❝ ထူထူကြီး သွား ပါးပါးလေး ပြန် ❞
“ ဟာကွာ ဟေ့ကောင် ချမ်းသာ ငါ ဖြင့် ရှာလို့ ကို မတွေ့ဘူး ”
“ တွေ့ပါတယ်ကွာ ဒီမှာ ”
“ ဟင် ပါးပါးလေး ”
အမှန်ပဲ ခင်ဗျာ့ ၊ ကျွန်တော် မောင်ချမ်းသာ နဲ့ သူငယ်ချင်း နှစ်ယောက် တို့ မြို့တက် လာပြီး စားသောက်ဆိုင် မှာ အမော ချ ကြတာပါ ခင်ဗျာ့ ။
တောရွာ မှာ ပင်ပင်ပန်းပန်း ကုန်းရုန်း လုပ်ခဲ့ရသည့် ဒဏ် ကို မြို့ ရောက်သောအခါ စားဟယ် ၊ သောက်ဟယ် နှင့် ခပ်ပျော်ပျော်ကလေး ဆော်ပလော်တီး လိုက်သော အခါ အမောပြေ သွားလေ၏ ။ ၎င်း ကို တောစကား အရ အမော ချသည် ဟု ဆိုကုန်၏ ။
“ အေး ပါးပါးလေး ပေါ့ ကွာ ၊ တို့ က ထူထူကြီး တံကောက်ကွေး လောက်ကြီး တွယ်နေကျ ဆိုတော့ ”
စားသောက်ဆိုင် တွင် ဝက်အစိမ်းကြော် ၊ ဝက်ထမင်းပေါင်း ၊ ဝက်ခေါက်ဆွဲ စသည်တို့ တွင် ဝက်သား သည် တကယ့် ပါလချေမျှ ဖြစ်လေ၏ ။ မှန်ဘီလူး နှင့် ကြည့်ရခမန်း ။
ယနေ့ ကျွန်တော်တို့ လူသိုက် မြို့ လာရခြင်း အကြောင်းကား ရာကျော် ဝက်ထီးကြီး ကို ရောင်းချ၍ သိန်းချီ ရလိုက် သဖြင့် ... ။
ထို အတွေး သည် ခေါင်း ထဲ ရောက်လာပါ၏ ။ ဝက်ကြီး ... ကန်ထရိုက် ... ဝက်သား .. ဈေး မှာ ထို့နောက် စားသောက်ဆိုင် .. ။
ကျွန်တော်တို့ ဆီ က ပို့ လိုက်သော ဝက်ကြီး ထူထူပိတ်ပိတ်ကြီး သည် ပါးပါးကလေး ပါးပါးကလေး ဖြစ် သွားလေပြီ ။
ဒါက ဒဲ့ မြင်သာ ထင်သာ နမူနာ ပါ ခင်ဗျား ။
ကျွန်တော် တို့ ထုတ်လုပ် ရောင်းချလိုက်သော မြေပဲ ၊ နှမ်း ၊ ပြောင်း ။
သွားလေ၏ ။ အတုံးလိုက် အတစ်လိုက် ။ ကျွန်တော် သုံးလေးလ ကြာအောင် စိုက်ပျိုးထုတ်လုပ် ခဲ့သော ကောက်ပဲသီးနှံ တို့ သည် ကျွန်တော် တို့ ထံ ပါးပါးကလေး ပြန် ရောက်လာပါ၏ ။ စားသောက်ကုန် အဖြစ် ၊ မုန့် အဖြစ် ။
ကျွန်တော်တို့ ရောင်းချစဉ် က တစ်ပိဿာ မှ ကျပ် ၈ဝဝ - ၁ဝဝဝ ဈေး မျှ သာ ။
ပြန် ရောက်လာသော ပါးပါးကလေး တို့ကား ဈေးကောင်းပေစွ ၊ ဈေးကြီးပေစွ ၊ ကိုယ်တိုင် ဝယ် မစားနိုင် ၊ လှူဖို့တန်းဖို့ အမွန်အမြတ် လက်ဆောင် ပေး ဖို့ ( မုန့်ပုံး ) လောက်သာ ဝယ်နိုင် တတ်နိုင် ကြလေကုန်၏ ။
ကဲ ဒါက ကောက်ပဲသီးနှံ ။
ရေနံ ကို ကြည့်မလား ။ ရော်ဘာ ကို ကြည့်မလား ။
ကမ္ဘာ့ ရေနံစိမ်းတွေ သူဌေးနိုင်ငံ တွေ ရောက် ၊ နည်းပညာတွေ ပေါင်းစပ် ၊ ကုန်ချောမျိုးစုံ ထုတ် ၊ ရေနံစိမ်း ထွက်တဲ့ နိုင်ငံ ပြန်ပို့ ။
သွား တုန်း က သင်္ဘောကြီး နဲ့ ပိုက်လိုင်းကြီး နဲ့ အထူကြီး မှ တကယ့် အထူစားကြီး ။
ရော်ဘာ လည်း သည်လိုပဲ ။ ရော်ဘာကြမ်းတွေ သွား ၊ မနိုင်မနင်း အတုံးကြီးတွေ သွား ။
ပြန်လာပြီ ကော်စေ့ လို ဟာမျိုး ပါးပါးကလေး ကြည်ကြည်ကလေး ၊ ဈေး ကတော့ အကြမ်းဈေး နဲ့ အချောဈေး ဘာ ဆိုင်လို့တုံး ။ ယနေ့ ကမ္ဘာ့နည်းပညာ အမီ မလိုက် နိုင်တဲ့ လူတွေ က အထူကြီး ကို ပေါပေါ နဲ့ ရောင်းစား ။ ဟော ပြန်လာတဲ့ အချော ကျတော့ ဈေးကြီးပေး ဝယ် ။
ကောင်းဘူးလားဗျာ ။
မကောင်းပါဗျာ ၊ လုံးဝ မကောင်းပါဗျာ ။
တတ်တဲ့ လူ နပ်တဲ့ လူ က အ ညွှန့်ကလေး ခူးပြီး စား သွားကြတာဗျာ ။
ကဲ အထူစားကြီးတွေ ကို ဘာလုပ်ကြမလဲ ။ အထူစားကြီးတွေ ကို အပါးစားကလေး ဖြစ်အောင် လုပ်မှပေါ့ ။ ဥပမာ ဝါ ။
ဝါဟာ သည်နေ့ အောင်လံ မှာ တစ်ပိဿာ ကျပ် ၅ဝဝ ၊ ၆၀၀ ပဲ ရှိတယ် ။ ဝါဂွမ်း ဟာ တစ်ပိဿာ ကျပ် ၁၅၀၀ ကျော်ကျော်လေး ပဲ ရှိတယ် ။
ဟိုဘက် က ပြန်လာတဲ့ ကော်တွန် ကော်တွန် နဲ့ အမြတ်တနိုး ဝယ် ဝတ် နေကြရတဲ့ ပိတ်စတွေ အထည် တွေ ပါးပါးကလေး မျှင်မျှင်ကလေး ။ တစ်ပိဿာ ကျပ် လေးငါးထောင် ရတဲ့ ဝါ ။
ပြန်လာတဲ့ အထည်စ လက် တစ်ဆုပ်စာ ငါးကျပ်သား တောင် ရှိပါ့မလား ။ တန်ဖိုး က ကျပ် ၅ဝဝဝ ၊ ၁ဝ,ဝဝဝ ဗျာ ။
ဒါဆို ရှင်းပြီ ။
▢ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၆ အောက်တိုဘာလ ၂၀၀၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment