Sunday, August 28, 2022

ပြည်သူ့မဏ္ဍိုင်


 

◾ ပြည်သူ့မဏ္ဍိုင်

ကျောင်း တွင် စာ တော်သော ကျောင်းသား ကို ဆရာများ က အစ အထင် ကြီး ကြ၏ ။ တစ်ခါတွင် ဆရာ က ထို ကျောင်းသား ၏ အဖြေ ကို စံ ထား၍ အမှတ် ခြစ်သဖြင့် မှန် နေသော ကျောင်းသားများ မှား ကြရ၏ ။ မြင်းကောင်း လည်း ခွာ လိပ် တတ်သေး၏ ။ ထင်ရှားကျော်ကြားသော ရှေ့ဆောင်ပုဂ္ဂိုလ်များ သည် အမှား ကို မလိုက် မပြု မိ အောင် သတိ ကြီးစွာ ထား ရ၏ ။ ထို သူများ မှား နေသော်လည်း အမှန် ထင်၍ အခြား သူများ က လိုက်ပါ တုပ တတ်ကြသည် ။ နာမည်ကျော်ကြား လာ သော အခါ နေမှုထိုင်မှု ၊ ပြောဆိုမှု ၊ ဝတ်စားဆင်ယင်မှုများ ကို ထိန်းသိမ်း ကြရ လေလေ သာ ဖြစ်သည် ။ အလွဲအမှား ကို စံပြု ခံရသူ ၊ ရိုးရာယဉ်ကျေးမှု ကို ဖျက်ဆီးသော တရားခံ အဖြစ် မခံ သင့်ကြပေ ။ ပြည်သူ့ မဏ္ဍိုင် များ သတိ ရှိ သင့်ပေသည် ။

◾ လှသမိန်

📖 ကြီးပွါးအောင်မြင်လိုသူတိုင်းအတွက် သိမှတ်စရာများ ( ၃ )

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment