Thursday, August 25, 2022

ထူးပါတယ်

❝ ထူးပါတယ် ❞


ငါ့ တူမများ ကို လေးလေး သတိပေး ချင်သေးတယ် ။ ဘာလဲဆိုတော့ ပျက် အစဉ် ပြင် ခဏ ဆိုတဲ့ စကား ကို ပဲ ။အိမ်ထောင်ရေး နဲ့ ပတ်သက်လာရင် ဘယ်တော့ မှ “ မထူးတော့ဘူး ၊ ဖြစ်ပြီးမှတော့ မျက်နှာ မများချင်ဘူး ” ဆိုပြီး မကောင်းမှန်း သိလျက် နဲ့ ရှေ့ တိုးကြတာတွေ ရှိတယ် ။


ကိုယ့် ရည်းစား အရက် သောက် လာလာ ။ ဖဲဝိုင်း မှာ တွေ့ခဲ့တယ် ပြောပြော ။ ဆေးသမား ဆိုဆို အရက်ဖိုး ဆေးဖိုး ပေးပြီး ချစ် နေတဲ့ မိန်းကလေးတွေ တွေ့ ဖူးတယ် ။ သူတို့ ကို သတိ ပေး လိုက်ရင် ဘေးစကား ကို ကြားလေ သွေးတာပဲ ။ သူတို့ ချစ်ခြင်း ခွဲတာပဲ ဆိုပြီး သတ်မှတ်တာ ။ ကိုယ် နဲ့ ရတော့ ပြင် လိုက်ရင် ဖြစ်ပါတယ် ဆိုပြီး မျှော်လင့် ကြတာ ။တစ်နည်းအားဖြင့်တော့ လင် ကုန် ရှုံးရင် တစ်သက် လုံး မှောက်တယ် ဆိုတဲ့ စကား ကို မေ့ နေကြတာ ။


ဒါကြောင့် ..


မသင့်လျော်တဲ့ လူ ကို များ ရည်းစား ထားမိရင် ဘယ်တော့မှ မထူးတော့ဘူး ဆိုပြီး ရှေ့ မတိုးလေနဲ့ ။ မိဘဆွေမျိုးတွေ က တား လာပြီ ဆိုရင် အပေါင်းအသင်း သူငယ်ချင်းတွေ က သတိ ပေး လာပြီ ဆိုရင် လေးလေးနက်နက် စဉ်းစားပါ ။


ချစ်ဆိပ် မွှန် တာ က အခြားသော အဆိပ်တွေ ထက် ပြင်း တယ်ကွယ့် ။ မိန်းကလေး တစ်ယောက် အတွက် အမြဲ တန်ဖိုးထား ထိန်းသိမ်း ရမယ့် အရှက် နဲ့ အကြောက် ကို တောင် အစိပ်စိပ် အမြွှာမြွှာ ပြိုကွဲ စေသော အဲဒီ အဆိပ် ပဲ ။


ဒါကြောင့် ယောက်ျားတွေ နဲ့ ပတ်သက် လာ ရင် ကိုယ့် စိတ် ကို နိုင်အောင် ထိန်းနိုင်ဖို့ပါ လေးလေး က သတိ ပေးချင်တယ် ။ 


မှား နေပြီ ဆိုတာ သိတာ နဲ့ ရပ်တန်း က ရပ်ပါ ။


မထူးပါဘူး ဆိုပြီး ရှေ့ မတိုးပါနဲ့ ။


ထူးပါတယ် ။


◾ကံချွန်


📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

 

No comments:

Post a Comment