“ အိုကေကြီး မြေပဲဆားလှော် မလှော်တော့ဘူး ဆို ”
“ ပာယ် ... ပေါက်ကရ ”
“ အအေးဆိုင် ဘက် လုံးလုံး ပြောင်းလိုက်ပြီလား ”
လာပြန်ပြီ ပာ တစ်ယောက် ။ တကယ် ကြုံရတာပါဗျာ ။ မေးကြ ပြောကြတာ က တော့ အကောင်းပါ ။ ဒါပေမယ့် အဓိပ္ပာယ်တွေ က အမျိုးမျိုး ဖွင့်ဆိုလို့ ရ နေတော့ ကျွန်တော့် မှာ ဖြေရှင်းချက် ထုတ်လို့ က မပြီး နိုင်တော့ဘူးဗျို့ ။ မကိုက်တာ နဲ့ ရပ်လိုက် သလိုလို ၊ သူဌေး ဖြစ် သွားတာ နဲ့ ပဲ ဆက် မလုပ်တော့ သလိုလို အမျိုးမျိုး ကောက်ချက် ဆွဲ နေကြတာ ဗျာ့ ။
အမှန်က ကျွန်တော့် ဘက် က အမှား ဗျာ့ ။ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁၁ ရက် နေ့ မှ ဩဂုတ်လ ၂၄ ရက် နေ့ အထိ တစ်လခွဲ လောက် အလုပ် ရပ်ထားခဲ့ရတယ် ။ မြေပဲဆန် ဈေး က တစ်တင်း ကို ၁၅၀၀ဝ ကျပ် က နေ ၁၈၀၀ဝ အထိ တက် သွား လို့ ဘယ်လို မှ လုပ်လို့ မဖြစ်တော့ တာ နဲ့ ရပ်ထားခဲ့ မိတာ ။ ဆတ်ခနဲ ဖြတ် လိုက်ရော တုံ့ခနဲ ရပ် သွားတော့တာ ပဲ ဗျို့ ။ အရှိန် နဲ့ ပြေး နေတဲ့ လှည်း ၊ နွား နှစ်ကောင် ၊ နဖားကြိုး ကို ဇွတ် ဆွဲ ပစ် လိုက်တော့
နွား နှစ်ကောင် ပတပ် ရပ် တဲ့ ပြီး လှည်း ရပ်သွားတဲ့ ပုံစံမျိုး နဲ့ တစ်ထရာ တည်း ပါ ပဲ ဗျာ ။ မြေပဲဆန် အသစ် ပေါ်လာ ၊ ဈေး က လည်း ချို တာ နဲ့ ဩဂုတ်လ ၂၅ ရက် နေ့ မှာ ပြန် လှော်ချေတော့ ပထမဆုံး ရင်ဆိုင်ရတာ က အလုပ်သမား ခင်ဗျာ့ ၊ မြေပဲဆားလှော်လုပ်ငန်း ရပ် ထား ၊ သူတို့ လည်း တပ်ပျက် သွား ၊ ဟို ရောက် သည် ရောက် ရောက်ကုန် ၊ ကိုယ့် လူ ကို မနည်း ပြန် ရှာ ၊ ပြန် စု ယူရတယ် ခင်ဗျာ့ ၊ ပွဲခင်း ထဲ မှာ ကလေး ပျောက် သွားတဲ့ သားသည် မိခင် လို ပါပဲ ။ လူ စုလို့ ရပြီ ၊ ပြန် လှော်ပြီ ၊ မြေပဲဆားလှော် တွေ ထွက် လာပြီ ။ မိတ်သစ် ကို ထားလို့
မိတ်ပောာင်း ကို ပဲ မနည်း ကုပ်ကပ် စည်းရုံး နေရတော့တယ် ဗျာ ။ အခြား မြေပဲဆားလှော်တွေ တင် ရောင်း တဲ့ ဆိုင် က တင် ရောင်း နေပြီ ဗျာ ။ သူတို့ ကြား ထဲ အတင်း ဖြဲ တိုး နေရတော့တယ် ဗျို့ ။ ခေါင်း နဲ့ တိုက် ၊ တံတောင် နဲ့ တွက် ၊ ဖနောင့် တက် နင်း ဘောလုံး
အတင်း လိုက် လု နေရတဲ့ ဘောသမား နဲ့ တူ သေးတော့တယ် ။
“ ပော့ ... ပော့ ... မလုပ်နဲ့ ၊ မလုပ်နဲ့ ၊ တို့ မနှစ် က ရပ်ထားမိ လို့ အရှိန် ပျက် သွားခဲ့ပြီ မဟုတ်လား ၊ ဇူလိုင် ၊ ဩဂုတ် နှစ်လ စာ ပီပါ နဲ့ ထည့် လှောင် ထားတော့ ပော့ ”
အခု မတ်လ စတုတ္ထ အပတ် ထဲ မှာ မြေပဲဆန်တွေ ပီပါ နဲ့ ထည့် လှောင် နေရပြီ ခင်ဗျာ့ ။ နှစ်လ စာ ပဲ ပြတ်တဲ့ အချိန် ထုတ် လှော် နိုင်အောင် ။
လုပ်ငန်း တစ်ခု မှာ အရှိန် ပျက် သွားပြီ ပော့ ဆို ပြန်ထူလို့ သိပ် ပာန်မကျ ချင်တော့ဘူးဗျာ ။ အမြစ် က ကျွတ် ပြီး လဲကျ သွားတဲ့ သစ်ပင် ၊ ပြန် ထူ ၊ မြေ ဖို့ ၊ ရေ လောင်းရ သလိုပဲ ၊ ပြန် စည်မည် မသိ ၊ မစည်မည် မသိ ။
၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် နေ့ က မူဆယ် မှ ရွှေလီ ကို သွားတော့ ကြယ်ခေါင် မှ ရွှေလီ လမ်း တစ်လျာက် ကျွန်း ( လမ်းလယ် က မြေကွက် ) တွေ ပေါ် မှာ ညောင်ပင်ကြီး တွေ
အပင် လိုက် ရွေ့ စိုက် ထားတာ တွေ့ရ သဗျာ့ ၊ မြေ ဖို့ ရေ လောင်း တုန်း ၊ အရွက် ထွက်မယ် ၊ အဖူး ထွက်မယ် မထွက်ဘူး ၊ ပြန် ရှင်မယ် မရှင်ဘူး မသိနိုင်သေးပါဘူးဗျာ ။
ညောင်ပင်ကြီး တွေ ကို အမြစ် က တူး ယူပြီး ရွှေ့ စိုက်တာ ဆို တော့ အရှိန် က သေစ ပြုနေပြီ ။ အား မနည်း ယုတ် နေပြီဗျာ ၊ အရှိန် ပြန် ရအောင် စည်ပင် လာ အောင် အချိန် တော်တော် ယူရဦးမှာ ဗျာ ။
လုပ်ငန်း မှာ လည်း သည် သဘောပဲ ပေါ့ ဗျာ ။ နှစ်ကာလ ရှည်ကြာ ပျိုးထောင် လာတဲ့ လုပ်ငန်း အရှိန် ရ နေတဲ့ လုပ်ငန်း ပာာ ခဏလေး ရပ်ထား လိုက်တယ် ဆိုရင်ပဲ အရှိန် က သေ သွားရော ဗျာ ။ လုပ်ငန်း မှာ အရှိန် ပာာ အရေးကြီးတယ် ဗျာ့ ။ သည် နေရာ မှာ အရှိန် ဆို တာ ဩဇာပါဝါ ကို ဆိုလိုချင်တာ မဟုတ်ဘူး ခင်ဗျာ့ ။ စပိ ( speed ) ပြောရင် ရမလားပဲ ။ ဆရာ မောင်စူးစမ်း မှ သိ မှာ ၊ ကျွန်တော် က တော့ ဘာသာ မပြန်တတ်ဘူး ။ အရှိန် ဆို တာ လုပ်ငန်း အရှိန်အဟုန် ကောင်းစွာ နဲ့ ပုံမှန် လည်ပတ် နေတာ ကို ဆိုလိုတာပါ ဗျာ ။
နှေးလွန်း အားကြီးလို့ ၊ ဒါမှမဟုတ် ရပ် သွားလို့ အရှိန် ပျက် သွားရင်တော့ သွားကရော ဗျို့ ။
အရှိန် ပျက် သွား ရင် အကွက် မလည် တော့ ကြောင်းပါ ခင်ဗျာ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment