Monday, June 25, 2018

မျက်လုံဖွင့်ပြီး အိပ်ကြည့်ပါ

မောင်
ဘယ်လို ပမာနည်းနာနဲ့
နာကြည်း ကာ
မုန်းမေ့နိုင်ပါ့မယ်......

http://picosong.com/w9LL8

https://my.pcloud.com/publink/show?code=XZrSlf7Zg6ezfYW4X8YO2YPCTddYIQtkC5FX

     👁️  မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ

တေးရေး    ဂီတာဖေ၀င်း
တေးဆို     ဂီတာဖေ၀င်း

          [ 👁️  အချစ်ဆုံးရယ် အပြစ်ရှာအမုန်းစကားဆိုတော့
မေတ္တာအရှုံးသမားဘ၀နဲ့ သစ္စာနှလုံးသား အလှမဲ့ရုပ်ဆိုးရမယ်
လကွယ်ညသန်းခေါင် မိုးအမှောင်ကျတာထက်
မောင့်ဘ၀ညဥ့်နက်ရပြီကွယ်
သစ်ရွက်ကလေးတွေ လေမှာဝဲသလို
ကြွေစရာလည်း အသည်းအပိုမရှိ ချစ်မိသည့်ဝန်တာ
ရင်မှာပိုက်ထွေး ချစ်ကြွေးသံသရာလည်
            👁️ သည်ဘ၀သည်မျှနဲ့ပဲ လမ်းခွဲကြပါစို့တဲ့
မုန်းမေ့ဖို့ သူကပြောလာတယ် အသည်းစိုင်မှူးရယ်
မောင်ဘယ်လိုမုန်းမေ့နိုင်ပါ့မယ် မခွဲနိုင်ဘူးကွယ်
မောင်ဘယ်လိုမုန်းမေ့နိုင်ပါ့မယ်
ကျောက်ဆစ်ရုပ်လို အသည်းမရှိရင်တော့
စွဲမိလေသမျှ မုန်းမေ့လို့ရနိုင်ပေလိမ့်မယ်
မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါအချစ်ရယ်
စိတ်အသိမှာမလွယ် ပင်ပန်းနွမ်းနယ် မဖြစ်နိုင်သလိုဘဲကွယ်
အသက်လိုချစ်တဲ့သူကို မောင်ဘယ်လိုပမာနည်းနာနဲ့
နာကြည်းကာမုန်းမေ့နိုင်ပါ့မယ်
မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါအချစ်ရယ်
မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါအချစ်ရယ်နော်ကွယ် ]

No comments:

Post a Comment