Friday, August 24, 2018

လက်သံ နဲ့ လေသံ



မုံရွာသား ၂ ယောက် ရဲ့
                လက်သံ  နဲ့   လေသံ

ဆိုင်းဆရာ မုံရွာ စိန်ထွန်းဝေ ရဲ့ လက်စွမ်းပြ  " မိုး ” တီးလုံးတီးကွက် ကို video မှာ ကျွန်တော် ဝင်ရှုပ်ထားတာပါ။
        ဆရာ မုံရွာ စိန်ထွန်းဝေ ရဲ့ လက်သံ သက်သက်ပဲနားဆင်ချင် ကြရင်ဖြင့် အောက်မှာ ပေးထားတဲ့ လင့်ခ် တွေကနေ ဒေါင်း ယူတော်မူကြပါ။ လက်စွမ်း တကယ် ပြထားတာပါ။
mp3 ဖိုင်ဆိုဒ်က 9.3 Mb

https://my.pcloud.com/publink/show?code=XZS73s7ZUxLuvAzylXzSrdLWpVsHgLSuTf17

http://picosong.com/w5LaP


                      မိုး

 တေးရေး အလင်္ကာကျော်စွာ ရွှေပြည်အေး တေးဆို ကိုမြကြီး

◼ ( ၀သန်ခါမီ လရာသီ ပြာရီရစ်ဝိုင်း မှိုင်းလဲ့လဲ့ ဆိုင်းနွဲ့နွဲ့ သိုင်းဖွဲ့လို့ဟန်ချီ မင်းလွင်ဆီ ညိုရောင် မှောင်ခိုး မိုးလအခါမီ ဖြိုးဖြိုးလျလျ စွေလှသည် )
◼( ဂျိုးဂျိမ့်သံ မာန်တင်းကာပ အသူရာ သိကြားမင်းက စစ်ခင်းကာပြိုင်ကြပြီ သြော် ဂျိုးဂျိမ့်သံ မာန်တင်းကာပ အသူရာ သိကြားမင်းက စစ်ခင်းကာပြိုင်ကြပြီ စိတ်မကျေနိုင် အနိုင်လုတော့ အေးလှပါသည် ထွေးစရာ ဗလာအထည် ဆွေး ဆွေး ဆွေးရတာရှည် ဇာကတ္တီဗွေဆိုင် ဖြေနိုင်ပါပဲ မလုံ့တလုံ့ ခြုံလွှာမွဲလို့ မစုံဖော်ကွဲ သည်းကြွေလုပြီ သြော် ဘယ်ခါမှ အတူတကွနေရပါမည် နွေးစရာ့အတည် ဆွေ နှမဒါလီ ဝေး ဝေး ရ ပြီ )
◼လိုက်တော်မူ သင့်ပါရဲ့ အခွင့်ကို မျှော် လိုက်တော်မူ သင့်ပါရဲ့ အခွင့်ကို မျှော် လိုက်တော်မူ သင့်ပါရဲ့ အခွင့်ကို မျှော် မသင့်တော် သလို ပ တစ်မေခင်လွဲ ရွှေရင်ထဲမှာဖြင့် ကွဲလုပြီ စွဲသူ့ မျက်ရည် မျက်ရည် စွဲသူရဲ့ မျက်ရည် သြော် ရက်ရှည်ရှည် ဆွေးတယ်လေး သွေး ကဲ့သို့ နီ
◼ သံစုံရင့်ကျူး မြူးခဲ့ပြီ သြော် လေဦးမိုးသက်ချီ တရွေ့ရွေ့နဲ့ မိုးငွေ့တွေ လေချီ ငွေချည်ငွေပန်း တန်းကာကျပြီ ဆန်းစွာလှသည် လွမ်းတာကရှည် ပန်းလျဝေရီ တမ်းတလို့ပဲ ဖြေမဆည်နိုင်တော့ပြီ

No comments:

Post a Comment