❝ အိန္ဒြေရှင် ❞
[ ဗြိတိန်နိုင်ငံ ဝေလနယ် ရဲ့ မြို့တော် ကားဒစ်မြို့က ကားဒစ်တက္ကသိုလ် မှာ ဖွင့် တဲ့ သတင်းစာပညာ ဒီပလိုမာ သင်တန်း ကို ကျွန်တော် သွားပြီး တက်ဖူးခဲ့တယ် ။ နိုင်ငံတကာ သင်တန်း တက် ဖို့ လာသူတွေ ကို တက္ကသိုလ် နဲ့ မလှမ်းမကမ်း မှာ ရှိတဲ့ ပုဂ္ဂလိက အဆောင်တွေ မှာ နေထိုင်ဖို့ စီစဉ်ပေး ထားတယ် ။ အဆောင်ပိုင်ရှင် နဲ့ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ တို့ ဆက်စပ်မှု ရှိတယ် ။
အဆောင် နေသူတွေ က အဆောင် ရဲ့ ချွတ်ယွင်းချက် ကို တက္ကသိုလ် ဆရာ ဆီ မှာ စာသင်ခန်း မှာ ပြောပြရင် ပြုပြင် ပေးဖို့ အဆောင်ပိုင်ရှင် ကို ကျောင်း က ညွှန်ကြားတယ် ။ အဆောင်ပိုင်ရှင် က တလေးတစား ဆောင်ရွက် ပေးတာ တွေ့ရတယ် ။ အဆောင်ပိုင်ရှင် နဲ့ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်မှု အမြဲ ရှိ နေတာမို့ အဆောင် နေ သူ က လည်း အဆောင် စည်းကမ်း ကို လေးစား လိုက်နာကြတယ် ။ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ၊ ကျောင်းသား နဲ့ အဆောင်ပိုင်ရှင် တို့ အားလုံး အဆင် ပြေ ကြတာတွေ့ ရတယ် ။
မြန်မာနိုင်ငံ မှာ တက္ကသိုလ်တိုင်း ရဲ့ အနီးအနား မှာ ပုဂ္ဂလိက အဆောင် တွေ ရှိကြတယ် ။ အဆင် မပြေမှု အမျိုးစုံ ကို မြင်နေ ကြားနေ ရတဲ့အခါ ကိုယ်တိုင် ကြုံတွေ့ခဲ့ ဖူးတဲ့ ကားဒစ်တက္ကသိုလ် က အဆောင် ကို သတိရ မိတယ် ။
မန္တလေး ရတနာပုံ တက္ကသိုလ် အနီး မှာ အိန္ဒြေရှင် ဆိုတဲ့ တက္ကသိုလ် ကျောင်းသူများ သီးသန့် အဆောင် ရှိတယ် ။ သည် အဆောင် က အခြား အဆောင်တွေ နဲ့ မတူဘဲ ခြားနားမှုတွေ ရှိ နေတယ် ။ လမ်းမကြီး နဲ့ လူနေဆောင် က ဝေးပြီး ခြံစည်းရိုး နှစ်ထပ် ကာရံ ထားတယ် ။ အဆောင် ရှေ့ ကွက်လပ် မှာ ခုံတန်းလျားရှည်လေးတွေ ခင်း ထားပြီး လူငယ် မောင်မယ် တွေ ထိုင်ပြီး စကားစမြည် ပြော နေကြတာ မြင် ရတယ် ။ အချို့က ချစ်သူရည်စား တွေ ဖြစ်မယ် ၊ အချို့က တော့ မိတ်ဆွေသူငယ်ချင်း တွေ ဖြစ်ပါလိမ့်မယ် ။
ကောင်လေး ၊ ကောင်မလေးတွေ ခုံတန်းလျား မှာ အတူ ထိုင်ပြီး စကား ပြော နေကြတာ မြင် ရတော့ တစ်ချိန်က မန္တလေး တက္ကသိုလ် ကို ပြန်ပြီး အမှတ်ရ မိတယ် ။ ၁၉၇၀ ခုနှစ် များ မှာ ပါမောက္ခချုပ် က ဆရာကြီး ဦးလှရွှေ ပါ ။ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် ဦးလှရွှေ ဖြစ်လာပြီးတဲ့ နောက်ပိုင်း မှာ တက္ကသိုလ် ဝင်း အတွင်း ပန်းပင်တွေ လှလှပပ စိုက်တယ် ၊ သစ်ပင်ကြီးတွေ အောက်ခြေ မှာ ခုံဝိုင်း တွေ လုပ် ဆေးရောင်စုံ တွေ သုတ်တယ် ။ ထိုင်ချင့်စဖွယ် ပါ ။ ရန်ကုန် မှာ အစည်းအဝေး တစ်ခု လုပ်တော့ ရင်းနှီးတဲ့ မိတ်ဆွေတွေ က ဆရာကြီးဦးလှရွှေ ကို တက္ကသိုလ် ထဲ မှာ အတွဲတွေ ထိုင်ဖို့ ခုံတွေ လုပ်ပေးတာ လား လို့ ကြည်စယ်ပြီး မေးတယ် ။ ကျွန်တော့် သမီးတွေ လူမြင်ကွင်း မှာ ထိုင်စရာ နေရာ ကောင်းကောင်း လုပ်ပေး ထားတော့ ခြုံ ထဲ သွား မထိုင်တော့ဘူးပေါ့ ။ မဖြစ်သင့်တာတွေ မဖြစ်တော့ဘူးပေါ့ လို့ ဆရာကြီး က ပြန် ပြောပါ သတဲ့ ။
အိန္ဒြေရှင် တက္ကသိုလ် ကျောင်းသူ သီးသန့် အဆောင် ကို သွားပြီး အဆောင် ပိုင်ရှင် ဦးကျော်စိန် ( ၆၅ နှစ် ) နဲ့ စကားစမြည် ပြောဖြစ်ခဲ့တယ် ။ ]
••••• ••••• •••••
ကျွန်တော့် ဇာတိ က အမရပူရ တောင်သမန် ဇာတိ ။ ရတနာပုံ တက္ကသိုလ် တောင်သမန်အင်းစောင်း မှာ လာ ဖွင့်တော့ ဘော်ဒါဆောင် ကို ကျွန်တော် စ တည်တာပဲ ။
ဘော်ဒါဆောင် ဆိုတာ ပိုက်ဆံ ရရေး သာ ဦးတည် ရင်တော့ လူဂိုထောင် ပေါ့ ။ လူတွေ များများ ဆန့်အောင် ပြွတ်သိပ် ထည့်မယ် ။
ကျွန်တော် က တော့ နေတဲ့ ပုဂ္ဂိုလ် ကို ကျယ်ကျယ်ဝန်းဝန်း နဲ့ နေရ ထိုင်ရ အသက်ရှူ ချောင်စေ ချင်တယ် ။ အခန်းပေါ် က ဆင်း ရင် လမ်း ပေါ် ရောက်တာ မဖြစ်ချင်ဘူး ။ စာကျက်ဖို့ ၊ ထမင်းစားဖို့ ၊ အနားယူအပန်းဖြေဖို့ နေရာ ရှိရမယ် ။ သက်သောင့်သာသာ လည်း ရှိရမယ် ၊ လုံခြုံမှု လည်း ရှိရမယ်ပေါ့ ။
ကျွန်တော် က တက္ကသိုလ် ကျောင်းသူ သီးသန့် ပဲ အဆောင် မှာ လက်ခံတယ် ။ ဝန်ထမ်း မိန်းကလေး ကို မထားဘူး ။ သူတို့ ကို ထိန်း ထားရင် ငွေကြေး ရတာ ကျွန်တော် သိတယ် ။ တက္ကသိုလ် ကျောင်းသူ က ငါးလ လောက် ပဲ နေတာ ၊ ဝန်ထမ်း က တစ်နှစ်ပတ်လုံး နေမှာ ။ ဒါပေမယ့် ကျွန်တော် က ပညာရေး ကို လည်း အားပေး ချင်တယ် ။
ဒီ အဆောင် မှာ နေပြီး ဂုဏ်ထူးတန်း ဝင်တဲ့ သူ ၊ Master တန်း ( မဟာဝိဇ္ဇာ - မဟာသိပ္ပံ ) ဝင်တဲ့သူတွေ ဆိုရင် ဂုဏ်ပြုပွဲ လုပ် ပေးတယ် ။ တတိယ အကြိမ် အထိ ရှိ သွားပြီ ။ ဂုဏ်ပြုပွဲ ကို တက္ကသိုလ် က ပါမောက္ခ တွေလည်း ကိုယ်တိုင် ကြွရောက် အားပေးတယ် ။ ဒါကြောင့်လည်း အိန္ဒြေရှင် အဆောင် ရဲ့ လှုပ်ရှားမှု ကို ကျောင်း ရဲ့လှုပ်ရှားမှု မှတ်တမ်း မှာ ထည့် ပေးတယ် ။ သည် အဆောင် က နေပြီး ရတနာပုံ တက္ကသိုလ် မှာ ဆရာမ ပြန် ဖြစ်တာ သုံးယောက် ရှိ သွားပြီ ။
ကျောင်းသူတွေ ကို အုပ်ထိန်း တဲ့ အဆောင်မှူး က လည်း တက္ကသိုလ် က ဆရာမ ပဲ ။ ကျောင်း က နေ အကူအညီ လာ ပေးတယ် ။
အဆောင် လာ နေတဲ့ မိန်းကလေးတွေ ကို မိမိ ကိုယ် မိမိ တက္ကသိုလ် ကျောင်းသူ တစ်ယောက် အဖြစ် ဂုဏ်အရည်အချင်း တွေ ကို ထိန်းသိမ်း လေးစား တန်ဖိုး ထား စေတယ် ။ ကျောင်းသူ ကို ရွာသူ ရွာသား တွေ နဲ့ ပေါင်းခွင့် မပေးဘူး ။ ကျောင်းသူ ကျောင်းသား ချင်း ပေါင်းသင်း နိုင်တယ် ။ အနေအထိုင် နဲ့ ပတ်သက် ပြီး စည်းကမ်း ထားတယ် ။ တက္ကသိုလ် ကျောင်းသူ ဖြစ်လာချိန် မှာ ကျောင်းသား သူငယ်ချင်း ရှိလာ နိုင်တာ လက်ခံတယ် ။ အမျိုးသားဆောင် ကို အကြောင်း ကိစ္စ ရှိလို့ သွားတာ ကို မတားမြစ် ပေမယ့် မကြာခဏ သွားတာ ၊ အမျိုးသားဆောင် ထဲ ကို ဝင်တာ တော့ လုံးဝ ခွင့် မပြုဘူး ။
အကြောင်းကိစ္စ ရှိလို့ အခြား ကို ညအိပ် ညနေ သွားဖို့ ရှိရင် အဆောင်မှူး ကို တစ်ရက် ကြိုတင် ခွင့် တောင်းခံပြီး မှတ်တမ်း စာအုပ် မှာ မှတ်တမ်း ရေး ရတယ် ။ သည်လို သွားတဲ့ ကိစ္စ ကို မိဘ ထံ အကြောင်း ကြား ပေးတယ် ။ ကျွန်တော် တို့ က ကျောင်းသူ တွေ နေတာ ထိုင်တာ စားတာ သောက်တာ ကို မိဘတွေ ကိုယ်စား တာဝန် ယူ ထား ရတာ ။ ကျောင်း ပိတ် လို့ အိမ် ပြန်ရင် ကျွန်တော့် ကား နဲ့ သူတို့ ကို ကားဂိတ် ရောက်အောင် လိုက် ပို့ ပေးတယ် ။ တာဝန် ခံ ထားတာ မဟုတ်ပေမယ့် သူတို့ မခက်ခဲအောင် ပို့ တာပါ ။
ကျောင်းသူ တစ်ယောက် အဆောင် နေဖို့ လာ အပ်ရင် သူ့ အနေအထိုင် ကို အကဲခတ် ကြည့်ပြီး မှ လက်ခံတယ် ။ ဝတ်စားဆင်ယင်မှု မှာ ခေတ် နဲ့ အညီ ဝတ်စားတာ ကို လက်ခံပါတယ် ။ ရိုးရိုးကြီး ဝတ်ရမယ် မသတ်မှတ်ပါဘူး ။ ဘောင်းဘီအရှည် ဝတ်ချင် လည်း ဝတ် ၊ ပိုပြီး တောင် လုံခြုံပါတယ် ။ ဒူးပေါ် ပေါင်ပေါ် စကတ်တို တော့ လက်မခံဘူး အင်္ကျီ လည်း သည်လိုပဲ ။
တစ်ခါက သံရုံး အသိုင်းအဝိုင်း က ကလေးမလေး တစ်ယောက် ခေတ်လွန် ဝတ်လာတာ လှမ်း မြင် လိုက်တယ် ။ အဝတ်အစား လဲပြီး ပြန်လာခဲ့ ဖို့ ကျွန်တော် ခေါ် လိုက်တယ် ။ ခုနက အဝတ်အစား မျိုး နောင် ဝတ်ဦး မှာ ဆိုရင် သေတ္တာ သိမ်း ပေတော့ ပြော လိုက်တယ် ။ သူ က လည်း တောင်းပန်ပြီး နောင် ဆင်ခြင် သွားတယ် ။ အဆောင် မှာ ကျောင်းသူ ၁၅ဝ ရှိတယ် ။ ပြဿနာ မရှိခဲ့ဖူးဘူး ။
မိန်းကလေးတွေ ဆိုတော့ လက်ဝတ်လက်စား တွေ ဝတ်ကြတယ် ။ အဖိုးတန် လက်ဝတ် ရတနာတွေ ပါရင် ကိုယ့် ပစ္စည်း ကိုယ် ထိန်းသိမ်းရမယ် ။ မြင်လွယ် ယူလွယ် တဲ့ နေရာ မှာ ပေါ့ပေါ့ဆဆ မထားရဘူး ပြော ထားတယ် ။ အဆောင် ဝင် စ အဆောင် အသား မကျသေး ခင် မှာ သူတို့ ကို ပြောသင့် ပြောထိုက် တာ လေးတွေ အမြဲ ပြော ထားတယ် ။ ပစ္စည်း ပျောက်တာ နှစ်ခါ သုံးခါ ဖြစ်ရင် ပစ္စည်းရှင် ကျောင်းသူ ကို အဆောင် မှာ မထားဘူးလို့ ကြို ပြော ထားတယ် ။ မိန်းကလေး ဆိုတာ ကျစ်လျစ် သိပ်သည်း ရတယ် ။ အိမ်ရှင်မ ဖြစ်သွားရင် သိမ်းထုပ် သေချာ ဆိုတာ စောင့်ထိန်း ရမယ့် ကျင့်ဝတ် ငါးခု ထဲ က တစ်ခု ပဲ ။
ကျွန်တော် နေ့ခင်းဘက် အဆောင် ကို လာတယ် ၊ ညဘက် မှာ အဆောင်မှူး ဆရာမ က ထိန်းသိမ်းတယ် ။ ပုံမှန် အားဖြင့် ညနေ ၆ နာရီ မှာ အဆောင် တံခါး ပိတ်တယ် ။ နေ့တာ အတိုအရှည် လိုက်ပြီး အချိန် အပြောင်းအလဲ အနည်းအကျဉ်း တော့ ရှိ တာပေါ့ ။ အဆောင် ပိတ်ချိန် က ထမင်း လည်း စားပြီးချိန် ဆိုတော့ အချို့က အဆောင် ဝင်း ထဲ မှာ လမ်းလျှောက် တယ် ။ ထမင်းစားဆောင် ထဲ မှာ တီဗီ နှစ်လုံး ထား ပေးတယ် ။ ကြည့် ချင် ကြည့် ။
သူတို့ စိတ်ပျော်ရွှင်ဖို့ နှစ်သစ်ကူးပွဲ ၊ မီးပုံးပွဲတွေ လုပ် ပေးတယ် ။ သီချင်း ဆို ဖို့ လည်း လုပ်ပေးတာ ရှိတယ် ။
မိန်းကလေးဆောင် ရှေ့ ကို ယောက်ျားလေးတွေ က လာပြီး ဂီတာ တီးတာ သီချင်း ဆိုတာ ရှိတယ် ။ ကျွန်တော့် အဆောင် မှာ ခြံစည်းရိုး နှစ်ထပ် ကာပြီး အဆောင် နဲ့ လမ်း ကို အလှမ်း ဝေး အောင် လုပ် ထား တော့ လာ မဆိုကြ တော့ဘူး ။
မိန်းကလေး သဘာဝ ဖျာလိပ်နတ် တို့ ဖဲဗေဒင် တို့ ဝါသနာ ပါတတ်တယ် ။ ကျွန်တော့် ဆီ မှာ မလုပ်ရဘူး ။ နှစ်လုံးထီ သုံးလုံးထီ လောင်းကစား လည်း မလုပ်ရဘူး ။ အဆောင် က တယ်လီဖုန်း ကို ချဲထီ နှစ်လုံးထီ ကိစ္စ လုံးဝ မပြောရဘူး ။
အဆောင်သူတွေ ကို အသုံးပြုဖို့ တယ်လီဖုန်း ထား ပေးတယ် ။ ဖုန်း ကို ဆယ်မိနစ် ထက် ပို မပြောဖို့ စည်းကမ်း လုပ်ထားတယ် ။ အများ အသုံးပြု ရမယ့် ဖုန်း ကို တစ်ဦး တစ်ယောက် တည်း က အကြာကြီး မသုံးသင့်ဘူး ။ တယ်လီဖုန်း နဲ့ သူငယ်ချင်းတွေ ကို အလာပ သလ္လာပ အကြာကြီး မပြောရဘူး ။ တယ်လီဖုန်း နဲ့ သမီးရည်းစား စကား မပြောရဘူး ။ သမီးရည်းစား ချိန်း ရုံ ချိန်းတာ ခွင့်ပြုတယ် ။
သူတို့ မိဘတွေ သောက သက်သာ တန် သလောက် သက်သာ အောင် ကျွန်တော် ဆောင်ရွက် ပေးပါတယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment