Wednesday, March 6, 2024

ပြုတ်မနူး ( ၂၆ )


 

အခန်း - ၂၆

ထမင်းရည် ချောင်းစီး မောင်းတီး အလှူ ပြောရမလား ။ မီးခိုးတိတ် မင်္ဂလာဆောင် ပြောရမလား ။ ထူးခြားတာ က တော့ တော်တော်လေး ထူးခြားသည့် အလှူမင်္ဂလာပွဲ ။ မင်္ဂလာမဏ္ဍပ် ရဲ့ ရှေ့ မှာ ရေးထားသော စာတွေ က တော့ အနယ်နယ် အရပ်ရပ် က လာကြသော နှစ်ဖက် မိဘ ၊ သုံးဖက် မိဘ ၊ ဆွေမျိုးတွေ မပြုံးဘဲ မနေနိုင်တော့ ပါ ။ ဖတ်ကြည့်ပါ မိတ်ဆွေတို့ ...

“ မနက် နှစ်ပက် ... စီးပွားတက် ..
   နေခင်း တစ်ပိုင်း... ချစ်သူဝိုင်း ...
   ညနေ ... တစ်လုံး ... သင်္ချိုင်းကုန်း တဲ့ ...
   တနေ့ တစ်လုံး ဖြုန်း ရုံ နဲ့ သင်္ချိုင်းကုန်း သာ သွားနေရမည် ဆိုပါက လောကကြီး ၌ လူသား ဆိုတာ ရှိပါဦးမလား အို မိတ်ဆွေ ” တဲ့

နောက် တစ်မျိုး က ...

   စဉ်စား တွေးခေါ် မျှော်ဆ ၊ အပေါ် က ...
   သုံးသပ် ၊ နားလည် ၊ စကားကြွယ်က ၊
   ချစ်ဇနီးမယား နဲ့ အချစ်များများ ပွားပြီး
   တစ်နှစ် ကို နှစ်သား နှစ်သား ကျပါစေကြောင်း
   သတင်းကောင်း ... တည်း ... တဲ့ ။

အထက်ပါ ကဗျာ မကျ ဘာ မကျ ကို ဝိုင်း ဖတ်ပြီး ရယ် နေစဉ် မှာ ပင် ထန်းပင် ပေါ် တင် ထားသော လော်စပီကာကြီး မှ အသံ ထွက် ပေါ် လာခဲ့ပါတယ် ။

“  နှစ်ဖက်ညှပ် မတိုးကြပါနဲ့ ...
   ဖက်စပ်သဘောမျိုး နဲ့ ...
   အစဉ်လာ မြဲရအောင် ..
   ကဲ ... မင်္ဂလာပွဲကြီး စလိုက်ပါပြီခင်ဗျာ ..
   ယနေ့ စတင်မယ့် မင်္ဂလာပွဲကြီး ရဲ့ ... ကျင်းပမယ့် အစီအစဉ်တွေ ကို ဒီ က နေ ကြေညာ သွား မှာ ဖြစ်ပါတယ် ” 

လက်ခုတ် တီးသံများ ...

“  နံပါတ်တစ် - အစီအစဉ် အရ ..
   ရသစုံလင်... စားသုံးချင်အောင် ... လက်ဖက်ရည် နဲ့ ခေါက်ဆွဲ .. အီကြာကွေး နဲ့ ဘီယာလေး.. တစ်ချက် မလှုပ်ရအောင် လက်ဖက်ရည် နဲ့ ဘီအီး ... တကယ် မြည်း ကြည့် ဂွမ်းဆီ ထိ ပါပဲ ခင်ဗျာ ..
   နံပါတ်နှစ် - အစီအစဉ် အရ ..
   သတို့သား မောင်မောင်လှ ( ရန်ကုန်မြို့ ၊ မုန့်မျိုးစုံဆိုင် ) နဲ့ သတို့သမီး ဆောင်းဟေကို ( လုံမ လက်ဖက်ရည်ဆိုင် )  ၊ သတို့သား မောင်ဗလ ( တောက်တိုမယ်ရ ) နဲ့ သတို့သမီး ဖြူဖြူကျော်ကု,လား ...
   နောက် ...
   သတို့သား ( လုံထီး လက်ဖက်ရည်ဆိုင်အဖျော်ဆရာ ) အညာသား ( ခ ) ကိုဖိုးတာ နဲ့ သတို့သမီး မဝင့်ကျော်ပြူး ( လုံထီး ) လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးမျက်ပြူး တူမ တို့ ရဲ့ မင်္ဂလာအခမ်းအနား စတင် ပြီး ...
   တတိယ - အစီအစဉ် က တော့ ..
   ‘ လုံမ ’ လက်ဖက်ရည်ဆိုင် နဲ့ ‘ လုံထီး ’ လက်ဖက်ရည်ဆိုင် အပါအဝင် ပျဉ်ထောင်အိမ် နှစ်လုံး ကို လည်း သား ၊ သမီး ၊ သမက်တွေ ကို ရေစက်ချ လှူဒါန်းပြီး ... မင်္ဂလာဆွမ်း ကပ် မှာ ဖြစ်ပါတယ် ...
   စတုတ္ထ - အစီအစဉ် က တော့
   ဒီ မင်္ဂလာ ... အလှူတော် ရေစက်ချမယ့် ပွဲ မှာ .. ရေစက်ချ ... တရား ပေးမယ့် ဆရာတော် သုံးပါး က ... ဟော ပြောရင်း ဆိုရင်း ဆရာတော်တွေ ကြွလာပါပြီ ခင်ဗျာ ... လမ်းလေးတွေ ဖယ်ပေးကြပါ .. ” 

ထန်းပင် ပေါ် မှ ထွက်ပေါ် လာတဲ့ မင်္ဂလာပွဲ အစီအစဉ် တွေ ကြေညာ လို့ အပြီး မှာ... ဆရာတော် တွေ ကြွလာတယ် ဆိုတော့ ပရိသတ်တွေ က ... ရွာဓလေ့ အတိုင်း လမ်းမ ရဲ့ ဘယ်... ညာ နှစ်ဖက် တွေ မှာ ငုတ်တုတ် ထိုင် သူ က ထိုင် ဆောင့်ကြောင့် ထိုင် သူ က ထိုင် နဲ့... လက်အုပ် ချီ ပြီး မော့ကြည့် လိုက် တော့ ..

ဦးပဉ္ဇင်း ... ဦးကု,လား ..
ဦးပဉ္စင်း ... ဦးမျက်ပြူး ...
ဦးပဉ္ဇင်း .. ဦးမျက်မှေး နဲ့
ရွာဦး ဆရာတော် တစ်ပါး

နောက်လိုက် ဦးပဉ္ဇင်း တစ်ပါး တို့ ဖြစ်နေပါ တော့သည် ။ သွားရင်း လာရင်း ရွာဦးဆရာတော် မိန့်လိုက်တဲ့ စကား တစ်လုံး က တော့ ဖြင့် တစ်ရွာလုံး ဘယ်သော အခါမှ မေ့လို့ ရတောမယ် မထင်ပါ ဘူးဗျာ ။ ဘာတဲ့ ...

“ ကိုင်း ... တို့ ရွာသူ... ရွာသား တို့ ရေ... တစ်သက်လုံး ဒီ တစ်သက် ... ချက်ပြုတ် ကြော်လှော် လို့ .. မရတော့ဘူး လို့ ထင်ထား တဲ့ ပြုတ်မနူး .. အသားတွေ က တော့ ဒီ တစ်ခါ ... တကယ် ... ချက်ပြုတ် စားသောက် လို့ ရတဲ့ ပြုတ် လည်း နူး .. စား လည်း နူးမယ့် အသား စစ်စစ်တွေ ဖြစ်ကုန်ပြီ ဟေ့ ... ”

       ဆက်လက် စားပါမည် ။

◾ကျော်ထူး

📖 ပြုတ်မနူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment