Friday, October 25, 2024

မြေပြင် ပေါ် က ဓူဝံကြယ်


 

❝ မြေပြင် ပေါ် က ဓူဝံကြယ် ❞

အနောက်ရိုးမ တောင်တန်း မှ မိုးရိပ်များ မည်းမှောင် နေသည် ။ ထို အရပ် မှ မိုးရိပ်မည်းမှောင် နေလျှင် မကြာခင် အချိန် အတွင်း မိုးများ သည်းသည်း မည်းမည်း ရွာတော့မည် ဆိုတာ ကျွန်တော် သိပါသည် ။ ကျွန်တော် အိမ်ခေါင်မိုး ကို မော့ ကြည့် လိုက်သည် ။ ဝါးကပ် အမိုးသည် ဟို တစ်စ သည် တစ်စနှင့် ကျိုးတိုးကျဲတဲ ဖြစ်၍နေ သည် ။ သည် ပုံ အတိုင်း ဆိုလျင် မိုးရေပေါက်များ ကို အိမ် မှာ ရှိသည့် အိုးခွက် ပန်းကန် များ နှင့် လိုက်၍ ခံထားရပေအုန်းတော့မည် ။

“ မိုးရွာတော့မယ်ဟေ့ ”

လမ်းမ ပေါ် က ပေါက်ပြား တစ်လက် ကို ပုခုံး ပေါ်ထမ်း၍ လယ်ထဲ သွားရင်း အော် ပြောသည့် လယ်သမားကြီး ဦးအောင်ခင် ၏ မျက်နှာ မှာ အပြုံးပန်းများ လှိုင်းထ နေသည် ။ သူတို့ အတွက်တော့ ရွှေမိုးငွေမိုး ဖြစ်မည် ။ ကျွန်တော် အတွက် တော့ အိမ်ခေါင်မိုး ကို ဖာထေးရန် အတွက် စိတ်ပူ နေမိသည် ။ လမ်းမ ပေါ် မျှော်ကြည့်လိုက် ပြန်တော့ ကျွန်တော် အဖေ ၏ အရိပ်ယောင် မမြင်မိပေ ။ သည်နေ့ မှ နောက်ကျ နေ သည် ။ အဖေ က သာ ပေါ် မလာသည် ကိုလေလေး က တဖျောက်ဖျောက် နှင့် အသံ ပေး လာချေပြီ ။ ထိုနောက် “ ဟော ... ဟော ” နှင့် လေ အသံ က တစ်စ တစ်စ ပို၍ ဆူညံ လာသည် ။ မိုး မလာခင် လေပြေ လေညင်းလေး မလာဘဲ လေမုန်တိုင်း လာမှာ စိုးကြောက် မိသည် ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့ သားအဖ သုံးယောက် နေသော အခြေနဲ့ နေသည့် အိမ်လေး လေမုန်တိုင်းဒဏ် ကြောင့် ပြိုလဲ မှာ ကျွန်တော် ကြောက် နေမိသည် ။ အိမ်လေး ပြိုကျ လျှင် အသစ် ပြန် ဆောက်ရမည် ။ အသစ် ပြန်
ဆောက် လျှင် ပိုက်ဆံ ကုန်မည် ။ ပိုက်ဆံ ကုန်လျှင် ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ကျောင်း မနေရတော့ပေ ။ ကြည့် နေရင်း က လေပွေလှိုင်းကြီး က ရွာလမ်းမ အတိုင်း ဝင် လာသည် ။ ကျွန်တော် မျက်လုံး မှိတ် လိုက်သည် ။

“ ဝုန်း ” ခနဲ အသံကြောင့် မျက်လုံး ဖွင့်၍ လမ်းမ ပေါ် ကြည့်လိုက်သည် ။ လမ်းမပေါ် က သရက်ပင်အိုကြီး လဲကျ သွား၏ ။ ယ ခုချိန် အထိ အဖေ ပြန်မလာသေးပေ ။ အလုပ်ရှာ ထွက်သွားသော အဖေ ဘယ်ဆီများ ရောက်နေပါလိမ့် ဆိုသည့် စိတ် က အိမ်ပြို မှာ ထက် ပို၍ စိုးကြောက် နေ မိသည် ။ ညီမလေး က မနက်ကြီး ကတည်း က အဒေါ့် အိမ် ပါ သွား၍ တော်သေး၏ ။ လေငြိမ် သွားတော့ မိုး စ ရွာလာသည် ။ အိမ်ခေါင်မိုး ပေါ် က မိုးစက်များ ယိုစီးကျ လာပါတော့သည် ။ အိမ် မှာ ရှိသမျှ အိုးခွက် ပန်းကန်များ နှင့် လိုက် ခံလိုက်၏ ။ မိုး က လည်း အရည် ပါ လိုက်တာ ခံထား သမျှ အိုးခွက်ပန်းကန် ထဲ ပြည့်လျံ ကုန်သည် ။

ကျွန်တော် မတတ်နိုင်တော့ပေ ။ သည် အတိုင်း ငုတ်တုတ် ထိုင် ကြည့် နေမိသည် ။ အဖေ က တော့ ပြန် မလာသေးပေ ။

•••••   •••••   •••••

“ သား....လူလေး ”

ကျွန်တော့် နောက် မှ ခေါ်သံ ကြောင့် လှည့်ကြည့်မိသည် ။ တစ်ကိုယ်လုံး မိုးရေ ရွှဲနစ် နေသော အဖေ့ ကိုတွေ့ လိုက်ရသည် ။ အဖေ့ နှုတ်ခမ်း တစ်စုံ က ပြာနှမ်း နေ၏ ။ အသားများ က တဆတ်ဆတ် တုန်ခါနေသည် ။

“ သား ... ညီမလေး ဘယ်သွားလဲ ”

“ ညီမလေး မနက်ကြီး ကတည်း က အဒေါ့် အိမ် လိုက်သွားတယ် အဖေ ”

အဖေ ခေါင်းညိမ့် ပြပြီး အိမ် ထဲ ဝင်သွားသည် ။ မိုးခံ ထားသော အိုးခွက် ပန်းကန်များ ကို ခွကျော် ရင်း နှင့် မီးဖိုချောင် ဘက် ရောက်သွား၏ ။ ကျွန်တော် အဖေ နှင့် စကား ပြောရန် နောက်က လိုက်၍ သွားသည် ။ အဖေ က ရေနွေးဓာတ်ဘူး ကို မြှောက် ကြည့်သည် ။ ပေါ့ပါးစွာ လက် ထဲ ပါလာ၏ ။ အဖေ့ ဆီ မှ သက်ပြင်းချသံ
ငွေ့ငွေ့လေး ကြားရသည် ။

“ အဖေ အလုပ်ရခဲ့လားဟင် ”

အဖေ ကျွန်တော့် ဘက် လှည့်လာသည် ။ ပြီး ခေါင်းညိတ် ပြ၏ ။ ကျွန်တော် အလွန် ပျော် သွားသည် ။ အဖေ သည် ညာဘက် လက် ကို သိုင်း ထားသော ပုဆိုးစို ကို ချွတ် လိုက်သည် ။ အဖေ ၏ တို နေသော ညာဘက်လက်ကလေး က တုန်ခါ နေ၏ ။ တုန်ခါ နေသော လက်တိုလေး က ကျွန်တော် စိတ် ကို လည်း တုန်ခါ စေသည် ။ အိမ်ပြင် ကို ကြည့် လိုက်တော့ မိုးစဲ သွားပြီ ။ ကျွန်တော် ရင် ထဲ လည်း မိုးစဲ ချင်သည် ။

•••••   •••••   •••••

မိုး တိတ်သွားတော့ သားအဖ နှစ်ယောက် မိုးစို နေသော ထင်းချောင်း သေးသေးလေးများ ကို မီးဖို ထဲ ထည့်၍ မီးမွှေးသည် ။ တော်တော် နှင့် မီး မစွဲပေ ။ သေးသေးလေး ကျန်နေသော ဖယောင်းတိုင်အတိုလေး ကို ထောင်လျက် မီးရှို့ ထားမှ မီးစွဲ သွား၏ ။ ညစာ ကို အချိန် လင့် မှ စားကြရသည် ။ ထွန်းစရာ ဖယောင်းတိုင် မရှိ၍ ထမင်း ထဲ အမှိုက် ပါ လာတာ မသိရပေ ။ တစ်ခွက် တည်း သော ဟင်း အတွက် လည်း ရွေးစရာ မလိုပေ ။ ထမင်း ပေါ် ဟင်း ပုံ၍ စား လိုက်ကြသည် ။ ထမင်း စားပြီး သားအဖ နှစ်ယောက် အိပ်ရာ ဝင် ရန် လုပ်ကြသည် ။ ကြမ်းခင်း က မိုးစို နေ၏ ။ ခင်းစရာ  ဖျာ က မရှိ ခြုံစရာ စောင် က ရေစို ။ သည် ည အဖို့ သားအဖ နှစ်ယောက် ငုတ်တုတ် အိပ် ရ ပါတော့သည် ။ အဖေ က အိမ်တိုင်လေး မှီ ရင်း ကဆေးလိပ်ဖွာ နေ၏ ။ ဆေးလိပ် မီး က ရဲခနဲ ရဲခနဲ နှင့် ။ ကျွန်တော် က တော့ ပိတ်ရန် ဖွင့်ရန် မလိုသော ဒိုးယိုပေါက် နေသည့် ပြတင်းပေါက် က အလင်းရောင် မှိတ်တုတ်မှိတ်တုတ် နှင့် ကြယ်များ ကို ကြည့်နေမိသည် ။ သူတို့ သည် ကိုယ့် မှာ ရှိသည့် အလင်းလေး နှင့် ကမ္ဘာမြေ ကို အလှတရားများ ဖန်ဆင်း ပေးနေကြ၏ ။ မိုးတိမ်တောင်များ မရှိတော့ ၍ သူတို့ အလင်းရောင် က ပို၍ ပို၍ လင်းလက် လာသည် ထင်ပါသည် ။ ကျွန်တော် လက်ညှိုးလေး နှင့် တစ်လုံးနှစ်လုံး စသည်ဖြင့် လိုက် ရေ နေမိ၏ ။ ကျွန်တော် ပါးစပ် သာ ညောင်း လာသည် ကောင်းကင် က ကြယ်လေးများ က ကုန်ဆုံး မသွားပေ ။ ပို များ လာသည် ဟု ထင်မိသည် ။ ကျွန်တော် ကြယ်လေး ဘဝ ကို လိုချင်၏ ။

