Monday, August 6, 2018

ဂီတစာဆို စိန်မောင်မြင့် ရေးတဲ့      မေ့ဘူးသက်လယ်    သီချင်း တီးလုံးသီးသန့်ကို Picosong  နဲ့ Pcloud မှာ တင်ပေးထားပါတယ်။ file size က 12.4 Mb ရှိပါတယ်။ video မှာကတော့ ကျနော့ အသံလည်း ပါပါတယ်။
mp3 ကိုဒေါင်းပြီး ဝါသနာ ပါသူများ သီဆိုကြပါဗျာ...
မြန်မာသံများ ဆင့်ပွားရှင်သန်ပါစေ

 http://picosong.com/w4gRW

https://my.pcloud.com/publink/show?code=XZXrTW7Zyd8RFSiJcX0BBUnxeVbHO45qPuIX

        မေ့ဘူး သက်လယ်

တေးရေး        ဂီတစာဆို စိန်မောင်မြင့်
တေးဆို         သိန်းတန် ( မြန်မာပြည် )

             ရွှေစေတီ ထံတော်ပါးမှာ သက်ထားခင် နဲ့ သြော် သက်ထားခင်နဲ့ ဖူးစာပန် သက်ထားခင်နဲ့ ထူးစွာအမှန် ဖူးစာတွေပန်
             ( ရွှေစေတီ ထံတော်ပါးမှာကွယ် နှစ်ကိုယ်သစ္စာ ကတိတွေလည်း ထားခဲ့ကြတယ် ရေမြေခြား နေကြပေမယ့် မေ့ပါဘူးသက်လယ် မတတ်သာ ဒီဘ၀မှာ ခပ်ခွါခွါ နေကြရတယ် )
              ( လွမ်းပို လွမ်းပိုအောင်ကွယ် နယ်ရှစ်ခွင် မှိုင်းမှိုင်းမှုန်ခြယ် ) နဘံမိုးလုံး ထစ်ချုန်းလို့ ခြိမ့်အုံးရွာတော့မယ် အသူရာသိကြားမင်း မာန်တင်းလို့ စစ်ခင်း ပြိုင်သလားကွယ် ဖော်မစုံသူတို့ ရော်ကာမှန်းရွယ် မျှော်ကာလွမ်းတယ် မေလဲ လွမ်းတဲ့ စိတ်နဲ့ ချစ်သည်း ကြွေရော့မယ် မောင်လည်းမေ့လိုပဲ ခံစားနေရတယ် သည်းညှာနု စပယ်ရယ် စိုး စိုးနှောင့်မိပါတယ်
             ရွှေစေတီ ထံတော်ပါးမှာကွယ် နှစ်ကိုယ်သစ္စာ ကတိတွေလည်း ထားခဲ့ကြတယ် ရေမြေခြား နေကြပေမယ့် မေ့ပါဘူးသက်လယ် မတတ်သာ ဒီဘ၀မှာ ခပ်ခွါခွါ နေကြရတယ်

No comments:

Post a Comment