❝ အိမ်ပြေးမလေး ❞
အစ်မ အိမ် က ထွက်လာတော့ မှောင်စ ပြုနေပြီ ။ ၄၉ အစိမ်း ဒိုင်နာ နဲ့ ပြန် ခဲ့သည် ။ ရုပ်ရှင်ရုံ မှတ်တိုင် မှာ ချာတိတ်မလေး တစ်ယောက် တက် လာသည် ။
မ ဆံပင်က တိုတို ၊ အသားက ညိုညို ။ ရုပ်ရည်က သနားကမား နှင့် ၊ ရှပ်အင်္ကျီလက်ရှည် ကို ဝတ် ထားသည် ။ အသက် က ရှိ လှ မှ ၁၅ ၊ ၁၆ အလွန်ဆုံး ။
တက် လာ ကတည်း က မျက်လုံး က ဟိုကြည့် သည်ကြည့် ။ ဘေးနား မှာ လာ ထိုင်သည် ။ စပယ်ယာ ကို ကားခ အတွက် ၅၀၀ တန် ထုတ် ပေးသည် ။ အကြွေ မပါလို့ ပါ လို့လည်း ပြော သေးသည် ။
စပယ်ယာ က ဗျစ်တောက် ဗျစ်တောက် လုပ်ပြီး အရွက် အသေးတွေ ပြန် အမ်းသည် ။ ကောင်မလေး က ဘာ မှ မပြော ။ ယူ ထားလိုက်သည် ။
သူ့ ဘက် ကို လှည့် ပြီး ...
“ မေခလာလမ်းဆုံ က ဝေးသေးလား ”
“ ဝေးသေးတယ် ... ”
ကောင်မလေး က ငိုင် တိုင်တိုင် ။ မျက်နှာ မှာ တစ်စုံတစ်ရာ ကို ထိတ်လန့် နေပုံ ရသည် ။ ခဏအကြာ သူ့ လက်မောင်း ကို လှုပ် ပြီး ။
“ မေခလာ လမ်းဆုံ ရောက်ရင် ပြော ပါဦး နော် ... ”
သူ ခေါင်းညိတ်ပြပြီး ...
“ ပြောမယ်လေ တို့ လည်း အဲဒီမှာ ဆင်း မှာ ... ”
“ ဟင် ... ဟုတ်လား ... ”
ကောင်မလေး မျက်နှာ ဝမ်းသာ အားရ ဖြစ် သွားသည် ။ မှတ် တိုင် ရောက်တော့ ဆင်း လိုက်ကြသည် ။ ပတ်ဝန်းကျင် မှာ မှောင် နေပြီ ။ သူမ ကို တစ်ချက် ကြည့်ပြီး အိမ် ရှိရာ ထွက်လာခဲ့သည် ။ ကောင်မလေး က နောက် ကနေ ပြေး လိုက်လာသည် ။
“ ဒီ ... ဒီမှာ ရှင့် ... ကျွန်မ သွားမယ့် အိမ် က အဖေ့ အိမ် ... ကျွန်မ တစ်ခါမှ မရောက်ဖူးဘူး ...”
“ ဟင် ... ဒါဖြင့် ... မင်း အဖေ အိမ် က ဘယ်ရပ်ကွက်လဲ .. ဘယ်လမ်းလဲ ...”
“ ဟင့်အင်း အဲဒါလည်း ကျွန်မ မသိဘူး ...”
“ ဟောဗျာ .. မသိဘဲ ... မင်း ဘယ်လို သွားမှာလဲ ...”
“ ဒီလိုပဲ မေးစမ်းပြီး သွားမလားလို့ ပေါ့ ...”
“ ဟာ ညကြီးမိုးချုပ် ... မင်း ဒီလို လျှောက် မေးနေလို့ ဘယ်ဖြစ်မလဲ ... ”
“ ဒါဖြင့် ကျွန်မ ဘယ်လို လုပ်ရမလဲ ... ”
ခက်တော့ နေပြီ ။ သည်မှာ ကောင်မလေး က သူ့ မျက်နှာ ကို မရဲတရဲ ကြည့်ပြီး ... ။
“ ဦး ရဲ့ အိမ် မှာ ဒီ တစ်ည တော့ လိုက် အိပ်လို့ ရမလား ဟင် ...”
“ ဟိုက် ...”
သူ ... ခေါင်းနားပန်း ကြီး သွားရသည် ။ သူ့ မှာ မိသားစု မရှိ ။ တစ်ကိုယ်ရေ တစ်ကာယ အိမ်ခန်းလေး ငှား နေခဲ့သည် ။ ခု ကောင်မလေး က လိုက် အိပ်မည် ဆိုတော့ ...
