စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Saturday, July 4, 2020
အသေးလေးကို အဝေးကြီးမှကြည့်ခြင်း ( သုမောင် )
❝ အသေးလေးကို အဝေးကြီးမှကြည့်ခြင်း ❞
ဤစာစုကို ကျွန်တော် ယခုရေးနေချိန်တွင် ဆရာသုခ၏ “ ရွှေတိဂုံဘုရားသမိုင်း ” ပြဇာတ်ကြီးကို “ အနုကြယ်ပွင့် ” ပေါင်းများစွာဖြင့်အမျိုးသားဇာတ်ရုံတော်ကြီးတွင် ကပြအသုံးတော်ခံလျက် ရှိနေပါသည် ။ ( ယခင် ၁၉၇၅ ကလည်း ယင်းပြဇာတ်ကိုပင် ဆရာကိုယ်တိုင် တိုက်ရိုက်ညွှန်ကြား၍ ရုံသွင်းတင်ဆက်ခဲ့ဖူးပါသေးသည် ။ ဘုရားကြီး ရွှေသင်္ကန်းကပ်လှူရန်ဖြစ်၏ ။ )
ကျွန်တော်က ဤစာစုကို ယင်းကိစ္စနှင့် ချိန်ကိုက်ရေးသားခြင်း မဟုတ်ပါ ။မတော်တဆ အချိန်ကိုက်ဖြစ်သွားသည်ဟုသာ မှတ်ယူကြပါ ။
အမှန်က ဤစာစုကို ရေးဖို့ကြံသည်မှာ ကြာပါပြီ ။ တစ်နှစ်ခန့်ရှိလိမ့်မည် ။အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့ပါ ။ ပြီးတော့ မေ့လျော့သွားခဲ့သည်လည်း ပါ၏ ။ ယခု ရေးဖြစ်ရန်အကြောင်းဖန်လာပုံကတော့ ဆရာ၏ ရွှေတိဂုံသမိုင်း ပြဇာတ်နှင့် တိုက်ရိုက်ကြီး မပတ်သက်သော်လည်းကျွန်တော်ရေးမည့်အကြောင်းအရာကို ယင်းပြဇာတ်သတင်းက တပ်လှန့်လိုက်သလို ဖြစ်သောကြောင့်ပင် ။
မြတ်စွာဘုရား၏ ဖြစ်တော်စဉ်များ ၊ သုတ္တန်ဝိနည်းတော်များ ၊ နိပါတ်ေတာ်များကိုအခြေခံ၍ ခေတ်ပေါ် ခေတ်မီနည်းပညာများဖြင့် ပြန်လည် ဖော်ကျူး တတ်သောဆရာကြီး၏ သဘာဝကို အများက သိပါသည် ။သို့သော် လူသိနည်းသော ရှုထောင့်တစ်ခုကို ကွက်၍ ကျွန်တော်က ေတွ့ထား၏ ။ " တွေ့ထား၏ ” ဟု သုံးရခြင်းမှာ ဆရာက ြပသောကြောင့် ဖြစ်၏ ။ ဆရာက လှစ်ခနဲ အမှတ်မထင် ပြောဖူးသော အကြောင်းတစ်ခုသည် ကျွန်တော့်အဖို့ တွေးတောဖွယ်ဖြစ်ခဲ့၏ ။ ပရိသတ်အဖို့လည်း စဉ်းစားဖွယ် ဖြစ်ပါလိမ့်မည် ။ ရုပ်ရှင်ဒါရိုက်တာ ပညာရှင်များ အဖို့ကားအတုယူဖွယ်ဟု ဆိုချင်ပါသည် ။
“ ကိုသုမောင်ေရ မြတ်စွာဘုရား လက်ထက်တော်အခါက ခေမာမိဖုရားအကြောင်း အင်းလေ...သူ့ကို မြတ်စွာဘုရားက တရားပြတဲ့ ဇာတ်ကွက်ကလေးအကြောင်း ကျွန်တော် ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေတယ်ဗျ ” ဟု ဆရာက တစ်ခါသော် ပြောဖူး၏ ။ ( ဆရာသည်စာရေးဆရာချင်း စကားပြောလျှင် ကြီးငယ်မဟူ ' ခင်ဗျား ' ၊ ' ကျွန်တော် ' နာမ်စားကို သုံးတတ်၏ ။ )
အထက်ပါ စကားကို ကျွန်တော့်အား တကူးတကန့် ပြောသော်လည်း ယင်းနှင့် ပတ်သက်၍ မဂ္ဂဇင်းတစ်စောင်တွင် ဆရာ့ဆောင်းပါးရေးပြီး ဖြစ်ပါသည် ။ ပြီးတော့ စာပေဟောပြောပွဲများတွင်လည်း ဆရာ ပြောပြတတ်လေသည် ။ ကျွန်တော် မှတ်မိပါ၏ ။အကြောင်းအရာကတော့ဗုဒ္ဓဘာသာဝင် အများစုသိပြီး ဖြစ်ပါသည် ။
ခေမာမိဖုရားသည် အလှမာနကြီးသည် ။ လှလည်း အလွန်လှသည် ။ ပြီးတော့ မြတ်စွာဘုရားအား မဖူးလို ၊ ရုပ်နာမ်ခန္ဓာတို့၏ မတည်မြဲခြင်းကို အမြဲလို ဟောကြားတတ်သောကြောင့် ဖြစ်၏ ။ သို့သော် ကျွတ်ချိန်တန်သောကာလ၌ အကြောင်းဆိုက်သဖြင့် မိဖုရားခေမာ ရှင်တော်မြတ်ရှေ့မှောက် တစ်ကြိမ်သော် ရောက်၏ ။
ထိုအခါ မြတ်စွာဘုရားက မိဖုရားထက် အပြန်များစွာလှသော နတ်မိမယ် တစ်ပါးကို တန်ခိုးတော်ဖြင့်ဖန်ဆင်း၏ ။ အနီးတွင် ဖူးမြော်ခစားစေ၏ ။ တစ်ဖန် ယင်းနတ်မိမယ်ကို ခဏချင်း ၊ ခဏချင်းမှာပင်တဖြည်းဖြည်း အိုမင်းလာစေ၏ ။ တရိပ်ရိပ်အရွယ်ကျစေ၏ ။ နောက်ဆုံး လုံးဝ သုံးမရတော့လောက်အောင် အိုမင်းမစွမ်း ရွတ်တွပျင်းတွဲ အဘွားအိုကြီးအဖြစ် ဖန်ဆင်းလိုက်လေသည် ။ ထိုအဖြစ်ကိုမြင်သော် ခေမာမိဖုရား လွန်စွာ ထိတ်လန့်ခြင်း ဖြစ်ရ၏ ။ မိမိ၏ လက်ရှိ ရုပ်ဆင်းအလှအပေါ် သံသယကြီးစွာ ဖြစ်မိ၏ ။ ထိုအချိန်ကိုက် မှာပင် ဘုရားရှင်က မမြဲသောခန္ဓာသဘောကို တရားဟော၏ ။ ခေမာမိဖုရား ကျွတ်တမ်းဝင်လေသည် ။
ဆရာက ယင်းအကွက်ကလေးကိုပင် ကွက်၍ ပြလိုခြင်းဖြစ်ပါသည် ။ သည်ကိစ္စနှင့် ပတ်သက်၍လည်း ဆရာက “ ကျွန်တော်တို့က ခုမှ ရုပ်ရှင်အထူးပြုလုပ်ချက်တွေသုံးပြီး ရိုက်ပြနေကြတာ ။ ဘုရားရှင်က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ ကျောိကတည်းက ရုပ်ရှင်ရိုက်ပြခဲ့ပြီးပြီလေ ” ဟု စကားတန်ဆာဆင်၍ ပိုပိုသာသာ အလင်္ကာဖြင့် ပြောလေသည် ။ သည်စကားရပ်နှင့်ပတ်သက်၍လည်း
ဆရာဆောင်းပါး ဖတ်ဖူးသူ ၊ ဆရာဟောပြောပွဲ နားထောင်ဖူးသူတို့အဖို့ ထူးချင်မှ ထူးပါလိမ့်မည် ။ မကြားမသိဖူးသူများအတွက်သာ ကျွန်တော်က ပြန်လည်ဖော်ပြ ပေးနေခြင်းပါ ။ သူ့စကားယူပုံက လှသောကြောင့် ။ သို့သော် ကျွန်တော့်အား ကွက်၍ ပြောဖူးသောစကားတစ်ခွန်းက ။
“ အင်း... ဒီဇာတ်ကွက်ကို ရုပ်ရှင်ရိုက်ပြဖို့ရာ အခက်အခဲက တစ်ခုပဲ ရှိတယ်ဗျ ”
ဆရာသုခလို ပုဂ္ဂိုလ်က သည်လို စကားဆက်တာတော့ နည်းနည်း ထူးခြားလာပါပြီ ။ ဆရာ့ ရှေ့ဆက်စကားက ပို၍ပင် အံ့ဩဖွယ်ဖြစ်ရပါ၏ ။
“ အဲဒီ အခက်အခဲက ဇာတ်ရံမင်းသမီးလုပ်မယ့် နတ်မိမယ်နေရာပဲ ”
ဤနေရာတွင် စာဖတ်သူများရော ၊ ရုပ်ရှင်ဝါသနာရှင်များရော ၊ ရုပ်ရှင်အနုပညာရှင်များပါ စဉ်းစားစေချင်သည် ။ ရုတ်တရက် တွေးသော် ဇာတ်ရံမင်းသမီး အခက်အခဲ ဘာရှိသနည်း ။ လှလှပပ မင်းသမီးတစ်ယောက် နတ်သမီးလို ဝတ်ပေးလိုက် ၊ ရုပ်ရှင်အတတ်ပညာ ၊ အထူးပြုချက် ၊ မိတ်ကပ် စသည်ဖြင့် ဖန်တီးလိုက် ပြီးရောပေါ့ ။ အရေးကြီးတာက ခေမာမိဖုရားအဖြစ် သရုပ်ဆောင်မည့် မင်းသမီးထက် ဇာက်ရံမင်းသမီးက ပို၍ လှနေဖို့သာ ဖြစ်သည် ။ သည်လိုမဟုတ်ပါလား ။
“ ကိုသုမောင် စဉ်းစားစမ်း ။ ဒီနေ့ နာမည်ကျော် အချောအလှမင်းသမီးလေး တစ်လက်ကို ခေမာမိဖုရားနေရာမှာ ကျွန်တော်က သုံးပါပြီတဲ့ ။ ဇာတ်ရံ နတ်သမီးနေရာမှာ ဘယ်မင်းသမီး သုံးမလဲ "
စဉ်းစားရန် အလွန်ခက်ခဲသောကိစ္စ ဖြစ်ပေတည့် ကျွန်တော်ကတော့ စဉ်းစားကြည့်လိုက်ပါသေးသည် ။ မင်းသမီးနှစ်လက်နေရာတွင် မို့မို့ ၊ မေသန်းနု မှသည် နန္ဒာလှိုင် ၊ ထက်ထက် ၊ နောက်ဆုံး လှအဉ္ဇလီတင့် ၊ ခိုင်သင်းကြည် စသဖြင့် ကျွန်တော်က ကပေါက်ကချာ တွဲဖက်အစားထိုးကြည့်သည် ။ တစ်ခုမှ ခွင်မကျ ။ ခေမာမိဖုရားမင်းသမီးနေရာအတွက် ဇွတ်ကြိတ်မှိတ်ထားလို့ ရသော်လည်း နတ်သမီးနေရာကား တော်တော် ခက်သည့်ကိစ္စပေပဲ ။ အဓိက ဇာတ်လိုက် မင်းသမီးထက် များစွာလှရမည့် ဇာတ်ရံ ၊ အရှိန်အဝါကြီးရမည့် ဇာတ်ပို့ ။
နောဖြင့် မော်ဒယ်လ်ကလေးမများ ( သို့မဟုတ် ) သာမန်အရပ်သူကလေးများထဲက ရွေးထုတ်လျှင်ကော ။ သည်လောက်တော့ ဆရာ စဉ်းစားပြီးဖြစ်ပါလိမ့်မည် ။ သည့်ထက် ကောင်းသည့်စိတ်ကူး ဆရာ့မှာ ဘာရှိသနည်း။ သည်တော့မှ ' ဇာက်ရံမင်းသမီး အခက်အခဲ ' ဆိုသည့် ဆရာ့စကားကို နားလည်လာတော့လည်း ကြည့်စမ်း " လွယ်လွယ်လေးနှင့်ခက် ” ဆိုတာ ဒါမျိုးပေပဲ ။ အထူးသဖြင့် အနုပညာဖန်တီးသူတို့ တွေ့ရတတ်သော ( သေချာတွေးတော စဉ်းစားလျှင်ပြော တာ ) အခက်အခဲပါတကား ။
“ သေချာစဉ်းစား ကိုသုမောင် ၊ ဇာက်ရံမင်းသမီးက အဓိက မင်းသမီးထက် ပိုလှရမယ် ။ ပြီးတော့ နာမည်ကြီးလည်း ဖြစ်ရမယ် ။ တော်ရုံနာမည်ကြီးလို့ မရဘူး ဖြစ်နိုင်ရင် သူက ပိုလို့ နာမည်ကြီးသင့်တယ် ။ ဒါမှ ပရိသတ် ကြည့်ချင်စိတ် ရှိမယ် ။ အဲ... အခက်ခဲဆုံးကတော့ သူ့ကို ပရိသတ် အများစု မမြင်ဖူးတဲ့ မျက်နှာသစ်လည်း ဖြစ်ပြန်ရဦးမယ်ဗျ ။ သူက ဘုရားရှင် ဖန်ဆင်းတဲ့ မင်းသမီးကိုး”
ဤနေရာတွင် မိတ်ဆွေလည်း ဝင်ရောက်စဉ်းစားစေချင်ပါသည် ။ မူလဇာတ်တော်မှာ အများသိပြီး ဇာတ်လမ်းရိုးရိုးကလေး။ ဒါကို ပရိသတ် ကြည့်ချင်အောင် ပြဖို့ရာ ' ဇာတ်ကောင် ´ ကို အဓိက ထားရမည် ။ ဇာတ်ကောင်၏ စရိုက်ကလည်း အလှအပ ဦးစားပေးဖြစ်ရမည် ။ ပြီးတော့ ဘာသာရေးပညာပေး ။ စောစောကပြောသော ရုပ်ရှင်အထူးပြုလုပ်ချက်ဆိုတာတွေကလည်း အပယိက ။ သည်တော့ ...။
" အလှ '' ` အလှတရား၏ မတည်မြဲခြင်း ' " ကျော်ကြားထင်ပေါ်မှု" “ ဒုက္ခ ” ပြီးတော့ သစ္စာတရား ...။
•••••• •••••••••• •••••••••
" လွယ်ပါတယ် ကိုသုမောင် ၊ ကျွန်တော် စဉ်းစားထားပြီးသားပါ ။ အဲဒီဇာတ်ရံမင်းသမီးနေရာမှာ မြန်မာမင်းသမီး မသုံးဘူး ။ နာမည်ကျော်တဲ့ နိုင်ငံခြား မင်းသမီး သုံးမယ် ။ အဲ... ဒါပေမဲ့ ကမ္ဘာကျော် မြန်မာကြိုက် မင်းသမီးလည်း ဖြစ်လို့မရဘူးဗျ ။ ကျွန်တော်တို့ မြန်မာနဲ့ ဆင်ဆင်တူတဲ့ မြန်မာပရိသတ် မျက်စိ မစွဲသေးတဲ့ အရှေ့တောင်အာရှက နာမည်ကြီး အလှမယ်တစ်ယောက် ဖြစ်ရမယ် ”
ဆရာက ဤတွင် စကားရပ်၏။ ကျွန်တော်က ဆက်ပြီး တွေး သိ၏။
မြန်မာပရိသတ်၏ စွဲလမ်းနှစ်သက်ပြီးသား မင်းသမီးကို ကျော်လွှားဖို့ရာ ၊ အထင်တကြီးလည်းရှိဖို့ရာ ၊မျက်နှာသိလည်း ဖြစ်မနေဖို့ရာ တကယ်လည်းနာမည်ကျော် အနုပညာသည်တစ်ယောက်ဖြစ်ဖို့ရာ ဆရာ၏ အစီအစဉ်သည် ကွက်တိ ။
သို့သော် ဆရာပြောခဲ့သော ထိုမင်းသမီးရရှိဖို့ အခက်အခဲဆိုတာကတော့ သက်ဆိုင်ရာက ပံ့ပိုးကူညီမှသာ ဖြစ်နိုင်ပေတော့မည် ။ ပြီးတော့ ထိုမင်းသမီးသည် ဆရာ၏ ဇာတ်ကောင်စရိုက်ကို နားလည်ပါမည်လား ။ သူက ဗုဒ္ဓဘာသာ အကြောင်းကိုရော သိရှိပါရဲ့လား ။
•••••• •••••••••• ••••••••
ဟိုးအစ၌ ကျွန်တော် ဆိုခဲ့၏ ။ “ ရွှေတိဂုံဘုရားသမိုင်းပြဇာတ် ” ကပြနေချိန်နှင့် ဤစာစုရေးနေချိန်သည်မတော်တဆ တိုက်ဆိုင်သွားခြင်းပါဟု ။ ဘာကြောင့် ကျွန်တော်က ဤသို့လျှင် ကြိုတင်ကာကွယ်မှုစကား ဆိုရသနည်း ။ ကျွန်တော်တို့ အနုပညာရှင်များသည် ကိုယ့်ရှေ့က ပညာရှင်ကြီးများ၏ ကျော်ကြားသော အနုပညာအပေါ် သာယာပြီး ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း ပြုကြသည်ထက် ထိုပညာရှင်ကြီးများ၏ လက်တန်ရှည်သော အတွေးအခေါ် အနုရသတို့ကို ရှာဖွေကြည့်တတ်ဖို့ လိုအပ်သည်ဟု ကျွန်တော်က ထင်သောကြောင့်ပင် ။
ယနေ့စာစောင် ၊ မဂ္ဂဇင်း ၊ ဂျာနယ်တို့တွင် ဒါရိုက်တာ ပညာရပ်နှင့် ပတ်သက်၍ ပညာရှင်တို့က မိမိရှုထောင့်မှ မိမိရေးသား ဝေဖန်အကြံပြုနေကြပါသည် ။ ကြိုကြားဆိုသလို ဖတ်ရပါသည် ။ အထူးသဖြင့် မိုးဦးကျမှိုများကဲ့သို့ ဟိုတစ်စ ၊ သည်တစ်စ ပေါ်ပေါက်လာသောဒါရိုက်တာများကို ဝေဖန်ခြင်း ၊ အကြံပေးခြင်းများ ဖြစ်သောကြောင့် အဖိုးတန်ပါသည် ။ ကင်မရာရှုထောင့် ၊ ဇာတ်ညွှန်းသဘာဝ ၊ ကားဖြတ်ကားဆက် ၊သရုပ်ဆောင်ရွေးချယ်မှု ၊ ဇာတ်လမ်းရှာဖွေခြင်း ၊ နောက်ခံတေးဂီတ စသည်ဖြင့် ထောက်ပြပေးကြသည်မှာလည်း ပညာရစေပါ၏ ။
ကျွန်တော့်အနေနှင့်မူ ဒါရိုက်တာကြီးများ အမှတ်မထင် တွေးတတ်သောရှုထောင့် သေးသေးကလေးတွေကိုလည်း ဂရုစိုက် ရှာဖွေကြည့်ကြစေချင်သည် ။
အသေးလေးကို အဝေးကြီးမှပင် ကြည့်တတ်စေချင်သည် ။ အနုမှန်ပြောင်းတော့ လိုလိမ့်မည် ။
သုမောင်
အလင်းတန်းဂျာနယ်
အမှတ် (၂၄)၊
၁၇-၁၁-၉၈
.
Wednesday, July 1, 2020
အိမ်ထောင်ရေး ဓမ္မ ဤသို့ပြ ( ရန်အောင် )
❝ အိမ်ထောင်ရေး ဓမ္မ ဤသို့ပြ ❞
ကျွန်ုပ် တူလို သားလို ခင်မင်ရင်းနှီးသော သူငယ်တစ်ယောက် ရှိ၏ ။ စစ်ပြီးစက ထိုသူငယ်မှာ အလုပ်အကိုင် မယ်မယ်ရရ မရှိသဖြင့် သူများအိမ်တွင် ထမင်းစားကျွန်ခံကဲ့သို့ နေရရှာသည် ။သို့သော် ထိုသူငယ်၏ ပညာ အရည်အချင်းကား မညံ့ပေ ။ တက် မယ့်မီးကျည် စအိုနီနှင့်ဟူသကဲ့သို့ဉာဏ်ရည်ဉာဏ်သွားနှင့် လူစွမ်းလူစအပြင် စာပဝါသနာအိုး စာသမား, ပေသမား တစ်ယောက်ဖြစ်၏ ။
ထိုသူငယ်သည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သူများအိမ်တွင် ထမင်းစား ကျွန်ခံဘဝမျိုး၌ နေရစဉ်တွင် အချစ်စိတ်ကို ဖိနှိပ်ဆုံးမ၍ မထားဘဲ အိမ်ထောင်ပြုလိုသည့်အလျှောက်အိမ်ထောင်ပြုလေ၏ ။
သို့အိမ်ထောင်ပြုသော အခါတွင်ကား သူ့အခြေအေန အဆင့်အတန်း အားလျှော်စွာ စာပေမတတ် , ဂွတတ , အတတ , တောသူ အရိုင်းမကြီးနှင့် အိမ်ထောင်ကျသတတ် ။
ယခုအခါတွင်ကား ထိုသူငယ်၏ ပညာအရည်အချင်းအလိုအလျောက် လခ ၅၀ဝိ/- နီးပါးစားရသည့် ဘရားဝါလား အလုပ်ကြီးကို လုပ်ရလေရာ ထမင်းစား ကျွန်ခံဘဝက ယူထားသည့်အရိုင်းမကြီးမှာ ရှေ့သွားနောက်လိုက် မညီ ကသီလင်တ ၊ ဂွအကျကြီးကျလျက်စွန့်ပစ်၍လည်းမရ
ကျေနပ်နှစ်သိမ့်ရမည်ကလဲ သဘာဝမကျ ၊ ဒုက္ခအကြီးအကျယ် တွေ့ရရှာလေသည် ။
ကျေနပ်နှစ်သိမ့်ရမည်ကလဲ သဘာဝမကျ ၊ ဒုက္ခအကြီးအကျယ် တွေ့ရရှာလေသည် ။
တစ်နေ့သောအခါတွင် ကျွန်ုပ်သည် ထိုသူငယ်အလုပ်လုပ်ရာ ဌာနသို့ သွားရောက်လည်ပတ်၏ ။ ထိုသူငယ်၏ စားပွဲရှေ့တွင် ရေမွန်သားနားသော ပညာတတ်စာတတ်ပေတတ် မိန်းကလေးတစ်ဦးထိုင်ကာ စာအကြောင်း ပေအကြောင်း သောင်းပြောင်းရောရာပြောရန် သဘောကြည်မျှ ရွှင်ပြဝမ်းမြောက်နေကြသည်ကို တွေ့ရ၏ ။
ကျွန်ုပ်မှာ ထိုသူငယ်အတွက် ရင်တွင်းမှနာ မချိစွာဖြင့် အသာထိုင်၍ ကြည့်နေရပေသည် ။
ထိုသူငယ်သည် ထိုသူငယ်မနှင့်သာ အကြောင်းပါ ပါကအိမ်ထောင်ရေးသုခ အဘယ်မျှရမည်နည်းဟု အတွေးကြီးတွေးပြီး ဝမ်းအနည်းကြီး နည်းပေ၏ ။
ထိုသူငယ် အိမ်ထောင်ရေးသုခ မရရသည်မှာချုပ်တည်းမှု အောင့်အီးမှု မရှိသောကြောင့်ဖြစ်၏ ။ တစ်နည်းဆိုသော် လက်ထဲတွင် တစ်ပဲသား ရှိစဉ်က ပစ္စည်းဝယ်မိသဖြင့် တစ်ပဲတန်ကိုသာ ရခြင်းဖြစ်၏ ။ အကယ်၍ ထောင့် - ကိုးရာရှိမှ ပစ္စည်းဝယ်လျှင် ထောင့် - ကိုးရာတန်ရမည် ။ မှန်လေသည် ။
ဤသူငယ်ကားအိမ်ထောင်ရေးအတွက် စိတ်အပျက်ကြီးပျက်လျက် မိတ်ဘက်နှင့်လည်း အတူမနေချင် အိမ်တွင် ေနသော်ငြားလည်း မယားနှင့်စကားပြော၍မဖြစ် သူငယ်က ဗဟုသုတဖြစ်ဖွယ်စကားပြောလျှင် သူ့မယား ကန်စွန်းရွက်တစ်ပဲဖိုး သုံးစည်းမရကောင်းလားဟု မဟားဒယားနှင့် ကန်စွန်ရွက်သည်ကို ဒေါပွသည့်စကားကိုဆို၏ ။
သူငယ်က စီးပွားရေးစကားပြောလျှင် သူ့မယားက ကလေးတစ်ယောက် မွေးစားချင်ကြောင်းပြောမည်ဖြစ်၏ ။
ဤကဲ့သို့ အဆင်မပြေ ကလေကဝ ဂွအကျကြီးကျသော သူငယ်မှာ အိမ်မှလည်ပတ်ကာ စိတ်ဖြေဖျော်ရာကိုရှာလျက် ဘိုင်စကုတ်ကြည့်မိ၏ ။ ဘောလုံးပွဲသွား၏ ။ မိတ်ဆွေများအိမ်တွင် ပိုကာဒေါင်း၏ ။ သို့ဖြင့် ရသမျှငွေများမှာ တမလွန်သို့သွားသလို လက်ကြားမှယို၍ ဆင်းလေတော့သည် ။
“ အဲ့ဒါပဲကွတပည့် အဲဒီလိုမြင်ချင်ရင် စောစောစီးစီး အိမ်ထောင်ပြုပေတော့ အဲဒီသူငယ်လို စိတ်မချမ်းသာတဲ့ဘဝမျိုးက လွတ်ချင်ရင် စောင့်စည်းချုပ်တည်းဦးကွာ ၊ ဒီကိစ္စမျိုးဆိုတာ အောင့်မရ ချုပ်မရတာ မျိုးမဟုတ်ပါဘူးကွာ ။ ဒီလိုဆိုရင် ဘုန်းတော်ကြီးတွေ သီလရှင်တွေ ခက်ကုန်ကျရောပေါ့ မောင်ရာ ။ သဘာဝက တိုက်တွန်းလို့ စိတ်ဆိုး စိတ်ယုတ်မာပေါ်လာရင် ဉာဏ်စိတ်, သတိစိတ်, ပညာစိတ် နဲ့ နှိပ်ကွပ်ဆုံးမပေတော့ကွာ ” ဟု အိမ်ထောင်ပြုချင်ပြီဆိုသော ကျွန်ုပ်၏ တပည့်အား တရားပြ၍ နားချသောအခါ အကျင် တပည့်မှာ ပီတိဖြင့် ရွှန်းရွှန်းဝေလျက် အိမ်ထောင်မပြုဘဲ နေပါအုံးမယ်ဟု ဝန်ခံ၏ ။
အဟောသုခံ ဤသည်လည်း ချမ်းသာခြင်းကြီးပင် မဟုတ်ပါလော ။
◾ ရန်အောင်
📖 အိမ်ထောင်ရေး အဘိဓမ္မာ
.
Sunday, June 28, 2020
လှမ်းလို့ကြို ( ချင်းတွင်း ရောင်ခြည်သစ် အိုးစည် ဒိုးပတ် အဖွဲ့ ၊ မုံရွာမြို့)
ဒီ သီချင်းဟာ သက်တမ်းအားဖြင့် ၃၇ - ၃၈ လောက် ရှိပါပြီ ။
ချင်းတွင်း ရောင်ခြည်သစ်ရဲ့ သီချင်းတစ်ပုဒ်ပါ ။
ချင်းတွင်း ရောင်ခြည်သစ် ရဲ့ မူလ နာမည်ကတော့ ရောင်ခြည်သစ် ပါပဲ ။ ရန်ကုန် လသာမြို့နယ်မှာ အိုးစည် ဒိုးပတ် သွားပြီးပြိုင်တော့မှသာ ချင်းတွင်း ရောင်ခြည်သစ်လို့ ဖြစ်လာတာပါ ။
သူတို့အဖွဲ့ရဲ့ အရင် ပေါ်ပေါက်ခဲ့တဲ့ ချင်းတွင်း ဒိုး ဆိုတာ ရှိပါတယ် ။ မုံရွာဉီးလေးခန့် စီစဥ်ညွှန်ကြားပြီး ချင်းတွင်းကျော်စွာလှိုင် တို့ ဦးဆောင်တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ချင်းတွင်း ဒိုး ပါ ။ ရန်ကုန်မှာ ထင်ရှားကျော်ကြားခဲ့ပါတယ် ။ မြန်မာ့အသံကလည်း သူတို့ သီချင်းတွေ ထုတ်လွှင့်ခဲ့ပါတယ် ။
29 June 2020 ရက်ေန့ဟာ ချင်းတွင်းရောင်ခြည်သစ် ရဲ့ တေးရေး အေးသလ္လာ ကွယ်လွန်ခြင်း ၁၄ နှစ်မြောက် ဖြစ်တဲ့အတွက် အမှတ်တရ တင်ဆက်လိုက်ပါတယ် ။
Saturday, June 27, 2020
မောင်ထင်
❝ မောင်ထင် ❞
“မင်းသစ်ရေ မင်းသစ်”
နားထဲမှာ ကျွန်တော့်ကိုခေါ်သံကြားနေရသည်ဟုထင်သည် ။ ၁၉၈၀ - ပြည့်လွန်နှစ်များ၏ တစ်ခုသော ဆောင်းနံနက်ခင်းဝေလီဝေလင်း အချိန်ဝယ် လူက အိပ်ချင်မူးတူး ဖြစ်နေဆဲ ။ ခေါ်သံက ထပ်ပေါ်လာပြန်သည် ။
“ မင်းသစ်ရေ ၊ ဟို ရှယ်လီရော ၊ မထကြသေးဘူးလား ”
ကျွန်တော် တော်တော်ဒေါသထွက်သွားသည် ။ ရန်ကုန်မြို့လယ်တွင် ကျူရှင်ဖွင့်ထားသော ကျွန်တော့်မှာ အားလပ်ရက်ဟူ၍ သည်လို တနင်္လာ တစ်ရက်သာ ရှိသည် ။ နေ့စဉ် မနက် ၅ နာရီခွဲတွင် အိမ်မှ ထွက်ရပြီး တစ်နေကုန်စာသင် ၊ ည ၇ နာရီခွဲ တတန်းပြီးမှ အိမ်ပြန်ရသည် ။ ထို့ကြောင့်တနင်္လာနေ့ တစ်ရက်သာ မိုးလင်း နေထွက်သည်အထိ အိပ်ရသည် ။ ခုတော့ ဘယ်သကောင့်သားတွေကများ လာနှောက်ယှက်နေကြပါလိမ့် ။ အရက်သောက်ဖို့ လာခေါ်ကြတာ ဆိုရင်တော့ ၊ သင်းတို့လွန်လွန်းပြီ ။
“ ဒါလင် ၊ ဘယ်သူတွေလဲ ၊ ကြည့်စမ်း ”
ဇနီးဖြစ်သူက ခန်းဆီးလိုက်ကာကို အသာလှပ်၍ ကြည့်လိုက်သည် ။
“ အမယ်လေး ၊ ဒုက္ခပါပဲ ”
“ ဘယ်သူတွေလဲကွ ”
“ ဆရာမောင်ထင် ရှင့် ၊ အန်တီလည်းပါလာတယ် "
“ ဟေ ”
မျက်လုံးကျယ်သွားရုံမက ၊ ပြူထွက်သွားသည် ထင်ပါ၏ ။ ဇနီးသည်က အိမ်တံခါးကို ဖွင့်လိုက် ရင်း. . .။
“ ကြွပါဆရာ ၊ ကြွပါ အန်တီ ”
အိပ်ခန်းထဲမှကုပ်ချောင်းချောင်းဖြင့် ထွက်လာသော ကျွန်တော့်ကိုမြင်သည်နှင့် ဆရာက တရစပ်ကြိမ်းမောင်းတော့သည် ။ ကျွန်တော့်ဇနီးလည်း အဆစ်ပါ သွားသည် ။
“ မင်းတို့ကွာ လူငယ်တွေလုပ်ပြီးတော့ ဝိရိယ နည်းလိုက်ကြတာ ။ ငါတို့လင်မယားတောင် ဈေးဘက်တစ်ပတ်ပတ်ခဲ့ပြီးပြီ ”
“ ဒီနေ့ အလုပ်မရှိလို့ပါ ဆရာ ”
ညောင်နာနာ အသံလေးဖြင့် ကျွန်တော်က လေပြည်ထိုး၏ ။
“ အလုပ်မရှိလည်း မနက်စောစောထပြီး ငါတို့လိုကျန်းမာရေးအတွက်
လမ်းလျှောက်ကြပေါ့ကွ ၊ ဘာလဲ ၊ ညက သောက်တာများသွားလို့လား ၊ ခွေးမသားလေးရဲ့”
“ မဟုတ်ပါဘူးဆရာ ။ သူအိပ်သွားပါစေတော့ဆိုပြီး ၊ ကျွန်မက မနှိုးဘဲ ထားလို့ပါ "
ကျွန်တော့်ဇနီးက ဝင်၍ကာကွယ်ရှာသည် ။ သည်တော့မှသူ့ကိုပါတိုက်ရိုက် ထိတော့သည် ။
“ အေး .. သူ မထတောင် နင်က မိန်းမပဲ ။ စောစောထပြီး လုပ်ကိုင်နေရမှာပေါ့ ရှယ်လီရ ”
ကျွန်တော့်ဇနီး ခေါင်းလေးပုဝင်သွားသည် ။ သည်တွင် ကျွန်တော်က စကားလမ်းကြောင်း လွှဲရန်ကြိုးစားသည် ။ ဇနီးသည်ဘက်သို့လှည့်ပြီး...
“ ဆရာတို့အတွက် ဘရိတ်ဖတ်( စ် ) စီစဉ်ကွာ ”
“ ဘာမှ လုပ်မနေနဲ့ ၊ ငါတို့နှစ်ယောက်စလုံး ဈေးကြီးနားမှာ စားခဲ့ပြီးပြီ ။ မင့်ကို ဒီနေ့ စာပေဗိမာန်ကို ခိုင်းစရာရှိလို့ ၊ မင်းတို့ဘက်လှည့်ဝင်လာတာ ”
“ ဟုတ်ကဲ့ဆရာ ”
“ အေး - ဆယ်နာရီလောက် အိမ်ကိုလာခဲ့ ”
စကားဆုံးသည်နှင့် ချာခနဲလှည့်ထွက်သွားသည် ။ အန်တီကသာ အားနာပြုံးလေးနှင့် နှုတ်ဆက်သွားရှာပါသည် ။ သည်တော့မှကျွန်တော်တို့ “ ဟင်း ” ချနိုင်တော့သည် ။
ထိုနေ့မှစ၍ ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံး စောစောထသည့်အကျင့် ရသွားပါသည် ။
◾ ◾ ◾
ထိုစဉ်က ဆရာနှင့် ကျွန်တော်တို့မှာ အိမ်ချင်းနီးကြပါသည် ။ ဆရာက ကမာရွတ် သုခလမ်းရှိ ခြံကြီးထဲမှာ ရပ်ကွက်တွင်းရှိ ကလေးများက “ အိမ်မည်းကြီး ” ဟု ခေါ်သော နှစ်ထပ်အိမ်ကြီးတစ်လုံး တွင်နေပါသည် ။
သို့သော် ထိုအိမ်ကြီးတွင် ဆရာနေကြောင်း ကျွန်တော် မသိခဲ့ပါ ။ ဆရာတင်မိုးခေါ် သွားမှ ရောက်ဖူးပြီး ၊ ဆရာနှင့်လည်း ခင်မင်ရင်းနှီးခွင့်ရခဲ့ပါသည် ။ သို့ဖြင့် ဆရာ့အိမ်ကို ကျွန်တော်ချောင်းပေါက်ခဲ့တော့၏ ။
ကျွန်တော်မကြာခဏ ရေးဖူး ၊ ပြောဖူးပါသည် ။ ကျွန်တော့်ဘဝတွင် အားကျကြည်ညိုသူ ပုဂ္ဂိုလ် ၁၁ ဦးရှိပါသည် ။ ရှင်မဟာရဋ္ဌသာရ ၊ စလေဦးပုည ၊ မိုးပါဆွန်း ၊
သခင်ကိုယ်တော်မှိုင်း ၊ လီနင် ၊ တဂိုး ၊ မောင်ထင် ၊ မင်းသုဝဏ် ၊ ဗန်းမော်တင်အောင် ၊ မြသန်းတင့် နှင့် တင်မိုးတို့ ဖြစ်ပါသည် ။
ထိုအထဲတွင် သရော်စာသမားဖြစ်ချင်သော ကျွန်တော့်အတွက် မိုပါဆွန်း နှင့် မောင်ထင်သည် ကျွန်တော်ဦးခိုက်ရာ ၊ ကြားဆရာ ၊ မြင်ဆရာကြီး နှစ်ဦးဖြစ်ပါချေ၏ ။
ဆရာ၏ မြန်မာပြန်များမှတစ်ဆင့် ၊ မိုပါဆွန်းကို သိခဲ့ရသည် ။ ဆရာ၏ “ ကမ္ဘာစာပေအညွှန်း ” များကြောင့် ၊ ကမ္ဘာ့စာပေနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ဆရာ၏ ပင်ကိုရေးဝတ္ထုများကြောင့် ၊ ဝတ္ထုစာပေကို ဖန်တီး ဖွဲ့တည်နည်းကို သဘော
ပေါက်ခဲ့ရသည် ။
ကဗျာနှင့်ပတ်သက်လျှင် ကျွန်တော့်ကျေးဇူးရှင်များမှာ ရှင်မဟာရဋ္ဌသာရ ၊ မင်းသုဝဏ် နှင့် တင်မိုးတို့ဖြစ်ပါသည် ။
စကားပြေနှင့် ပတ်သက်လျှင်ကား ၊ ကျွန်တော်သည် ဆရာမောင်ထင်၏ အန္တဝါသိက တပည့်ကြီးအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားပါသည် ။
သို့သော် ယနေ့အထိ ဆရာကောင်းတပည့် ဖြစ်မလာသေးပါ ။
ခွင့်လွှတ်ပါဆရာ ။
◾ ◾ ◾ ◾
သို့ဖြင့် ဆရာနှင့် အိမ်ချင်းနီးသောကြောင့် ဆရာသည် ကျွန်တော်၏ ကြားဆရာ ၊ မြင်ဆရာသာမက ၊ သင်ဆရာကြီးပါဖြစ်လာပါတော့သည် ။ စာပေအနု
ပညာသာမက အခြားပညာရပ်အမျိုးမျိုးတွင်ပါ ၊ ကျွန်တော်အတွက် A WALKING DICTIONARY ( လမ်းလျှောက်နေသော အဘိဓာန်ကြီး ) နှင့် A TALKING ENCYCLOPEDIA ( စကားပြောနေသော စွယ်စုံကျမ်းကြီးတစ်ဆူ ) ဖြစ်လာပါတော့သည် ။
ကျွန်တော့်ကုသိုလ်ကြောင့် ၊ ဆရာအရ တော်ပေခဲ့ရသည်ဟုနှလုံးသွင်း ဆင်ခြင်မိပါသည် ။
အထူးသဖြင့် အင်္ဂလိပ်သဒ္ဒါနှင့်ပတ်သက်၍ အင်္ဂလိပ်လူမျိုးဆရာများ ( NATIVE SPEAKERS ) များပင် မှားတတ်ကြသော ၊ PREPOSITIONS နှင့် ARTICLES သုံးပုံများကို သင်ပေးခဲ့သော ကျေးဇူးကား ကြီးမားလှပါသည် ။
သို့သော် ဆရာကား ၊ တစ်ခါတရံ စိတ်တိုတတ်၏ ။ မမှားသင့်သောဘာသာစကားအသုံး အနှုန်းများကို ကျွန်တော်မှားသောအခါတွင်မူ...
“ ခွေးမသားလေး ။ ဘွဲ့ရတစ်ယောက်လုပ်ပြီး ဒါလေးတောင် မှားရသလားကွ ” ဟု ထောပနာ ပြုတတ်ပါသည် ။
အခုတော့ ကျွန်တော့်ကို ဆဲရင်း ဆိုရင်း ၊ မညည်းမညူ သင်ပေးတတ်သော ဆရာကား မရှိတော့ ။
ဆဲသံလေးကို လွမ်းလိုက်တာ ဆရာရယ် ။
◾ ◾ ◾ ◾
မကြာမီ ကျွန်တော်၏ ဝတ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေတော့မည်ဖြစ်သဖြင့် လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်က ၊ ကျွန်တော်ရေးခဲ့သော ဝတ္ထုတိုများကို
ပြန်ဖတ်ကြည့်ရင်း ကျွန်တော်ပြုံးမိသည် ။
ထိုဝတ္ထုများကား မင်းသစ်ရေးသော ဝတ္ထုတိုများမဟုတ် ။ မောင်ထင့်လေ ၊ မောင်ထင့်ဟန်ဖြင့် ရေးထားသော ဝတ္ထုတိုများသာ ဖြစ်နေချေသည်တကား ။
သို့သော် ကျွန်တော်မရှက်ပါ ။ ဆရာ့ကို တူအောင် “ တု ” နိုင်ခဲ့သဖြင့် ယနေ့အထိ ဂုဏ်ယူမိပါသေးသည် ။
မှန်ပါသည် ။ ဝတ္ထုတိုများ စရေးပြီး ၊ နှစ်အတန်ကြာမှ မိမိ၏ ကိုယ်ပိုင်ဟန်ကို တည်ဆောက်နိုင်ခဲ့သည်ဟု “ ထင် ” ပါသည် ။
ကမ္ဘာပေါ်တွင် ၊ စာရေးသူတိုင်း ထိုလမ်းမျိုးကို လျှောက်ခဲ့ကြသူများသာဟုလည်း မှတ်သားမိဖူးပါသည်။
◾ ◾ ◾ ◾
ဆရာမောင်ထင်သည် လေသံရွှင်ရုံမျှမက ၊စကားလုံး ပြောင်မြောက်လှကြောင်းကိုလည်း စာဖတ်သူတိုင်း သိပြီးဖြစ်သောကြောင့် ကျွန်တော်ထပ်မညွှန်းလိုတော့ပါ ။
သို့သော်သူ၏ စာမျက်နှာများ၏ ပြင်ပမှ သူ၏ ဟာသဓာတ်ခံလေးများ အကြောင်းကိုမူ ကျွန်တော်ပြောချင်ပါသေးသည် ။
တစ်ခါက ဖြစ်ပါသည် ။ သူ့ဇာတိ လပွတ္တာမြို့ နှစ် ၅၀ ပြည့်ပွဲတစ်ပွဲသို့ သူကိုယ်တိုင် မသွားနိုင်သဖြင့် ချစ်ဦးညို ၊ မောင်ခိုင်မာ နှင့် သုမောင်တို့ကို သူ့ကိုယ်စား သွားရောက် ဟောပြောခိုင်းပါသည် ။ မသွားမီ ဆရာက ဆုံးမဩဝါဒစကား ပြောပါသည် ။
“ ချစ်ဦးညို ၊ မောင်ခိုင်မာ ၊ သုမောင် မင်းတို့ကို တစ်ခုတော့ပြော လိုက် မယ် ။ မင်းတို့ သုံးယောက်စလုံး သောက်တတ်တာ ငါသိတယ် ။ အေး သောက်ပေါ့ ။
ဒါပေမယ့် ခွေးသောက်တော့ မသောက်ကြနဲ့ ၊ လူသောက်သောက်ကြ ”
မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြင့် ၊ ဆရာသုံးယောက် ငြိမ်နေကြသည် ။
“ လူသောက် သောက်တယ်ဆိုတာ ဘယ်လိုလဲ သိလား ”
ဘယ်သူမှ မဖြေရဲကြ ။ ဆရာက စကားကိုနိဂုံးချုပ်သည် ။
“ မှတ်ထား ၊ ငါ့လိုသောက်ကြ ၊ ဒါပဲကဲ သွားကြတော့ ”
စာပေလောကမှ နာမည်ကျော် နာဠာဂီရိသုံးကောင်မှာ ပါးစပ်အဟောင်းသားဖြင့် လှုပ်ပင် မလှုပ်နိုင် ။
ကျွန်တော်က ကျေနပ်အားရစွာ အော်ရယ်သည် ။
◾ ◾ ◾ ◾
နောက်တစ်ကြိမ်ကတော့ ကျွန်တော် ဝဋ်လည်ရတဲ့အလှည့်ပါ ။
တစ်ခုသော ဝါကျွတ်ကာလမှာဖြစ်ပါသည် ။ ဆရာ့ကို ကျွန်တော် သွားကန်တော့ပါသည် ။ ကျွန်တော့်အိတ်ထဲမှ ပထမဦးစွာ လုံချည်တစ်ထည် ကိုထုတ်ပြီး ဆရာ့ ခြေရင်းမှာ ချပါသည် ။ ဒုတိယ ဆရာ့အကြိုက်တံဆိပ်နှင့် ပုလင်းတစ်လုံး ထုတ်ပါသည် ။ ဆရာကရယ်သည် ။
“ ခွေးမသား ၊ ဒုတိယပစ္စည်းမပါလို့ကတော့ ငါက အကန်တော့ခံမှာ မဟုတ်ဘူးကွ ။ ဟဲ ဟဲ ”
ကျွန်တော့်မှာ ဆရာရှေ့တွင် ကုန်းကုန်းကွကွဖြင့် ရယ်ရအခက် ၊ ငိုရ အခက် ။
◾ ◾ ◾ ◾
ဆရာကား သွေးအေးအေးဖြင့် ဟာသလုပ်တတ်သကဲ့သို့ အန္တရာယ် ကြားမှာပင် သွေးအေးအေးဖြင့် အမှန်တရားသို့ ရောက်အောင် ချဉ်းကပ်ဆုံးဖြတ်တတ်
ပါသည် ။ ကိုယ်တွေ့ပါခင်ဗျာ ။
၁၉၈၂ ခုနှစ်တွင် ကမာရွတ် ( လှိုင် ) ဈေးကြီးနှင့် အနီးရှိ ရပ်ကွက် များအားလုံး ပြောင်တလင်းခါအောင် မီးလောင်ပါသည် ။ ဆရာနှင့် ကျွန်တော်တို့၏ အိမ်များနှင့် နီးလှသောကြောင့် ဆရာ့အိမ်သို့ ကျွန်တော်ဒုန်းစိုင်းပြေးပါသည် ။
ဆရာ့ခြံတံခါးမှာ ပိတ်ထားပြီး ပစ္စည်းများကို အိမ်အောက် ခြံဝန်းထဲတွင် နေရာအနှံ့ စုပုံထားသည်ကို မြင်ရသဖြင့် ပို၍ စိတ်ပူသွားရပါသည် ။ ခြံစည်းရိုးသံဆူးကြိုးများကို ဝင်ကာ ၊ တောကြောင်များက ဝင်ဆွဲသွားနိုင်ပါသည် ။ ထို့ကြောင့် ခြံစည်းရိုးတစ်လျှောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိပါသည် ။ ကျွန်တော့်ကို မြင်သောအခါ ဆရာက အိမ်ထဲမှ ထွက်လာပြီး...။
“ ဟေ့ကောင် ၊ ဘာလုပ်နေတာလဲ ။ တကယ်တမ်း လောင်ပြီဆိုရင် မင့်ဗလနဲ့ ဘာတစ်ခုမှ လည်း မ,နိုင် ၊ သယ် နိုင် မှာလည်းမဟုတ်ဘဲနဲ့ ။ သွား အခုပြန် ၊ အိမ်မှာ
ကလေးတွေချည်းပစ်ထားခဲ့တာ မဟုတ်လား ။ မိုက်တဲ့အကောင် မြန်မြန် ပြန် "
လေးစားကြည်ညို၍ မဆုံးပါဆရာ ။
◾ ◾ ◾ ◾
သူ၏ “ ကိုဒေါင်းဝတ္ထု ” ကို ဤသို့ အဆုံးသတ်ခဲ့သည် ။
“ ကိုဒေါင်းကား သေလေပြီ ။ ကိုဒေါင်းသည် သက်တော်ရာကျော်ရှည်ပါစေ သတည်း ” ဟူ၏ ။
ဤကား သူချစ်သော သူ့ဇာတ်ကောင် ကိုဒေါင်းအတွက် ဆရာ၏ ဆုတောင်းဖြစ်ပါသည် ။ ဆရာ့အတွက် မူ ကျွန်တော်တို့ဆုတောင်းပေးရန် လိုလိမ့်မည်ဟု
မထင်ပါ ။
မြန်မာစာပေလောကတွင် “ မောင်ထင်သည် ထာဝရ ” ဖြစ်သောကြောင့်ပင် ။
®°°° မင်းသစ်
လွမ်းရတဲ့ သူတွေ
Tuesday, June 23, 2020
ကြည်ကြည်ဌေး
ကြည်ကြည်ဌေးအကြောင်း ပြောရမယ်ဆိုလျှင် " ကဌေး ” ဆိုတဲ့ ပြဇာတ်ရုံမှ စရလိမ့်မယ် ။ ငယ်နာမည် - မကျင် ၊ ဇာတ်နာမည် - အောက်ချင်းမ ။ ပြဇာတ်မင်းသမီးနာမည် - မာလာရီ ဆိုတဲ့အမည်တွေက ရုပ်ရှင်ပြဇာတ် ဧကရီ ကြည်ကြည်ဌေးဘဝကို “ ကဌေး ” က မွေးပေးလိုက်တာဖြစ်လို့ပါပဲ။
ဒုတိယကမ္ဘာစစ်ဖြစ်လို့ ရုပ်ရှင်ကုမ္ပဏီတိုင်း ရပ်ဆိုင်းလိုက်တာနှင့်တစ်ပြိုင်တည်း ရုပ်ရှင်သမားတွေ အလုပ်လက် မဲ့ဖြစ်ခဲ့ကြရတယ် ။ ဂျပန်ဝင်လာပြီးနေသားတကျ ရှိသလို ဖြစ်တဲ့အခါမှာတော့ ရုပ်ရှင်ကုမ္ပဏီတွေက အသံတိတ် ကားဟောင်းတွေပြလို့ ဝင်ငွေ သိပ်ကောင်းလာကြတယ် ။ကောင်းသမှ ကားသစ်အနေနဲ့ စပြခဲ့ ရတဲ့ဝင်ငွေထက် ပိုတယ် ။
စစ်ဘေးစစ်ဒုက္ခ သောကအထွေထွေကို စိတ်ပြေလက်ပျောက် ကြည့်စရာကအဲသည် ကားဟောင်းတွေပဲရှိတယ် ။ ဇာတ်သဘင် အငြိမ့်ဆိုတဲ့ အဖွဲ့အစည်းတွေက ဇာတ်ခေါင်းကွဲနေကြတဲ့အချိန်မှာ ပြစက် နှင့် ကားထုပ်ရှိလျှင် ရုံဝင်ခရတဲ့ အလုပ်က စားသာနေကြတယ် ။ ဘယ်လောက် ညံ့တဲ့ကား ဖြစ်ဖြစ် ရုံပြည့်အောင်ကြည့်ကြတာပဲ ။
အပျက်အစီးတွေ စုပုံနေတဲ့ မြိုထဲမှာထက် ရွှေတိဂုံခြေရင်းက ဗဟန်းရပ်ကွက် တစ်ခုလုံးဟာ မဟာရန်ကုန်ဖြစ်နေတယ် ။ အဲသည်က ကန်တော်မိတ်ရုံ နှင့် ကန်တော်မင်္ဂလာရုံ နှစ်ရုံဟာ အဲသည်အချိန်ကတော့
သမ္မတ နှင့် ပပဝင်းပေါ့ ။
ရုပ်ရှင်ဇာတ်လိုက် မင်းသမီး မင်းသားတွေမှာ သူတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေက သောက်သောက်လဲအောင် ငွေတွေရနေပေမယ့် သူတို့မှာတော့ ဘာမလုပ်တတ် ညာမလုပ်တတ်နဲ့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေကြရတယ် ။ ဘယ်ရုပ်ရှင်ကုမ္ပဏီကမှ အရေးစိုက်တယ် မကြားဖူးပါဘူး ။
လူတိုင်းအရောင်းအဝယ် ပွဲစားကုန်သည်လုပ်လို့ ဂျပန် ငွေစက္ကူတွေ ပလူပျံနေတဲ့ လက်ကျဲကြီးထဲမှာရုပ်ရှင်မင်းသမီး မင်းသားတွေမှာတော့ အရောင်းအဝယ်လည်း မလုပ်တတ်ကြဘူး ။ မလုပ်ဝံ့ကြဘူး ။
လုပ်လည်း မလုပ်ချင်ကြဘူး ။ ဇာတ်ကားတွေထဲမှာ မိမိတို့မျက်နှာနဲ့ အက်တင်လုပ်နိုင်ကြပေမယ့် လူထုကြားထဲဝင်ပြီးအရှင်လတ်လတ် လှုပ်ရှား ဆက်ဆံရမှာတော့ ရှက်တယ် ။ ကြောက်တယ် ။ ဂုဏ်ငယ်တယ်လို့ ထင်နေကြတယ် ။
လူဆိုတာ အကျဉ်းအကျပ် အခက်အခဲက ထွက်ပေါက် လွတ်ပေါက်ရှာကြရတာ ဓမ္မတာပဲ ။ ကြံကြဖန်ကြတာ ထုံးစံပဲ ။ ကြံတော့လည်းဖြစ်တာပဲ ။ ဒီတော့ ဘာလုပ်ကြသလဲ ။ ဇာတ်စင်ပေါ်တက် လူလုံးပြပြီး မိမိတို့ဆိုတတ်ပြောတတ် အမူအရာလုပ်တတ်သလို သရုပ်ဆောင်ပြပြီး " လူဘိုင်စကုတ် ” ဆန်ဆန်ပြဇာတ်တွေလုပ်လာကြတာပေါ့ ။အဲသည်လို လုပ်လိုက်တော့ ရုပ်ရှင်ကားဟောင်း ကားဆွေးတွေပြနေကြတာထက် အောင်မြင်ပြီး ရုပ်ရှင်ရုံတွေက ပြဇာတ်ရုံဖြစ်လာကြတာပါပဲ ။
အတိုချုံးပြောရရင် ရန်ကုန်အနောက်ပိုင်း ရွှေတောင်တန်းထိပ်က " ကသေး ” ဆိုတဲ့ တရုတ်ရုပ်ရှင်ရုံဟာလည်း " ကဌေး ” ဆိုတဲ့ ပြဇာတ်ရုံဖြစ်လာခဲ့ပါတယ် ။ လူကြိုက်လို့ ဝင်ငွေကောင်းလာတော့ ပြဇာတ်အဖွဲ့တွေ ပြဇာတ်ရုံ တွေ အလျှိုလျှို ပေါ်လာတာပေါ့ ။ ပန်းဆိုးတန်းမှာ ဝင်းဝင်းရုံ ၊ ရေကျော်မှာ ဇော်ရုံ ။
ပြဇာတ်အဖွဲ့ တွေများလာတော့ မင်းသမီးမင်းသားတွေ ရှားလာတယ် ။အကြောင်းက ရုပ်ရှင်မင်းသမီးမင်းသားတိုင်း ပရိသတ်ကြိုက်တဲ့ ပြဇာတ်သရုပ်ဆောင်ကောင်း ဖြစ်နိုင်တာ မဟုတ်ပါဘူး ။ ရုပ်ရှင်မှာ မှားလျှင် ပြန်ရိုက်လို့ရတယ် ။ ပိုလျှင် ဖြတ်လို့ရတယ် ။ သီချင်းကိုလည်း သူများက ဆိုပေးလို့ရတယ် ။ ဖလင်ကို စိတ်ကြိုက် ဖြတ်တောက် ပြုပြင်လို့ သဲလဲစင်ကောင်းလာမှ ပိတ်ကားပေါ်မှာ ပြရတာကြောင့် ပရိသတ်က ကြိုက်နေကြတာ ဖြစ်တယ် ။
ပြဇာတ်ခုံပေါ်ကျတော့ ထွက်တယ်ဆိုကတည်းက ပရိသတ်နဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ကြရပြီ ။ စကားအပြောအဆို သီချင်းရဲ့ စည်းဝါး အသံတည်အသံထား အမူအရာမှားလို့ မဖြစ်တော့ပါဘူး ။ မိမိနဲ့ တွဲဖက် သရုပ်ဆောင်သူနဲ့ အပေးအယူမျှအောင် မျက်နှာပေး မျက်နှာယူတွေကိုလည်း တတ်မှဖြစ်တယ် ။ အဲသည် သဘင်ပညာမျိုးက အလေ့အကျင့် မရှိလျှင် တော်တော် ခဲယဉ်းတာကြောင့် ရုပ်ရှင်မှာ နာမည်ကျော်ပေမယ့်လည်း ပြဇာတ်ပေါ်မှာ နာမည်မရနိုင်ကြပါဘူး ။ ဒါကြောင့် ပြဇာတ် မင်းသမီးကောင်းမင်းသားကောင်း လိုလာကြတာပေါ့ ။
အခုနပြောတဲ့ ကဌေးရုံမှာ ကျွန်တော်က " ချစ်တော့ချစ်တယ် ” ပြဇာတ်ကို တင်ပြီးတဲ့အခါမှာ ပြဇာတ်မင်းသမီး မင်းသားအသစ်တွေ ပေါ်လာအောင် အနုပညာရှင်ရွေးပွဲလုပ်ကြဖို့ အဖွဲ့ ပိုင်ရှင် ရုံပိုင်ရှင်တို့ နှင့် တိုင်ပင်ပြီးသတင်းစာတွေထဲက ကြော်ငြာ ခေါ်ယူလိုက်တယ် ။ လာလိုက်ကြတဲ့ ဝါသနာရှင်ကလေးတွေ အမျိုးသမီးရော အသားရော အရွယ်အစားစား အများကြီးပေါ့ ။ လက်စလက်နရှိတဲ့ ခေတ်ပညာတတ် ကလေးတွေလည်းပါကြတယ် ။ အကဲဖြတ်အဖွဲ့ကသတင်းစာ ဆရာ ၊သတင်းထောက် ၊ စာရေးဆရာ ၊ ဂီတသဘင် ပညာရှင်များပေါ့ ။
သတ်မှတ်ကြော်ငြာထားတဲ့ ပြိုင်ပွဲမလုပ်မီ တစ်ရက်နှစ်ရက် အလိုမှာ ကျွန်တော့်အိမ်ကို ကြည်ကြည်ဌေး ဖြစ်လာမယ့် မကျင် နှင့် သူ့ ခင်ပွန်း ကိုအောင်သိန်းတို့ ရောက်လာကြပါတယ် ။ ကဌေး ပြိုင်ပွဲနှင့် ပတ်သက်လို့ စုံစမ်းမေးမြန်းရအောင်လာကြတာပါ ။ အဲသည်မှာ သူ့ကို စတွေ့ရခြင်းပါ ။ အသားအရေညိုစိမ့်စိမ့် ၊ ပုြပတ်ြပတ် ပါးပါး လျားလျားမျက်လုံးမျက်ဖန် နှာတန်နှုတ်ခမ်းက မြန်မာဆံဆံ ၊ ရိုးရိုးသားသား သာမညရုပ်မျိုး ၊ အသက်ကတော့ နှစ်ဆယ် ပတ်ဝန်းကျင်လောက်ပဲ ။
သူ ကျင်လည်ခဲ့ရသောအတွေ့အကြုံ အရည်အချင်းတွေကို ပြောပြပါတယ် ။ ဇာတ်ထဲမှာ အောက်ချင်းမ အမည်နှင့် ဇာတ်မင်းသမီး လုပ်ခဲ့ဖူးကြောင်း ၊ ကျော်အုံးလှိုင်အဖွဲ့ ရာဇဝင်ပြဇာတ်မှာ မာလာရီ ဆိုတဲ့ အမည်နှင့် အတော်ထင်ရှား လူကြိုက် များခဲ့ကြောင်း ၊ ယခု ဇာတ်ခေါင်းကွဲ၍ နားနေရကြောင်း ၊ ကဌေးရုံမှာလုပ်မယ့် ပြဇာတ် မင်းသမီး ပြိုင်ပွဲကိုဝင်လျှင် လက်ခံနိုင်စရာရှိမရှိ သိလို၍ လာရောက် မေးမြန်းရခြင်း ဖြစ်ကြောင်း ပြောပါတယ် ။
သူပြောနေတဲ့အမူအရာ လေသံဟန်ပန်တို့ဟာ သူဝတ်ဆင်လာတဲ့ အဝတ်အစားနှင့် လိုက်ဖက်အောင် ရိုးရိုးသားသားပါပဲ ။ ရဲတင်းပွင့်လင်းပေမယ့် ရိုသေလေးစားခြင်းအပြည့်ဖော်ပြနေတယ် ။ ကြွားဝါဟန်ဆောင်မှုကင်းတယ် ။ သူ့ရဲ့ ထုံးဖွဲ့ဆင်ယင်မှု ၊ခြယ်လှယ်လိမ်းသမှုမှာလည်း မျက်ခုံးမဆွဲ သနပ်ခါးရည်ကျဲကလေးလောက်ပါပဲ ။ တကယ်တော့ ခေတ်အမျိုးသမီး ပညာတတ်ကလေးတွေကြားမှာ သူလို ဇာတ်မင်းသမီးက ဝင်လျှောက် ယှဉ်ပြိုင်ရမှာ မဝံ့မရဲဖြစ်နေကြောင်း အတိအလင်း ဖွင့်ပြောပါတယ် ။
ကျွန်တော်ကတော့ သူ့အရည်အချင်းကို စတွေ့တွေ့ချင်းပဲ အကဲခတ်နိုင်ပြီး ပြဇာတ်ရဲ့ ဂုဏ်အင်္ဂါ ပြဇာတ်ရဲ့ ပညာဟာ သဘင်ပညာက ပေါက်ဖွားလာတာလို့ ပြောရပါလိမ့်မယ် ။ သို့ပေမဲ့ သဘင်ပညာကို ပြဇာတ်စင်ပေါ်မှာ ဇာတ်မူအတိုင်းသုံးလျှင်တော့ ဇာတ်ဆန်နေတတ်ကြပြန်ပါတယ် ။ ဒီလိုကျပြန်တော့ ပရိသတ်က လက် မခံကြဘူး ။ ဒါကြောင့် ကျွန်တော်က သူ့ကို အမှတ်တရ မှာလိုက်ရတယ် ။
“ ကဲ - မကျင် ၊ ပြိုင်ပွဲသာ လာဝင်လှည့် ၊ ကိုယ်ရတဲ့ ခေတ်သီချင်း တစ်ပုဒ်ကို ဆိုပြရမယ် ။ သီချင်းဆိုရင်း အမူအရာလုပ်ပြရမယ် ။ နောက် တွဲဖက် တစ်ယောက်နဲ့ သတ်မှတ်ထားတဲ့ အချစ်စကား ၊ အလွမ်းစကား ၊ အပေးအယူစကားတွေကို အပြောခိုင်းလိမ့်မယ် ။ ဒါတွေဟာ ဇာတ်သမား တစ်ယောက်အနေနဲ့ အလွယ်ကလေးပဲဆိုပြီး စိတ်လိုက် မာန်ပါ မလုပ်လိုက်နဲ့ ။ အရပ်သူ ကျောင်းသူလို့ ပရိသတ်က ထင်ရအောင် ခပ်လျှော့လျှော့ လုပ်ပေး ။ နားလည်အောင် ထပ်ပြောမယ် ။ ခုနှစ်တန်းစာမေးပွဲကို ဘီအေလိုမဖြေနဲ့ ။ ဘီအေလိုဖြေလျှင် စာမေးပွဲကျလိမ့်မယ် ။ ဒါပဲ ”
ပြိုင်ပွဲလုပ်မည့်နေ့မှာ သူ့ကိုတွေ့လိုက်ရတော့ ကျွန်တော် ဒေါသဖြစ်မိတာကို သတိရနေပါသေးတယ် ။ အဝတ်အစားအဆင်အပြင် အလိမ်း အခြယ်တွေက သာမန်ရိုးရိုး ရှိပေမယ့် ဆံပင်ကို ခေတ်ဆန်အောင်ရယ်လို့ ခပ်တိုတို ဖြတ်ပြီးအကောက်အတွန့် ကလေးတွေ လုပ်လာလို့လေ ။
ဤပြိုင်ပွဲမှာ ဘီအေလို သူမ ေ ြဖလိုက်ပါဘူး ။ ဖြေများဖြေလိုက်လျှင် ကျမှာက မရှုမလှပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့လျှောက်လွှာထဲမှာ ဓာတ်ပုံနှင့်တကွ အရည်အချင်းကို ဖော်ပြရတာကြောင့် ဇာတ်မင်းသမီးကလေးဆိုတာကို အကဲဖြတ်အဖွဲ့က သိထားကြသကိုး ။
အရပ်သူ ကျောင်းသူ အပျော်တမ်း ဝါသနာရှင်တွေထဲမှာ ဇာတ်မင်းသမီးတစ်ယောက်က ဝင်ပြိုင်လို့ ဘယ်တရားမှာလဲ ။ ခွင့်မပြုထိုက်ဘူးပေါ့ ။ ဒီတော့ ကျွန်တော်က ဝင်ပြောရတယ် ။
“ ကျွန်တော် တစ်ခုပြောပရစေ ။ အခုလုပ်တဲ့ပွဲဟာ ကျောင်းကပွဲအတွက် လူရွေးတာမဟုတ်ပါဘူး ကြေးစားပြဇာတ်အတွက် ကြေးစားပညာသည်ကိုဖြစ်စေ ၊ အရပ်သူ အရပ်သား အပျော်တမ်း ပညာသည်ဖြစ်စေ တော်တဲ့လူ သင့်တဲ့လူကို ကျွန်တော်တို့ အသုံးချနိုင်ဖို့ ရွေးယူကြ
ရမှာဖြစ်ပါတယ် ။ ဒါကြောင့် အကဲဖြတ်အဖွဲ့က လက်ခံကြည့်ကြပါဦးလို့ ။ ဒါကို တစ်ဦးကပြောသေးတယ် ။ " ပြဇာတ် မင်းသမီးရွေးတာ ဇာတ်ဆန်နေလျှင် ဘယ့်နှယ်လုပ်မလဲတဲ့ ” လေ ။ “ ကြည့်ပြီးမှ ဆုံးဖြတ် ပါစို့လား ခင်ဗျာ ။ ဇာတ်ဆန်တာကို ကျွန်တော်တို့လည်း မကြိုက်ပါဘူး ”
အဲသလိုနဲ့ပဲ မင်းသမီးရွေးပွဲမှာ မကျင်က ဒုတိယရခဲ့ပါတယ်။
ပထမရသူက ယခု မြင့်မြင့်ဌေးလို့အမည်ရခဲ့တဲ့ မကြည်ပါ ။ တကယ်ကလည်း မကြည်ကကိုယ်လုံးကိုယ်ထည် ဖွံ့ဖွံ့ ဖြိုးဖြိုး ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးလို ခန့်ပါတယ် ။ လှပါတယ် ။ အပြောအဆို အမူအရာလည်း ရဲဝံ့ပိုင်နိုင်ပါတယ် ။ ညောင်လေးပင်သူ ဝါသနာရှင်တစ်ဦးပေါ့ ။
သူ့ကိုလည်း ကျွန်တော်ပဲ တိုက်တွန်းခဲ့ရတာပါ ။ မြို့တော်ခန်းမမှာ တေး ချိုချို ဆိုတဲ့ ပြဇာတ်ကို မင်းသားကြီးကိုဇေယျ ပထမပြဇာတ်စင်ပေါ် ညကျွန်တော် တင်တဲ့ပွဲမှာ မကြည်က လာကြည့်လို့ စသိတဲ့နေ့မှာပေါ့ ။
နာမည်ကျတော့ အရပ်အမောင်းမြင့်မားတဲ့မကြည်ကို " မြင့်မြင့်ဌေး ” ။ သွယ်သွယ်လျလျ မကျင်ကို “ ကျင်ကျင်ဌေး ” လို့ ခေါ်ရမှာ တရုတ်ဆန် နေတဲ့အတွက် " ကြည်ကြည်ဌေး ” လို့ ကျွန်တော်တို့ အကဲဖြတ်အဖွဲ့က ကင်ပွန်းတပ်လိုက်ကြပါတယ် ။ သူတို့အပြင် မင်းသမီးကလေးနှစ်ယောက်နဲ့ မင်းသားသုံးယောက်လို့ ထင်ပါတယ် အရွေးခံရတာ ။
ကြည်ကြည်ဌေးကို ကဌေးမှာ စပြီး စင်တင်တာက ကျွန်တော်ရဲ့ " ဪမိန်းမ ” ပြဇာတ်ပါ ။ ကြည်ကြည်ဌေး နှင့် မြင့်မြင့်ဌေး ကဌေး မင်းသမီးနှစ်ယောက်စလုံးကို တစ်ပြိုင်တည်းတင်ပြနိုင်မယ့် ပြဇာတ်အသစ် တစ်ခုကို ကျွန်တော်က ရေးသားစီစဉ်နေတဲ့အတွင်း မြိုင်ရုံမှာ တင်ခဲ့ဖူးတဲ့ ေဩာ် မိန်းမမှာ ကြည်ကြည်ဌေးကို “ ခွပ်လက်ချ ” ကြည့်ရအောင် တင်ကြည့်တာပါ ။ သူလုပ်ရမယ့်နေရာက မင်းသမီးမဟုတ်ပါဘူး ။ စိန်ကုန်သည်ဟန်ဆောင် ၊ ဆရာဝန်ကတော် ဟန်ဆောင်ပြီး စိန်ကုန်သည် ကြယ်နီကြီးရဲ့ စိန်တွေကို လိမ်ယူထွက်ပြေးရမယ့် မိန်းမလည်ကလေး နေရာကပါ ။ သူကတော့ မင်းသမီး မလုပ်ရလို့ သိပ်ကျေနပ်ပုံ မပေါ်ပါဘူး ။ ဒါကိုကျွန်တော်သိတယ် ။ ကျွန်တော်ကလည်း ကျွန်တော့်ရည်ရွယ်ချက်နဲ့ ကျွန်တော် ။
သူ့ကိုဇာတ်စင်ပေါ်မှာ အောက်ချင်းမအနေနဲ့လည်း မကြည့်ဖူးဘူး ။ မာလာရီအနေနဲ့လည်း မမြင်ဖူးဘူး ။ ဒီတော့ မြေစမ်းခရမ်းပျိုးရအောင် အကွက်နည်းနည်းမှာ အရည်အချင်း အများဆုံးပြနိုင်မယ့် ဇာတ်ကွက်ကို ပေးကြည့်ခြင်းပါ ။ အဲ - " ဆုတ်သာတက်သာ ” လည်း ဖြစ်သပေါ့ ။
ဒီနေရာမှာ ဇာတ်ကောင်ဇာတ်ကွက်ရဲ့ အရည်အချင်း ဖြစ်ပုံကို ပြောရဦးမယ် ။ တချို့ မင်းသမီး မင်းသားဇာတ်ကောင်ဇာတ်ရံများဟာ ဇာတ်ကွက်ထဲမှာ ဂုဏ်နိမ့်မယ် ၊ အကျင့်စာရိတ္တ ဖောက်ပြားရမယ်ဆိုတဲ့ ဇာတ်ကောင်မျိုး နေရာမျိုးဆိုလျှင် ရှောင်ချင်ကြတယ် ။ မလုပ်လိုကြဘူး ။ ကျွန်တော်ပြောရဲပါတယ် ။ ကြည်ကြည်ဌေးဟာ အဲသည်တုန်းက ကျွန်တော့်ကို မငြင်းဝံ့လို့ လုပ်ရရှာတာပဲ ။
နောက်တော့ သူသိလာပါတယ် ။ ကိုယ့်ရုပ်ရည်အလှနှင့် ယောက်ျားတွေကို " ကျ ” အောင် ပြောရ ဆိုရ ၊ မူရ နွဲ့ ရ ၊ ငိုရမဲ့ရ သဘာဝကျအောင် သရုပ်ဆောင် ရတာဟာဣန္ဒြေ သမ္ပတ္တိနဲ့ လှလှကလေးလုပ်ပြရတာထက် ခက်ခဲပါတယ် ။ ဒါမျိုးက ဟာသ - ပသာဒ - ၀စန စကားကြွယ်မှ လုပ်နိုင်ကြပါတယ် ။
ဇာတ်ကောင် နေရာ အရွေးမှားမှန်း နောက် မှသိလို့ နောင်တရကြတဲ့ အဖြစ် ကြုံခဲ့ဖူးတာ ပြောရဦးမယ် ။ ကျွန်တော်ရဲ့ ဂုဏ်ရည်မတူ ဝတ္ထုကို ဂျပန်ခေတ်က ကန်တော်မိတ်ရုံမှာ " ဂုဏ် ” ဆိုတဲ့နာမည်နဲ့ တင်တဲ့အခါတုန်းကပေါ့ ။ သူတောင်းစားမကလေး မယ်သုံ နေရာမှာ နာမည်ကြီး ရုပ်ရှင် မင်းသမီးကလေးတစ်ယောက်က သူမလုပ်ပါရစေနဲ့လို့ တောင်းပန်တယ် ။ သူဌေးသမီးကလေးနေရာမှာသာ ထားပေးပါတဲ့ ။ နောက်အရူးပေါက်စီ နေရာလည်း နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက်ကငြင်းပြန်တယ် ။ အဲဒီတော့ ယိမ်းခေါင်းဆောင်အဖြစ်နဲ့ပါလာတဲ့ အေဝမ်းက ဇာတ်ရံ မင်းသမီးကလေး မေကျင် ကို မယ်သုံအလုပ်ခိုင်းပြီး အရွယ်ကြီးတဲ့ မင်းသား ကိုဘချစ်ကို အရူးပေါက်စီအလုပ်ခိုင်းရတယ် ။
နာမည်ကြီး မင်းသမီး မင်းသားနှစ်ယောက်တော့ တစ်ယောက်က ပန်းချီဆရာ ။ တစ်ဦးက သူဌေးသမီးကလေးပေါ့ ။
ဇာတ်လည်း တင်ကလိုက်ရော ။ ပေါက်စီ နဲ့ မယ်သုံ ဆိုတဲ့နာမည်က ဟိန်းထွက်လာပါလေရော ။ မင်းသမီးနာမည်လည်း ဂုဏ်မေကျင် ဖြစ်သွားရော ။ နှစ်ရက် သုံးရက်ကပြီးတော့ သူတို့နှစ်ယောက်က အရေးဆိုလာပြန်တယ် ။ သူတို့က နာမည်ကြီး မင်းသမီးမင်းသားတွေပါတဲ့ ။ သူတို့ကိုလည်း ဒီနေရာတွေမှာ ပေးက,ပါတဲ့ ။ က,လက်စ လူနှစ်ယောက်ကလည်း မပေးနိုင်ဘူးလေ ။ မင်းတို့ မက,ချင်လို့ မင်းတို့က ပယ်လို့ တို့ကဝင်က,ရတာ ။ အခုမှ ငါးပွက်ရာ ငါးစာ လာမချနဲ့ပေါ့ ။ အဲသည်အရေးက တုတ်တပြက် ဓားတပြက် ဖြစ်ကြတဲ့အထိပဲ ။ နောက် စကားနည်း ရန်စဲ ကျွန်တော်ကပဲ သုံးရက်စီ ဝင်ကကြဖို့ စီစဉ် ပေးရတယ် ။ ဒါပေမဲ့ လမိုင်းမကပ်တော့ဘူးလေ ။ အထာမကျတော့ ပရိသတ်က လက် မခံတော့ဘူး ။ ဂုဏ်မေကျင်မှ မေကျင်ပဲ ။ အရူးပေါက်စီလည်း ကိုဘချစ်မှပဲ ။
ကြည်ကြည်ဌေးအကြောင်းကို ဆက်ရမယ်ဆိုလျှင် အဲသည် ေဩာ်မိန်းမ မှာပဲ ပရိသတ်ကလိုလိုလားလား လက်ခံလာတာကို တွေ့ရတယ် ။ သူ့ဟာသ ကလေးတွေက ထိမိတယ် ။ ကြယ်နီကြီးကလည်း လူရွှင်တော်ကောင်း ။ သူကလည်း အပို့အယူတတ်တဲ့မင်းသမီးမို့ အအုပ်အခံနဲ့လုပ်သွားလိုက်ကြတာ ပရိသတ်မှာ တဝါးဝါးပါပဲ ။ တကယ်တမ်း ပြောရလျှင် ဒီနေရာမျိုးမှာ တော်ရုံပညာနဲ့မရတာ လက်တွေ့ပဲ ။
ေဩာ် မိန်းမ ပြီးတော့ သူနဲ့ မြင့်မြင့်ဌေး ပြိုင်တူပါဝင်တဲ့ ချစ်ကုမ္ပဏီ ဆိုတဲ့ပြဇာတ်ကို တင်ရပါတယ် ။ မြင့်မြင့်ဌေး ကို အလှအပနဲ့ ချစ်စရာကောင်းပြီး သူဌေးသမီးနေရာက မောင်မျိုးချစ်နဲ့တွဲစေတယ် ။ ကြည်ကြည်ဌေးကိုတော့ အဖိနှိပ်ခံဆင်းရဲသူကလေးနေရာက မင်းသား အသစ်ကလေးတစ်ယောက်နဲ့ တွဲစေပါတယ်။ မြင့်မြင့်ဌေးနေရာက ပျော်မြူးစရာနှင့် ချစ်စရာ ။ ကြည်ကြည်ဌေးနေရာက အလွမ်းပေါ့ ။
ကျွန်တော် ဇာတ်ခွင်ချ လူရွေးတဲ့နေရာမှာ အမြဲသတိထားတာ ရှိပါတယ် ။ ဥပမာနဲ့ပြောရရင် ရေမြွေကို မြွေဟောက်လို မသုံးနဲ့ ။ မြွေဟောက်ကို ရေမြွေလို မသုံးမိဖို့ပဲ ။ ရုပ်ရှင်တို့ ပြဇာတ်တို့မှာ ဒါရိုက်တာသာ ပဓာန ။ ဒါရိုက်တာရဲ့ အရည်အချင်း ပင်ကိုဗီဇနှင့် ပညာကိုပါ အကဲခတ်ပြီး ကိုင်တွယ်ကြရပါမယ် ။ ရေမြွေကို ပါးပြင်း မထောင်ကောင်းလားလို့ ရိုက်သင်လည်း သေရုံပဲရှိမှာပါ ။ မရပါဘူး။ အဲ - မြွေဟောက်ကို ပါးပျဉ်း မထောင်ရအောင်ထားလျှင်လည်း သူ့အစွမ်းအစကို ဖော်မပြလိုက်နိုင်သလို ရှိပါလိမ့်မယ် ။ ကိုယ့်တပည့် အရင်း အဖျားဆိုပြီး မျက်နှာလိုက်ရင် အနုပညာဘက် မှာ အဆီအငေါ်မတဲ့သည့်အပြင် ဆုံးရှုံးကြရမှာ မလွဲဧကန်ပါ ။
ကြည်ကြည်ဌေး မဖြစ်ခင်ကရုပ်ရှင်မင်းသမီးကလေးများ ဖြစ်လိုဖြစ်ငြား ရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခုမှာ အလုပ်လျှောက်ဖူးသတဲ့ ။ ထိုကုမ္ပဏီကြီးများက ဇာတ်မင်းသမီးမို့ ဇာတ်ဆန်တယ်လို့ ပယ်လိုက်ကြသတဲ့ ။
ကျွန်တော်ကတော့ သစ်ဆန်းရုပ်ရှင်က " ချစ်အဏုမြူ ” အသံတိတ် ဇာတ်ကားပြီးပြီးချင်း " ဂမုန်းနှင့်သဇင် ” ဆိုတဲ့ ဇာတ်ကို ခေါင်းဆောင်တင်ရိုက်ရအောင် စရံငွေသုံးရာပေးထားလိုက်ပါတယ် ။ အဲသည် အချိန်တုန်းက ခေါင်းဆောင်မင်းသမီးတိုင်းတောင် တစ်ထောင် မရပါဘူး ။ သူ့ကို ကျွန်တော်က တစ်ထောင်နဲ့ ပြောပြီး စရံငွေ သုံးရာပေး လိုက်ခြင်းပါ ။ ဒါပေမဲ့ အကြောင်းမညီညွတ်လို့ပဲ ဆိုပါစို့ ။ သူ့ကို ကျွန်တော်က ဦးစွာ မရိုက်လိုက်ရပါဘူး ။ ကျေနပ်စွာနဲ့ပဲ စရံငွေ အဆုံးခံခဲ့ပါတယ် ။
ကျွန်တော်လည်း ဂုဏ်ရည်မတူ ဇာတ်ကစပြီး ရုပ်ရှင်အလုပ်ကို ဇောက်ချပြီး လုပ်လာရတော့ ပြဇာတ်လောကနှင့် ပြတ်တောင်း ဖြစ်လာပါပြီ ။ သူ့မှာလည်း ကျွန်တော့်ဆရာ အေဝမ်းဦးတင်မောင်ရဲ့ အသင်အပြနဲ့ ချစ်သက်ဝေ ဇာတ်ကားမှာ အကယ်ဒမီရခဲ့ပါပြီ ။ အဲသည်နောက် ရတနာပုံ ဇာတ်ကား ရိုက်ပြီးတဲ့အခါက စလို့ပေါ့လေ ။ ရုပ်ရှင်အထာ ရုပ်ရှင်ပညာ ရိပ်မိလာတဲ့အချိန်မှာ ဒါရိုက်တာအသစ်တွေတောင် သူကမွေးထုတ်နိုင်ခဲ့တာ ရုပ်ရှင်လောကမှာ သိကြရပါတယ် ။
ကြည်ကြည်ဌေး မာနကြီးသလား - လို့ ကျွန်တော့်ကို မေးလျှင် မကြီးပါဘူး ကြီးပါတယ်လို့ ကျွန်တော်က ဖြေမှာပဲ ။ ကြည်ကြည်ဌေး ဟာ အပြင်ပေါင်း ပေါင်းလျှင် အလွန် နိဝါတ ရှိပါတယ် ။ အင်မတန် နူးညံ့ပါတယ် ။ ကိုယ်ချင်းစာပြီး အကြင်နာတရား ထားတတ်ပါတယ် ။ ဒါပေမဲ့ ရုပ်ရှင်ခွင်ထဲမှာ ဖြစ်ဖြစ် ပြဇာတ်ခွင်ထဲမှာ ဖြစ်ဖြစ် နှာဖြတ်တယ် ဖနောင့်နင်းတယ် အကြေးလှန်တယ်ဆိုရင် နည်းနည်းကလေးမှ သည်းမခံချင်ပါဘူး ။ နိုင်ရာက တုံ့ပြန်တတ်ပါတယ် ။ အဲ - ဇာတ်စကား ဝေါဟာရကို ရှင်းပြရဦးမယ်ထင်တယ် ။ မသိတဲ့သူတွေအတွက်ပါ ။ နှာဖြတ်တယ်ဆိုတာ ကိုယ်မပြောခင် ဝင်ပြောလိုက်တာ ။ ရုပ်ရှင်မှာဆိုရင် ကိုယ့်မျက်နှာ ကင်မရာထဲမှာ ပေါ်အောင် နေရာယူလိုက်တာ ။ သူများရှေ့ကနေပြီး ကိုယ်က ကွယ်ထားတာတွေပေါ့ ။ ဖနောင့်နင်းတယ်ဆိုတာက လမ်းသွားနေတုန်း တစ်ဖက်သား အသွားပျက်အောင်ဖနောင့်ကို နောက်ကနေ နှင်းလိုက်သလို သူများပြောကောင်းတုန်း ဆိုကောင်းတုန်း လွမ်းကောင်းတုန်းမှာ အမူအရာနဲ့ ဖြစ်ဖြစ် အပြောအဆိုနဲ့ ဖြစ်ဖြစ် အရှိန်ပျက်အောင် ဖျက်လိုက်တာ ။ ရုပ်ရှင်မှာ နှစ်ယောက်ပြိုင်တူ ပြောဆို လုပ်ကိုင်သရုပ်ပြနေလို့ တစ်ဖက်သားက ကိုယ့်ထက်သာနေမှန်းသိရင် ဒါရိုက်တာက ပြန်မရိုက်ဘဲ မနေရအောင် ကိုယ်က တမင်မှားပြော မှားလုပ်လုပ်တာမျိုး ။ အကြေးလှန်တယ်ဆိုတာကျတော့ ငါးများ အကြေးကိုလှန်ရင် အခံရခက်အောင်လုပ်သလို ဇာတ်ဝင်စကားမဟုတ်ဘဲကိုယ်ရေးကိုယ်တာတွေကို ထည့်ပြောဝေဖန်တာ ။ ပျက်လုံးထုတ်တာ ။ ဒါ အခုတော့ ရုပ်ရှင်မှာ ဒါရိုက်တာက သတိရှိလျှင် လုပ်ခဲပါတယ် ။
ရုပ်ရှင်ကားထဲ ပြဇာတ်ထဲမှာ ပရိသတ်ကသာ မသိတာ အချင်းချင်း ပညာပြိုင်ကြတာကြောင့် ဇာတ်စင်နောက်ကွယ်မှာ ရန်ဖြစ်တာ အများကြီး ။ ရုပ်ရှင်မှာလည်း နောက်ကားတွေမှာ သူပါလျှင် မရိုက်ဘူးလို့ ရာဇသံပေးကြတဲ့ လူတွေမနည်းဘူး ။ ဒါကြောင့် ဒါရိုက်တာဆိုတာ သူတို့ထက် လျင်ရတယ် ။ ဒါရိုက်တာက လျင်တယ်ဆိုရင် တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေတဲ့ လင်မယားကွဲကာစ ပူပူနွေးနွေးကိုလည်း အင်မတန်ချစ်တဲ့သမီးရည်းစား အနေနဲ့လည်း ရိုက်လို့ဖြစ်တယ် ။ ပညာရော ၊ ဂုဏ်ရောပြိုင်နေတဲ့ မြွေဟောက် မင်းသမီး နှစ်ယောက်ကိုလည်း ညီအမအရင်းလုပ်ရိုက်လို့ ဖြစ်တယ် ။
နောက်တစ်ခု ၊ ကြည်ကြည်ဌေး သတ္တိက မြင်းကောင်းဇက်သိ ဆိုသလို ကိုယ့်ကိုရိုက်နေတဲ့ ဒါရိုက်တာရဲ့ အရည်အချင်းကို ပထမအကြိမ် တွေ့လိုက်တာနဲ့ အကဲခတ်လိုက်ပြီးပြီ ။ ဒါရိုက်တာရဲ့ သင်ပြမှု ပေးတဲ့ စကား ၊ ဒါတွေကို သူ့အတွက်အံဝင်ခွင်ကျ မဟုတ်ရင် ပထမ ချိုချိုသာသာ အကြံပေးမယ် ။ ဒါမှ ပြောလို့မရရင် တကယ်ရိုက်တော့ သူလုပ်ချင်တာ သူပြောချင်တာ ဖြတ်လို့မရအောင် လုပ်ပြလိုက်တယ် ။ အဲ - နောက်တစ်ခုပြောရဦးမယ် ။ ကြည်ကြည်ဌေးဟာ သူ့ကိုယုံတဲ့ မင်းသမီး မင်းသား ဇာတ်ပို့ ဇာတ်ဆောင်ကလေးတွေကို တွဲခေါ်တတ်ပါတယ် ။ သူကိုယ်တိုင်အောက်ကျနောက်ကျ အထင်သေးခံရတဲ့ ဘဝက တက်လာရတာမို့ အင်မတန် ကိုယ်ချင်းစာတတ်ပါတယ် ။ သက်ညှာပံ့ပိုး တတ်ပါတယ် ။
နောက်ပြီးတော့ ငွေကြေးကိစ္စ ။ သူတောင်းတဲ့စျေးက သူ့စျေးပဲ ။ မတန်ဘူးဆိုလျှင် မငှားနဲ့ ၊ ဒါပဲ ။ ဘယ်သူ့ကို ဘယ်လောက်ပဲ ပေးရပါတယ်ဆိုတာ လာမပြောနဲ့ ၊ နားမထောင်ပရေစနဲ့လို့ တောင်းပန်လိမ့်မယ် ။ ဘဝတူဆိုလျှင် အလကား လုပ် ပေးချင် ပေး လိုက် မယ် ။
ကဲ ကြည်ကြည်ဌေး မာန မကြီးတာကို ပြောဦးမယ် ။ အကြောင်းကြောင်းတို့ရဲ့ အကြောင်းကြောင်းတို့ကြောင့် ကြည်ကြည်ဌေးကို နာမည်ပေးပြီး မွေးထုတ်လိုက်ရတဲ့ ကျွန်တော်က သူနဲ့ကို ရုပ်ရှင်တစ်ကားမှ မရိုက်ရသေးဘူး ။ ရိုက် မယ့်ရိုက်ရတော့ မင်းသားကြီး ကိုဇေယျရဲ့ ကိုယ်ပိုင် " လှည်းကျိုးနဲ့ နသိုး ” ဇာတ်ကား ။ ကျွန်တော်က စေတနာ့ဝန်ထမ်း ဒါရိုက်တာ ။ သူက စေတနာ့ဝန်ထမ်း မင်းသမီး ။
ဒီအချိန်မှာ ကြည်ကြည်ဌေး ဆိုတာလျှမ်းလျှမ်းတောက် ။ ကုမ္ပဏီ ပိုင်ရှင်တွေ ၊ ဒါရိုက်တာတချို့တွေက သပျစ်သီးတို့ ပန်းသီးတို့ ကြည်ကြည်ဌေး ကြိုက်တတ်တယ်ဆိုတဲ့ ငါးပိငါးခြောက်တို့ ဇာဘော်ဒီ အင်္ကျီ တို့လက်ဆောင်ပေးပြီး ခစားနေကြရတဲ့အချိန် ။
ရုပ်ရှင်ရိုက်ရာကို လာဖို့ မော်တော်ကား ဓာတ်ဆီဖိုးပေးရတာ သူက စလိမ့်မယ်ထင်တယ် ။ အဲသည်အချိန်မှာ ကျွန်တော်က ရိုက်ကွင်းကို မနက်ဆယ်နာရီဆို ရောက်ပြီ သူလာတာက ၁၂ နာရီခွဲမှ ။ ဒါကိုကျွန်တော်က စောစောလာဖို့ ပြောတယ် ။ သူက ဘာကိစ္စ ညာကိစ္စ အကြောင်းပြပြီး အရောက်နောက်ကျပေမယ့် ညနေပိုင်းမှာ “ အဖေကြီး ( ကျွန်တော့်ကို ခေါ်တော့ အဖေကြီးပါပဲ ) မိုးချုပ်အောင် ရိုက်ချင်သလောက် ရိုက်ပါ ။ ပြန်မလွှတ်မချင်း မပြန်ပါဘူး ” လို့ ရင်းရင်းနှီးနှီး ရယ်ကာမောကာ ပြောနေတယ် ဒါကို ကျွန်တော်က အကြောင်းပြတယ် ။ သူက မိုးချုပ်တဲ့အထိ ရိုက်ပေးမယ်ထား ။ သူနဲ့တွဲလုပ်ရတဲ့ ဇာတ်ဆောင်တွေပါ အပြန် နောက်ကျရတယ် ။ အလုပ်သမားတွေကို အချိန်ပိုလုပ်ခပေးရတယ် ။ ညစာထမင်းပါ ကြွေးရဦးမယ် ။ ဒါဆိုလျှင် ထုတ်လုပ်မှု စရိတ်ကြီးမယ် ။ တစ်နေ့တလေ နောက်ကျရင် ကိစ္စမရှိဘူး ။ နေ့တိုင်းဆိုရင် မကောင်းဘူးပေါ့ ။
ခက်တာက ကြည်ကြည်ဌေးရဲ့ ခင်ပွန်း ကိုအောင်သိန်း ဩဇာကြီးပုံကလည်း သူ့မယားအပေါ်မှာသာ မကဘူး ။ ထုတ်လုပ်သူတိုင်းကလည်း အလိုလိုက် နေကြရတယ် ။
နောက်တစ်နေ့ ကျပြန်တော့လည်း ကျွန်တော်က ကိုးနာရီဆိုရောက်ပြီ ။ သူကမလာသေးဘူး ။ ကျွန်တော် စောင့်ရင်း ခံပြင်းလာတယ် ။ အောက်ကျတယ်လို့ ရှက်လာတယ် ။ ကျေးဇူးမသိဘူးလို့လည်း စိတ်နာလာတယ် ။ ဒီတစ်ခါတော့ ခုတ်စပြီး လှီးစပြတ် ခတ်ပြတ်ပြတ်ပဲ ။ ဆယ်နာရီ - မလာသေးဘူး ။ ဆယ်တစ်နာရီ မရောက်သေးဘူး ။ ဆယ့်နှစ်နာရီ - ဒီတော့မှ မယ်မင်းကြီးမ ကားကြီးနဲ့ ကြွတော်မူလာတယ် ။
ကျွန်တော် ဒီတော့ ဘာလုပ်သလဲ ။
“ ဟေ့- ဖိုးပါလေး ၊ ကားပေါ်တက် ၊ ပြန်မယ် ၊ ဒီမှာ ရွှေကြည် ။ နင့်ကိုင ါပြောချင်လို့ တမင်စောင့်နေတာ ၊ ငါ ကိုးနာရီရောက်တယ် ။ နင်က ၁၂ နာရီမှ လာတယ် ။ နက်ဖြန် ငါလည်း ကိုးနာရီရောက်မယ် ။ နင်လည်း ကိုးနာရီ အရောက်လာခဲ့ ။ ဒါမှမဟုတ်ရင် နင်နဲ့ ငါ ဒီကားကို မရိုက်ကြစို့နဲ့ ။ ဒါပဲ ”
တကယ်ပါပဲ ။ ကျွန်တော် ရှက်စိတ်နာပြီး ပြန်ခဲ့တယ် ။ သူလည်း အံ့အားသင့်ပြီး ကျန်ရစ်ခဲ့တယ် ။ သည့်ပြင် လူတွေမှာလည်း ပွစိ ပွစိပေါ့ ။ မျက်နှာလိုအားရ တွန်းကြမယ့် လူတွေကလည်း အများကြီး ။ ကိုဇေယျ ခမျာမှာတော့ မျက်နှာကလေး အငယ်သားနဲ့ ။
ကျွန်တော်ကလည်း ကျွန်တော့်အတ္တနဲ့ကျွန်တော် ။ ကိုယ် မွေးထုတ်ခဲ့တဲ့ ကိုယ်ပိုင်မင်းသမီးလို့ ယုံထားတယ်လေ ။ သူနာမည်ကြီးလာလို့ ကျွန်တော်ကို ကာပြန်တယ်ပေါ့ ။
" လှည်းကျိုးနဲ့ နသိုး ” ဇာတ်လမ်းဟာ သူ နဲ့ ကိုဇေယျကြီး အတွက် သက်သက် ရေးရတာ ။ ကိုဇေယျ နေရာမှာ ကိုဇေယျနဲ့ အလိုက်ဆုံး ဖြစ်သလို သူ့နေရာမှာ သူနဲ့သာအလိုက်ဆုံး ။ သူ့ကို ထင်ပေါ်သည်ထက် ထင်ပေါ်အောင် လုပ်ပေးချင်တဲ့စေတနာက အပြည့် ။ ကြေးစားဒါရိုက်တာ ဆိုရင် မင်းသမီးမင်းသားလာရင်ရိုက် မယ် ။ မလာသေးရင် စောင့်နေရုံပေါ့ ။ ခုတော့ ကိုဇေယျကိုလည်း အကုန်အကျ သက်သာပြီး ကားမြန်မြန် လက်စသတ်နိုင်အောင် ၊ သူလည်း အကွက်ကောင်းကောင်းနဲ့ စိတ်တိုင်းကျ ကျဲနိုင်အောင် ခုတော့ ကျွန်တော့်စေတနာဟာ ဝေဒနာဖြစ်ရပြီ ။ သူ့မာနနဲ့သူ မလာဘဲ နေရင်လည်းပြီးတာပေါ့ဆိုပေမယ့် ရုပ်ရှင် လောကတစ်ခုလုံး သတင်းဆိုး အပုပ်နံ့ ဟောင်သွားမှာသေချာတယ် ။
နောက်တစ်နေ့မနက် မှာ ကျွန်တော်သွားနေကျအတိုင်း ကိုးနာရီ အရောက်သွားတယ် ။ လမ်းမှာတော့ တထိတ်ထိတ်ပါပဲ ။ မဖြစ်သင့်တာ မဖြစ်ကြရင်ကောင်းတာပေါ့ ။ ကိုယ့်စေတနာကိုတော့ ကိုယ်သစ္စာဆို ရဲတယ်လေ ။
ရုပ်ရှင်ခြံထဲ အဝင်မှာ သူ့ကားနဲ့ထိပ်တိုက်တိုးတော့တာပဲ ။ သူက ကားပေါ်က လှမ်းအော်တယ် ။ “ အဖေကြီး - သမီးရောက်ပြီနော် ” တဲ့ ။ မနေ့က ဘာမှမဖြစ်တဲ့အတိုင်း ။ မှန်တာပြောလျှင် သစ္စာပါ ။ ကျွန်တော် သူ့ကိုလည်း ကျေးဇူးတင်လိုက် မိတယ် ။ ရတနာသုံးပါး ဆရာသမား မိဘဂုဏ်ကိုလည်း ဆတက်ထမ်းပိုး တိုးလို့ ယုံလိုက်ရတယ် ။ ကိုအောင်သိန်းကြီး ကလည်း စကားရော ပါးရော သောလို့ ရွှင်လို့ ။ အဲသည့်နေ့က တစ်နေ့လုံး ပျော်ပျော်ပါးပါး အားတိုက်ခွန်စိုက် ရိုက်လိုက်ရတယ် ။
နောက်နေ့မှာကော - ကိုးနာရီဆိုလျှင် သူ နဲ့ ကျွန်တော် ရှေ့ဆင့် နောက်ဆင့် ရောက်ကြတာချည်းပဲ ။ ဒီကားတွင်လားတဲ့ ။ မဟုတ်ပါဘူး ။ သူနဲ့ကျွန်တော် ယနေ့အထိ ရိုက်လာသမျှကားတိုင်းမှာ ကျွန်တော်က မစောင့်ရတော့ဘူး ။ အေး - အကြောင်းကိစ္စရှိရင် သူကကြိုပြောထားနှင့်ပါတယ် ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သူ့ကို ကျေးဇူးတင်ကြောင်း မပြောခဲ့ဖူးပါဘူး ။ လိမ္မာတယ်လို့ မချီးမွမ်းခဲ့ပါဘူး ။ အခု သူ့အကြောင်း ရေးရလို့ ထုတ်ပြောရတာပါ ။ ဒါပေမဲ့ ကျွန်တော့်ကို သူ လေးစားရိုသေတယ်ဆိုတာကိုတော့ သူသေကိုယ်သေ သေတဲ့အထိ ယုံမှတ်သွားရမှာပါ ။
ဆရာသမားတို့ကို ရိုသေနှိမ့်ချ၍ ဂါရဝထားတဲ့ ပစာယနကုသလ အကျိုးပေးဟာ ပညာသည်တိုင်း လူသာသေမယ် နာမည်မသေနိုင်သော အကျိုးကို ရစမြဲဖြစ်ပါတယ် ။ ဒါဟာ ကြည်ကြည်ဌေး မာနမကြီးတဲ့အကြောင်း ။
ကြည်ကြည်ဌေး တစ်ယောက်တည်း ပြဇာတ်စင်ပေါ်မှာ တစ်နာရီလောက်သရုပ်ဆောင်ပြသွားတယ်လို့ဆိုလျှင် ယုံချင်မှ ယုံကြပါလိမ့်မယ် ။တစ်ယောက်တည်းမှ တစ်ယောက်တည်းပါ ။ လူရွှင်တော်တောင်မပါဘူး ။ မှတ်မှတ်ရရ မန္တလေး ရာပြည့်ပွဲတုန်းကပေါ့ ။ လူထုဦးလှနဲ့ တပ်မင်း ၊ တပ်ရင်းမှူးတို့ရဲ့ ဆော်ဩချက်အရ ကျွန်တော်ခေါင်းဆောင်ပြီး ရုပ်ရှင် ပြဇာတ် ရာမ ဂီတပညာရှင် လူရှစ်ဆယ်လောက် ရာပြည့်ပွဲကို တင်ဆက်ကြရပါတယ် ။ လူထုတောင့်တလို့ ကန့်သတ်ထားတဲ့ ပွဲရက်ထက် ပို၍ကကြရမယ့်အခြေအနေ ဖြစ်လာပါတယ် ။ နောက်ဆုံးသုံးချီပေါ့ ။
အဲသည်မှာ ပြဿနာပေါ့ ။ ကြည်ကြည်ဌေးနဲ့ တွဲကကြတဲ့လူ အတော်များများမှာ ရုပ်ရှင်ရက်ချိန်း ကြိုတင်ပေးခဲ့ကြတာမို့ မနေနိုင်ကြတော့ဘူး ။ ပြန်သွားကြရပြီ ။ ပရိသတ်ကလည်း သူ့ကိုမှ ပွဲတောင်းနေကြတယ် ။ တစ်ညတည်းဖြစ်ဖြစ် ပို ကပေးပါလို့ အော်ကြတယ် ။ ဒါကြောင့် ကျွန်တော် သူ့ကို ဇွတ် တားလိုက်ရတယ် ။ တားမယ့်သာ တားလိုက်ရတယ် ။ သူနဲ့ အံဝင်ခွင်ကျဇာတ်ကိုလည်း မကနိုင်တော့ဘူး ။ ကြည်ကြည်ဌေး ပါပါတယ်ဆိုရရုံ သီချင်းကလေးတစ်ပုဒ် နှစ်ပုဒ် ထွက်ဆိုပြီး ပြန်လည်း ဝင်မသွားချင်ဘူး ။ သူ့ဝါသနာက မလုပ်ရလျှင် အရှင်း ။ လုပ်ရရင် က,နေရင်းက ဆေးထိုးယူရပါစေ ။ ကျွန်တော်က မေးတော့ “ သမီး ဘာလုပ်ရမှာလဲ ၊ အရှက်တော့ ကွဲတော့မှာပဲ ” တဲ့ ။ သူ စိတ်ညစ်ပြီးတော့ ငိုတယ် ။
“ ေဟ့ ရွှေကြည် ၊ နင့်အကြောင်း ငါမသိတာမှတ်လို့ ။ တစ်ယောက်တည်းထွက် - ကွက်စိတ်ဟောကွာ ” လို့ ကျွန်တော်က ပြောလိုက်ရတယ် ။
“ အို - တောက်တီး တောက်တဲ့ ၊ မင်းသမီးက ကွက်စိတ် ဟော ရမယ်လို့ ”
“ အေး - ငါက အတိုချုံးပြီးပြောတာ ၊ ဇာတ်သဘင်ရယ် ရုပ်ရှင်ရယ် ပြဇာတ်ရယ် အဲသည့်ပညာတွေကို သမအောင် ရောမွှေနိုင်တဲ့အရည်အချင်း ညည်းမှာရှိပြီးသား ၊ ဒီတော့ ကျွန်မငယ်ငယ်က ဇာတ်သဘင်ပညာ ဆည်းပူးခဲ့ရတာတွေက ဟောသလို ဟောသလိုပါ ။ ပြဇာတ်မှာတော့ ဟောသလို ဟောသလို သရုပ်ဆောင်ရပါတယ် ။ ရုပ်ရှင် ကျတော့စရိုက်တဲ့နေ့မှာ ဟောသလို ဟောသလို အမှားအယွင်းတွေကြောင့် လူရယ်စရာ ဖြစ်ခဲ့ ရပါတယ် ။ ကိုဇေယျကြီး အက်တင်က ဒီလိုပါ ။ အေဝမ်းကိုတင်မောင်ကျတော့ ေဟာသည့်အမူအရာနဲ့ ဟောသည့် မျက်နှာထားကြီးပါ - ဆိုတာတွေကို အလွမ်းအေသာစုံအောင် လုပ်ပြလိုက် ။ စကားတောက်လျှောက်ပြောလို့ မောလာရင် အသံတိက်အက်တင်လုပ်ပြီး လမ်းလျှောက်ပြ ။ ဒါလောက်ဆို နင်လုပ်နိုင်ပြီ ၊ မထွက်လို့တော့ မဖြစ်ဘူး ” လို့ ဇွတ်ခိုင်းရတယ် ။
မထွက်ရသေးခင် ချေးများ တွန့်ဆုတ်နေပေမယ့် ကားလည်းဖွင့်လိုက်ရော - ကရားရေသွန် ပြောဆို လုပ်ကိုင်သွားတော့တာပါပဲ ။ ဇာတ်သဘင်မှာ လွမ်းခန်းကို ဘယ်လိုပျိုးရသလဲဆိုတော့ ဇာတ်အိမ် ကလေးကို ကျင်းယက်ပြီး ၊ ကျင်းယက်တယ်ဆိုတာ ငိုချင်းဆိုရအောင် ပရိသတ်စွဲလာအောင် အဖြစ်သနစ်ဇာတ်ကြောင်းကလေး ခံလိုက်တာဖြစ်ပါတယ် ။ အဲသလိုပြောရင်း ပြောရင်း မဲ့ မဲ့ပြီး ပြောလာရာက အောက်က ဆိုင်းဝိုင်းကြီးရဲ့ အဆို့ အပိတ်ကို အားယူပြီး ဇာတ်ထဲက အသံ အတိုင်း ဟစ်ပြီး ငိုချင်း တစ်ပုဒ်ဆိုလိုက်တာဟာ ပရိသတ်မှာ မျက်ရည်လည်ရွဲ ဖြစ်ကုန်ပြီး
ငိုချင်းဆုံးကာနီး ဆိုင်းက ငိုချင်းဆိုင်းတီးရခါနီးမှ အဲသလို - ငိုရပါတယ်ရှင် ဆိုပြီးဖြတ်ချလိုက်တာဟာ ဝေါခနဲ ပွဲကျသွားပါတော့တယ် ။ အဲသည်ပွဲကို မှတ်မိသေးတဲ့ပုဂ္ဂိုလ် အများကြီးရှိပါလိမ့်ဦးမယ် ။ တစ်ယောက်တည်း တစ်နာရီနီးပါးကြာပါတယ် ။
ကြည်ကြည်ဌေးဟာ အနုအလှ လုပ်ရမယ့်နေရာမှာ ကနွဲ့ကရ လုပ်တတ်သလို ရုပ်ကြမ်းကိုလည်း ပိုင်ပိုင်နိုင်နိုင်လုပ်ဝံ့ပါတယ် ။ " စကားပြောသောအသည်းနှလုံး ” ဇာတ်ကားမှာ ပထမ တောသူ ရိုးအအ ။ နောက်တော့ ခေတ်ဆန်လွန်းအားကြီးပြီး လင်ငယ်နဲ့ လိုက်တယ် ။ လင်ငယ်ထောင်ကျသွားတော့ ကိုယ့်ရင်သွေးကို သတိရပြီး ငွေရအောင် ပြည့်တန်ဆာဆန်ဆန် မြူဆွယ်ရတယ် ။ ဘိန်းချလို့ထောင်ကျရတယ် ။ ဒါတွေဟာ ကျွန်တော့်ဇာတ်ကားအကြောင်း ပြောနေတာမဟုတ်ပါဘူး ။ ကြည်ကြည်ဌေးက ဘဝအမျိုးမျိုးကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပုံတွေကို ပြောပြချင်လို့ပါ ။ ထောင်ထဲမှာ ထောင်ကျ မိန်းမချင်းချင်း ရန်ဖြစ်တာ ပြောတာဆိုတာ ဝတ်တာစားတာ သွားကျိုးပါးကျိုးကြီးနဲ့ ပိုးစိုးပက်စက် မျက်နှာနေ မျက်နှာထား လုပ်ဝံ့တာ ၊ လုပ်နိုင်တာ ၊ လုပ်လိုတာဟာ သူ့ပညာတွေပါ ။
ဇာတ်မတိုက်ဘဲ ပြဇာတ်တစ်ခုကို တက်က,တာပြောရဦးမယ် ။
ရုပ်ရှင်ကောင်စီက မေဒေးနေ့ အတွက် ကကြရတဲ့ ပွဲပေါ့ ။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဒါရိုက်တာ ဗိုလ်ကလေးတင့်အောင်က ကျွန်တော်ရေးခဲ့တဲ့ " နှလုံးသွေးပျက်သော တေးတစ်ပုဒ် ” ဝတ္ထုကို အရေးပေါ် ပြဇာတ်တင်ဖို့ဖြစ်လာတယ် ။ က,ရမှာက ယနေ့ည ။ ထွက်ရမယ့်အချိန်က အစီအစဉ်အရ ရှစ်နာရီခွဲ ။
“ ကဲ - ရွှေကြည်ကို သွားခေါ် ။ ကိုချင်းစိန် နဲ့ အေဝမ်းကိုတင်မောင် ကို ငါပြောမယ် ” ဆိုပြီး ညနေ လေးနာရီလောက် မှာ ဇာတ်ကြောင်းကို ထိုင်ပြောကြတာပဲ ။
“ ဒီနေရာမှာ ဒီသဘော နင်ကပြော ။ ငါက နားခံ လုပ်ပေးမယ် ။ ဒီနေရာကျတော့ ငါက ဒီသဘောပြောမယ် ။ နင်က နားစောင့် လုပ်ပြီးငို ငိုလွမ်း ၊ ဒါပဲ ။ ကိုတင်မောင် နဲ့ ကိုချင်းစိန်ကို မောင်တင့်အောင်က ဇာတ်ဝင်စကား သဘောတွေပြောပြလိမ့်မယ် ” ဆိုပြီး အရေးပေါ် ဇာတ်တိုက် ကြတာပါပဲ ။ အဲသည့် ပြဇာတ်ဟာလည်း သူပို့ပေးလို့ အောင်မြင်ခဲ့ရတယ် ။
ပြောစရာတွေတော့ အများကြီးပေါ့ ။ နောက်ဆုံး ဇာတ်ပြဇာတ်နှင့် အရပ်ပြဇာတ် ရောမွှေထားတဲ့ " မုဒုလက္ခဏ ” ပြဇာတ်ကိုလည်း သူ့အတွက် ရေးပေးတာဟာ ရေးရကျိုးနပ်အောင် ပီပြင်ခဲ့တာ ကြည့်ရသူတိုင်း အမှတ်ရကြမှာပါပဲ ။
မန္တလေး ရာပြည့်ပွဲတုန်းက အရည်အချင်းမျိုး လုပ်ကြရအောင် ပုဂံဘုရား ရန်ပုံငွေအလှူပွဲမှာ ကျွန်တော်ကြိုးစားပါသေးတယ် ။ ဒါပေမဲ့ သူရဲ့ကျန်းမာရေး အခြေအနေကြောင့် သူ့နေရာမှာ “ ရွှေခြည်ငွေခြည်တန်းပါလို့ ” မှာ အကယ်ဒမီရခဲ့တဲ့ ဒေါ်မေနွဲ့ က ဝင်လုပ်ရပါတယ် ။
အချုပ်ကို ပြောရမယ်ဆိုရင် ကျွန်တော်တွေ့ခဲ့သမျှ သုံးခဲ့ရသမျှ အနုပညာသည်များမှာ " တစ်ဦးခေါင်း - တစ်ပညာ ” ဆိုသလိုအရည်အသွေး အဆိပ်အတောက် ကိုယ်ပိုင် ရှိကြတာများပါတယ် ။ ချီးမွမ်းစရာ ကလေးတွေ ။ အနုပညာနှင့် ချစ်စရာကလေးတွေ ရှိပါသေးတယ် ။ အကြောင်း ဆိုက်လာတဲ့အခါ ရေးစရာတွေအများကြီးပါ ။ ခုတော့ သူ့ အတ္ထုပ္ပတ္တိကို ရေးနေတဲ့ ဒေါ်မမလေးက သူ့စာအုပ်မှာ ကြည်ကြည်ဌေးနှင့် ပတ်သက်ခဲ့ဖူးတဲ့ ပညာရှင်တွေထံမှ ကိုယ့်ထင်မြင်ယူဆချက်ကို တောင်းခံလာလို့ ရေးလိုက်ရခြင်းပါ ။
သဘင်ဆိုတာ လူစုလူဝေးတက်ရောက်ကြတာ လူတွေအာရုံထားကြတာကို ဆိုပါတယ် ။ လူထုကို ဖြေဖျော်မှုသဘင်ထဲမှာ သံနေ သံထားနဲ့ ရွတ်ဖတ်ရတဲ့နန်းတွင်းဇာတ်စာ အလင်္ကာမှအစ ရုပ်သေးသဘင် ၊ မြေဝိုင်းသဘင် ၊ ကွက်စိပ်စာပြော ၊ ဇာတ် အငြိမ့်ပြဇာတ် ရုပ်ရှင် ၊ ဟောပြောပွဲ ၊ ရေဒီယို အသံလွှင့်တာကအစ အကျုံးဝင်ပါလိမ့်မယ် ။တစ်နည်းအားဖြင့် ဟာသအတတ်လို့လည်း ခေါ်ပါတယ် ။
အဲသည် ဟာသအရာမှာ ဝါသနာပါရုံနှင့် မလုံလောက်ပါဘူး ။ လူမွန်လူချွန် မဖြစ်နိုင်ပါဘူး ။ ကြိုးစားပါ့မယ် စာကျက်ပါ့မယ် ခိုင်းသမျှ လုပ်ပါ့မယ်ဆိုတိုင်းလည်း ထွန်းထွန်းပေါက်ပေါက် ဖြစ်မလာနိုင်ပါဘူး ။
ဟာသသဘင်အလုပ်က ကြိုးစားတိုင်းမရပါဘူး ။ ကြိုးစားလို့ ပိုပြီးအံချော်သွားတာ တွေ့ရတတ်ပါတယ် ။ သဘောက ဘဝကို ဟပ်မိပြီး သဘောပေါက်တဲ့စိတ်နဲ့ သူ့သဘာဝအတိုင်း လုပ်ကိုင်သွားဖို့ ဖြစ်ပါတယ် ။
ဆရာတစ်ဦးက ပြောဖူးတယ် ။ " တရားကိုအားထုတ်မယ် ” ဆိုတဲ့စကားဟာ သဘာဝမကျပါဘူး ။ ဖြစ်ချင်တာတွေ ဖြစ်နေတဲ့ တရားကိုသာ စောင့်ကြည့်စောင့်မှတ်ရမယ်လို့ ထင်ပါတယ်တဲ့ ။ အဲ မှတ်ဖို့ အခြေခံတွေတော့ လိုသပေါ့လေ ။
ဇာတ်သဘင် ၊ ရုပ်ရှင် ၊ ပြဇာတ်တို့မှာလည်း ထိုနည်းအတိုင်းပဲ ။ သတိကပ်ပြီး ကျရာဇာတ်သဘာဝကို ရေလိုက်ငါးလိုက် လုပ်သွားကြရမှာပါ ။ စာတွေကျက်ထားတိုင်းလည်း အနုပညာဖြစ်မလာပါဘူး ။ ဒါကို လူရွှင်တော် စာရေးဆရာကြီး ဦးချစ်ဖွယ် တို့ခေတ်က လေပြေထိုး တစ်ပုဒ် ရှိဖူးတယ် ။
" ဟာသပညာဆိုတာ ကြာလေခက်လေပဲ ။ စာတွေ ကျက် ကျက်ပြီး ပါးစပ်က ပြောပေမယ့် ၊ တတ်လှပကောရယ်လို့ မထင်ကြနဲ့ ။ သမားစဉ်ကတော့ တိုတိုနဲ့ ထိမှ လူကောင်း ။ ကောင်းဆိုတာ ပွဲပရိသတ်က - ဟေ့ - ရှည်တယ်လို့ အဆိုမခံဘူး ။ ဘာ အဆိုခံလိမ့်မတုံး ။ ဟိုယမံထုံးလို အနုတ်မှ မကြံဘဲ ။ အဟုတ်အမှန် နဂရံတကယ်သိတဲ့ ၊ နာမည်ရှိ ဇာတ်တော်သားတွေဟာ ၊ မပြတ်ကျော်ကြားစရာ အထက်အောက် စာရင်း တစ်ခါမရှုပ်ပါဘူး ။ ( ရွာ စား ) ကက်တလောက် သတင်းစာထုတ် ”
◾ သုခ
.
Wednesday, June 17, 2020
သူဌေးသားများ ရည်းစားထားတော့
❝ သူဌေးသားများ ရည်းစားထားတော့ ❞
မိန်းကလေးများ သူဌေးသားဆို အလွန် ကြိုက်ချင်ကြတာ ။
ဟုတ်တယ်နော် ။ ကိုယ့်နားဆိုင်ကယ်လေးနဲ့ လာဝိုက် ၊ ကားလေးနဲ့ လာဝိုက် လို့ကတော့ သူက ချစ်ရေးမဆိုခင် ကိုယ်က အဖြေပေးဖို့ ပြင်နေပြီ ။ ဒါ အများဆုံးဖြစ်တတ်တဲ့ သဘော ။
စဉ်းစားနော် ၊ သေသေချာချာ စဉ်းစား ။
သူဌေးသားကို ရည်းစားထားမယ်ဆိုရင် ကိုယ့်ကိုယ်ကို ပထမ မေးကြည့်ပါ ။
ငါကရော သူဌေးသမီးလားလို့ ။
အဲ ကိုယ်က မပြည့်မစုံချို့ချို့တဲ့တဲ့ နဲ့ သူဌေးသားကို ရည်းစားထားမယ်ဆိုလို့ကတော့
( ၁ ) ရည်းစားပစ်ဘဝရောက်
ဖို့ သုံးဆယ် ရာနှုန်း
( ၂ ) တစ်ခုလပ်ဘဝရောက်ဖို့
က သုံးဆယ်ရာနှုန်း
( ၃ ) သူဌေးချွေးမ အမည်ခံ
အိမ်ဖော်ဘဝ ရောက်ဖို့
က သုံးဆယ်ရာနှုန်း
( ၄ ) ယုယကြင်နာစွာ
ပေါင်းသင်းခံရတဲ့မယား
ဘဝရောက်ဖို့က ဆယ်
ရာနှုန်း ပဲ
ဖို့ သုံးဆယ် ရာနှုန်း
( ၂ ) တစ်ခုလပ်ဘဝရောက်ဖို့
က သုံးဆယ်ရာနှုန်း
( ၃ ) သူဌေးချွေးမ အမည်ခံ
အိမ်ဖော်ဘဝ ရောက်ဖို့
က သုံးဆယ်ရာနှုန်း
( ၄ ) ယုယကြင်နာစွာ
ပေါင်းသင်းခံရတဲ့မယား
ဘဝရောက်ဖို့က ဆယ်
ရာနှုန်း ပဲ
ရှိတယ်ဆိုတာ ပထမ သိထားဖို့လိုတယ်ကွဲ့ ။
နောက်ပြီး သူဌေးသားဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်လည်း မေ့မထားသင့်ဘူး ။
ရှင်းရှင်းလေးပဲ ။
သူဌေးသားဆိုတာ သူဌေးမှမဟုတ်ဘဲ ။
သူဌေးရဲ့သားပဲ ။ သူ့မိဘက ကိုယ့်နဲ့ယူတာ သဘောမတူလို့ ခါထုတ်ရင် မိနစ်ပိုင်းအတွင်း လမ်းပေါ်ရောက်သွားမယ် ။ နာရီပိုင်းလောက်ဆို မြောင်းထဲထိ ရောက်သွားမယ် ။ သူစံစားနေတဲ့ စည်းစိမ်တွေဆိုတာ
သူပိုင်တွေမှ မဟုတ်ဘဲ ။ သူ့မိဘ ပစ္စည်းတွေပဲ ။
သူပိုင်တွေမှ မဟုတ်ဘဲ ။ သူ့မိဘ ပစ္စည်းတွေပဲ ။
သူ့ဘဝ သူ့ဟာသူ ထူထောင် ၊ ကိုယ်ပိုင် စီးပွား ၊ ကိုယ်ပိုင်ဥစ္စာနဲ့ အခြေကျနေတဲ့သူဌေးပေါက်စကို ရည်းစားထားရင်တော့ တော်သေးတာပေါ့ ။
သူဌေးသားဆိုတာမိန်းကလေး အတော်များများရဲ့ အကြိုက်ခံရသူတွေဆိုတော့ သူတို့ဟာ အချိန်မရွေး တစ်ယောက်ကို ရိုးသွားတာနဲ့ နောက်တစ်ယောက်ဆီကိုကူးသွားဖို့ အဆင်သင့်ဖြစ်နေတယ် ။
ဒါကြောင့် ရည်းစားပစ်ဘဝ ရောက်ဖို့ သုံးဆယ်ရာနှုန်းလို့ လေးလေးက ပြောတာပါ ။ သူတို့ဟာ အခွင့်အရေး ပိုပေးတဲ့နား ကပ်မှာသေချာတယ် ။ ကိုယ့် ပစ်မသွားအောင်ဆို အလိုလိုက် မိပြန်တော့လည်းကိုယ်ကျိုးနည်းတတ်တယ် ။
ကိုယ်က အလိုလိုက်လို့ သူကလည်း မရှောင်ပြေးသာလို့ ယူလိုက်ရပြီဆိုရင်လည်း သူ့မိဘက စွန့်ပစ်တာတို့ ၊ နောက် မှ ပေးစားပါ့မယ်ဆို ပြန်ခွဲတာတို့ ၊ စကတည်းက လျော်ကြေးပေးပြီး ဇာတ်သိမ်းခိုင်းတာတို့ မလွှဲမရှောင်သာ ရင်ဆိုင်ရလိမ့်မယ် ။

အဲဒါဆို တစ်ခုလပ်ဘဝရောက်ရပြီပေါ့ ။
အခြေအနေ ဝန်းကျင်အနေအထား အကြောင်းအမျိုးမျိုးကြောင့် အဲသလိုပါပဲ ခွဲလို့မရတဲ့အတွက် လက်ခံရပြီဆိုရင်လည်း မကြည်မဖြူနဲ့ လက်ခံရတာမို့ သူ့အိမ်မှာ အိုးခွက်ဆေး ၊ ကြမ်းတိုက် ၊ တစ်အိမ်လုံး
အဝတ်လျှော်၊ မီးပူတိုက် ၊ မနက်အိပ်ရာထ ညအိပ်ရာဝင်ထိ မနားတမ်း
ခိုင်းတော့မှာပဲ ။ စိတ်ချ ။ သူဌေး ချွေးမ အမည်ခံ အိမ်ဖော်ဘဝ ရောက်ပြီသာ မှတ်ပေရော့ ။
အဝတ်လျှော်၊ မီးပူတိုက် ၊ မနက်အိပ်ရာထ ညအိပ်ရာဝင်ထိ မနားတမ်း
ခိုင်းတော့မှာပဲ ။ စိတ်ချ ။ သူဌေး ချွေးမ အမည်ခံ အိမ်ဖော်ဘဝ ရောက်ပြီသာ မှတ်ပေရော့ ။
အလွန့် အလွန် ကုသိုလ်ကံကောင်းပါမှ စာနာထောက်ထားတတ်တဲ့ သူဌေးနဲ့ တွေ့ပါမှ သူဌေးသားကို ယူပြီး ကြင်နာယုယခြင်းခံရတဲ့ ဇနီးမယားအဖြစ် နေနိုင်ဖို့က ဆယ်ရာနှုန်းလောက်ပဲ မျှော်လျက်ရှိပါတယ် ။
အသိဉာဏ်နည်းတဲ့ ပညာမတတ်တဲ့ သူဌေးသားကို ယူလိုက် မိလို့ကတော့ ငါးပါးမဟုတ်ဘူး ။ အပါးတစ်ရာလောက် မှောက်ပြီလို့ သဘောထားလိုက်ပေတော့ ။
ဆင်းရဲသည် ဖြစ်စေ ၊ ချမ်းသာသည် ဖြစ်စေ အသိဉာဏ်နည်းတဲ့ယောက်ျားဟာ သူစိတ်ချမ်းသာမှု တစ်ခုတည်းကိုသာ ဦးစားပေးကြည့်တတ်တယ် ။ အသိဉာဏ်နည်းတဲ့ ယောက်ျားလောက က ထွတ်လာတဲ့ စကားတွေ ကြားဖူးမှာပေါ့။
" နွားနဲ့ မယား သနားနဲ့ ” ဆိုတဲ့စကားတို့
" အရိုးကွဲအောင် ရိုက် မှ အသည်းစွဲအောင် ချစ်တာ ” ဆိုတဲ့ စကားတို့ ။
မိန်းကလေးတစ်ယောက်အနေနဲ့ " သူဌေးသား ” ဆိုတဲ့ဂုဏ်ပုဒ်ဟာ မ က် လောက်စရာမဟုတ်ဘူးဆိုတာအလေးအနက် သိထားဖို့လိုပါတယ် ။
သူဌေးသားဆိုတာ သူကိုယ်တိုင်သူဌေးမဟုတ်ဘူးဆိုတာမမေ့ပါနဲ့ ။
သူဌေးသားများရည်းစားထားမယ်ဆိုရင်
ခု လေးလေး ပြောပြသလောက်ကလေးနဲ့ပဲ ထားသင့်မထားသင့် သူ့မိဘရဲ့အသိဉာဏ်၊ လူမှုရေးတွေပါ လေ့လာသင့်တယ် ဆိုတာ ငါ့တူမများ မှတ်ထားကြပေရော့ ။
ခု လေးလေး ပြောပြသလောက်ကလေးနဲ့ပဲ ထားသင့်မထားသင့် သူ့မိဘရဲ့အသိဉာဏ်၊ လူမှုရေးတွေပါ လေ့လာသင့်တယ် ဆိုတာ ငါ့တူမများ မှတ်ထားကြပေရော့ ။
◾ ကံချွန်
အပျိုစင်တို့သိဖို့ယောင်္က်ျားတို့အကြောင်း( ၁ )
.
Thursday, June 11, 2020
မေ့ပစ်လိုက်ပါဗျာ
❝ မေ့ပစ်လိုက်ပါဗျာ ❞
မျက်စိနှစ်လုံးဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်အသစ်က ကြိုဆိုနှုတ်ခွန်းဆက်နေသည်။
အုတ်နံရံတွေ ၊ သံတိုင်တွေ ကြွေအင်တုံတွေ...။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်ပါလားဟူသော အတွေးက ကပ်ပါလာသည် ။ အခုလောက်ဆို အိမ်ကလူတွေ
တော့ သိကုန်လောက်ပြီ။ မိမိနှင့်သက်ဆိုင်ရာပတ်ဝန်းကျင်လည်း အတော်ဂယက်ရိုက်လောက်ပြီ ၊ မိမိတို့အား ဖမ်းဆီးစဉ် မနက်က အရိုင်းနှင့် ရွှေရောင်သည် အတူတကွ ရှိနေကြ၏ ။ အဖမ်းခံရကာနီးမှ သူတို့နှစ်ဦး အား ကွမ်းယာအဝယ်ခိုင်းလိုက် မိသဖြင့် လွတ်သွားကြခြင်းပင် ။ သည်သတ္တဝါ နှစ်ကောင်လည်း
ခုလောက်ဆို ထွက်ပဲပြေးပလား ၊ တောပဲခိုလေပလား ။ သင်းတို့နှစ်ယောက်က
စိုးရိမ်စရာကောင်း၏ ။ အရိုင်းက တစ်ဦးတည်း ဘာအလုပ်မှ လုပ်တတ်သူမဟုတ် ။ ဘာကိုမှ တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်တတ်သူမဟုတ် ။ အနားမှာ ထိန်းပေးသူမရှိလျှင် သွေးဆောင်ရာနောက် ကောက်ကောက် ပါတတ်သူဖြစ်၏ ။ ရွှေရောင်ကတော့ ကိုသာဆိုး ။ အလုပ်တော့ လုပ်သည် ။ ဖင်ပေါ့သည် ။ သို့တစေ ခေါင်းအေးအေးနှင့် ရင်မဆိုင်တတ် ။
ဝူးဝူးဝါးဝါးနှင့် ထင်ရာလျှောက်လုပ်တတ်သည် ။ အာဏာသိမ်းပြီး ပြီးချင်း မန္တလေးကိုတက်၍ လက်နက် အဆက်အသွယ် သွားရှာသည် ။ ပြီးတော့ တွံတေးမှာ စစ်သင်တန်းပေးဖို့ အစီအစဉ်အတွက် သူပဲ လူလိုက်စုနေရ၏ ။ သူနှင့်အတူ ပူးတွဲလုပ်ရန် ကိုဇော်ဝိတ်ကို
တွဲပေးထားရသည် ။ ကိုဇော်ဝိတ်က ခေါင်းအေးသည် ။ စေ့စေ့စပ်စပ်ရှိ၏ ။ ခု
သူတို့လက်ထဲမှာ လက်ပစ်ဗုံး လေးလုံးရှိနေသည် ။ ဒါသည်ပင် စိုးရိမ်မကင်း ဖြစ်စရာ။
“ ဟေ့...ကိုရင် နိုးပလား ..ရေချိုးလိုက်ပါလား ”
ဦးအောင်မြင့်မြတ်က အခန်းထောင့်မှာဆောင့်ကြောင့်လေး ထိုင်နေရာမှ လှမ်းပြောသည် ။ သူ့ကြည့်တော့ သန့်နေသည် ။ ရေချိုးပြီးစ မျက်နှာနှင့်ဖြစ်၏ ။ နှစ်ရက်လုံးလုံး ရေနှင့်မထိတွေ့ခဲ့ရဖြင့် တစ်ကိုယ်လုံး စေးထန်းထန်းဖြစ်နေသည် ။
“ ချိုးချင်တာပေါ့ ဦးရဲ့ … ဘယ်သွားချိုးရမလဲ ”
“ ကိုတင်အောင် ပြန်လာရင် သွားလိုက်ပေါ့ ”
ပြောပြောဆိုဆို မနေ့က ရေအလှူရှင် ကိုပြုံးချိုနှင့် ကိုတင်အောင်ဆိုသူတို့
ပြန်ရောက်လာကြလေသည် ။ ကျွန်တော်လည်း ရေချိုးလိုကြောင်း ပြောပြီး ကိုပြုံးချို နောက် လိုက်ခဲ့ရတော့၏ ။ ကျွန်တော်တို့ အချုပ်ခန်းနှင့် ခြေလှမ်းနှစ်ဆယ် ခန့်အကွာတွင် အုတ်ရေကန်ကြီး တစ်ခုကို ဘွားခနဲတွေ့လိုက်ရသည် ။ ကိုပြုံးချို ကမ်းပေးလာသော ရေလဲပုဆိုးကို ဝတ်ကာ တဂွမ်းဂွမ်းနေအောင်ပင် လေးငါးခြောက်ခွက်ခန့် ခေါင်းမှ လောင်းချ ပစ်လိုက်တော့၏ ။ အနည်းငယ် အေးချမ်းသွားသလို ရှိတော့မှ ဆပ်ပြာတိုက်ရင်းပတ်ဝန်းကျင် လေ့လာရေး လုပ်ရလေသည် ။
ကျွန်တော်တို့ အချုပ်ခန်းမှာ တောင်နှင့်မြောက်တန်းနေသော အချုပ်ခန်းဖြစ်၏ ။
သည်အုတ်ရေကန်မှာ အချုပ်ခန်းနှင့် ဗဟိုကင်းတဲအကြားတွင် ရှိနေသည် ။ကျွန်တော်တို့ သည်ကို ရောက်သည့်နေ့က သည်ကင်းတဲရှေ့မှာ ကားရပ်ပြီး သည်ကင်းတဲကို ဖြတ်ကာ အချုပ်ခန်းသို့ ခေါ်သွားတာပင်ဖြစ်ရပေမည် ။ မည်သည့်သံဆူးကြိုး ၊ မည်သည့်ရေအိုင် ၊ မည်သည့် သစ်သားတန်း ဘာမှမရှိဘဲ ခေါင်းငုံ့ခိုင်း ကျော်ခိုင်း လုပ်လာသည့်နေရာပင်ဖြစ်မည် ။ သူတို့လှည့်ကွက်ကို ရိပ်မိသွားသော ကျွန်တော့်အား အတင်းဆွဲကာ ဝင်ထိုင်ခိုင်းသည့် သစ်ပင်မှာ သည်ကုက္ကိုပင်ကြီးပင် ဖြစ်ပေလိမ့်မည် ။
အချုပ်ခန်း၏ တောင်ဘက်စူးစူး ကုန်းမြင့်ထက် မှာ Lပုံသဏ္ဌာန် အဆောက်အဦ
တစ်ခုရှိသည် ။ ကျွန်တော်တို့ အား စစ်ဆေးမေးမြန်းသည့် ရုံးခန်းများပင်ဖြစ်ပေမည် ။ အချုပ်ခန်း၏ မြောက်ဘက် မှာတော့ ရေအိုင်ကြီးတစ်ခု နောက် ဟိုမှာဘက် မှာက တန်းလျားတွေ ။ ဒါသည်ပင်လျှင် ကျွန်တော် မြင်ခွင့်ရသည့် နယ်နိမိတ် အကုန်ဖြစ်တော့၏ ။
ကိုယ့်အခန်းထဲ ကိုယ်ပြန်ရောက်တော့ ပြင်ပပတ်ဝန်းကျင် လေ့လာရေး၏ အဆက် အတွင်း ပတ်ဝန်းကျင် လေ့လာရေးကို ပြုလုပ်ရပြန်သည် ။ တောင်မြောက်တန်းနေသော
အချုပ်ခန်းတန်းလျားကို အရှေ့ခြမ်း ၊ အနောက်ခြမ်း နှစ်ခြမ်း ခွဲထားသည် ။ အရှေ့ခြမ်းမှာ အခန်း ( ၁ ) ( ၂ ) ( ၃ ) သုံးခန်း ၊ အနောက်ခြမ်းမှာ အခန်း ( ၄ ) ( ၅ ) ( ၆ ) သုံးခန်း ။ ပေါင်း ခြောက်ခန်းဖြစ်၏ ။ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို သုံးပေကျယ်သောလမ်းဖြင့် ပိုင်းခြားထားသည် ။
သည့်နောက် မှာတော့ အခန်းတစ်ခန်းချင်းစီရှိ လူများကို လှမ်း၍ စပ်စုရလေသည်။ ကျွန်တော်တို့ကို ဖမ်းသည့်နေ့ ညသန်းခေါင်လောက် မှာလည်း လူသစ်များက ထပ်မံရောက်လာသေးသည် မဟုတ်လား ။ ကိုယ့်အသံ လူကြားမည်လည်း စိုးသဖြင့် လူရိပ်လူခြေ အကဲခတ်ပြီးမှ အသံခပ်အုပ်အုပ်ဖြင့် “ မိုးကြီး ” ဟု လှမ်းခေါ်ကြည့်လိုက်သည်။ “ ဗျို့ ” ဟု ပြန်ထူးသံ ကြားတော့ တစ်ခါ ဖြင့် နေရာကျပြီဟု အောက် မေ့ကာ တစ်ခန်းပြီးတစ်ခန်း
လျှောက်ခေါ်ရင်း ကိုယ်တိုင်ပြော အတ္ထုပ္ပတ္တိများကို ကြားနာရလတော့သည် ။
တစ်ခန်းနှင့်တစ်ခန်း ဤသို့အပြန်အလှန် ပြောနေကြစဉ်မှာပင် ကျွန်တော် ပထမနေခဲ့သော ခြစားနေသည့် အခန်းအတွင်းသို့ အသက်ခြောက်ဆယ်ခန့်ရှိ ဦးကြီးတစ်ယောက်အား ခေါ်လာသည်ကို တွေ့ရလေသည် ။ ထို့ကြောင့် ကျွန်တော်တို့၏ စကားဝိုင်းကို ခေတ္တရပ်နားလိုက်ရပြီး လိုက်လံပို့ဆောင်သူများ ပြန်လည်ထွက်ခွာသွားသည့် အခါကျမှပင် ကျွန်တော်၏ သမိုင်းပေးတာဝန်အရ ထိုဦးကြီးကိုပါ လှမ်း၍ စပ်စုလိုက်ရတော့သည် ။ ဤသို့ဖြင့် အခန်းတိုင်းမှ လူပုဂ္ဂိုလ်အသီးသီး၏ နောက်ခံ သမိုင်းများကို သိခွင့်ရလာတော့၏ ။
အခန်းအမှတ် ( ၁ ) မှာက စပယ်ဦးပုံနှိပ်တိုက်ပိုင်ရှင် ဦးတင်စိုး နှင့် မှော်ဘီမြို့နယ်မှ ကိုဗိုလ်မြတို့ဖြစ်သည် ။
ဦးတင်စိုးကတော့ အားပေးကူညီမှုဖြင့် ကျွန်တော်တို့နှင့်အတူ အဖမ်းခံရသူပင် ။ ကိုဗိုလ်မြကတော့ ယခင် ခ.လ.ရ ၁၆ မှ
တပ်သားဟောင်း တစ်ဦးဖြစ်၏ ။ အရေးအခင်းကာလက မှော်ဘီမြို့ ရဲဘော်ဟောင်းများအဖွဲ့၏ စည်းရုံးရေးမှူးလည်း ဖြစ်သည် ။ ၂ /၁၀ /၈၈ ည ၆ နာရီခန့်က အဖမ်းခံခဲ့ရသူဖြစ်၏ ။
အခန်းအမှတ် ၂ မှာက ကိုဌေး ၊ ကိုအမိန် နှင့် ဗိုလ်ကြီးအောင်ဝင်းတို့ဖြစ်သည် ။
ယင်းအခန်းသည် ကျွန်တော် ထိုးကြိတ်အရိုက်အနှက်ခံခဲ့ရသည့် အခန်းဖြစ်၏ ။
ကိုဌေးကတော့ ကျွန်တော်နှင့် အတူတူ ၂/က ကို ချိုးဖောက်သဖြင့် အဖမ်းခံခဲ့ရသူပင် ။ ကိုအမိန် အဖြစ်ကတော့ ရယ်စရာကောင်းလှ၏ ။ တိုင်ကီဖူးစာဟုပင် ဆိုရချိမ့်မည် ။ အဘယ်ကြောင့် ဆိုသော် သည်တိုင်ကီကြောင့် သူအဖမ်းခံခဲ့ရသည်မှာ နှစ်ကြိမ် တိုင်တိုင်ရှိခဲ့လေပြီ ။ ပထမအကြိမ်က မြို့တော်သန့်ရှင်းရေး အစီအစဉ်ဖြင့် လမ်းကြားထဲတွင်
အမှိုက်ပစ်သော တိုင်ကီထားမှုကြောင့် ထောင်ဒဏ် တစ်လကျခံခဲ့ရသည် ။ ယခုတစ်ခါ သူ၏ တိုင်ကီထဲတွင် အဘယ်သူတစ်ဦးက လက်ဆော့ပြီး သမဂ္ဂစာစောင်များလာထည့် သွားသည်မသိ ။ သူအဖမ်းခံလာရ ပြန်လေပြီ ။ ထို့ကြောင့်ပင် ကိုအမိန်က သည် တစ်ခါပြန်လွတ်ရင်တော့ သည်တိုင်ကီပိုင်းကို မီးရှို့ပစ်မည်ဟု ကြိမ်းဝါးနေ လေသည် ။ ကျွန်တော်ကလည်း အားပေးလိုက်ရ၏ ။ မီးရှို့မှုဖြင့် နောက်တစ်ခါ ထပ်ဖမ်းခံရ
လိမ့်မည်ဟူ၍ပင် ။
ဗိုလ်ကြီးအောင်ဝင်းကတော့ ပျားမွေးမြူရေးမှ ပဲခူးတိုင်း တိုင်းမှူးဖြစ်သည်။ အရေးအခင်းကာလက မှော်ဘီမြို့နယ် လုံခြုံရေးအဖွဲ့ ၏ အဖွဲ့ဝင်တစ်ဦးဖြစ်၏ ။ သူ့ကိုလည်း ၂ /၁၀ / ၈၈ ည ၈ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်လာခြင်းပင် ဖြစ်သည် ။
အခန်းအမှတ် ၃ မှာကတော့ ကျွန်တော်ရယ် ၊ ဦးအောင်မြင့်မြတ်ရယ် ၊
လွိုင်ကော်မှ ကိုတင်အောင်ရယ် ဖြစ်သည် ။ ကျွန်တော်နှင့် ဦးအောင်မြင့်မြတ်ကတော့ အထွေအထူး ပြောစရာလိုမည်မထင်ပါ ။ ကိုတင်အောင်အဖြစ်ကတော့ ရင်နာစရာပင် ။
ဧကန်စင်စစ် သည်ပုဂ္ဂိုလ်သည် အရေးအခင်းကာလက ဘာမှ လုပ်ခဲ့သူမဟုတ် ။
ဒီမိုကရေစီဆိုတာလည်း စိတ်မဝင်စား ။ သူစိတ်ဝင်စားသည်က မော်တော်ကားပင် ဖြစ်သည် ။ လွိုင်ကော် ရန်ကုန်ပြေးဆွဲနေသော သူ့ကားမှတစ်ပါး ဘာမှ အာရုံထား သူမဟုတ် ။ သို့သော် ကားဆရာတို့ ထုံးစံအတိုင်း လူကြုံပါးလိုက်သော စာကို ယူမိရာမှ အဖမ်းခံခဲ့ရခြင်းပင် ။ ယင်းစာက ရန်ကုန် ကျောင်းသားသမဂ္ဂမှ လွိုင်ကော် ကျောင်းသားသမဂ္ဂသို့ အကြောင်းကြားစာဖြစ်၏ ။ “ လက်နက်ကိုင် ထောက်လှမ်းရေးလုပ်ရန် ” ညွှန်ကြားစာဖြစ်သည် ။ သည်စာ သူ့လက်ထဲမှာမိတော့ သူ့ခမျာ မသင်္ကာမှုနှင့် ဖမ်းခံခဲ့ရ ခြင်းပင် ။
အခန်းအမှတ် ၄ မှာကတော့ ဦးကြီး ဦးမြတ်ကျော်ထွန်းပင်ဖြစ်သည် ။ ကျွန်တော် မူလနေခဲ့သော ခြစားသည့် အခန်းမှ ဦးကြီး၏ အဖြစ်ကလည်း ရယ်စရာ ။ ၃ / ၁၀ / ၈၈ ည ၈ နာရီခန့်က ဦးကြီးနေထိုင်ရာ ၃၃ လမ်း တစ်လမ်းလုံး ကို မီးဖြတ်ချပြီးနောက် ဦးကြီး၏သားကို ဝင်၍ဖမ်းလေသည် ။ ဦးကြီး၏သားမှာလည်း အရေးအခင်းကာလက ရဲရဲတောက်ပါဝင်ခဲ့သူတစ်ဦး ဖြစ်၏ ။ သို့သော် ထိုသို့ ဝင်မဖမ်းခင်မှာပင် ဦးကြီး၏ သားမှာ ရှောင်သွားပြီးဖြစ်လေရာ ငါးမရ ရေချိုးပြန်သဘောဖြင့် သားမရ အဖေကို ဖမ်းခဲ့ခြင်းပင်တည်း ။
အခန်းအမှတ် ၅ ကတော့ လူမရှိ ။ နောက် မှသိရသည်မှာ သည်အခန်းမှာ
ယခင်က အချုပ်သားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတစ်ခုဖြစ်ခဲ့ဖူးသည် ။ ထို့ကြောင့် ယခု လူမထားတော့ချေ ။ အခန်း ၆ မှာကတော့ မိုးကြီး ၊ ကိုညီဝင်းစိန် နှင့် မှော်ဘီမှ ဦးစိုး တို့ဖြစ်လေသည် ။ မိုးကြီးနှင့် ကိုညီဝင်းစိန် တို့ကတော့ ကျွန်တော်နှင့် အမှုတွဲ တစ်တွဲတည်းပင် ။ ဦးစိုးကတော့ မှော်ဘီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဖြစ်သည် ။
အရေးအခင်းကာလက မှော်ဘီမြို့နယ် လုံခြုံရေးအဖွဲ့ ၏ ဥက္ကဋ္ဌဖြစ်သည် ။ သူ့ကို
၂ / ၁၀ / ၈၈ ည ၈ နာရီခန့်မှာ ဖမ်းဆီးလာခဲ့ခြင်းဖြစ်လေသည်။
xxxxxxxxxxxxxxxxxx
“ ချေးကျရာ ပျော်တဲ့အကောင်တွေ ”
ဦးတင်စိုး၏ မှတ်ချက်ဖြစ်သည် ။ သီချင်းကလေးဆိုလိုက် ၊ စကားလေးပြောလိုက် ၊ ကျားကစားလိုက် လုပ်နေသော ကျွန်တော်နှင့် ကိုဌေးကို အနွတ္တသညာပြုလိုက်ခြင်းပင် ။ ကျွန်တော်တို့နှစ်ဦးမှာ ယမန်နေ့ည ၄ / ၁၀ / ၈၈ ကစ၍ အခန်း ၄ သို့ ပြောင်းရွှေ့လာရပြီး ဦးကြီး ဦးမြတ်ကျော်ထွန်းနှင့် အတူနေနေရလေသည် ။ ဦးတင်စိုးက အခန်း ၂ သို့လည်းကောင်း ၊ ကိုဗိုလ်မြ က အခန်း ၃ သို့လည်းကောင်း ပြောင်းလာကြလေပြီ ။ အခန်း ( ၁ ) ကို အလွတ်ထားထား၏ ။ အဘယ်ကြောင့်ဆိုသော် မနေ့ညက ရုပ်ရှင် သရုပ်ဆောင် ကိုအံ့ကျော်ကို ဖမ်းဆီးလာပြီဖြစ်သောကြောင့်ပင် ။
ှ
ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရမည်ဟူသော စကားနှင့်အညီ
ကျွန်တော်တို့နှစ်ဦးမှာ တပ်မှရဲဘော်များနှင့် အတော်လေပေးဖြောင့်နေပြီဖြစ်သည် ။ သူတို့ယူလာသော မုန့်တွေစားလိုက် ၊ လက်ဖက်ရည်သောက်လိုက် ၊ ဆေးလိပ် ဖွာလိုက်ဖြင့် ရုပ်ရှင်အတွေအကြုံတွေ ၊ ဇာတ်ခုံ အတွေ့အကြုံတွေ ၊ ဖောက်သည်ချရင်း အဖွဲ့ ကျနေတော့သည် ။ သူတို့ကလည်း ဒီကိုရောက်ခါစက ဖြစ်ပျက်ခဲ့သည့် ထိုးကြိတ်
ရိုက်နှက် မှုများနှင့်ပတ်သက်၍ ဒေါသအလျောက် လုပ်ကိုင်မိခဲ့ခြင်း ဖြစ်ကြောင်း ယခုလို ခင်မင်သွားပြန်တော့လည်း အားနာမိကြောင်း ပြောပြီး သူတို့ အားလုံး၏ လက်သုံးစကားဖြစ်သည့် “ မေ့ပစ်လိုက်ပါဗျာ ” ဟူ၍သာ ထပ်တလဲလဲ ပြောနေကြတော့သည် ။ အင်းပေါ့လေ……. ကိုယ်က ခံထားရတဲ့သူဆိုတော့ မေ့ရပေမပေါ့ ။
သည်ကနေ့ ၅ / ၁၀ / ၈၈ ကတော့ အမှန်ကို ထူးခြားသည့်နေ့ပင်ဖြစ်ပေတော့သည်။ နောင် ကျွန်တော်တို့၏ အကျဉ်းသားဘဝတစ်လျှောက် “ ဝက်နိမိတ် ” ဟု အမည်တွင်တော့မည့်
အစနိဒါန်းပင် ဖြစ်လေတော့၏ ။
နံနက်စာစားအပြီးတွင် တာဝန်ကျတပ်ကြပ်က ဝက်သားစားသူ ၊ မစားသူ
စာရင်းလာကောက်လေသည် ။ ညနေကျလျှင် ဝက်သားဟင်းနှင့် ကျွေးမည်ဆို၏ ။ သို့ဖြင့် ကျွန်တော်တို့ လူစုမှာ ပထမဆုံးစားရမည့်အသားဟင်းကို မျှော်လင့်စောင့် စားနေကြတော့သည် ။ သို့သော် ကိုရွှေဝက်သား မလာမီမှာ ညနေ ၄ နာရီခန့်တွင် လက်ထိပ်နှင့် ခေါင်း စွပ်သာ ရောက်လာတော့၏ ။ ကျွန်တော်နှင့် ကိုဌေးက တစ်တွဲ ၊ မိုးကြီးနှင့် ဦးတင်စိုးက တစ်တွဲ ၊ အီးနှစ်ထောင်ကားကြီးပေါ်သို့ တက်ကာ မရမ်းကုန်းရဲစခန်းသို့ လိုက်ပါ လာရလေတော့သည် ။
ရဲစခန်းအတွင်းဘက် အခန်းကျဉ်းတစ်ခုတွင်းသို့ ရောက် မှ ခေါင်းစွပ်ကို ချွတ်
ပေးလိုက်လေရာ ကျွန်တော်တို့ရှေ့ စားပွဲနောက် မှာဖြင့် တရားသူကြီးတစ်ဦး ၊ အမှု
လိုက် ရဲအုပ်တစ်ဦးတို့ကို တွေ့လိုက်ရတော့၏ ။ ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင် ပထမဆုံး အကျိုးထူးခံစားရသူမှာ တရားရေး ဝန်ထမ်းများပင်ဖြစ်သည် ။ တချီတည်း ခုန်ကျော် ရာထူးတိုးကာ တရားသူကြီးများဖြစ်သွားကြလေသည် ။ ထို့ကြောင့်ပင်ထင်၏ ။ မျက်နှာမှာ တရားသူကြီးပါးမဝသေး ။ ဇွတ်အတင်း ခပ်တည်တည် လုပ်နေပုံပေါ်နေသည် ။
“ ခင်ဗျားက ကိုမိုးဝင်း ၊ ခင်ဗျားက ဦးတင်စိုး ၊ ကိုဇင်ဝိုင်း ၊ ကိုဇာဂနာ
ဟုတ်တယ်နော် ” ခေါင်းညိတ်ပြလိုက်၏ ။
“ ခင်ဗျားတို့ကို ကျောက်တံတားရဲစခန်းကနေ အရေးပေါ်စီမံမှု ၅ ( ည ) နဲ့ ၊ စွဲတင်တဲ့ အမှုပဲ ၊ အဲဒါအကျဉ်းနည်းနဲ့ စစ်ဆေးဖို့ ၅ / ၁၀ / ၈၈ ကနေ ၁၈ /၁၀ /၈၈ အထိ ၁၄ ရက်ခွင့်ပြုတယ် ၊ ဘာမရှင်းတာရှိလဲ ”
ဪ... ဒီထက်ရှင်းတာတောင် ဒီလောက် မရှင်းနိုင် ။ မေးစရာမရှိပါဟုသာ
ဖြေရပေလိမ့်မည် ။ အကယ်၍သာ...
“ ကျွန်တော်တို့ကို ၅( ည ) ဆိုပြီး ဘာလို့ ၁၄ ရက်တောင် ဖမ်းရတာလဲ ”
ဟူ၍သာ မေးလိုက်ခဲ့လျှင်ဖြင့် ထိုပူပူနွေးနွေး တရားသူကြီး၏ မျက်နှာသည် ဘယ်သို့ဘယ်ပုံ ရှိသွားလေမည်နည်းဟု တွေးမိနေသည် ။
ထိုနေ့က ထောက်လှမ်းရေး ၆ သို့ ပြန်ရောက်သည့်အခါမှာတော့ ဦးကြီး ဦးမြတ်ကျော်ထွန်းရယ် ၊ ကိုညီဝင်းစိန်ရယ် ၊ ကိုအမိန်ရယ် ၊ ဦးအောင်မြင့်မြတ်တို့ ၄ ဦး လွတ်မြောက် သွားကြလေတော့သည် ။
xxxxxxxxxxxxx
ဦးအောင်မြင့်မြတ်တို့ လွတ်သွားပြီးမှ ကျွန်တော်တို့ အချုပ်ခန်းသည် ပို၍ပင်
လွတ်လပ်လာတော့၏ ။ တစ်နယ်တကျေးမှ ပြန်လာသော ဆွေမျိုးရင်းချာတစ်ဦးကို
လာရောက်နှုတ်ဆက်နေကြသည့်နှယ် ကျွန်တော်တို့ အခန်းရှေ့သည် စည်ကားလျက် ။ နံနက်စာစားအပြီးတွင် ရောက်လာလေ့ရှိသော တပ်မ ၂၂ မှ ရဲဘော်များ ၊ ထောက်လှမ်းရေးတပ်မှ ရဲဘော်များနှင့် တောအကြောင်း ၊ တောင်အကြောင်း ၊ ရုပ်ရှင်အကြောင်း ၊ အငြိမ့်အကြောင်း ၊ ပြောလိုက် သူတို့ယူလာတာတွေ စားလိုက်ဖြင့် အဆင်ကို ပြေနေတော့သည် ။ ထို့အပြင် ညနေဆိုလျှင် ငှက်ပျောသီးလေး နှစ်လုံးကိုင်၍ ရောက်လာတတ်သော တပ်ကြပ်ကြီးစိန်ရ ၊ အချိန်မှန် မြင်းဖြူစီးပြန်လာသော တပ်ကြပ်ကြီးပိန်ရှည် ၊ ဇင်မာဦးအကြောင်း တဖွဖွမေးလေ့ရှိသော တပ်ကြပ်ကြီးဝတုတ် နှင့် ထွေရာလေးပါး ပြောဆိုရင်းဖြင့် အချိန်တွေကုန်မှန်းမသိ ကုန်ခဲ့ရလေတော့သည် ။
ဤသို့လျှင် ပျော်လို့မဆုံး ပြုံးလို့မဝသေးမီကာလအတွင်း၌ပင် ၈ / ၁၀ / ၈၈ ည
၆ နာရီအချိန်ခန့်မှာတော့ ကျွန်တော်တို့ လူသိုက်အားလုံးကို အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ပေးလိုက်ပါတော့သတည်း ။
ဇာဂနာ
ပထမ

Friday, May 15, 2020
မေးကြည့်ပါရစေ ဦးဒေးဗစ်လား
❝ မေးကြည့်ပါရစေ ဦးဒေးဗစ်လား ❞
သရ၀ဏ်(ပြည်)
“သင်ကိုယ်တိုင်နိုးထရမယ့်အချိန်ရောက်ပြီ ၊ သင့်ကိုယ်သင်နှိုးထရမယ့်အချိန်ကိုရောက်ပြီ “
အော်ကြီးဟစ်ကျယ် စူးရှကျယ်လောင်သော အသံကို ဖေ့စ်ဘွတ်တွင်တွေ့တော့ သခင်သန်းထွန်းတို့ ဗမာပြည်ကွန်မြူနစ်ပါတီက ပဲခိုးရိုးမတောထဲ၀ယ်ဖြုတ်ထုတ်သတ် လူသတ်ပွဲများတွင် ရဲနီလူငယ်မောင်မယ်များ က သူတို့မကြေနပ်သည်များကိုစွပ်စွဲ ကြိမ်းဝါးပြောဆိုနေကြသည်လား ဟုထင်မှတ်မှားမိသည် ။ ထိုလူသတ်ပွဲများတွင် သားအရင်းကအဖေအရင်းကို မကြေနပ်ချက်များ၊ စွပ်စွဲချက်များကိုကြိမ်းဝါးပြောဆိုကာလည်မျိုးကိုဝါးရင်းတုတ်ဖြင့် ရိုက်သတ်ကြသည် ။လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက် အချင်းချင်းတွေသတ်ကြသည် ။ တပည့်အရင်းကဆရာအရင်းကို အော်ဟစ်ကြိမ်းဝါး စွပ်စွဲကာ ဝါးရင်းတုတ်ဖြင့် စီရင်သည် ။ သူတို့သည် လူအသိုင်းအဝိုင်း၏ အပြင်ဘက်ကိုရောက် ၊ တောထဲတောင်ထဲမှာအနေကြာသဖြင့် အစုလိုက်အပြုံလိုက် စိတ်ဖောက်ပြန်သွားကြခြင်းဖြစ်ဟန်တူသည် ။
ဘာသာတရား တခုခု၏ အဆုံးအမကိုမခံယူခဲ့ရခြင်းကြောင်း ကိုယ်အမူအရာ နှုတ်အမူအရာတွ ကြမ်းတမ်း ရိုင်းစိုင်းသွားကြခြင်းဖြစ်သည် ။
ယခုလည်း အော်ကြီးဟစ်ကြယ် ရန်တွေ့သလိုပြောနေကြသော မိန်းကလေးတယောက်ကိုတွေ့ရတော့ သခင်သန်းထွန်းတို့အကြောင်း ရုပ်ရှင်ရိုက်ကွင်း မှသရုပ်ဆောင်ချက်ဟုသာထင်မိသည် ။
သို့သော်အထင်နှင့်အမြင်လွဲရသည် ။ ဗကပတို့လိုဘာသာမဲ့တို့အကြောင်းသရုပ်ဆောင်ပြနေခြင်းမဟုတ် ။ တရားဟော ဆရာမတယောက်က သူတို့ ဘာသာအကြောင်း ဟောပြောနေခြင်းဖြစ်ပါသတဲ့ ။ ထိုသူငယ်မနှင့်အပြိုင် ဒေးဗစ်လားဆိုသော ပုဂိုလ်ကလည်း ခရစ်ယာန်တရားများဟောကြားတာ မြင်ရကြားရပါသည် ။ ထိုသူငယ်မနှင့် တကျောင်းထဲဆင်းလား ၊ ဆရာတပည့်တွေလားတော့မသိ ၊ ဒေးဗစ်လားလည်း သခင်သန်းထွန်းတို့ရဲနီလူငယ် များ ဖြုတ် ထုတ်သတ်လမ်းစဉ်ဖြင့် ဟစ်စတီးရီးယား ( စိတ်ကစင့်ကလျားရောဂါ ) ဖြစ်သကဲ့သို့ပင် ဟောပြောတာ မြင်ရကြားရသည် ။ အာဘောင်အာရင်းသန်သန် အော်ကြီးဟစ်ကျယ် မစားရ၀ခမန်းပြောကြဟောကြတာမြင်တော့ ငယ်စဉ်မှစကာ ဘ၀တလျောက်လုံးမြင်ခဲ့သိခဲ့ရဖူးသော ခရစ်ယာန်တရားဟောဆရာများ ၊ ခရစ်ယာန်ဘာသာ၀င်များကို သတိရမိသည် ။
ကျွန်တော့်ဘ၀တွင် ပထမဦးဆုံး တွေ့ဖူးသော ခရစ်ယာန် တရားဟော ဆရာမှာ ဒေါက်တာမျိုးဆက်ဖြစ်သည် ။ ကျွန်တော်တို့ လေးတန်းကျောင်းသားဘဝလောက်က နေမကောင်းလျှင် ကျောင်းသားလူငယ်ဆေးခန်းဆိုတာမှာသွားပြရသည် ။ ပြည်မြို့သံတချောင်းလမ်း ( ယခု ရွှေတချောင်းလမ်း ) သာဖွား သူနာပြုကျောင်း၏ နဘေးတွင် ကျောင်းသားဆေးခန်းရှိသည် ။ ပြည်တမြို့လုံးမှ မူလတန်း ၊အလယ်တန်း ၊ အထက်တန်းကျောင်းသူကျောင်းသား အားလုံး၏ အားထားရာမှာ ပိုက်ဆံတပြားမှ မပေးရသော ကျောင်းသားဆေးခန်းဖြစ်သည် ။ ၁၉၈၈ အရေးအခင်းအပြီး ဦးနေ၀င်း အစိုးရ ပြုတ်ကျသွားအပြီးတွင် ကျောင်းဆေးခန်းစနစ်လည်း နိဂုံးချုပ်သွားတာ ၀မ်းနည်းဖို့ကောင်းသည် ။ ယခုခေတ်တွင် ထိုစနစ်ကိုပြန်လည်အကောင်အထည် ဖော်သင့်ပါသည် ။ ထိုကျောင်းဆေးခန်းတွင် သွားနှင့်ခံတွင်းဆေးခန်းလည်းရှိပါသည် ။ ထိုသွားဆေးခန်းသည်လည်း နိုင်ငံတော်ကအခမဲ့ ကုသပေးခြင်းဖြစ်ပါသည် ။ ကျွန်တော်တို့သည် သွားနာ သွားကိုက်သောအခါ ထို သွားဆေးခန်းတွင်သွားရောက်ပြသပါသည် ။ သွားဆရာ၀န်မှာ ဒေါက်တာ မျိုးဆက် ဖြစ်ပါသည် ။ ဒေါက်တာမျိုးဆက်သည် သူ့သွား ဆေးခန်းလူနာကုတင်တွင် ပက်လက်ကလေးဖြစ်နေသော ကျောင်းသားလူငယ်များကို ချက်ချင်းဆေးကုမပေးသေးပါ ။ ဘုရားသခင်ကောင်းကြောင်း ၊ ခရစ်ယာန်ဘာသာ အနှစ်သာရ တရားများကို ရတတ်သလောက်ဟောကြားပါသေးသည် ။ သို့သော် ဒေါ က်တာမျိုးဆက် စကားပြောလျှင် တိုးတိုးညင်းညင်း နှင့်အင်မတန် နားစိုက်ထောင်မှကြားရသည့် နူးညံ့သည့် အသံမျိုးဖြစ်ပါသည် ။ ကျွန်တော်တို့ကလည်း သူပြောချင်ရာပြော ကိုယ့်သွား ကောင်းဖို့အရေးကြီးသည်ဟုသဘောထားသူများဖြစ်ရာ ဘာမှ စိတ်အနှောက်အယှက်မဖြစ်ပါ ။ ပြောလိုသည်မှာ ဒေါက်တာမျိုးဆက်လည်း ခရစ်ယာန်တရားများပြန့်ပွားရေးကို တတ်စွမ်းသလောက်အားထုတ်သည်ဖြစ်သော်လည်း ကိုယ်အမူအရာ ၊နှုတ်အမူအရာ နူးညံ့သိမ်မွေ့လှပါသည် ။အခြားဘာသာမကောင်းကြောင်းလည်းမပြောပါ ။ ထိုဒေါက်တာမျိုးဆက်သည် ကျွန်တော်တို့နေထိုင်သောပြည်မြို့ဆံတော်ရပ်ကွက် ၊ ညောင်စင်တန်းလမ်းနှင့်စာတိုက်တန်းလမ်းထောင့် တွင်နေထိုင်သဖြင့် ဆေးခန်းတွင်သာမက အိမ်တွင်လည်းမကြာခနတွေ့ဖူးပါသည် ။ ဘယ်နေရာမှာတွေ့သည်ဖြစ်စေ ဒေါက်တာမျိုးဆက်သည် အလွန်ကို တည်ငြိမ်အေးဆေးတာတော့သတိထားမိပါသည် ။
နောက် မှသိရသည်မှာ ဒေါက်တာမျိုးဆက်သည် ခရစ်ယာန်တရားဟောဆရာတဦးဖြစ်ကြောင်း ၊ မကြာမီ နိုင်ငံခြားသို့သွား၍ ခရစ်ယာန်ဘုန်းကြီးပဲလုပ်တော့မည်ဖြစ်ကြောင်း သိရပါသည် ။ ၁၉၈၈ အရေးအခင်းအပြီးတွင် သွားဆရာ၀န်ဒေါက်တာမျိုးဆက်လည်း အမေရိကဆိုလား ၊ ကနေဒါဆိုလား နိုင်ငံတခုသို့အပြီးအပိုင်ထွက်ခွာသွားရာ ယနေ့အချိန်အထိ နောက်ထပ် မမြင်မတွေ့ရတော့ချေ ။
လူငယ်ဘ၀တွင်နောက်ထပ်တွေ့ရသောခရစ်ယာန်တဦးကတော့ အ.ထ.က ( ၁ ) ပြည်မြို့တွင် ရှစ်တန်းအင်္ဂလိပ်စာ ပြဆရာမ ဒေါ်ပန်ထွာဖြစ်သည် ။ သူသည် အသားဖြူဖြူထောင်ထောင်မောင်းမောင်းနှင့် မျက်နှာချိုကာအလွန်သဘောကောင်းသည် ။ ကချင်တိုင်းရင်းသူဖြစ်သည် ။ အဆိုတော် L.ခွန်းရီနှင့် ညီအစ်မ ၀မ်းကွဲတော်သည်ဟုသိရသည် ။ ကျွန်တော်တို့ကဆရာမဒေါ်ပန် ဟုခေါ်သည် ။ အလွန်သဘောကောင်းပြီးသိမ်မွေ့နူးညံ့သည် ။ အင်္ဂလိပ်စကားပြောအသံထွက် အလွန်ကောင်းသည် ဟုကလေးဘ၀မှတ်ဉာဏ်ဖြင့်ထင်မြင်ယူဆမိသည် ။
တက္ကသိုလ်ရောက်တော့ ခရစ်ယာန် ဘာသာ၀င် ဆရာ ၊ဆရာမများ ၊ သူငယ်ချင်းများစွာကိုတွေ ့လာရသည် ။ တိုးရစ်ဂိုဒ် ဘ၀တွင်လည်း လုပ်ငန်းတူသူငယ်ချင်းများထဲတွင် ခရစ်ယာန်ဘာသာ၀င်များလည်းရင်းရင်းနှီးနှီးပေါင်းဖော်ရသည် ။ သူတို့အားလုံး ခင်ခင်မင်မင် သဘောကောင်း ကြသည် ။ လူကြီးလူကောင်းဆန်ကြသည် ။ အယူသီးမှုနည်းကြသည် ။ သူတို့ဘာသာ မဟုတ်သူအသိုင်းအဝိုင်းနှင့်လည်း အဆင်ပြေချောမွေ့အောင်နေတတ်ကြသည် ။ ထို့ကြောင့်ပင် တက္ကသိုလ်ကျောင်းသားဘ၀ ၊ တိုးရစ်ဂိုဒ် ဘ၀တွင် သူငယ်ချင်းချင်းပေါင်းသင်းဆက်ဆံရာတွင် သူဟာ ဘာ ဘာသာ၀င်ဆိုတာ တွေကိုမေ့နေကြသည် ။ သူ့ဘာသာလည်း ကိုယ် လေးစား ၊ ကိုယ့်ဘာသာလည်း သူလေးစားဘဝဖြင့် နေထိုင်ခဲ့ကြသည် ။ ကထိန် သင်္ကန်းကပ်ရာ ၊ အာစရိယပူဇော်ပွဲလုပ်ရာတွင် သူတို့ပါ၀င်သလို ၊ ခရစ်စမတ်နေ့ ကာရို စင်းဂင်း သီချင်းဆိုရာတွင်လည်း ကျွန်တော်တို့ပါသည် ။ အိဒ် နေ့တွင်လည်း စမိ်ုင်တွေသွားစားကြသည် ။ ဟိန္ဒူသူငယ်ချင်းက ငှက်ပျောဖက်ဖြင့် ထမင်းကျွေးလျှင်လည်းသွားကြိတ်ကြသည် ။ ဘာသာသည် သာမည ။ ခင်မင်မှုသည် အဓိက ။ စာရေးဆရာဖြစ်တော့လည်း စာပေလောကတွင်ခရစ်ယာန်ဘာသာ၀င်တွေ များစွာနှင့် ခင်မင်ရသည် ။ အတူသွား ၊အတူစား ၊ခရီးတွေသွားခဲ့ကြသည် ။ သူတို့သည် အလွန်ကိုနူးညံ့သိမ်မွေ့ကြတာများသည် ။
ပြောလိုရင်းမှာ ဒေးဗစ်လားတို့လို ၊ နိုးထချိန်တန်ပြီဟုကုန်းအော်နေသော အမျိုး သမီးလို အော်ကြီးဟစ်ကျယ် ငါးစိမ်းသယ်ရန်တွေ့လုပ်နေကြသော ခရစ်ယာန်များကို ကျွန်တော်ယခင်ကမမြင်ဖူးခဲ့ချေ ။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ တရားဟောရာတွင် အလွန်ကို နူးညံ့သိမ်မွေ့ကြသည် ။ အလွန်ကို ကိုယ်စိတ်နှလုံးသုံးပါးကို ကြည်ညိုဖွယ်ဆောင်ခဲ့ကြသည် ။ သံဃာတော်တို့၏ ဂုဏ် ကိုးပါးနှင့်အညီ နူးညံ့သိမ်မွေ့ခဲ့ကြသည် ။ သို့သော် ထိုအမြင်သည် ဗုဒ္ဓဘာသာအစွန်းရောက်ဘုန်းကြီးအချို့ကြောင့်ပျက်စီးရသည် ။ ဦးဝီရသူလို စင်ပေါ်တွင် မဲ့ကာရွဲ့ကာ စောင်းကာချိတ်ကာ အော်ကြီးဟစ်ကျယ် သိပ်ဖျင်းသော စကား ပြောသူ အချို့ကြောင့် ပျက်စီးရသည် ။ နတ်သုဒ္ဓါထဲ မစင်တစက်ကျသလို ဖြစ်ရသည် ။တသက်လုံးကောင်းလာသမျှ အမည်းစက် စွန်းရသည် ။
ကျွန်တော်သည် ဗုဒ္ဒဘာသာ ဖြစ်သော်လည်း ငယ်စဉ်ကတည်းက သူတပါးဘာသာကို နှိမ့်ချစော်ကားပြီးမှ ကိုယ့်ဘာသာ ကိုယ့်တရားကို မြင့်တင်ပြီးဟောလျှင် မကြိုက် ။
ပြည်မြို့တွင်နေစဉ်က အိမ်နားတွင် မိုးကုတ်ဝိပသနာဓမ္မရိပ်သာ ရှိရာ ညစဉ်တရားပွဲများကျင်းပပါသည် ။ ထိုအခါ အချို့ဆရာတော်များသည် အခြားဘာသာ၀င်များ၏ ဗြဟ္မာကြီး ၊ ထာ၀ရဘုရား၊ဖန်ဆင်းရှင် ၊ အလ္လာ စသည်တို့ကို သူ့တရားထဲတွင်ထဲ့ကာ ရှုတ်ချဟောပါသည် ။ ထိုအချက်ကို ငယ်စဉ်ကပင် မနှစ်မြို့ခဲ့ပါ ။ ကိုယ်ဖြူတာကိုပြဖို့ မည်းတဲ့သူကို ရှာပြီး အနားမှာ ရပ်နေခိုင်းစရာမလိုဟု ထင်ပါသည် ။ ကိုယ်ကောင်းခေါင်းမရွေ့ဆိုသောစကားလိုပင် ကိုယ့်ဘာသာကောင်းတာကိုပင်ဟောစေပြောစေချင်ပါသည် ။
ဆိုလိုသည်မှာ ကျွန်တော်သည် ဗုဒ္ဓဘာသာ ၀င်တယောက်ဖြစ်သော်လည်း အစွန်းရောက် ဗုဒ္ဓဘာသာ၀င် တယောက် မဟုတ်ပါ ။
ဤစာကို ရေးရသည်ကိုလည်း ခရစ်ယာန်မိတ်ဆွေများကိုအားနာပါသည် ။ သို့သော် ဆိုရေးရှိကဆိုအပ်လှဆိုသည့်အတိုင်း ပြောစရာရှိ၍ပြောရခြင်းဖြစ်ပါသည် ။
ကျွန်တော် ၂၀၀၆ က အင်္ဂလန်နိုင်ငံသို့ရောက်ခဲ့သောအခါ အင်္ဂလန်တောပိုင်းသို့ရောက်ခဲ့ပါသည် ။ ကျွန်တော်၏ အင်္ဂလိပ်မိတ်ဆွေများက သူတို့ရွာ ၊ သူတို့ အရပ်မှ လည်စရာပတ်စရာများကိုလိုက်ပြတိုင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း များကိုလည်း တွေ့ရပါသည် ။ အများအားဖြင့်သူတို့နိုင်ငံမှ ခရစ်ယာန်ဘုရားကျောင်းများသည် သော့ခတ်ထားတာများပါသည် ။ ဘာကြောင့်လဲဟုကျွန်တော်က မေးသောအခါ ခရစ်ယာန်ဘုန်းကြီး မလုံလောက် မှုကြောင့်ဟုဆိုပါသည် ။ ခရစ်ယာန်ဘုန်းကြီးလုပ်လိုသူ လူငယ်တွေ တနေ့တခြား နည်းပါးလာပြီဖြစ်ရာ နဂိုရှိနေသော သက်ကြီးရွယ်အို ဘုန်းတော်ကြီးများ ကွယ်လွန်တော်မူလျှင် အသစ်၀င်လာမည့်သူ မရှိသဖြင့် ဘုရားကျောင်းများ ရှေးယခင်က ပေါများသလောက် ဘုန်းကြီးအရေအတွက်က မီအောင်မလိုက်နိုင်ပဲ ဖြစ်နေပါသည် ။
ထိုအခါ ဘုန်းကြီးတပါးလျှင် ချပ်( ခ်ျ ) ကျောင်း သုံးလေး ငါး ကျောင်းလောက် တာ၀န်ယူကိုင်တွယ်ရကာ ဘုန်းကြီးလာမည့်နေ့ကိုသာ ဘုရားကျောင်းဖွင့်၍ ဘုန်းကြီးမရှိသောအခါ သော့ပိတ်ထားရသည့် ကျောင်းကများလာပါသည် ။ အထူးသဖြင့် တောဘက်တွင် ခရစ်ယာန်ဘုန်းကြီးရှားပါးလာပါသည် ။ အင်္ဂလန်ကိုသာကိုယ်တွေ့မျက် မြင်ပြောခြင်းဖြစ်သော်လည်း ဖွံဖြိုးတိုးတက်သောနိုင်ငံများဖြစ်သည့် ပြင်သစ် ၊ အီတလီ ၊ စပိန် ၊ အမေရိက ၊ ကနေဒါ ၊ ဩစတေးလျ စသည့် နိုင်ငံများမှာလည်း ထိုနည်းနှင်နှင် ခရစ်ယာန်ဘုန်းကြီး ၊ တရားဟောဆရာ ရှားပါးမှုကိုကြုံတွေ့လာရပါသည် ။
အလုပ်အကိုင် ပေါသောချမ်းသာသည့်နိုင်ငံများဖြစ်သဖြင့် လူငယ်များသည် ဘုန်းကြီး မလုပ်ချင် ၊ တရားဟောဆရာ မလုပ်ချင် ၊ ဘာသာရေး သမား မလုပ်ချင်ကြတော့ ပါ ။ထိုအခါ ချမ်းသာသော အနောက်တိုင်း နိုင်ငံများသည် ဘုန်းကြီးလုပ်ချင်သော ၊ တရားဟောဆရာလုပ်ချင်သော လူငယ်ခြေတက် များကို ရှာပုံတော်ဖွင့်ရပါသည် ။
လဤတွင် ဆင်းရဲသော အာရှနိုင်ငံများ ၊ အာဖရိကနိုင်ငံများ ကို တွေ့ပါသည် ။ ထိုနိုင်ငံများတွင် ဥရောပသို့သွားရမည်ဆိုပါက မည်သည့်အလုပ်လုပ်ရသည်ဖြစ်စေ ၊ ရောက်ရလျှင် ပြီးစတမ်းဆိုသူတွေများစွာရှိပါသည် ။ အိမ်သာကျင်း တူးရသည်ဖြစ်စေ ၊ ကူလီထမ်းရသည်ဖြစ်စေ အမေရိကသို့ရောက်ရလျှင် ၊ ကနေဒါသို့ရောက်ရလျှင် ၊ အင်္ဂလန်သို့ရောက်ရလျှင်ပြီးစတမ်းဆိုသော သူ မြန်မာနိုင်ငံအပါ၀င် ဆင်းရဲသော အာဖရိက နှင့် အာရှနိုင်ငံများတွင်များစွာရှိပါသည် ။ နိုင်ငံခြားသွားချင်သောကြောင့် ဗုဒ္ဓဘာသာစစ်စစ်မှ ခါတော်မီ ခရစ်ယာန်ဖြစ်သွားကြသူများစွာကိုလည်းတွေ့ဖူးပါသည် ။အချို့အနောက်တိုင်းနိုင်ငံများဆိုလျှင် နယ်စပ်ဒေသဒုက္ခသည်စခန်းများမှလူများအပြင် ထောင်ကျနေသူများကိုပင် မိမိတို့၏ ဘာသာရေးသင်တန်းကျောင်းသို့တက်မည်ဆိုလျှင် ငွေတပြားမှကုန်စရာမလိုပဲ ပို့ပေးမည်ဟုဆွဲဆောင်ကြသည် ။
အနောက်တိုင်းသားများသည် လည်၏ ။ နပ်၏ ။ စိတ်ထဲကကြိတ်၍ လူမျိုးရေးခွဲခြား၏ ။ ဘုန်းကြီးလူသစ် စုဆောင်း၍ မရသဖြင့်သာ အာရှတိုက်သား ၊အာဖရိကတိုက်သား လူညို ၊ လူမည်းများကို တရားဟောဆရာဖြစ်သင်တန်းကျောင်းများသို့ခေါ်ယူသင်ကြားပို့ချပေးသော်လည်း အာရှသား လူပုများ ၊ လူညိုများ ၊ အာဖရိက လူမည်း တရားဟောဆရာများ ဟောသော ကဘောက်တိကဘောက်ချာ ( အင်္ဂလိပ်လို ၊ အီတလီလို ၊စပိန်လို ၊ပြင်သစ်လို စသည့်စကားများကိုလည်းကောင်းစွာတတ်ကြသည်မဟုတ် ရကား ) ဘာသာစကားများဖြင့် ထာ၀ရဘုရားအကြောင်းဟောကြားသည်ကိုလည်း လူဖြူတွေက မနာယူချင်ပေ ။
ထို့ကြောင့် မိမိ ပင်ရင်းနိုင်ငံများတွင်ဥရောပတိုက်သား ၊ အမေရိကန်ု ၊ ကနေဒါ စသော တရားဟောဆရာများ ၊ဘုန်းတော်ကြီးများကို ချန်ထားပြီး ဆင်းရဲသောနိုင်ငံများသို့အနစ်နာခံကာ ယခင်ကသွားရောက်လေ့ရှိသော သာသနာပြု ခရစ်ယာန်ကြီးများနေရာမှာတော့ ဆင်းရဲသော နိုင်ငံမှလာသော သူများ ကို ဆင်းရဲသောနိုင်ငံများသို့ ပြန်လွှတ်ခြင်းဖြင့် သူတို့မှာ မရှိမဲ့ရှိမဲ့ ဘုန်းကြီးအရည်အတွက်ကိုလည်း ထိန်းသိမ်းရာရောက် ၊ ဝေးလံခေါင်ဖျားဒေသများသို့ လည်း သူ့အရိုးဖြင့် သူ့ထိုးကာ သာသနာပြုပြီးသားလည်းဖြစ်ဆိုသော ပုံစံမျိုးဖြင့် ပြန်လည်စေလွှတ်လေ့ရှိသည် ။
ဆင်းရဲသောနိုင်ငံက လူကို ဆင်းရဲသောနိုင်ငံသို့ပြန်၍ ခရစ်ယာန်တရားဟောခိုင်းလျှင် လူတွေ အထင်မကြီးမှာ ကိုသိသော အင်မတန်ပါးနပ်လှသည့် အနောက်တိုင်းသားများပီပီ အရင်အတိုင်း ပြန်မလွှတ်ခင် လူအထင်ကြီးအောင် အရင်လုပ်ပေးလေသည် ။ အမေရိကန်နိုင်ငံသားခံယူစေခြင်း ၊ ကနေဒါနိုင်ငံသားခံယူစေခြင်း ၊ အင်္ဂလန်နိုင်ငံသားခံယူစေခြင်း ၊ အီတလီနိုင်ငံသားခံယူစေခြင်းစသော အာရှ နှင့် အာဖရိကတိုက်သားများ အထင်ကြီစေမည့် အကွက်တကွက်ကို အရင် လုပ်ပေးလိုက်သည် ။
ထို့နောက် သာသနာရေးတွင် အရေးပါအရာရောက်သူ ဟုယူဆနိုင်သော ဂုဏ်ပုဒ်တခု ၊ သင်တန်းဆင်းလက် မှတ်တခု ၊ အရေးပါအရာရောက်သောနေရာတခုကို အပြသဘော ချီးမြှင့်လိုက်သည် ။ အီတလီ သာသနာပြုကောင်စီ၏အသိအမှတ်ပြုလက် မှတ်ရ သိက္ခာတော်ရ ဆရာဘယ်သူဆိုတာမျိုး ၊ ကနေဒါ ဘာသာရေးကျမ်းစာကျောင်းမှ ဂုဏ်ထူးဆောင်ဘွဲ့ရှင်ဆိုတာမျိုး စသည့် အမြီးအမောက်တွေ တပ်ပေးလိုက်သည် ။ တကယ်ဆိုရလျှင် သူ့မူရင်းနိုင်ငံတွင် ထိုသူများ တရားဟောလျှင် လာရောက်နားထောင်မည့် မျက်နှာဖြူ ဆယ်ယောက်ပင်မပြည့် ။ သို့သော် အဆာပလာတွေ ဟိတ်တွေ ဟန်တွေနှင့် မြန်မာ ၊ ထိုင်း ၊ လာအို ၊ ဗီယက်နမ် ၊ အီသီယိုးပီးယား ၊ အီရီထရီးယား ၊ ဆိုမာလီစသည့်နိုင်ငံများသို့ပြန်ရောက်သောအခါ အနောက်တိုင်း သာသနာပြုကျောင်းကြီးမှဆင်းလာသော ခရစ်ယာန် တရားဟောဆရာကြီးများ ဖြစ်လာကြလေသည် ။ မသိလျှင်မနက်ဖြန်သဘက်ပဲ ပုတ်ရဟန်းမင်းကြီးရာထူးကိုရတော့မလို ၊ ဘုရားသခင်နဲ့ပဲ မနက်တိုင်း အဆက်အသွယ်ရှိသလို ပြုမူပြောဆိုတွင်ကျယ်နေလေတော့သည် ။
ဒေးဗစ်လား တို့သည်လည်း ဤ ပုတ်ထဲက ဤပဲမျိုးပင်ဖြစ်သည် ။ ငယ်ဘ၀ ငယ်ကျိုးငယ်နာ ဇာတ်ကြောင်းများကို သိသော်လည်း Personal attack ဖြစ်မှာစိုး၍မလှန်လိုတော့ ။ကနေဒါမှာ မွေး ၊ ကနေဒါမှာကြီး ၊ကနေဒါရေကိုသောက် ၊ ကနေဒါဂျုံကိုစား၍ လူဖြစ်လာခြင်းမဟုတ်သည်ကတော့ ၁၀၀ ရာခိုင်နှုန်းသေချာသည် ။ မြန်မာပြည်မှနိုင်ငံခြားထွက်ခွင့် ချောင်ရာလိုင်းဖြင့် ထွက်ခဲ့၍ တရားဟော ဆရာအဖြစ် ဖုန်သုတ်ပွဲထုတ်ခံရပြီးပြန်ရောက်လာခြင်းဖြစ်သည် ။ မြန်မာပြည်မှာလို အော်ကြီးဟစ်ကျယ် စိတ်ကစဉ့်ကလျားဖြစ်နေသလို အော်ဟစ် တရားဟော ပြောနေပါက ကနေဒါတွင်လာရောက်နားထောင်မည့်လူကြီးလူကောင်း တယောက် မှပင်ရှိမည်မဟုတ်ပေ ။ အရူးမှန်းအကောင်းမှန်းခွဲနိုင်သော ဉာဏ်သည် ကနေဒါကလူများမှာ ကောင်းကောင်းရှိပုံရသည် ။ ထိုသို့ဖြင့် ဒေးဗစ်လား မြန်မာပြည်ရောက်လာသည် ။
အထက်က ရေးပြခဲ့သော ကြိုးကိုင်ဆရာကြီးတို့၏ လုပ်နည်းလုပ်ဟန်များ ကြောင့် ဗဟုသုတနည်းပါးသော မြန်မာပြည်တွင် တွင်ကျယ်လာသည် ။ အဟောင်းကိုညီးငွေ့နေသော ခရစ်ယာန်အသိုင်းဝိုင်း ၊ အထူးသဖြင့် လူငယ်အသိုင်းအဝိုင်းက ဒေးဗစ်လားတို့ကို အဟုတ်ကြီးမှတ်၍ကိုးကွယ်ဆည်းကပ်ကြသည် ။ ယခင်ကပေါ်ခဲ့ဖူးသော ဘိုးတော်ကျော်သောင်းတို့ ၊ သာဗိန္ဒတို့ ၊ ရပ်စ်ပြူတင်တို့၊ သခင်သန်းထွန်းတို့ နည်းမျိုးဖြစ်သည် ။
တခါက ရွှေဘိုနယ်မြေမှ မူဆလင်တရားဟောဆရာ မော်လဝီရွှေဖီက ဗုဒ္ဓဘာသာကျမ်းစာများဖြစ်သော တိပိဋက ဓမ္မက္ခ န္စာ နှင့် ဗမာလူမျိုးများကိုထိခိုက်စေသော ဝိနိစ္ဆကျမ်းစာအုပ်နှင့် မော်လဝီ နဲ့ယောဂီစာတမ်းများအားရိုက်နှိပ်ဘထုတ်ဝေခဲ့သောကြောင့် ၁၉၃၈ တွင် ဗုဒ္ဓဘာသာ - မူဆလင် အဓိကရုဏ်းဖြစ်ကာ တဖက်နှင့်တဖက် သတ်ဖြတ်ကြ၍လူ ၁၆၅ ဦးသေ ၊ ၈၁၈ ဦးဒဏ်ရာရ ၊ စစ်သားနှင့် ပုလိပ်လက်ချက်ဖြင့် သေကြရသူ ၅၅ ဦး ၊ ဒဏ်ရာရသူ ၁၀၈ ဦးရှိခဲ့ဖူး၏် ။ ဘာသာရေးသည်အကဲဆတ်၏ ။
မြန်မာပြည်တွင် ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန် အကျယ်အကျယ် မငြိမ်းဖွယ် ပဋိပက္ခများ ဖြစ်လာခဲ့လျှင် လက်သယ်တရားခံမှာ ဒေးဗစ်လားနှင့်အဖွဲ့ဖြစ်သည် ။ဘာသာရေးကို မငြင်းလို ။ သူ့ဘုရားသာသည် ငါ့ဘုရားသာသည် မပြောလို ၊ ဒေးဗစ်လား နှိုင်းယှဉ်ကြည့်လိုလျှင် ၁၉၃၆ မေလ ( ၁ ) ရက်နေ့ကပြည်ခရိုင် ၊ ၀က်ထီးကန်မြို့ အနီး ကျောက်ကွင်းရွာတွင် ဖြစ်ပွားသော ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ရှာဖတ်ကြည့်လျှင်သိမည် ။ ဒေးဗစ်လားတို့ဘာသာအရ လူကိုဘုရားသခင်က ဖန်ဆင်းသည်ဆိုရာ တွင် လူ၏ ဦးခေါင်းအတွင်း ဦးနှောက်ကိုထည့် ပေးလိုက်ခြင်းမှာ စဉ်းစားတွေးခေါ်ရန်ဖြစ်သည် ။ အရာရာ ဘုရားသခင်ကို လွှဲချရန်မဟုတ်ပေ ။ မနက်အိပ်ယာထမျက်နှာသစ် တာ ၊ သွားတိုက်တာ ၊ နောက်ဖေးသွားတာမှအစ ကျောင်းသွားတာ စာကျက်တာ ကို မိမိဘာသာကိုယ့်အားကိုယ်ကိုးကာဆောင်ရွက်ရမည်ဖြစ်သည် ။ ထိုသို့ဆောင်ရွက်နိုင်ရန် ၊တွေးတတ်ခေါ်တတ် စဉ်းစားတတ်ရန် ဦးနှောက်ကိုထည့်ပေးထားခြင်းဖြစ်သည် ။ ရောဂါဖြစ်လာပါကလည်း သက်သာပျောက်ကင်းရန် ဘာသာရေးရှုထောင့်ဖြင့် ဘုရားသခင် ၊ ဗုဒ္ဓ ၊ ဗြဟ္မာကြီး ၊ အလ္လာရှင်မြတ်တို့ထံ ဆုတောင်း၀တ်ပြုနိုင်သော်လည်း တဖက်တွင် ဆရာ၀န်များ ၊ သူနာပြုများ ၊ ကျွမ်းကျင်ပညာရှင်များဖြင့်ဆေးကုသမှုခံယူရပေမည် ။ ရောဂါသက်သာလာပါကလည်း ဘုရားတန်ခိုးကြောင့်ပါသကဲ့သို့ အပင်ပန်းခံကုသပေးသော ဆရာ၀န် ၊ သူနာပြု ၊ ဆေးဝါးကျွမ်းကျင် ၊ ဓာတ်ခွဲခန်းပညာရှင် ၊ စေတနာ့၀န်ထမ်း ၊ နိုင်ငံတော် ခေါင်းဆောင်များ ၊ ခေတ်မီစက်ကရိယာများ ၊ဆေးဝါးများ ကျေးဇူးကြောင့်ဆိုတာလည်း အသိအမှတ်ပြုလက်ခံရမည် ။ ခေါင်းထဲတွင်ပါလာသော ဦးနှောက်ကို အသုံးပြု၍ ကျန်းမာရေး အသိရှိရမည် ။ ရှောင်သင့်တာရှောင် ၊ ဆောင်သင့်တာဆောင်ရမည် ။ ကျေးဇူးသိတတ်ရပေမည် ။ သို့သော် ဒေးဗစ်လားသည် ဘာပဲဖြစ်ဖြစ် ဘုရားသခင်ကိုလွှဲချသော မူဝါဒအရ
“ ကျွန်တော် လုံး၀ အာမခံရဲတယ် ၊ ဘုရားသခင်ကို ယုံသူတွေဟာ ဒီရောဂါ လုံး၀ ၀င်မလာရစေဘူး “ ဟုလည်းကောင်း
“ ဆရာ၀န်တွေ ဆေးတွေက resources တွေ အနာရောဂါကို တကယ်ငြိမ်းစေတာက ဘုရားပဲ ၊ ယုံကြည်လိုက်ပါ ယုံကြည်မှုဟာ ပိုက်ဆံမပေးရပါဘူး ၊ လှည့်စားခံထားရလို့မယုံတာပေါ့ “ ဟု ပြောကြားခဲ့သည် ။
ဒါဆိုရင် ကျွန်တော်တခုတောင်းဆိုပါရစေ သင်းအုပ်ဆရာကြီးဒေးဗစ်လားခင်ဗျား ။ ဒေးဗစ်လားလောက် ဘုရားနှုတ် ကပတ်တော်ဆိုတာကြီးကိုယုံသူလည်း မရှိတော့ပါ ။ သမ္မာကျမ်းစာ စာအုပ်ကြီးကိုလည်းလက်က ကိုင်ကိုင်ပြနေတာတွေ့ရသဖြင့် ဘုရားနှင့်အတော်နီးစပ်သူဟုလည်းသဘောကျမိပါသည် ။ ထို့ကြောင့် ဒေးဗစ်လား ၏နောက်လိုက်အဖြစ် ကျွန်တော်လဲ ပါ၀င်ချင်ပါသည် ။ ကျွန်အဖြစ်လည်းကောင်း ၊ တပည့်အဖြစ်လည်းကောင်း ဒေးဗစ်လားနောက်ကအလုပ်အကျွေးအဖြစ် လိုက်လိုပါသည် ။ ဆရာဒေးဗစ်လား ဘာသာထဲသို့လည်း၀င်ပါမည် ။ မ၀င်ခင် ခရစ်ယာန်အများနှင့်မဆိုင်ပဲ ဒေးဗစ်လား တဦးတည်းနှင့်ဆိုင်သော မေးခွန်းလေးတစ်ခု မေးလိုပါသည် ။ တစ်ခုတည်းဖြစ်ပါသည် ။
ထာ၀ရဘုရားကို ယုံလျှင်ရောဂါ မကူးသယောင် ၊ ယေရှုကို ယုံလျှင် ရောဂါမကူးသယောင် ဟောပြောနေတာ ကို သဘောကျ၍ဖြစ်ပါသည် ။ ဒေးဗစ်လားသည် ထာ၀ရဘုရားကိုယုံသူ ၊ မစိုးရိမ်ရဘူး ဘုရားကအချိန်တန်ရင် တာ၀န်ယူသွားလိမ့်မယ် ဟူသောစကားကိုပြောခဲ့သူဖြစ်ပါသည် ။ ထို့ကြောင့်ကျွန်တော်အလွန်အထင်ကြီးပါသည် ။ ခေါင်းဆောင်မတင်မီ တစ်ခုစမ်းသပ်လိုပါသည် ။ အခြားမဟုတ်ပါ ။
HIV ပိုး ရှိနေသူ၏ သွေးအနည်းငယ်ကို ဆရာဒေးဗစ်လား၏ သွေးကြောထဲသို့ဆေးထိုးအပ်ဖြင့် ထည့်ကြည့်လိုပါသည် ။
သုံးလကြာလျှင် ဆရာဒေးဗစ်လား၏သွေးကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲအဖြေရှာကြည့်ပါမည် ။ ဆရာဒေးဗစ်လားဟောပြောချက် များအတိုင်းဆိုလျှင် ဒေးဗစ်လားသည် ဘုရားကို အလွန်ယုံကြည်သက်၀င်သူဖြစ်သောကြောင့် HIV ပိုးများ ခန္ဒာကိုယ်ထဲတွင်မရှိတော့ပဲ ပျောက်ကွယ်သွားမည် ။ HIV positive မဖြစ်ပဲ negative ဖြစ်မည်ဖြစ်သည် ။ ထိုသို့အဆန်းတကျယ် ဖြစ်ခဲ့လျှင် ဆရာဒေးဗစ်လား ပြောသည့် စကားများ ၊ဟောပြောချက် များသည် အမှန်များဖြစ်ပြီး မယုံမိခဲ့သောကျွန်တော်တို့မိုက် မှားမိကြောင်း ၀န်ချတောင်းပန်ကာ ဆရာ့ထံတွင် ရာသက်ပန်ကျွန်ခံမည်ဖြစ်သည် ။ Negative မဟုတ်ပဲ Positive ဖြစ်ခဲ့လျှင်တော့ ဒေးဗစ်လားမှ ကျွန်တော့်အားဘာမှ ပြန်ပေးစရာမလိုပါ ။မျှတသောကမ်းလှမ်းချက်ဖြစ်သဖြင့် ကျွန်တော့်ထံသို့အမြန်ဆုံးအကြောင်းပြန်ပေးပါခင်ဗျား။
သရ၀ဏ်(ပြည်)
စောင့်ကြည့် News Watch ဂျာနယ်
၁၅.၄.၂၀၂၀

Thursday, May 14, 2020
ပါစင်နယ် အင်တာဗျူး
❝ ပါစင်နယ်အင်တာဗျူး ❞
“ ခင်ဗျားနာမည် ”
“ ဇာဂနာ ”
“ မဟုတ်ဘူးလေ.… နာမည်ရင်းပြောတာ”
“ မောင်သူရ ”
“ တခြား နာမည်ရှိသေးလား ”
“ ဟင့်အင်း ”
“ သူငယ်ချင်းတွေ မိတ်ဆွေတွေခေါ်တဲ့နာမည်ကော မရှိဘူးလား ”
“ ဒါတွေကတော့ အများကြီးပေါ့ ”
“ ပြောပြပါဦး ”
“ လန်ခြားကုလား ၊ ကုလားအဘိုးကြီး ၊ ဦးပုည ၊ ဇာတ်ဆရာ ၊ မောင်ရစ် ၊ ကတင်းပုံ ၊ ရှောင်ကွန်နရီ ၊ အဖေကြီး ၊ ဇာတ်ဆရာ ၊ ကိုကို ”
“ တော်ပြီ ၊ တော်ပြီ ”
“ ကျွန်တော် မပြောဘူးလား အများကြီးပါဆို ”
“ ကုလားအဘိုးကြီးလို့ပဲ မှတ်ထားလိုက် မယ်နော် ”
“ သဘောလေ ”
“ မိဘအမည် ”
“ ဦးအောင်သိန်း ၊ ဒေါ်လှကြည် ”
“ မွေးသက္ကရာဇ် ”
“ ၂၇-၁-၁၉၆၁ ”
“ ပညာအရည်အချင်း ”
“ B.D.S ( Rgn ) ”
“ မြန်မာလိုဆိုရင်ရော ”
“ ဘကုံးရေးလုံးကြီးတင်ဆံခတ် ဘီ ဒဒွေးရေး ”
“ မဟုတ်ဘူးလေ မြန်မာလိုအဓိပ္ပာယ်ပြောတာ ”
“ ဪ.…ဒါလား... သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ ခေါ်တယ်ဗျ ”
မဂ္ဂဇင်းစာစောင်များနှင့် အင်တာဗျူးနေခြင်းမဟုတ်ပါ ။
အမှတ် ၆ တပ်မတော် ထောက်လှမ်းရေး တပ်တွင် ကျွန်တော့်အား စတင်စစ်ဆေးခြင်းဖြစ်သည် ။ အချုပ်ခန်း အကျဉ်းလေးထဲတွင် အထုအထောင်းခံပြီး နာရီဝက်ခန့်အကြာ ဤအခန်းသို့ ရောက်ရှိလာခြင်းဖြစ်၏ ။ နောက်ပြန်ခတ်ထားသော လက်ထိပ်နှင့် ခေါင်းစွပ်တို့ကတော့ အရိုက်အရာ ဆက်ခံနေဆဲပင် ။
“ကျွန်တော်တို့က ခင်ဗျားကို လူကြီးလူကောင်း တစ်ယောက်လို သဘောထားပါတယ် ။ အဲသည်လိုပဲ စစ်ဆေး မေးမြန်းချင်တယ် ။ ခင်ဗျားကလည်း ကျွန်တော်တို့ကို ကူညီတဲ့အနေနဲ့ မခြွင်းမချန် ပြောစေချင်တယ် ။ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ဆီမှာ ပြောလို့ရအောင် စစ်တဲ့နည်းတွေရှိပါတယ် ။ ကျွန်တော်ကတော့ မလုပ်ပါဘူး ။ ဒီပြင်အဖွဲ့တွေက လာလုပ်ကြလိမ့်မယ် ။ ဒီတော့ဗျာ အဲသလိုမျိုးအဖြစ် မခံစေချင်ဘူး ”
ပျားရည်သုတ်ထားသော လှံသွားသည် ချိုမြစူးရှလှဘိ၏။
သည်နောက် မှာတော့ လက်ထိပ်နှင့် ခေါင်းစွပ်များကို ဖြုတ်ပေးပြီ ကျွန်တော်၏ ကိုယ်ရေးရာဇဝင် အကျဉ်းကို စတင် မေးမြန်းပါတော့သည် ။ ဘယ်ကျောင်းတက်လဲ ၊ ဘယ်တုန်းက ဘွဲ့ရလဲ ၊ အနုပညာနယ်ထဲ ဘယ်လိုရောက်လာလဲ ၊ ရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားတွေ ဘယ်နှစ်ကားလဲ စသည် စသည်ပေါ့ ။
ဤသို့လျှင် အပြန်အလှန် မေးမြန်းဆဲမှာပင် ကင်မရာလွယ်ထားသော ယူနီဖောင်းဝတ် တစ်ဦးနှင့် အခြားနှစ်ဦး ပေါင်းသုံးဦးသည် အခန်းတွင်းသို့ ဝင်ရောက်လာလေသည် ။ ဧကန္တတော့ ကျွန်တော်တို့ အင်တာဗျူး နေပုံကို မှတ်တမ်းတင်လို . .ထင့် ။
သို့သော်ငြားလည်း ကျွန်တော်၏ အထင်မှာ မှားသွားရှာလေသည် ။ ကျွန်တော့်အား နံရံနှင့် ကျောကို ကပ်စေ ပြီး ဘုတ်ပြားတစ်ခုတွင် “ သူရ ( ခ ) ဇာဂနာ ( ဘ ) ဦးအောင်သိန်း ” ဟု ရေး၍ ကျွန်တော့်ရှေ့တွင် ထောင်ကာ မှတ်ပုံတင်ဓာတ်ပုံ ရိုက်သကဲ့သို့ ရှေ့တည့်တည့် မှတစ်ပုံ ၊ ဘယ်ဘက်ဘေးမှ တစ်ပုံ ၊ ညာဘက် ဘေးမှတစ်ပုံ သုံးမျိုးသုံးပုံရိုက်ကူးခြင်ပင်ဖြစ်၏။
ဓာတ်ပုံရိုက်သည့် ကိစ္စပြီးသည့်အခါမှာတော့ စစ်ဆေးမေးမြန်းပွဲ ဒုတိယပိုင်း
အစီအစဉ်ကို ဆက်လက်ကျင်းပပါတော့သည် ။ ကျွန်တော့်အနေဖြင့် ဤအရေးအခင်းတွင် စတင်ပါဝင်လာပုံအကြောင်း တစေ့တစောင်းပင်တည့် ။ ဖော့တန်တာဖော့ ၊ ပြင်းတန်တာပြင်း ၊ ဘယ်ပြပြီး ညာ ရိုက်လိုရိုက်ဖြင့် မေးလိုက် ဖြေလိုက် လုပ်လာသည်မှာ ညနေ ၆ နာရီ ခွဲကျော်ကျော်သို့ပင် ဆိုက်ရောက်လာပေပြီ။ ကျွန်တော့်အား မေးမြန်းနေကြသည့် စစ်ထောက်လှမ်းရေး အရာရှိနှင့် ရဲထောက်လှမ်းရေး အရာရှိတို့မှာလည်း မထတမ်း ၆နာရီကျော် ထိုင်နေကြသည်က တစ်ကြောင်း၊ ဆာလောင် မွတ်သိပ်လောက်ပြီ ဖြစ်သောကြောင့် အစီအစဉ်ကို ခေတ္တရပ်နားကာ အခန်းပြင်သို့ ထွက်သွားကြလေသည် ။ ညောင်းညာခွင့် ၊ ဗိုက်ဆာခွင့် မရှိသည့်အလား အခန်းအလယ်က ခုံတန်းလျားပေါ်မှာ တစ်ယောက်တည်း ငုတ်တုတ်ကြီးကျန်နေခဲ့တော့သည် ။
သို့သော်လည်း ကယ်တင်ရှင်တစ်ဦးပေါ်လာပြန်ပါသည် ။ လျှပ်တစ်ပြက် မီသွန်း ဖြစ်၏ ။ လက်ဖက်ရည်တစ်ခွက် ကိုင် • • •ဝင်လာပြီး “ ထမင်းတော့ ကျွေးချင်ပါတယ်ဗျာ ၊ ခွင့်မရှိလို့ပါ... အဆာပြေ လက်ဖက်ရည်လေး သောက်လိုက်ပါ ဆေးလိပ် သောက်ချင်ရင်လည်းရော့ ” ဟု ခပ်မြန်မြန် ခပ်သွက်သွက် ပေးစရာရှိတာပေးကာ အခန်းပြင်သို့ ပြန်ထွက်သွားပါတော့သည် ။ ကျွန်တော့်မှာတော့ လက်ဖက်ရည်လေး သောက်လိုက် ၊ ဆေးလိပ်လေး ဖွာလိုက်ဖြင့် မေးခဲ့ဖြေခဲ့သည်များကို ပြန်လှန် စဉ်းစားနေမိ၏ ။
နောက် နာရီဝက်ခန့်အကြာမှာတော့ အထက်ကပုဂ္ဂိုလ်နှစ်ဦးသည် ပြန်လည် ရောက်ရှိလာပြီး တတိယပိုင်း အစီအစဉ်ကို ဆက်လက် ဆင်နွှဲခဲ့ကြပါတော့သည် ။
ဒီတစ်ခါမှာတော့ ခေါင်းစဉ်က ပြောင်းသွားပြီဖြစ်၏ ။ အရေးအခင်း ကာလက ကျွန်တော်ပါဝင်ခဲ့သော အနေအထားလှုပ်ရှားမှု ၊ အဆက်အသွယ် စသည်တို့ပင်ဖြစ်၏ ။ အထူးသဖြင့် မေးမြန်းသူ ပုဂ္ဂိုလ်များ၏ အသိချင်ဆုံးကိစ္စမှာ ဦးတင်ဦး ( ဗိုလ်ချုပ်ကြီးဟောင်း ) ၊
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆက်သွယ်မှုအနေအထား ၊ ရွှေချိုးဖြူလူငယ် ၊ ရဲမာန်လူငယ် စသော ရဲရဲတောက် အသေခံလူငယ်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုအနေ အထားတို့ပင်ဖြစ်သည်။
အဘယ်ကြောင့် ဤမျှ အရေးကြီးနေသည်ကို နောင်သောအခါကျမှ ကျွန်တော့်မှာ သိခွင့်ရခဲ့လေသည် ။ ယင်းမှာ အခြားမဟုတ် ။ ကျွန်တော်တို့အား ဘားလမ်းထဲတွင် ဖမ်းဆီးပြီး ထောက်လှမ်းရေးတပ်သို့ ခေါ်ဆောင်လာသောအခါ ရွှေချိုးဖြူလူငယ်အဖွဲ့က ဟိုင်းလပ်ကားအဝါဖြင့် နောက် မှ ထက်ကြပ်မကွာ လိုက်လာကာ ကျွန်တော်တို့အား ကယ်တင်ရန် ကြိုးစားသည်ဟု သိရ၏ ။ ထို့ကြောင့်ပင်လျှင် ကျွန်တော်တို့ အချုပ်ခန်းကို စောင့်ကြပ်ရန် တပ်မ ၂၂ မှ တပ်စု တစ်စုကို တာဝန်ပေးထားလေသည် ။ ထိုရွှေချိုးဖြူ လူငယ်အဖွဲ့တွင် M79 လောင်ချာ တစ်လက် ရှိနေသည်ဟုလည်းဆို၏ ။
ကျွန်တော့်မှာတော့ ကိုယ့်အတွက်လည်း သူတစ်ပါးဒုက္ခမရောက်စေ ၊ ကိုယ်လည်း အန္တရာယ်ကင်းစေ မေးမြန်းသူများလည်း သူတို့လိုချင်သည်များကို တစ်ပိုင်းတစ်စ ရကြပါစေ ဟူသောသဘောပိုက်ကာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာနည်းကို ကျင့်သုံး.. ဖြေကြားနေရပါတော့၏ ။ တစ်ခါတစ်ရံမှာတော့ အရေးကြီးသည်ဟု ယူဆရသော ကိစ္စများကို အာပတ် လွတ်ရုံ သာမန်ကာလျှံကာ လျှမ်းပြောရပြီး တစ်ခါတစ်ရံမှာတော့ အရေးမကြီးသည့် အရေးအရာများကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောခြင်းဖြင့် အချိန်များကို
ကုန်လွန်စေခဲ့ရသည် ။
သို့ ဖြင့် နောက်တစ်နေ့မနက် ( ၃-၁၀-၈၈ ) ၇ နာရီ အချိန်မှာတော့ ကျွန်တော့်အား မေးမြန်းသူများမှာ ပါးစပ်ညောင်း ၊ လက်ညောင်း ၊ ဖင်ညောင်းသွားကြ၍ ထင်သည် ။ ဆွေးနွေးပွဲ အစီအစဉ်ကို ရပ်ဆိုင်းလိုက်လေတော့၏ ။ ကျွန်တော့်အားလည်း လက်ထိတ်ပြန်ခတ် ၊ ခေါင်းစွပ် ပြန်စွပ်ကာ အချုပ်ခန်းတစ်ခုတွင်းသို့ ပို့ဆောင်လိုက်ပါတော့သည် ။
သည်တစ်ခါရောက်ရသည့် အခန်းက ပထမဆုံး ကျွန်တော် အထိုးအကြိတ်ခံခဲ့ရသည့် အခန်းလောက် မသားနား ။ အကျယ်အဝန်းကတော့ ၉ ပေပတ်လည် အတူတူပင်ဖြစ် ။ သို့သော်ငြားလည်း ယခုအခန်းပတ်ပတ်လည်မှာ သစ်သားတန်း ဆင့်တွေ တန်းတွေ ရိုက်ထားသည် ။ လေဝင်ပေါက်မှန်သမျှကိုလည်း ကတ်ထူစက္ကူပြားများ ဖိုင်ဘာများဖြင့် ကာရံထား၏ ။ ခြစားထားသဖြင့် စုတ်ပြတ်ကြေမွနေသော သစ်ချောင်းများ အမှိုက်စများကလည်း ဒုနဲ့ဒေး ။ အခန်းထောင့်မှာကတော့ ထွေးခံတစ်လုံး ၊ ပြီးတော့ ပလတ်စ တစ်စက ဘိုးဘိုးခေါ်ရလောက်အောင် ပါးလွှာကြုံလှီနေသည့် ဖျာကြမ်းလား ဖျောချောလား ဘာမှန်းမသိသည့် ဖျာတစ်ချပ် ။ အမှိုက်တွေ စက္ကူစတွေကို သဘောလောက်ပုတ်ခတ်ရှင်းလင်းပြီး ယင်းဖျာပေါ်မှာပင် တုံးလုံးလှဲချလိုက်ရတော့သည် ။ တစ်နေ့လုံး တစ်ညလုံး ငုတ်တုတ်ထိုင်ခဲ့ရသည့်ဒဏ် ၊ ထိုးကြိတ်ခံထားရသည့် ဒဏ်တွေက ကျွန်တော်၏ အရိုးများအသားများကို ကောင်းစွာ တိုက်ပွဲဆင် နေပေတော့သည်။
“ ရှူး ကိုဇာဂနာ ရေသောက် မလား ”
မှေးကနဲဖြစ်သွားလိုက် လေသံတိုးတိုးလေးဖြင့် လာခေါ် နေသည်ကို ကြားလိုက်ရသဖြင့် သံတိုင်အဝသို့ လှမ်းကြည့်လိုက်ရာ မျက်နှာပြုံးချိုချိုနှင့် လူတစ်ယောက် ရေနွေးကရားကြီး ကိုင်၍ သံတိုင်ကြားထဲထည့် နှုတ်သီးနှင့် နှုတ်ခမ်းတေ့ကာ ဂွပ်ကနဲ ဂွပ်ကနဲ မြိုချပစ်လိုက်တော့သည် ။
ထို ကိုပြုံးချို ပြန်သွားပြီးနောက် ခဏတဖြုတ် ပြန်လှဲဦးမည်ဟု ပြင်ဆင်ကာရှိသေး ဒုတိယအကြိမ် အင်တာဗျူးရန်လာပြန်ခေါ်သဖြင့် ကျွန်တော့်မှာ မူလအဆောင်အယောင်အတိုင်း လက်ထိပ်ခတ်ခေါင်းစွပ်စွပ်ကာ ပြန်ပါသွားရပါ တော့သည်။
သည်တစ်ခါမှာတော့ ခေါင်းစဉ်ကပြောင်းသွားပြန်ပြီဖြစ်၏ ။ မိုးကြီး ( မိုးဝင်း ) ၏ ပါးစပ်ဆော့မှုမှ ဖြစ်ပေါ်လာသော ရလဒ်ပင် ။ အာဏာသိမ်းပြီး နောက်တစ်နေ့ ချီတက်ပွဲ အကြောင်းဖြစ်၏ ။ ဘယ်လိုစသလဲ ဘယ်သူတွေပါသလဲ ဘယ်သူခိုင်းလို့လဲ ဘာကြောင့် လုပ်တာလဲ ။ တဖြေးဖြေးနှင့် ကျွန်တော်တို့ စကားဝိုင်းသည် ဆွေးနွေးပွဲဆန်လာ၏ ။ တပ်မတော်အပေါ် ကျွန်တော်တို့ သဘောထားကို ပီပီပြင်ပြင် တင်ပြနိုင်လာ၏ ။ မေးမြန်းသူများကလည်း လမ်းဖွင့်ပေးသည် ။ သည်တော့လည်း အခွင့်အရေးရတုန်း ပြည့်ပြည့်ဝဝ ပြောနိုင်လိုက်၏ ။ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို တကယ်မျှော်ကိုးရင် အစောပိုင်းကပင် အာဏာသိမ်းသင့်ကြောင်း အခုလိုအချိန်မျိုးမှာမှ အာဏာသိမ်းခြင်းသည် ယုံကြည်စရာမဟုတ်ကြောင်း ၂၆နှစ်လုံးလုံး မ.ဆ.လ သစ္စာတော်ခံခဲ့သောတပ်ကို မည်သည့်နည်းနှင့်မျှ လက်ကိုင်တုတ် မဟုတ်ဟု မပြောနိုင်ကြောင်း တိုင်းပြည်
ငြိမ်သက်စေလိုလျှင် အာဏာသိမ်းစရာမလိုသော နည်းလမ်းများစွာရှိကြောင်း ၊ အာဏာသိမ်းခြင်းမှာလည်း လှည့်ဖျားမှုတစ်ရပ်ဟုသာထင်ကြောင်း ၊ အာဏာဆက်ခံခြင်းဟူ၍လက်ခံထားကြောင်း စသည်ဖြင့် ကျယ်ကျယ်ဝန်းဝန်းပင် ဆွေးနွေးမိလိုက်သည် ။
ပြောကောင်းကောင်းနှင့် လေကြောရှည်မိနေသည်မှာ လေးနာရီခန့်ပင် ကြာသွားလေတော့သည် ။ ဆာလောင် မွတ်သိပ်မှု သင်္ကေတဖြစ်သော ကွီကွီကွမ်ကွမ် အသံများကလည်း ဝမ်းခေါင်းတွင်းမှ ပေါ်ထွက်နေရကား ဆွေးနွေးပွဲအစီအစဉ်ကို ခေတ္တရပ်နားကာ ကျွန်တော်၏ ယာယီစံမြန်းရာ အချုပ်ခန်းသို့ ကြွလှမ်းခဲ့ရတော့၏ ။ သည်တစ်ခါမှာတော့ ပုံစံခွက်ဖြင့်ထည့်ထားသော ပဲဟင်းကြက်ဥကြော်တို့ဖြင့် ခြံရံထားသည့် ထမင်းပန်းကန်က ဆီးကြိုနေပေသည် ။ ဆာဆာနှင့် တစ်ပန်းကန်လုံး ပြောင်သွားအောင် ဝါးပစ်
လိုက် မိ၏ ။ သည့်နောက် ဆွေးနွေးပွဲအစီအစဉ်ကို ပြန်လည် ကျင်းပရပြန်သည် ။
ပြောလိုက် မေးလိုက် ငြင်းလိုက်ခုံလိုက် ဟောက်လိုက် ရယ်လိုက်ဖြင့် စခန်း
သွားခဲ့ကြရာ ညနေ ၆းဝဝ နာရီထိုးမှပင် စခန်းသိမ်းရတော့၏ ။
ကျွန်တော်လည်း ထိုအခါမှပင် မိမိ၏ ဘူမိနက်သန်နေရာမှန်သို့ ပြန်ခွင့်ရတော့သည် ။ သည်တစ်ခါလည်း ထမင်းပန်းကန်က အဆင့်သင့်ကြိုနေပြန်သည် ။ ဟင်းကတော့ ပြောင်းသွားပြီဖြစ်၏ ။ ကြက်ဥကြော်နှင့် ပဲဟင်း ။
ညနေစာစားအပြီးမှာ ကျွန်တော်နှင့်တွေ့ရသည့် ပုဂ္ဂိုလ်ကတော့ မနက်က
မေးမြန်း ဆွေးနွေးခဲ့သူများ မဟုတ်ပါချေ ။ တပ်မှူး ဗိုလ်မှူးစန်းပွင့်ဆိုသူပင်ဖြစ်သည် ။သူက တပ်မတော်၏ သဘောထားကို ၂နာရီခန့် ရှင်းပြနေလေရာ သည်တစ်ခါမှာတော့ ကျွန်တော်က ရာထူးတက်ကာ နားသောတဆင်သူ ဖြစ်လာရတော့၏ ။
နားထောင်ပွဲအပြီး အခန်းပြန်ရောက်သည့်အခါမှာတော့ ပင်ပန်းနွမ်းနယ်မှုအရှိန်က တွန်းပို့နေသဖြင့် မျက်လွှာနှစ်စုံမှာ ငိုက်စင်းလာပေတော့သည် ။ သို့သော်လည်း ကျွန်တော်၏ ညာဘက် မျက်စောင်းထိုးအခန်းသို့ ကိုဌေး ( ဇင်ဝိုင်း ) ကို တွဲခေါ်လာသဖြင့် အတန်ငယ် မျက်စိကျယ်သွားရပေသည် ။ ကိုဌေးကို ကြည့်ရသည်မှာ ဝမ်းလျှောပြီးစ လူမမာ အရက် မူးလာသည့်နှယ် ပျော့ဖတ်နွမ်းရိလွန်းလှ၏ ။ လိုက်လံပို့ဆောင်သူများ ထွက်ခွာသွားပြီးမှ လေသံတိုးတိုးဖြင့် အခြေအနေကို လှမ်းမေးရသည် ။ တော်တော် မခံချင်စရာကောင်းလှ၏ ။ ကိုဌေးကို စစ်ဆေးမေးမြန်းနေစဉ်တွင် ကားတစ်စီးရောက်လာပြီး ဗိုလ်မှူးတစ်ယောက် ဆင်းလာကြောင်း အရက်နံ့မှာလည်း တထောင်းထောင်း ထနေကြောင်း ခေါင်းစွပ် စွပ်ထားရသဖြင့် ဘယ်သူ ဘယ်ဝါမှန်း မသိကြောင်း ထိုဗိုလ်မှူးဆိုသူက မင်းလားကွ ဇင်ဝိုင်းဟုဆိုကာ ထိုးကြိတ်ကန်ကျောက်ကြောင်း ဘေးလူများဝိုင်းဆွဲသဖြင့်
ဤမျှလောက်သာ ခံရကြောင်း ပြောပြကာ ပခုံး လည်ပင်း ကျောကုန်းတို့မှ ဒဏ်ရာများကို ပြလေသည် ။ သာမန် ရဲဘော်လေးတစ်ယောက်က ပြုမူသည်ဟုဆိုလျှင် နားမလည် ပါးမလည်မို့ ခွင့်လွှတ်သာသေး၏ ။ ခုလို အရာရှိတစ်ယောက်က ဤသို့လုပ်ဆောင်သည်မှာတော့ အောက်တန်းကျလွန်း၏ ။ သေးနုပ် သိမ်ဖျင်းလွန်းလှပေသည် ။ ကျွန်တော်တို့မှာတော့ ရင်ထဲမှာသာ ဒေါသထွက်ခွင့် ရှိသည်မဟုတ်လော ။ မကျေနပ်ပါကလည်း ဘာမှ မလုပ်နိုင် ။ ရှေ့ကသံတိုင်တွေကိုသာ ဝါးစားရန်ရှိတော့၏ ။
များမကြာမီပင် တပ်မှူးဗိုလ်မှူးစန်းပွင့်ရောက်လာပြီး ကိုဌေးအား တောင်းပန်စကား ပြောလေသည် ။ ကျွန်တော့်အားလည်း လေဝင်လေထွက်ကောင်းသော ဦးအောင်မြင့်မြတ်တို့ အခန်းသို့ ရွှေ့ပြောင်းပေးလိုက်၏ ။ ကျွန်တော့်မှာတော့ ဦးအောင်မြင့်မြတ်ကိုရော သူ၏အခန်းဖော်ကိုပါ စကားပြောမအားတော့ဘဲ ဖျာကြမ်းပေါ်မှာ ခေါင်းကပ်ရင်း အိပ်ချပစ်လိုက်လေတော့သည် ။
ဇာဂနာ
ပထမ
Subscribe to:
Posts (Atom)