❝ ကျား နှင့် လူ ❞
( ပုံပြင် )
ရှေးရှေးတုန်း က တော တစ်တော တွင် ကျားထီး ကျားမ နှင့် ကျားငယ် သုံးကောင် တို့ နေကြသည် ။ ကျားထီးကြီး သည် အသက်အရွယ် ကြီးရင့်၍ သေခါနီးသော အခါ ကျားငယ် သုံးကောင် ကို ခေါ်၍ နောက်ဆုံးစကား ပြောကြား၏ ။
“ ငါ့ သား တို့ မှတ်ထားကြ ၊ ကျား ဆိုတာ တောမင်း ပဲ ၊ တော ထဲ မှာ ထင်သလို ကျက်စား နိုင်တယ် ၊ အမဲသား ၊ ငါး ကြိုက်သလို ဖမ်းခုပ်စားသောက် နိုင်တယ် ၊ ဘယ် သတ္တဝါ မှ အန်မတုနိုင် ဘူး ၊ ဒါပေမယ့် ငါ့ သားများ သတိ ထားရမယ့် သတ္တဝါ တစ်ကောင် တော့ ရှိလေရဲ့ ၊ အဲဒီ သတ္တဝါ ဟာ ကျား ထက် လည်း တန်ခိုး ကြီးတယ် ၊ ကျား ထက် လည်း ပရိယာယ် များတယ် ၊ အဲဒီ သတ္တဝါ ဟာ လူ လို့ ခေါ်တယ် ၊ အဖေ မသေခင် မှာ မှာခဲ့ချင်တာက ငါ့ သား တွေ လူ ကို တော့ ရှောင်ပါ ၊ လူ ကို မသ,တ်ပါနဲ့ ” ဟု နောက်ဆုံး စကား မှာကြား ပြီး လျှင် အသက်ထွက် သွား၏ ။
ကျားငယ်များ လည်း ဖခင်ကြီး နောက်ဆုံး မှာခဲ့သော စကားတို့ ကို မြေဝယ်မကျ နားထောင်မည် ဟု စိတ် ဆုံးဖြတ်ကြ၏ ။ ကျားငယ် သုံးကောင် လည်း တဖြည်းဖြည်း ကြီးပြင်း လာကြ ၏ ။ အကြီး နှစ်ကောင် သည် ဖခင် မှာခဲ့သည့် အတိုင်း တောသားတိရစ္ဆာန်များ ကို သာ သ,တ်စား ၏ ။ လူနံ့ ရလျှင် လည်းကောင်း ၊ လူ ကို အဝေး မှ တွေ့လျှင် လည်းကောင်း ၊ မြန်နိုင်သမျှ မြန်အောင် ရှောင်ရှား ထွက်ပြေးကြ၏ ။
အငယ်ဆုံး အကောင် ကမူ စိတ်နေ စိတ်ထား ဖြင့် ချုပ်ခြယ်ခြင်း ကို လည်း မကြိုက် ။ စပ်စုချင်သော ဝါသနာ လည်း ရှိသည် ။ အသက်အရွယ် ရလာ၍ ခွန်အားဗလ နှင့် ပြည့်စုံလာသော် ဖခင်ကြီး သေခါနီး မှာခဲ့သော စကား တို့ကို ဝေဖန် ဆင်ခြင် ကြည့်၏ ။
“ ဒီ လူ ဆိုတဲ့ သတ္တဝါဟာ ဘာတုန်း ၊ ငါ သ,တ်ချင်ရင် သူ့ ကို ဘာပြုလို့ မသ,တ်ရမှာလဲ ၊ သူ့ အားခွန်ဗလ နဲ့ ငါ့ အားခွန်ဗလ ပြိုင်ရင် ငါ က သူ့ ထက် သာမှာပေါ့ ။ တောဝက်ဆိုးကြီး တွေ ၊ ပြောင်ကြီး တွေ တောင် ငါ နိုင်သေးတာ ၊ ဒီ လူ ဆိုတဲ့ သတ္တဝါ ကို ငါ ဘာပြုလို့ မနိုင်ရမှာလဲ ” ဟု ဆင်ခြင်သုံးသပ်၏ ။
ထိုသို့ ဝေဖန်ဆင်ခြင် ပြီးသော အခါ “ ငါ လူ ကို တွေ့အောင် ရှာမယ် ၊ ငါ တောထဲ က ထွက်ပြီး လူ ရှိတဲ့ နေရာ ရှာပြီး ငါ စားပြမယ် ” ဟု ကြိမ်းဝါးကာ မိခင်အိုကြီး နှင့် အစ်ကို နှစ်ယောက် အား အကျိုးအကြောင်း ပြောပြ၏ ။ မိခင် နှင့် အစ်ကိုများ က ဖျောင်းဖျ ပြောဆိုသော စကား ကို လည်းကောင်း ၊ ဖခင်ကြီး သေခါနီး နောက်ဆုံး မှာခဲ့သော စကားတို့ ကို လည်းကောင်း ၊ မနာခံဘဲ ဇွတ်အတင်း တော ထဲ က ထွက်သွား၏ ။
လမ်းတွင် အရိုးပေါ် အရေတင် နေသော နွားအိုကြီး တစ်ကောင် ကို တွေ့သည် ။ နွား ၏ ကျောကုန်း ပေါ် တွင်လည်း အနာရွတ်ကြီးများ ကို မြင်ရသည် ။ ကျားငယ် သည် နွား ကို တစ်ခါမျှ မမြင်ဖူးသည့် အတွက် အနားသို့ ချဉ်းကပ် ပြီးလျှင်...
“ နေပါဦးဗျ ၊ ခင်ဗျား က ဘယ်လို သတ္တဝါမျိုးလဲ ၊ လူ ဆိုတာ ခင်ဗျားလား ” ဟုမေး၏ ။
နွားကြီး က “ မဟုတ်ပါဘူး ဗျာ ၊ ကျုပ် က နွားပါ ” ဟုဖြေသည် ။
ကျား က တစ်ဖန် ဆက်၍ “ ဒါဖြင့်ဗျာ ၊ လူ ဆိုတာ ဘယ်လို သတ္တဝါမျိုးလဲ ၊ ပြောနိုင်ရင် ပြောစမ်းပါဗျာ ၊ ကျုပ် လူ ကို ရှာပြီး သ,တ်ချင်လို့ ” ဟု မေး၏ ။
နွားကြီး လည်း စိတ် မချမ်းသာသော အသံ နှင့် ကျား အား “ မောင် ရယ် ၊ လူ ကို များဖြင့် သတိထားနော် ၊ လူ ဆိုတာ အလွန် ကြောက်စရာ လည်း ကောင်းတယ် ၊ ကျုပ် ကို ပဲ ကြည့်ပါ ၊ ကျုပ် ငယ်ငယ်ကလေး ထဲ က သူ့ အစေခံ ဖြစ်ခဲ့တယ် ၊ ကျုပ် ကျောပေါ် ဝန်တွေ တင်ပြီး ခိုင်းလွန်း အားကြီး လို့ ကျော တစ်ခုလုံး လည်း အမာရွတ်တွေ ထပ် နေတာသာ ကြည့်ပေတော့ ၊ နှစ်ပေါင်း များစွာ ကို ပဲ ကျိုးကျိုးနွံနွံ ကျေကျေပွန်ပွန် နဲ့ လူ့ အခိုင်း ကို ခံခဲ့တယ် ၊ ငယ်ငယ်တုန်း က ပျိုတုန်းသန်တုန်း တော့ ကျုပ် ကို မောင်မောင်ဘဘ နဲ့ တန်ဖိုးထားပါရဲ့ ၊ ကြီးလာလို့ ခွန်အားဗလ နည်းပြီး ခိုင်းဖို့ လည်း အသုံးမကျ ရော သေသေကျေကျေ ဆိုပြီး ဒီတော ထဲ လာ လွှတ် ထားတာပဲ ၊ ကျုပ် အိုလှပါ ပကော လို့တောင် မထောက်ထားတော့ဘူး ၊ လူ ဆိုတာ ဒီလောက် ရက်စက်တတ်ပြီး ကြောက် စရာ ကောင်းတဲ့ သတ္တဝါမျိုးပါ ” ဟု ရှင်းပြ၏ ။
ကျားငယ် လည်း နွား ၏ စကား အရ လူ ကို မကြောက်လေဟန် ရယ်သွမ်းသွေး ၍ ထွက် ခွာသွားသည် ။
လမ်း တွင် ဆင် တစ်ကောင် ကို တွေ့ပြန်၏ ။ အကောင်အိုကြီး သည် အရေရှုံ့တွ တွဲလျား ကျ ၍ မျက်စေ့ ပေမှေးမှေး သာ ရှိ၏ ။ နားရွက်နောက် တွင်လည်း ထစ်ရာ ရှရာများ ကို ပြင်ရ၏ ။ ကျားသည် ဤမျှထူးဆန်းသော သတ္တဝါ ကို တစ်ခါမှ မမြင်ဖူး သောကြောင့် အနား သို့သွားပြီး လျှင် “ လူ ဆိုတာ ခင်ဗျား လား ၊ ခင်ဗျား ဟာ ဘယ်လို သတ္တဝါမျိုးလဲ ” ဟုမေး၏ ။
ဆင် က “ လူမဟုတ်ပါဘူး ဗျာ ၊ အသားအရေ ခမ်းခြောက် နေတဲ့ ဆင်အိုကြီး ပါ ” ဟု ပြန် ဖြေ၏ ။
ကျား က တဖန် ဆက်၍ “ ဪ ... ဒီလိုလား ၊ ဒါဖြင့်ဗျာ ၊ လူ ဆိုတာ ဘယ်လို အကောင်မျိုးလဲ လို့ ပြောချင်လို့ပါဗျာ ” ဟုပြော၏ ။
ဆင် က “ မောင် ရယ် ၊ လူ ကို များ ဖမ်းမယ် ဆိုရင် သတိကြီးစွာ ထားနော် ၊ လူ ဆိုတာ အလွန် ကြောက်စရာ ကောင်းပြီး အလွန် သစ္စာမဲ့တဲ့ သတ္တဝါမျိုးပဲ ၊ ကျုပ် ကို ကြည့်လေ ၊ ကျုပ် ဟာ တောထဲ မှာ ဆိုရင် ဘုရင် ပဲ ၊ ဒါတောင် လူ က ကျုပ် ကို ရအောင် ဖမ်းတယ် ၊ ယဉ်အောင် လုပ်တယ် ။ ကျင့်ပေးတယ် ၊ ပြီးတော့မှ ခိုင်းတော့တာပါပဲ ၊ လူ့ ကျွန် ခံခဲ့ရတဲ့ နှစ်ပေါင်း လည်း မနည်းတော့ပါဘူး ၊ ကျုပ် ကျောပေါ် မှာ ထိုင်စရာ - က - တွေ တင် ၊ နားရွက် နောက် မှာ ခြေနင်းကွင်း စွပ် ၊ ခေါင်းကို ချွန်း နဲ့ ရိုက် နဲ့ မသက်သာပါဘူး ၊ ပျိုတုန်းရွယ်တုန်း ခိုင်းကောင်းတုန်း က တော့ ကျုပ် ကို ဖူးဖူး နဲ့ မှုတ်ထားတာပဲ ၊ အစာတွေများ ကျုပ် ဆီ ယူလာ ၊ တစ်နေ့ တစ်နေ့ ကိုယ် စားချင် သလောက် စား ၊ ကျုပ် ကို ရေချိုး ပေးမယ့် လူ ၊ ပွတ်တိုက် ပေးမယ့် လူ တစ်ယောက် ကလည်း အဆင်သင့် ၊ လိုလေသေး မရှိအောင် ပြုစုထားတာပဲ ၊ ကျုပ် အို လာလို့ မလုပ်နိုင် မကိုင်နိုင် တော့တယ် ဆိုရင်ပဲ တော ထဲ ပြန် လွှတ်ပြီး ဖြစ်ချင်ရာ ဖြစ် ထားတော့တာပဲ ၊ ကျုပ် စကား နားထောင်စမ်းပါ မောင် ရယ် ၊ လူ နဲ့ များ မဆက်ဆံချင်ပါနဲ့ ၊ နောက်ဆုံးမှာ ဒုက္ခ တွေ့မှာ အမှန်ပါပဲ ” ဟု စိတ်ရှည်လက်ရှည် ပြောပြ၏ ။
ကျားငယ် လည်း ဆင်အိုကြီး ၏ စကား ကို သရော်ရယ်ရယ် ၍ ထွက်ခွာ သွား၏ ။
အတန်ငယ် သွားပြီးသော အခါ ကျား သည် မကြားဖူးသော အသံ တစ်သံ ကို ကြား သည် ။ ထို အသံ ထွက်လာရာ ဆီသို့ ချောင်းမြောင်း သွားရောက် ၍ ကြည့်ရှုရာ ခြေ နှစ်ချောင်း သတ္တဝါ တစ်ဦး သည် ကြီးမားသော သစ်ပင်ကြီး တစ်ပင် ကို လှဲရန် အားထုတ် နေသည် ကို မြင်ရ ၏ ။ ကျား လည်း ရှေးနည်း အတိုင်းပင် ထို သတ္တဝါ ထံ သွား၍ လူ လား ဟု မေး၏ ။
သစ်ခုတ်သမား လည်း ကျား အား “ တယ် အ တဲ့ ကျား ကိုး ၊ ငါ လူ ဆိုတာ မင်း မသိဘူး လား ” ဟု ပြန်ဖြေ၏ ။
ကျား လည်း “ ဪ …. မင်း က လူ ကိုး ၊ ငါ ကံကောင်းတာပေါ့ကွာ ၊ ငါ လူသား စားချင် လို့ လိုက်ရှာ နေတာကြာပြီပေါ့ ” ဟု မခိုးမခံ့ ပြော၏ ။
သစ်ခုတ်သမား လည်း ကျား ၏ စကား ကို ကြားရသော အခါ တဟားဟား ရယ်၍ “ မင်း က ငါ့ ကို သ,တ်မယ် ၊ စားမယ် ဟုတ်လား ၊ ငါ ပြောစမ်းပါရစေကွာ ၊ လူ ဟာ မင်းတို့ ထက် ပါးလွန်း နပ်လွန်း လို့ ကျား ဟာ မသ,တ်နိုင်ဘူး ၊ မစားနိုင်ဘူး ဆိုတာ မင်း မသိဘူးလား ၊ မင်း မသိသေးရင် ငါ နဲ့ ဟို အနား ခဏလောက် လိုက် ကြည့်လှည့် ၊ လူ သာ နားလည်ပြီး မင်းတို့ မသိ နားမလည်တာ တွေ ငါ ပြမယ် ၊ မင်း လည်း ဗဟုသုတ ဖြစ်နိုင်တာပေါ့ ” ဟုပြော၏ ။
ကျား လည်း လူ့ အကြောင်း ကို သိလို၍ လူ နှင့် အတူ လိုက်သွား၏ ။ သစ်ခုတ်သမား လည်း ကျား ကို သူ နေသော အိမ် သို့ ခေါ်သွား ပြီးလျှင် သစ်လုံးကြီးများ ဖြင့် အခိုင်အခံ့ ဆောက် ထားသော သူ့ အိမ် ကို ပြ၏ ။
ကျား က အိမ် ကို မြင်သော အခါ “ ဒါ ဘာခေါ်သလဲ ” ဟု မေး၏ ။
လူ က “ ဒါ အိမ် လို့ ခေါ်တယ် ၊ အိမ် ကို ဘယ်လို အသုံးပြုရမယ် ဆိုတာ ငါ ပြမယ် ” ဟု ပြောပြီးလျှင် အိမ် ထဲ သို့ ဝင်သွားကာ အိမ်တံခါး ကို အလုံ ပိတ် ထားလိုက်၏ ။
အိမ် ထဲ မှ နေ၍ လူ က ကျား အား “ ကဲ ... မင်း တွေ့ပြီလား ၊ လူ နဲ့ စာရင် ကျား ဟာ ဘယ်လောက် မိုက်တယ် ဆိုတာ သိပြီလား ၊ မင်း တို့ ကျားတွေ ဟာ တော ထဲ မှာ တွင်းခေါင်း ထဲ မှာ သာ အောင်း နေရရှာတယ် ၊ လေ တိုက်တိုက် ၊ မိုး ရွာရွာ ၊ နေ ပူပူ ဘာမှ မလုံဘူး ၊ မင်းတို့ မှာ ခွန်အားဗလ တော့ ရှိပါရဲ့ ၊ ဒီလို အိမ်မျိုး ဆောက်တတ်ဖို့ ဉာဏ် မရှိဘူး ၊ ငါတို့ လူတွေ ဟာ မင်းတို့ လို ခွန်အား တော့ သိပ် မရှိဘူး ၊ ဒါပေမယ့် အိမ်ကလေး ကောင်းကောင်း ဆောက် တတ်တယ် ၊ ဇိမ် နဲ့ နေတတ် တယ် ၊ ရာသီဥတု အမျိုးမျိုး ကို လည်း ဂရုစိုက်စရာ မလိုဘူး ၊ နွေးနွေးထွေးထွေး အေးအေးလူလူ နေနိုင်တယ် ၊ သားရဲတိရစ္ဆာန် တို့ ရဲ့ရန် ကို လည်း ကြောက်စရာ မလိုဘူး ” ဟု ကျား ကို မခံချင် အောင် ပြော၏ ။
လူ့ စကား ကို ကြားသော အခါ ကျား သည် ဒေါသ ချောင်းချောင်း ထွက်လာ၏ ။
“ မင်းတို့ လို အရုပ်ဆိုးဆိုး ချည့်ချည့်နဲ့နဲ့ အကောင် က ဒီလို လှလှပပ အိမ်မျိုး နဲ့ မတန်ပါဘူးကွာ ၊ ငါ့ ကို ကြည့်စမ်းပါ ၊ ငါ့ ကိုယ် ပေါ်က အကျားကျားကြီး တွေဟာ ဘယ်လောက် လှသလဲ ၊ ငါ့ သွားကြီး တွေ ၊ လက်သည်းကြီးတွေ ကြည့်စမ်း ၊ ဘယ်လောက် တင့်တယ်သလဲ ၊ ငါ့ အမြီးကြီး ကြည့်စမ်း ၊ ဘယ်လောက် ရှည်သလဲ ၊ ငါ့ လို လှတဲ့ အကောင် သာ မင်း ထက် ဒီလို အိမ် မျိုးမှာ နေဖို့ ထိုက်တန် တာပေါ့ ၊ ချက်ချင်း ထွက်ခဲ့ ၊ မင်း အိမ် ကို ငါ့ ပေး ” ဟု ကြိမ်းဝါး၏ ။
“ ဒါဖြင့်ရင်လည်း ငါ့ အိမ် ကို မင်း ပေးရတာပေါ့ ” ဟု ပြောပြောဆိုဆို နှင့် အိမ် ထဲ မှ ထွက်လာ ပြီးလျှင် ကျား အား တံခါး ဖွင့်ပေး၏ ။
ကျား လည်း လောဘတကြီး အိမ် အတွင်း သို့ ဝင် သွား ပြီးလျှင် အိမ်တွင်း မှ နေ၍ “ ကဲ ငါ့ ကြည့်စမ်း ၊ အိမ် နဲ့ ငါ နဲ့ ဘယ်လောက် လိုက်သလဲ ” ဟု ကြွား၏ ။
လူ လည်း တံခါး ကို အပြင် မှ လေးလံသော မင်းတုပ်ကြီး ကို ချ ပြီးလျှင် “ အိမ် နဲ့ မင်း နဲ့ သိပ် လိုက်တာပေါ့ကွာ ၊ အိမ် ထဲ မှာ ပဲ မင်း အစာငတ် သေပေတော့ ” ဟု ပြောပြီး လျှင် သစ်ခုတ် ပေါက်ဆိန် ကို ပခုံး ပေါ် ၌ ထမ်း ကာ သစ်ခုတ်ရာ စခန်း သို့ ထွက်ခွာ သွားတော့သည် ။
⎕ မောင်မောင်ကြီး
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၂ ၊ ဇူလိုင်
.
No comments:
Post a Comment