❝ အတွေးရ ခက်တဲ့ ဧည့်သည် ❞
မောင်ထွန်းမြင့် မှာ အလုပ် မှ အပြန် တွင် မော်တော်ကား စီး ကာ ကြည့်မြင်တိုင် သို့ တိုက်ရိုက် ပြန်နိုင်လောက် အောင် အချိန် ရ သော်လည်း ၊ သိမ်ကြီးဈေး ၏အနီး တွင် တဝဲလည်လည် လုပ် ကာ ရင်ရင် လိုက်ပါသော မော်တော်ဘတ်စ် မှာ သေသေချာချာ ရွေးချယ် ၍ စီးနင်းတတ်ခြင်း မှာ ၎င်း ၏ အလေ့အထ ပင် ဖြစ်သဖြင့် မောင်ထွန်းမြင့် မှာ ရင်ရင် နှင့် ရေစက် မဆုံရစေကာမူ နေ့စဉ် မော်တော်ဘတ်စ် ဆုံ ၍ နေလေ၏ ။
မိမိ ၏ ကျကျနန စီမံချက် ကို အချက် ပိုင်လှပြီ ဟု အောက်မေ့ ကာ ။
တစ်နေ့သ၌ မောင်ထွန်းမြင့် မှာ အလုပ် က ပြန်လာပြီး နောက် နေဝင်စ အချိန် တွင် မိမိ နေသော အိမ် နှင့် မိုင်ဝက်ခန့် ကွာဝေးသော ဈေးကြီးရပ် ရှိ အိမ် တစ်အိမ် သို့ စိတ်မာန် တင်း ပြီး လျှင် ရဲရဲတင်းတင်း တက် ၍ သွားရာ ထို အိမ်ရှေ့ခန်း တွင် ထိုင် ၍ နေသော မိန်းမပျိုကလေး မှာ မောင်ထွန်းမြင့် အား အံ့အားသင့်သည် နှင့် ကြည့် နေခိုက် တွင် ၊
မြင့် ။ ။ ဒီမှာ အိမ် ငှားပြီး ၊ ထမင်း လခ နဲ့ လည်း ကျွေးတယ် မဟုတ်လား ။
မိန်းမပျို ။ ။ အံ့ဩသော အမူအရာ နှင့် မဟုတ်ဘူး ။ အိမ် မှား လာတယ် ထင်တယ် ။ ဒီမှာ အိမ်ခန်း လည်း အပို မရှိဘူး ။ ဘယ်သူ့ ကို မှ လည်း ထမင်းလခ နဲ့ မကျွေးဘူး ။
မြင့် ။ ။ မှားပါဘူး ။ ဒီ အိမ် အပေါ်ထပ် မှာ ဆိုင်းဘုတ်ကြီး ဆွဲကပ် ထားတာကို တွေ့သားပဲ ။
မိန်းမပျို ။ ။ မဟုတ်တာဘဲ ၊ ဆိုင်းဘုတ် မရှိပါဘူး ။ ရင်ရင် သေသေချာမှာ သိပါတယ် ။
မြင့် ။ ။ အို .... သေသေချာချာ လည်း ဒီ က ထွက်ပြီး ကြည့်ပါဦး ရှိပါတယ် ။
ဤသို့ ပြောရာ ရင်ရင် မှာ အံ့သြ၍ မယုံနိုင် သော ကြောင့် အိမ်ပြင် သို့ ထွက်ပြီး လျှင် မိမိတို့ အိမ် အထက် ထပ် ကို မောင်ထွန်းမြင့် ညွှန်ပြသည့် အတိုင်း ကြည့်ရှု ရာ ၊ “ အိမ်ခန်း ငှားရန် ရှိသည် ။ လခ နဲ့ လည်း ထမင်း ကျွေးမည် ” ဟု သေချာ ပီသစွာ ရေး၍ အပေါ်ထပ် ပြတင်းပေါက် တွင် ဆွဲချိတ် ၍ ထားသော ဆိုင်းဘုတ် ကို တွေ့မြင်ရသော အခါ ရင်ရင် မှာ အံ့ဩသော အမူအရာ နှင့် ယောက်ျားပျို ၏ မျက်နှာ ကို ကြည့် လိုက်ရာ ၊ ယောက်ျားပျို က “ ကျွန်တော် ပြောတာ မမှန်ဘူးလား ” ဟု မေးသော မျက်နှာထားမျိုး နှင့် ပြုံးတုံးတုံး လုပ်ကာ ရင်ရင် အား ပြန်၍ ကြည့် လိုက် သဖြင့် မျက်စိချင်း အဆုံ ခက် သော ရင်ရင် မှာ တစ်ဖက်သို့ မျက်နှာ လွှဲလိုက်ပြီး လျှင် ...
ရင် ။ ။ ဒီ ... အာ ... ဟုတ်ပါဘူး ။ ဘယ်လို ဖြစ်တာလဲ ၊ ဒီဟာ မှားလို့ပါ ၊ ရင် သွားပြီး မေးဦးမယ် ”
မြင့် ။ ။ “ အို ... သွားပြီး မေး မနေပါနဲ့တော့ ”
ရင် ။ ။ “ အို ... မဟုတ်ဘူး မေးရမယ် ”
ဤသို့ ပြောပြောဆိုဆို နှင့် ရင်ရင် မှာ အိမ်ခန်း ထဲ သို့ ဝင်၍ သွားလေ၏ ။ မောင်ထွန်းမြင့် မှာ ရင်ရင် တစ်ဖန် ပြန်၍ ထွက် လာဦးမည်လား ဟု အိမ်ရှေ့ တံခါးဝ က ရပ်လျက် စောင့်စား နေရာ ၊ အတော် ကြာသော အခါ ၊ ရင်ရင် မှာ ပြန်၍ ထွက် မလာဘဲ မိန်းမဝဝကြီး တစ်ယောက် သည် ထွက် လာ ပြီး လျှင် ...
မိန်းမကြီး ။ ။ “ ဝင်ပြီး ထိုင်ပါဦးလား မောင်ရင် ၊ မတ်တတ် ရပ် နေ ရတာ အားနာ စရာကြီး ၊ ဟို .... ရင်ရင် ဆိုတဲ့ သူငယ် မက ဘာမျှ နားလည်တာ မဟုတ်ဘူး ၊ မောင်ရင် အိမ်ခန်း ငှားချင်လို့ လာတာ ထင်တယ် ”
မြင့် ။ ။ ဟုတ်ပါတယ် ။ ဒီ အိမ် ကို အပြင် က နေပြီး ကြည့် တော့ နေလို့ ကောင်းမယ့်ပုံ ရလို့ပါ ၊ ဒီ အိမ်ခန်း ကို ငှား နေပေမယ့် ၊ ကျွန်တော့် မှာ တစ်ယောက် တည်း လူ မို့ ထမင်း မချက်နိုင်ဘူး ။ စားစရာ ပါ ဒီမှာ ရနိုင်တယ် ဆို လို့ သာပြီး နေချင် တာပါ ။ နေချင် တာ တော့ မပြောနဲ့တော့ ”
မိန်းမဝဝကြီး မှာ မောင်ထွန်းမြင့် ပြောသော စကားများ ကို ကြားရသော အခါ မှ ပြုံးရယ်လျက် ။
မိန်းမကြီး ။ ။ ထမင်း တော့ ဒေါ်ဒေါ်တို့ စားတဲ့ အထဲ က ပဲ ကျွေးပါ တယ် ။ အိမ်ခန်း က သန့်တော့ သန့်တယ် ။ တယ်ပြီးတော့ မကျယ်လှဘူး ။ နောက်ပြီး တော့ အခု ချက်ချင်း မောင်ရင် ကို လက်ခံဖို့ လည်း ဘာမှ မစီမံ ရသေးဘူး ၊ ၄ ၊ ၅ ၊ ၇ ရက် တော့ ဆိုင်းရလိမ့်ဦးမယ် ။
မောင်ထွန်းမြင့် မှာ ဤသို့ မိမိ အား ယခု မဟုတ် သော်လည်း မကြာမီ လက်ခံမည် ဟူသော စကား ကို ကြားရရုံ မျှ နှင့် အထူး ဝမ်းသာပြီး လျှင် ၊
မြင့် ။ ။ ဒါဖြင့် ကျွန်တော် ဘယ် ရက်လောက် ပြောင်း ခဲ့ရမလဲ ။
ဤသို့ ပြောသောအခါ မိန်းမဝဝကြီး ဖြစ်သူ ဒေါ်လေးညို က စဉ်းစား၍
မိန်းမကြီး ။ ။ အခုတော့ မောင်ရင် နေဖို့ အခန်း ကို တောင် မဆေး မကြော မပြင်ဆင်ရသေးဘူး ။ ၄ ၊ ၅ ရက် လောက် မဆိုင်းနိုင်ဘူးလား ။
မြင့် ။ ။ အို ... ဆိုင်းနိုင်ပါတယ် ။ ဒါလောက်နဲ့ တော့ မထူး ပါဘူး ။ ကျွန်တော် လည်း အခု ပြောင်းလာဖို့ အရင် မလိုပါဘူး ။ အိမ်လခ နဲ့ ထမင်းစရိတ် က ဘယ်လို ယူပါသလဲ ဒေါ်ဒေါ် နာမည် က ကော ။
မိန်းမကြီး ။ ။ ဒေါ်လေးညို တဲ့ ။ အိမ်လခ နဲ့ ထမင်းစားစရိတ် ၊ လက်ဖက်ရည်ဖိုး ပါ လူ တစ်ယောက် အတွက် အားလုံး အငြိမ်း တစ်လ ကို ငါးဆယ် ပဲ ယူပါမယ် ။
မြင့် ။ ။ ကောင်းပြီ ၊ ဒါတော့ ကျွန်တော် မငြင်းပါဘူး ။ ညဉ့် အခါ မှာ ကော တိတ်တိတ်ဆိတ်ဆိတ် ရှိရဲ့လား ။
ဒေါ်လေးညို ။ အို... ဆူမှာ ၊ ညံမှာ တော့ ဘာမှ မစိုးရိမ်စရာ မရှိဘူး ။ တိတ်လွန်း အားကြီးလို့ ပျင်း မှာ သာ စိုးရိမ်ပါ ။ မောင့် နာမည် က ကော ...
မြင့် ။ ။ မောင်ထွန်းမြင့် ။
ညို ။ ။ ဒါဖြင့် မောင်ထွန်းမြင့် အခု စနေနေ့ မှာ ပြောင်းနိုင် လျှင် ပြောင်းလာခဲ့လေ ။
ဤသို့ ပြောပြောဆိုဆို နှင့် ဒေါ်လေးညို သည် တံခါး ဆီ သို့ မောင်ထွန်းမြင့် အား ကြည့်လျက် လျှောက် သွားရာ မောင်ထွန်းမြင့် မှာ မိမိ နှင့် တံခါးဝ တွင် ပထမ တွေ့ ရသော သူငယ်မကလေး ကို ထပ်မံ ၍ တွေ့မြင် စေရန် အချက် မရတော့ကြောင်း ကို သိ၍ အလိုက်သိစွာ နှင့် “ ကောင်းပါပြီ ၊ ကျွန်တော် စနေနေ့ ညဉ့် မှာ ပြောင်းလာပါမယ် ” ဟု ပြောပြောဆိုဆို နှင့် နှုတ်ဆက် ပြီး လျှင် ဆင်းသွား လေ၏ ။
မောင်ထွန်းမြင့် မှာ စနေနေ့ ည တွင် ဒေါ်လေးညို တို့ ၏ အိမ် သို့ ပြောင်းရွှေ့ ၍ လာလေရာ ၊ ၎င်း နေ့ ညစာ စားသောက်သော အခါ မိမိ စိတ် က တွေ့ချင်လှသော ရင်ရင် ကို ထမင်းပွဲ တွင် မတွေ့ရဘဲ ရှိလေ၏ ။
နောက် တနင်္ဂနွေနေ့ တစ်နေ့လုံး အိမ် မှ မလည်မပတ် ဘဲ ရင်ရင် ကို သာ တွေ့ မြင် ကြည့်ရှု့ ရန် ချောင်းမြောင်း နေရာ ၊ တစ်နေ့လုံး ရင်ရင် ၏ အရိပ် အငွေ့ ကို မျှ မတွေ့ မမြင်ရဘဲ ရှိလေ၏ ။
မောင်ထွန်းမြင့် သည် ဤ အိမ် သို့ ပြောင်းရွှေ့ လာခြင်း မှာ ရင်ရင် ၏ အတွက် သာ ဖြစ်ရကား ကြိုးစား သမျှ ၊ ကြံစည် သမျှ မှာ သဲရေကျ ဖြစ်တော့ မည်လား ဟု စဉ်းစား၍ လည်းကောင်း ၊ ရင်ရင် သည် ရုတ်တရက် ပျောက်ကွယ် သွားရခြင်း မှာ အလွန် ထူးဆန်း သဖြင့် ရင်ရင် ၏ အတွက် စိုးရိမ်မကင်း ရှိသောကြောင့် တစ်ကြောင်း ၊ စိတ်နှလုံး မသာမယာ ရှိနေလေ၏ ။
မောင်ထွန်းမြင့် မှာ မိမိ နှင့် အကျွမ်းတဝင် မဟုတ်၍ ၊ နာမည် ကို မှ မသိရ သေးသော မိန်းကလေး ၏ အကြောင်း ကို အိမ်ရှင် ဒေါ်လေးညို အား စကား မစပ်မိဘဲ မေးရမည် က လည်း ခက် သဖြင့် ဆက်၍ မှိုင်တွေ နေဆဲ တွင် ဒေါ်လေးညို က ထမင်း စားရန် ခေါ် သဖြင့် မစားချင် စားချင် နှင့် ထမင်းပွဲ သို့ ဝင်၍ စား ရလေ၏ ။
ညို ။ ။ မောင်ထွန်းမြင့် ထမင်း အစား နည်းလှပါ ကလား ။ မျက်နှာ လည်း မသာဘူး ၊ ဘာဖြစ်လို့လဲ ။
မြင့် ။ ။ ကျွန်တော် ညနေက ခေါက်ဆွဲ စားထား လို့ ၊ ရင်ပြည့် နေ လို့ပါ ဒေါ်ဒေါ် တို့ အိမ်သားတွေ လည်း လူစုံ ထမင်း စားတာ မတွေ့ပါ ကလား ။
ညို ။ ။ အခု ဟာ လူစုံပဲ ။ ဒေါ်ဒေါ့် တူမ က တော့ ကမာရွတ် ခြံ ထဲ က အိမ် ကို သွားပြီ ။ ဒီမှာ မနေတော့ဘူး ။
မြင့် ။ ။ ဟင် .. ဟုတ်လား ။ တစ်နေ့ က ကျွန်တော် နှင့် တံခါးဝ မှာ တွေ့တာ ဒေါ်ဒေါ့် တူမ လား ၊ အခု သူ ဒီမှာ မနေဘူး ဟုတ်လား ။
ညို ။ ။ ပြုံးလျက် “ ဟုတ်တယ် ။ သူ့ အစ်မ က ကမာရွတ် က ခြံ ထဲ မှာ နေလို့ ။ ဟိုမှာပဲ အခု ပြောင်း နေကြတယ် ”
မြင့် ။ ။ စိတ် ပျက်သော အမူအရာ နှင့် ခေါင်းကုပ်ပြီး “ ဒါဖြင့် ကျွန်တော် ဒီကို လာတာ မှားတာပေါ့ ”
ညို ။ ။ ဘာပြုလို့ မှားတာလဲ ၊ ရင်ရင် သွားလို့လား ။
မြင့် ။ ။ စကား လွန် မှန်း သိ၍ ပြင်လျက် ၊ ဟုတ်ကဲ့ ... ကျွန်တော် လာတာ ဟာ သူ့ ကို နှင်ပစ်သလို ဖြစ်နေတာ ပေါ့ ၊ နှောင့်ယှက်ရာ ကျနေတာပဲ ။
ညို ။ ။ အို .... အဲဒီလို လည်း မဟုတ်ပါဘူး ။ ထန်းသီး ကြွေ ခိုက် ကျီးနင်း ခိုက် ကျလို့ပါ ။ ရင်ရင် သွားဖို့ ပြော နေတာ ကြာပါပြီ ၊ ဒါထက် ထမင်း အစား နည်းတယ် ၊ မောင်ထွန်းမြင့် ကာဖီ တစ်ခွက် လောက် သောက် လိုက်စမ်းပါဦး ။
မြင့် ။ ။ ကျွန်တော် ရင်ပြည့် နေလို့ပါ ။
ဤသို့ ပြောဆို ပြီး လျှင် မောင်ထွန်းမြင့် မှာ ထမင်းစားပွဲ မှ ထ၍ သွား ကာ ၊ မိမိ ၏ အခန်းတွင်း သို့ ဝင် သွားလေ၏ ။
မိမိ အိပ်ခန်း ထဲ က ခုတင် ပေါ်တွင် ရင်ရင် ထွက် သွားသည့် အတွက် ရတက် များ လျက်ရှိသော မောင်ထွန်းမြင့် မှာ “ လာမိ တာ မှားပြီ ၊ အလကား ဖြစ်ရပြီ ” ဟု အောက်မေ့ ကာ တွေးလေ တွေးလေ ၊ ရင်ရင် မရှိသည့် အတွက် ဘဝင် မှာ မချိုလေ ဖြစ်ကာ နေမသာ ထိုင်မချိဘဲ ရှိ သဖြင့် မိမိ ကိုင်နေကျ ဖြစ်သော လမ်းလျှောက် တုတ်ကလေး ကို ဆွဲယူ ပြီး လျှင် အိမ်ပြင် သို့ ထွက်၍ လာလေရာ
ညို ။ ။ “ မောင်ထွန်းမြင့် လမ်း ကို ထွက် မလို့လား ။ ပျင်းတယ် မှတ်တယ် ။ စိတ်ပျက် နေသလား ” ပြုံးလျက် ပြောသည် ။
မြင့် ။ ။ “ ဟုတ်ကဲ့ ၊ ဒေါ်ဒေါ် ကျွန်တော် လမ်း ကို ထွက်ပြီး လျှောက်လိုက်ဦးမယ် ”
ညို ။ ။ “ ဒါဖြင့် ဒီ စာကလေး တစ်စောင် ၊ တစ်ဆိတ်လောက် ယူသွားပြီး လမ်းလျှောက်ရင်း စာဘူး ထဲ ထည့်ခဲ့စမ်းပါ ။ ရင်ရင် ဆီ ပေးဖို့ စာပဲ ။ ဒုက္ခ ပေးတယ်လို့ မအောက်မေ့ပါနဲ့ ”
မောင်ထွန်းမြင့် မှာ ရင်ရင် ဆီ သို့ ပေးရန် ဆိုသော စာ ကို ငြင်းပယ်နိုင်ရန် မရှိရကား “ ပေးလိုက်လေ ... ကျွန်တော် ထည့်ခဲ့ပါ့မယ် ” ဟု ပြော ကာ ဒေါ်လေးညို ထံ မှ စာ ကို ယူပြီး လျှင် လမ်း သို့ ထွက်လာခဲ့လေ၏ ။
လမ်း သို့ ရောက် ၍ မောင်ထွန်းမြင့် မှာ ရင်ရင် ၏ လိပ်စာ ကို သိလို သဖြင့် စာအိတ် ကို ကြည့်ရာ ၊ စာအိတ် ပေါ် တွင် ရင်ရင် ၏ လိပ်စာ ကို တွေ့ရသော် လည်း တံဆိပ်ခေါင်း ပါသည် ကို မတွေ့ ရ သဖြင့် မောင်ထွန်းမြင့် မှာ စာအိတ် နှင့် စာ ၏ အဓိပ္ပာယ် ကို တွေးရင်း တွေးရင်း မောင်ထွန်းမြင့် ၏ စိတ် မှာ ပိုမို ရှုပ်ထွေး၍ လာလေ၏ ။
“ ရင်ရင် ရေ ဟောဒီ မှာ ဧည့်သည် တစ်ယောက် လာ နေတယ် ၊ ရန်ကုန် က တဲ့ ”
ဤကဲ့သို့ ရင်ရင် ၏ အစ်မ တင်တင် က ပြော၍ မှ စကား မဆုံးမီ မောင်ထွန်းမြင့် မှာ တံခါးဝ မှ ဝင် လာ၍ ရင်ရင် ၏ မျက်နှာ ကြည့် လျက် ရပ်ကာ နေလေ၏ ။
ရင်ရင် မှာ မောင်ထွန်းမြင့် အား မြင်လျှင် မြင်ချင်း မည်သူ ဖြစ်သည် ဟု သိသည် နှင့် လက် မှ ဖတ်လျက် ရှိသော စာအုပ် ကို ချကာ အံအားသင့်စွာ နှင့် ကြည့် နေစဉ် ၊
မြင့် ။ ။ “ ရင်ရင် ရဲ့ အဒေါ် ဒေါ်လေးညို က ကိစ္စ နှင့် ဒီကို လွှတ်လိုက်လို့ ”
ရင် ။ ။ “ ဟင် .. ဘာဖြစ်လို့လဲ ၊ ဒေါ်ဒေါ် နေမကောင်းလို့လား ”
မြင့် ။ ။“ မဟုတ်ပါဘူး ။ သူ နေကောင်းပါတယ် ”
ရင် ။ ။ “ ဒါဖြင့် ဘာဖြစ်လို့ ဒီကို လိုက်ခဲ့ရတာလဲ ”
မြင့် ။ ။ “ မလာဘဲ မနေနိုင်လို့ပါ ”
ရင် ။ ။ “ ဘယ်နှယ့် မလာဘဲ မနေနိုင်လို့ ၊ ဘယ်လို မနေနိုင်တဲ့ ကိစ္စ ဖြစ်နေလို့လဲ ”
မြင့် ။ ။ “ ရင် နေတဲ့ နေရာ ကို သိလို့ပေါ့ ”
ရင် ။ ။ “ ဒီလို သိရင် လာ ရ ရောလား ”
မြင့် ။ ။ “ မလာဘဲ မှ မဖြစ်ပဲကိုး ”
ရင် ။ ။ “ အခု ပြောတဲ့ စကားတွေ အဓိပ္ပာယ် ကို ရင် နားမလည်ဘူး ”
မြင့် ။ ။ “ ရင် ကြည့်မြင်တိုင် မှာ မနေဘဲ ဒီ ကို ထွက် လာတာ ဒီက ပယောဂ မကင်း သလို ဖြစ် နေလို့ တောင်းပန်ရအောင် လည်း တစ်ကိစ္စ ဆိုပါတော့ ”
ရင် ။ ။ “ ဒီ အပြင် ကော ဘာကိစ္စ ရှိသေးသလဲ ။ ဒီ ကိစ္စ က တော့ ရင် က ဦးလေးကြီး ပြောင်တာ ကို မခံချင် လို့ ထွက် လာတာပဲ ဦးလေးကြီး မကောင်းဘူး ”
မြင့် ။ ။ “ ဦးလေးကြီး က ဘာ မကောင်း လို့ ဘာကို နောက်တာလဲ ”
ရင် ။ ။ “ ဘာမှန်းလဲ မသိပါဘူး ၊ “ ဆိုင်းဘုတ် ရေးခ ပေးရမယ် ” လို့ မကြာမကြာ ပြောပြီး ရင် ကို ကြည့် ကြည့် ရယ်တယ် ။ သူ့ စကား အဓိပ္ပာယ် ကို လည်း ရင် မသိပါဘူး ”
မြင့် ။ ။ ဒါနဲ့ပဲ သူ့ ကို နောက်တယ်လို့ ပြောနိုင် သလား ၊ ဒါ့ အပြင် လည်း တခြား ကိစ္စ တစ်ခု ရှိသေးတယ် ”
ရင် ။ ။ “ ဘာကိစ္စလဲ ”
မြင့် ။ ။ “ ဟောဒီမှာ ရင် ရဲ့ ဒေါ်ဒေါ် လွှတ် လိုက်တဲ့ ကိစ္စ ပဲ ။ ဒီမှာ ဒေါ်ဒေါ် ပေး လိုက်တဲ့ စာ ”
ရင်ရင် သည် မောင်ထွန်းမြင့် လက် မှ ရ သော စာ ကို ဖွင့်၍ ဖတ်ကြည့် ရာ ...
“ တူမ ရင်ရင် ..
ရင်ရင် ရဲ့ ဦးလေးကြီး က ဆိုင်းဘုတ် ရေးခ ခဏခဏ တောင်းတာ တခြား ကြောင့် မဟုတ်ဘူး ။ ဟိုနေ့ က ဦးလေးကြီး အိမ် မှာ ဆေးသုတ် နေ တုန်း မောင်ထွန်းမြင့် လာ၍ ကြည့်ပြီး လျှင် ဦးလေးကြီး ကို ရင်ရင် ရဲ့ ဦးလေး မှန်း မသိဘဲ အခြား က ဆေးသုတ်သမား အောက်မေ့ပြီး ငွေ ၁ဝ ပေး ၍ ဆေး သုတ်ရင်း “ အိမ်ခန်း ငှားရန် ” ဆိုတဲ့ ဆိုင်းဘုတ်ကလေး ကို ရေး ပြီး ၊ ဆွဲပေးပါ လို့ ခိုင်း သဖြင့် ဦးလေးကြီး မှာ မောင်ထွန်းမြင့် ၏ အကြောင်း ကို စုံစမ်း ရာ လူရိုးလူကောင်းကလေး မှန်း သိ သဖြင့် ၊ မောင်ထွန်းမြင့် ခိုင်း တဲ့ အတိုင်း ဆိုင်းဘုတ် ကို ရေး ၍ တပ် ပေး လိုက်ပါ သည် ။
အဲဒီ ဆိုင်းဘုတ် ကြောင့် သာ မောင်ထွန်းမြင့် မှာ ရင်ရင် ဆီ ကို လာပြီး ၊ အိမ်ခန်း ငှား ဖို့ စကား စ ပြီး မေးဖို့ အချက် ရသွား ပါသည် ။
မောင်ထွန်းမြင့် လာပြီး မေး စ က ဒေါ်ဒေါ် မှာ စိတ် ဆိုးပြီး ဂါတ် ကို တိုင်မည် ကြံရာ ရင်ရင် ရဲ့ ဆိုင်းဘုတ် ရေး တဲ့ တရားခံ မှာ သူ ဖြစ်နေ၍ မတိုင်ပါ နှင့် ပြောသည့် အပြင် မောင်ထွန်းမြင့် ကို အိမ် မှာ လက်ခံရန် ပြော သဖြင့် လက်ခံ လိုက်ရပါသည် ။ အဆုံး မတော့ ရင်ရင့် ဦးလေး ဉာဏ်ကြီး ပဲ ။
သို့သော် မောင်ထွန်းမြင့် မှာ သတင်းစာဆရာ ၊ အယ်ဒီတာကလေး တစ်ယောက် ဖြစ်၍ ၊ လခ ကောင်းကောင်း ရသည့် အပြင် ၊ ရိုးသား ဖြောင့်မတ်သူ ၊ မိကောင်းဖခင် သား တစ်ယောက် ဖြစ်သည် ဟု ဒေါ်ဒေါ် ထင် သဖြင့် ရင်ရင့် ရဲ့ ဦးလေး ဉာဏ် ဟာ ဉာဏ် ကောင်း လို့ပဲ ။ ဒေါ်ဒေါ် တော့ ဆိုချင် ပါသည် ။ ရင်ရင် က ကော ဘယ်နှယ့် လဲ ။
သူ့ ခမြာ မှာ ရင်ရင် ရဲ့ အတွက် နှင့် မနက်စာ ညစာ ထမင်း ကို တောင် အရင် လောက် မစားဘူး ။ သနားစရာပဲ ... ရှင်ရင်
ဒေါ်ဒေါ်လေးညို ”
ရင်ရင် မှာ ၎င်း စာ ကို ဖတ် ၍ ဆုံးသော အခါ မောင်ထွန်းမြင့် ၏ မျက်နှာ ကို ကြည့် ပြီး လျှင်
ရင် ။ ။“ ဦးလေးကြီး နှင့် ဒေါ်ဒေါ်လေး ဟာ နှစ်ယောက် လုံး ရှုပ်ကြ တာပဲ ။ ဒါကြောင့် အစ ကတည်း က ရင်ရင် လည်း မသင်္ကာ တာ ပဲ ။ ဒါကြောင့် ဒီကို လာ နေတာပေါ့ ”
မြင့် ။ ။ “ ရင်ရင် အစ ကတည်း က ပဲ ဦးလေးကြီး ရဲ့ ဉာဏ် ကို သိသလား ”
ရင် ။ ။ “ သိတာပေါ့ ၊ ရင်ရင် မသိချင်ယောင် ဆောင် နေတာ ၊ ရင် ရဲ့ ဦးလေးကြီး ဟာ အိမ်တွေ ကို ဆေး သုတ် တဲ့ ကန်ထရိုက်ကြီး ပေါ့ ။ သူ့ အိမ် ကို သူ သုတ် နေတာ ကို ကိုကို က တခြား က လူ မှတ် လို့ ငွေ တစ်ဆယ် ပေးပြီး ဆိုင်းဘုတ် အရေး ခိုင်းတယ် မဟုတ်လား ။ ဒေါ်ဒေါ် က ဂတ် ကို တိုင်မယ် ဆိုတုန်းက မတိုင်ပါနဲ့ လို့ ဦးလေးကြီး ပြောတာတွေ ကို လည်း ရင်ရင် နားထောင် နေလို့ အကုန် ကြားပါတယ် ”
မြင့် ။ ။ “ ဒါဖြင့် ဘာများ အထူး ကန့်ကွက်စရာ ရှိသေးသလဲ ”
ဤသို့ ပြောပြောဆိုဆို နှင့် ရင်ရင် ၏ ပုခုံးကလေး နှစ်ဘက် ကို ကိုင် လိုက်ရာ ရင်ရင် က ...
“ ဟင့် ကိုကို .... ဒီလို မလုပ်နဲ့ ၊ ဟင့်အင်း .. ”
“ ဟင့် .... ကိုကို ....ဒီလို မလုပ်နဲ့ ”
“ ဟင့် ... ကိုကို ... ဒီလို .... ”
“ ဟင့် ... ကိုကို ... ”
ဟု တစ်ခွန်း ထက် ... တစ်ခွန်း ၊ ကန့်ကွက်ချက် စကား နည်းပါး၍ သွားသည် ကို ချောင်း၍ နားထောင် ကြည့်ရှု နေ လျှင် ထင်ယောင်ထင်မှား များစွာ သဘော ကျ လျက် ရှိနေလေတော့၏ ။
◾ရေးသူ - ?
📖 ခေတ်ဟောင်း ဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment