Monday, August 1, 2022

တစ်ရွာသား ကို ရည်းစား လုပ်တော့


 

❝ တစ်ရွာသား ကို ရည်းစား လုပ်တော့ ❞

“ အချစ် မှာ မျက်စိမပါဘူး ” ဆို ပြောတဲ့ စကား ကို လေးလေး ဆီ ရောက်လာ တဲ့ စာတစ်စောင် ကြောင့် ယုံ သွားရတယ် ။ သူတို့ ဇာတ်လမ်း က ဝတ္တုလေး လို ပဲ ။ ကောင်မလေး က မန္တလေး ဝိဇ္ဇာသိပ္ပံ ပထမနှစ် ကျောင်းသူ ပါ ။ သူ့ အဖေ က အရာရှိကြီး တစ်ဦး ဆိုပါတော့ ။ ရုံးခန်း က အောက်ထပ် ဆို နေရတာ က အပေါ်ထပ် ။

တစ်ရက် မှာ ဖုန်း မြည်လို့ ကောက် ကိုင်လိုက်တော့ ရုံးခန်း ဆက် တဲ့ ဖုန်း အိမ် ကို လိုင်း မှား ဝင် လာတာ ဖြစ်နေတယ် ။ ဖုန်းနံပါတ် က နောက်ဆုံး တစ်လုံးပဲ ကွာတာ ဆိုတော့ မှားသွားတာ နေမှာပေါ့ ။ အဲဒီတော့ ကောက် ကိုင်တာ က အဲဒီ ကောင်မလေး ။

ကောင်မလေး က ဖုန်း မှားနေပါတယ် ဆိုတော့ ကောင်လေး က ............ ရုံး မဟုတ်ဘူးလား ပေါ့ ။ ရုံး ဖုန်း က ဘယ်လောက် ဘယ်လောက် ဆို ပြန် ပြောတော့ ခုလို စိတ်ရှည် လက်ရှည် ရှင်းပြတာ ကျေးဇူး တင်ပါတယ် ။ သဘော ကောင်းသူများ ရုပ် ချောတတ်တယ် ။ အသံလေး ကြား ရတာကတော့ မျက်ခုံး ထူထူလေး ပဲ ဆို ပြောပြီး ဂွပ်ခနဲ ချ သွားရော ။

ဒီတော့ ကောင်မလေး က ကသိကအောင့် ဖြစ်နေသတဲ့ ။ ဘာလို့ မှန်းလဲ မသိဘူးတဲ့ ။ ဖုန်း ထဲ ကနေ မထိတထိ ပြော သွားတာကိုပဲ သတိရ နေသတဲ့ ။ သုံးရက်လောက် ခြားသွားပြီး မှ တစ်ခါ ဖုန်း လာ ပြန်ရော ။ ကောင်မလေး ရှိတဲ့ အချိန်ပဲ ။ သူ ကောက် ကိုင်လိုက်တော့ ဖုန်း မှား ဆက်တဲ့ လူ အသံ ကြားရ ပြန်သတဲ့ ။ သူ ဒီတစ်ခါ မှား ဆက်တာ မဟုတ်ပါဘူး ပေါ့ ။ ......... နဲ့ စကား ပြောချင်လို့ တောင်းပန် စရာ လဲ ရှိလို့ပေါ့ ။ မျက်ခုံးထူထူလေး အပြင် အသားဖြူဖြူ နဲ့ နှာတံပေါ်ပေါ်လေး ဆိုတာပါ သူ သိရလို့ အလှအပတွေ ကို ပြည့်ပြည့်စုံစုံ အသိအမှတ် ပြုတဲ့ အကြောင်း ထပ် ဆက် တာပါဆို ပြောသတဲ့ ။ နောက်တော့ သူ ရှိတဲ့ အချိန်တွေ မှာ မကြာခဏ ဆက်ပြီး ရည်းစား စကား ပြော သတဲ့ ။ သူ ကတော့ ဘာရယ်လို့ မဟုတ်ဘဲ နားထောင် နေရင်း ကနေ အဲဒီ လူ ပြောတာတွေ သာယာ လာတယ် ဆိုပဲ ။ အဲဒီ လူ က သူတို့ ရုံး က ဝန်ထမ်းသူငယ်ချင်း ဆီ က တစ်ဆင့် သူ့ အကြောင်းတွေ အကုန် သိထားတာကိုး ။

ဒီလိုနဲ့ ရည်းစား ဖြစ်သွားသတဲ့ ။

နောက်တော့ ချိန်း တွေ့ရော ။

ချိန်း တွေ့တော့ လည်း အသက် သုံးဆယ်လောက် ဖြူဖြူသန့်သန့် ရုပ်ချောချော ဆိုတော့ တစ်ခါ နှစ်ခါ သုံးခါ ဆိုသလို တွဲ ဖြစ်ကြတာပေါ့ ။ နောက်တော့ အစွဲကြီး စွဲပြီး ယူ လိုက်ရော ။ ကောင်လေး နောက် လိုက် ပြေးရော ။ အဲသလို ထွက်ပြေး ပြီး သုံးရက် လောက် နေတော့ အဲဒီ လူ ရဲ့ မယားကြီး ဆိုတာ အသားမည်းမည်း ဝဝကြီး လိုက် လာပြီး ဆဲလိုက် ဆိုလိုက် အော်လိုက် တာ ကောင်မလေး ခေါင်း ကို မဖော်ရဲဘူး တဲ့ ။ နောက်ဆုံး သူ့ အဖေ ဆီ ဖုန်း ဆက်ပြီး လာ ခေါ်ဖို့ ပြောရသတဲ့ ။ လေးလေး ဆီ စာ ရေးတော့ သူ့ အိမ်ပြန် ရောက်နေပြီ ။ လေးလေး ရဲ့ ပထမ စာအုပ် ထဲ က လိပ်စာ ကို တွေ့ပြီး စာ ထည့်လိုက်တာ ။

ငါ့ တူမ များ သူ့ အဖြစ်အပျက်မျိုး နဲ့ ဝေး ရအောင် ခု ပြန် ရေးပြ လိုက်တာပါ ။ တစ်ခါတလေ မှာ ဖြစ် တတ်တယ် ။ အနုပညာ နယ်ပယ် က အမျိုးသားတွေ ဆီ မိတ်ဆက် စာ ရေး တာတို့ ဖုန်း ဆက်တာတို့ ၊ ဘုရားဖူး အတူ သွားရင်း ရည်းစား ဖြစ်တာတို့ ။

မှတ်ထားကွယ့် ။

ကိုယ့် အရပ်သူ အရပ်သား မဟုတ်ရင် တစ်ရပ် တစ်မြို့ တစ်နယ် က ဖြစ် နေရင် ချစ်ရေး ဆိုလာ ကတည်း က စဉ်းစား ပေရော့ ။ အကြောင်းကြောင်း ကြောင့် မေတ္တာ တုံ့ပြန်ချင်တယ် ဆိုရင် သူ့ အကြောင်း သိအောင် အရင် လေ့လာပါ ။ လွင်မိုး နဲ့ တူ သလိုလို ၊ ဒွေး နဲ့ တူ သလိုလို ၊ ကျော်ရဲအောင် နဲ့ ဆင် သလိုလို ကိုယ့် ကို ချစ်ရေး ဆိုလာ သူ ကို ဘယ် မင်းသား နဲ့ တူပါလိမ့် ဆို လေ့လာနည်းမျိုးလည်း မဟုတ်ဘူး နော် ။

အနေ ဝေး သူ နဲ့ ရည်းစား ဖြစ်ပြီ ဆိုရင် ...

အရင်က တစ်မြို့ တစ်နယ် တည်း အတူ နေဖူးဦးတော့ ....

ဝေး သွားတဲ့ ကာလ အတွင်း သူ ဘာတွေ လုပ်သလဲ ။အသောက်အစား အပျော်အပါး ကင်း ရဲ့လား ။ မိန်းမ ရ နေပြီလား ဆိုတာ မျိုးတွေ မသိရဘဲ မေတ္တာ တုံ့ပြန်တာ လောက် ခိုးရာ လိုက်ပြေး တာလောက် မိုက်တာ မရှိတော့ဘူး ။

သတိထားပါ ။

◾ ကံချွန်

📖  အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

aung naing oo

.

No comments:

Post a Comment