◾အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို
❝ စိန် ❞
ထင်လင်း ၏ “ စိန် ” ကို ဖတ်ရသောအခါ ( Mr.ThomasE.Sanders ) မစ္စတာ ဆန်းဒါးစ် ပြောသော ဝတ္ထုတို သုံးမျိုး အကြောင်း ကို သွားပြီး သတိရ မိပါသည် ။
သူ က ဝတ္ထု တွင် အညံ့စား ၊ အလတ်စား ၊ အဆင့်မြင့် ဟူ၍ သုံးမျိုး ခွဲထားပါသည် ။ သူတို့ ဆီ က အသုံးအနှုန်း အတိုင်း ဆိုလျှင် စက္ကူပွ ဝတ္ထု ( Pulp Fiction ) ၊ စက္ကူချော ဝတ္ထု ( Slick Fiction ) နှင့် ( Quality Fiction ) အဆင့်မြင့် ဝတ္ထု တို့ ဖြစ်ပါသည် ။ အနောက်နိုင်ငံ ( အထူးသဖြင့် အမေရိက တွင် ) စက္ကူပွ နှင့် ထုတ်သော အပေါစား ပြီးပြီး ပျောက်ပျောက် မဂ္ဂဇင်းများ တွင် အညံ့စား ဝတ္ထုများ ပါလေ့ရှိသည် ။ စက္ကူချော မဂ္ဂဇင်းများ က ပိုပြီး တွင်ကျယ်ပါသည် ။ ထို မဂ္ဂဇင်းများ တွင်တော့ အလတ်စား ဝတ္ထုများ ပါလေ့ရှိသည် ။ အဆင့်မြင့် ဝတ္ထုများ မှာ သီးသန့် စာပေမဂ္ဂဇင်းကြီးများ ၊ စာစောင်ကြီးများ တွင်သာ ပါလေ့ ရှိသည် ။
အညံ့စား ဝတ္ထုများ မှာ ဇာတ်လမ်းဇာတ်ကွက် ခပ် စင်းစင်း ပင် ဖြစ်သည် ။ စာပါးဝ သည့် သူများ ဆိုလျှင် နည်းနည်း စ မိလိုက်သည် နှင့် ဘယ်လို အဆုံးသ,တ်မည် ကို မှန်းဆနိုင်သည် ။ တွေ့ ၊ ချစ် ၊ ကွဲ ၊ ညား အချစ် ဇာတ်လမ်းများ ၊ မုဆိုးဝတ္ထုများ ၊ အပေါစား သိပ္ပံဝတ္ထုများ ၊ အညံ့စား စုံထောက်ဝတ္ထုများ ပါဝင်လေ့ ရှိကြသည် ။
အလတ်တန်းစား ဝတ္ထုများ မှာ လည်း ဇာတ်လမ်းဇာတ်ကွက် ကို အားပြု ကြသည် ။ သို့သော် ဇာတ်ကွက် တေ့ဆက် မက်လုံး ပေးပြီး ဝှက်ပုံဖော်ပုံ သိမ်မွေ့ လိမ္မာ ကြသည် ။
အဆင့်မြင့် ဝတ္ထုများ မှာ ဇာတ်လမ်းဇာတ်ကွက် ကို အားမကိုး ၊ ဇာတ်လမ်း မည်မည်ရရ ပင် မရှိ ။ လုပ်ကြံ စီမံပြီး အကွက်ဆင်မှုများ မပါရှိတတ် ။ ထို့ကြောင့် အရသာ ခံတတ် ရန်လည်း ခက်သည် ။
ထို ဝတ္ထု သုံးမျိုး စလုံး၌ လောကအမြင် ၊ ဘဝအမြင် သင်ခန်းစာ တစ်ခုခု တော့ ပါနေတတ် စမြဲပင် ဖြစ်သည် ။ သို့သော် အတိမ်အနက် တော့ဖြင့် ကွာခြား နေတတ်သည် ။
အညံ့စား ဝတ္ထုများ တွင် လောကအမြင် ၊ ဘဝအမြင် ကို အထူး ရှာဖွေနေစရာ မလို ။ ပေါ်ပေါ်ထင်ထင်ကြီး ပြထား လေ့ရှိသည် ။ ထူးခြား သစ်လွင်သော ထောင့်ရှား ဘဝအမြင် ၊ လောကအမြင် မျိုး ကို တွေ့ရခဲလှပေသည် ။ အလတ်စား ဝတ္ထုများ တွင် ပါဝင်သည့် လောကအမြင် ၊ ဘဝအမြင် တို့ မှာလည်း ရှားရှားပါးပါး အမြင်အတွေးမျိုး မဟုတ်တတ် ။ သို့သော် အညံ့စား ဝတ္ထုများ မှာ ကဲ့သို့ ပြူးတူးပြဲတဲ ဖြစ်နေ အောင် မပြု ။ ကျိုးကြောင်း ဆင်ခြင်တုံတရား နှင့် တွဲပြီး မြင်သာအောင် စီရင် ထားတတ်သည် ။ အဆင့်မြင့် ဝတ္ထုများ တွင် ကား ဇာတ်လမ်းဇာတ်ကွက် ကလည်း ရိုးရိုးစင်းစင်း မရေမရာ ၊ မက်မောစရာ မရှိ ။ ရေးထားပုံ က လည်း မတွန်း မထိုး ၊ ရိုးရိုးသားသား ဥပေက္ခာစကား တို့ဖြင့် ရေးသား ထားတတ် သောကြောင့် အာဘော် ကို ဆုပ်မိ ကိုင်မိ ရန် ကြိုးစားရသည် မှာ အတော်လေး ပင်ပန်း လှသည် ။ လောကအမြင် ဆင်ခြင်မှု ၊ တရားစီရင်မှု တို့ အတွက် စာရေးသူ က တစ်စုံတစ်ရာ ဝင်ရောက် စွက်ဖက်ခြင်း မပြုဘဲ စာဖတ်သူ အပေါ် လုံးလုံး လွှဲအပ်ထားတတ်သောကြောင့် စာဖတ်သူ ပင်ပန်းရသော ဝတ္ထုမျိုး ဖြစ်တတ်သည် ။
မစ္စတာ ဆန်းဒါး ( စ် ) ပြောပုံလေး ကို သဘောကျ သောကြောင့် စာ တစ်ပိုဒ် လောက် ဘာသာပြန် ပြီး ထည့်ပြ လိုက်ပါရစေ ။
“ ရိုးစင်းသော ဝတ္ထုများ တွင် သင်ခန်းစာ မှာ ပြူးတူးပြဲတဲ ပေါ်လွင် နေအောင် ထင်ရှား နေတတ်သည် ။ လူကောင်း က ဆွတ်ဆွတ်ဖြူ နေသော ဦးထုပ် ကို ဆောင်း ထားသည် ။ အမှန်တရား ကလည်း အောင်ပွဲခံပြီး ရင်း ခံရင်း ၊ တိုက်ပွဲ တစ်ရာ အောင်ပွဲ တစ်ရာ ပင် ဖြစ်သည် ။ ထိုထက် ပိုပြီး နည်းနည်း ရှုပ်ထွေးလာသော ဝတ္ထုများ တွင်လည်း လူကောင်း က ဦးထုပ်ဖြူ ကို ပင် ဆောင်း သည် ။ သို့သော် ဆွတ်ဆွတ်ဖြူ ကား မဟုတ်တော့ ။ အစွန်းအထင်း အညစ်အနွမ်း ပါလာပြီ ။ အမှန်တရား ကလည်း အောင်ပွဲခံလျက် ။ သို့သော် အလွယ် တကူတော့ မဟုတ် ။ ရုံးရောက် ဂါတ်ရောက် တရားဆိုင် ပြီးမှ အနိုင် ရသည် ။ လေးနက်သော ဝတ္ထုများ တွင်ကား ဦးထုပ်ဖြူ တစ်လုံး မျှ မရှိတော့ ။ ဦးထုပ် အားလုံးမှာ မွဲပြာပြာတွေ ချည်းသာ ဖြစ်သည် ။ အမှန်တရား ကလည်း ရုံးပြင်ကန္နား အရောက် မခံတော့ဘဲ ရှေ့နေ တစ်ယောက် နှင့် အပြင် မှာ ပဲ ပြီးပြေလိုက်သည် ပင် ဖြစ်တော့သည် ။
စက္ကူပွဝတ္ထုများ တွင် အကောင်း က အဆိုး ကို အမြဲ အောင်နိုင်သည် ။ ကောင်လေး က ကောင်မလေး ၏ အချစ် ကို ရယူနိုင်သည် ။ စက္ကူချော ဝတ္ထုများ တွင် ကား ဆင်လုံး ဆင်ကွက် လှလှ ဖန်တီး သည် ။ အခက်အခဲ အားပြိုင်မှု ကို ပိုမို ထက်မြက်စေသည် ။ ဇာတ်ဆောင် ၏ စေတနာ ကို ပိုမို ရိုးသားစွာ ချဉ်းကပ် လေ့လာခြင်း ဖြင့် အမှန်တရား နှင့် ပိုမို နီးစပ်လာသည် ။ အဆင့်မြင့် ဝတ္ထုများ တွင် ကား ရေးသူရော ဖတ်သူပါ လောက ၏ မလွှဲရှောင် သာသော ကြောင်းကျိုး ဖြစ်ပျက် များကို ကြိုးစား လက်ခံကြသည် ။ အဆိုး က လည်း အကောင်း ကို လွှမ်းမိုး အောင်နိုင် သွားတတ်သည် ။ အမည်း က အဖြူ ကို လွှမ်းချင် လွှမ်းသွားတတ်သည် ။ အချုပ် ကို ဆိုရလျှင် အဆင့်မြင့် ဝတ္ထုများ သည် ဖြစ်သင့်ဖြစ်အပ် ၊ ပြုသင့်ပြုအပ် သည့်တရား များ ကို တိုက်တွန်း နိုးဆော်ရန် မဟုတ်ဘဲ ဖြစ်နေသော ဘဝ အမှန်တရားများကို ပေါ်လွင်အောင် ဖန်တီးပြခြင်း ဖြစ်သည် ။ ဘဝသစ္စာတရား ကို စူးစမ်းလိုစိတ် မရှိ သော သူများသည် ထို ဝတ္ထုမျိုး ၏ ရသ ကို နားမလည် နိုင်ကြချေ ။ ထို့အတူ သူတို့ သည် တကယ့် လက်တွေ့ က ဘဝသစ္စာ ကို လည်း နားမလည် နိုင်ကြချေ ။ ”
မစ္စတာ ဆန်းဒါး ( စ် ) က သူ ၏ ( The Discovery of Fiction) တွင် ဤမျှ ထိအောင် ညွှန်းခဲ့ပါသည် ။
ထိုကဲ့သို့ အဆင့်မြင့် ဝတ္ထုမျိုး ရေးရာတွင် စာရေးသူ လည်း အနုပညာ အကွာအဝေး ( Aesthetic Distance ) ကို ထိန်းသိမ်းတတ်ရပါသည် ။ သူ သည် မည်သည့် အရာကို မျှ သံယောဇဉ် မတွယ်မိအောင် ကြိုးစားရသည် ။ မိမိ ဖန် တီးလိုက်သော ဇာတ်ကောင်များ ကို ဖြစ်စေ ၊ မိမိ ကိုယ်ကို ဖြစ်စေ ဥပေက္ခာ ပြုရသည် ။ ထိုမျှမက လောက ပညတ်ချက်များ သတ်မှတ်ချက်များ ကို လည်း ဥပေက္ခာ ပြုရသည် ။ ဥပေက္ခာ ပြုခြင်း ဆိုသည်မှာ မုန်းတီးခြင်း ကြောင့် မဟုတ် ကြောင်း ၊ ရန်လိုခြင်း မဟုတ်ကြောင်း သတိပြုသင့်ပါသည် ။ ထို အခိုက်အတန့် တွင် ဝတ္ထုရေးသူ သည် မည်သူ့ ကို မျှ မတွယ်တာ ၊ မည်သည့် တရား ကို မျှလည်း အလေးမမူ ။ ထို့ကြောင့် စာဖတ်သူ ကိုလည်း တစ်စုံတစ်ယောက် ကို ချစ်ခင်ရန် ၊ တစ်စုံတစ်ရာ ကို ယုံကြည်ရန် ၊ သွေးဆောင်ခြင်း မပြု ။ သူ့ တွင် မြင့်မြတ်သော မေတ္တာတရား သာလျှင် လွှမ်းမိုး နေသည် ။ လူ့ လောကကြီး တစ်ခုလုံး ၊ သတ္တဝါ အားလုံး ကို သာတူညီမျှ ထားသော မေတ္တာမျိုး ဖြစ်သည် ။ ဓမ္မ ဓိဋ္ဌာန်ကျသော အမှန်တရား ကို သာလျှင် မြတ်နိုး ရိုးသားစိတ် ရှိနေသည် ။
ထို့ကြောင့် အမှန်တရား ကို မြတ်နိုးခြင်း ၊ စာပေအနု ပညာ အပေါ်တွင် သစ္စာရှိခြင်း ၊ စာဖတ်သူ အပေါ် ရိုးသားခြင်း တို့ စုဝေးနေသည် ဟု ဆိုချင်ပါသည် ။
ထိုကဲ့သို့သော ရေးသူ ၏ သဘာဝကြောင့် စာဖတ် သူ မှာ ဒုက္ခ ရောက်တတ်ပါသည် ။ သူ ၏ အသံ ကို ဖျောက်ထား သောကြောင့် ဇာတ်ဆောင်များ အပေါ် လည်း မည်သို့ သဘောထားရမည် ကို မသိ ။ အာဘော် ကိုလည်း မဆုပ်မိ ဖြစ်တတ်ပါသည် ။ မည်သည့် အကွက်ကို အရသာ ခံလိုက် ရမည် ကို လည်း မတွေးနိုင်အောင် ဖြစ်တတ်သည် ။ မြိုးမြိုးမြက်မြက် စူးစူးရှရှ ရသမျိုး ကိုကား ထို ဝတ္ထုမျိုး တွင် မမျှော် လင့်စကောင်းပါ ။
••••• ••••• •••••
ထင်လင်း သည် “ စိန် ” ကို ထိုကဲ့သို့ ဝတ္ထုမျိုး ဖြစ်ရန် အားထုတ်ထားသည် ဟု ကျွန်တော် နားလည် မိပါသည် ။ သူ ၏ ဝတ္ထု ကို ကျွန်တော် စူးစမ်း အရသာ ခံမိသမျှ ကြိုးစား တင်ပြပါမည် ။
“ စိန် ” ဝတ္ထု တွင် နှစ်သက်ဖွယ် ဇာတ်လမ်း ၊ ဆန်း ကြယ်သည့် အဖြစ်အပျက်များ မပါရှိပါ ။ ပါရှိသည် ဆိုပါလျှင် ထို အဖြစ်အပျက်များ ကို အဆန်းတကြယ် မဖြစ်အောင် ၊ အံ့သြဖွယ် မဖြစ်အောင် ဝတ္ထုဆရာ က ဆေးရောင် မှိန်ထား သည် ဟု ဆိုနိုင်ပါသည် ။
ဝတ္ထု ကို အရေးပါသော ဇာတ်ဆောင် တစ်ဦး က ပြန်ပြော နေ သကဲ့သို့ ပြောသူ နာမ်စား ရှုထောင့် ( First Person Point of View ) ဖြင့် ရေးထားပါသည် ။ ပြန် ပြောသူ ကောင်လေး ၏ အမည်နာမ ကို ဖော်ပြထားခြင်း မရှိပါ ။ သို့သော် အဓိက ဇာတ်ကောင် တစ်ဦး ဖြစ်သည့် မလုံးတင် က သူ့ ကို ခေါ်သလို “ ကောင်လေး ” ဟု ပင် အမည် ပေးပြီး ဆွေးနွေးကြရပါတော့မည် ။
ဇာတ်ကြောင်းပြန်သူ ကောင်လေး က သူတို့ မိဘ နှစ်ပါးကွယ်လွန်သောအခါ ဆယ်နှစ်ရွယ် အစ်မ နှင့် ခြောက် နှစ်ရွယ် ကောင်လေး ကို အညာမြို့ တစ်မြို့ ရှိ ဦးကြီး က သားသမီး အရင်း သဖွယ် ကျွေးမွေး ပညာသင် ပေးပုံ ကို အတိုဆုံး နိဒါန်း သွယ်လိုက်ပါသည် ။ ထို့နောက် ပတ်ဝန်းကျင် အခြေအနေကို တင်ပြပါသည် ။ အားလုံးမှာ လူကုံထံများ ဖြစ်၍ ကိုယ့်ခြံ ကိုယ့်ဝန်း နှင့် အေးအေးဆေးဆေး နေကြ သည် ။ သို့သော် အရှေ့ဘက် တွင် ကပ်လျက်ကား ဆဲဆို ဆူပူစရိုက် ကြမ်းသော ငါးစိမ်းသည် မိသားစု နေကြသည် ။ ဘုစုခရု ကလေး တွေ ထဲ တွင် မလုံးတင် ဆိုသော မိန်းကလေး မှာ ကောင်လေး တို့ ခြံ သို့ လာပြီး ကစားလေ့ ရှိသည် ။
••••• ••••• •••••
အဲဒီ မလုံးတင် ဆိုတဲ့ မိန်းကလေး ဟာ ကျွန်တော်တို့ နဲ့ ကစားဖက်ပါ ။ သူ့ ရုပ်သွင် က လှလှပပကြီး မဟုတ်ပါဘူး ။ သဘော လည်း ကောင်းလှတာ မဟုတ်ပါဘူး ။ အသားညိုညို ။ ပိန်ပိန်ပါးပါး နဲ့ သူ့ မျက်လုံးများ ကတော့ အရောင် တောက်တယ် ထင်ပါတယ် ။ သူ့ ကို အရုပ်ဆိုးတယ် လို့ ပြောဖို့ ကတော့ ခက်တယ် ။ ယဉ်တယ်လို့ ဆိုချင် ဆိုလို့ ရမယ် ထင်ပါတယ် ။ ဒါပေမဲ့ မလုံးတင် ဟာ နည်းနည်းမှ မယဉ်ကျေးပါ ဘူး ။ ကလေး တုန်း က ကစားရင်း ရန်ဖြစ် ကြရင် သူ ဟာ ညစ်ညစ်ပတ်ပတ် ဆဲတတ် ဆိုတတ်ပါတယ် ။ ကလေး နဲ့ မတန်တဲ့ အဆဲမျိုး ကို လည်း သူ တတ်ပါတယ် ။
••••• ••••• •••••
မလုံးတင် ကို သရုပ်ဖော် လိုက်ပုံ ကို သတိပြု ကြည့်စေချင် ပါသည် ။ သာသာထိုးထိုး လည်း မပြော ။ နှိမ်နှိမ်ချချ လည်း မပြော ။ အရှိအတိုင်း အဖြစ်အတိုင်း ကို အပိုအလို မပါ အောင် ပြောထားသည် ကို တွေ့ရပါလိမ့်မည် ။ စာဖတ်သူ က ( ကိုယ့် ကိုယ် ကိုယ် ပင် မသိလိုက်ဘဲ ) အပို အလို မပါ အောင် ပြောထားသည် ဟု ရင်မခုန်ဘဲ ယုံကြည်လက်ခံ လိုက်မိသည် မှာ ရေးဟန် လေသံကြောင့် ပင် ဖြစ်ပါသည် ။ စကား အသုံးအစွဲ ၌ အကွန့်အညွန့် မထည့်ခြင်း ၊ ဝါကျဖွဲ့ပုံ တခမ်းတနား မလုပ်ခြင်း တို့ကြောင့် ထို ကဲ့သို့ ရိုးရိုးလေး ရေးပြီး စာဖတ်သူ ကို ဆွဲဆောင်ရခြင်း မှာ အလွန်ခက် ကြောင်း ကြိုးပမ်းရေးကြည့်ဖူးသူများ မှ သိနိုင်ပါလိမ့်မည် ။
စီ ၊ အီး ၊ မွန်တေဂူ ( C.E Maontague ) ၏ ( A Writer's Notes on His Trade ) ထဲ က ပြောနည်း သုံးမျိုး ဟူသော စကားလေး ကို သတိရ မိပါသည် ။
ဆွဲဆောင်မှု ရှိရန် ပြောနည်း သုံးမျိုး ရှိပါသည် ။ နှစ်ဆ လောက် ချဲ့ပြီး ပြော ချင် ပြော ၊ တစ်ဝက် လောက် လျှော့ ပြီး ပြော ချင် ပြောပါ ၊ သို့မဟုတ် ကျွမ်းကျင် ရင် ကိုယ့် ကျွမ်းကျင်မှု ကို လည်း ပိုင်ပိုင်နိုင်နိုင် စိတ်ချရင် အရှိ အတိုင်း ၊ အဖြစ်အတိုင်း တိတိပပ ကို ပြောနိုင်ပါသည် ။
ဤ စကား ကို ထောက်ကြည့်လျှင် အသိုင်းအဝိုင်း အချဲ့အထွင် မပါဘဲ ဆွဲဆောင်မှု ရှိအောင် ရေးတတ်ရန် အဘယ်မျှ ခက်ကြောင်း သိသာပါသည် ။ အလင်္ကာ အားကိုး လွန်းသူများ ၊ စကားလုံး ဆန်းကြယ်လိုသူများ ၊ လေသံ ခမ်းနားလိုသူများ အဖို့ ဤ ရေးနည်းမျိုး ကို ချွေးပြန်အောင် ကြိုးစား သော်လည်း အောင်မြင်ဖို့ ခက်ပါလိမ့်မည် ။
ထင်လင်း ၏ “ စိန် ” ကို ပြန် ကောက်ပါရစေ ။
မလုံးတင် ၏ သွင်ပြင်စရိုက် ကို ဖော်ပြလိုက်ပြီး နောက် မလုံးတင် နှင့် ကောင်လေး ၏ စရိုက်တို့ ခြားနား ကြပုံ ကို ဖော်ပြလိုက်သည့် စာပိုဒ်ကလေး ကို သတိပြု ကြည့်စေချင်ပါသည် ။
••••• ••••• •••••
မလုံးတင် ဟာ အဲဒီ သူတို့ အဖေ နဲ့ အမေ တို့ ရန်ဖြစ်ရာ မှာ ဆဲကြ ၊ ဆိုကြ တာတွေကို အကုန် တတ် ပါတယ် ။ ကျွန်တော်တို့ နဲ့ ကစားတဲ့အခါ သင့်သင့်မြတ်မြတ် ဆိုရင် အင်မတန် အဖော် ရပေမယ့် သူ့ စိတ် နဲ့ အခန့် မသင့်လို့ ရန်ဖြစ်ကြရပြီ ဆိုရင် သူ အမျိုးစုံ ဆဲတာ ကို ခံရတတ်ပါတယ် ။ အဲသလို အဆဲ ခံရပြီ ဆိုရင် ကျွန်တော်တို့ မှာ ရှက် လွန်း လို့ အိမ် ထဲ က မထွက်ဝံ့ကြပါဘူး ။ ကျွန်တော်တို့ ကို ဆဲ နေတာ ကို လူ သိ သွားမှာ ရှက်တာ နဲ့ ဘာမှ လည်း ပြန် မပြောဝံ့ကြပါဘူး ။ ရပ်ပါစေတော့ တော်ပါ စေတော့ လို့ ဆုတောင်းရုံပဲ တတ်နိုင် ပါတယ် ။
••••• ••••• •••••
“ ရပ်ပါစေတော့ ၊ တော်ပါစေတော့ လို့ ဆုတောင်းရုံပဲ တတ် နိုင်ပါတယ် ” ဟူသော စကားလေး ကို ကျွန်တော် အလွန် နှစ်သက်မိပါသည် ။ ကောင်လေး မောင်နှမ နှစ်ယောက် ၏ သိမ်မွေ့ယဉ်ကျေးခြင်း နှင့် မလုံးတင် ၏ ရိုင်းစိုင်းခြင်း တို့ ပေါ်လွင်စေလှပါသည် ။
ဤသို့အားဖြင့် ကောင်လေး က ဆယ့်ခြောက်နှစ် သားလောက် အင်္ဂလိပ်ကျောင်း တွင် ကိုးတန်း ရောက်ပြီ ။ မလုံးတင် က လည်း ဈေး ထဲ တွင် သူ့ အမေ နှင့် ငါးရောင်း နေပြီ ။
ကြမ်းတမ်းလှသော မလုံးတင် တွင် နူးညံ့သော မေတ္တာတရား ပေါ်လာပုံ ကို ထင်လင်း ဖော်ပြလိုက်ပုံ မှာ သိမ်မွေ့လှပါသည် ။ လူကြီးတွေ မသိအောင် စီးကရက် သောက် တတ် နေသော ကောင်လေး အတွက် မလုံးတင် က “ ပိုလို ” စီးကရက် ဝယ်လာ ပေးတတ်သည် ။ ပိုလို စီးကရက်တစ်ဘူး ကို ထို ခေတ် က ဆယ်ပြား ပေးရသည် ။ ဆန် ဝယ် လျှင် တစ်ပြည်ခွဲ လောက် ရသော ငွေကြေး ဖြစ်သည် ။ ပြီးတော့ မလုံးတင် ပြောပုံ ကို ကြည့်ပါ ။
••••• ••••• •••••
“ နင် ပိုလို သောက်နေတာ ကြည့် ရတာ သိပ် စတိုင် ဖြောင့်တယ်ဟယ် ၊ နင် ပိုလို သောက်တာ ကြည့်ချင်လို့ ငါ ဝယ် လာတာ ”
••••• ••••• •••••
ဘာမျှ ချစ်စကား ကြိုက်စကား မပါ ။ သို့သော် ကောင်လေး လုပ်သမျှ မလုံးတင် ၏ မျက်စိ ထဲတွင် ကြည့်ကောင်း နေ ကြောင်း ပေါ်လွင် လှသည် ။ ချစ်ခြင်းမေတ္တာ ဆိုသည် မှာ ဤသည်ပင် မဟုတ်လော ။ ကောင်လေး က လည်း မိန်းကလေးငယ်များ သဘောကျ စရာ လုပ်တတ် နေပြီ ။
••••• ••••• •••••
ကျွန်တော် က လည်း ရုပ်ရှင် ထဲ က လို ဇာတ်လိုက်မင်းသား လူပေလူတေ အခန်း ပြတဲ့ အခါ စီးကရက်ခဲ ပြီး ဖဲ ဝေတာတို့ ၊ စီးကရက် လက်ကြား ညှပ်ပြီး ဖဲကု,လားဖန် ထိုးတာတို့ လုပ်တတ်နေတယ် ။
••••• ••••• •••••
ကောင်လေး ဇာတ်ကြောင်း ပြန်ပြီး ပြောနေပုံ လေသံဟန်ပန် ကို ဂရုစိုက်ပြီး နားထောင် ကြည့်ပါ ။ တကယ့် ရိုးရိုးစင်းစင်း အရှိအတိုင်း အဖြစ်အတိုင်း ကို အသိုင်းအဝိုင်း မပါဘဲ ပြောနေကြောင်း သိသာလှပါသည် ။ ဤသည်မှာ ထင်လင်း ၏ စွမ်းရည် ဖြစ်ပါသည် ။ မလုံးတင် အပေါ် ချစ်စိတ် ဝင်လာပုံ ကို ပြောရာ မှာ လည်း ရိုးရိုးစင်းစင်းပင် ဖြစ်ပါသည် ။
••••• ••••• •••••
ကျွန်တော် ဟာ မလုံးတင် အကြောင်း ပဲ စဉ်းစား နေမိတယ် ။ မလုံးတင် ကို ပဲ တွေ့ချင် မြင်ချင်နေတယ် ။ မလုံးတင် အတွက် ရယ်လို့ မဟုတ်ပေမယ့် သူ့ ကို အောက်မေ့ ရင်း ကဗျာလင်္ကာတွေ ရေးတတ်လာ တယ် ။ ဒါပေမဲ့ ကျွန်တော် က ငယ်ငယ် က အင်မတန် ကြောက်တတ်တော့ သူ့ ကို ဘာမှ မပေးဖြစ်ခဲ့ပါဘူး ။ ကျွန်တော် ကြောက်တာ က မလုံးတင် ကို သာမက သူ့ အဖေ နဲ့ သူ့ အမေ ကိုပါ ကြောက်နေတာ ဖြစ်ပါတယ် ။
••••• ••••• •••••
ကောင်လေး ၏ စိတ် ထဲ တွင် မလုံးတင် ကို ချစ်နေသည် ။ သို့သော် စရိုက်ချင်း ကွာခြားလှကြောင်း ကို လည်း သိနေသည် ။
တစ်နေ့တွင် မလုံးတင် တို့ အိမ်ဘက် က ဆူဆူညံညံ ကြားရသည် ။ မလုံးတင် လာ ၍ မေးကြည့်တော့ “ အဖေ မယားငယ် ယူသွားလို့ ” ဟု ဣန္ဒြေ မပျက် ပြောသည် ။ ဤမျှသော ကိစ္စ ကို သူတို့ အဖို့ ဘာမျှ အရေးကြီးသည် ဟု သဘော မထားကြ ၊ မလုံးတင် တို့ အမေ နောက်ယောက်ျား ယူလိုက်သော အခါတွင် လည်း ထို့အတူပင် ဖြစ်သည် ။ ရုံး ရောက်စရာ မလို ။ လုပ်ချင်ရာ လုပ်လိုက်သည် သာ ။ ကလေးတွေ ကတော့ မကြိုက် ။ မကြိုက် လည်း သူတို့ အမေ က ဂရုမစိုက် ။ ဤအချက် အားလုံး ပေါ်လွင်အောင် ဝတ္ထုဆရာ က ကျယ်ကျယ်ဝင့်ဝင့် ရေး မနေ ။
••••• ••••• •••••
တစ်နေ့မှာ မလုံးတင် တို့ အမေ ဟာ သူ့ သား သမီးတွေ ကို အော်ကြီးဟစ်ကျယ် ဆဲနေတဲ့ အသံ ကို ကြားလိုက်ကြရပြန်ပါတယ် ။ “ ငါ မွေးထားလို့ လူ ဖြစ်နေတဲ့ အကောင်တွေ ၊ နင်တို့ ကို မွေးရတာ ငါ့ မှာ ” ဘာဖြစ်ရုံပဲ ၊ ညာဖြစ်ရုံပဲ နဲ့ စုံလို့ပါပဲ ။
အဲသလို အော်ကျယ် အော်ကျယ် ဖြစ်လာ ပြန်တော့ တစ်ခုခု တော့ ထူးခြား ပြီလို့ ထင်ရပါတယ် ။ နောက် တစ်ရက် နှစ်ရက် ကြာတော့ သူတို့ အိမ် ကို လူသစ် တစ်ယောက် ရောက်လာတာ တွေ့ရပါ တယ် ။ ဈေးထဲ မှာ ကူလီ လုပ်နေတဲ့ ကိုချစ်ခ ဆိုတဲ့ လူလို့ မမ က ပြောပါတယ် ။ မလုံးတင် တို့ အမေ ထက် ငယ်ပုံ ရပေမယ့် သူ ကလည်း ခပ်ကြမ်းကြမ်း ပါပဲ ။ ညနေ ဘက် ဆိုရင် အရက် မူးပြီး ယိုင်တီး ယိုင်ထိုး နဲ့ အိမ်ပြန် လာတာ ကို မြင်ရတတ်ပါတယ် ။
••••• ••••• •••••
တစ်နေ့တွင် ထို ပထွေး က မလုံးတင် ကို ဗလက္ကာရ လုပ် သည် ။ မလုံးတင် က ရုန်းကန်ပြီး ဒူး နှင့် ချက်ကောင်း ကို တိုက် ပစ်ခဲ့ပြီး ထွက်ပြေး လာသည် ။ ထို့နောက် ကောင်လေး ၏ အခန်း ထဲ တွင် လာ ပုန်းနေသည် ။ ထိုကိစ္စ ကို ထင်လင်း ရေးဖွဲ့ရာ တွင် ဟာသ သဘောကလေး ပါ နေပါသည် ။
••••• ••••• •••••
တစ်နေ့တော့ သူတို့ အိမ်ဘက် က ဆဲသံ ဆိုသံတွေ မလာခင် ဝုန်းဒိုင်း အသံတွေ ကြားရပြီး “ အောင်မယ်လေးဗျာ ၊ သေ ပါပြီ ” ဆိုတဲ့ ကိုချစ်ခ ရဲ့ အသံ ကြားရတယ် ။
••••• ••••• •••••
‘ ဆဲဆိုသံတွေ မလာခင် ’ ဟူသော စကား ကို ကျွန်တော် အလွန် သဘောကျ မိပါသည် ။
မလုံးတင် သူ့ အခန်း ထဲ လာ ပုန်းပြီး သူ့ ခုတင် ပေါ်တွင် အိပ်လိုက် ထိုင်လိုက် လုပ်နေသော အခါ ကောင်လေး ၏ စိတ် ထဲ ၌ ရိုးတိုးရွတ ဖြစ်နေသည် ။ ထိုအချက် ကို ထင်လင်း က သိမ်သိမ်မွေ့မွေ့ ၊ ရိုးရိုးစင်းစင်း ၊ သဘာဝကျကျ ၊ ဟာသ ငွေ့ ဝင် နေအောင် ရေးထားပုံ ကို ကြည့်ပါ ။
••••• ••••• •••••
ကျွန်တော် ဟာ မိန်းမ ဆိုရင် အင်မတန် ကြောက်တတ်ပါတယ် ။ သူတော်ကောင်း တွေ ကြောက်သလို ကြောက်တာတော့ မဟုတ်ဘူး ။ ဘာပြောလို့ ဘယ်လို စခန်း သွားရမယ် ဆိုတာ မသိပါဘူး ။ သွား စ လို့ သဘောကျရင် တော်တော် ရှိရဲ့ ။ သဘော မကျလို့ အော်ကြီးဟစ်ကျယ် ဆဲလိုက်ရင် ၊ အော်လိုက်ရင် ဘယ်လို လုပ်ရမလဲ ဆိုတာ ကျွန်တော် မတွေးတတ်ပါဘူး ။ အဲသလို ကြောက်တာပါ ။
••••• ••••• •••••
မလုံးတင် ကောင်လေး အခန်း ထဲတွင် တစ်ညလုံး လိုလို ပုန်း သွားသည် ။ သို့သော် ဘာမျှ မဖြစ်ကြပါ ။ ကောင်လေး ကလည်း သူ့ စာကြည့်စားပွဲ က တစ်လက်မ မျှ မရွှေ့ရဲခဲ့ပါ ။ ကောင်လေး ၏ အစ်မ ဖြစ်သူ က ရိပ်မိသည် ။ ထို့ကြောင့် နောက် တစ်နေ့ ည တွင် အခန်း ထဲ ဝင်လာပြီး မလုံးတင် ခိုးဝင်သော ပြတင်းပေါက် ကို ကိုယ်တိုင် ပိတ် ပြီး မင်းတုပ် ချလိုက်သည် ။
••••• ••••• •••••
“ ငါ့ မောင် ကို မမ ဒီမှာ ထားလို့ မဖြစ်တော့ဘူး ”လို့ ပြောပါတယ် ။ ကျွန်တော် မမ ကို ဘာမှ ပြန် မပြောမိပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတာကို မေးဦးမယ် စိတ်ကူးပေမယ့် သူတို့ လည်း သိလို့ နေမှာပေါ့ ဆိုတဲ့ အသိ နဲ့ ကျွန်တော် လည်း ဘာမှ မမေးဖြစ်တော့ ဘူး ။ တကယ်က ကျွန်တော် နဲ့ မလုံးတင် ဘာမှ ဖြစ်ကြတာ မဟုတ်ဘူး ဆိုတာ မမ ကို ကျွန်တော် ရှင်းပြဖို့ လိုမယ် ဆိုတာ သိပေမယ့် ကျွန်တော် ကိုယ်တိုင် က ခုလို မလုံးတင် တို့ နဲ့ နီးစပ် ပတ်သက်တာ ဟာ ကျွန်တော့် အဖို့ အန္တရာယ် မကင်းဘူး လို့လည်း ယုံကြည် နေတော့ မမ ကို ကျွန်တော် ဘာမှ ရှင်းပြ မနေတော့ဘူး ။
••••• ••••• •••••
အထက်ပါ စကား တွင် ကောင်လေး ၏ ရိုးသားမှု ၊ ချစ်စိတ် နှင့် ဆင်ခြင်စိတ် တို့ အားပြိုင်မှုများ ကို တွေ့နိုင်ပါသည် ။ ချစ်သည် ဆိုရာ တွင် အချစ် တစ်ခု တည်းနှင့် ပြီး သလော ။ ပစ္စည်း ၊ ငွေကြေး စသည် တို့ ကို အပ ထား၍ စရိုက်သဘာ ဝချင်း မတူလျှင် ချစ်ခြင်းမေတ္တာ ဖွံ့ဖြိုးနိုင်ပါမည်လော ။
ကောင်လေး ကို မန္တလေးကျောင်း သို့ ပြောင်း ထား လိုက်သည် ။ မန္တလေး သို့ မသွားမီ ည တွင် ကောင်လေး အခန်း သို့ မလုံးတင် ပြတင်းပေါက် မှ တစ်ဆင့် ဝင်လာသည် ။ ပိုလိုစီးကရက် သုံးဘူး လည်း ပါလာသည် ။
ကောင်လေး ၏ ဦးခေါင်း ထဲ တွင် သူ့ မမ က ပြောသော စကား နှင့် ကိုကျော်စိန် ဆိုသူ သူငယ်ချင်းကြီး ပြောသော စကား တို့မှာ ရှေ့ဆင့် နောက်ဆင့် ပေါ်လာသည် ။ မမ က ဆင်းရဲချမ်းသာတာ အကြောင်း မဟုတ် ၊ စရိုက် ကြမ်းလွန်း သဖြင့် မောင်လေး ဒုက္ခ ရောက်လိမ့်မည် ။ မငြိစွန်း ပါစေနှင့် ဟု ပြောသည် ။ ကိုကျော်စိန်ကြီး က တော့ သူ တစ်ယောက်တည်း ရှိတဲ့ နေရာ ကို မိန်းကလေး တစ်ယောက် တည်း လာ ကတည်း က ဒါမျိုးကို မျှော်လင့်လို့ လာတာ ပဲလို့ ပြောသည် ။ ထို့ကြောင့် ကောင်လေး က အရဲ စွန့်ပြီး ကိုကျော်စိန်ကြီး ပြောသလို လုပ်လိုက်သည် ။ မမ က မငြိမစွန်းစေနဲ့ ဟု ပြောထား သော်လည်း ကောင်လေး နှင့် မလုံးတင် တို့ ငြိစွန်း သွားကြသည် ။
