိုး ၁၁ နာရီ ပတ်ဝန်းကျင် လောက် ပေါ့ ။ ဟန်းဖုန်း ကို ဖွင့် လိုက်တယ် ။ ဟန်းဖုန်း ဖွင့်ပြီး ၁၀ မိနစ် လောက် နေတော့ ပထမဆုံး ဖုန်း ဝင် လာတယ် ။
“ ကိုစောဝေ မင်းချစ်သူ ပါ ခင်ဗျား ကို ခေါ်နေတာ ကြာပြီ ”
“ ဟုတ်ကဲ့ အစ်ကို ၊ ကျွန်တော် ဖြူး ပြန် နေတာ ။ ဒီ မနက် မှ ရောက်တာ ၊ ပြော အစ်ကို ”
“ ဒါဆို ခင်ဗျား ဘာမှ မသိသေးဘူးနဲ့ တူတယ် ”
“ ဘာလဲ အစ်ကို မသိသေးဘူး ”
“ ဒီ မနက် ပဲ ငှက်ကြီး ဆုံး သွားပြီ ”
“ ဗျာ ထူးအိမ်သင် ဆုံးပြီ ”
“ ဟုတ်တယ် ကျွန်တော် အခုပဲ သုခကမ္ဘာ ဆေးခန်း က ပြန် လာတာ ကိုဇော်သစ် နဲ့ မြင့်မိုးအောင် တို့ ရေဝေး သွား ပို့ ကြပြီ ... ”
ကိုမင်းချစ်သူ ဘာတွေ ဆက် ပြောပြီး ကျွန်တော် ဘာ ပြောမိ မှန်း မသိတော့ ။ ကိုဇော်သစ် နဲ့ မြင့်မိုး ဖုန်း ခေါ်တော့ ခေါ် လို့ မရ ။ ကား အမြန် ထုတ် ပြီး ကျောက်မြောင်း အမေ့သား အိမ် ကို သွားတော့
ကျော်မြင့်လွင် ( ခ ) ထူးအိမ်သင်
အသက် ( ၄၂ ) နှစ်
၁၄ - ၈ - ၀၄ တွင် ကွယ်လွန်သည် ။
အောင်ရင် ၊ ရွှေဂျော်ဂျော် ၊ မောင်မောင်ဇော်လတ် ၊ လေးဖြူ ၊ အငဲ ၊ ဘိုဖြူ ၊ ကိုအောင် ၊ ကော်နီ သူတို့ တွေ အားလုံး ဖုတ်ခနဲ ပြုတ်ကျ သွားတဲ့ အပြိုပုံတွေ လို ပဲ ။ မြေပြင် ပေါ် မှာ ဖရိုဖရဲ နဲ့ ။ ငှက် ကျွန်တော့် ကို ပြောမယ့် စကားတွေ အစား ကျွန်တော့် ရင် ထဲ ကို မိုးမည်းမည်းတွေ ထိုး ထည့် သွားခဲ့တယ် ။ အဲဒီ နေ့ က ကျွန်တော် တို့ ရင် ထဲ မှာ ဂီတ ကို ချစ်တဲ့ သူတွေ ရဲ့ ရင် ထဲ မှာ မိုး က သည်းသည်း မည်းမည်း အငြိုးတကြီး ရွာ နေပါတော့တယ် အမေ ။
◾ ဂီတမြစ်မင်း
မျက်ရည်ရေ
နင်မိုးယောင်ဆောင်ပြီး
တအားရွာနေတာ
ငါသိပ်သိတာပေါ့ ။
ဂစ်တာလေးရယ်
နင့်ရင်ထဲမှာ ပုန်းနေတဲ့ အသံလေးတွေကို
ကဗျာဖွဲ့တတ်တဲ့ ငှက်ကလေး
ဟိုအဝေးမှာ ။
ရှင်သန်ခြင်းရေ
တို့ တတွေ နေခြင်းမှာ အရသာရှိအောင်
သူ့နှလုံးသွေးအစက်စက်နဲ့
ယက်လုပ်ခဲ့တဲ့ သီချင်းတွေ
ကမ္ဘာတည်သရွေ့ ကမ္ဘာတည်သရွေ့ ။
အလွမ်းရယ်
လွမ်းရလွန်းလို့ လည်း
ငါ သူ့ကို မလွမ်းရက်တော့ပါဘူး
ဒုက္ခအိုးကလေးကိုလွမ်းတယ် ။
••••• ••••• •••••
ထူးအိမ်သင် ကို ရေဝေး မှာ ထားရစ် ခဲ့ ပြီး အမေ့ ကို အိမ် ပြန် ပို့ ဖို့ ခေါ် လာ တော့ အမေ မောင်ဇော်သစ် နဲ့ ကျွန်တော့် ကို ဆူ တယ်လေ ။ “ မင်းတို့ က သားကြီး ကို အကြာကြီး ပစ်ထား လိုက်ကြ တာ ကိုး ” တဲ့ ၊ အမေ့ ကို ဒီ အကြောင်းတွေ ပြန် မပြောရက်ခဲ့ဘူး ။ ကျွန်တော် တိတ်ဆိတ်စွာ ပဲ အိမ် ပြန် ပို့ခဲ့ပါတယ် ။ တကယ်တော့ အမေ့ သား ငှက် က စနစ်တကျ ကျွန်တော်တို့ အားလုံး ကို ပစ်ထား ရစ်ခဲ့တာပါ အမေ ။ အိုအေစစ် ဂူ ထဲ မှာ ဒုက္ခ ကို ဒုက္ခ မှန်း သိသိကြီး နဲ့ သုခ အယောင်ဆောင် ကို လိမ်းကျံ ပြီး စားသုံး ။ ပြီးတော့ အနုပညာတွေ ထွေးအံ ခဲ့ ။ သုံးလေးငါး ရက် မှ တစ်ခါ ခေါက်ဆွဲပြုတ်လေး တစ်ခွက် သောက် ၊ အိုက်စကရင် တစ်ခွက် လောက် သောက် သူ့ ရင် ထဲ က အနုပညာ အတွက် ပေးဆပ်ရမှု နာကြည်းရမှု တွေ ကို တစ်လခွဲ လောက် စွန့်စားခန်းကြီး ဝင် ပြီး အနိစ္စ ဆီ အနတ္တ ဆီ မှား တဲ့ လမ်းကြီး နဲ့ အပြင်း ချီတက် နေတာ ကိုး ။ နှောင့်ယှက် မှာ စိုးလို့ သူ့ ဆီ ကို ဘယ်သူ မှ အာမခံခဲ့ဘူးလေ အမေ ရဲ့ ။
ဂီတလောက က ကက်ကိုဘိန်း အိုက်တင် လုပ်ပြီး ဂျော့ဆိုးရော့ စိတ်တွေ နဲ့ ဂီတ အနုပညာသမား ဆိုသူ တွေ ကို စိတ် နာ တာ လား ။ ဂဏန်းပေါင်းစက် လို ထုတ်လုပ်သူ အချို့ ကို စိတ် နာ တာလား ။ ပန်းစည်းပန်းကုံး တွေ ဖုံးလွှမ်း နေ တဲ့ စင်တင်ဂီတ ရပ်ဝန်း က မူးယစ် နေတဲ့ လက်ခုပ်သံတွေ ကို စိတ် နာ တာလား ။ ကျွန်တော်တို့ အားလုံး ကို ပဲ စိတ်နာ သွားတာလား ။
သူရဲကောင်း တစ်ယောက် လို စွန့်စားခန်းကြီး ကို လုပ်ဆောင် သွားခဲ့ တာပါ အမေ ။
◾စွန့်စားခန်း
တိမ်ညို
တစ်ဖျပ်အလှပ်မှာ
လိမ့်ကျလာတဲ့ လရောင်လေး နဲ့
ရှာနေမိခဲ့တာ က
တကယ့် ရိုးသား အားပေးတဲ့
လက်ခုပ်သံလေး တစ်ချက် ။
ရရှိခဲ့တာ က
တစ်ခွင်လုံး ပွင့်နေတဲ့
အဆုံးအရှုံးကြီးကြီးများ ..
သုခလမ်းအလွဲများ .. ။
ရပ်လိုက်တော့
ရပ်လိုက်ကြပါတော့ ။
မရှိတော့တဲ့ လူတွေရယ် ၊ မတွေ့ရတဲ့
လူတွေအတွက်
( ကိုယ့်ကိုယ်ကိုယ် မှ မလွမ်းလောက်တိုင်း )
လွမ်းလွမ်းနေရတာ ကြာတော့
လိပ်စာကတ်မှာ
“ မင်းကို သိပ်ချစ်တယ် ” လို့ ရေးပြီး
သေမင်းကို ရည်းစားစာ ပေးခဲ့ ။
ဒုက္ခဆီကိုပဲ တည့်တည့်ရောက်မယ့် ခရီး
မုန်တိုင်းတစ်ခု ငါမွေးထားတယ်
ငါ့ကိုယ်ငါ တိုက်ခတ်ဖို့
ထူးအိမ်သင် ။
••••• ••••• •••••
လီယိုနာ့ဒ်မောင်မောင်လွင် က လက် တစ်ဖက် က ရင် ကို ဖိပြီး “ သေသောသူ ကြာရင်မေ့ ဆို ပေမယ့် ငှက် ကို တော့ ကြာလေ သတိရလေပဲ ကိုစောဝေ ရာ ၊ အင်တာနေရှင်နယ် စကေးတွေ ရှာထား ပြီးသား ၊ စာသား က သူ လုပ်ရမှာ ကျွန်တော် လည်း မနိုင်ဘူး ။ လုပ်နိုင် မယ့် လူလည်း မတွေ့ပါဘူး ။ ကျွန်တော့် လက်တစ်ဖက် ကို ဖြတ်သွား သလိုပဲ ” တဲ့
မောင်ဇော်သစ် ထူးအိမ်သင် ရဲ့ နောက်ဆုံး အချိန် ဆန္ဒလေး ကို သူ ဒုက္ခလှောင်ချိုင့် ထဲ ချက်ချင်း ရောက်သွား နိုင်တဲ့ ကိစ္စ ကို တောင် လုပ် ပေးပြီး ကျွန်တော် တို့ ထက် ချစ်ပြခဲ့ပါတယ် အမေ ။
ထူးအိမ်သင် သတိရခြင်း ရက် ၁၀၀ ပြည့် မှာ သူ့ ငယ်သူငယ်ချင်း ကြွက်နီ ခေါ် သိမ်းတင်သား က “ ကျွန်တော့် ဘိုးတော် က အတော်ပါပဲ ကိုစောဝေ ရာ ” တဲ့ ။
ကဗျာဆရာအောင်ဝေး က
“ ငှက် က ရှင်သရွေ့ ကက်ပတိန် ကောင်း တစ်ယောက်ပါ ” တဲ့ ။
သူကြီးမြတ်ခိုင် က ...
“ သေတဲ့ လူ က သေပြီ ကျန်ခဲ့တဲ့ လူ တွေ အတွက် ဘာလုပ်ပေးကြမလဲ ” တဲ့ ။
ဟုတ်တယ် အမေ ကျန်ခဲ့တဲ့ လူတွေ အတွက် ကျွန်တော် ဒီ စာ ကို ရေးပါတယ် ။ ( ဒီ စာ ရေး နေရင်း ကျွန်တော် ငှက် ကို လေးစား စိတ်တွေ တဖွားဖွား ပေါ်နေခဲ့ပါတယ် အမေ ) ။ ငှက် ရဲ့ ဂီတ ပရိသတ်တွေ သိဖို့ နောင် လာမယ့် ဂီတ မျိုးဆက်တွေ ရှောင် ချင် ရှောင် ၊ ဆောင် ချင် ဆောင် ဖို့ ။ အနုပညာ အတွက် အသက် စွန့်မယ် ဆိုတဲ့ သရုပ်ဆောင်မှု တွေ နဲ့ ငွေ ကို အဓိက ထား ရှေ့တန်း တင် နေတဲ့ ဒီနေ့ ဂီတလောကက လူတွေ သိ စေဖို့ ။ ဘယ်မှာ လဲ ခေတ်ပေါ် မြန်မာဂီတ စစ်စစ် လို့ ကြွေးကြော် နိုင်တာ ။
အမေ ထူးအိမ်သင် ဆို တာ “ ရာဇဝင်များ ရဲ့ သတို့သမီး ” တစ်ပုဒ်တည်း နဲ့ ဂီတ သူရဲကောင်းဘွဲ့ စာပေနယ် က ဂီတ ပရိသတ်တွေ က ပေးထားပြီးသားပါ ။
ဖြုတ်ခနဲ မြို့မငြိမ်း
ဖြုတ်ခနဲ ကက်ကိုဘိန်း
ဖြုတ်ခနဲ ထူးအိမ်သင်
ကိုငှက် ရေ ပါဖော့မန့်အတ် နဲ့ ခေးအော့အတ် ဆိုတာ လူမှု ပေါက်ကွဲမှု လား ။ အနုပညာ ပေါက်ကွဲမှု လား ။ ဆွေးနွေး လို့ မပြီးခင် ခင်ဗျား ပါဖော့မန့် လုပ်သွားခဲ့တာလား ဗျာ ၊ ကျွန်တော် တို့ လည်း မုချ သေ မှာ ပဲ ။ ကျန်ရစ်သူတွေ အတွက် အနုပညာ လွမ်းလောက် အောင် သတိရလောက်အောင် မသေ ခင် လုပ်နိုင်ဖို့ မသေချာပါဘူး ။
ကျွန်တော် ခင်ဗျား ကို အရမ်း နှမြော တာပဲ ဗျာ ။
အမေ့ သား ကို ကျွန်တော် ကဗျာလေး စာလေး ရေးပေးနိုင် တာ က လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။ အနုပညာ အရာ မှာ သူ့ ကို ဘယ် ဟာ မှ လည်း မမီနိုင်ခဲ့ပါ ဘူး ။ အမေ ခွင့်လွှတ်ပါ ။
အမေ ဝမ်းမနည်းပါနဲ့
အမေ မငိုပါနဲ့
၁၄.၈.၀၄ နေ့မှာ မြေပြင် က ကောင်းကင် ကို
ကြယ်စင် တစ်စင်း တက်သွားခဲ့ပါတယ် ။
အဲဒါ အမေ့သား ကြယ် လေ
အမေ ကို ချစ်တဲ့ ထူးအိမ်သင် ကြယ်
အမေ ဘယ်သွားသွား ကောင်းကင် ကို မော့ ကြည့်လိုက်ပါလား
လင်းလက်နေတဲ့ ကြယ်လေး တစ်စင်း
အမေ့ နောက် ကို အမြဲ လိုက်နေလိမ့်မယ် ။
အဲဒါ ဂီတသူရဲကောင်း ကြယ်
ထူးအိမ်သင် ကြယ်
အမေ့သား ကြယ် ပေါ့ ။
ကြယ်စင်လေးရယ်
တို့ ရဲ့ အမိုက်လမ်း ကို
ကဗျာဂီတ နဲ့ လင်းရှင်းပေးလှည့်ပါ
တို့ ရဲ့ အမိုက်လမ်း ကို
ကဗျာဂီတ နဲ့ လင်းရှင်းပေးလှည့်ပါ ။
ကြယ်စင်လေး ထူးအိမ်သင်ရေ ... ။
သေမင်း က အကောင်းကြိုက် လွန်လွန်းတော့
အလွမ်းကို ရွက်ကုန်ဖွင့်ထား ရွက်ကုန်လွှင့်ထားကြရတယ် ။ ။
များ စွာဖြင့်
စောဝေ
February, 2011
◾စောဝေ
📖 ထူးအိမ်သင် အသက် ( ၅၀ ) ပြည့် အမှတ်တရ
ဂီတအတွက် မမေ့မလျော့သော လမ်းကလေး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment