Monday, March 18, 2024

ကရုဏာ လေအပင့် ကြွေလွင့်တဲ့ တိမ်


 ❝ ကရုဏာ လေအပင့် ကြွေလွင့်တဲ့ တိမ် ❞


၁ ။


ဗီဒီယို ပြ အပြီး သိမ်းစရာ ရှိတာ သိမ်းဆည်းတယ် ။ ဆိုင်ခန်း ကို အကျအန ပိတ်တယ် ။ မနက်စောစော ရွာ ဈေးတန်း မှာ ရောင်းနိုင် အောင် ဆိုပြီး အရန်သင့် လုပ်ထားတာ ။ တောင်း တစ်လုံး မှာ ပစ္စည်းတွေ ကို ထည့် သိမ်း တယ် ။ ဒါဆိုရင် စောစော ဆိုင် ထွက်လို့ ရပြီ ။ တကယ်တော့ ဒါဟာ အဆန်းတော့ မဟုတ်ပေဘူး ။ နေ့တိုင်း လုပ်နေ ကျ အလုပ် မို့ လို့ သွက်သွက်လက်လက် ပြီး သွားတယ် ။ အချိန်က တော်တော်လေး ညဉ့်နက် နေပြီ ။ ဘက ကျောင်း က ကလေးတွေ တောင် ညစာဖတ်ကျောင်း ဆင်းပြီ မို့ ၂၃းဝဝ ရှိပြီ လို့ သိ လိုက်ရတယ် ။ ထွန်းမင်း အိပ်မယ် လို့ လုပ် လိုက်တယ် ။ ဒီစဉ် မှာ ဆိုင်ခန်း ထဲ က မြည်သံ တစ်ခု ကြား လိုက်ရတယ် ။ ဂလွန် နဲ့ ။ ကြောင် က ကြွက် ကို များ လိုက် ဖမ်းသလား လို့ ။ အိမ် မှာ တော့ ကြောင် မရှိ ။ သူများ အိမ် က ကြောင် တစ်ကောင်တလေ တော့ ရောက်ပေါက် တတ်တယ် ။


မြည်တဲ့ အသံ က အသံ ခပ်ပြင်းပြင်း ရယ် ။ အေးအေးမူ က “ ဘာသံလဲ ” လို့ စူးစမ်း လိုက်တယ် ။ ထွန်းမင်း က “ ကြောင် က ကြွက် ဖမ်းတာ နေမှာပေါ့ ” လို့ ပြော လိုက်တယ် ။ 


“ မဟုတ်ဘူးနဲ့ တူတယ် ” 


“ မင်း က လည်း တယ် အစိုးရိမ် လွန်ပေတာကိုး ”


ပြောပေမဲ့ အေးအေးမူ မိန်းမသား ပီပီ စိတ်ချမှု ရှိဟန် မတူ ။ ဒါနဲ့ ဓာတ်မီး ကို ယူတယ် ။ ပြီး ဆိုင်ခန်း ဆီ သွားတယ် ။ ဒီမှာ အေးအေးမူ က “ လူ လူ ” လို့ အလန့်တကြား အော် လိုက် တယ် ။ ဒီမှာ ထွန်းမင်း က သူ ကိုင် နေကျ သူ့ လက်သုံးတော် တောရမ်း ဓားရှည် ကို ဆွဲ ယူပြီး “ ဘယ်သူလဲ ဘယ်သူလဲ ” အော်ပြီး အိမ် ပေါ် က ဆင်း လာတယ် ။ အေးအေးမူ က လက်နှိပ်ဓာတ်မီး နဲ့ သူခိုး ကို မီးထိုး ပြ ထားတယ် ။ သူခိုး ဟာ မျောက်လေး တစ်ကောင် ကြောက်ကြောက် နဲ့ ထိုင် နေတဲ့ အတိုင်းပဲ ။ ထွန်းမင်း ဟာ သူခိုး ဘယ်သူ ဆိုတာ သိ လိုက်ရတော့ “ တောက် ... ” နဲ့ တက် တစ်ချက် ပြင်းပြင်း ခေါက် လိုက်တယ် ။ ပြီးရင် - 


“ ဟေ့ကောင် မအေပေး လေး ၊ အိမ်ပေါ် တက် လာခဲ့စမ်း ” 


ပျစ်ပျစ်နစ်နစ် ဆဲပြီး သူခိုး ကို ခေါ် တင် လိုက်တယ် ။ တကယ်တော့ သူခိုး ဟာ အားကောင်းမောင်းသန် လူကြီး တစ်ယောက် မဟုတ် ။ ဆယ်ကျော်သက် ကလေးလေး တစ်ယောက် ပဲ ။ သူခိုးလေး ဟာ ထွန်းမင်း ရဲ့ အမိန့် ကို မပယ်ရှားဝံ့ ဘဲ တုန်တုန်ယင်ယင် နဲ့ အိမ် ပေါ် တက်လာတယ် ။ ထွန်းမင်း ဟာ အတော့် ကို ဒေါသယမ်း ပေါက်ကွဲ နေတာကြောင့် “ မအေပေး သေပေတော့ ” လို့ သူ့ လက်သုံးတော် တောရမ်းဓားရှည် နဲ့ အပေါ် က နေ ဆီး ပြီး ခုတ်မယ် လို့ ရွယ်လိုက် ချိန် ဒီမှာ အေးအေးမူ က ကြား က ဝင်ပြီး “ ကိုထွန်းမင်း လက်လွန်မယ် ” လို့ တအား အော်ရင်း ဓား ကို လှမ်း ဆွဲ ဖမ်း တား လိုက်တယ် ။ ညကြီးမင်းကြီး ဆူဆူညံညံ အသံဗလံ ကြောင့် နီးရာ နီးရာ လူ တွေ က အထိတ်တလန့် “ ဘာ ဖြစ်တာလဲ ၊ ဘာဖြစ်တာလဲ ” နဲ့ အကူ ရောက် လာကြတယ် ။ ထွန်းမင်း တို့ လင်မယား ဟာ သူများ မေးတာ ဘယ်လို ဖြေရ မယ်မှန်း မသိတဲ့ အထိပါပဲ ။


 •••••   •••••   •••••


၂ ။


ငပြဲ ဝယ် တဲ့ ဆန် က နို့ဆီ သုံးလုံး စာ ။ ဒါကို ထွန်းမင်း ငါးလုံး စာ ထည့် ပေးတယ် ။ ထွန်းမင်း အပြုအမူ ကို အေးအေးမူ မကြိုက် တော့ မကြိုက် ၊ မျက်စောင်း တစ်ချက် ထိုး ပစ် တယ် ။ ဒါပေမဲ့ မတတ်သာ လို့ ငြိမ် ကြည့်နေတာ မျိုး ။ “ ဆား ရော ငါးပိ ပါ ယူသွားဦး ” ဆိုပြီး အပို ဆောင်း ပေး ပြန်တယ် ။ ဒါကို အေးအေးမူ က သည်းမခံ နိုင်တော့ ဘဲ မနောကံ က နေ ဝစီကံ ဆီ ရောက် လာတယ် ။


“ ဘုရား ဖြစ်မယ့် အုတ်နီ ခဲကျိုး ၊ စိတ်ရူး ပေါက်တိုင်း ချချ ပေး မနေနဲ့ ။ အလကား ရ ထားတာ မဟုတ်ဘူး ၊ ပိုက်ဆံ နဲ့ ရင်း ထားရတာ ” 


ထွန်းမင်း က အေးအေးမူ ပြောတာ ကို ဘာမှ မတုံ့ပြန် ဘူး ။ တကယ်တော့ လည်း ထွန်းမင်း ဟာ မောင်ပေါက်ကျိုင်း လို နဂါးနိုင်မင်း မဟုတ်ပေမဲ့ မယန အုပ်စုဝင်သူ တော့ ဟုတ်တယ် ။ ဒါကြောင့် အေးအေးမူ ဘယ်လို တားတား သူ လုပ်ချင်ရင် တော့ အေးအေးမူ မပြောနဲ့ ၊ အဖေအမေ လည်း တားလို့ ရတဲ့ လူစားမျိုး မဟုတ်ဘူး ။ ငပြဲ ကို ထွန်းမင်း ကရုဏာ သက်တာ လည်း အကြောင်း ရှိ တယ် ။ ငပြဲ မှာ မွေးချင်း လေးယောက် ရှိတယ် ။ သူ့ အမေ နဲ့ ပါဆို ငါးယောက် ။ စားအိုး စားခွက် က အကြီးသား ။ သူ့ အစ်မ နှင်းဝေ က အကြီး ။ အစ်မ လုပ်သူ တောင် မှ အသက် နှစ်ဆယ် မပြည့်တတ် သေးဘူး ။ ငပြဲ က လည်း ဆယ့်လေးငါးနှစ်သား ။ ငပြဲ အောက် တစ်ယောက် က လည်း ဆယ်နှစ် သီသီ စွန်းတဲ့ အရွယ် ။ သူ့ အောက် က တစ်ယောက် ဆယ်နှစ် တောင် မပြည့်တတ် သေး ။ ငပြဲ အမေ ဖြူမေ က တော့ လုပ်နိုင်ကိုင်နိုင်ချိန် က ရွာ က ထွက်တဲ့ ဟင်းသီးဟင်းရွက် နဲ့ မြို့ တက် တတ်တယ် ။ ဒီလောက် ကုန်း ကောက်စရာ မရှိရတဲ့ အထဲ ဖြူမေ မှာ သူဌေးရောဂါ ဝင် လာတယ် ။ ဆီးချို တဲ့ လေ ။ ဒါနဲ့ ဘာမှ မလုပ်နိုင် ၊ မကိုင်နိုင် တော့ ။ သားသမီးလေးတွေ လုပ်စာ ကို ပဲ အားထား နေတော့တဲ့ အဖြစ် ။ ငပြဲ တို့ မိသားစု ဆီ ကို အကုသိုလ်တွေ က အိုးစည်ဗုံမောင်း တီးပြီး ဝင် လာကြ ရော့ ထင်ပါ့ ။ ကမ္ဘာကြီး မှာ ကျောက်ရောဂါ ဟာ လုံးဝ ကင်းစင်သွားပြီ လို့ လက်ခမောင်းခတ် ကြွေးကြော်ခဲ့ပြီ ။ ဒါပေမဲ့ ငပြဲ တို့ မိသားစု ဆီ ကို ကျောက်ရောဂါ စုံစုံ မက်မက် ရောက်လာခဲ့တော့ တယ် ။ အကြီးတွေ က ကံ ကောင်းတယ် ထင်ပါ့ ။ ခံ လိုက်ရတာပဲ ရှိတယ် ။ အငယ်မလေး က တော့ သူ့ ရဲ့ ဝဋ်ကြွေး ကို မျက်လုံး နှစ်ဖက် နဲ့ လျော်ကြေး ပေးဆပ် လိုက်ရတယ် ။ တကယ်တော့ ငပြဲ တို့ မှာ အဖေ ဆိုတာ ရှိ ပေမဲ့ အမည် ခံ ရုံ မျှ ။ နောက်တော့ သံယောဇဉ် ကင်းပြတ်စွာ မိသားစု ကို ပစ် ထားပြီး အရပ် တစ်ပါး မှာ အိုးသစ် အိမ်သစ် ထူထောင် လို့ ။ ဒီက သားမယား ကို တော့ ဖုတ်တဲ့ ငါးပိ ရှိတယ် လို့ တောင် မသိတော့ ။


ငပြဲ အဖေ မောင်နီ ဟာ ဖြူမေ ကို ဘာ အကြောင်းပြချက် မှ မရှိဘဲ စွန့်ပစ် ခဲ့ပြီး နောက်

ဖြူမေ ဟာ ကလေး တစ်အုံ တစ်ပြုံ နဲ့ မို့ အမေ့ အိမ် ကို ကပ်ရတော့တာ ကလား ။ တကယ်တော့ အမေ တို့ က လည်း မောင်ကာက တို့ ဆွေမျိုးရင်းချာတွေ ဆိုရင် မမှားတန်ရာဘူး ။ ဖြူမေ့ အဖေ ဆိုတာ က အစဉ်အဆက် ရွာဆော် လုပ်စားလာသူ ။ ရွာဆော်ခ ရတာ မစို့မပို့လေး နဲ့ တစ်ဘဝ လုံး ရေစုန် မျှော လာနေသူ ။ ရွာဆော် လုပ် ရင်း အကောင် ဗလောင် ပေါ်မယ် ဆိုရင် သူ့ ကို မခေါ်မဖြစ် ခေါ် ရတယ် ။ ဒီဟာလေးတွေ က ရတာလေး ။ နောက် ဆိတ် ၊ ဝက် ၊ ကြက် ၊ ငှက် တွေ လည်း မြတ်မယ် ထင်ရင် ပေါ်တယ် ။ ဒီ က ရတာလေး ဝါးတဲလေး တစ်လုံး ကို တော့ ဖြူမေ့ အဖေ တို့ ပိုင်ဆိုင် ခဲ့တယ် ။ နောက်ပိုင်း မှာ တော့ အဖေ တို့ မှာ ပိုင်ဆိုင်ခဲ့ဖူး တဲ့ တဲကုပ်ကလေး နဲ့ အိမ်ရာမြေ ကို သမီးကြီး ဖြစ်သူ ဆီ ထိုးပေး လိုက်ရတယ် ။ နောက်တော့ ဖြူမေ့ မိဘနှစ်ပါး ဟာ သူများ ခြံ မှာ ခြံစောင့် နေ ကြရတယ် ။ ဒီမှာ ဖြူမေ တို့ လည်း သူ့ မိဘ ဆီ မှာ မိသား တစ်စုလုံး ဒုက္ခသည်တွေ အဖြစ် ခိုလှုံ လိုက်ကြတယ် ။ 


အဲသလို နေရင်း ဖြူမေ့ အဖေ ဆုံး ။ နောက် ဘာမှ မကြာခင် မှာ အမေ က နောက် က ကပ် လိုက် သွားတယ် ။ သေခြင်းတရား ကို ဘယ်သူမှ လွှဲရှောင် မရ ဆိုတာ ဖြူမေ သဘောပေါက် နားလည် လို့ တော့ မဟုတ် ၊ သိပ် ပူဆွေးသောက မရောက် ။ ဒါပေမဲ့ ဖြူမေ ပူပန်ရလာတာ က နေရေး ရယ် လေ ။ ဖြူမေ တို့ နေ နေတဲ့ ခြံ ဟာ ရွာ နဲ့ အတော် လေး လှမ်းတယ် ။ ဒါကို အကြောင်းပြ ပြီး ခြံပိုင်ရှင် က ဒီမှာ နေ လို့ သင့်တော်မယ် မဟုတ် ဆိုပြီးတော့ ငြင်းလာ တယ် ။ ဒါကလည်း အကြောင်း ရှိတယ်လေ ။ ဖြူမေ တို့ က ခြံ ထွက်တဲ့ ရာသီ သီးနှံတွေ နဲ့ မြို့တက်တတ်တာကိုး ။ ဝယ် တာလို့ အကြောင်းပြ ၊ သူများ ခြံ က သီးနှံတွေ ကို တို ရှို ။ အဂ္ဂိရတ် ထိုးတတ်ကြ ။ ဒါကို ခြံရှင် က သူ ကိုယ်တိုင် လည်း အကြိုက် ၊ သူများတွေ လည်း ကြိုက် တာ မို့ ပျားရည် တိုက် ပြီး ဝမ်း နုတ်လိုက်တဲ့ သဘော ။


ဒါနဲ့ပဲ ဝင်ကစွပ်တွေ လို သူ များ ခရုခွံ ထဲ ဝင်ပြီး အသက်ရှင် ကြ သလို သူတို့ လည်း အရန်သင့် နေရာ လိုက်ရှာတယ် ။ နောက်တော့ စိန်လှ တို့ ခြံ က တဲ မှာ လူ မနေတာ နဲ့ စိန်လှ ကို သွား ပြောတော့ “ နေနေရတယ် ၊ ရတယ် ။ ကောင်းကောင်းမွန်မွန် ပဲ နေကြ ” လို့

အသာတကြည် ခွင့်ပြု လိုက် တယ် ။ စိန်လှခြံ က ရွာ နဲ့ လည်း နီးတယ် ။ တဲ က လည်း ပြင်ထားခါစ မို့ မိုးလုံ လေလုံ ။ နတ်တို့ ဖန် ရေကန် အသင့် ကြာ အသင့် လို့ ဆိုရ မလိုပါပဲ ။


စိန်လှ တို့ တဲ ကို ရောက် လာတော့ ငပြဲ လည်း သူ နိုင်ရာ ဘက် က လုပ် တတ်တယ် ။ သူ့ အစ်မ နှင်းဝေ မြို့ တက် ၊ သူ့ အစ်မ မြို့ တက် ရာ မှာ ငပြဲ ရဲ့ အကူအညီ တွေ လည်း ပါ တတ်တယ် ။


ဒီ ကောင်လေး ဟာ ဉာဏ်ရည်ဉာဏ်သွေး ထက် မြက် တဲ့ ကောင်လေး တစ်ယောက် ရယ် ပဲ ။ အစိုးရ မူလတန်းကျောင်း မှာ မထားနိုင် လို့ ရွာဦးကျောင်း ဆရာတော် ဆီ အဘိုး က သွား အပ်တယ် ။ ဒါနဲ့ ဘုန်းကြီးကျောင်းသား ဖြစ်လာခဲ့သူ ဆိုပါတော့ ။


ကြောင် ဆို လို့ ပြောရဦး မယ် ။ ကျောင်း က ကြောင် တွေ ဟာ အတော့် ကို စည်းမဲ့ ကမ်းမဲ့ နိုင်တာလေ ။ ချေး ပါ တာ နေရာတကာ ပါ ပါတတ်တယ် ၊ အထူးသဖြင့် ဆရာတော့် အိပ်ရာ ပေါ် မှာ ။ လူ လစ် ရင် လစ် သလို ကြောင် လာ လာပြီး အလစ် ဝင် ချေးပါ သေးပါ တိုက်ခိုက်တတ်တာ ။ ဒါကို မျက်ခြည်မပြတ် စောင့် ကြည့်နေမယ့် သူ တစ်ယောက် လိုတယ် ။ ဒါနဲ့ အကင်းပါး တဲ့ ငပြဲ ကို ကင်းစောင့် ချထား တာ ။ ဆရာတော် ကျောင်း ပေါ် ပြန် တက်လာတော့ ငပြဲ ကို မတွေ့ဘူး ။ ဘယ်ရောက် နေလဲ မပြောတတ် ။ ဆရာ

တော် ဟာ ငပြဲ ဘယ် ရောက် နေလဲ လိုက်ရှာတယ် ။ နောက် တော့ ကိုယ်တော်ချော က

ဆရာတော့် ကျက်သရေခန်း ထဲ မှာ ဟိုကိုင် ဒီကိုင် နဲ့ ။ ဒီမှာ ဆရာတော် က ငပြဲ ဘာလုပ် နေပါလိမ့် မလဲ လို့ စောင့် ကြည့် နေတယ် ။ ဒီကောင်လေး ဟာ တစ်ခု ခု ကို ရည်ရွယ်ချက် ရှိရှိ လိုက် ရှာနေတာတော့ မဟုတ်ဘူး ။ အတန်ကြာကြာ ကြည့်နေပြီး ဆရာတော်က “ ငပြဲ ဘာ လုပ်နေတာလဲ ” လို့ အသံ ပေး လိုက်တော့ သူ ဟာ ဆောက်တည်ရာ မရ သလို ပျာယာခတ် သွားတယ် ။ ဆရာတော် ရဲ့ ရိုက် မှာ နှက် မှာ ကို တုန်လှုပ်ချောက်ချား ကြောက်ရွံ့ သွားပုံပါပဲ ။ 


“ ငါ့ အခန်းလို့ မဟုတ် ဘူး ၊ ဘယ်သူ့ အခန်း ပဲ ဖြစ်ဖြစ် သူများ အခန်း ကို ခွင့်ပြုချက် မရှိဘဲ မဝင်ရဘူး သိလား ” လို့ ညင်သာစွာ ပြော လိုက်တယ် ။ ဒီတော့ မှ ငပြဲ စိတ်ဖိစီးမှုဒဏ်

လျော့ပြေ သွားပုံပါပဲ ။ ငပြဲ ကို နောက်ပိုင်း မှာ ကြောင် မစောင့်ခိုင်းတော့ဘူး ။ ဒီက နေပြီး ငပြဲ ရဲ့ အကျင့်စရိုက် မူမမှန် ကို ဆရာတော် ရိပ်စားမိ လိုက်တယ် ။ 


နောက်တစ်ခါ မှာ တော့ ဆရာတော် တစ်နေရာ ကို ကြွ နေတယ် ။ ဆောင်း က လည်း ဆောင်းရာသီ ။ ဒီမှာ ချိန်ခါ မဲ့ မိုး ရွာတာ သုံး,လေး ရက် ပေါ့ ။ ဒီ နေရာ ၊ ဒီ ဒေသ ဟာ တောတောင်ထူထပ် တော့ အေးတယ် ။ စင်တီဂရိတ် ၈ လောက် ထိ ကျတတ်တယ် ။ မိုး ရွာ နေတော့ ပိုဆိုးတာပေါ့ ။ ဒီမှာ အလုပ်အကိုင် က လည်း မလုပ်ရ မကိုင်ရ ။ ဝမ်းစာ ရှိသူတွေ မှာ တော့ ဘာမှ မထောင်းတာလှ ။ လက်လုပ်လက်စား သမားတွေ မှာ အတော့် ကို ဒုက္ခ နဲ့ ကြုံကြရ တယ် ။ ရင်းနှီးသူတွေ ဆီ က ချေးငှား စားသောက်လို့ အဆင် ပြေ သူ လည်း ပြေ ၊ မပြေသူ လည်း မီးခိုးတိတ် သူ တွေ တိတ် ပေါ့ ။ ဒီလို အခြေအနေ မှာ ငပြဲ မိသားစု ငတ်ကြ ပြတ်ကြ တာ ဘယ် ဆန်းပါ့မလဲ လေ ။ ငပြဲ က ဘုန်းကြီးကျောင်းသား ဆိုတော့ မငတ်ဘူးလေ ။ သူ့ မိသားစု တစ်ပြုံတစ်အုံ က ငှက်ပျောသီး အစိမ်း မီးဖုတ် စား လို စား ၊ ပိန်းဥ မျောက်ဥ ပြုတ် စား လို စား ၊ ဖုတ် စား လို စား နဲ့ ကန္တာရ နေ့ရက်တွေ ကို ဖြတ်ကျော် နေရတာ သိတော့

မိသားစု အတွက် သူ လှုပ်ရှားရတယ် ။


သူတို့ ကျောင်းဝင်း ထဲ မှာ သီလရှင် သင်္ခမ်းကျောင်း ရှိတယ် ။ သူ ဟာ သီလရှင် မရှိ ခိုက် သင်္ခမ်းကျောင်း ပေါ် တက်ပြီး ဆန် ခိုးတယ် ။ ပထမ တစ်ရက် တော့ အခက်အခဲ မရှိခဲ့ဘူး ။ ဒုတိယ နေ့ မှာ တော့ သူ့ လှုပ်ရှားမှု ကို ကျောင်းသား တစ်ယောက် က ရိပ်မိ လိုက် တယ် ။ ဟုတ်တန် ကောင်းရဲ့ ဆိုတဲ့ စွပ်စွဲချက် နဲ့ သူတို့ ကို စာပြ ပေးနေတဲ့ ဦးပဉ္စင်းကြီး ဆီ သွား တိုင်တယ် ။ ဒါကို ငပြဲ က ဘူးကွယ် ငြင်းတယ် ။ နောက်တော့ ငပြဲ က အင်း ... အာမ ဟုတ်ပါ၏ လို့ ဝန်ခံ လိုက်တယ် ။ ဦးပဉ္စင်းကြီး က ကျောင်းသား ကျင့်ဝတ် ဆယ်ပါး ထဲ က အမှတ် ၂ ဖြစ်တဲ့ “ နှစ်ကြိမ် ၊ ခြောက်ဆယ် ၊ သုံးကြိမ် ဝယ် ၊ ကျောင်းဝယ် မနေရပါ ဘုရား ” ဆိုတဲ့ ကျင့်ဝတ် ကို ချိုးဖောက် ရာ ရောက် နေတာ ကြောင့် သူ ဟာ ကျောင်း က ထွက် လာခဲ့ ရတယ် ။ တကယ်လို့ ဆရာတော် ရှိခဲ့ရင် ကရုဏာအကျိုး ကို ခံစားနိုင်ပေလိမ့်မယ် ။ ခုတော့ အယူခံ မရှိ ၊ အသနားခံ မရှိ တစ်ချက် တည်း နဲ့ ကျောင်းထွက် သွားရတယ် ။


သူ ကျောင်း ထွက်ပြီး နောက် ကျောင်း မှာ နေခဲ့ သလို သပ်သပ်ရပ်ရပ်လေး မရှိ တော့ ။ ဆံပင်တွေ က ပခုံးသား ပေါ် ထိလို့ ။ ပခုံး ပေါ် မှာ လွယ်အိတ် ညစ်စုတ်စုတ် တစ်လုံး လွယ်လို့ ။ အထဲ မှာ တော့ စာအုပ်စာတမ်း မဟုတ်တော့ ။ ငှက်ပစ် ၊ ကြက်ပစ် ဖို့ လောက်စာလုံး ထည့် စရာ သာ ဖြစ်နေတယ် ။ သူ့ ခါးကြား မှာ လက်သုံးတော် လောက်လေး တစ်လက် နဲ့ ။ တောတိုင်း တောင်တိုင်း ရောက်တယ် ။ ဥယျာဉ်တိုင်း ၊ ခြံတိုင်း ရောက်တယ် ။ ဘာ သီးနှံပင် ဘယ်လောက် မြင့်မြင့် ငပြဲ လက် က ဘယ်တော့ မှ မလွတ်စေရ ။ ငပြဲ ဟာ သူနိုင်တဲ့ ဘက် က သူ့ မိသားစု ကို ရှာဖွေ ပေးသူ တစ်ယောက် ဆိုပါတော့ လေ ။ ငပြဲ ဘုန်းကြီးကျောင်း က ထွက် လာပြီး နောက် သူ့ အမေ ရဲ့ ဆီးချို က တစစ ရင့် လာတယ် ။ မိသားစု တစ်ခုလုံး ရဲ့ တာဝန် တစ်ခုလုံး နှင်းဝေ တစ်ယောက် တည်း ခေါင်း ပေါ် ပိကျ လာတယ် ။ ဒါနဲ့ ငပြဲ က သူ နိုင်သလို သူ့ အစ်မ ကို ကူညီတယ် ။ ဒါ ကလည်း ငပြဲ ဆို တဲ့ ကောင်လေး ကို ရွာ က လူတွေ က ငတက်ပြား ဘွဲ့တံဆိပ် ချီးမြှင့် ပေးထား လိုက်ကြလေရဲ့ ။


 •••••   •••••   •••••


၃ ။


ငပြဲ အမေ လက် မှာ ယားနာလေး တစ်ခု ပေါ်လာ တယ် ။ ဒါကို ကုတ်မိရာ က အရေစုတ် သွားရော ။ ဒီ က နေ အနာ ဟာ ပြည်တည် လာ တယ် ။ ဒီ အနာ ဟာ တစစ ပြည် တစိုစို နဲ့ ပွပွလာ လေ တော့ လဲရာ သူခိုးထောင်း ရုံ တင် မကဘဲ လမ်းကြိတ်စက် နဲ့ ပါ ဖိ အနင်းခံ ရ သလား ပြောရမယ့် ကိန်း ဆိုက် လာ ရော့ ။ ဒါနဲ့ ဒီ သတင်း ကို ကြားမိ တဲ့ ဦးစံကျော်အောင် ဆိုတဲ့ အဘိုးကြီး ဟာ တတ်တဲ့ ပညာ မနေသာ ဆိုသလို သူ ဟာ ဒီလိုပဲ အခမဲ့ လိုက်လံ ကုသတတ်သူ တစ်ယောက် ရယ် ။ ဆေးဖိုး ဝါးခ ဆိုတာ က ပေး သလောက် ပဲ ယူ တတ်တာ ။ ကွမ်း တစ်ယာ ၊ ဆေး တစ်လိပ် ဒါလောက် နဲ့ ပြီးတာပါပဲ ။ အခု လည်း ဖြူမေ့ သတင်း ဦးစံ ကျော်အောင့် နား ပေါက်သွား ထင်ပါရဲ့ ။ ဒီ ရွာ မှာ သူ တစ်ယောက် လုံး ရှိနေပါ လျက် နဲ့ ဘာလို့ ဒီလို ဆေး မတွေ့ ၊ ဝါး မတွေ့ ရှိရ မလဲ ဆိုတဲ့ စေတနာ ဗရပ္ပ နဲ့ သွား ကုဖို့ ဖြူမေ တို့ တဲကုပ် ရွှေနန်းတော် ဆီ ရောက် သွားတယ် ။ ဒီမှာ အနာ ကို ကြောင်လျှာခေါက်ပြုတ်ရည် နဲ့ အဖန် ဆေးရမှာ မို့ ကြောင်လျှာခေါက် လိုတယ် ။ ဒီ နေရာ ၊ ဒီ ဒေသ မှာ ကြောင်လျှာပင် က နေရာတကာ မှာ ရှိနေတဲ့ အပင် ပဲ လေ ။ ဒါနဲ့ ငပြဲ ကို ကြောင်လျှာခေါက် ခွာ ဖို့ ခိုင်း လိုက်တယ် ။ ကြောင်လျှာခေါက် အလာ ကို စောင့် ရင်း တစ်နာရီ ပြီး တစ်နာရီ ကုန်ဆုံး သွားတယ် ။ ငပြဲ က ပေါ် ကို မလာတော့တာ ။ ဘယ်တိုင်း ဘယ်ဌာန ဆီ ရောက်လေပြီ မသိနိုင်တော့ ။ 


နောက်တော့ ငပြဲ ကို ဘသောင်း က သူ့ စက်လှေ မှာ စောင့် အိပ် ဖို့ ငှားတယ် ။ ည ရေဝင် မိုးဝင် ဆိုရင် ရေလေး ဘာလေး ပက် ပေါ့ ။ ထမင်း လည်း ဘသောင်း တို့ ကျွေး ထား တော့ ငပြဲ ဘဝ မှာ ပြည်တော်ကြီး ကို အရမ်း သာ နေတော့ တာပါပဲ ။ ငပြဲ ဘဝ မှာ စားစရာ အတွက် ပူစရာ မလို ၊ နေစရာ အတွက် လည်း ပူစရာ မလို ။ လှေ စောင့်ခ ရတဲ့ ပိုက်ဆံ နဲ့ ဗီဒီယို ကြည့်တယ် ။ ပြစဦး က ကြည့် ရင် ပိုက်ဆံ ကုန်တယ် ။ ပြ လို့ အတော်အသင့် ကြာ တော့ ရုံဝ မှာ အေးအေးမူ မရှိတော့ ဒီ အချိန် ဝင်လိုက် ရင် ဇေပဲ ။ မကုန်ဘူး ။ ထွန်းမင်း သာ ရုံပေါက်ဝ မှာ တွေ့လို့ က တော့ ဘာပြော ကောင်းမလဲ ။ ဝင်သွား ဝင်သွား နဲ့ သွင်းပေး လိုက် တတ်မြဲ ။ 


ဒီ ကနေ့ ဗီဒီယို ပြ ပြီး တော့ လူတွေ အသီးသီး အိမ် ပြန် ကြပေမဲ့ ငပြဲ က တော့ ဘသောင်းစက်လှေ ဆီ သွား ၊ ရေတွေ ဘာတွေ ဝင် နေရင် ရေပက် ။ အေးငြိမ်း ချမ်းသာ စွာ အိပ်စက်တတ် လေတော့သတည်း ပေါ့ ။


 •••••   •••••   •••••


၄ ။


ဘသောင်း ဆီ က စက်လှေ စောင့်ခ သူ့ လက် ထဲ မှာ တစ်ပြား မှ မရှိ ။ ရတာ စားပစ်တတ်တယ် ။ ငွေသုံး လွယ်တာ က လည်း အသီးအနှံတွေ ရောင်းလို့ ရတာလေးတွေ ကို အိမ် နည်းနည်း ပေး ၊ ရတာ ကို သူ သုံးစွဲ ။ ဒါတွေနဲ့ ငပြဲ ဟာ အသုံးအစွဲ တတ် လာ တော့တာ ။ ဘသောင်း စက်လှေ ဟာ ဝါးဖောင် တွန်းဖို့ ထွက် သွား တော့ ငပြဲ မှာ အလုပ် လက်မဲ့ မို့ စားစရာ မဲ့ ၊ နေစရာ မဲ့ ဖြစ်လာတယ် ။ အိမ် လည်း မပြန်ရဲ ။ ဒါကြောင့် သူ့ မှာ ငတ်ပြတ်ခြင်း နဲ့ မိတ်ဖွဲ့ရ တော့တယ် ။ ဆာ တိုင်း ရေ သောက် ၊ ဆာ တိုင်း ရေသောက် နဲ့ တော ထဲ ကို တိုး ဝင် ပြီးတော့ ငှက်ပျောသီးစိမ်း တွေ ကို အပင် ကို အလက် က ဆွဲ ပြီး ညွှတ် ၊ ငှက်ပျောအဖီး ကို ဖဲ့ ယူ ၊ ဒါကို မီးဖုတ် စား အဲသလို ပဲ ယာယီ ဖြေရှင်း နိုင်တယ် ။ ဒီလို လုပ် နေခိုက် သူ့ ဆီ တစ်ယောက် က တန်းတန်းမတ်မတ် ခြေလှမ်း လာ တယ် ။ ဒါနဲ့ သူ လစ်ပြေးတာ ပဲ ။ ဒီ က နေ ကျောင်း တောင်ဘက် ကို ထွက်ပြေး ။ ဒါပေမဲ့ ဗိုက် က ဆာ နေတော့ နဲ့ ခြေထောက် နှစ်ဖက် ဟာ ကျောက်ခဲ တွဲလွဲ ဆွဲ ထား သလို ဖြစ်နေတယ် ။ သူ ဘုန်းကြီးကျောင်း မှာ နေခဲ့ စဉ် က အတွေ့အကြုံ တစ်ခု ကို သွား သတိရတယ် ။ ကနစိုးပင် အခေါက် ကို ခွာ စားရင် ရနိုင်တယ် လို့ ။ ဒါနဲ့ သူ ကျောင်း ဘက် ကူး ၊ တောင် ပေါ် မှာ ပေါက် နေတဲ့ ကနစိုးပင် က အခေါက် ကို ကျောက်တုံး နဲ့ ထု ပြီး သူ ခွာ စားတယ် ။ ဆာလောင်မှု ဟာ သူ့ သွေးသား က တောင်းဆို နေ တော့ ဒီ သွေးသား အာသာဆန္ဒ ကို မကျော်လွှားနိုင် ။ ကနစိုးပင် အခေါက် ကို ထုပြီး ခွာ စားတယ် ။ ဆာ နေတော့ ချဉ်ဖြုံး ချဉ်ဖြုံး နဲ့ အငမ်းမရ စား ဖြစ်တယ် ။ ဒါ ကို ခွာ စားပြီး ကျောင်း တောင်ပေါ် ရှိ စေတီပျက် နား က စင်ပြွမ်းပင် အရိပ် အောက် မှာ အနား ယူတယ် ။ 


ငပြဲ နား နေရင်း ဘုန်းကြီးကျောင်း က အဖြစ်လေး တွေ သူ့ ခေါင်း ထဲ မှာ ရိပ်တိတ် ရိပ်တိတ် ပေါ် လာ တယ် ။ ကျောင်း မှာ ပွင့်လင်းရာသီ ဆိုရင် ဆွမ်းကျန်တွေ ကို ထမင်းခြောက် လှန်း တတ်တယ် ။ ကျန်တာ တချို့ ကို ခွေးစာ ကျွေး တတ်တယ် ။ မိုးတွင်း ဘက် ဆိုရင် တော့ ဆွမ်းကျန် တွေ က တော်တော်များများ ကျန် တာ မို့ ခွေး လည်း စား မနိုင် ၊ သောက် မနိုင် နဲ့ ။ အချို့ ဆို ည ည ကျရင် ဝက်စာ လာ လာ ခိုး ယူ တတ်တယ် ။ 


တစ်ခါက ပေါ့ လေ ။ ရဲဘက်စခန်း က ရဲဘက် တွေ လယ်တော ထဲ က ပျိုးစိုက် အပြန် ဘုန်းကြီးကျောင်း ဘက် က နေ လူ တစ်ယောက် ပါဆယ်အိတ် နဲ့ ထမင်း ထုပ်ပြီး ယူ လာ တာ ကို မြင် တော့ ရဲဘက် တစ်ယောက် က ပါဆယ် အိတ် အထု ပ် ကို လိုက် တောင်းတယ် ။ ဒီမှာ ပါဆယ်အိတ် ယူ လာ သူ က ဆွမ်းကျန် စွန့်ထား တဲ့ နေရာ ကို ပြောပြ လိုက် တယ် ။ ဒါနဲ့ အဲဒီ နေရာ ကို ဝင်ပြီးတော့ ဆွမ်းကျန် ယူ တယ် ။ သူ့ ခါးပိုက် ထဲ လည်း ကျုံး ကျုံးထည့် ၊ ပါးစပ် ထဲ လည်း ထည့်တယ် ။ ဒါကို ကျောင်းသားတွေ က မြင် တော့ သူတို့ စားဖို့ ထား ထား တဲ့ ညနေစာ ထမင်း ကို ရဲဘက် လက် ထဲ အပ် လိုက်တယ် ။ ဒါတွေက ငပြဲ ရဲ့ ခေါင်း ထဲ ဝိုးဝိုးဝင်းဝင်း ပေါ် လာတယ် ။ ငပြဲ ဟာ ရဲဘက် လို ဆွမ်းကျန် သွား ယူ ကျုံး စား လိုက်ရရင် ... အတွေး ပေါ် လာတယ် ။ ကျောင်း တောင်ပေါ် က နေ ကျောင်းဝင်း ထဲ ကို ဝင် တယ် ။ ဒီမှာ ခွေး က ဟောင် ပြန် ပါ လေရော ။ တကယ်တော့ ဒီ ခွေးကြီးတွေ က သူ နဲ့ ရင်းနှီးတဲ့ ခွေးတွေ ။ ဒါပေမဲ့ နောက်ပေါက် ခွေးတွေ နဲ့ တော့ သူ နဲ့ မရင်းနှီး တော့ ၊ ခွေးကြီးတွေ က မဟောင် ပေ မဲ့ ခွေး အငယ်တွေ က ကိုက်စားလု မတတ် ဟောင် လိုက်တာလေ ။ နောက်

တော့ ခွေးတွေ ကို လက်ဖျစ် လေး တွက် ပြီးတော့ မိတ်ဖွဲ့ လိုက်တယ် ။ ဒီတော့ မှ ခွေး လေးတွေ က အမြီးနှံ့ လာ လို့ ငပြဲ သက်ပြင်းချ နိုင်တော့တာ ။ 


ဒီကောင်လေး ဟာ ခွေးစာ စွန့်ထားတဲ့ နေရာ ဆီ သွား တယ် ။ အဲဒီက အပေါ်ယံ ထမင်းတွေ ကို ယက် ထုတ်ပြီး တော့ အတွင်းသား ကို နှိုက် စားတယ် ။ ဘာပဲ ဖြစ်ဖြစ် ဗိုက် က အတော် တင်း သွား သမို့ နေသာ ထိုင်သာ သလို ရှိသွား တယ် ။ နောက် ရေတွင်း ဘက် ကို သွားတယ် ။ သူတို့ တစ်ရွာ လုံး အဘိုး အဘိုး လို့ ခေါ်တဲ့ ဦးပဉ္စင်းကြီး မမြင် အောင် ကုပ်ချောင်း ကုပ် ချောင်း သွားပြီး ရေတွင်း က ရေ ခပ်သောက် ။ ပြီးရင် ပုဆိုး ချွတ် ပြီး ရေ ချိုး လိုက်တယ် ။ ရေ ချိုး လိုက်ရတော့ လန်းဆန်းပြီး အားအင် အတော် ပြည့် သွား သလို ဖြစ်သွား တယ် ။ သူ ဟာ ဥပုသ်ဇရပ် မှာ ခဏ တစ်ဖြုတ် မှေး နေ လိုက် တယ် ။ ဗီဒီယိုရုံ က သီချင်းသံ တွေ ဟာ ငပြဲ စိတ် ကို ကလိ သလို ယားကျိ ယားကျိ ဖြစ် လာတယ် ။ ဒါနဲ့ လူ စုံလို့ ရုံပိုင်ရှင် တွေ လမ်းဝ မှာ မရှိ လောက် တော့ မှ ရွာ ထဲ ဝင်တယ် ။ ရုံ ထဲ ဝင် ။ ဗီဒီယို ကြည့် ပစ်လိုက်တယ် ။ ငပြဲ ဟာ ဗီဒီယို ကြည့် နေရင်း ဗိုက် က ဆာ ချင် လာတယ် ။ သူ့ စိတ် ထဲ မှာ ဆွမ်းကျန် ဆီ ရောက် ရောက် သွားတယ် ။ ဆွမ်းကျန် က သူ စား ထား လို့ နောက်ထပ် ရ စရာ မမြင်တော့ ။ ဘယ်လို ဖြေရှင်းရမလဲ ... ဘယ်လို ဖြေရှင်းရမလဲ ... ဆာတယ် ။


သူ့ ခေါင်း ထဲ မှာ အတွေး တစ်စ လက်ခနဲ လင်းပ သွားတယ် ။


 •••••   •••••   •••••


၅ ။


ထွန်းမင်း အသားတွေ ဆတ်ဆတ် တုန် နေတယ် ။ 


“ မအေပေးလေး ၊ ဒီက သနားလို့ ကရုဏာ သက် လို့ ပေးကမ်းတာ ကို မထောက် ထားဘူး ။ မင်း သူများ ကျေးဇူး မသိတတ်တဲ့ ကောင် ပဲ ။ ဒီလို အကောင်မျိုး လူ့ လောက မှာ ရှိ နေတာ ဆန်ကုန် မြေလေးတယ် ။ မင်း လို ကျေးဇူး မသိတတ်တဲ့ ကောင် မျိုး အရှင် ထားလို့ အမှိုက်ရှုပ်တယ် ”


နောက် တစ်ချီ ခုတ်မယ် လို့ ရွယ် လိုက်တယ် ။ အေးအေးမူ က ...


“ လက်လွန်မယ်နော် ”


အော်လိုက်တယ် ။ 


“ ကျေးဇူး မသိလို မဟုတ်ပါဘူး ဦး ၊ ဆာလို့ပါ ”


ငပြဲ ဆီ က ထွက်ပေါ် လာတဲ့ စကားသံ ကြောင့် ... 


“ ဘာကွ မအေပေး လေး ၊ ဆာ လို့ ဟုတ်လား ။ တယ်လေ ငါ မပြောလိုက်ချင်ဘူး ”


ထွန်းမင်း ရင်တွင်း တောက်လောင် နေတဲ့ ဒေါသ မီးတောက်မီးလျှံ ဟာ သိသိသာသာ လျော့ပြယ်ကျ သွားတယ် ။ ထွန်းမင်း ရဲ့ လေသံ ဟာ ဘားရှင်း လည်း ပြောင်း ၊ ကီး လည်း ပြောင်း သွားတယ် ။ 


“ ဟူး ... အေးပေါ့ ကွာ ၊ ဆာတော့ လည်း လုပ်မိ လုပ်ရာ လုပ်တော့ မပေါ့ လေ ။ တကယ်ဆို မင်း အကျိုးသင့် အကြောင်းသင့် ပြောပြီး တောင်းစား လည်း ရတာပဲ ” 


အဲ့သလို စိတ် မသက်သာ ပြော လိုက်ပြီး - 


“ အေးမူ ထမင်းလေး ဘာလေး မကျန်တော့ဘူးလား ”


အေးအေးမူ က ငေါက်ဆတ်ဆတ် နဲ့ -


“ ဘာလုပ်မလို့လဲ ” မေး လိုက်တယ် ။


“ အာ .. ဒီမှာ တစ်ယောက် ငတ် သေတော့မှာ မင်း မမြင်ဘူးလား ”


“ ဟွန်း ၊ ခုတ်မယ် ထစ်မယ် ဆိုတော့ လည်း သူ ၊ အခု ကရုဏာတော် ရေစီးကမ်းပြို လိုက်တာလည်း သူ ပဲ ”


သန်းခေါင် ကျော် တော့မယ့် အချိန် ရှိနေပြီ ။ ထွန်းမင်း တို့ လင်မယား ငပြဲ ကို ထမင်း

ချက်ပြုတ်ကျွေးဖို့ စီစဉ်ကြ တော့တယ် ။ ဒီစဉ် မှာ တော့ တိမ်မည်းညိုရိပ် တွေ ကရုဏာ တောင်ပြန် လေ ကြောင့် လွင့်ပါး ပျက်ပြယ်ခဲ့ပြီ ကော .. ။ 


◾အယ်ကော်


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း

      ၂၀၁၆ ၊ စက်ဘင်ဘာ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment