စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Friday, August 24, 2018
ဗျာကြီး က်ြယက်
ဗျာကြီးကြက်ယက် 🐓
၂၀၀၂ ခုနှစ် သြဂုတ်လ ၁ ရက်။ ပဲစင်းငုံ ၇၁၅၀။ ပဲတီစိမ်း ၇၀၀၀။ ပြဲကီး ၈၈၀၀။ ကုလားပဲ ၇၂၀၀။ နှမ်းသစ် (ညံ့) ၄၂၀၀၀။ နှမ်းဟောင်း ၄၇၀၀၀။ မတ်ပဲအေး၊ ဆီပဲဆန် ၉၅၀။ မုန့်ပဲလုံးဆန် ၁၈၀၀၀။ ကြက် ၂၀၀၀။ ဝက် ၁၆၀၀။ အမဲ၁၆၀၀။
၂၀၀၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ ပဲတီစိမ်း ၅၇၀၀။ နှမ်း ၆၁၀၀ (တစ်တင်း)။ သုံးတင်းတစ်အိတ် ၁၈၃၀၀။ နှမ်းဆီ ၇၅၀။ ကြက် ၂၀၀၀။ အမဲ ၈၀၀။ ဆား ၆၂ ကျပ်။ မုန့်ပဲလုံးဆန် ၆၀၀၀။ ပဲခွံတစ်အိတ် ၈၀။ ဒိုင်ယာရီနှစ်အုပ်ကို တိုက်ဆိုင်မှတ်သားနေစဉ် ကျွန်တော့်မိန်းမသည် အနားသို့ ရောက်လာလေ၏။
“ မောင်ရေ… မြေပဲဆန် ကုန်ကြမ်းဈေးမြင့်လွန်းလို့ ဆားလှော်လုပ်ငန်း ရပ်ထားရတာ တစ်လပြည့်တော့မယ်၊ ဝင်ငွေမရှိ ဘာမရှိနဲ့ ထိုင်စားတွေဖြစ်နေပြီမောင်”
“ထိုင်မစားလို့ ထစားရမှာလားကွ”
ဟုတ်တယ်ဗျာ၊ သည်မှာ အလိုလိုမှ အကြံအိုက်နေရတဲ့အထဲ သူကတစ်မှောင့်ဗျာ။ “ဟာကွာ… မောင်ကလည်း၊ သူများ အကောင်းဟြေတာကို”
အမှန်မှာ သူပူမည်ဆိုလည်း ပူလောက်ပါ၏။ လုပ်ငန်းရပ်ထားရတာ တစ်လတင်းတင်း ပြည့်သွားပါပြီ။
“ပဲတီစိမ်း ခြွေလှေ့စက် ထောင်ရ ကောင်းမလားလို့ မောင်စဉ်းစားနေတာကွ”
“အဲလို လုပ်စမ်းပါမောင်ရယ်၊ ဝင်ငွေ ပုံမှန်လေးနဲ့ ဆိုတော့ ထမင်းစားရတာ
ဖြောင့်တာပေါ့”
“ဝင်ငွေကတော့ ပုံမှန် မဟုတ်ဘူးပေါ့ကွာ၊ ပဲတီစိမ်းပေါ်တဲ့အချိန် ဇူလိုင်လမှာ တစ်ကြိမ်၊ အောက်တိုဘာနိုဝင်ဘာမှာ တစ်ကြိမ် နှစ်ကြိမ်တော့ အလုပ်ဖြစ်တယ်ကွ”
“စုံစမ်းကြည့်ပါလားမောင်”
“ မောင် စုံစမ်းပြီးပြီ၊ မြောက်ပိုင်းက ကိုမျိုးမြင့်တို့ဆင်တဲ့ စက်တွေသွားကြည့်ပြီးပြီ၊ အခိုင်အခံ့ အကောင်းစား ဒီနေ့ပေါက်ဈေး သုံးသိန်းခွဲ၊ အင်ဂျင်မပါ၊ အင်ဂျင်က ၂၁
ကောင်ကိုသုံးရမယ်တဲ့၊ အင်ဂျင်ဈေးတော့ မစုံစမ်းရသေးဘူး၊ အင်ဂျင်နဲ့ဆို ခြောက်သိန်း၊ ခုနစ်သိန်းလောက်တော့ သွားလိမ့်မယ်ထင်တယ်”
“ပဲတီိစိမ်း ပြီးရင်ဘာလုပ်လို့ ရသေးလဲ”
“ပဲတီစိမ်းပြီးရင်တော့ တပေါင်းတန်ခူးမှာ ကုလားပဲပေါ့ကွာ၊ သူက ပဲတီစိမ်းလောက်တော့ အားမကောင်းလှဘူး၊ သင့်ရုံပဲရမှာ၊ ပဲတီစိမ်းကတော့ မိန်းပေါ့ကွာ”
“ဒီလိုဆို အခြားတစ်ခု စဉ်းစားဦးမောင်”
“မောင်လည်း စဉ်းစားရတာ ခေါင်းပူနေပြီကွာ”
မှန်ပါတယ်ခင်ဗျာ့၊ ကျွန်တော်တို့လုပ်ငန်း လုပ်နေကြသူများဟာ မိမိလုပ်ငန်း ပုံစံပျက်သွားတယ်ဆို နည်းနည်း ယောင်သွားတက်ကြတယ်။ လောဘ၊ သောက ဦးဆောင်တဲ့နောက် ပါနေရတာကိုးဗျာ့။
“ ဟေ့ကောင်… ချမ်းသာ၊ ငါ မင်းကိုကြည့်မရချင်တော့ဘူး”
“ဟင်… အပါးကလည်း… အလိုလိုမှ စိတ်ညစ်နေရတဲ့အထဲ”
တစ်နေ့ အပါး (တရုတ်အဖိုးကြီး ဦးခွေးလေး) ဆီရောက်သွားတော့ အပါးက ဆီးဆူတယ်ဗျာ့။ အမှန်က သူ့ဆီ အကြံဥာဏ်တောင်းရအောင် သွားတာ။ သူက ပဲကြီးလှော် လှော်ဖူးတယ်။ ပဲခြမ်းကြော် ကြော်ဖူးတယ်။ လက်ဖက်စို၊ လက်ဖက်ခြောက်လုပ်ငန်းလဲ လုပ်ဖူးတယ်။
“မင်းကွာ… ဆပ်ဟြသည် လင်ပျောက်တဲ့အတိုင်း ယောက်ယက်ကို ခတ်နေတာပဲကွာ”
“ဆပ်ဟြသည် လင်ပျောက်တာ ဘာအကြောင်းလဲ အပါးရယ်၊ နောက် တစ်ယောက် ကောက်ယူလိုက်ရုံပေါ့ ရှာကျွေးနိုင်ရင် ပြီးတာပဲဗျာ”
“မင်းကိုဟြေလိုက်ရင် သည်လိုချည်းပဲ၊ ရွှတ်နောက်နောက်နဲ့ကွာ၊ ငါနားသယ် ပိတ်ထိုးလိုက်ရ ဟင်း…”
အပါးက သူ၏ သန်မာလှသော လက်ကြီးနဲ့ ကျွန်တော့်ညာဘက်နားရွက်ကို လိမ်ဆွဲလိုက်ရာ ပဲ့ပါသွားပြီလားမှတ်ရပါ၏။ နာလိုက်သည့်ဖြစ်ခြင်း။
“ ဟေ့ကောင်… မြဲမြဲမှတ်”
“ ဟြေ အပါး”
“အဟြေင်းအလဲတစ်ခုဖြစ်တိုင်း အရမ်းမပျာရဘူးကွ၊ “ဗျာကြီးကြက်ယက်”
ဆိုတဲ့စကား ကြားဖူးလား”
“ကြားဖူးတယ် အပါး”
“ မြင်ကော မြင်ဘူးလား”
“ မြင်ဘူးတယ် အပါး၊ ကျွန်တော်ငယ်ငယ်တုန်းက နေ့ခင်းတိုင်း စပါးလှန်းဖျာကို ကြက်စောင့်ရဖူးတယ်”
“ဘာတွေ့လဲ”
ကျွန်တော်ငယ်ငယ်က စပါးလှန်းဖျာစောင့်ရသည်များကို ပြန်မြင်ယောင်မိပါ၏။ အိမ်ရှေ့ ကြမ်းပြင်ပေါ် နေပူကျဲကျဲကြီးမှာ ဖျာခင်း၍ စပါးများကို လှန်းထားပါ၏။ ကြက်ဖ သို့မဟုတ် ကြက်မ သည် မြေပြင်မှ ကြမ်းပြင်ပေါ်သို့အားယူ၊ ဝုန်းခနဲခုန်တက်လာကာ စပါးလှန်းဖျာကို ဂျက်ဂျက် ဂျက်ဂျက်နှင့်ယက်နေ၏။ တကယ်ဆို စပါးစေ့တွေ အများကြီးဗျာ၊ တစ်စေ့ချင်းကောက်စားစမ်းပါ၊ စလုပ်တောင်ပေါက်ထွက်သွားဦးမယ်၊ ဟုတ်ဘူးဗျာ၊ အပြေးအလွှား ကပျာကယာ ယက်လိုက်၊ ကောက်လိုက်၊ အမလေးဗျာ၊ သူ့ပါးစပ်ထဲရောက်တာက တစ်စေ့နှစ်စေ့ အောက်ကမြေပြင်ပေါ်ရောက်သွားတာက တစ်ပြည်သားလောက်ဗျာ။
“ဟ… ကြက်မ”
ကျွန်တော်က မောင်းချ၊ သူကခုန်ဆင်းသွား၊ အောက်မှာ ကျနေတဲ့ စပါးတွေကို ကြက်ကလေးတွေက အေးအေးဆေးဆေးကောက်စား၊ ကျွိကျွိ ကွိကွိနဲ့။ ဟာ… မကြာဘူး၊ သူကတက်လာပြန်ပြီဗျို့။ ဝုန်းခနဲ ယက်ပြန်ပြီဗျာ။ တဂျက်ဂျက်။ ကျသွားပြန်ပြီ၊ စပါးစေ့တွေအောက်ကို။ အေးအေးဆေးဆေးယက်ရတာ မဟုတ်ဘူး။ လောက်စာလုံးမှန်မှာကလည်း
ကြောက်ရတော့ ကပျာကယာ ယက်ရတာ။
“ဘာတွေ့လည်း” အပါးကထပ်မေးတယ်။
“အယ်… တွေ့တယ်အပါး၊ သူ့ပါးစပ်ထဲရောက်တာက နည်းနည်း
အောက်ထွက်ကျသွားတဲ့ စပါးက များနေတယ် အပါး”
"အေး… ဒီသဘောပဲကွ၊ ဒါမဟန်သေးဘူးဆို ဟိုဟာဟြေင်း ဟိုဟာမဟန်သေးဘူးဆို ဒီဟာဟြေင်း၊ အကျိုးအမြတ်ရတာက နည်းနည်း ဆုံးရှုံးမှုက
များနိုင်တယ်ကွ၊ ဗျာများလေဆိုးလေပဲကွ”
“ဟုတ်ကဲ အပါး”
“နည်းနည်း အချိန်ယူပြီး ခေါင်းအေးအေးနဲ့ စဉ်းစားကွာ၊ စဉ်းစားပြီးပြီ
လေ့လာပြီးပြီဆို မှထလုပ်ကွာ၊ အမှားနည်းတာပေါ”
အပါးက ကျွန်တော် သွေးပူပြီး ထင်ရာစွတ်မလုပ်မိဖို့ သတိပေးတာခင်ဗျာ့၊ အင်း… သူက အသက် ၈၀ ကျော်၊ ခေါင်းဖြူစွယ်ကျိုး ထုသားပေသားရနေတဲ့ တရုတ် အဘိုးကြီးကလားဗျာ၊ သူ့အကြံဉာဏ်ဟာ ကျွန်တော့်အတွက် အဖိုးတန်ပေတာပေါ့ဗျာ။ သူဟြေလို့ဗျာ၊ နို့မို့ဆို ကျွန်တော်က ထင်မိထင်ရာ စွတ်ချတော့မှာ။
(စွတ်ချတာ မှန်တဲ့အခါလည်း မှန်တက်တယ်။ အခြားတစ်ဖက်မှ
ဟြေင်းပြန်အတွေး။)
မောင်ချမ်းသာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment