❝ လျင်သူ စားတမ်း ❞
( ပုံပြင် )
မြေခွေး နှင့် ဝံပုလွေ တစ်ကောင်တို့သည် အသားတစ် တစ်တုံးကို တွေ့ရှိကြလေသည် ။ “ ကောက်လိုက်ကွာ ... ဒို့များ စားရတာပ ” ဟု ဝံပုလွေက ပြောလျှင် ... “ ဒီမှာ စားလို့ မဖြစ်ဘူးကွ ။ ဒီနေရာက လူသွားလူလာ များတော့ တောင်ထိပ်ပေါ် တက်ပြီး အေးအေးဆေးးဆေး စားကြတာပ ” ဟု မြေခွေးက အကြံပေး ပြီးလျှင် ဝံပုလွေအား အသားတစ်ကို ကိုက်ချီစေကာ တောင်ထိပ်ဆီသို့ တက်ခဲ့ကြလေသည် ။
တောင်ထိပ်သို့ ရောက်လာလျှင် ... “ ဒီအသားတစ်ဟာ ဒို့နှစ်ယောက် အဖို့ မလုံလောက်ဘူးကွ ” ဟု မြေခွေးက ဆိုလေသည် ။
“ ပြီးတော့ ခွဲခြမ်းလို့လည်း အဆင်မပြေဘူးကွ ။ တစ်ကောင်ကောင်က တစ်တုံးလုံးကို စားမှ သင့်တော်မယ်လို့ ငါထင်တယ် ”
“ ဒါဖြင့် ဘယ်သူ စားမလဲ ”
“ အသက်ကြီးတဲ့လူ စားတမ်းပေါ့ ။ မင်း သဘောတူတယ် မဟုတ်လား ”
“ အေး ”
မြေခွေးက ခေါင်းညိတ်သည် ။
“ ကဲ ... ဒါဖြင့် မင်းအသက် ဘယ်လောက် ကြီးပြီလဲ ပြောစမ်းပါဦး ”
မြေခွေးက မေးသည် ။
ဝံပုလေက အတန်ကြာ စဉ်းစားပြီးမှ လီဆယ်၍ ၎င်း၏ အသက်ကို ပြောပြလိုက်သည် ။
“ ဟောဟိုက တောင်တန်းကြီးကို မြင်တယ် မဟုတ်လား ။ အဲဒီ တောင်ကြီးဟာ ငါ ငယ်ငယ်က မြေပုံကလေးပဲ ရှိသေးတယ် ။ နောက်ပြီး ဒီဘက်က သမုဒ္ဒရာကြီးဟာ ရေအိုင်ကလေးပဲ ရှိသေးတယ် ”
ဝံပုလွေ၏ ဖြေစကားကို ကြားလျှင် မြေခွေးသည် မြေပေါ်ဝယ် လှဲကာ လူးလှိမ့်၍ ငိုလေသည် ။
“ အဘယ်ကြောင့် ငိုသနည်း မိတ်ဆွေမြေခွေး ”
“ ငါ ငိုရပါမည် ။ ငါနှင့် ကွဲကွာသွားသော ငါ့သား နှစ်ကောင်ကို သတိရမိလာပါသည် ။ ငါ့သား အငယ်သည် အဆွေ ဝံပုလွေနှင့် သက်တူရွယ်မျှ သာလျှင် ဖြစ်ပါသည် ”
မြေခွေး၏ အဖြေစကားကို ရလျှင် ဝံပုလွေသည် အသားတစ်ကို စွန့်ကာ အဝေးသို့ ထွက်ခွာ သွားတော့သတည်း ။
( ဘာသာပြန် )
〇 ချိုချိုကြိုင်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၆ ၊ နိုဝင်ဘာ
No comments:
Post a Comment