မလုံးတင် က ကောင်လေး ကို ချစ်သော အချစ် မှာ မျှော်လင့်ချက် ထားသော အချစ်မျိုး မဟုတ် ။ ကောင်လေး က တော့ ဆယ်တန်း အောင် လျှင် အလုပ် ဝင်လုပ်ပြီး လာ ခေါ်ပါမည် ဟု ကတိ ပေးသည် ။ သို့သော် မလုံးတင် က လုံးဝ မျှော်လင့်ချက် မထား ။
“ နင်တို့ မှာ အဖေအမေ မရှိပေမယ့် နင်တို့ က မျက်နှာကြီးမျိုးတွေ ပါဟယ် ၊ ပညာတတ်တွေ ပါ ၊ ကျောင်း က ထွက်ရင် အရာရှိ အရာခံ လူကုံထံတွေ ဖြစ်လာမှာပါ ၊ ငါတို့ လို အတန်းစား က နင်တို့ ကို မော့တောင် ကြည့်ရဲမှာ မဟုတ်ပါဘူး ၊ ငါတို့ လို ဘာဂုဏ် မှ မရှိတဲ့ အဖွဲအစုတ် ကို ဘယ်လောက် ချစ်ချစ် နင့် ကို ငါ ရမှာ မဟုတ်ဘူး ဆိုတာ ငါ သိပါတယ် ”
••••• ••••• •••••
မလုံးတင် ၏ စကား တွင် “ နင် ငါ့ ကို ယူမှာ မဟုတ်ပါဘူး ” ဟု မပြောဘဲ “ နင့် ကို ငါ ရမှာ မဟုတ်ပါဘူး ” ဟု ပြောခြင်း သည် ထူးခြားပါသည် ။ ကောင်လေး အလို ကို သူ က လိုက်ပါခြင်း မဟုတ် ။ သူ က ကို ရယူလိုစိတ် ရှိနေကြောင်း ပေါ် လာသည် ။ ဂုဏ် ၊ ဓန ၊ ငွေကြေး ကြောင့် မဟုတ်ဘဲ လူ ကို သာ ချစ်နေခြင်း ဖြစ်ကြောင်း လည်း ပေါ်လွင်လာစေပါသည် ။
ကောင်လေး ဆက် ပြောသည့် ဇာတ်ကြောင်း ကို ကြည့်ပါဦး ။ နံနက် လေးနာရီ လောက် ထိုးမှ မလုံးတင် သူ့ အခန်း က ပြတင်းပေါက် ကို ကျော်ပြီး ပြန် ထွက်သွားသည် ။
••••• ••••• •••••
သူ အပြင် ရောက်မှ အုတ်ခုံစွန်း မှာ ခြေဖျား ထောက် ရပ်လျက် က ကျွန်တော့်လည်ပင်း ကို သူ့ လက်နှစ်ဖက် နဲ့ လှမ်း နှိပ်ပြီး ပါး ကို ဘယ်ပြန် ညာပြန် နမ်း သွားပါသေးတယ် ။ သူ့ မျက်နှာ ပေါ် မှာ မျက်ရည်တွေ နဲ့ပါ ။
••••• ••••• •••••
ဤသည်မှာ ကောင်လေး နှင့် မလုံးတင် တို့ နောက်ဆုံးခွဲ ခွာခြင်း ဖြစ်သည် ။ သူတို့ချင်း တစ်ခါမျှ ပြန် မတွေ့ ရတော့ချေ ။ မတွေ့ရအောင်လည်း ကောင်လေး ၏ မမနှင့် လူကြီး များ က စီစဉ်ကြသည် ။ အတင်းအကျပ်တော့ မဟုတ် ။ ကောင်လေး ကလည်း သတိရလင့်ကစား တွေ့ဆုံရန် မကြိုးစား တော့ချေ ။ သို့သော် ယနေ့တိုင် တစ်ခါတစ်ရံ မလုံးတင် ကို သတိရ မိတတ်သည် ။
••••• ••••• •••••
မလုံးတင် ကို ကျွန်တော် သိပ် စွဲလမ်းနေရတာ မဟုတ်ပေမယ့် တစ်ခါတစ်ခါတော့ သတိရ မိတတ်ပါတယ် ။ ဘယ်လို အခါမျိုး လည်း ဆိုရင် သူ နဲ့ တူတဲ့ အမျိုးသမီးတို့ ၊ သူ့ လို နှုတ်အာကြမ်းပြီး ဆဲတတ်တဲ့ အမျိုးသမီးတို့ ကို တစ်နေရာရာ မှာ တွေ့ခဲ့ ၊ မြင်ခဲ့ ၊ ကြားခဲ့ရတဲ့ အခါမျိုးပါ ။
••••• ••••• •••••
သတိရပုံ မှာ လွမ်းလွမ်းဆွေးဆွေး လည်း မဟုတ် ။ သတိရစရာ အကြောင်းများ ကလည်း နှုတ်ကြမ်းအာကြမ်း ဆဲဆို တတ်သော မိန်းမများ ကို တွေ့ကြုံ ကြားမြင် သည့်အခါမျိုး ဖြစ်သည် ။
ဤသို့ ကြာမြင့် သွားမှ တစ်နေ့တွင် အင်းလျားလိပ်ခန်းမ မျက်နှာကြီး မင်္ဂလာဆောင် တစ်ခု သီးသန့်စားပွဲ တွင် ထိုင် နေသော အသားညိုညို ၊ ပိန်ပိန်ပါးပါး ၊ မျက်လုံး တောက်တောက် ၊ စိန်နားကပ် တဝင်းဝင်း နှင့် အမျိုးသမီး တစ်ယောက် ကို တွေ့သည် ။ ကောင်လေး ၏ နောက်ကျော ဘက် တွင် ထိုင် နေသော မိန်းမ နှစ်ယောက် စကားပြော နေသံ ကို ကြားနေရသည် ။ သူတို့ စကားများ အရ ငါး ရောင်း သော မတင် ဆိုသူ မိန်းမ တစ်ယောက် သူဌေး တစ်ယောက် နှင့် ရသည် ။ သူဌေး သေသောအခါ စိန်ရွှေ တစ်ပုံကြီး ကျန်ရစ်ခဲ့သည် ။ ထို့နောက် အထက်လွှာ တစ်ယောက် နှင့်ပင် အိမ်ထောင် ကျပြန်သည် ။ ယခုတော့ စိန်ရွှေ ချမ်းသာ၍ နာမည် တွင် စိန်တစ်လုံး တိုးလာပြီး ဒေါ်စိန်တင် ဖြစ်နေသည် ။ ခေါ်ချင်ပြောချင်သူ များလှသော မျက်နှာကြီး တစ်ယောက် ဖြစ်နေသည် ။
ထို မိန်းမ နှစ်ယောက် ပြောသော ဒေါ်စိန်တင် ဆို သူ မှာ ရှေ့တန်း စားပွဲ တွင် ထိုင် နေသော စိန်နားကပ်ကြီး နှင့် အမျိုးသမီး လား သေသေချာချာ မသိ ။ စိန်နားကပ်ကြီး နှင့် အမျိုးသမီး ကို လည်း ဘယ်သူ ဘယ်ဝါမှန်း မသိ ။ သို့သော် ထို ည က မလုံးတင် နှင့် မလုံးတင် တို့ ပတ်ဝန်းကျင် ကို ဝိုးတဝါး ပြန်လည် သတိရနေမိသည် ။
ဝတ္ထု ကို ဤသို့ပင် အဆုံးသ,တ်လိုက်သည် ။ ကျွန် တော် ထင်လင်း ကို အံ့ဩမိသော အချက်မှာ မင်္ဂလာဆောင် တွင် တွေ့ရသော စိန်နားကပ်ကြီး နှင့် အမျိုးသမီး အကြောင်း ကို ထည့်ဝံ့ခြင်း ပင် ဖြစ်ပါသည် ။ ကျွန်တော့် စိတ် ထဲ တွင် ထို မိန်းမကြီး မှာ မလုံးတင် များ ဖြစ်နေလေ ရော့လား ဟု အောက်မေ့ နေမိပါသေးသည် ။ ပြီးတော့လည်း မဟုတ်ပါ ။ သို့သော် ထို အဖြစ် က ကောင်လေး ၏ စိတ် တွင် မလုံးတင် ကို တော့ ပြန်လည် သတိရနေမိအောင် ဖန်တီးလိုက်သည် ။
ဤ ဝတ္ထု ကို ထင်လင်း ရေး လိုလျှင် အာဘော်ပဓာန ဝတ္ထု ရေးမည် ဆိုပါစို့ ။ ဂုဏ်ပကာသန လောက အဆောင်အယောင် တို့သည် အိမ်ထောင်ရေး ကို ဆုံးဖြတ်ကြောင်း ၊ သို့မဟုတ် ဆင်းရဲနွမ်းပါး နိမ့်ကျသော သူတို့ သည် ဂုဏ် ပကာသနထက် မေတ္တာ ကိုသာ တန်ဖိုး ထားတတ်ကြောင်း ၊ သို့မဟုတ် နှုတ်စရိုက် ကြမ်းတမ်း သော်လည်း နှုတ်စရိုက် ရဲရင့် သကဲ့သို့ မေတ္တာ ၌လည်း ရဲရင့်တတ်ကြောင်း ၊ သို့မဟုတ် ချစ်ခြင်းမေတ္တာ ဆိုသည်မှာ နီးစပ်ရာ ကြုံသလို ဖြစ်သွားတတ်ကြောင်း ၊ သို့မဟုတ် ဆယ်ကျော်သက် တို့ ၏ အချစ် ဆိုသည်မှာ မရေမရာ လက်တည့်စမ်းခြင်းမျိုး ဖြစ် တတ်ကြောင်း ၊ သို့မဟုတ် စရိုက် အောက်တန်းကျ နေစေဦး တော့ စိန်ရွှေ ရှိလျှင် အထက်တန်း သို့ ရောက်လာနိုင်ကြောင်း စသည် စသည် ဖြင့် ဖော်ကျူးနိုင်ပါလိမ့်မည် ။ သို့သော် ထင်လင်း ကား မည်သည့် အာဘော် ကို မျှ “ စောင်း ” ပေး ပြီး ရေးဖွဲ့ခြင်း မပြုပါ ။
တစ်ဖန် ဤဝတ္ထု ကို ဇာတ်လမ်း ပဓာနဝတ္ထု အဖြစ် ရေးမည်ဆိုပါလျှင် အဖုံးအဝှက် အရှုပ်အထွေး အဖြစ် အပျက်တွေ တစ်ပုံကြီး နှင့် ဇာတ်လမ်းကောင်း ဝတ္ထု တစ်ပုဒ် ဖြစ်လာနိုင်ပါသည် ။ ဇာတ်လမ်း အချိတ်အဆက် အပြောင်းအလဲ ကို မလုပ်စေဦးတော့ ကြည်နူးဖွယ် ဖြစ်အောင် ၊ ထိတ်လန့်ဖွယ် ဖြစ်အောင် ၊ လွမ်းမောဖွယ် ဖြစ်အောင် ရေးဖွဲ့နိုင်ခွင့်ရှိသော ဇာတ်ကွက် သုံးလေးနေရာ ထက် မနည်း ပါပါသည် ။ ကောင်လေး က လွမ်းစရာစကား တွေ ပြောနိုင်ပါသည် ။ မလုံးတင် က မျက်ရည်ကျလောက်ဖွယ် စကားတွေ ပြောနိုင်ပါသည် ။ မပြောကြပါ ။
ထို့အပြင် ကောင်လေး ၏ ဇာတ်ကြောင်း ပြောပုံ တွင်လည်း လွမ်းမောဖွယ် ၊ ရင်နင့်ဖွယ် ၊ ကြည်နူးဖွယ်စကား များ ကိုသာ သုံးလိုလျှင် လှိုင်လှိုင်ကြီး သုံးနိုင်ဖွယ် ရှိပါသည် ။ မသုံးပါ ။ ရိုးရိုးစင်းစင်းပင် ပြောပါသည် ။
တစ်ဖန် ဇာတ်ကောင် တို့ ၏ စရိုက် ကို ပြောရာတွင် ဖိဖိနှိပ်နှိပ် မပြော ။ ကောင်လေး ကိုယ်တိုင် ကလည်း သူ့ ကိုယ် သူ ကောင်းပါသည် ဟု လည်း မပြော ။ ဆိုးပါသည် ဟု လည်း မပြော ။ သူ ကိုယ်တိုင် ကလည်း ကောင်းလှသည် မဟုတ် ။ စံပြအားကျ လောက်သော ချစ်သူ ကောင်လေးမျိုး မဟုတ် ။ စိတ်ကူးယဉ်စရာ ချစ်သူမျိုး မဟုတ် ။
ကျွန်တော့် အဖို့ ဦးနှောက် အခြောက်ရဆုံးသော ကိစ္စမှာ ဝတ္ထု ခေါင်းစဉ် ပင် ဖြစ်ပါသည် ။ “ စိန် ” ကို ဝတ္ထု နှင့် မည်သို့ ဆက်စပ်ရပါမည်နည်း ။ ဝတ္ထု ၏ နောက်ဆုံး အပိုင်း မိန်းမနှစ်ယောက် ပြော နေသော စကားများ တွင် ...
••••• ••••• •••••
“ နာမည်ရင်း က ‘ မတင် ’ ဆိုလား ၊ ဈေး ထဲ မှာ ငါး ရောင်းတာ ၊ နောက် သူတို့ မြို့က သူဌေးကြီး တစ်ယောက် နဲ့ ရပြီး အဲဒီ သူဌေးကြီး သေတော့ စိန်တွေ ၊ ရွှေတွေ ကို သူ က ရလိုက်တာ ၊ အဲဒီအချိန်မှာ မိန်းမ က ခပ်ငယ်ငယ် ပဲ ၊ အရွယ်ကောင်း ၊ စိန်တွေ ရွှေတွေ နဲ့ ဆိုတော့ အထက်လွှာ ထဲ ရောက် ၊ နောက် အိမ်ထောင် ပြုတော့လဲ ထိပ်တန်းစား ၊ ခုတော့ ဒေါ်စိန်တင် ဖြစ်နေတယ် ၊ စိန် တစ်လုံး တိုးလာတယ် ဆိုရင်ပဲ ခေါ်ချင် ပြောချင် အရေးလုပ်ချင်တဲ့ သူတွေ များလာ တာပေါ့ ၊ ဒါ အဆန်း မဟုတ်ပါဘူး ”
••••• ••••• •••••
ဤသို့ တွေ့ရပါသည် ။ ထို့ပြင် ကောင်လေး က ဝတ္ထု နိဂုံးချုပ် ရာတွင်
ကျွန်တော် နဲ့ မလုံးတင် နောက်ဆုံး တွေ့ခဲ့ကြရတဲ့ ည က မလုံးတင် ပြောလိုက် တဲ့ စကားတွေ ကို လည်း သတိရ နေတယ် ။
ဟု ပြောထားပါသည် ။ မလုံးတင် ပြောခဲ့သော စကားများမှာ ...
နင်တို့ က မျက်နှာကြီးမျိုးတွေ ပါဟယ် ။ ငါတို့ လို အတန်းအစား က နင်တို့ ကို မော့တောင် ကြည့်ဝံ့မှာ မဟုတ်ပါဘူး ။
••••• ••••• •••••
စသည်တို့ ဖြစ်ပါသည် ။ မိန်းမ နှစ်ယောက် ပြောသော စကား နှင့် ဆက်စပ် လိုက်သောအခါ နာမည် ရှေ့ က စိန် တစ်လုံး တိုး လိုက်လျှင် ( ဝါ ) စိန် ရှိလျှင် အထက်တန်းလွှာ ဖြစ်လာတော့သည် သာ ဟု ဆိုရာ ရောက်နေပါသည် ။ ဘယ် လို စရိုက်မျိုး ၊ ဘယ်လို အတန်းအစားမျိုး ဆိုသည်မှာ အကြောင်း မဟုတ် ။ စိန် ရှိ လျှင် အထက်တန်းစား သာ ဖြစ် တော့သည် ။ “ ဒါအဆန်း မဟုတ်ပါဘူး ” ဟူသော အဓိပ္ပာယ် ကို ဆောင်သည် ဟု ဆိုနိုင်ပါလိမ့်မည် ။ ကောင်လေး က “ မလုံးတင် တို့ ရဲ့ ပတ်ဝန်းကျင် ကို လည်း ဝိုးတဝါး ပြန် တွေးကြည့် နေမိပါတယ် ” ဟု ဝတ္ထု ကို နိဂုံးချုပ် ထားပါသည် ။ မလုံးတင် ၏ အမည် မှာ စိန်တစ်လုံး ထပ် တိုး လျှင် စရိုက် ဘယ်လောက် ကြမ်းကြမ်း အထက်တန်းစား ဖြစ်နိုင်သည် မဟုတ်လော ဟု ဆိုရာ ရောက်နေပါသည် ။
ဤသို့ ကျွန်တော် စဉ်းစား မိပါသည် ။ စာဖတ်သူ ချင့်ချိန် ကြည့်ရန် ဖြစ်ပါသည် ။
ကျွန်တော် ဤ ဝတ္ထု ကို ကြိုက်ရသည့် အချက်များ မှာ -
( ၁ ) လောကသဘာဝ ၊ လူ့သဘာဝ ကို အကန့်အသတ် မထား ၊ ကျယ်ပြန့်စွာ တင်ပြထား ခြင်း ။ တစ်စုံတစ်ခုသော အာဘော် ၊ အတွေးအမြင်ကောင်း တစ်ခု ကို မီးမောင်းထိုး ပြပြီး ပြလိုက်ခြင်းမျိုး ကို ကျွန်တော် နှစ်သက်ပါသည် ။ ယခုကဲ့သို့ ကျယ်ပြန့်လှသော အမြင် ကို စာဖတ်သူ ကိုယ်တိုင် ရှာဖွေစေသည့် ဝတ္ထုမျိုး ကို လည်း ကျွန်တော် နှစ်သက်ပါသည် ။ အာဘော် ကျယ်ပြန့်ခြင်းနှင့် မရေးတတ်၍ ဘာဆိုလိုမှန်း မသိခြင်း တို့မှာ များစွာ ခြားနားကြောင်း ကို စာပါးဝ လာလျှင် သိကြသည် ချည်းပင် ဖြစ်ပါသည် ။
( ၂ ) ဇာတ်ကောင်တို့ အပေါ် ဓမ္မဓိဋ္ဌာန် ကျကျ ဆက်ဆံခြင်း ။ ။ ဇာတ်ကောင်တို့ ၏ အကြောင်း ကို ရေးရာ တွင် ကောင်းကွက် ၊ ဆိုးကွက် ပြည့်စုံအောင် ဖော်ပြ သွားပါသည် ။ လိုအပ်သော စရိုက် ဟူသမျှ ပေါ်လွင်စေ ပါသည် ။ ရေးသူ ( ဝါ ) ဇာတ်ကြောင်း ပြောသူ ၏ ပင့်မှု ၊ နှိမ့်မှု မပါဝင်စေခြင်း ။
( ၃ ) စာဖတ်သူ အား သွေးဆောင်မှု မပြုနိုင် အောင် ထိန်းသိမ်းနိုင်ခြင်း ။ ။ ထင်လင်း ၏ အရေးအသား တွင် စာဖတ်သူ အား သွေးဆောင်သည့် စကားသုံး အလင်္ကာ တစ်ခု မျှ မပါရှိပါ ။ အရှိ အတိုင်း ၊ အဖြစ် အတိုင်း ကို ပြပြီး ကြိုက်သလို မှတ်ချက်ချနိုင်ရန် လွှဲအပ်လိုက် သကဲ့သို့ ရှိပါသည် ။
ဤသို့သော အချက်များ ကြောင့် ကျွန်တော် နှစ် သက်ရပါသည် ။ စာဖတ်သူ ဘဝင် ကျချင် မှ ကျပါမည် ။ ကျွန်တော် နှင့် သဘော တူချင် မှ တူပါမည် ။ စာဖတ်သူ သည် စာရေး ဝါသနာပါသူတစ်ယောက် ဖြစ်နေခဲ့ပါလျှင် ဤကဲ့သို့ မေတ္တာ အခြေခံသော ဝတ္ထုမျိုး ကို ဥပေက္ခာ ပြောနည်း ဖြင့် ရေးကြည့်စမ်းပါ ဟု တိုက်တွန်းလိုပါသည် ။ စာရေး ဝါသနာပါသူ မဟုတ် လျှင် ကိုယ်တိုင် တွေ့ကြုံခဲ့သော လူတို့ ၏ အကြောင်း ( အထူးသဖြင့် ကိုယ့်အကြောင်း ကို ) ကိုယ် နှင့် တစ်စုံတစ်ရာ မပတ်သက် သကဲ့သို့ မှတ်ချက် မပေး ၊ သွေးဆောင်ခြင်း မပြုဘဲ ဥပေက္ခာ စိတ်ဖြင့် အပေါင်းအသင်း များ အား ပြောကြည့်စမ်းပါ ဟု တိုက်တွန်းလိုပါသည် ။
ဤသို့ တိုက်တွန်းသည် မှာ စာဖတ်သူ အား မချေမငံ စိတ်ထား နှင့် အားစမ်းသည့် စကား ဆိုရန် စေတနာ တစိုး တစိ မျှ ပါ၍ မဟုတ်ဘဲ ထင်လင်း ၏ ဂုဏ် ကို ထင်ရှားစေရန် မျှ သာ ဖြစ်ပါကြောင်း ရှင်းလင်း တောင်းပန် စကား ကိုပါ တစ်ပါတည်း ဆိုလိုက်ရပါသည် ခင်ဗျား ။
▢ အောင်သင်း
📖 သဘင် မဂ္ဂဇင်း
မေ ၊ ၁၉၈၄
.
No comments:
Post a Comment