“ အဖေ ... ”

“ ဟေ ... ”

“ သား လေ ဟောဟို က ကြယ်လေး ဖြစ်ချင်တယ် ”

ကောင်းကင် မှာ တောက်ပဆုံး ကြယ်လေး ကို လက်ညှိုး ထိုးပြလိုက်သည် ။

“ သား ပြောတဲ့ ကြယ် က ဘယ်အလုံးလဲ ”

ဟုတ်ပေသားပဲ ။ ကျွန်တော် လက်ညှိုး ထိုးတာ အဖေ မှ မမြင်ရဘဲ ။

“ ဟိုမှာလေ ကြယ်တန်း လေ သူ က ထိပ်ဆုံး က အလင်းဆုံး ပဲ ”

“ ဪ သား က ဓူဝံကြယ် ကို ပြောတာကိုး ”

“ အင်း အဲ့ဒါ ဓူဝံကြယ် လား ”

“ ဟုတ်တယ် ။ လမ်းပြကြယ် လို့ လည်းခေါ်ကြတယ် ၊ တော ထဲ လမ်းမှား ခဲ့ရင် သူ့ ကို ကြည့် သွားရတယ် ၊ သူ က အမြဲ မြောက်အရပ် မှာ နေတယ် ”

ခဏ အကြာ အဖေ့ ဆီမှ ဆေးလိပ်ငွေ့ နံ့ မရတော့ သလို ဆေးလိပ်မီးရောင်
လည်း မမြင်ရတော့ပေ ။

“ ဆေးလိပ်မရှိတော့ဘူး ” ဟု အဖေ မပြောချေ ၊ အဖေ ဆေးလိပ် မသောက် တော့လျှင် ဆေးလိပ် မရှိတော့ကြောင်း ကျွန်တော် သိသည် ။ အဖေ ၏ အဖော် သည် ဆေးလိပ် ဖြစ်၏ ။

“ သား အဲ့လို လူတွေ ကို လမ်းပြတဲ့ ဓူဝံကြယ် ဖြစ်ချင်တယ် ”

“ ခလော ... ခလော ” နှင့် အဖေ့ ဟောက်သံ ကြားလိုက်ရ၏ ။ ကျွန်တော်
နှုတ်ခမ်း တစ်စုံ ကွေးညွတ် သွားအောင် ပြုံး မိသည် ။ ယခုတော့ ကျွန်တော့် ဓူဝံကြယ်ကြီး က ဟောက်သံ ပေး၍ အိပ်ပျော် နေချေပြီ ။ “ ဝီ .. ” ခနဲ ကျွန်တော် နား နား ကို ခြင် တစ်ကောင် လာ မြည်သည် ။ ကျွန်တော် သိသည် သည် ည ခြင်များ ကို သွေး လှူဒါန်းရ ဦးမည် ။

•••••   •••••   •••••

“ ကျလိ ကျလိ ”

စာလေးငှက် အသံကြောင့် ကျွန်တော် နိုး လာသည် ။ အဖေ့ ဘက် လှည့် လိုက်တော့ အဖေ က မရှိတော့ပေ ။ မီးဖို ထဲ ဆင်း ကြည့်လိုက် ပြန်တော့လည်း အဖေ့ ကို မတွေ့ရပေ ။ အဖေ အလုပ် သွားပြီ ထင်ပါသည် ။ အိမ်ရှေ့ ထွက်ခဲ့၏ ။ မနေ့က လမ်းမပေါ် တွင် ကျိုး နေသော သရက်ပင်အိုကြီး နား မှာ ဓားတစ်ချောင်း နှင့် သစ်ကိုင်း များ ခုတ်နေသော အဖေ့ ကို တွေ့ လိုက်ရသည် ။ လက် တစ်ဖက်သာ ရှိသည့် အဖေ သည် အားကြိုးမာန်တက် သစ်ကိုင်း ကို ခုတ် နေတာ တွေ့ တော့ ကျွန်တော် မနေနိုင် ပေ ။ အပြေး သွား ကူညီ လိုက်သည် ။

“ သားရေ ... အဖေ တို့ အတွက် ထင်း မပူရတော့ဘူးကွ ”

ကျွန်တော် မနေ့ က မိုး ကို ကျေးဇူး တင်မိသည် ။ လေတိုက် မိုးရွာ ၍ သာ သစ်ပင် လဲရ၏ ။ ကျန်သည့် အချိန် သစ်ပင် သွားခုတ် ထောင် သုံးနှစ် ကျသွားမည် ။ ယခုတော့ မိုး ကြောင့် လမ်းမ ပေါ် ပိတ်နေသော သစ်ပင်ကြီး ကို ခုတ် ၍ ထင်း အဖြစ် သုံးရ တော့မည် ။ မြို့ ဆိုလျှင် တော့ စည်ပင် က လမ်းရှင်း လုပ် ပေးကြသည် ။ ကျွန်တော် တို့ ရွာ မှာတော့ ကိုယ့် အိမ် ရှေ့ ကိုယ်ဖာသာ ရှင်း ကြရ၏ ။ လမ်း လည်း ရှင်း ထင်း လည်း ရ ။ အဆင်ပြေ လှသည် ။ ကျွန်တော် တို့ သားအဖ လုပ် နေတာ မြင်တော့ တခြား အိမ်များက ယောကျာ်းသားများ လည်း ဓား ကိုင်၍ ထွက်လာကြ၏ ။ ကျွန်တော် တို့ သည်လို နှင့် ထင်းများ များစွာ ရလိုက်သည် ။ အိမ် ထဲ သစ်ကိုင်းများ သွင်း ပြီးတော့ အဖေ က ရေ ချိုးသည် ။ ည က မိုးစို ထားသော စောင်များ ကို နေပူ လှန်ထား၏ ။ ယခုတော့ လည်း နေမင်း က အပူဓာတ်များ လှိုင်လှိုင် ထုတ်လွှတ် နေချေပြီ ။ ကျွန်တော် တစ်ကိုယ်လုံး ချွေးများ နစ် နေသည် ။ ညနေစောင်း တော့ လှန်း ထားသည့် စောင်များ ကို အဖေ ပုဆိုး တစ်ထည် ထဲ ထည့် ၍ နေ၏ ။

“ အဖေ ဘယ်သွားမို့လဲ ”

“ ဈေး ထဲ ညစောင့် သွားမို့လေကွာ ”

ရေနွေး သိပ် ကြိုက်သော အဖေ သည် ရေနွေးဓာတ်ဘူး ကို လက် တစ်ဖက် က ကိုင်ပုဆိုးထုပ် ကို စလွယ်သိုင်း ၍ အိမ် မှ ထွက် သွားသည် ။ အဖေ့ ကျောပြင် မည်းမည်း ကြီး ကို ကြည့် ၍

“ ဪ အဖေ အတွက် အလုပ် က ဈေး မှာ ညစောင့် တဲ့ လားဗျာ ”

ကျွန်တော့် ပါးပြင် ပေါ်က ပူနွေးသော အရည်များ ကို လက် နှင့် ခပ်ကြမ်းကြမ်း သုတ်လိုက်မိသည် ။

•••••   •••••   •••••

နွေ ကျောင်းပိတ်ရက် ကုန် ၍ ကျွန်တော်တို့ ကျောင်းကြီး ဖွင့်တော့မည် ။ ကျောင်းအပ်ခ စာရွက်စာတန်းဖိုး ကို ကျောင်း က ပေးမည် ဟု သိရပါသည် ။ သို့သော် လည်း ကျွန်တော် ၏ နှစ်စုံ သာ ရှိသော အဖြူအစိမ်းအင်္ကျီ နှင့် ပုဆိုး သည် အသားများ ပါးလွှာ နေချေပြီ ။ ကျွန်တော့် နည်းတူ ညီမလေး ၏ အဝတ်များ လည်း ပါးလွှာနေသည် ကို သိပါသည် ။ လွယ်အိတ် က တော့ အပ်ချည် နှင့် ချုပ် ထား၍ သုံး ရပါသေး၏ ။ ဖိနပ် အမြီးတိုလေး ကို ငုံ့ ကြည့်လိုက်ပြန်တော့ သဲကြိုး က ပြတ်လု ပြတ်ခင် ဖြစ်နေပြီ ။ အဖေ့ ကို ဝယ် ပေးရန် ပြောရပေဦးတော့မည် ။ ဟူး ခနဲ လေပူ တစ်ချက် မှုတ်ထုတ်လိုက် မိသည် ။ အဖေ့ ကို လှမ်း ကြည့်လိုက်တော့ ည မှာ မအိပ်ဘဲနေ ခဲ့ရ၍လား မသိပေ ။ ခလောခလော နှင့် အိပ်မောကျ နေသည် ။ ညနေ အဖေ နိုး မှ ပြောတော့မည် ဟု စိတ် ပိုင်းဖြတ် လိုက်၏ ။ အဖေ့ ညာဘက် လက်တိုလေး က လှုပ်နေ တော့သည် ။

အဖေ့ ညာဘက် လက်ကိုလေး သည် ကျွန်တော် လေးနှစ်သား လောက် က ဖြတ်သွား သည် ဟု သိရ၏ ။ အဖေ က နွေရာသီ ဆို နွားစာ စဉ်း လိုက်သည် ။ နွားစာ စဉ်းသည့် နေရာ မှာ အဖေ က ဦးဆောင် လုပ်ရသည် ။ ကောက်ရိုးများ ကို လိပ်၍ လိပ်၍ ဓားစက် ထဲ ထည့်ရ၏ ။ အန္တရာယ် များ သလို ပိုက်ဆံ လည်း ပိုရသည် ။ မည်သူ မှ မလုပ်ချင် ကြပေ ။ အဖေ ကတော့ ဘယ်သူမှ မလုပ်သည့် အလုပ် ကို လုပ်သည် ။ လုပ်ဆို ဒီ အလုပ် သည် အဖေ ငယ်ငယ်လေး ကတည်း က လုပ် တတ်အောင် အဖေ ၏ အဖေ က သင်ပေးထား၏ ။ အဖေသည် သည် အလုပ် မှာ ကျွမ်းကျင်သည် ။ ကျွမ်းကျင်ပါ သော်လည်း ပေါ့ဆမှု ကြောင့် ဆောင်းရာသီ ၏ အကြွင်းအကျန် လတပေါင်း မနက်ခင်း တစ်ခုတွင် ဝတ် ထားသော ဂျင်း လက်ရှည်အင်္ကျီ နှင့် ကောက်ရိုး လုံးထွေးပြီး ဓားစက် ထဲ လက် ပါ ပါသွား၏ ။ အဖေ လက် ဆုံးရှုံး လိုက်ရသည် ။ ထိုအချိန် ကတည်း က လက် တစ်ဖက် မရှိသော အဖေ စိတ်ဓာတ် ကျ၍ အလုပ် မလုပ်တော့ပေ ။ အမေ က ကျွန်တော်တို့ မိသားစု ကို ဈေးတောင်း ခေါင်းပေါ် ရွက်၍ ရှာ ကျွေး ခဲ့ရသည် ။ တစ်နေ့ သော အခါဝယ် လောကဓံ ၏ အထုအနှက် ကြား ထဲ မှာ ဒဏ်မ ခံနိုင်တော့သည့် အမေ သည် ကျွန်တော် တို့ သားအဖ ကို နှုတ်ဆက် ထွက်ခွာသွားပါ၏ ။

လက် တစ်ဖက်သာ ရှိသော အဖေ သည် တစ်ခါ ပြန်၍ အလုပ် လုပ်ရပြန် ပါသည် ။ လက် တစ်ဖက် တည်း ရှိသော ကြောင့် ဘယ်သူ က မှ မလုပ် မပေးချင်ပါ ။ အဖေ သည် နွား ကျောင်းသည့် အလု ပ်လည်း လုပ်၏ ။ ယာခင်း စောင့်ခိုင်းမည့် သူ က လာ ခေါ်လျှင် လိုက်သွား တတ်သည် ။ အား နှင့် မာန် နှင့် အလုပ်တော့ မလုပ်နိုင်ပေ ။ ယခင်တုန်း ကတော့ ကျွန်တော် တို့ မောင်နှမ နှစ်ယောက် က ငယ်သေးတော့ သိပ် အကုန်အကျ မရှိချေ ။ ယခုတော့ တစ်နေ့ တခြား အရွယ် ရောက်လာပြီး ကျောင်းစရိတ် က ကြီးလာသည် ။ စားစရိတ် က ပို များလာ၏ ။ နေ့ခင်း ယာစောင့်ခ နှင့် မလောက်ငှ၍  ညစောင့် အလုပ် ပါ လုပ် လာရသည် ။ အိပ်ပျော် နေသော အဖေ့ ကို ကြည့်ရင်း ကျွန်တော် စိတ် မကောင်း ဖြစ်မိသည် ။ လှုပ် နေသော လက်တိုလေး ကို စောင်လေး အုပ် ပေးလိုက်၏ ။

•••••   •••••   •••••

အိပ်ရာ မှ နိုး လာသည့် အဖေ သည် ရေချိုး နေသည် ။ ညစာ အတွက် ကျွန်တော် ဆန် နှစ်ဘူး ချက်ထား၏ ။ ဟင်း က တော့ ငရုပ်သီး ငပိချက် ရှိသည် ။ အဖေ့ အတွက် ထမင်းပွဲ ပြင်ပေးလိုက်၏ ။ ရေ ချိုးပြီး ထမင်းပွဲ ထိုင် လိုက်သည့် အဖေ ကို ကျွန်တော် စကား စ ပြောလိုက်သည် မှာ

“ ကျောင်ဝတ်စုံ ရယ် ဖိနပ် ရယ် ဝယ်ပေးအုန်း အဖေ ။ သိပ် မကောင်းတော့ဘူး ”

အဖေ အကြာကြီး စဉ်းစား နေသည် ။ ထိုနောက် လေးတွဲစွာ နှင့် ခေါင်းညိတ် ပြ၏ ။ ပြီးနောက် ပုဆိုး စလွယ်သိုင်း ရေနွေးဓာတ်ဘူး ဆွဲ၍ ထွက်သွားသည် ။ ကျွန်တော် အဖေ သည်လို ပင်ပန်း နေသည်ကို မကြည့်ရက်ပေ ။ ကျောင်း ဖွင့်ရန် ဆယ်ငါးရက် လောက် လိုသေးသည် ။ ရွာ ထဲ မှာ ယခုချိန် လယ်ပေါင်းရှင်း အလုပ်ရှိ၏ ။ တစ်မနက်စာ တစ်ထောင့်ငါးရာ ရသည် ဟု ကျွန်တော့် သူငယ်ချင်း ညိုကြီး ပြောဖူး သည် ။ စီးခေါင်း ဒေါ်တင်မြ ဆီ သွား ပြောလျှင် အလုပ် ရပါ၏ ။ ကျွန်တော် သွားပြောမည် ။ စိတ်ကူးနှ င့် ပျော်သွားသည် ။ ကျွန်တော် ပေါင်းနုတ် လိုက်ရသည့် ပိုက်ဆံ နှင့် ညီမလေး အတွက် ကျောင်းဝတ်စုံလေး နှင့် အတူ လွယ်အိတ်လှလှ ပါ ဝယ်ပေးမည် ။ ကျွန်တော် စီးခေါင်း ဒေါ်တင်မြ အိမ် ထွက်ခဲ့ပါတော့သည် ။

•••••   •••••   •••••

မနေ့ က စီးခေါင်းဒေါ်တင်မြ က ကျွန်တော့် ကို အလုပ် ပေးပါသည် ။ မနက် ငါးနာရီ လောက် အိပ်ရာ ထပြီး ည က ကျန်သည့် ထမင်းကြမ်းခဲ ကို ဆီဆမ်း စား၏ ။ လယ် ထဲ သို့ တခြားသူများ နှင့်အတူ ဆင်းကြသည် ။ သည်အချိ န်ဆို အဖေ အိမ်ပြန် ရောက် နေမည် ထင်ပါ၏ ။ ကျွန်တော့် ကို လိုက် ရှာနေမည် ထင်သည် ။ အိမ်းနားနီးချင်း အမေကြီး ဒေါ်ခင် ကို တော့ ပြောခဲ့သည် ။ လယ်ပေါင်းရှင်း အလုပ်သည် ကျွန်တော့် စိတ်ကူး ထဲ မှာ တော့ အလွန် လွယ်သော အလုပ် ဖြစ်၏ ။ တကယ် လက်တွေ့ မှာ တော့ ကျွန်တော့် အရပ် နှင့် စပါးပင် ကွက်တိ ဖြစ်နေသောကြောင့် မျက်လုံး ထဲ စပါးပင် ဝင် မှာ ကြောက်၍ မနည်း ရှောင်နေရသည် ။ အောက် ငုံ့ပြီး ပေါင်းမြက်များ ကို လက် နှင့် ဆွဲရ သည် ။ ထိုအခါ ကျွန်တော်ကို မမြင်ရတော့ပေ ။ နုတ်ပြီး သမျှ ပေါင်းမြက်များ ကို ကန်သင်းပေါ် ဆွဲ တင်ရ၏ ။ လူ တစ်ကိုယ်လုံး ရွံ့များ ပေစုတ် နေရပြီ ။ ထို ကြား ထဲ အပေါ် က နေမင်း က ပူ ။ အောက် က ရေ က ပူ နှင့် ကျွန်တော်ခါး နာ နေသည် ။ ဆယ်နာရီ ထိုးတော့ အလုပ် သိမ်း၍ အိမ် ပြန်ရသည် ။ ကျွန်တော် လက် ထဲ မှာ တစ်ထောင့်ငါးရာ ဆိုသည် ခြင်္သေ့ရုပ် ပါသည့် အနီတစ်ရွက် အစိမ်းတစ်ရွက် နှစ်ရွက် ကို ကျစ်ကျစ်ပါ အောင် လိပ်၍ ယူလာ၏ ။ အိမ် ကျ အဖေ့ ကို ပြမည် ။ ကျွန်တော့် ဓူဝံကြယ်လေး က သည်နေ့ အတောက်ပဆုံး ဖြစ်မည် ။

•••••   •••••   •••••

အိမ်ပေါက် ဝ မှာ အဖေ တုတ် တစ်ချောင်းနှင့် မတ်တပ်ရပ် နေသည် ။ မည်သူ့ ကို စောင့်နေသည် မသိပါ ။ လမ်းမ ထက် မျှော်ကြည့် နေ၏ ။ ကျွန်တော်လာ  တာ မြင်တော့ အဖေ့ မျက်နှာ နီရဲနေသည် ။

“ အဖေ .. ဒီမှာ ” ဟု ပြောရင်း က ပိုက်ဆံလိပ်ကလေး ကို ထောင် ပြလိုက်၏ ။

“ ဒီမှာဦးကွာ ...ကဲကွာ ... ”

အဖေ ကျွန်တော့် ခြေသလုံး ကို လက် ထဲ က တုတ်နှင့် အဆက်မပြတ် ရိုက် နေသည် ။ ကျွန်တော် အဖေ့ ကို နားမလည်နိုင်ပေ ။ ဘာအတွက် ယခု လို ဒေါသတကြီး ရိုက်နေသလဲ သိချင်မိသည် ။

“ အဖေ ... သား ကို ဘာလို့ ရိုက်တာလဲဗျ ”

ရိုက် နေသည့် တုတ် ကို ချ၍ အဖေ ပြော၏ ။

“ မင်း က အဖေ ကို အထင် သေးတာပေါ့လေ လက် တစ်ဖက်တည်း ရှိလို့ အားကိုးမရဘူးပေါ့ လေ ဟုတ်လား ဟေ့ကောင် ပြောစမ်းပါ ။ ပြောပြစမ်းပါဦး ”

အဖေ ပြောရင်း က စိတ် တိုလာပုံ ရသည် ။ တုတ် ဆွဲ ရိုက်ပြန်၏ ။

“ အီးဟီး .... မဟုတ်ရပါဘူး ။ အဖေ ”

“ ဘာ မဟုတ်ရမှာလဲ ကဲကွာ ၊ နောက် သူများ အလုပ် လုပ်ဦးမလား ပြော ”

ကျွန်တော် ခေါင်းရမ်း နေမိသည် ။ ကျွန်တော် ကျော နာတာ ထက် အဖေ စိတ် နာမှာစိုး၏ ။ အဖေ ကျေနပ်သည် အထိ ရိုက်ပါစေ ။ ကျွန်တော် အံကြိတ် ခံမည် ။ ပါးပြင် ပေါ် က ပူနွေးနွေး မျက်ရည် က ကျွန်တော့် အနာ ကို သက်သာ မသွားပေ ။

“ ဟဲ့ .. ဟဲ့ ကလေး ကို ဒီလောက် ရိုက်ရ တော်ပါတော့ ချစ်မောင် ရယ် နင့် ဟာ က ကလေး က မသိလို့ လုပ်တာ ကိုး ။ သူ့ မှာ ပိုက်ဆံရ ချင်လို့ အဖေ ကို ကူညီတာပါဟာ ”

အိမ်းနား က အမေကြီး ဒေါ်ခင် အဖေ့ ကို လာ ဆွဲသည် ။ ထို့နောက် အဖေ အရုပ်ကြိုးပြတ် ထိုင် ချလိုက်၏ ။ အဖေ ညာဘက် လက်တိုလေး သည် တဆတ်ဆတ် တုန်ခါ နေသည် ။ ကျွန်တော် အိမ် ပေါ် တက် အိပ်နေလိုက်သည် ။ အချိန် မည်မျှ အိပ် သွားသည် မသိပေ ။ ကျွန်တော် ကိုယ် ပေါ် က စောင်လေး ကို ဘေးသို့ ဖယ်လိုက်၏ ။ ကျွန်တော် အဖေ့ ကို စိတ်ဆိုးပြီး အိပ် တော့ စောင် မခြုံမိပေ ။ ဒါဆို အဖေ ကျွန်တော့် ကို စောင်ခြုံ ပေးသွားခဲ့တာပဲ ။ အဖေ့ ကို လိုက် ရှာတော့ မတွေ့ရတောပေ ။ ဈေးစောင့် သွားသည့် ထင်ပါသည် ။ ဗိုက် ထဲ က ဂွီခနဲ အသံကြောင့် မီးဖို ထဲ ဆင်း လာခဲ့သည် ။ စားပွဲ ပေါ် မှာ ထမင်းအိုး နှင့် အတူ ဟင်းပန်းကန် ပါ အဆင်သင့် တွေ့ရ၏ ။ ကျွန်တော် အဖေ ပြင်ပေး သွားသော ထမင်းပွဲ ကို မြိန်ရေရှက်ရေ စားလို က်သည် ။ ထမင်း စား ပြီး၍ အိမ်ရှေ့ ကွပ်ပစ်လေး ပေါ် ထိုင်နေမိ၏ ။ ထိုနောက် ပက်လက်လန် အိပ် လိုက်သည် ။ မိုး ပေါ် က ကြယ်လေးများ တစ်လုံး ပြီး တစ်လုံး တစ်စတစ်စ တိုး တိုး လာသည် ။ သည်နေ့ မှ ကျွန်တော် ၏ ဓူဝံကြယ်လေး က တိမ်ဖုံး နေရပြီ ။ ကျွန်တော် မျက်လုံး တစ်စုံ လည်း တိမ်ဖုံး သွား ပါတော့သည် ။

•••••   •••••   •••••

“ ဗျို့ ကိုချစ်မောင် ... ကိုချစ်မောင် ရှိလား ”

အိမ်ရှေ့ လမ်းမ ပေါ် က ခေါ်သံ ကြောင့်ကျွန်တော် အိပ်ရာ မှ နိုး လာသည် ။ ခေါင်းထောင် ကြည့် လိုက်တော့ ရပ်ကွက်လူကြီး လေးငါးယောက် ကို တွေ့ ရ၏ ။

“ ဗျာ ... အဖေ မရှိဘူးဗျ ”

ကျွန်တော့် အသံကြောင့် ထို လူကြီးများအချင်းချင်း တီတိုး ပြောနေကြသည် ။
ကျွန်တော် အိမ်ရှေ့ ထွက် ၍

“ အဖေ လာရင် ဘာ ပြောပေးရမလဲဗျ ”

ရပ်ကွက်လူကြီး က “ ည က ဈေး အဖောက် ခံရတယ် ။ အဲဒါကြောင့် မင်း အဖေ ကို စစ်စရာ ရှိလို့ ဈေးရုံး ကို လာခဲ့ပါလို့ ပြောပေးကွာ ”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ ” ဟု ကျွန်တော် ခေါင်းညိတ် လိုက်၏ ။ ရပ်ကွက်လူကြီး များ ပြန်သွား ပေမယ့် ကျွန်တော် မှာ အဖေ့ အတွက် စိတ်ပူ မိသည် ။ အဖေ က ကျွန်တော် အလုပ် ထွက် မလုပ်ရအောင် သူများ ပစ္စည်းများ ခိုးသလား ။ သို့မဟုတ် တခြားသူ ကပဲ လာ ခိုးသလား ။ ဘုရား ... ဘုရား အဖေ မဟုတ်ပါစေနှင့် ။ တကယ်၍ အဖေ ခိုးခဲ့လျှင် ကျွန်တော်တို့ မောင်နှမ နှစ်ယောက် လမ်းဘေး မှာ ခွက် တစ်လုံး နှင့် တောင်းစား ရမည့် ဘဝ ရောက်မှာ သေချာပါသည် ။ အဖေ လည်း ထောင် ကျမည် ။ ယခုချိန်များ အဖေ ပြန်လာရင် အဖေ စိတ်ညစ်ရမည့် အလုပ် မှန်သမျှ မလုပ်တော့ပါ ဟု ကတိ ပေးမည် ။ ကျွန်တော့် အတွက် နှင့် အဖေ ထောင် ကျလျှင် ကျွန်တော် တစ်သက်လုံး ရင်ကျိုးရ မှာ အသေချာပင် ဖြစ်သည် ။ အဖေ ရေ .. ပြန် လာပါတော့ ..

•••••   •••••   •••••

“ ဟဲ့ ကောင်လေး နင့် အဖေပြန်မလာသေးဘူးလား ။ မိုးချုပ်တော့မယ် ”

အိမ်နား က ဒေါ်ခင် လှမ်း မေးသည် ။ လမ်းမ ပေါ် မှာတော့ အဖေ့ အရိပ်ယောင် မမြင်မိပေ ။ တစ်စတစ်စ နှင့် အလင်းရောင် ပျောက်၍ မိုးပေါ် က ကြယ်ကလေးများ ဟိုတစ်လုံး သည် တစ်လုံး မှိတ်တုတ် မှိတ်တုတ် နှင့် ပေါ်လာသည် ။ ထိုအထဲ မှ ကျွန်တော့် ဓူဝံကြယ် က အလင်းဆုံး ၊ အတောက်ပဆုံး ဖြစ်နေ၏ ။ မြေပြင် ပေါ် မှာက တော့ ကျွန်တော် ၏ ဓူဝံကြယ် က အလင်းရောင် ပျောက်နေသည် ။ ကျွန်တော် မျက်ရည် ဝဲ နေ မိသည် ။ အားငယ် မိသည် ။ စိုးထိတ် မိသည် ။ ပူလောင် မိသည် ။ ယခုချိန် ထိ အဖေ ပေါ်မလာပုံ ထောက်လျှင် ရဲစခန်း ထဲ မှာ ညအိပ် ရပြီ ထင်၏ ။ ကျွန်တော် အော် ငိုချင် သည် ။ သို့သော် လည်း အသံ က လည်ချောင်း ထဲ တွင် တစ်ဆို့ နေ၏ ။ ဟော ... လမ်းမ ပေါ် မှာ အရိပ် တစ်ခု ဝေးရာ မှ နီးသထက် နီးလာရေပြီ ။ ကျွန်တော် ထို အရိပ် ဆီ သို့ ပြေး သွားလိုက်သည် ။ သူ ၏ တိုနေသော ညာဘက်လက် ကို ဆွဲ၍ ယီးလေး ခို စီးလိုက် သည် ။ ထို အရိပ် က အားမာန် အပြည့် နှင့် ကျွန်တော့် လက် ကို တောင့်ခံ တွဲခေါ်လာ၏ ။ ကျွန်တော် သိပ် ပျော်နေမိ၍ တဟီးဟီးရီ နေသည် ။ ကျွန်တော့် ရယ်သံ က လှိုင်းထ နေ ချေပြီ ။ ကျွန်တော့် ကို ထို အရိပ် က တိုးတိုးလေး ပြော နေသည် ။

“ ပြဿနာ ကို ဖြေရှင်း နေရတာနဲ့ ကြာ သွားတယ်ကွာ ၊ အခုတော့ အမှုမှန် ပေါ်ပါပြီ ၊ ပစ္စည်း ခိုးတဲ့ သူ ကို လည်း ဖမ်း သွားကြပြီကွ ”

ထိုသို့ ပြော၍ ကျွန်တော့် ပါးပြင် ကို ပူနွေးစေသည် ။ ထို ပူနွေးနွေးလေး သည် အလွန်ချိုမြိန် လှပေသည် ။ ထို အရိပ် သည် ကျွန်တော် ၏ မြေပြင် ပေါ် က ဓူဝံကြယ် ဖြစ်နေပါ တော့သည် ။

◾ မြေပြင် ပေါ် က ဓူဝံကြယ်

မိုးပေါ် မှာ ကြယ်တစ်လုံး
တိမ်ဖုံးပါလို့ မပေါ်သာ
သာတဲ့ အခါ သာပါလိမ့်
နတ်ဒေဝါ သူဖန်ဆင်း
လမ်းပြကြယ်မင်း

◾နဒီသင်း ( ကုန်းဇောင်း )

📖 တစ်ယောက်တစ်ဘဝ ( ၁ )

.

No comments:

Post a Comment