❝ နည်းနည်းလေး မှ ပြောင်းလဲ မကြည့်တော့ဘူးလား ❞
“ ဟ မင်းတို့ ဟာ က တစ်နေ့ တစ်မျိုး ပါလားကွာ ”
“ ဒါ ဘဘတို့ ခေတ် မဟုတ်တော့ဘူး လေ ၊ ခု ခေတ် က တီထွင် နိုင် မှ ၊ ဆန်းသစ်နိုင် မှ ၊ ပြောင်းလဲနိုင် မှ ထမင်း စားရရုံပဲ ရတာ ”
“ ဟယ် ပြောပြီ ”
ကြည့်ဗျာ နမူနာ
လက်ဖက်ရည်ဆိုင် တစ်ဆိုင်
ပထမ တော့ ရိုးရိုး ၊ အအ ၊ ထုံထုံ ၊ ထိုင်းထိုင်း ၊ ခပ်နုံနုံ ၊ ခပ်ညံ့ညံ့ ။
သူ့ အဖေ လက် ထဲ က သူ သား နဲ့ ချွေးမ လက် ထဲ ရောက် ။
ဘာ ကြာလိုက်လို့လဲ ။
လူငယ် အမြင် ၊ လူငယ် အတွေး ၊ လူငယ် ရဲ့ အားနဲ့ ဆော် ထည့် လိုက်တာ ။
ပြောင်ပြောင်လက်လက် သားသားနားနား ။
လာ စားတဲ့ သောက်တဲ့ လူတွေ ကြိတ်ကြိတ်တိုး လို့ ပါ ဗျာ ။
••••• ••••• •••••
ကဲ နောက် လုပ်ငန်း တစ်ခု ။
“ သမီးတို့ က တော့ လူ က လွဲရင် အကုန် ပြောင်း ပစ်လိုက်ပြီ ”
“ မူရင်း ဆိုလို့ သမီး နဲ့ သမီး ယောက်ျား ပဲ ကျန်တော့တယ် ”
ဟယ် ကြည့်စမ်း မန်နေဂျာ က လည်း မူလ လူ မဟုတ်တော့ ၊ ပရိဘောဂတွေ ကလည်း အပျံစား ။ ကွန်ပျူတာတွေ ၊ တီဗီတွေ ၊ စက်တွေ က လည်း အကောင်းစား ၊ ဂိမ်းခွေတွေ က လည်း နောက်ဆုံးပေါ် အပ်ဒိတ်တွေ ၊ လာ ကစားတဲ့ လူတွေ အုတ်အုတ်ကျက်ကျက် ။
“ ဘဘ ရယ် စီးပွား ရှာလာ အလွယ်ကလေးပါ ”
“ ဟာ မင်း က တော့ လုပ်ပြီ ”
“ ဟုတ်တယ် ဘဘ ”
“ ဘဘ ”
“ ပြော ”
“ လူတွေ ဘာ ကြိုက်သလဲ ၊ ဘာ လိုချင်တာလဲ ၊ ဘယ်လို ဖြစ်စေချင်တာလဲ အဲဒါတွေ သိပြီ ၊ မြင်ပြီ ဆိုရင် လုပ်စားလို့ ရပြီ ဘဘ ”
“ ကပ်စတန်မာ အလိုကျ လို့ ဆိုလိုတာလားကွာ ”
“ အလိုကျ တော့ အလိုကျ ပေါ့ ဘဘ ရယ် ၊ လုပ်ပေးနိုင်တဲ့ အဆင့် ဖြစ်နိုင်တဲ့ အဆင့် အထိ လုပ်ပေးရ မှာပေါ့ ။ လမင်းကြီး က အမြဲ သာနေ ရမယ် ၊ နှင်းမှုန်လေးတွေ အမြဲ ကျ နေရမယ် ဆိုတဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေ ကို တော့ မလိုက်လျော နိုင်ဘူးပေါ့ ။ ပန်းခြံကလေး လုပ်ပေး ရမလား ၊ သစ်ပင်လေးတွေ စိုက်ပေး ရမလား ။ ခုံပုလေးတွေ ကြိုက်တာလား ။ ခုံရှည်တွေ ကြိုက်တာလား ”
“ ခပ်မှောင်မှောင်ကလေး ကို ကြိုက်တာလား ၊ ခပ်လင်းလင်းကလေး ကို ကြိုက်တာလား ”
“ သူတို့ ဘာတွေ ကြိုက်တတ်သလဲ ၊ ကပ်စတန်မာ ရဲ့ အဆင့် က ဘယ်လို အနေအထားမျိုးလဲ ၊ အကောင်းစား ကြိုက်တာလား ၊ အပေါစား ပဲ တတ်နိုင်တာလား ။ လူငယ်လေးတွေ က ဘာ ကြိုက်သလဲ ၊ လူကြီးတွေ က ဘာကို ကြိုက်သလဲ ၊ အလွှာ အမျိုးမျိုး နဲ့ အံဝင်အောင် ဘာတွေ ဖြည့်ဆည်း ပေးနိုင်မလဲ ”
“ အဲ သူတို့ အကြိုက် ကို သိပြီ ၊ ကိုယ် က တတ်နိုင်သမျှ ဖြည့်ဆည်း ပေးနိုင်ပြီ ဆိုရင် .... ”
ဤကား အောင်မြ င်နေသော အအေးဆိုင် ပိုင်ရှင် လူငယ်ကလေး တစ်ယောက် ၏ အမြင်ပါ ခင်ဗျာ ။
••••• ••••• •••••
“ အင်း အင်း မင်းတို့ ကတော့ တံဆိပ် ၊ ဒီဇိုင်း ၊ ထုပ်ပိုးပစ္စည်း ၊ ထုပ်ပိုးတဲ့ နည်းစနစ် အမျိုးမျိုး ပြောင်း နေကြတာပါလားနော် ”
“ ဦး ရယ် ”
“ အဲသလို မှ မလုပ်ရင် ”
အမှန်ပါပဲ ခင်ဗျာ ။
သူတို့ ရဲ့ ကုန်ထုတ်လုပ်ငန်း ဟာ ရှေ့ကို ပဲ အမြဲ သွား နေပါတယ် ။
ကုန်ပစ္စည်း ရဲ့ မူလ အရသာ က တော့ သည်အတိုင်း ပါပဲ ။
ဒါပေမဲ့ ထုပ်ပိုးတဲ့စနစ် တွေ က တစ်နှစ် ထက် တစ်နှစ် ပြောင်းလဲ မြင့်တက် လာတယ် ။
ပုလင်း ပြောင်း ထည့် ။
တံဆိပ် အသစ် ကပ် ။
ဒီဇိုင်း က လှလှလေး ဆိုတော့ ။
မိတ်ဆွေ
သင် စီးပွား ရှာနေပါသလား ။
မိဘ ဘိုးဘွား လက်ထက် က ဒီဇိုင်း အဟောင်းကြီးပဲလား ။
ဒါမှမဟုတ် သည်နေ့ ခေတ် နဲ့ အညီ ပြောင်းလဲ နေပါသလား ။
မိတ်ဆွေ
နည်းနည်းလေး မှ ပြောင်းလဲ ကြည့်ဖို့ စိတ်မ ကူးသေးဘူးလား ။
မပြောင်းလဲဘူး ။
မပြောင်းလဲရဲဘူး ဆိုရင် တော့ နောင် နှစ်ပေါင်း တစ်ထောင်
သူများ တွေ ရဲ့ နောက် မှာ ..
▢ မောင်ချမ်းသာ
📖 မော်ဒန် သတင်း ဂျာနယ်
၂ ဇန်နဝါရီ ၂၀၀၉
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment