Monday, August 8, 2022

မျောက် လောက်တော့ ဆော့ သေးတာပဲ


 

❝ မျောက် လောက်တော့ ဆော့ သေးတာပဲ ❞

မှတ်ထားကွယ့် ။ ဘယ်လောက် ငြိမ်ပါတယ် ပြောပြော ၊ ငြိမ်ပါတယ် ဆို တဲ့ ယောက်ျား က မျောက် လောက်တော့ ဆော့ သေးတာပဲ ။ သူ ဆော့ချင် ရင် ပေါ့လေ ။ မဆော့ချင် လို့သာ ငြိမ် နေတာကိုး ။ ဆော့နိုင် တဲ့ စွမ်းရည် တော့ ရှိတာ ချည်းပဲ ။

မန်နေဂျင်းဒါရိုက်တာကြီး က စာရေးမ ချောချောလေး တွေ အလုပ် ခန့် သလို ပန်းရံဆရာ က လည်း အုတ်သယ် တဲ့ ကောင်မလေး ချောချော ဆို “ လာစမ်းပါဦး ၊ ဒီနားတိုးခဲ့ပါ ” ပဲ ။ “ အပြန် လမ်း ကြုံတာပဲ ၊ ငါ့ စက်ဘီး နဲ့ လိုက်ခဲ့လေ ” ဆိုတာမျိုး ပဲ ။ ဒါကြောင့် ယောက်ျား ဆိုတာ မဆော့ တတ် လို့ မဟုတ်ဘူး ။ မဆော့ ချင် လို့ ငြိမ် နေတာ ဆိုတာ သတိ ထားဖို့ ငါ့ တူမများ ကို သတိ ပေးချင်တယ် ။

အရပ်သူ အရပ်သားများ ဆော့ တော့ သိသာတယ် ပေါ့ ။

ပညာတတ်များ ဆော့ တော့ ပိရိ တယ်ပေါ့ ။ ဒါပဲ ကွာ ပါတယ် ။

အိမ်ဦးခန်း ထိုင် နေပေမယ့် အိမ်ဖော် ကောင်မလေး နဲ့ “ အီစီကလီ ” ဖြစ် တာတွေ ပြည့်လို့ ။ မြန်မာ စကား မယ် ရှိတယ်လေ ။ ပုပ် ရင် ပေါ် ဟုတ် ရင် ကျော် သတဲ့ ။ လူ့ သတင်း လူချင်း ဆောင် သတဲ့ ။ မကောင်းမှု ဟူ သည် ဆိတ်ကွယ်ရာ မရှိ တဲ့ ။

လေးလေး ပြောဖူး တဲ့ စကား တစ်ခွန်း တော့ ထပ် ပြော လိုက်ပါဦးမယ် ။ မေ့ နေလည်း သတိ ပြန် ရသွားအောင် ။

ဘာပဲ လုပ်တော့မယ် ဆိုဆို ကိုယ် လုပ်မယ့် အလုပ် ကို မလုပ်ခင် မှာ စဉ်းစား ကြည့် ။ ဒီ အလုပ် ငါ့ မိဘ ရှေ့ လုပ်ရဲသလား ။ ဒီ အလုပ် ငါ့ အသိုင်းအဝိုင်း ရှေ့ မှာ လုပ်ရဲ သလား ။ လုပ်ရဲ တဲ့ အလုပ် မျိုး ဆို လုပ် ။ မိဘ ဆွေမျိုး တွေ ရှေ့ မှာ မလုပ်ရဲတဲ့ အလုပ် ဆို လို့ ကတော့ ကွယ်ရာ မှာ လည်း မလုပ်ပါနဲ့ ။ ကွယ်ရာ မှာ လုပ်လည်း တစ်နေ့ မဟုတ် တစ်နေ့ မှာ သိမှာပါပဲ ။

အဲဒီ အသိ ရယ် ...

ယောက်ျား ဆိုတာ မဆော့ ချင် လို့ ငြိမ် နေ ရင်သာ ရှိမယ် ။ ဆော့ တတ်တဲ့ အမျိုး ဆိုတာရယ် ။ တွဲ သိ ထားရင် ငါ့ တူမများ မဖြစ်သင့်တာ မဖြစ်တော့တာ ပေါ့ ။

လေးလေး ရဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ် ။ မိန်းမ နှစ် ယောက် ။ ကလေး ဆယ့်သုံး ယောက် ။ အသက် က လေးဆယ် ကျော်ပြီ ။ လေးလေး အိမ် အလည် လာရင်း ( အရင် လေးလေး နေတဲ့ ပြင်ဦးလွင် မှာ ) ကားဂိတ် က အသုပ်စုံ ရောင်း တဲ့ ကောင်မလေး ကို ရည်းစား စကား ပြော လိုက်သေးသတဲ့ ။

အဲသလို ။

◾ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

aung naing oo

.

No comments:

Post a Comment