Monday, September 3, 2018

ဖြတ်မထားနဲ့ ရပ်သွားမယ်


 ❌      ဖြတ်မထားနဲ့ ရပ်သွားမယ်

“ဟေ…    ဒီကား     စိမ်းနေသလိုလိုပဲကွ၊ တို့အောင်လံလိုင်းထဲ မမြင်မိပါဘူး၊ ဘယ်သူ့ကားလဲ”

“အဲဒါ ကိုလှကြီးကားလေ၊ ဦးလေး”

“ဟင်… လှကြီးက တို့လိုင်းထဲ ပြန်ဝင် လာပြန်ပြီလား”

 “ဟုတ်တယ် ဦးလေး”

ဇူလိုင်လ    ၁၀     ရက်နေ    အောင်လံမှ    ပြည်သို့အလာ     ဘွတ်ကြီးတံတား
အလွန်ကလေးတွင်  ကျွန်တော်စီးလာသောကား  ပျက်လေ၏။ စတက်ကတည်းက စိတ်ထဲတွင်  တထင့်ထင့်ခင်ဗျာ့။ သည်ကား  ပြည်ကိုမှ ရောက်ပါ့မလား။  လမ်းမှာ ပျက်နေမလား။ ကားကတော်တော်ရွဲနေပြီဗျာ။ ထင်တဲ့အတိုင်းပါပဲခင်ဗျာ၊ ဂရီး ဂရပ်ထိုးရပ်သွား၊  ပျက်ပြီ  ကား။  နောက်ကလိုက်လာသော ကားကိုတား၊  ဖတ်ခနဲ တက်၊ ကံကောင်းချင်တော့  ခေါင်းခန်းထဲကနေရာရ။  ခုတက်တဲ့ ကားကတော့  ဘာကောင်းသလဲ မမေးနဲ့။  အင်ဂျင်ပိုင်း  ဘောဒီပိုင်း  ဟြေစရာမရှိ၊ လှချော၊ တောင့်ဖြောင့် သန့်ဗျာ။ သည်လိုနဲ့ အုံနာ ဒရင်ဘာနဲ့ စကားဟြေဖြစ် (ကားပိုင်ရှင် တက်မောင်းတာဆိုတော အုံနာဒရိုင်ဘာပေါ့)။

ကိုလှကြီးဆိုတာက  ၁၉၈၀-၈၅ ခုနှစ်       ကာလတစ်လျှောက်  ပြည်-အောင်လံ လိုင်းမှာ  မသိသူမရှိ၊  ကားနှစ်စီးတောင်ပိုင်တာဗျာ။  နောက်  အောင်လံ- မကွေးပြေး၊ နောက်တော့ ပျောက်သွား၊  အခုပြန်တွေရတော့ အောင်လံလိုင်းမှာ၊ကားက ခပ်ရွဲရွဲ လူကလည်းသိပ်မတောက်ဟြေင်။

“ဘယ်လိုဖြစ်တာလဲကွာ၊ ဒီလူ  ဒီရုပ်မျိုးမဟုတ်ပါဘူး၊ သူ့ကားတွေဆို ဒေါင်ဒေါင်မြည်”

“မဟြေတတ်တော့ပါဘူး ဦးလေးရာ၊ ဘယ်ရောက် ဘယ်ပျောက်ပြီး အခုမှ ဘယ်ကပြန်ပေါ်လာတယ်မသိ”

အလုပ်ဖြစ်နေရာက ပျောက်သွား၊ပျောက်သွား ပြီးမှ ပြန်ပေါ်လာ။
ပြန်ပေါ်လာတော့ ခပ်မှိန်မှိန်။ ကိုလှကြီးအကြောင်းစဉ်းစားရင်း ပြည်မြို့ဈေးကြီးထဲက ရုံ (၂) နှင့် ရုံ (၃) ကြားက အရိုးဂျောင်းကို သွားသတိရမိတယ်။ အရိုးဂျောင်း၊ တရုတ်ပိန်ကလေးခင့်ဗျာ့၊ သူ့နာမည်ရင်းက ဖောင်စိန်ပါ။ အသားခြစ် ယူထားခံရသော ငါးဖယ်ရိုးကဲ့သို့  ပိန်ပါးလှပ် အရိုးပဒေသာကလေးဖြစ်နေ၍    သူ့အား အရိုးဂျောင်းဟု ခေါ်ကြကုန်၏။

၁၉၈၃-၈၉  ကျွန်တော်  ဥစားကြက်မတွေမွေးတော့ (ကျွန်တော်က မွေးတာ မဟုတ်ဘူး၊   လူကကြက်မွေးပါ့မလား၊   သူများဆီက  ဥစားကြက်မတွေ   ဝယ်ယူပြီး ခြံထဲထည့် အစာကျွေးတာ) အဲဒီ အရိုးဂျောင်းကလေး စတွေ့တာပဲခင်ဗျာ။ သူက ကြက်ဆေးလည်းရောင်းတယ်၊ လူဆေးလည်းရောင်းတယ်၊ ထိုးဆေးတွေဘာတွေဆို ဒိုင်လျှိုရောင်းရတာ၊  မှောင်ခိုခေတ်။ သူ့ဆိုင် တော်တော်အလုပ်ဖြစ်တယ်ခင်ဗျာ့၊ ကြက်သမား (ကြက်မွေးမြူသူများ) မှန်သမျှ သူ့ဆိုင်မှာချည်းပဲ။ ဈေးကလည်းချို၊ ပစ္စည်းကလဲလတ်တော့           ဝိုင်းအားပေးကြတယ်။ ကြက်သမားတွေလုပ်ကျွေးလို့ သူတော်တော်လေး စီးပွား တက်သွားတယ်။ အရိုးဂျောင်း         အရိုးဂျောင်း နဲ့ နာမည်တော်တော်ထွက်သွားတယ်။

မကြာဘူး၊ အရိုးဂျောင်း ဆေးလောကထဲက ပျောက်သွားတယ်။ သူ့ဆိုင်မှာ အသားမည်းမည်း ဝဝကြီးတက်လာတယ်။ အပြတ်ရောင်းလိုက်တာ အရိုးဂျောင်း သူ့မိတ်ဆွေတစ်ယောက်နဲ့ ပေါင်းပြီး ကားထောင်းသလိုလို ကြားလိုက်တယ်။ ပြည်- ကြို့ပင်ကောက်လိုင်း။    တစ်ခါတွေ့သေးတယ်။    ပြုံးပြုံးရွှင်ရွှင်    ဟြေင်ဟြေင်ရောင်ရောင်။ အရိုးဂျောင်း   ဟုတ်နေပြီ။   ငြိမ့်နေပြီပေါ့။   ကျွန်တော်   ဝမ်းသာ။   ၂၀၀၂  ခုနှစ်  ကျွန်တော်
ပြည်မှာလာပြီး အအေးဆိုင်ဖွင့်၊  ပြည်ဈေးကြီးသို့ နေစဉ်နှယ်နှယ်ရောက်၊
ဆိုင်အတွက်လိုအပ်သော ပစ္စည်းများဝယ်။

တစ်နေ့  မုန့်ဟင်းခါးစားနေတုန်း            အရိုးဂျောင်း  ဝင်လာထိုင်။ ကျွန်တော် မျက်စိ သေချာပွတ်ကြည့်၊ အသက်ကြီးလာတော့ မျက်စိက မှုန်ချင်နေပြီ။ လူမှားပြီး  နှုတ်ဆက်မိပေါင်းများလှပြီ။  လူတွေ့တိုင်း  နှုတ်မဆက်ရဲ။  ယောက်ျားချင်းမှားတာ ကိစ္စမရှိ။  မိန်းမကို သွားနှုတ်ဆက်လို့မှားရင် ဒုက္ခဗျာ့။    (မျက်စိမှုန်သူများသတိထား)။
သေချာပါတယ်။ အရိုးဂျောင်းမ အရိုးဂျောင်းအစစ်။ ကျွန်တော အရဲ   စွန့်၍ -

“ဟယ်… အရိုးဂျောင်း”

“ဟာ… အစ်ကို”

တော်ပါသေး၏။ လူမမှားသေးဘူး။

“အရိုးဂျောင်း နင်ဘာတွေလုပ်နေတုန်းဟယ် နင့်မတွေမိတာကြာပေါ့”

“ကျွန်တော်---------ရောင်းနေတယ်”

“အယ်”

ကျွန်တော်   စကားမဆက်နိုင်တော့ပါ။   သူ့မုန့်ဖိုး   ကျွန်တော်   ဒကာခံလိုက်ပါ၏။ ဘာမျှမဆိုင်။   အရင်   အရိုးဂျောင်းနဲ့    အခုအရိုးဂျောင်းနဲ့    ဘာမျှမဆိုင်။    အင်္ကျီအနွမ်း၊ ပုဆိုးဖင်ပေါက်နဲ့   အရိုးဂျောင်း။   ဟိုအရင်က စိန်လက်စွပ်နဲ့   အရိုးဂျောင်း၊   ဟန်းချိန်းကြီးနဲ့ အရိုးဂျောင်း၊    စီးကရက်ပါးစပ်ကမချွတ်သော    အရိုးဂျောင်း၊    ဘီယာကို   ဖာလိုက်တင်၍ ကားတစ်စီးအပြတ်ငှားကာ     သူငယ်ချင်းများနှင့်  ပျော်ပွဲစားထွက်ခဲ့သော     အရိုးဂျောင်း။ ကျွန်တော်တွေးမိပြီ၊  သတိရပြီ။  ယခု ကိုလှကြီးတို့၊  အရိုးဂျောင်းတို့  ဘဝဟြေင်းသွားခြင်းမှာ အရှိန်ရနေသော၊     အောင်မြင်နေသော  အလုပ်ကို  ဆက်မလုပ်တော့ပဲ ရပ်ပစ်လိုက်ကြသောကြောင့် ဖြစ်ပါ၏။ ဆက်မလုပ်သောအခါ အဆက်ပြတ်သွားပါ၏။ မိတ်များနှင့်ပြတ်သွားပါ၏။ အောင်မြင်မှု ရပ်သွားပါ၏။ ထိုအခါ နောက်ပေါက်များက အရှိန်ရနေလေပြီ။
ကိုယ့်ကို ကျော်တက်သွားကြလေပြီ။        ပြန်စ၊ ပြန်လုပ်၊ ပြန်ဝင်သော်လည်း အရှိန်ကသေနေလေပြီ။

ကျွန်တော်  သင်ခန်းစာ  ရလိုက်ပြီ။  အဆင်ပြေနေသောအလုပ်၊ အရှိန်ရနေသော အလုပ်၊ အောင်မြင်နေသောအလုပ်။ ဆက်လုပ်ပါ၊ စဉ်ဆက်မပြတ်လုပ်ပါ၊ အရူးအမူး သဲကြီးမဲကြီးလုပ်ပါ။      ဖြတ်မထားပါနဲ့၊      ရပ်မထားပါနဲ့၊      သံချေးတက်သွားပါလိမ့်မည်။
(လုပ်ငန်းအားလုံးကို ဆိုလိုပါ၏)။ မယုံမရှိပါနဲ့ခင်ဗျာ။

                                                     မောင်ချမ်းသာ

Saturday, September 1, 2018

ပြည်တော်ဝင်


  မန္တလေး ရောက် အမှတ်တရ ဖြင့် ဆရာညှာ ရဲ့  " ပြည်တော်ဝင် ” ကို တင်ပေးလိုက်ပါတယ်။
🎹  တီးလုံး သီးသန့် လိုချင်လျှင်တော့ အောက်က လင့်ခ် တွေမှာ ဒေါင်းပါဗျာ။ ဖိုင်ဆိုဒ်က 8.7 mb ရှိပ ။

pcloud ကနေဒေါင်းရန်

picosong ကနေဒေါင်းရန်


  🎺       ပြည်တော်ဝင်

တေးရေး     ဆရာညှာ

 ◼           ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ နေ့တိုင်းပဲ သတိရတယ်လေ ကျုပ်တို့ မြို့မ အသင်းသားများတွေ တောင်ရိုးတန်း စစ်ကိုင်းဘက်မှာနေ ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ ရွှေမန်းသူမေ မေးလိုက်သံတွေ သြော်  ကျန်းမာကြပါရဲ့လို့ ကျွန်တော်တို့ မြို့မမောင်တွေ ရွှေမန်းသူမေ ပြောလိုက်ပါလေ စစ်ကိုင်းမှာပဲ စိတ်ကစွဲ နတ်ပြည် တစ်ခါတလေတော့ မျှော်မှန်း လွမ်းမိတဝေေ၀ ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့ စိတ်စောလို့သာနေ

 ◼           ( အခါတော်ရောက်ချိန် နီးလို့လာပေ ဒေါ်ဒေါ် မမ နှမတို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ ) မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ

 ◼           ( မန္တလေး ရွှေမြို့ တို့ ရတနာပုံနေပြည် တင့်တယ် သာယာ စည်ကား ဟိုတုန်းအခါကလေ အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံကြံစို့လေ ) ( မေ့မေ့ ပျောက်ပျောက် အောက်မေ့ကြပေ တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ ) လူကြံရင် မခံနိုင်ဘူး အထူးပင်မှတ်ကြလေ ( အရင်လို ပျော်ပျော်ရွှင်ရွှင်နေ မြို့မ အသင်းက ပြောပေ ) ဖြစ်ဟဲ့ဆို ဖြစ်ရမယ်တဲ့ ခေတ်သစ်လူများ အားအင်တောင့်တင်းပေ

◼            ( အခါတော်ရောက်ချိန် နီးလို့လာပေ ဒေါ်ဒေါ် မမ နှမတို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ ) မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ

Tuesday, August 28, 2018

ငယ် ရာက ကြီး


👣     ငယ်ရာကကြီး

လွန်ခဲ့သော   ၂၅  နှစ်၊   ၁၉၇၈ ခုနှစ်က   တပေါင်းလပြည့်နေ့တွင်   ကျွန်တော်နှင့် ကျွန်တော့်ယောက်ဖကြီး     ဦးကြန်ထွန်းတို့သည်     နွားတစ်ယောက်တစ်ကောင်စီဆွဲလျက် အောင်လံမြို့မှ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ရေပြည်ရွာသို့ ခြေကျင် ပြန်လာကြလေ၏။ ညနေ ၃း၃၀  နာရီ နည်းနည်းနေညိုကတည်းက  ဆွဲပြီး  ခြေကျင်လျှောက်ခဲ့ကြရာ  ည ၁၂ နာရီထိုးမှ   ရေပြည့်သို့   ပြန်ရောက်လာကြ၏။   လသာညကြီးဗျာ   နွားဝယ်သွားတဲ့လူတွေ
ပြန်လာပြီ၊ နွားတွေ ပါလာပြီဆိုတော့ အိမ်နားနီးချင်းတွေ အိပ်ရာမှထ၊ တချို့လည်း မအိပ်ကြသေး၊  လာရောက်ဝိုင်းအုံကြည့်။  ဝေဖန်သုံးသပ်၊  ကျွန်တော့်   ယောက်က္ခထီးကြီး ဦးဖိုးချီသည်လည်း အိမ်ပေါ်မ ဆင်းလာ၊ နွားများကို ကြည့်။

“ဘယ်လောက်ပေးရလဲ”

“နှစ်ထောင့်တစ်ရာ ငါးဆယ်ကျတယ်အစ်ကို”

ယောက်ဖကြီးက အဖေကို အစ်ကိုဟုခေါ်သည်။ ရွာဓလေ့နှင့်တူပါသည်။
 “ခိုင်းဖြစ်စေဖြစ်ဆို တော်ပြန်ရာပေါ့ကွယ်”
နွားကြည့်   အိမ်ပေါ်တက်   ပြန်အိပ်သွားလေ၏။   ၁၉၇၇ ခုနှစ်   ယောက်က္ခမကြီးဒေါ်မြရင်    ရန်ကုန်ဆေးရုံကြီးမှာ    ကွယ်လွန်သောအခါ    ကျန်ရစ်သူ    ယောက်က္ခထီးကြီး ဦးဖိုးချီအား      ပြုစုလုပ်ကျွေးရန်      ကျွန်တော်တို့      မိသားစု      ရန်ကုန်မှ    တောရွာသို့ ပြန်ဟြေင်းခဲ့ကြ၏။ ကြည့်မြင့်တိုင်မှ အိမ်နှင့် ဆိုင်ခန်းကို ရောင်းပစ်ခဲ့ကြ၏။ မိုးဦးကျလျှင် ယာလုပ်မည်၊ လယ်ထွန်မည်။ အလုပ်ဇယားဆွဲလက်၏။ တစ်ကောင်လျှင် ၅၀၀၀ တန်သောနွား   တစ်ရဉ်းဝယ်မည်၊   ဘယ်အကွက်တွေလုပ်မည်၊   ဘယ်သူ့ကိုအကူခေါ်မည် စသည်ဖြင့်။

“ဟေ့ကောင် ပါးစပ်နဲ့  တန်ရုံပဲ  ဟပ်ပါကွာ၊  အဟပ်မကြီးချင်စမ်းပါန့။ဲ
ငယ်ရာက ကြီးရတယ်ကွ၊   မင်းက    လခစားလူထွက်၊   လယ်ယာနဲ့   သိပ်နီးစပ်သေးတာမဟုတ်ဘူး၊ ဒီတော့ အစ ပထမ မှာ အဖိုးနည်း  ဝန်ပါနဲ့ နိုင်ရုံကလေးပဲ လုပ်ကြည့်ပါဦးကွာ၊ ကျွမ်းကျင်လာပြီဆိုတော့   နွားတစ်ရဉ်းမက   နှစ်ရဉ်းလုပ်ပေါ့ကွ၊   ၅၀၀၀  တန်နွားမကလို့ ၁၀၀၀၀ တန်နွားနဲ့ပဲလုပ်လုပ်ကွာ”

အထက်ပါစကားကြောင့် ကျွန်တော်တို့ သမီးယောက်ဖနှစ်ယောက်လည်း ခပ်သင့်သင့် နွားတစ်ရဉ်းကို  ဝယ်ခဲ့ကြခြင်းဖြစ်ပါ၏။  နွားနှစ်ကောင်  အိမ်ရောက်၊ နှမ်းဖက်နဲ့ ဖိ၊ နံစားနဲ့ဖိလိုက်တော့ တပေါင်းလပြည့်နေ့က ဝယ်တဲ့နွား တန်ခူးလပြည့်မှာ ဝဝဖြိုးဖြိုး စိုစိုပြည်ပြည်ကြီးတွေ ဖြစ်နေကြပါပြီဗျာ။ မိုးရွာ ယာထွန်တော့ ကျွန်တော့်နွားတစ်ရဉ်းဟာ ခုန်ခိုင်းလို့ရနေပါပြီ။ ၅၀၀၀ တန်ဆိုတာကြီးတွေနဲ့ နင်လားငါလားပါပဲဗျာ။ ရုန်းအား ဆွဲအားကောင်းချက်ကတော့။    ထိုအခါကျမှ   ကျွန်တော့်ယောက်က္ခထီးကြးကို    ကျိတ်ပြီး
ကျေးဇူးတင်နေပြန်ပါ၏။

“ခိုင်းဖြစ်စေဖြစ်ဆို တော်ပြန်ရောပေါ့ကွယ်” သူဟြေတဲ့စကား။ ကျွန်တော်သည် ထိုနွားတစ်ရဉ်း လူငှားတစ်ယောက်နဲ့ နှစ်နှစ်ယာလုပ်လိုက်၏။ သုံးနှစ်ရောက်သောအခါ   နောက်ထပ်နွားတစရဉ်းထပ်ဝယ်၊   လူငှားတစ်ယောက်ထပ်ငှား၍
နှစ်ရဉ်းကိုင်လုပ်လေ၏။ ယာခင်းကွက် နည်းနေသဖြင့် သူများထံမှ ယာခင်းကွက် ဝယ်၍ လုပ်ငန်းကို တိုးချဲ့ရ၏။

ကျွန်တော့်ယောက္ခထီးကြီး      အသက်      ၉၀     အရွယ်      ၁၉၉၃      ခုနှစ်က ကွယ်လွန်သွားလေ၏။      သူကွယ်လွန်သွားသော်လည်း      သူ့စကားများကို      ယနေ့တိုင် ကျွန်တော့်နားထဲ      စွဲကျန်ရစ်နေပါ၏။      ငယ်ရာက     ကြီးရမယ်တဲ့ဗျာ။      ပါးစပ်ဆံ့ရုံပဲ ဟပ်ပါတဲ့ဗျာ။   ကျွန်တော်သည်   ထိုအဆိုအမိန့်ကို  နှလုံးသွင်းပြီးသကာလ   ဘာလုပ်လုပ် ငယ်ရာက စခဲ့၏။ ခြေနိုင်လက်နိုင်က စခဲ့လေ၏။ မြေပဲဆားလှော်ကို တစ်နေ နို့ဆီနှစ်ဘူးစာ
မြေပဲဆန်ဖြင် စလှော်ခဲ့လေ၏။ မြေပဲယိုထိုးသောအခါ ကြံသကာတစ်ပိဿာ၊ ကပ်စေနဲ ၅၀ ကျပ်သား၊  လှော်ပြီးသားမြေပဲဆန်  နို့ဆီလေးလုံးမှ  စတင်ခဲ့လေ၏။
၁၉၈၃ ခုနှစ်က အိမ်တစ်လုံး    (မြေကွက်ပါ)     ကို    ၂၄၀၀၀    ဖြင့်ဝယ်ယူခဲ့လေ၏။   မီတာဘောက်မပါ၊
ရေတွင်းမတူးရသေး။  အိမ်သာက      တွင်းအိမ်သာ။ မြေပဲဆားလှော်လုပ်ငန်းလေး အခြေတည်မိ၍  ငွေပိုကလေးရလာသောအခါ   အခေါက်ရွှေတစ်မက်သား    (လေးပဲသား) ပြေးဝယ်၍ လက်စွပ်ကလေးကွင်းလိုက်၏။ ကိုးကွင်းဆယ်ကွင်း စုမိသောအခါ မီတာဘောက်ကို  ဝယ်လိုက်၏။ ငွေပိုကလေးဖြင့်   ရေတွင်းတူးရ၏။   ရေလောင်းအိမ်သာ
ဆောက်ရ၏။ အိမ်ကွက်တိုးချဲ့ဝယ်ရ၏။ အိမ်ကလေးကို   ဖျက်၍  အလုပ်ရုံ   အခိုင်အခံ့ဆောက်ရ၏။

“တော်တော်ကြဲခဲ့ရတာပဲနော်”

“ဒါပေါ့ဦးနားဝေရာ၊     ဗြုန်းဆို     အလုံးလိုက်     အခဲလိုက်ကြီး     မထုတ်နိုင်တော့ ကိုယ့်ငွေအားကလေးကြည့်ပြီး နိုင်တန်ရာကလေး စခဲ့ရတာပေါ့”

“ခုတော့လည်း အကျယ်ကြီး၊ အကြီးကြီးပဲနော်”

“အဲဒါ   ကောင်းတာပေါ့ဗျာ၊   ငယ်ရာကကြီးရတာ   အရသာရှိတယ်ဗျာ၊ ကျုပ်က ကြီးရာက ငယ်သွားမှာကိုကြောက်တာ”

ကျွန်တော့်သူငယ်ချင်း    ဒေါက်တိုသည်    လက်ဖက်သုပ်စား၊    အဖန်တစ်ကျိုတ် သောက်ရင်း  ဝင်ထောက်လေ၏။ ဒေါက်တိုဟြေလိုက်သော  စကားကြောင့် မီးဖုတ်ထားသော  တရွှင်းပူဖြင့်  တင်ပါးအထိုးခံရသောနွားကဲ့သို့    လန့်ဖျပ်သွားမိလေ၏။ (တောရွာမှာ     နွားရောဂါကင်းအောင်     သံပူကပ်ကြ၏။)     မှန်ပါသည်။     သူငယ်ချင်းဒေါက်တိုစကား     မှန်ပါသည်။     ငယ်ရာကကြီးရတာ  အရသာရသလောက်    ကြီးပြီးမှ
ငယ်သွားမည်ဆိုပါလျှင်။ ကျွန်တော်မတွေးရဲ၊ ကြက်သီးမွေးညင်းများထောင်ထလာပါ၏။

                             မောင်ချမ်းသာ

Friday, August 24, 2018

လက်သံ နဲ့ လေသံ



မုံရွာသား ၂ ယောက် ရဲ့
                လက်သံ  နဲ့   လေသံ

ဆိုင်းဆရာ မုံရွာ စိန်ထွန်းဝေ ရဲ့ လက်စွမ်းပြ  " မိုး ” တီးလုံးတီးကွက် ကို video မှာ ကျွန်တော် ဝင်ရှုပ်ထားတာပါ။
        ဆရာ မုံရွာ စိန်ထွန်းဝေ ရဲ့ လက်သံ သက်သက်ပဲနားဆင်ချင် ကြရင်ဖြင့် အောက်မှာ ပေးထားတဲ့ လင့်ခ် တွေကနေ ဒေါင်း ယူတော်မူကြပါ။ လက်စွမ်း တကယ် ပြထားတာပါ။
mp3 ဖိုင်ဆိုဒ်က 9.3 Mb

https://my.pcloud.com/publink/show?code=XZS73s7ZUxLuvAzylXzSrdLWpVsHgLSuTf17

http://picosong.com/w5LaP


                      မိုး

 တေးရေး အလင်္ကာကျော်စွာ ရွှေပြည်အေး တေးဆို ကိုမြကြီး

◼ ( ၀သန်ခါမီ လရာသီ ပြာရီရစ်ဝိုင်း မှိုင်းလဲ့လဲ့ ဆိုင်းနွဲ့နွဲ့ သိုင်းဖွဲ့လို့ဟန်ချီ မင်းလွင်ဆီ ညိုရောင် မှောင်ခိုး မိုးလအခါမီ ဖြိုးဖြိုးလျလျ စွေလှသည် )
◼( ဂျိုးဂျိမ့်သံ မာန်တင်းကာပ အသူရာ သိကြားမင်းက စစ်ခင်းကာပြိုင်ကြပြီ သြော် ဂျိုးဂျိမ့်သံ မာန်တင်းကာပ အသူရာ သိကြားမင်းက စစ်ခင်းကာပြိုင်ကြပြီ စိတ်မကျေနိုင် အနိုင်လုတော့ အေးလှပါသည် ထွေးစရာ ဗလာအထည် ဆွေး ဆွေး ဆွေးရတာရှည် ဇာကတ္တီဗွေဆိုင် ဖြေနိုင်ပါပဲ မလုံ့တလုံ့ ခြုံလွှာမွဲလို့ မစုံဖော်ကွဲ သည်းကြွေလုပြီ သြော် ဘယ်ခါမှ အတူတကွနေရပါမည် နွေးစရာ့အတည် ဆွေ နှမဒါလီ ဝေး ဝေး ရ ပြီ )
◼လိုက်တော်မူ သင့်ပါရဲ့ အခွင့်ကို မျှော် လိုက်တော်မူ သင့်ပါရဲ့ အခွင့်ကို မျှော် လိုက်တော်မူ သင့်ပါရဲ့ အခွင့်ကို မျှော် မသင့်တော် သလို ပ တစ်မေခင်လွဲ ရွှေရင်ထဲမှာဖြင့် ကွဲလုပြီ စွဲသူ့ မျက်ရည် မျက်ရည် စွဲသူရဲ့ မျက်ရည် သြော် ရက်ရှည်ရှည် ဆွေးတယ်လေး သွေး ကဲ့သို့ နီ
◼ သံစုံရင့်ကျူး မြူးခဲ့ပြီ သြော် လေဦးမိုးသက်ချီ တရွေ့ရွေ့နဲ့ မိုးငွေ့တွေ လေချီ ငွေချည်ငွေပန်း တန်းကာကျပြီ ဆန်းစွာလှသည် လွမ်းတာကရှည် ပန်းလျဝေရီ တမ်းတလို့ပဲ ဖြေမဆည်နိုင်တော့ပြီ

ဗျာကြီး က်ြယက်


ဗျာကြီးကြက်ယက်    🐓

၂၀၀၂ ခုနှစ် သြဂုတ်လ ၁ ရက်။ ပဲစင်းငုံ ၇၁၅၀။ ပဲတီစိမ်း ၇၀၀၀။ ပြဲကီး ၈၈၀၀။ ကုလားပဲ  ၇၂၀၀။ နှမ်းသစ်  (ညံ့)  ၄၂၀၀၀။ နှမ်းဟောင်း  ၄၇၀၀၀။ မတ်ပဲအေး၊  ဆီပဲဆန်  ၉၅၀။    မုန့်ပဲလုံးဆန်      ၁၈၀၀၀။    ကြက် ၂၀၀၀။    ဝက်   ၁၆၀၀။     အမဲ၁၆၀၀။

၂၀၀၁ ခုနှစ်၊  ဇူလိုင်လ ၁၅ ရက်။ ပဲတီစိမ်း  ၅၇၀၀။ နှမ်း  ၆၁၀၀ (တစ်တင်း)။ သုံးတင်းတစ်အိတ်  ၁၈၃၀၀။ နှမ်းဆီ ၇၅၀။ ကြက် ၂၀၀၀။ အမဲ ၈၀၀။ ဆား  ၆၂  ကျပ်။ မုန့်ပဲလုံးဆန်  ၆၀၀၀။ ပဲခွံတစ်အိတ်  ၈၀။ ဒိုင်ယာရီနှစ်အုပ်ကို  တိုက်ဆိုင်မှတ်သားနေစဉ် ကျွန်တော့်မိန်းမသည် အနားသို့ ရောက်လာလေ၏။

“ မောင်ရေ…     မြေပဲဆန်      ကုန်ကြမ်းဈေးမြင့်လွန်းလို့       ဆားလှော်လုပ်ငန်း ရပ်ထားရတာ တစ်လပြည့်တော့မယ်၊ ဝင်ငွေမရှိ ဘာမရှိနဲ့ ထိုင်စားတွေဖြစ်နေပြီမောင်”

“ထိုင်မစားလို့ ထစားရမှာလားကွ”

ဟုတ်တယ်ဗျာ၊ သည်မှာ အလိုလိုမှ အကြံအိုက်နေရတဲ့အထဲ သူကတစ်မှောင့်ဗျာ။ “ဟာကွာ… မောင်ကလည်း၊ သူများ အကောင်းဟြေတာကို”
အမှန်မှာ       သူပူမည်ဆိုလည်း        ပူလောက်ပါ၏။        လုပ်ငန်းရပ်ထားရတာ  တစ်လတင်းတင်း ပြည့်သွားပါပြီ။

“ပဲတီစိမ်း ခြွေလှေ့စက် ထောင်ရ ကောင်းမလားလို့ မောင်စဉ်းစားနေတာကွ”

“အဲလို   လုပ်စမ်းပါမောင်ရယ်၊   ဝင်ငွေ   ပုံမှန်လေးနဲ့   ဆိုတော့  ထမင်းစားရတာ
ဖြောင့်တာပေါ့”

“ဝင်ငွေကတော့ ပုံမှန် မဟုတ်ဘူးပေါ့ကွာ၊ ပဲတီစိမ်းပေါ်တဲ့အချိန် ဇူလိုင်လမှာ တစ်ကြိမ်၊ အောက်တိုဘာနိုဝင်ဘာမှာ တစ်ကြိမ် နှစ်ကြိမ်တော့ အလုပ်ဖြစ်တယ်ကွ”

“စုံစမ်းကြည့်ပါလားမောင်”

“ မောင် စုံစမ်းပြီးပြီ၊ မြောက်ပိုင်းက ကိုမျိုးမြင့်တို့ဆင်တဲ့ စက်တွေသွားကြည့်ပြီးပြီ၊ အခိုင်အခံ့   အကောင်းစား   ဒီနေ့ပေါက်ဈေး   သုံးသိန်းခွဲ၊   အင်ဂျင်မပါ၊   အင်ဂျင်က  ၂၁
ကောင်ကိုသုံးရမယ်တဲ့၊   အင်ဂျင်ဈေးတော့  မစုံစမ်းရသေးဘူး၊  အင်ဂျင်နဲ့ဆို ခြောက်သိန်း၊ ခုနစ်သိန်းလောက်တော့ သွားလိမ့်မယ်ထင်တယ်”

“ပဲတီိစိမ်း ပြီးရင်ဘာလုပ်လို့ ရသေးလဲ”

“ပဲတီစိမ်းပြီးရင်တော့    တပေါင်းတန်ခူးမှာ    ကုလားပဲပေါ့ကွာ၊    သူက   ပဲတီစိမ်းလောက်တော့ အားမကောင်းလှဘူး၊ သင့်ရုံပဲရမှာ၊ ပဲတီစိမ်းကတော့ မိန်းပေါ့ကွာ”
“ဒီလိုဆို အခြားတစ်ခု စဉ်းစားဦးမောင်”
“မောင်လည်း စဉ်းစားရတာ ခေါင်းပူနေပြီကွာ”

မှန်ပါတယ်ခင်ဗျာ့၊ ကျွန်တော်တို့လုပ်ငန်း လုပ်နေကြသူများဟာ မိမိလုပ်ငန်း ပုံစံပျက်သွားတယ်ဆို နည်းနည်း ယောင်သွားတက်ကြတယ်။ လောဘ၊ သောက ဦးဆောင်တဲ့နောက် ပါနေရတာကိုးဗျာ့။

“ ဟေ့ကောင်… ချမ်းသာ၊ ငါ မင်းကိုကြည့်မရချင်တော့ဘူး”

“ဟင်… အပါးကလည်း… အလိုလိုမှ စိတ်ညစ်နေရတဲ့အထဲ”

တစ်နေ့  အပါး   (တရုတ်အဖိုးကြီး   ဦးခွေးလေး)   ဆီရောက်သွားတော့   အပါးက ဆီးဆူတယ်ဗျာ့။        အမှန်က       သူ့ဆီ       အကြံဥာဏ်တောင်းရအောင်       သွားတာ။ သူက ပဲကြီးလှော် လှော်ဖူးတယ်။ ပဲခြမ်းကြော် ကြော်ဖူးတယ်။ လက်ဖက်စို၊ လက်ဖက်ခြောက်လုပ်ငန်းလဲ လုပ်ဖူးတယ်။

“မင်းကွာ…        ဆပ်ဟြသည်       လင်ပျောက်တဲ့အတိုင်း        ယောက်ယက်ကို ခတ်နေတာပဲကွာ”

“ဆပ်ဟြသည်     လင်ပျောက်တာ    ဘာအကြောင်းလဲ     အပါးရယ်၊     နောက် တစ်ယောက် ကောက်ယူလိုက်ရုံပေါ့ ရှာကျွေးနိုင်ရင် ပြီးတာပဲဗျာ”

“မင်းကိုဟြေလိုက်ရင်    သည်လိုချည်းပဲ၊   ရွှတ်နောက်နောက်နဲ့ကွာ၊    ငါနားသယ် ပိတ်ထိုးလိုက်ရ ဟင်း…”

အပါးက    သူ၏   သန်မာလှသော   လက်ကြီးနဲ့    ကျွန်တော့်ညာဘက်နားရွက်ကို လိမ်ဆွဲလိုက်ရာ ပဲ့ပါသွားပြီလားမှတ်ရပါ၏။ နာလိုက်သည့်ဖြစ်ခြင်း။

“ ဟေ့ကောင်… မြဲမြဲမှတ်”
“ ဟြေ အပါး”
“အဟြေင်းအလဲတစ်ခုဖြစ်တိုင်း       အရမ်းမပျာရဘူးကွ၊       “ဗျာကြီးကြက်ယက်”
ဆိုတဲ့စကား ကြားဖူးလား”
“ကြားဖူးတယ် အပါး”
“ မြင်ကော မြင်ဘူးလား”
“ မြင်ဘူးတယ်  အပါး၊  ကျွန်တော်ငယ်ငယ်တုန်းက  နေ့ခင်းတိုင်း  စပါးလှန်းဖျာကို ကြက်စောင့်ရဖူးတယ်”

“ဘာတွေ့လဲ”

ကျွန်တော်ငယ်ငယ်က စပါးလှန်းဖျာစောင့်ရသည်များကို ပြန်မြင်ယောင်မိပါ၏။ အိမ်ရှေ့  ကြမ်းပြင်ပေါ် နေပူကျဲကျဲကြီးမှာ ဖျာခင်း၍ စပါးများကို လှန်းထားပါ၏။ ကြက်ဖ သို့မဟုတ်  ကြက်မ   သည်   မြေပြင်မှ  ကြမ်းပြင်ပေါ်သို့အားယူ၊   ဝုန်းခနဲခုန်တက်လာကာ စပါးလှန်းဖျာကို      ဂျက်ဂျက်     ဂျက်ဂျက်နှင့်ယက်နေ၏။      တကယ်ဆို     စပါးစေ့တွေ အများကြီးဗျာ၊      တစ်စေ့ချင်းကောက်စားစမ်းပါ၊      စလုပ်တောင်ပေါက်ထွက်သွားဦးမယ်၊ ဟုတ်ဘူးဗျာ၊   အပြေးအလွှား   ကပျာကယာ   ယက်လိုက်၊  ကောက်လိုက်၊  အမလေးဗျာ၊ သူ့ပါးစပ်ထဲရောက်တာက       တစ်စေ့နှစ်စေ့       အောက်ကမြေပြင်ပေါ်ရောက်သွားတာက တစ်ပြည်သားလောက်ဗျာ။

“ဟ… ကြက်မ”

ကျွန်တော်က  မောင်းချ၊  သူကခုန်ဆင်းသွား၊  အောက်မှာ ကျနေတဲ့ စပါးတွေကို ကြက်ကလေးတွေက  အေးအေးဆေးဆေးကောက်စား၊ ကျွိကျွိ  ကွိကွိနဲ့။  ဟာ… မကြာဘူး၊ သူကတက်လာပြန်ပြီဗျို့။ ဝုန်းခနဲ ယက်ပြန်ပြီဗျာ။ တဂျက်ဂျက်။ ကျသွားပြန်ပြီ၊ စပါးစေ့တွေအောက်ကို။  အေးအေးဆေးဆေးယက်ရတာ   မဟုတ်ဘူး။  လောက်စာလုံးမှန်မှာကလည်း
ကြောက်ရတော့ ကပျာကယာ ယက်ရတာ။
“ဘာတွေ့လည်း” အပါးကထပ်မေးတယ်။
“အယ်…         တွေ့တယ်အပါး၊  သူ့ပါးစပ်ထဲရောက်တာက          နည်းနည်း
အောက်ထွက်ကျသွားတဲ့ စပါးက များနေတယ် အပါး”

"အေး… ဒီသဘောပဲကွ၊ ဒါမဟန်သေးဘူးဆို ဟိုဟာဟြေင်း ဟိုဟာမဟန်သေးဘူးဆို   ဒီဟာဟြေင်း၊    အကျိုးအမြတ်ရတာက   နည်းနည်း   ဆုံးရှုံးမှုက
များနိုင်တယ်ကွ၊ ဗျာများလေဆိုးလေပဲကွ”

“ဟုတ်ကဲ အပါး”

“နည်းနည်း      အချိန်ယူပြီး      ခေါင်းအေးအေးနဲ့      စဉ်းစားကွာ၊      စဉ်းစားပြီးပြီ
လေ့လာပြီးပြီဆို မှထလုပ်ကွာ၊ အမှားနည်းတာပေါ”

အပါးက ကျွန်တော် သွေးပူပြီး ထင်ရာစွတ်မလုပ်မိဖို့ သတိပေးတာခင်ဗျာ့၊ အင်း… သူက အသက် ၈၀ ကျော်၊ ခေါင်းဖြူစွယ်ကျိုး ထုသားပေသားရနေတဲ့ တရုတ် အဘိုးကြီးကလားဗျာ၊ သူ့အကြံဉာဏ်ဟာ ကျွန်တော့်အတွက် အဖိုးတန်ပေတာပေါ့ဗျာ။ သူဟြေလို့ဗျာ၊ နို့မို့ဆို ကျွန်တော်က ထင်မိထင်ရာ စွတ်ချတော့မှာ။

(စွတ်ချတာ          မှန်တဲ့အခါလည်း          မှန်တက်တယ်။        အခြားတစ်ဖက်မှ
ဟြေင်းပြန်အတွေး။)
     
                                  မောင်ချမ်းသာ

စောင့်မနေနဲ့


စောင့်     မ     နေ      နဲ့
ⓛı Ⓓⓞⓝ'ⓣ   ⓦⓐⓘⓣ. ıⓛ

“ဟလို…. မောင်မောင်လားဟေ့”
“ဟုတ်ကဲ့ခင်ဗျာ၊ ဘယ်သူပါလိမ့်”
“ချမ်းသာပါကွ”
“ ဟြေ… ဦးလေး”

“ဒီလိုကွာ….    မင်းတို့    သြဂုတ်လ    ၁၃   ရက်နေ့   (အင်္ဂါနေ့)    က    လွှဲတဲ့ငွေ ခုထိရောက်မလာလို့”

“ဟင်… ဘယ်လိုဖြစ်ပါလိမ့်၊  အရင်က နေ့ချင်းလွှဲ နေ့ချင်းရောက်ပါတယ်၊  စောင့်ရနောက်နေ့ပဲ”

“ အေး…   တစ်ခုခုတော့  တစ်ခုခုပဲ၊ ဒီနေ့  ၁၅  ရက်နေ့  (ကြာသပတေး)   အခု ဆယ့်နှစ်နာရီခွဲနေပြီ၊ ဘဏ်ကဖုန်း ခုထိဝင်မလာလို့”

အောင်လံ ရိုးမဘဏ်ကို ဆက်ကြည့်ပြီးပြီလား”

“ဆက်ကြည့်ပြီးပြီ၊   အင်္ဂါနေ့က   ပဲခူးကလွှဲတဲ့ငွေ   ခုထိရောက်မလာတဲ့အကြောင်းဟြေပြီးပြီ၊ မင်းလည်း ပဲခူးဘဏ်ကိုမေးကြည့်ဦး၊ ဖုန်းချထားလိုက်မယ်”

ကျွန်တော် ဖုန်းချထားပြီး စာရေးရင်းစောင့်နေလိုက်၏။ ဆယ်မိနစ်ခန့်ကြာသော်- “ကရင်… ကရင်… ကရင်”

“ မောင်မောင်လား”

“ဟုတ်ကဲ့ဦလေး၊  ပဲခူးအာရှဓနဘဏ်က  ဖက်ဇ်အမှတ် ၃၂၀၄ နဲ့ ၁၃ ရက်နေ့က
လွှဲလိုက်ပြီလို့ဆိုတယ်”
“ အေး… ကောင်းပြီ”
ပဲခူးနဲ့ဖုန်းဖြတ်၊         အောင်လံ         ရိုးမဘဏ်သို့ဆက်၊         အကျိုးအကြောင်းကောင်းစွာမသိရ။   နာရီကြည့်လိုက်တော့   ၃း၁၅   နာရီ။  စောင့်နေလို့မဖြစ်ဘူး၊   သူ့ဖုန်း၊ ဘယ်တော့လာမှန်းမသိ။     သူတို့အလုပ်နဲ့    သူတို့ရှုပ်နေကြတာ     (ဘဏ်များ     အလွန် အလုပ်များတယ်။   သွားကြည့်၊    တွေ့မှာပါ။)    ကိုယ်တိုင်လိုက်သွားတာပဲ    ကောင်းတယ်။ စက်ဘီးပေါ်တက်၊ ဂျောက်ဂျက် ဂျောက်ဂျက် နင်း၊ ဘဏ်သို့ရောက်။

“ဖက်ဇ်နံပါတ်     ၃၂၀၄      နဲ့ပဲခူး       အာရှဓနဘဏ်က      ၁၃       ရက်နေ့က ပို့တယ်လို့ဟြေတယ်”

တယ်လီဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေသော စာရေးမကိုဟြေ။ ထိုစကားကို မန်နေဂျာက ကြားသွား၊ သူ့စားပွဲမှ ထလာ။

“လာပါဦး၊ ထိုင်ပါဦး”

ဘဏ်မန်နေဂျာ အမျိုးသမီး  ခပ်ချောချောက သူ့စားပွဲရှေ့မှာ ထိုင်ခိုင်း အကြောင်းစုံကိုမေး။ ကျွန်တော်က ရှင်းပြ။ နာရီကြည့်လိုက်တော့ သုံးနာရီခွဲနေပြီ။ အချိန်သိပ်မရှိတော့ပါ။

“ရန်ကုန်ကို တင်ပေးစမ်း၊  ရန်ကုန်ကို တင်ပေးစမ်း၊  ခဏလေးနော်ဦးလေး”
“ဒီလိုလုပ်ပါလား၊ ဒီနေ အချိန်မရှိ၊ နက်ဖြန်မှ ကျွန်တော်…”

“ဟာ… မပြန်ပါနဲ့ဦးလေး၊ ကျွန်မ ကြိုးစားကြည့်ဦးမယ်”

“ရန်ကုန်ရပြီ”

စာရေးမတစ်ယောက်က       အော်။      မန်နေဂျာ     သူ့စားပွဲမှထ။       ရန်ကုန်မှ သက်ဆိုင်ရာတာဝန်ရှိသူနဲ့ အပြန်အလှန်ဟြေ။ အိမ်ပြန်ရန်ဟန်ပြင်နေသော  ကျွန်တော့်ဆီ လှမ်းလက်ကာပြ။ မပြန်နဲ့ဦးဆိုတဲ့သဘော။

“ရမယ်ဦလေး၊   ခဏစောင့်ပြီးထုပ်ယူသွားပါ၊    မနေ့က  တစ်နေ့လုံး    ရန်ကုန်မှာ မုန်တိုင်းရှိလို့  အွန်လိုင်း  (on  line)က အလုပ်လုပ်မရဘူး၊  အခု  သမားရိုးကျနည်း  ဖက်ဇ်နဲ့ ပို့လိုက်ပြီ”

“ရပြီ ဦးလေး”

ဘဏ်မန်နေဂျာက ရန်ကုန်မှပို့လိုက်သော ဖက်ဇ်စာရွက်ကို   ကိုင်မြောက်လို့လာ၊
ပြုံးရွှင်သောမျက်နှာနဲ့။   ကျွန်တော့်ရှေ့သို့ရောက်   ဆိုင်ရာစာရေးမလက်ထဲ   ဖက်ဇ်ကိုအပ်။ ကျွန်တော်က  သူတို့ထိုးခိုင်းတဲ့  နေရာလက်မှတ်ထိုး၊  ရပြီ  ငွေကျပ်  ၂၀၀၀၀၀ (နှစ်သိန်း)။
၁၄     ရက်နေ့က    ဘဏ်က     ဖုန်းဝင်လာမလား၊     တစ်နေကုန်စောင့်၊     ဖုန်းမလာပါ။
စိတ်မရှည်တော့သဖြင့်   ၁၅    ရက်နေ့   ၁၂း၃၀    နာရီ   ပဲခူးကိုဖုန်းဆက်၊     အောင်လံ ရိုးမဘဏ်ဆက်။     ခုလိုဆိုတော့လည်း      မြန်လိုက်တာ၊     ချက်ချင်းကြီးဗျာ။ ဘဏ်မန်နေဂျာ မိန်းမချောလေးနဲ့တကွ  ဘဏ်ဝန်းထမ်းများကို  နှုတ်ဆက်၊  ဘဏ်ထဲမှ ထွက်ခဲ့။    ထိုင်စောင့်မနေတော့ဘဲ  ကိုယ်တိုင်သွားလိုက်တဲ့    အကျိုး    လက်ငင်းခံစားရ။
မောင်မောင် ဖုန်းနားမှာ ထိုင်စောင့်နေလိမ့်မည်။

“ မောင်မောင်ရေ…    ရပြီဟေ့၊       မနေ့က      မုန်တိုင်းရှိနေလို့       အွန်လိုင်းက ဆက်မရလို့တဲ့ကွာ”

မောင်မောင်ထံ ချက်ချင်းဖုန်းနဲ့ သတင်းပို့။  သူလည်းဟင်းခနဲ  ပင့်သက်ပြင်းချ။ ကျွန်တော်လည်းသက်ပြင်းချ။

“ စောင့်မနေနဲ့၊ စောင့်မနေနဲ့”

ကျွန်တော့်ခေါင်းထဲ ၁၉၆၃ ခုနှစ်ကတည်းက ရိုက်ထဲ့ထားခဲ့သည့် စကားလုံးများ။

“ စောင့်မနေနဲ့”

ကျွန်တော်  ငေးငေးငိုင်ငိုင်  ငူတူတူဖြစ်နေလျှင် အပါးက  ကျွန်တော့်ဖင် သံချွန်နဲ့ထိုးလေ၏။ (တရုတ်ကြီး ဦးခွေးလေးကို ကျွန်တော်က ချစ်စနိုး “အပါး” ဟုခေါ်ပါ၏။)

“ငါ့မှာ မွေးထားတဲ့ သားသမီး ၁၀ ယောက်ရှိတယ်၊ ထိုင်စောင့်နေ ဒီပါးစပ်ပေါက်တွေ ဘာနဲ့ ကျွေးမလဲကွ၊ ငါ့မှာ အမြဲ အလုပ်လုပ်နေရတယ်”

အပါးသည်  ဆေးရွက်ကြီးများကို  ဂုန်နီအိတ်နှင့်  လှိမ့်၍ အလိပ်ကြီးလုပ်နေရင်းမှ
အော်ဟြေလေ၏။  သူ့  အသက်  ၈၀  ကျော်  ၉၀  နား   ကပ်နေပြီ။   သွားကျိုး၊   ပါးကျိုးနဲ့
လုပ်နေတုန်းဗျာ။ ဘာကိုမှ စောင့်မနေပါ။ မသေမချင်းလုပ်မယ့်လူကြီး။

                                  မောင်ချမ်းသာ

နှစ်ပေါင်း ၄၀ က ပေါက်ကျိုင်း



နှစ်ပေါင်း ၄၀ က ပေါက်ကျိုင်း
အခု တင်ပေးလိုက်တဲ့ အခွေ ထဲမှာ
လူငယ်တွေကို လက်တွဲခေါ်ခဲ့တယ်
နောက်နှစ်တွေမှာ လူငယ်တွေကိုရှေ့တန်းတင်ခဲ့တယ်
အကြော်တစ်ခု တစ်မတ်
ထမင်းတစ်ပွဲ ငါးကျပ်  တဲ့ ဈေးကြီးလာလို့သံချပ်ထဲ ထည့်စပ်တယ်
လေတပ်က အရာရှိ က သူ့ကောင်မလေး
ဝမ်းကျောင်းက ဆရာမကို လေယာဉ်နဲ့ကျောင်းပေါ်မှာ ပျံဝဲပြီး လာပိုးတာလဲပါရဲ့
ဘဏ်ဝန်ထမ်းတွေ သိန်း၅၀ဖောက်တာလဲမကျန်ပါဘူး
ကြာချိန်က မိနစ် ၄၀ ကျော်
ဖိုင်ဆိုဒ်က 10 Mb ရှိပါတယ်
နားဆင်လိုရင် link သုံးခုတင်ပေးထားပါတယ်
အဆင်ပြေတဲ့ link ကနေ down ကြပါ

အတာရေနဲ့ အေးချမ်းကြပါစေ...

picosong ကနေဒေါင်းရန်

goigle drive ကနေဒေါင်းရန်

mediafire ကနေဒေါင်းရန်

Thursday, August 23, 2018

မယ်ဒလင် ၂ လက်နဲ့ မိုး


မနေနိုင်လို့ ဆိုလိုက်ပြီ ။
မယ်ဒလင်ဆရာ နှစ်ဦး ရဲ့ လက်စွမ်းကို လေးစားပါသည်။ နောက်နောင်လည်း တင်ပေးပါ။  ကျေးဇူးပါ ။

⛈️  မိုး  🌧️

အလင်္ကာကျော်စွာ ရွှေပြည်အေး ရဲ့ တေးလက်ရာပါ ။
မူရင်းသီဆိုသူ ကိုမြကြီး ရဲ့ သီချင်းမှာ သူကိုယ်တိုင်ပဲ စန္ဒရား ကို လက်စွမ်းပြ တီးပေးခဲ့ပါတယ် ။
       Mp3 တေး မှာ စန္ဒရား နဲ့ တယော တီးခတ်ထားတဲ့ဟာကို တင်ပေးထားပါတယ်။ ( တီးလုံးသီးသန့်ပါ  )

picosong ကနေ ယူပါလေ....

pcloud ကနေ ဒေါင်းနိုင်သည်

အပေါ်က လင့်ခ် ၂ ခုမှာ တင်ပေးထားပါတယ်။
သင်ကိုယ်တိုင် သီဆိုနိုင်ပါပြီ။


                   မိုး

တေးရေး   အလင်္ကာကျော်စွာ ရွှေပြည်အေး
တေးဆို    ( သင် ကိုယ် တိုင်  )

          ☔၀သန်ခါမီ လရာသီ  ပြာရီရစ်ဝိုင်း မှိုင်းလဲ့လဲ့  ဆိုင်းနွဲ့နွဲ့ သိုင်းဖွဲ့လို့ဟန်ချီ  မင်းလွင်ဆီ ညိုရောင် မှောင်ခိုး မိုးလအခါမီ  ဖြိုးဖြိုးလျလျ စွေလှသည်

           ☔ဂျိုးဂျိမ့်သံ မာန်တင်းကာပ အသူရာ  သိကြားမင်းက စစ်ခင်းကာပြိုင်ကြပြီ သြော်  ဂျိုးဂျိမ့်သံ မာန်တင်းကာပ အသူရာ သိကြားမင်းက  စစ်ခင်းကာပြိုင်ကြပြီ စိတ်မကျေနိုင် အနိုင်လုတော့  အေးလှပါသည် ထွေးစရာ ဗလာအထည် ဆွေး ဆွေး ဆွေးရတာရှည်  ဇာကတ္တီဗွေဆိုင် ဖြေနိုင်ပါပဲ မလုံ့တလုံ့ ခြုံလွှာမွဲလို့  မစုံဖော်ကွဲ သည်းကြွေလုပြီ သြော် ဘယ်ခါမှ အတူတကွနေရပါမည်  နွေးစရာ့အတည် ဆွေ နှမဒါလီ ဝေး ဝေး ရ ပြီ

           ☔လိုက်တော်မူ သင့်ပါရဲ့  အခွင့်ကို မျှော် လိုက်တော်မူ  သင့်ပါရဲ့ အခွင့်ကို မျှော် မသင့်တော် သလို  ပ တစ်မေခင်လွဲ ရွှေရင်ထဲမှာဖြင့် ကွဲလုပြီ စွဲသူ့  မျက်ရည် မျက်ရည် စွဲသူရဲ့ မျက်ရည် သြော် ရက်ရှည်ရှည်  ဆွေးတယ်လေး သွေး ကဲ့သို့ နီ

           ☔ပဇ္စုန်ရယ် သံစုံရင့်ကျူး  မြူးခဲ့ပြီ သြော် လေဦးမိုးသက်ချီ  တရွေ့ရွေ့နဲ့ မိုးငွေ့တွေ လေချီ ငွေချည်ငွေပန်း  တန်းကာကျပြီ ဆန်းစွာလှသည် လွမ်းတာကရှည် ပန်းလျဝေရီ  တမ်းတလို့ပဲ ဖြေမဆည်နိုင်တော့ပြီ

Wednesday, August 22, 2018

ချစ်ဦးမောင့်ထံ ပြန်လာပါ


  🎧    ချစ်ဦးမောင့်ထံ ပြန်လာပါ

တီးလုံးသီးသန့်ကို အောက်က လင့်ခ် တွေမှာ ယူနိုင်ပါတယ်။ ဖိုင်ဆိုဒ်က  7 MB ရှိပါတယ် ။

pcloud မှ ဒေါင်းယူချင်ပါက နှိပ်ပါ။

picosong မှ ဒေါင်းယူချင်ပါက နှိပ်ပါ။


              ချစ်ဦးမောင့်ထံ ပြန်လာပါ


တေးရေး     တက္ကသိုလ်ချိုကြီး

            ◼ချစ်ဦးမောင့်ထံ ပြန်လာပါကွယ် အိပ်၍မပျော်သော ညညတွေ များဝယ် မျှော်လင့်တုန်း ကြော့ဆုံးလာလိမ့်မယ်ကွယ် တမ်းတတ လွမ်းရသူမယ် မေတ္တာအိမ်တံခါး အသင့်ဖွင့်ထားတယ် ညမှောင်မှောင် လရောင်မလင်း သော်လည်းကွယ် ငွေကြယ်တီးတိုး နှိုးလို့မင်းကို စောင့်ကြိုရ မောလှပါပြီကွယ် ချစ်ဦးမောင့်ထံ ပြန်လာပါလားကွယ် ချစ်ဦးမောင့်ထံ ပြန်လာပါလား အချစ်ရယ်

            ◼( သြော်... မောင့်ဆီကို ပြန်လမ်းက ပန်းခင်းလမ်းလည်း မဟုတ်ဘူးကွယ် ကြမ်းတမ်းခက်ထန်သည်ရှိမယ် ကွယ် မှောင်နှင့် မည်းမည်း လရောင်လည်း သဲကွဲ မလင်းတယ် ကြယ်ခင်းမစုံ မွှေးမှုံ နံ့သာမခြယ် ချွေးစို့စို့ အပြေးကလေးမို့ လာခဲ့သော်ငြား မောင့်ရင်ခွင်ကြား ထွေးထားသိပ်ပါ့မယ်အချစ်ရယ် အချစ်ရယ်ကွယ်  ချစ်ဦးမောင့်ထံ ပြန်လာပါလားကွယ် ချစ်ဦးမောင့်ထံ ပြန်လာပါလား အချစ်ရယ် )

           ◼ အို... ဘယ်ရပ်ဌာနေ စံလေသည်မှန်း မြန်းလေပြီ မသိတယ် လှောင်အိမ်မှ လွှတ်သော ငှက်ငယ်သဖွယ် ဝေးရာသို့ ပြေးခွါလို့ရှောင်ဖယ် မြစ်ဧရာကြောဝယ် စုန်ဆင်းရှာသော ဗေဒါပန်းပမာနှယ် ဘယ်ကမ်း ဘယ်သောင် ဘယ်ထိအောင်များ လွင့်ပါမျှော၍ နေပေမယ် ချစ်ဦးမောင့်ထံ ပြန်လာပါလားကွယ် ချစ်ဦးမောင့်ထံ ပြန်လာပါလား အချစ်ရယ်

           ◼ ( သြော်...ခုတော့လည်း ချစ်သူကိုယ့်ထံ မရောက်လာပြန်ဘူးကွယ် ဧရာဝယ် ဗေဒါနှယ် လွင့်ရှာသူမျော ဘယ်သို့သော သောင်ကမ်းဆီဝယ် နားခိုမှေးစက်နေသလည်းကွယ် သိုက်မြုံဝေးရာ ပြေးခွာလေသောငှက်ငယ် မုန်တိုင်းတွေကြားက ပြန်လမ်းများ မသိရော့လေသလားကွယ်   ချစ်ဦးမောင့်ထံ ပြန်လာပါလားကွယ် ချစ်ဦးမောင့်ထံ ပြန်လာပါလား အချစ်ရယ် )

Monday, August 20, 2018

ရှင်းရှင်းရေးပါလား


🖋        ရှင်းရှင်းရေးပါလား

“ဦးလေးချမ်းသာ ရှိလား”
 “အေးရှိတယ် လာကြလေ၊ အထဲကို”

မြင့်မြင့်နှင့် စိန်စိန်တို့ ညီအစ်မ အိမ်ထဲ ဝင်လာကြတယ်ခင်ဗျာ့။

“ဦးလေးချမ်းသာ ဒီမှာ အဖေ့စာရင်းစာအုပ်ထဲမှာ ဦးလေးက အုတ် ၉၅၀ ယူသုံးတယ်လို့ ရေးထားတယ်”

        ကလေးမလေးတွေက ဗလာစာအုပ်ထိုးပေး၊ ကျွန်တော်ယူကြည့်၊ ဘကြီးချို လက်ရေးနဲ့  ရေးထားသောစာကြောင်းများ။ မနှင်းအိ ၁၅၀၀။ မောင်ချမ်းသာ အုတ် ၉၅၀ ယူသုံး။   မလှကြီး ပေါင် ပုဆိုးတစ်။ ဝေဝေ ဒန်အိုး ၂၅ ကျပ်၊ အဖုံးမပါ။ စာရင်းက အရှည်ကြီးခင်ဗျာ့၊      အတိုကောက်တွေရော၊ အရည်ကောက်တွေရော။      သည်ထဲမှာ ကျွန်တော့်နာမည်  ပါနေတယ်။ မောင်ချမ်းသာ  အုတ် ၉၅၀ ယူသုံးတဲ့ဗျာ။ လွန်ခဲ့သော  ၁၀ နှစ်၊    ၁၉၉၂ ခုနှစ်မေလကဖြစ်ခဲ့တဲ့    အဖြစ်ခင်ဗျာ။ ကျွန်တော် နှစ်လုံးတွဲရေအိမ်သာ ဆောက်တယ်။ အဲသည် ရေလောင်းအိမ်သာဆောက်တော့ အုတ် ၈၀၀၀ ဝယ်ပုံထားတာဗျာ၊ ဆောက်နေရင်းတန်းလန်း အုတ်က မဖြစ်စလောက်ကလေး လိုနေတယ်ဗျာ့။

“ဟေ့ကောင်… ချမ်းသာ၊  မဖြစ်စလောက်ကလေး ဝယ်မနေပါနဲ့ကွာ၊ ငါ့ဆီကယူသုံး”

အခန့်သင့်ချင်တော့ ခြေရင်းအိမ်က ဘကြီးချိုက သူ့တိုက်ဆောက်ဖို့ ဝယ်ပုံထားတဲ့ အုတ်ပုံကြီးကို လက်ညှိုးထိုးပြတယ်။ အဲဒါနဲ့ ပန်းရံဆရာ ဦးထွန်းအေးကိုဟြေ၊ ပန်းရံတပည့်လေးများ သွားသယ်။

“၉၅၀ ရောက်ပြီ တော်တော့ဟေ့”

ရေလောင်းအိမ်သာ  ဆောက်ပြီး မကြာဘူးခင်ဗျာ့။  မေလကြီး နေအလွန်ပူတဲ့လကြီး။ နေ့လည် ၂ နာရီလောက်။

“ဦးလေး… ဦးလေး… လာကြည့်ပါဦး၊ ဘကြီးချို ဘာဖြစ်သွားမှန်း မသိဘူး”
သူ့မြေးမလေး  အပုစိန် ပျာပျာနဲ့ပြေးလာဟြေ။ ကျွန်တော် ကပျာကယာလိုက်ကြည့်။ ဘကြီးချို အသက်မရှိတော့ပါ။ မနက် ၈ နာရီလောက်က အကောင်းကြီးဗျာ့၊ ကျွန်တော်နဲ့ စကားဟြေနေသေး။ အရပ်ကူပါ၊ လူဝိုင်းပါ၊ လမ်းထဲက လူကြီးတွေ ပြေးခေါ်၊ လူငယ်လေးတွေခေါ်၊ သူ့သားသမီးများထံ ကြေးနန်းရိုက် အကြောင်းကြား။      (အဲသည်တုန်းက အောင်လံမှာ တယ်လီဖုန်း သိပ်မများသေး၊အသုံးလည်းနည်းသေး။)

ဘကြီးချိုက  မုဆိုးဖို။ သူ့မြေးမလေး  အပုစိန်နဲ့ အတူနေတာ။ သားသမီးများက ပုသိမ်မှာ၊ ရန်ကုန်မှာ၊ တောင်ငူမှာ။     တာဝန်ကျရာမှာနေရသော ဝန်ထမ်းများ။ သားသမီးများရောက်လာ၊    နာရေးကိစ္စဆောင်ရွက်ကြ၊ ရက်လည်ဆွမ်းသွပ်။ ခွင့်ရက်
စေ့တော့မည်၊     ကိုယ့်လုပ်ငန်းခွင် ပြန်ကြရတော့မည်။ အဖေမရှိတော့ဘူးဆိုတော့ အမွေခွဲကြရတော့မည်။  သေတ္တာဖွင့်ကြည့်၊ အိပ်ရာခင်းအောက်ရှာ၊ ခေါင်းအုံးထဲမှာ စိန်တွေ ရွှေတွေများ ကျန်သေးလား။ ရှာကြ၊ ဖွေကြတော့ ခေါင်းအုံးအောက်က ဗလာစာအုပ်တွေ့ရှိ။
ပေးရန်၊ ရရန်စာရင်းများ၊ သည်အထဲမှာ မောင်ချမ်းသာကပါနေ။

“အေး… ဟုတ်တယ်၊ အုတ် ၉၅၀၊ ဦးလေး ယူသုံးတယ်”

“အဖေ့ကို ပိုက်ဆံပေးပြီးသားလား”

သူတို့က မဝံ့မရဲမေး။

“ပေးပြီးသားကွ၊  အဲဒီတုန်းက အနားမှာ  ဘယ်သူရှိပါလိမ့်၊ အဲ… အဲ… သမီးတို့ ခဏနေကြဦး၊ ဟေ့… စိန်သောင်း ပန်းရန်ဆရာဦးထွန်းအေး သွားခေါ်စမ်းကွာ”

အိမ်မှာ အဆင့်သင့်တွေရ၊ သူ့တပည့် မောင်ပုနဲ့အတူ  ဦးထွန်းအေး ကန့်လန့်ကန့်လန့် ပါလာ။

“ကိုချမ်းသာ ဘာအလုပ်အပ်မလို့လဲဗျာ”

“အယ်…     ဟိုဦးထွန်းအေး      ကျွန်တော်တို့ ရေလောင်းအိမ်သာလုပ်တုန်းက ဘကြီးချိုဆီက အုတ်ယူသုံးသေးတယ်နော်”

“ဟုတ်တယ်လေ…    ယူသုံးတယ် ၉၅၀၊    ဒီကောင်တွေ သွားသယ်တာပဲ” (သူ့တပည့်ဘက် မေးငေါ့ပြ။)

“အဲဒါ အုတ်ဖိုးချေတယ်နော်”

“အဲဒီနေ့ညနေ   အလုပ်သိမ်းတော့     ခင်ဗျားနဲ့ ကျွန်တော်ပဲ    သွားချေတာလေ၊

အုတ်တစ်ခဲ တစ်ကျပ်နှုန်းနဲ့ အုတ် ၉၅၀၊ ငွေ ၉၅၀ ကျွန်တော်သေချာရေပြီး ဘကြီးချိုလက်ထဲ ထည့်ခဲ့တာ”

ဘကြီးချို  သမီးများ ပြန်သွားကြ၏။  သံသယမရှိ ကြည်လင်သောမျက်နှာများနှင့်။

တော်တော်ဆိုးတဲ့ ဘကြီးချိုဗျာ၊ ဘယ်နှယ့်ဗျာ၊ သူပေးထားတာတွေကိုတော့ရေးထား၊ သူရတာကျ   ရေးမထားဘူးဗျာ။ ဆရာဦးထွန်းအေးက အပ်ချမတ်ချ ဟြေပြနိုင်ပေလို့ တော်သေးတာပေါ့။  နို့မို့ဆို ကလေးတွေ  ယုန်ထင်ကြောင်ထင် ဖြစ်သွားမကောင်းဘူးဗျာ။

ဘကြီးချို အသက်ရှင်လျက်ရှိသေးရင်တော့ ရှင်းရလွယ်တာပေါ့။ ခုတော့ သူသေသွားပြီ။ အကောင်းပကတိကြီးက ရုတ်တရက်ဖြစ်သွား။ သေခြင်းတရား ဘယ်သူကြိုသိပါ့မလဲ။ ကျွန်တော်သည်     ထိုအကြောင်းကို အမြဲဆင်ခြင်နေမိ၏။ ဒါသင်ခန်းစာပဲ၊ တန်ဟ၊

နောက်ဘယ်တော့မှ အလွတ်သဘောမလုပ်ရဲတော့ဘူး။

“သူငယ်ချင်း   စာနဲ့ရေး၊ သေချာပီပီပြင်ပြင်ရေး”
သည်နေ့ ရက်စွဲနဲ့ သြဂုတ်လ (၁၅)၊ ၂၀၀၂ ကြာသပတေး၊ ကိုချမ်းသာယူ ငွေငါးသိန်း၊ အတိုးနှုန်း၊ ပေး ပိုက်ဆံ၊ ထိုးလက်မှတ်၊ သူလည်းထိုး၊ ကျွန်တော်လည်းထိုး၊ ငွေထုပ်ပိုက်ပြန်ခဲ့ ရှင်းလို့။ ကျွန်တော့်သူငယ်ချင်း  မောင်တိုးထံမှ ငွေချေးယူသည့်အခါတိုင်း စာနဲ့ရေး လက်မှတ်ထိုးပေး၊ လက်မှတ်ထိုးယူ။ ကျွန်တော်က ချေးငွေ ပြန်ဆပ်သည့်အခါတိုင်း ငွေကိုပေး၊   သူ့လက်မှတ်ထိုးယူ၊   ကျွန်တော့်လက်မှတ်ထိုး။   သူငယ်ချင်းက သူငယ်ချင်း၊
ငွေကငွေပဲဗျာ့။ အပေးအယူ စာရင်းဇယားရှိတော့  ရင်းရလွယ်တယ်ဗျာ့။ ဖွ၊ မဆိုစကောင်း တစ်ယောက်ယောက်  မတော်မဆ တစ်ခုခုဖြစ်ဦး၊ ရှုပ်စရာမရှိ။

ဘကြီးချိုထံမှ ယူသုံးသော အုတ် ၉၅၀၊ ကျွန်တော့်ဘဝမှာ သင်ခန်းစာ။

                               မောင်ချမ်းသာ

Wednesday, August 15, 2018

         " ဆရာမ ”    ဗိုလ်ချုပ်က ဒေါ်ခင်ကြည် ကို ပိုးပန်း နေတဲ့ အချိန်မှာ သူ့ သူငယ်ချင်းတွေက ဖန်တီးပေးတဲ့ သီချင်း လို့ မှတ်သားခဲ့ရပါတယ်။


🎸   တီးလုံး  ( သီးသန့်  ) ကို အောက်က လင့်ခ်
တွေမှာ ယူလို့ရပါတယ်။ ဖိုင်ဆိုဒ်က တော့ 7.3 Mb ပါ။

picosong မှာ ဒေါင်းပါ

pcloud မှာ တင်ပေးထားပါတယ်။ 


                    ဆရာမ

◼        ( ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည် ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ သဒ္ဓါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည် )
◼        ထိန်ကြည် လရောင်သန်းတော့ အလွမ်းပိုပါသည် ချစ်သူရှိရင် သြော် ဖွင့်ပြောပါလားလို့ အတည် ရိုးရိုးနဲ့ မှန်တာကို ပြောမည် တကယ်စိတ်ကအတည် ဘယ်မိန်းမမှ မချစ်ခဲ့သည် သဒ္ဓါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်
◼        ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည် ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ သဒ္ဓါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်
◼         ထိန်ကြည် လရောင်သန်းတော့ အလွမ်းပိုပါသည် ချစ်သူရှိရင် သြော် ဖွင့်ပြောပါလားလို့ အတည် ရိုးရိုးနဲ့ မှန်တာကို ပြောမည် တကယ်စိတ်ကအတည် ဘယ်မိန်းမမှ မချစ်ခဲ့သည် သဒ္ဓါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်


Monday, August 6, 2018

ဂီတစာဆို စိန်မောင်မြင့် ရေးတဲ့      မေ့ဘူးသက်လယ်    သီချင်း တီးလုံးသီးသန့်ကို Picosong  နဲ့ Pcloud မှာ တင်ပေးထားပါတယ်။ file size က 12.4 Mb ရှိပါတယ်။ video မှာကတော့ ကျနော့ အသံလည်း ပါပါတယ်။
mp3 ကိုဒေါင်းပြီး ဝါသနာ ပါသူများ သီဆိုကြပါဗျာ...
မြန်မာသံများ ဆင့်ပွားရှင်သန်ပါစေ

 http://picosong.com/w4gRW

https://my.pcloud.com/publink/show?code=XZXrTW7Zyd8RFSiJcX0BBUnxeVbHO45qPuIX

        မေ့ဘူး သက်လယ်

တေးရေး        ဂီတစာဆို စိန်မောင်မြင့်
တေးဆို         သိန်းတန် ( မြန်မာပြည် )

             ရွှေစေတီ ထံတော်ပါးမှာ သက်ထားခင် နဲ့ သြော် သက်ထားခင်နဲ့ ဖူးစာပန် သက်ထားခင်နဲ့ ထူးစွာအမှန် ဖူးစာတွေပန်
             ( ရွှေစေတီ ထံတော်ပါးမှာကွယ် နှစ်ကိုယ်သစ္စာ ကတိတွေလည်း ထားခဲ့ကြတယ် ရေမြေခြား နေကြပေမယ့် မေ့ပါဘူးသက်လယ် မတတ်သာ ဒီဘ၀မှာ ခပ်ခွါခွါ နေကြရတယ် )
              ( လွမ်းပို လွမ်းပိုအောင်ကွယ် နယ်ရှစ်ခွင် မှိုင်းမှိုင်းမှုန်ခြယ် ) နဘံမိုးလုံး ထစ်ချုန်းလို့ ခြိမ့်အုံးရွာတော့မယ် အသူရာသိကြားမင်း မာန်တင်းလို့ စစ်ခင်း ပြိုင်သလားကွယ် ဖော်မစုံသူတို့ ရော်ကာမှန်းရွယ် မျှော်ကာလွမ်းတယ် မေလဲ လွမ်းတဲ့ စိတ်နဲ့ ချစ်သည်း ကြွေရော့မယ် မောင်လည်းမေ့လိုပဲ ခံစားနေရတယ် သည်းညှာနု စပယ်ရယ် စိုး စိုးနှောင့်မိပါတယ်
             ရွှေစေတီ ထံတော်ပါးမှာကွယ် နှစ်ကိုယ်သစ္စာ ကတိတွေလည်း ထားခဲ့ကြတယ် ရေမြေခြား နေကြပေမယ့် မေ့ပါဘူးသက်လယ် မတတ်သာ ဒီဘ၀မှာ ခပ်ခွါခွါ နေကြရတယ်
              ( လွမ်းပို လွမ်းပိုအောင်ကွယ် နယ်ရှစ်ခွင် မှိုင်းမှိုင်းမှုန်ခြယ် ) နဘံမိုးလုံး ထစ်ချုန်းလို့ ခြိမ့်အုံးရွာတော့မယ် အသူရာသိကြားမင်း မာန်တင်းလို့ စစ်ခင်း ပြိုင်သလားကွယ် ဖော်မစုံသူတို့ ရော်ကာမှန်းရွယ် မျှော်ကာလွမ်းတယ် မေလဲ လွမ်းတဲ့ စိတ်နဲ့ ချစ်သည်း ကြွေရော့မယ် မောင်လည်းမေ့လိုပဲ ခံစားနေရတယ် သည်းညှာနု စပယ်ရယ် စိုး စိုးနှောင့်မိပါတယ်
             ရွှေစေတီ ထံတော်ပါးမှာကွယ် နှစ်ကိုယ်သစ္စာ ကတိတွေလည်း ထားခဲ့ကြတယ် ရေမြေခြား နေကြပေမယ့် မေ့ပါဘူးသက်လယ် မတတ်သာ ဒီဘ၀မှာ ခပ်ခွါခွါ နေကြရတယ်

Friday, August 3, 2018

“နီရဲတဲ့နှလုံးသား
ဖွေးဆွတ်တဲ့မနောဝိညာဉ်
သူများအကျိုးအတွက်
ကိုယ့်အကျိုးကို အခါခါစတေး. . . ။
ယုံကြည်မှုကတစ်ခု. . .  တစ်ခုတည်း
ရှိခဲ့တယ် ရှိဆဲပဲ
မျှော်လင့်ခြင်း ရွှေဉာဏ်ဆု သဗ္ဗညုတစ်ခုတည်း”

“စိုင်းခမ်းလိတ်”ဟူသည် ရှမ်းဘာသာနာမည်ဖြစ်သည်။ ရှမ်းဘာသာဖြင့် “လိတ်” သည်
မြန်မာလို “သံ” ဟု အဓိပ္ပါယ်ရသည်။ မာကျောသောသဘောရှိသည်။ “ခမ်း” ဟူသည်မှာ နှစ်လိုဖွယ် အဆင်းရှိ “ရွှေရတနာ” ကို ကိုယ်စားပြုသည်။ “စိုင်း” ဟူသည် ငယ်ရွယ်သူ ယောက်ျားကလေးများ၏ အမည်နာမ အဦး အဖျား၌ ရှိသော “မောင်” ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် “စိုင်းခမ်းလိတ်” ကို မြန်မာဘာသာဖြင့် ဆိုလျှင် “ မောင်ရွှေသံ” ဟု ခေါ်ရပေမည်။
မန္တလေး ဆေး တက္ကသိုလ်ကြီး မှ ဆရာဝန်ဘွဲ့ရခဲ့သူ၊ (၂၀) ရာစု တေးလောက၌ ထင်ရှား
ကျော်ကြားလာသူ ဒေါက်တာစိုင်းခမ်းလိတ် သည် အပ္ပမာဒ ရသ မဂ္ဂဇင်း အယ်ဒီတာချုပ်နှင့် ခင်မင်ရင်းနှီးကြသူများ ဖြစ်ကြသည်။ အယ်ဒီတာချုပ်သည် တစ်ချိန်က “တေးပြုသူ-သီချင်းသည်” ဘ၀ကို ခံယူခဲ့ဖူးသူ ဖြစ်၍ သူနှင့် ခေတ်ပြိုင် တေးပြုစာဆို ဒေါက်တာစိုင်းခမ်းလိတ်ကို သံယောဇဉ်ကြီးသည်။ ဒေါက်တာစိုင်း၏ ဒဿနအမြင်များကို ဆရာစိုင်း၏ သီချင်းများမှ တစ်ဆင့် တွေ့ထိခံစားကြည့်ခဲ့ဖူး သဖြင့် ယခုအချိန်၌ အပ္ပမာဒ မဂ္ဂဇင်း တွင် ဆရာစိုင်း၏ တေးများထဲက ဓမ္မပုံရိပ်များကို ထုတ်နုတ်ပြီး တင်ပြချင်နေသည်။ ဆရာစိုင်းထံ သူကိုယ်တိုင် သွားရောက်လိုသော်ငြား အချိန်မအားလပ်သဖြင့် ကျွန်တော့်ကို အားကိုးတကြီး တာဝန်ပေးလေသည်။ သူ၏အားကိုးမှုကို ကျွန်တော် တန်ဖိုးထားသူဖြစ်ရာ အပ္ပမာဒ စာဖတ်ပရိသတ် အပေါ်ထားရှိသည့် သူ့စေတနာကို ကျွန်တော်တတ်စွမ်းနိုင်သမျှ အရောင်တင်ပေးဖို့အတွက် ဒေါက်တာစိုင်းခမ်းလိတ်အား တွေ့ဆုံမေးမြန်း ဓမ္မလမ်းပေါ် ကျွန်တော် ဆွဲခေါ်လာခဲ့ပြီး စာချစ်သူပရိသတ်နှင့် မိတ်ဆက်ပေးလိုက်ပါပြီ။

       ဆရာစိုင်းသည် နမ္မတူတွင် လူပျိုပေါက်အရွယ်ထိ ကျောင်းနေခဲ့ပြီး (၁၀)တန်းကို ပြင်ဦးလွင် စိန့်အဲဘတ်ကျောင်းမှ အောင်မြင်ခဲ့သည်။ (၇၅) ရာခိုင်နှုန်း မပြည့်သော ကျောင်းတက်ရက်များကြောင့် (၃)နှစ်၊ (၃)မိုး အပိုဆောင်းပြီး မန်းဆေးတက္ကသိုလ် ကျောင်းသားဘ၀၌ ပျော်ပိုက်ခဲ့သည်။ ဆရာဝန် ဖြစ်ရခြင်းထက် တေးပြုစာဆို ဖြစ်ရခြင်းကို မက်မော နေခဲ့ရာ ဂီတာအိုလေးတစ်လုံးနှင့် ဟိုရောက်သည်ရောက် ဘုံပျောက်သော နတ်သူငယ်လေးအဖြစ် ဆေးကျောင်းတက်ခဲ့သူဖြစ်သည်။
လူရည်ချွန်စခန်းတွင် စတင်တွေ့ရှိကြပြီး ချစ်ကြိုးသွယ်ခဲ့ရာမှ ဘ၀ရေစက်ဆုံခဲ့ကြသော ဒေါက်တာ နွဲ့နွဲ့တင်နှင့် ယခုအချိန်တွင် သားတစ်ယောက်၊ သမီးနှစ်ယောက် ထွန်းကား ရရှိနေပြီဖြစ်ပါသည်။ သားသမီးများသည် မန္တလေးတွင် ကျောင်းတက်နေသူများဖြစ်၍ သူ့ဇနီးမှာ ကလေးအထူးကု ဆရာဝန်ကြီးအဖြစ် ပြင်ဦးလွင်တွင် ရောက်ရှိနေရာ ဆရာစိုင်းသည် မန္တလေးနှင့် ပြင်ဦးလွင်ကို အိမ်ဦးနှင့် ကပြင် သဘောထား၍ ဟိုတစ်လှည့် ဒီတစ်လှည့် ကူးချည်သန်းချည် နေထိုင်လျက်ရှိသည်။
             နာမည်ကျော်အဆိုတော်စိုင်းထီးဆိုင်၏နှုတ်၊ အာ၊ လျှာပေါ်တွင် ဆရာစိုင်း၏ တေးသားသံစဉ်လေးများသည် မြူးကြွဝင့်ထယ် ဟန်ရေးကြွယ်လျက်ရှိနေခဲ့ရာ သူ့ဘ၀၊ သူ့အကြောင်း၊ သူ့အမြင်များအကြောင်းကို ဓမ္မရသနှင့် ယှဉ်၍ ရေးသားတင်ပြနိုင်ရန် ကျွန်တော်သည် ဆရာစိုင်းရှိရာ ပြင်ဦးလွင်မြို့သို့ ရောက်ခဲ့ပါသည်။
          နွေရာသီများတွင် တစ်မူထူး၍ လှပသော တောင်စခန်းမြို့လေး ပြင်ဦးလွင်သည် တမ်းမက်ချစ်ခင် နှစ်လိုဖွယ်အသွင် ရှိပြီး ရောက်ရှိလာကြသူတို့အား နှလုံးရွှင်ကြည်အေးမြစေလျက်ရှိသည်။ နံနက်ခင်း နေခြည်နုနုလေးသည် နွေးထွေးလျက်ရှိရာ ပြင်ဦးလွင်မြို့လယ်နာရီစင်ကြီးနှင့် အလှမ်းမဝေးလှသော ပြည်သူ့ဆေးရုံဝင်းထဲက ကလေးအထူးကုဆရာဝန်ကြီး ဒေါ်နွဲ့နွဲ့တင်အိမ်သို့ ကျွန်တော်လမ်းလျှောက်ခဲ့ပါသည်။ ကျွန်တော့်ကို စောင့်မျှော်နေသူ ဆရာစိုင်းခမ်းလိတ်ထံရောက်ရှိသွားချိန်မှာ နံနက်(၉)နာရီပင် မထိုးတတ်သေးချေ။ ဆရာစိုင်းသည် သူ့အချစ်တော် ရွှေဧည့်သည်ဟု အမည်ပေးထားသည့် ခွေးမလေးဂျီဂျီ ( GG-Golden Guest ) နှင့်အတူ ကျွန်တော့်ကိုထွက်ကြိုနေသည်။ ဆရာစိုင်းနှင့်အတူ ဒေါက်တာနွဲ့နွဲ့တင် သည်လည်း ကျွန်တော့်အား ပြုံးရွှင်ဖော်ရွေစွာဖြင့် ဆီးကြိုဆိုနေပါသည်။ သူ့အစ်မ ဆရာမကြီး ဒေါ်ခင်မေသန်းကား ကျွန်တော် တောင်ကြီးကောလိပ် ကျောင်းသားရေးရာဌာနတွင် အမှုထမ်းခဲ့စဉ်က ကျောင်းသူများ အဆောင်-ပင်လုံ အဆောင်မှူး၊ ပါဠိဌာန နည်းပြ ဆရာမဖြစ်၍ ထိုစဉ်ကပင် ခင်မင် ရင်းနှီးခဲ့ကြသည်။ ဒေါ်ခင်မေသန်းကို အကြောင်းပြုပြီး ဒေါ်နွဲ့နွဲ့တင်သည် ကျွန်တော့်အား ရင်းနှီးခင်မင်နေသူဖြစ်သည်။
             ဒေါက်တာနွဲ့နွဲ့တင်က ကျွန်တော် ဆေးရုံတက်ရသည်ကို ကြားကြောင်း၊ မန္တလေးမရောက် ဖြစ်၍ ကျွန်တော့်ကို လာရောက်အားမပေးနိုင်ခဲ့ကြောင်း၊ ယခုတွေ့ရသည်မှာ ဆေးရုံဆင်းခါစ လူမမာရုပ်ပင် မပေါက်ကြောင်း အားပေးပါလေသည်။
မနှစ်က ကျွန်တော် ဒုလ္လဘ ရဟန်း ၀တ်ခဲ့သည်။ မ၀တ်မီတစ်ရက်အလိုတွင် ဆီးနှင့်သွေးစစ်ကြည့်ရာ ကြောက်စရာကောင်းအောင် စိုးရိမ်မှတ်ကျော်ပြီး “ချို” နေသည်။ တစ်လနှင့်(၂)ရက်ကြာ ရဟန်းဝတ်နှင့် တရားထိုင်ခြင်း၊ အချိန်မှန် ပဋ္ဌာန်းရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာပို့အမျှဝေခြင်းများ ပြုခဲ့ရာ ဆီးချိုရော၊ သွေးချိုပါ အံ့သြဖွယ်ကျသွားသည်ကို ဒိဋ္ဌကိုယ်တွေ့ ကြုံတွေ့ခဲ့ရပါသည်။
သင်္ကန်းချွတ်၍ လူဝတ်လဲပြီး လူထဲပြန်ရောက်ကာ စည်းမဲ့ကမ်းမဲ့ နေထိုင်စားသောက် မိလိုက်ပြန်သောအခါ ဆေးရုံပေါ်ရောက်ရသည်အထိ သေမင်းနှင့်လက်တစ်ကမ်းအလို နီးကပ်သွားပါသည်။
ယခုတော့လည်း ကျွန်တော့်မှာ ရောဂါသက်သာပျောက်ကင်းခဲ့ပြီဖြစ်သဖြင့် ဒေါက်တာနွဲ့နွဲ့တင်၊ဆရာစိုင်းတို့နှင့် ဆီးချိုအကြောင်း ဟိုအကြောင်း သည်အကြောင်း ပြောကြရင်း သူတို့တည်ခင်းသည့် ပြင်ဦးလွင် ကော်ဖီ ပူပူမွှေးမွှေးလေးနှင့်နံနက်စာကို တ၀ကြီး စားနိုင်ခဲ့ပေပြီ။ စားရင်းသောက်ရင်း မေးရင်းမြန်းရင်း ဆရာစိုင်း၏ဘ၀၊ ဒဿန၊ ဓမ္မနှင့် ရသများကို သူ့တေးသီချင်းများထဲကကျွန်တော် ထိတွေ့မိသမျှ တင်ပြရပါသော်. . . .

မေး။   ။  “ဆရာစိုင်း တေးပြုစာဆို ဖြစ်လာပုံလေး ကို အစက စပြီး ပြောပြဗျာ” ဟု ကျွန်တော်သည် သူ့ရှေ့ရှိ ပက်လက်ကုလားထိုင်လေးပေါ်တွင် ကျောခင်း၍ ကိုယ်လျှော့ထိုင်လိုက်ပြီး မေးမြန်းခန်းကို စတင် ဖွင့်လှစ်လိုက်ပါသည်။ ဒေါ်နွဲ့နွဲ့တင်သည် ဆရာစိုင်းဘေးတွင် ကပ်ထိုင်ရင်း သူ့မျက်မှန်ကို ချွတ်၍ ဖုံသုတ်နေသည်။

ဖြေ။   ။မျိုးရိုးဗီဇ ( GENE ) နဲ့ပတ်ဝန်းကျင်ဟာ လူတစ်ယောက်ရဲ့ဘ၀ နိမိတ်ပုံကို စတင်ဖော်ဆောင်ရာမှာ အဓိကကျတယ်ဆိုရင် လက်ခံပါတယ်နော်။ ကျွန်တော့်ကို တေးလောကထဲ ပုံသွင်း ထည့်လိုက်တဲ့ ပထမအချက်က မျိုးရိုးဗီဇပဲ။ ကြက်မှာအရိုး၊ လူမှာအမျိုးဆိုရိုးရှိတယ် မဟုတ်လား။
ဘမျိုးဘိုးတူ၊ ရှမ်းစာဆိုတစ်ဦးဖြစ်တဲ့ဖခင်နှင့် ရှမ်းအဆိုတော် စာတော်ဖတ်မိခင်တို့ ထံက ဗီဇမျိုးစေ့ဟာ ကျွန်တော့်ကို တေးလောကထဲ အရောက်ပို့ခဲ့ပါတယ်။ ပတ်ဝန်းကျင်အနေနှင့်က ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့် သူငယ်ချင်းတွေရဲ့ အားပေးကူညီ တိုက်တွန်းမှုတွေဟာ ကျွန်တော့်ကို တေးပြုစာဆို ဖြစ်လာစေခဲ့တာပါ။

မေး။    ။ဒီအကြောင်း “မြို့မ-စိန်ရတုမဂ္ဂဇင်း” ထဲမှာ ဆရာရေးတာ ဖတ်လိုက်ရပါတယ်။ အဲဒီမှာ မပါတာလေး တစ်ခု သိချင်ပါတယ်။ ဆရာ့ရဲ့ ပထမဆုံးရေးတဲ့ တေးအကြောင်းပါ။
ဖြေ။    ။အမှန်ပြောရရင် ပထမဆုံး ကျွန်တော် ရေးတဲ့တေးဟာ ရှမ်းလိုဘာသာပြန်ရေးတဲ့ တေးပါ။ ကျွန်တော် ဆိုကြည့်လို့ အာတွေ့တဲ့အမေရိကန် Marching Through Georgia ကို  “ နှိုင်းဟွေထွိန်လွယ်”  မြန်မာလို “ သစ်တောတောင်ကြားထဲမှာ” လို့အဓိပ္ပါယ်ရှိတဲ့ တေးပါ။

မေး။    ။နှစ်ပေါင်း (၃၀) ကျော်လောက်မှာ တေးပုဒ်ရေ တော်တော်များများ ရေးခဲ့တယ်လို့ သိရပါတယ်။ ခုအချိန်ထိလည်း ရေးဆဲပေါ့နော်။ ရေးပြီးသမျှတေးတွေထဲက ခုနောက်ဆုံး Latest
တေးကို ပြောပြပါလးဆရာ။

ဖြေ။    ။နောက်ဆုံးတေး ဟုတ်လား။ ကျွန်တော့် ဘ၀မှာ အသက်ရှင်နေသမျှ တေးတွေ ရေးနေမှာ၊ ရေးနေသမျှလည်း အသက်ရှင်နေဦးမှာ ဆိုတော့ ဘယ်လို ပြောရမလဲဗျာ။  အဲ. . .  အဲ ခုရေးပြီးထားတဲ့ Latest တေး ကတော့၊ ဟဲ. . . ဟဲ. . . “ တောက်တိုမည်ရ” ပါ။ ဘာမျှ မည်မည်ရရ ဆုပ်ကိုင်ပြ စရာမရှိဘဲ၊ ဟိုမှာ နည်းနည်း သည်မှာ နည်းနည်း၊ နည်းနည်းတွေ စုဖြစ်နေတဲ့ ကျွန်တော့် ဘ၀ဟာ တောက်တိုမည်ရ ဘ၀ပါဗျာ။ ကျွန်တော့် သီချင်းတွေကို တောက်တိုမည်ရ သီချင်းတွေလို့ ပြောလို့ရပါတယ်။

မေး။    ။ဟဲ. . . ဟဲ. . .  ဆရာက စကားလုံးရွေး သိပ်တော်တာပဲ။ ဒါကြောင့်လည်း ကျော်ကြားတာပဲ။ “ တောက်တိုမည်ရ” တဲ့ ဟုတ်လား။ သိပ်လှတဲ့ ဝေါဟာရလေးပဲဗျာ။ ကျွန်တော်တို့လည်း တောက်တိုမည်ရ တွေပါ။ ဘ၀မှာ မည်မည်ရရ ထိထိမိမိ တိတိပပ ပြောရမယ်ဆိုရင် ပြောပြစရာ ကျန်ရစ်အောင် ဘာမျှမလုပ်ဖြစ်သေးပါဘူး။ သြော်. . . ဒါနဲ့ သိချင်တာလေး တစ်ခုက အဆိုတော် စိုင်းထီးဆိုင်နဲ့ ဆရာ ရေစက် ဆုံခဲ့ကြပုံလေး အကြောင်းပါ။ ကျွန်တော့်လိုပဲ ဆရာ့ပရိသတ်လည်း သိချင်ကြမယ်ထင်ပါတယ်။

ဖြေ။    ။ကိုထီးနဲ့ ကျွန်တော် ဆုံဆည်း မိခဲ့ကြပုံက ဒီလိုပါ။ မြန်မာပြည်ရဲ့ အကျယ်ဆုံး ပြည်နယ်ဟာ ရှမ်းပြည်နယ် မဟုတ်လား။ ဒီ ရှမ်းပြည်နယ်ကြီးထဲမှာ ကိုထီးက တောင်ပိုင်းမှာ နေတယ်။ ကျွန်တော်က မြောက်ပိုင်းမှာနေတယ်။ဘယ်လိုဝေးဝေး.  . .  ဘယ်လောက်ဝေးဝေး၊ နိယာမတစ်ခု ဖြစ်တဲ့  “ဆုံရပ်” ( Focus )ဆိုတာ ရှိမြဲ မဟုတ်လား။ ရှည်လျား ကျယ်ပြောလှတဲ့ သံသရာမှာ နောက်ထပ် မဖြစ်တော့တဲ့ ဘ၀ကို မရကြသေးသမျှ ကျွန်တော်တို့ဟာ မဆုံချင်လို့ မရဘဲ တစ်ဦးနဲ့ တစ်ဦး တစ်ချိန်မှာ ဆုံဆည်းနေကြမယ်။ ဒီလိုမဟုတ်လား။ မြတ်ဗုဒ္ဓရဲ့ ဒဿနတစ်ခုမှာ သံသရာ ဘယ်လောက် ကျယ်ပြောသလဲဆိုရင် ဆွေမျိုး မတော်ဖူးသူရယ်လို့ မရှိဘူးလို့တောင် ဆိုတယ်။ သေခဲ့ရပေါင်း များလို့ ဒီကမ္ဘာမှာ မိမိ သင်္ချိုင်းနဲ့လွတ်တဲ့ မြေရယ်လို့လည်း မရှိဘူးတဲ့။ ကမ္ဘာဟာ ရွာတစ်ရွာလောက်သာ ရှိလာတဲ့ Globalization ခေတ်မှာ ကိုထီး နဲ့ ကျွန်တော် ဆုံရပ်တစ်ခုမှာ ဆုံဆည်းမိကြတယ်။ အဲဒီ နှစ်ဟာ ၁၉၆၆- ခုနှစ်ပါ။ ရှမ်းစာ ရေးထုံးကော်မီတီ အစည်းအဝေး တောင်ကြီးမှာလုပ်တော့ ကျွန်တော်က တက္ကသိုလ် ရှမ်းကျောင်းသားများ ကိုယ်စားလှယ် အဖြစ် တက်ခဲ့တယ်။ အဲဒီမှာ ရှမ်းသီချင်း တစ်ပုဒ်တက်ဆိုပြတဲ့ ကျွန်တော့်ကို ကိုထီးက သိပ် သဘောကျသွား သတဲ့။ ဆန်ဖရန်စစ္စကို တေးသွား နာမည်ကြီး ချိန်ပေါ့ဗျာ။ အိမ်ဖြူလေး
( White House )မှာ ကျွန်တော်နဲ့ ကိုထီး ပထမဆုံး တွေ့ကြပြီး သိကျွမ်း ခင်မင်ကြရာက ကျွန်တော့် တေးသွားတွေနဲ့ သူကံစပ်သွားခဲ့ကြတာပါ။ နောက် သူ မန္တလေးတက္ကသိုလ် ရောက်လာတော့ ကျွန်တော်တို့ အတွဲများသွားကြတယ်။ သီချင်းတွေလည်း အရေးများလာ
တယ်ပေါ့ဗျာ။

မေး။    ။ကိုထီး ဆိုခဲ့တဲ့ ဆရာ့တေးတွေက အများကြီးပဲ။ ဒီထဲက ပရိသတ်နှုတ်မှာ စွဲနေတဲ့တေးအချို့ အကြောင်း ပြောကြ ရအောင်ဗျာ။ ဆရာပြောပြချင်တဲ့ တေးအကြောင်းက စပြောပါ။ သီချင်းထဲက ဒဿနနဲ့ ဓမ္မရသများကို ရွေးထုတ်ခံစားကြည့်ကြရအောင်။ သဘာဝ နွေရာသီ စီးရီးထဲက “ကွဲနေသော မှန်စများ” က စကြရင် ကောင်းမလားပဲ။

ဖြေ။    ။လူဟာ အမှန်တရားနှင့်မကင်းကွာ စကောင်းပါဘူး။ ဒါပေမယ့် အမှန်တရားဟာ တစ်ခါတစ်ရံ အစိတ်စိတ်အမွှာမွှာ ကွဲကြေနေတတ်ပါတယ်။ ပြန်ဆက်ကြည့်တတ်ရင် ပကတိ သရုပ်မှန်ကိုပြန်မြင်ရတဲ့အကြောင်းပါ။ ဗုဒ္ဓရဲ့ တရားရေစင် မေတ္တာ စမ်းရေကြည် မခန်းခြောက်လေသရွေ့ အမှန်တရားမှာ အင်အားတွေ ရှိနေပါတယ် ဆိုတဲ့အမြင်ကို ကျွန်တော် ခံစားထားမိသလို တင်ပြကြည့်တဲ့သီချင်းလေး တစ်ပုဒ်ပါ။

မေး။    ။ဆရာ ခံစားသလို ကျွန်တော်တို့ ခံစားနိုင်ဖို့  ကိုထီးက ခံစားချက် အပြည့်နဲ့ ဆိုကြည့်ထားတဲ့တေး။ ဒီတေးထဲက ဆရာ့ဒဿနတွေကို ခုလို စာဖတ်ပရိသတ်ဆီ ပို့ပေးလိုက်နိုင်တာ ကျွန်တော်ဝမ်းသာတယ် ဆရာ။ နောက် သီချင်းတစ်ပုဒ်ကို ဆက်ကြရအောင်၊ ဓမ္မရသ ကို အဓိကဖော်ပြတဲ့ တေးဆိုပါတော့။

ဖြေ။    ။ကျွန်တော့် သီချင်းတွေဟာ သမုဒယ ရသကိုသာ အများကြီး ဖော်ထုတ် ပေးနေတာမို့
ဆရာတို့ရဲ့ ဓမ္မရသ ကို ဆွဲထုတ်ကြည့်ဖို့ အားနည်း နေမလားပဲ။ ကြိုးစားကြည့်တာပေါ့လေ။ သံယောဇဉ်ဘွဲ့တွေထဲက ဘီးနံပါတ် OK 0122L သီချင်း အကြောင်း ပြောကြည့်ကြရအောင်။ ကျွန်တော် အလုပ်သင် ဆရာဝန်ဘ၀မှာ ပျောက်ဆုံးသွားတဲ့ စက်ဘီးလေးနဲ့ ပတ်သက်တဲ့ သီချင်းပါ။ မန္တလေး ဆေးရုံကြီး  ခွဲစိတ်ဆောင်(၂) အတက် လှေကားရင်းမှာ သော့ခတ် ထောင်ထားခဲ့ရာက ပျောက်ဆုံးသွားတဲ့ စက်ဘီးလေးရဲ့ နံပါတ်ကို သီချင်းအမည် တပ်ရေးခဲ့တာပါ။ ဒီမန္တလေးမှာ စက်ဘီးဟာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းပါ။ အဲဒီအချိန်က သူငယ်ချင်း ဆရာဝန် လင်မယားအိမ်မှာ ကပ်နေရချိန်ပေါ့။ စက်ဘီလေး တစ်စီးပိုင်ဖို့ ကျွန်တော်တို့ တစ်နှစ်လောက် အဆင်းရဲခံ ငွေစုခဲ့ရပါတယ်။ ရလာတဲ့စက်ဘီးကို ဘယ်လောက်သံယောဇဉ် တွယ်မိခဲ့တယ်ဆိုတာ စဉ်းစားသာကြည့်တော့။ လင်မယား
နှစ်ယောက်ပေါင်းပါမှ ဘီးတစ်စီးသာ ရှိကြတာမို့ ပျောက်ဆုံးသွားတဲ့ ဘီးနဲ့ပတ်သက်ပြီး ခံစားမိတာကို  ရေးဖြစ်သွားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် သံယောဇဉ် ဆိုတဲ့ ဆင်းရဲခြင်း သဘောကို ၀ိုးတ၀ါးမြင်လိုက်မိတယ် ဆိုမလား။ ဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်း တစ်ခုကို ပိုင်ဆိုင်ရအောင် ကြိုးစားချိန်ကစပြီး ဆင်းရဲ ရတာဟာ အဲဒီပစ္စည်း ရရှိပြီး ထိန်းသိမ်း စောင့်ရှောက် ရစဉ် ဆင်းရဲတာတွေ၊ ပျက်စီးမှာကို စိုးရိမ်ကြောင့်ကြရပြီး ပျက်စီးတာကို ပြုပြင်လို၍ ဆင်းရဲ ရတာတွေ၊ ပျောက်ဆုံးရတဲ့အချိန်မှာ နှမြောပူပန်ရခြင်း ဆင်းရဲရတာတွေ၊ ဒီလိုနဲ့ ဆင်းရဲရခြင်း မီးတွေ အလောင်ခံရတာတွေဟာဖြင့် ကြောက်ခမန်းလိလိ ကျယ်ဝန်းတဲ့ ဒုက္ခ ပင်လယ်ထဲက ဘ၀လေး တစ်ဘ၀ရဲ့အပိုင်းအစလေးတစ်စ လောက်သာ ရှိပါလိမ့်မယ်။ ဖိတ်စဉ်သွားတဲ့နွားနို့အပေါ် အာလယ မပြတ်နိုင်တဲ့ လူ့စိတ် သဘာဝလို့ ဆိုမလား။

မေး။    ။ကောင်းပါပြီဆရာ။ အချိန်ရတုန်း နောက်သီချင်းတွေအကြောင်း ဆက်ကြရအောင်။
ရွှေဟင်္သာ သီချင်းတွေဆိုရင် ဆရာ့ တေးပရိသတ်နဲ့ ရင်းနှီးပြီးသားမို့ အဲဒီသီချင်းတွေထဲက ဆရာခံယူထားမိတဲ့ ဓမ္မရသ အကြောင်း ပြောပြပါလား။

ဖြေ။    ။ရွှေဟင်္သာ သီချင်း(၄)ပုဒ်။ မွန်သွေးပါတဲ့ ချစ်သူနှင့် ပတ်သက်တဲ့ သီချင်းလေးတွေပါ။ နွဲ့တင်ရဲ့ အဖေက မွန်၊ အမေက ရွှေမန်းသူ။ ဟင်္သာဟာ မွန်တွေရဲ့ အထိမ်းအမှတ် မဟုတ်လား။ အင်း. . .  ချစ်ရသူ ဟင်္သာမလေးနဲ့ပတ်သက်ရင် ရိုးတရိပ်နဲ့ စိုးထိတ်မိပုံ။ မယုံရဲ ယုံရဲ စိုးရိမ်စိတ်တွေ ကဲခဲ့ရပုံ၊ ဒါတွေ စုပုံပြီး  သမုဒယ မီးပုံကြီး ဖိုလိုက်မိရာက ဗုဒ္ဓရဲ့ တရားတော်ထဲက လို၍ မရသော ဆင်းရဲ၊ ချစ်သူနှင့် မပေါင်းသင်းရမှာကို ကြို၍ စိုးရိမ်ပြီး ပူပန်ရသော ဆင်းရဲ၊ အဲဒီဆင်းရဲတွေဟာ အမှန်တော့ ချစ်တတ်သူတိုင်း၊ ချစ်ခြင်းကို ခံယူလိုကြသူတိုင်း မလွဲမသွေ ခံစားကြရတာပါ။ မိမိတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ သဘာဝပေါ့ဗျာ။ ဓမ္မ  ဆိုတာ သဘာဝတရားပဲ မဟုတ်လား။ ဗုဒ္ဓ ရဲ့တရားတော် များဟာလည်း သဘာဝရဲ့အနှစ်သာရများပဲ မဟုတ်လား။ ဒီတော့ ဓမ္မရသ အကြောင်း
ပြောရင် သဘာဝဓမ္မ အကြောင်းလည်း ပါသွားပြီမို့ ချစ်ခြင်းသဘောရဲ့သဘာဝကို ဓမ္မရသထဲကထုတ်ယူပြီး ခံစားကြည့်ရင်လည်း ရနိုင်ပါတယ်။ ရွှေဟင်္သာ သီချင်းတွေကို သာမန်အမြင်နဲ့ကြည့်ရင် သမုဒယ မာယာကဲတဲ့ အနုသယတဏှာဝဲ ပေပဲလို့ မြင်မိကြမလားပဲ။ ခပ်နက်နက်ကလေး စိုက်ကြည့်ကြမယ်ဆိုရင် ဗုဒ္ဓရဲ့သဘာဝ တရားဓမ္မ ရသများကို ခံစား မြင်မိလာကြမယ် ထင်ပါတယ်။ ဆရာဝင်း ဘယ်လို သဘောရသလဲ။

မေး။    ။အမှန်တော့ ဆရာစိုင်းဟာ အနုပညာရှင်မို့ ဆရာဝန်တစ်ယောက် အမြင်နဲ့မဟုတ်ဘဲ၊
အနုပညာရှင်ရဲ့အမြင်နဲ့ တင်ပြတာပဲလို့ ကျွန်တော်သဘောရပါတယ်။

ဖြေ။    ။သိပ္ပံ ပညာရှင်နဲ့ အနုပညာရှင်တွေ အမြင်ချင်း မတူကြတာတော့အမှန်ပဲ။ သိပ္ပံ ပညာရှင်က သူထိတွေ့ ခံစားတဲ့ ရုပ်နဲ့ ဝေဒနာကို အမှန်အတိုင်း တင်ပြတတ်ပေမယ့် အနုပညာရှင် ကတော့ ဒီလို မဟုတ်ဘူး။ သူနဲ့ ထိတွေ့တဲ့ ရုပ်မှာ ဖြစ်ဖြစ်၊ သူခံစားတဲ့ ဝေဒနာမှာ ဖြစ်ဖြစ် မေတ္တာ စေတနာ ကရုဏာ စတဲ့ စေတသိက်တွေ ကဲပြီး တင်ပြတတ်ပါတယ်။ သူတင်ပြမှုဟာ သူ မြင်ထင်ခံစားသလို လက်ခံသူရဲ့ရင်ထဲ ရှောရှောရှူရှူ ရောက်ရှိသွားပြီ ဆိုရင် သူ့ရဲ့ ကြိုးစားမှု၊ ရင်ချင်း ကူးပြောင်းမှုအောင်မြင်ပြီလေ. . . ။ ဆရာတို့ ရေးတဲ့ စာလုံးလေးတွေ ဖတ်သူရဲ့ မျက်လုံးထဲမှ တစ်ဆင့် နှလုံးသားနဲ့ ဦးနှောက်ဆီ ရောက်ရှိပြီး မှတ်သား ခံစားသလို ကျွန်တော်တို့ ရေးတဲ့ တေးသီချင်းတွေလည်း နားနှစ်
ဖက်က ဖြတ်သန်း ၀င်ရောက်သွားကြပြီး သောတရှင်တွေရဲ့ နှလုံးသားနဲ့ ဦးနှောက်ဆီမှာ တေးရေးသူရဲ့ခံစားမှုကို သီဆိုသူ အကူအညီနဲ့ ထပ်တူထပ်မျှ ခံစားရပြီဆိုရင် အဲဒီတေးဆရာဟာ အောင်မြင်ပြီပဲ။ ဒီလိုမဟုတ်လား ဆရာဝင်း။ အဲဒီ အမြင်နဲ့ကြည့်ပြီး ကျွန်တော့် တေးတွေထဲက “ ချစ်တာတစ်ခုတည်း သိတယ်” ကို ပြောကြရအောင်လား။  ဒီသီချင်းဟာ ကျွန်တော့်ဘ၀ စောစောပိုင်းက ရေးခဲ့တဲ့ သီချင်း။ ပထမစီးရီးထဲမှာ ပါသွားခဲ့ပြီ။ အိုင်စတိုင်းရဲ့သီအိုရီကို မြှုပ်ပြီး ရေးစမ်းကြည့်ထားတယ်။ သဘာဝတရားကို  ဖွဲ့တာမို့  ဓမ္မရသ ကိုလည်း တွေ့ရမယ် ထင်ပါတယ်။ ဒီလိုပါ။ အသွားလမ်းရဲ့ ဘယ်ဘက်မှာရှိတဲ့  အမှတ်အသားဟာ အပြန်လမ်းမှာ ညာဘက်မှာ ရှိတာဟာ မဆန်းသလို၊ ပန်မည့်သူမရှိလည်း အချိန်တန်ရင် ပွင့်တဲ့ပန်းတွေအကြောင်း၊ ပင်လယ်ကြီးထဲက ရေနှင့် အိုင်ငယ်လေးထဲကရေ၊ ရေချင်းတူကို အပိုလုပ် မဆိုတတ်တဲ့ သာမန်လူတစ်ယောက်အကြောင်း ချစ်တာဟာ ဘာကြောင့်လဲ၊ ဘာအတွက်လဲ၊ အဲဒီအချစ်ဟာ ဘယ်ကစသလဲ၊ ဘယ်မှာ ဆုံးမလဲ စတဲ့အဖြေခက်တဲ့ အမေးတွေ အကြောင်း၊ မတည်ငြိမ်တဲ့ နေရာနဲ့ မတည်မြဲတဲ့ အချိန်အကြောင်း စတာတွေ မပြောတတ်ပေမယ့် “ ချစ်တာတစ်ခုတည်း သိတယ်” ဆိုတဲ့ ကိုယ့်အကြောင်း ရေးဖွဲ့ကြည့်ခဲ့တာပါ။ ဒီမှာ ကျွန်တော် ဆိုချင်တာက ဘာကိုမျှ အစိုးမရတဲ့အနတ္တ သဘောဟာ နေရာတကာ လွှမ်းမိုး အုပ်စိုးနေပါကလားဆိုတာ သီချင်းထဲက ဓမ္မကို ထုတ်ကြည့် ခဲ့မိဖူးတဲ့ အကြောင်းပါ။ ဒီသီချင်း ဘယ်လောက် အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ တေးချစ်သူ ပရိသတ်ဆုံးဖြတ်ဖို့ပါပဲ။

မေး။    ။မှန်လိုက်လေ ဆရာစိုင်းရယ်။ မိမိသီချင်းရဲ့ အရည်အသွေးကို တေးပရိသတ်က ဆုံးဖြတ်ပါစေပေါ့။ ဒါနဲ့ “၇၆-ဆေးရုံလမ်းကြား” ဆိုတဲ့တေးမှာ ပဋိပက္ခစိတ်နဲ့ အစဉ်လှုပ်ရှားနေတဲ့ လူ့စရိုက်ကို ၀ိုးတ၀ါး မြင်တွေ့လိုက်ရတယ် ထင်မိလို့ အဲဒီ သီချင်းအကြောင်း ကိုလည်း ပြောပြပါဦး။

ဖြေ။    ။လူ့ရဲ့စိတ်ဟာ အများအားဖြင့် အစိုးမရ ရှိတတ်ကြပါတယ်။ တရားရှုမှတ်ကြသူတွေ အပြောများတဲ့ သမာဓိ စိတ်တည်ငြိမ်မှုဟာ တကယ်တော့ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ အစိုးမရအောင် မတည်မငြိမ်နှင့် လှုပ်ခတ်နေတဲ့ စိတ်ကို သတိနဲ့ စောင့်ကြည့် နေတတ်ဖို့ မပြတ်ရှုမှတ် ပွားများကြရပါတယ်။ တစ်ချက်ကလေး လွတ်သွားတာနဲ့ ပြန်ဖမ်းရတာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ တရားစခန်း ၀င်ဖူးသူတွေ နားလည်ကြပါတယ်။  ထားပါလေ. . .  ကျွန်တော်ပြောချင်တာက လူ့စိတ်အာရုံ ဘယ်လောက် ထွေပြားသလဲ ဆိုတာပါ။ မိမိ မပိုင်တဲ့ တစ်ချိန်ထဲမှာ ကဗျာဆရာ ဖြစ်ချင်ဖြစ်မယ်၊ လူညာဖြစ်ချင်ဖြစ်မယ်၊ လူသတ်သမားဖြစ်ချင်ဖြစ်မယ်၊ အနုပညာရှင်ဖြစ်ချင်ဖြစ်မယ်၊ ဘယ်လို လူဖြစ်နေနေ အဲဒီသူကို ကြည်ဖြူနိုင်မယ်ဆိုရင် ဂီတာအိုလေးတစ်လုံးရယ်၊ သီချင်း လေးတစ်ပုဒ်ရယ်၊ ဆေးလိပ်တိုလေးတွေရယ်၊ ပြီးတော့ ရယ်စရာငိုစရာတွေရယ် သူပိုင်ပစ္စည်းအဖြစ်ရှိတဲ့ အိမ်ခန်းလေးကို လာလည်နိုင်ကြောင်း၊ အိမ်ရှေ့မှာက မက်မန်း၊ အိမ်နောက်က ယူကလစ်ပင်ကြီး၊ အိမ်ထောင့်မှာ ချယ်ရီနှင့်ထင်းရှူးပင်တွေ အစီအရီ ရှိတဲ့ စိမ်းလန်းစိုပြည်တဲ့ နယ်မြေလေး ထဲက အိမ်နံပါတ် ၇၆ ပါ။ လမ်းကြုံရင် ရောက်တယ်ဆိုရုံ လာလည်ပေါ့မိန်းကလေးရယ်” လို့ ဖိတ်ခေါ်တဲ့တေးလေးပါ။ ရာဂ စတဲ့မီးတောက်တွေနဲ့ ပူလောင်နေတဲ့ ပတ်ဝန်းကျင်ထဲက ရုန်းထွက်လာချင်သူတွေအတွက် ပဋိပက္ခစိတ်တွေကို ထွက်ပေါက် ပေးတဲ့ တံခါးတစ်ပေါက် ဖောက်ကြည့်မိတာပါ။
သံဝေဂတွေ တစ်ပွေ့တစ်ပိုက်ကြီး ရပါမှ တရားဓမ္မ ဖြစ်ပါတယ်လို့ယူတဲ့ ရှေးရိုးစွဲ ၀ါဒီတွေ အတွက် တစ်ခေတ်ဆန်း ကြည့်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

မေး။    ။စကားပြောကြရတာ မ၀သေးပေမယ့် မန္တလေး ပြန်ဆင်းမှာမို့ အချိန်နည်းသွားပြီ။ ဆရာ့ သီချင်းတွေက များတော့ မေးချင်တာ သိချင်တာတွေ အများကြီးကျန်သေးပေမယ့် ချန်ခဲ့တော့မယ်။ တစ်ခွန်းပဲ မေးခွင့်ပြုတော့ဗျာ။ အဲဒါက.. .“ဘုရားရှိခိုးနှင့် ဗုဒ္ဓ၀င်အကျဉ်း” သီချင်းစု အကြောင်းပါ။ တေးဆိုသူ နန်းခမ်းနွဲ့လိတ်၊ ဆရာ့သမီးကြီး။ ဒီတေးစုကို ပြုစုတဲ့ ရည်ရွယ်ချက်နဲ့ တေးသွား သံစဉ်လေးတွေအကြောင်း သိပါရစေ။

ဖြေ။    ။အဲဒီ တေးစု အဖွင့်အမှာစကားမှာပဲ ကျွန်တော့်ရည်ရွယ်ချက်ကို ဖော်ပြထားပါတယ်။
“ဗုဒ္ဓဘာသာဆိုတာ ကျင့်ကြံရတဲ့ဘာသာ။ ကြည်ညိုမှုမရှိရင် ဘယ်လိုကျင့်ကြံမလဲ။ ကြည်ညိုမှုက စတဲ့ ယုံကြည်သက်ဝင်မှုကို ပြတဲ့အနေနဲ့  နှုတ်က ရွတ်ဆိုပူဇော်ခြင်းဆိုတာဟာ စိတ်ဆန္ဒကို ထုတ်ဖော်ပြသနည်း တစ်နည်းပဲ မဟုတ်လား။ ဗုဒ္ဓဘာသာဝင်ကလေးငယ်တွေ အတွက် ရည်စူးရေးဖွဲ့တာဖြစ်လို့ တေးသွားသံစဉ်တွေကို ပျောင်းနွဲ့ချိုလွင် ပေးထားပါတယ်။ တွေးကြည့်စရာတွေ ထည့်မထားပါဘူး။ ရိုးစင်းတဲ့ ဝေါဟာရလေးတွေကို သုံးထားပါတယ်။ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်ထဲက သန္ဓေယူ နေ့၊ ဖွားမြင်တော်မူတဲ့ နေ့၊ တောထွက်၊ ဘုရားဖြစ်၊ တရားဦးဟော၊ ပရိနိဗ္ဗာန်တဲ့ နေ့တွေ အကြောင်းနဲ့ ဘုရားရှင်ရဲ့ ဓာတ်တော် ဝေခန်းအပြင် ရတနာသုံးပါး ဘုရားရှိခိုး ပူဇော်ခြင်း အမျိုးမျိုးကို သီချင်းအဖြစ် ရေးဖွဲ့ထားတာပါ။

“နီရဲတဲ့နှလုံးသား
ဖွေးဆွတ်တဲ့မနောဝိညာဉ်
သူများအကျိုးအတွက်
ကိုယ့်အကျိုးကို အခါခါစတေး. . . ။
ယုံကြည်မှုက တစ်ခု . . .  တစ်ခုတည်း
ရှိခဲ့တယ် ရှိဆဲပဲ
မျှော်လင့်ခြင်း၊ ရွှေဉာဏ်ဆု သဗ္ဗညုတစ်ခုတည်း”  ရယ်လို့  ပူဇော် ရေးဖွဲ့ အဆုံးသတ်ထား
တဲ့ဗုဒ္ဓ၀င် အကျဉ်းတေးစုလေးပါ။

ကျွန်ုပ်။    ။ဟုတ်ကဲ့ပါ။ အခုလို အချိန်ပေး မေးသမျှ ဖြေတဲ့ ဆရာ့ကို ဒေါ်နွဲ့နွဲ့တင်နှင့် အတူ အထူးကျေးဇူးတင်ရှိပါတယ်။ ဆရာ့ အနေနဲ့  အပ္ပမာဒမဂ္ဂဇင်း အယ်ဒီတာချုပ်ကို ဘာများ မှာကြားလိုက်ဦးမလဲ။ ဆရာ့ တေးပရိသတ်နဲ့ တေးလောကကိုရော ဘာများ ပြောကြား ချင်ပါသလဲ ခင်ဗျား။
ဆရာစိုင်း။    ။အယ်ဒီတာချုပ်ကြီးကို သတိရ အားကျကြောင်း အပ္ပမာဒမဂ္ဂဇင်းကို လစဉ်မပြတ်ဖတ်လျက်ရှိပါကြောင်းနဲ့ ၀ိပဿနာ တရားများကို ယခုထက်မက ဆတက်ထမ်းပိုး တိုး၍ ပွားများ အားထုတ်နိုင်ပါစေလို့  ဆုမွန်တောင်းပါကြောင်း ပေါ့ဗျာ။ ဒါ့အပြင် ကျွန်တော့် တေးချစ်ပရိသတ်အတွက် တေးသစ်တွေ ရေးသီနေတဲ့အကြောင်း. . .  ခု ထွက်ပေါ်လာတဲ့ဆို၊ က၊ ရေး၊ တီးများကို လှိုက်လှိုက်လှဲလှဲကြိုဆိုရင်း. . . ။ နောင် ထွက်ပေါ်လာမယ့် ဂီတ မျိုးဆက်သစ်များကိုလည်း  မျှော်လင့်စောင့်စားရင်း ယခင်က လမ်းစပျိုးခဲ့သူ ဂီတဆရာ့ဆရာကြီးများကိုလည်း ဘယ်တော့မှ မမေ့ပါဘူးလို့ ဂုဏ်ပြုလျက်ရှိပါကြောင်း စကားများ ဆရာနှင့်ပါးလိုက်ပါရစေဗျား။ ကျေးဇူးတင်ပါတယ်။

                                               တင်ဝင်း - ကသာ(မန်းတက္ကသိုလ်)

                        အပ္ပမာဒ မဂ္ဂဇင်း ၊      ၂၀၀၂ ခုနှစ် ၊ အောက်တိုဘာလ

Sunday, July 29, 2018

မလျှော့နဲ့

မလျှော့နဲ့


ခေါင်းခန်းထဲမှာ နေရာရသေးလားဟေ့”


ဝေါင်လံကို၊ ဝေါင်လံကို…”


ကားစပယ်ယာကလေးသည်   သူအော် လက်စ  ဝေါင်လံကို  အသာရပ်၍ ကျွန်တော့်ဆီ ပြေးလာလေ၏။


“ဘယ်နှစ်ယောက် လိုက်မှာလဲခင်ဗျာ” “တစ်ယောက်တည်းပါကွာ”

“ရသေးတယ်ခင်ဗျာ”


ရှေ့ခန်းတံခါးဖွင့်ပေးပြီးနောက် ကားစပယ်ယာသည် ဆက်အော်လေ၏။


ဝေါင်လံကို ဝေါင်လံကို”


ကားစပယ်ယာများသည်       လည်ချောင်းပုံတောင်းလိုက်အောင်  ခရီးသည်ကို အော်ခေါ်နေကြ ရလေရာ အောင်လံသည် ဝေါင်လံဖြစ်သွားလေတော့သည်။


“ဟင်… ဘယ်သူတွေများမှတ်တယ်၊ ဖူးဖူးတို့ပါလား၊ ညည်းတို့ဘာလုပ်ကြ…” ဆေးခန်းလာပြတာ”

“ဟယ်… ဘယ်သူ့ကို”


ဖေဖေ့ကို လာပြတာလေ”


ထိုအခါကျမှ  သူ့အဖေ  ဝကြီးမောင်ကို  မြင်မိ။  မျက်စိများ  အခက်သား၊ အချောအလှကို ရှေးဦးမြင်မိတက်တယ်။


“ကို ဝကြီးမောင် ဘယ်လိုဖြစ်တာလဲဗျာ” 

“အအေးမိပြီးချောင်းဆိုးချင်သလို ဖြစ်နေလို့ပါဗျာ”

“ကို… ကိုဝကြီးမောင်နှယ်၊  နှာစေး  ချောင်းဆိုးများ  ရောဂါလုပ်လို့ဗျာ၊ မနက်မိုးလင်း ရေနှစ်ပုလင်းသောက်၊ ဆေးလိပ်ဖြတ်၊ အရက်ဖြတ်၊ ကွမ်းဖြတ်၊ အသီးအရွက်များများစား ပျောက်ရောပေါ့ဗျာ၊ နှာစေချောင်းဆိုး”


ကျွန်တော့်လက်တွေ့နည်းကို ဟြေပြ။ ကိုဝကြီးမောင် မျက်နှာ အနည်းငယ် ရွှင်လာ။ ၂၀၀၂  ခုနှစ်၊  သြဂုတ်လ  ၂၄  ရက်  စနေနေ့က   ကျွန်တော့် သားဖွင့်ထားသော ပြည်မြို့ ရိုမီယို အအေးဆိုင်မှ အောင်လံသို့ ပြန်ခဲ့ခြင်းဖြစ်ပါ၏။ အောင်လံမှာ ပင်မလုပ်ငန်း၊

အိုကေမြေပဲဆားလှော်။


ကားခေါင်းခန်းထဲနေရာယူပြီးနောက်         ကိုဝကြီးမောင်၊  သူ့သမီး ဖူးဖူးတို့နဲ့

စကားစမြည်ဟြေ။ စကားအရှိန်သေတော့ ကိုဝကြီးမောင်အကြောင်း တွေးမိ။ 


ကိုဝကြီးမောင်၊  ကိုဝကြီးမောင်။

 တစ်ချိန်က တကယ့်ပဂေးကြီးပါ။  သစ်စက်ကြီး  တဝီးဝီး လည်ခဲ့ဖူးသည်။ နောက်တိုက်ပေါင် ငွေချေးလုပ်ငန်းပေါ်လာတော့ ကန်ထရိုက်တိုက်တွေ တစ်လုံးပြီးတစ်လုံး ဆောက်ဖူးသည်။ တိုက်နဲ့ ကားနဲ့ မယား အချောအလှလေးတွေ တပြုံးပြုံးနဲ့ပါခင်ဗျာ။


တစ်ချိန်က ကိုဝကြီးမောင်သည် ယခု ကိုပိန်ကြီးမောင် ဖြစ်နေပါ၏။ တစ်ကိုယ်လုံးလည်း ချုံးကျ။ အရိုးချောင်းကြီး ထောင်ထားသလို။ ယခုအခါတွင် သစ်စက်လုပ်ငန်းကလည်း  ဟန်မကျ။ တိုက်ပေါင်ငွေချေးကလည်း တာမစား။  ထိုအခါ ကိုဝကြီးမောင် မော်တော်ကား အိမ်သာထဲကျ၊ ခရမ်းသီးပိန် ဓားတုံး၊ ကားမရှိတော့၍ လိုင်းကားခေါင်းခန်းမှာ အပင်ပန်းခံ စီးနင်းလိုက်ပါလာခြင်းဖြစ်ပါ၏။ စင်စစ်အားဖြင့် ကိုဝကြီးမောင်ကိုယ်  ခန္ဓာအတွင်းတွင်      ဘာရောဂါမှ      ရှိပုံမပေါ်ပါ။      အကြောင်းမရှိ အကြောင်းရှာ၍     ရောဂါထူနေခြင်းဖြစ်ပုံရပါသည်။     ပါရဂူဆရာများအား     သက်သက်မဲ့ သွားရောက်          ဒုက္ခပေးနေခြင်းဖြစ်ပုံရပါ၏။          ရောဂါမည်မည်ရရ          ရှိဟန်မတူ။ လုပ်ငန်းကိုင်ငန်း ကျ၍ စိတ်ကျခြင်းဖြစ်ပုံရပါ၏။


“ပို့ဆွမ်းကလေးပဲ အားပြုနေရတော့တယ်ကွာ”


ကျွန်တော့်စိတ်သည် ကျွန်တော့်ဆရာ ဘိုးဝမ်းဆီ ရောက်သွားလေ၏။ ဆရာဘိုးဝမ်းသည် ကျွန်တော်တို့ ၁၀ တန်းကျောင်းသားဘဝ ၁၉၆၂-၁၉၆၃ ပညာသင်နှစ်များလောက်က  အောင်လံမှာ ဘိုးဝမ်းမှ  ဘိုးဝမ်းခင်ဗျာ့။  အသင်အပြကလည်းကောင်း၊ သြဇာကလည်းရှိ။        ကျန်းမာရေးလိုက်စား  တင်းနစ်ကစားထားတော့ ကိုယ်ခန္ဒာကလည်း  တောင့်မှတောင့်၊ ယနေ့အသက်  ၇၀  ဘိုးဝမ်းနှင့်များ  ကွာပါဘိခြင်း။ ပို့ဆွမ်းကလေး။ မှန်ပါသည်။ ပင်စင်နာ၊ ဆရာဘိုးဝမ်း၊ ပင်စင်ကလေး အားကိုးပြုရ၊ သူ့သား သူ့သမီးများ ကူညီ ပံ့ပိုးမှုကလေးဖြင့် ရပ်တည်နေရ။


“ငါတော့ စိတ်ကို လျှော့လိုက်ပြီကွာ”


ဆရာသည်  ပျော့လျက်ရှိ၏။ ကျွန်တော်တို့   ၁၀  တန်းတုန်းက   သင်ပြခဲ့သော လေမျိုးမဟုတ်တော့။  မာန်များဌာန်များ တစ်ခုမျှမကျန်တော့။  ထိုအခါ  ဘဘဦးသန်းမြင့်ကို မြင်ယောင် မိပြန်လေ၏။ ပူပူနွေးနွေး   သြဂုတ်လ  ၂၀  ရက်နေ့က  ဦးသန်းမြင့် ဆန်ပွဲရုံတည်ရှိရာ အောင်လံမြို့ ကမ်းနားလမ်းသို့ရောက်လေ၏။


“ဟယ်… နင်တို့ ဘယ်လိုလုပ်ကြတာလဲ၊ ငါ့အဖေကို အလုပ် လုပ်ခိုင်းနေကြတုန်းပဲလားဟ”


ကျွန်တော်     ပွဲရုံထဲသို့     ရောက်ရောက်ချင်း     တုံတုံနဲ့    ပုံပုံကို    ကြိမ်းမောင်းလေတော့သည်။


“ဟင်… အကို၊ ကျွန်မတို့ခိုင်းတာမဟုတ်ဘူး၊  သူ့ဘာသာဝင်လုပ်တာ၊  တားလို့ကို မရဘူး၊ ကြည့်ဟြေဦး”


ဘဘဦးသန်းမြင့်သည် အသက် ၈၇ နှစ်ရှိပါပြီ။ မာတုန်းသန်တုန်းဗျာ။ သူက ကျွန်တော့်ကို သားလိုချစ်သည်။ သားလိုသဘောထားသည်။ ကျွန်တော်ကလည်းသူ့ကို အဖေလိုသဘောထား၏။   သူ့သားသမီးများခေါ်သလို   အဖေဟုခေါ်တတ်၏။   ကျွန်တော်

ရောက်သွားသောနေ့က   ဘဘသည်  ပွဲရုံထဲမှ   ကားပေါ်သို့   ဆန်အိတ်ထမ်းတင်နေသော အလုပ်သမားများ ထံမှ ဂရို့တံများကို သိမ်း၍ တောင်းတစ်လုံးထဲ ထည့်နေလေ၏။ တာလီစာရေးလုပ်သောအလုပ်  ဝင်လုပ်နေခြင်းဖြစ်ပါ၏။ သူ့ဆန်ပွဲရုံလုပ်ငန်း

အောင်မြင်နေတာပဲဗျာ။ အသာ  အေးအေးဆေးဆေး   အနားယူ  ဘေးထွက် ထိုင်နေရသားနဲ့ဟာကို။  အဘိုးကြီးက  တခါတလေ  အောက်ဖိတ်ကျနေသော ဆန်များကို ဆန်ကောတစ်ချပ်နှင့်    လိုက်ကျုံးနေတက်၏။    အောက်ကျုံးဆန်များကို     အိတ်တစ်လုံးနဲ့

ထည့်သိမ်းနေတတ်၏။ အလုပ်တွေ ကုန်းရုန်းလုပ်နေတုန်း။


“သက်သောင့်    သက်သာနေစမ်းပါ     အဖေရာ၊    ကလေးတွေလုပ်ပါလိမ့်မယ်”

“ဟေ့ကောင်ချမ်းသာ၊   မင်းကဟြေတော့   လွယ်တယ်၊   ဒါပေမယ့်   အလုပ်လုပ်ချင်နေတဲ့ ငါ့စိတ်ကို ဖျောက်လို့မရဘူးကွ”


“ဗျာ… အဖေ”


ကျွန်တော်  လက်မြှောက်လိုက်ပါ၏။  သည်အဘိုးကြီးသည်  သေသည်အထိ အလုပ် လုပ်သွားတော့မည့် အဘိုးကြီးဖြစ်ပါ၏။ ယနေ့ သူ့အသက် ၈၇၊ ၉၀ နားကပ်နေပါပြီ။ သတင်းစာဖတ်တုန်း၊ ဆွမ်းလောင်းတုန်း၊ သန်တုန်း မြန်တုန်း အလုပ်လုပ်နေတုန်းဗျာ၊  ကြောက် ကြောက်စရာ၊ အလုပ်နဲ့လက်နဲ့ ပြတ်တယ်မရှိ။ ငါသေမှလျှော့မယ်၊ ဇွဲ။ သူ့စိတ်ထဲကဟြေနေတဲ့စကား။ ကျွန်တော်ကြားနေရ။ အာဂလူစား။

                                 မောင်ချမ်းသာ

Saturday, June 30, 2018

ပင်နီ ( ချင်းတွင်း ရောင်ခြည်သစ်)

၁၉၈၀ တစ်ဝိုက် ပေါ်ပေါက်ခဲ့တဲ့
မုံရွာမြို့ မှ ချင်းတွင်းရောင်ခြည်သစ်
အိုးစည် ဒိုးပတ် အဖွဲ့ ရဲ့
ပင်နီ... ဒိုးပတ်သီချင်းပါ ။
ဒီအဖွဲ့ရဲ့  တေးပြုစာဆို အေးသလ္လာ
ကွယ်လွန်ခဲ့တာ ဒီနေ့ ( 30-6-2018 )
ဟာ ၁၂ -နှစ် ပြည့်သွားပါပြီ...
အောက်မေ့
               သတိရ
                         တမ်းတခြင်း
များ စွာ  ဖြင့်.........................

http://picosong.com/w9EM2

သီချင်းဖိုင်ဆိုဒ်က  8.5 Mb ရှိပါတယ်

https://my.pcloud.com/publink/show?code=XZ0EkB7Zfqj1seY9Eq48uMihI6UXApbjtIcy

https://yadi.sk/d/qYiy50kh3YcFNj

Monday, June 25, 2018

မျက်လုံဖွင့်ပြီး အိပ်ကြည့်ပါ

မောင်
ဘယ်လို ပမာနည်းနာနဲ့
နာကြည်း ကာ
မုန်းမေ့နိုင်ပါ့မယ်......

http://picosong.com/w9LL8

https://my.pcloud.com/publink/show?code=XZrSlf7Zg6ezfYW4X8YO2YPCTddYIQtkC5FX

     👁️  မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ

တေးရေး    ဂီတာဖေ၀င်း
တေးဆို     ဂီတာဖေ၀င်း

          [ 👁️  အချစ်ဆုံးရယ် အပြစ်ရှာအမုန်းစကားဆိုတော့
မေတ္တာအရှုံးသမားဘ၀နဲ့ သစ္စာနှလုံးသား အလှမဲ့ရုပ်ဆိုးရမယ်
လကွယ်ညသန်းခေါင် မိုးအမှောင်ကျတာထက်
မောင့်ဘ၀ညဥ့်နက်ရပြီကွယ်
သစ်ရွက်ကလေးတွေ လေမှာဝဲသလို
ကြွေစရာလည်း အသည်းအပိုမရှိ ချစ်မိသည့်ဝန်တာ
ရင်မှာပိုက်ထွေး ချစ်ကြွေးသံသရာလည်
            👁️ သည်ဘ၀သည်မျှနဲ့ပဲ လမ်းခွဲကြပါစို့တဲ့
မုန်းမေ့ဖို့ သူကပြောလာတယ် အသည်းစိုင်မှူးရယ်
မောင်ဘယ်လိုမုန်းမေ့နိုင်ပါ့မယ် မခွဲနိုင်ဘူးကွယ်
မောင်ဘယ်လိုမုန်းမေ့နိုင်ပါ့မယ်
ကျောက်ဆစ်ရုပ်လို အသည်းမရှိရင်တော့
စွဲမိလေသမျှ မုန်းမေ့လို့ရနိုင်ပေလိမ့်မယ်
မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါအချစ်ရယ်
စိတ်အသိမှာမလွယ် ပင်ပန်းနွမ်းနယ် မဖြစ်နိုင်သလိုဘဲကွယ်
အသက်လိုချစ်တဲ့သူကို မောင်ဘယ်လိုပမာနည်းနာနဲ့
နာကြည်းကာမုန်းမေ့နိုင်ပါ့မယ်
မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါအချစ်ရယ်
မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါအချစ်ရယ်နော်ကွယ် ]

Friday, June 22, 2018

အစိန္တေယြ

မုံရွာ ဦးလေးခန့် ရေးသားခဲ့တဲ့
အစိန္တေယျ သီချင်း တီးလုံး သီးသန့်
ဖြစ်ပါတယ်။
ဖိုင်ဆိုဒ်ကတော့ 13.2 Mb ပါ။
အသံအရည်အသွေးကောင်းမို့ ဖိုင်ဆိုဒ်က ကြီးတာပါ။
Picosong နဲ့ Pcloud တို့ကနေတင်ပေးထားပါတယ်။

http://picosong.com/w9eiZ

https://my.pcloud.com/publink/show?code=XZKxnf7ZHvhGbySB1pBhDJavgrSmA0XT4y7y


                 အစိန္တေယျ

တေးရေး     မုံရွာ ဦးလေးခန့်
တေးဆို       ဌေးဌေးမြင့်

         ☸️  အစိေႏၱယ် အပၸေမယ် အနႏၱစၾကာသတၱ
အတုမရှိသော ကျေးဇူးဂုဏ်တော်
အပေါင်းတည်ရာ ဖြစ်တော်မူသော
အရှင်ဝိပသီမြတ်စွာ ဘုရားကိုယ်တော်
         ☸️  ဘုန်းတော်အနန္တ ကံတော်အနန္တ
ဥာဏ်တော်အနန္တ စကြ၀ဠာ ကမ္ဘာမိုးမြေ
ဖြန့်ဖြန့်ကျိုးမျှ တန်ခိုးတော်အနန္တနဲ့ ပြည့်စုံတော်မူသော
အရှင်သိခီမြတ်စွာ ဘုရားကိုယ်တော်
         ☸️   လောကီမာန်ချိုင် နှောတိဥာဏ်ပိုင်
ပေါပြည့်လျှံကြိုင် လျှံကြိုင် ဗောဓိမဏ္ဍိုင်
ခန်းဝါပိုင် ငါးခိုင်မာန်မျိုး နှိမ်ပယ်ချိုးလို့
တန်ခိုးတော်သခင်
အရှင်ဝိပသူ မြတ်စွာဘုရားကိုယ်တော်
         ☸️  သီလာမြေထု မေယုသမ္မင်္တိံ ၀ရဇိန်ပညာ
ထူးချွန်လွန်ကဲ သိမ်မွေ့နက်နဲ ခက်ခဲလှစွာ
တရားဒေသနာသခင် ဖြစ်တော်မူသော
အရှင်ကောက္ကုဿန်  မြတ်စွာဘုရားကိုယ်တော်
         ☸️  သုံးလူ့ရှင်ပင် ကျွန်းထိပ်တင်
သောင်းခွင်စကြစဠာ နတ်ဗြဟ္မာတို့
ရှိခိုးကော်ရော် ဖူးမြော်ပါရ
အရှင် ကောဏဂုံ မြတ်စွာဘုရားကိုယ်တော်
         ☸️    ဘ၀သုံးပါး ဟုန်းဟုန်းသွားတဲ့
ရထားသံသရာ ယာဉ်စကြာဆိုတာ
ဘယ်လိုဘယ်သို့ ဟောဖော်မြွက်
ဓမ္မစက်သခင် ဖြစ်တော်မူသော
အရှင်ကဿပ မြတ်စွာဘုရားကိုယ်တော်
          ☸️   သမ္ဘာလျှံကြိုင် ကမ္ဘာမဏ္ဍိုင် မြရောင်လှိုင်
ခန့်ခိုင်ထင်ရှား ဖြစ်တော်မူသော
အရှင် ဂေါတမ မြတ်စွာဘုရားကိုယ်တော်
          ☸️ ( ဤ ခုနစ်ဆူကုန်သော
မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်
ဤ မင်္ဂလာမဏ္ဍပ် ကျောင်းတော်အမှတ်ဖြင့်သာလျှင်
ရွှေဖ၀ါး ရတနာ စကြာချလှမ်း ကြွမြန်းစံကြပါကုန်ဘုရား )
 
     🎤  သီဆိုပူဇော်နိုင်ကြပါစေ

Tuesday, June 19, 2018

ချမ်းမြေ့ပါစေ


ချမ်းမြေ့ပါစေ ( အဆို မပါ )
စန္ဒရား တင်ဝင်းလှိုင် ရေးသီထားတဲ့ သီချင်းကို တီးလုံးသီးသန့် တင်ပေးလိုက်ပါတယ်။
သီဆိုသူကတော့ နီနီဝင်းရွှေပါ။

https://my.pcloud.com/publink/show?code=XZiiHf7Z0YEiQXwgHN5oGd3rgCWIOhsmhsEX

Picosong ကနေ လည်း အလွယ်တကူ ယူလို့ရပါတယ်

http://picosong.com/wcvnU

မေတ္တာဆိုတဲ့ နေခြည်အောက်မှာ
သောကဆိုတဲ့ နှင်းပေါက်တွေ ပျောက်ကွယ် နိုင်ကြပါစေ......

Thursday, February 18, 2016