မုံရွာ ဦးလေးခန့် ရေးသားခဲ့တဲ့
အစိန္တေယျ သီချင်း တီးလုံး သီးသန့်
ဖြစ်ပါတယ်။
ဖိုင်ဆိုဒ်ကတော့ 13.2 Mb ပါ။
အသံအရည်အသွေးကောင်းမို့ ဖိုင်ဆိုဒ်က ကြီးတာပါ။
Picosong နဲ့ Pcloud တို့ကနေတင်ပေးထားပါတယ်။
http://picosong.com/w9eiZ
https://my.pcloud.com/publink/show?code=XZKxnf7ZHvhGbySB1pBhDJavgrSmA0XT4y7y
အစိန္တေယျ
တေးရေး မုံရွာ ဦးလေးခန့်
တေးဆို ဌေးဌေးမြင့်
☸️ အစိေႏၱယ် အပၸေမယ် အနႏၱစၾကာသတၱ
အတုမရှိသော ကျေးဇူးဂုဏ်တော်
အပေါင်းတည်ရာ ဖြစ်တော်မူသော
အရှင်ဝိပသီမြတ်စွာ ဘုရားကိုယ်တော်
☸️ ဘုန်းတော်အနန္တ ကံတော်အနန္တ
ဥာဏ်တော်အနန္တ စကြ၀ဠာ ကမ္ဘာမိုးမြေ
ဖြန့်ဖြန့်ကျိုးမျှ တန်ခိုးတော်အနန္တနဲ့ ပြည့်စုံတော်မူသော
အရှင်သိခီမြတ်စွာ ဘုရားကိုယ်တော်
☸️ လောကီမာန်ချိုင် နှောတိဥာဏ်ပိုင်
ပေါပြည့်လျှံကြိုင် လျှံကြိုင် ဗောဓိမဏ္ဍိုင်
ခန်းဝါပိုင် ငါးခိုင်မာန်မျိုး နှိမ်ပယ်ချိုးလို့
တန်ခိုးတော်သခင်
အရှင်ဝိပသူ မြတ်စွာဘုရားကိုယ်တော်
☸️ သီလာမြေထု မေယုသမ္မင်္တိံ ၀ရဇိန်ပညာ
ထူးချွန်လွန်ကဲ သိမ်မွေ့နက်နဲ ခက်ခဲလှစွာ
တရားဒေသနာသခင် ဖြစ်တော်မူသော
အရှင်ကောက္ကုဿန် မြတ်စွာဘုရားကိုယ်တော်
☸️ သုံးလူ့ရှင်ပင် ကျွန်းထိပ်တင်
သောင်းခွင်စကြစဠာ နတ်ဗြဟ္မာတို့
ရှိခိုးကော်ရော် ဖူးမြော်ပါရ
အရှင် ကောဏဂုံ မြတ်စွာဘုရားကိုယ်တော်
☸️ ဘ၀သုံးပါး ဟုန်းဟုန်းသွားတဲ့
ရထားသံသရာ ယာဉ်စကြာဆိုတာ
ဘယ်လိုဘယ်သို့ ဟောဖော်မြွက်
ဓမ္မစက်သခင် ဖြစ်တော်မူသော
အရှင်ကဿပ မြတ်စွာဘုရားကိုယ်တော်
☸️ သမ္ဘာလျှံကြိုင် ကမ္ဘာမဏ္ဍိုင် မြရောင်လှိုင်
ခန့်ခိုင်ထင်ရှား ဖြစ်တော်မူသော
အရှင် ဂေါတမ မြတ်စွာဘုရားကိုယ်တော်
☸️ ( ဤ ခုနစ်ဆူကုန်သော
မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်
ဤ မင်္ဂလာမဏ္ဍပ် ကျောင်းတော်အမှတ်ဖြင့်သာလျှင်
ရွှေဖ၀ါး ရတနာ စကြာချလှမ်း ကြွမြန်းစံကြပါကုန်ဘုရား )
🎤 သီဆိုပူဇော်နိုင်ကြပါစေ
No comments:
Post a Comment