Thursday, August 23, 2018

မယ်ဒလင် ၂ လက်နဲ့ မိုး


မနေနိုင်လို့ ဆိုလိုက်ပြီ ။
မယ်ဒလင်ဆရာ နှစ်ဦး ရဲ့ လက်စွမ်းကို လေးစားပါသည်။ နောက်နောင်လည်း တင်ပေးပါ။  ကျေးဇူးပါ ။

⛈️  မိုး  🌧️

အလင်္ကာကျော်စွာ ရွှေပြည်အေး ရဲ့ တေးလက်ရာပါ ။
မူရင်းသီဆိုသူ ကိုမြကြီး ရဲ့ သီချင်းမှာ သူကိုယ်တိုင်ပဲ စန္ဒရား ကို လက်စွမ်းပြ တီးပေးခဲ့ပါတယ် ။
       Mp3 တေး မှာ စန္ဒရား နဲ့ တယော တီးခတ်ထားတဲ့ဟာကို တင်ပေးထားပါတယ်။ ( တီးလုံးသီးသန့်ပါ  )

picosong ကနေ ယူပါလေ....

pcloud ကနေ ဒေါင်းနိုင်သည်

အပေါ်က လင့်ခ် ၂ ခုမှာ တင်ပေးထားပါတယ်။
သင်ကိုယ်တိုင် သီဆိုနိုင်ပါပြီ။


                   မိုး

တေးရေး   အလင်္ကာကျော်စွာ ရွှေပြည်အေး
တေးဆို    ( သင် ကိုယ် တိုင်  )

          ☔၀သန်ခါမီ လရာသီ  ပြာရီရစ်ဝိုင်း မှိုင်းလဲ့လဲ့  ဆိုင်းနွဲ့နွဲ့ သိုင်းဖွဲ့လို့ဟန်ချီ  မင်းလွင်ဆီ ညိုရောင် မှောင်ခိုး မိုးလအခါမီ  ဖြိုးဖြိုးလျလျ စွေလှသည်

           ☔ဂျိုးဂျိမ့်သံ မာန်တင်းကာပ အသူရာ  သိကြားမင်းက စစ်ခင်းကာပြိုင်ကြပြီ သြော်  ဂျိုးဂျိမ့်သံ မာန်တင်းကာပ အသူရာ သိကြားမင်းက  စစ်ခင်းကာပြိုင်ကြပြီ စိတ်မကျေနိုင် အနိုင်လုတော့  အေးလှပါသည် ထွေးစရာ ဗလာအထည် ဆွေး ဆွေး ဆွေးရတာရှည်  ဇာကတ္တီဗွေဆိုင် ဖြေနိုင်ပါပဲ မလုံ့တလုံ့ ခြုံလွှာမွဲလို့  မစုံဖော်ကွဲ သည်းကြွေလုပြီ သြော် ဘယ်ခါမှ အတူတကွနေရပါမည်  နွေးစရာ့အတည် ဆွေ နှမဒါလီ ဝေး ဝေး ရ ပြီ

           ☔လိုက်တော်မူ သင့်ပါရဲ့  အခွင့်ကို မျှော် လိုက်တော်မူ  သင့်ပါရဲ့ အခွင့်ကို မျှော် မသင့်တော် သလို  ပ တစ်မေခင်လွဲ ရွှေရင်ထဲမှာဖြင့် ကွဲလုပြီ စွဲသူ့  မျက်ရည် မျက်ရည် စွဲသူရဲ့ မျက်ရည် သြော် ရက်ရှည်ရှည်  ဆွေးတယ်လေး သွေး ကဲ့သို့ နီ

           ☔ပဇ္စုန်ရယ် သံစုံရင့်ကျူး  မြူးခဲ့ပြီ သြော် လေဦးမိုးသက်ချီ  တရွေ့ရွေ့နဲ့ မိုးငွေ့တွေ လေချီ ငွေချည်ငွေပန်း  တန်းကာကျပြီ ဆန်းစွာလှသည် လွမ်းတာကရှည် ပန်းလျဝေရီ  တမ်းတလို့ပဲ ဖြေမဆည်နိုင်တော့ပြီ

No comments:

Post a Comment