မဖြစ်သေးပါဘူး ဆိုပြီး ၊ နီးရာ လက်ဖက်ရည်ဆိုင် ထဲ ခေါ် သွား ရသည် ။ ကောင်မလေး က လည်း နောက် က တကောက် ကောက် လိုက်သည် ။ ဆိုင် ထဲ ရောက်မှ မီးအလင်းရောင် နဲ့ အကဲ ခတ်ရသည် ။ ဘယ်လို မိန်းကလေး လဲ လို့ ။
မိန်းကလေး က ထင်သလို မဟုတ် ။ မိန်းမကောင်းလေး ဖြစ် နေသည် ။ ဖြစ်ကြောင်းရယ် ကုန်စင် ကို သေချာအောင် မေး ကြည့်တော့ .. ။
သည် နှစ် ၁ဝတန်း စာမေးပွဲ ကျ သည် ။ တစ်လမ်းထဲ နေတဲ့ ကောင်လေး နဲ့ ကြိုက် နေသည် ။ အိမ် က လုံးဝ ကို သဘော မတူ ။ အဖေ နဲ့ အမေ က ကွဲနေသည် ။ အဖေ က နောက် အိမ်ထောင် နဲ့ ။ အမေ က နောက် အိမ်ထောင် မပြုဘဲ သားသမီးတွေ တစ်ပြုံကြီး နဲ့ ရုန်း နေရသည် ။
အိမ် မှာ စီးပွားရေး က မပြေလည် ။ သည် ညနေ မှာ အမေ က သူမ ကို တစ်ချိန်လုံး ဆူပူ နေခဲ့သည် ။
ဆိုတော့ စိတ်ညစ်လွန်း လို့ အိမ် မှာ ဘယ်လို မှ မနေချင်တော့ တဲ့ အဆုံး ဆင်း လာသည် တဲ့ ။
သည်အချိန် ထွက် လာတာ လမ်း မှာ လူမိုက်တွေ နဲ့ တွေ့ ရင် မကြောက်ဘူးလား လို့ မေး ကြည့်သည် ။ အင်္ကျီအိတ် ထဲ က ဓားမြှောင်သေးသေးလေး တစ်ချောင်း ကို ထုတ်ပြသည် ။ သည် ဓား နဲ့ ထိုး ပစ်မှာပေါ့ တဲ့ ။ ခက်လိုက်ပါဘိ ။
“ ဒီမှာ .. နားထောင် ... ငါ လူပျို မဟုတ်ဘူး ။ အိမ်ထောင် နဲ့ ပြီးတော့ ငါ့ မိန်းမ က သိပ် အပေါက် ဆိုးတယ် ... ငါ့ အိမ် မင်း လိုက်လို့ မဖြစ်ဘူး ...”
“ အေး ... ငါ့ နေရာ မှာ တခြား ယောက်ျား ဆို ရင်တော့ ... မင်း အတွက် ဒီ ည ဟာ မတွေးရဲစရာပဲ ။ မင်း ကို လှည့်ပတ် ပြီး ခေါ် သွားမယ် ။ အစော်ကား ခံ ရမယ် ။ ဒါမှမဟုတ် တခြား ကို ရောင်းစား ခံရမယ် ... ”
“ မတော်လို့ အမူးသမားတွေ နဲ့ တွေ့ရင်လည်း ... မင်းတော့ တစ်စစီ ဖြစ်သွားမှာ သေချာတယ် ။ မင်း လို ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက် ဟာ အဖော် မပါဘဲ .. ညကြီး လျှောက် သွားတာ သိပ် ကို အန္တရာယ် များလွန်းတယ်... ဘာမှတ်လို့လဲ .. ”
ကရုဏာဒေါသော နှင့် ဆူ ပစ်လိုက်သည် ။ သည်တော့ မှ ကောင်မလေး ခမျာ ကြောက် ရမှန်း သိ လာသည် ။ တရှုံ့ရှုံ့ နဲ့ ငိုသည် ။
“ တစ်သက်လုံး မှတ်ထား ... အမေ ဆိုး တယ် ဆိုတာ ... ပတ်ဝန်းကျင် ကောင်း သလောက် ရှိတယ် ... ဘယ် မိဘ မဆို ကိုယ့် သားသမီး ကို ကောင်းစား စေချင်ကြတာချည်း ပဲ ။ မင်း ကို ဆူတယ် ဆိုတာ ချစ်လွန်းလို့ ဆူတာ မင်း ကောင်းဖို့ ဆူတာ ... အမေ ကို ဘယ်တော့ မှ အထင် မလွဲ နဲ့ ... ကြားလား ”
ငိုရင်း နဲ့ ခေါင်းညိတ်သည် ။
အချိန် က ရှိသေးသည် ။ ဆိုတော့ အငှားကား နဲ့ အိမ်တိုင်ရာ ရောက် လိုက် ပို့ခဲ့သည် ။
◾တက္ကသိုလ်စိုးနောင်
📖 မေသတင်းဂျာနယ်
အတွဲ ( ၃ ) ၊ အမှတ် ( ၅ )
၇ - ၂ - ၂၀၀၁
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment